အခန်း ၄၅
Vol. 5 Ch. 45
အခန်း (၄၅)
ဒါကို ပိတ်ပင်လိုက်ကြပါစို့
"သေချာတာပေါ့... ဥက္ကဋ္ဌကောင်းက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကထဲ ဝင်ချင်နေတာလား..."
"မဟုတ်ပါဘူး... ကျွန်တော် သိပ္ပံရုပ်ရှင်တစ်ကား ရိုက်ထားတာက ပိုက်ဆံရှာဖို့ မဟုတ်ဘဲ ငါးရံ့နက်နည်းပညာ ကုမ္ပဏီကို ကြော်ငြာဖို့ အဓိကပါပဲ... အခု ဖြန့်ချိမယ့်သူ ရှာနေတာပါ..."
ဝမ်တာလင်းက ပြုံး၍ ပြောလိုက်လေသည်။
"ဒါက ကိစ္စမရှိပါဘူး... ကျွန်တော် အကူအညီတောင်းပေးပါ့မယ်... ဥက္ကဋ္ဌကောင်းရဲ့ ရုပ်ရှင်က ဝမ်နန်ရုပ်ရှင်ရုံမှာ ပြသရမှာပေါ့... အဲဒီအခါကျရင် ကျွန်တော် လာအားပေးပါ့မယ်..."
"ကိစ္စမရှိပါဘူး... ဒါဆို ဒီအတိုင်းပဲ မှတ်ထားလိုက်တာပေါ့..."
...
နောက်တစ်နေ့တွင် ဆောက်လုပ်ရေးပိုးကောင်သည် လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေ သည်။
ကွန်ရက်အသုံးပြုသူ အများစုသည် ဆောက်လုပ်ရေးပိုးကောင်ဆိုသည်မှာ မည်သည့်အရာမှန်း ယခင်က မသိခဲ့ ကြသော်လည်း ဗီဒီယိုကို ကြည့်ပြီးနောက် ဤကမ္ဘာပေါ်တွင် ဤမျှ အံ့ဩဖွယ်ကောင်းသော အရာများ ရှိနေ ကြောင်းကို သိရှိသွားခဲ့ကြလေသည်။
အင်းဆက်များကို ဆောက်လုပ်ရေးစက်ယန္တရားများအဖြစ် ပြောင်းလဲနိုင်ကြောင်း သိလိုက်ရပေသည်။
လွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်များစွာက စတင် မှတ်ချက်ပေးလာကြလေ၏။
ကျိုးယွမ်ပေါ်ကဲသည် ယခင်က ကောင်းယွမ်ကို မှတ်ချက်ပေးထားသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ဖူးသော် လည်း သူ မှားယွင်းကြောင်း သက်သေပြခံရပြီးနောက် ဆောင်းပါးကို ဖျက်ပစ်ခဲ့လေသည်။
ယခုအခါ ကောင်းယွမ် လူမှုကွန်ရက်တွင် ရေပန်းစားနေသည်ကို မြင်တွေ့လိုက်ရလေ၏။ သူသည် နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို မရေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။
[ကောင်းယွမ်အနေနဲ့ အံ့မခန်းဖွယ်ရာ "ဆောက်လုပ်ရေးပိုးကောင်" ကို ထုတ်ပြရတဲ့ အဓိပ္ပာယ်က အတိအကျ ဘာလဲဆိုတာ ကျွန်တော် ဒီလိုတွေးမိပါတယ်။
တကယ်တော့ ကောင်းယွမ် ဒေဝါလီခံရပြီးနောက်ပိုင်း သူ့ရဲ့ ဖြတ်သန်းမှုတွေကို ပြန်လေ့လာကြည့်ရင် သူဟာ အရင်ကထက် ပိုပြီး လက်တွေ့ကျလာတာကို တွေ့ရပါလိမ့်မယ်။ မကြာသေးခင်က "တည်းဖြတ်စက်" တွေ ပေါ်ထွက်လာတာဟာ ယင်းအချက်ကို သက်သေပြနေတဲ့ အကောင်းဆုံး ဥပမာတစ်ခုပါပဲ။
လက်ရှိအချိန်မှာ နိုင်ငံတကာ ဆီမီးကွန်ဒတ်တာ လုပ်ငန်းစုကြီးတွေရဲ့ အာရုံစိုက်မှုအားလုံးဟာ ရှနိုင်ငံအပေါ်ကို ကျရောက်နေပါတယ်။ လူတိုင်းက ကောင်းယွမ်တစ်ယောက် ဆီမီးကွန်ဒတ်တာ နည်းပညာကိုပဲ ဆက်ပြီး ဇောက် ချလုပ်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့၊ မမျှော်လင့်ဘဲ သူဟာ အားလုံးကို ကျောခိုင်းလှည့်ထွက်သွားပြီး ဆောက်လုပ်ရေးပိုးကောင် လိုမျိုး ထူးခြားဆန်းပြားတဲ့ နည်းပညာအသစ်ကို ဖန်တီးပြခဲ့ပါတယ်။
ရှနိုင်ငံဟာ မူလကတည်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်နေတာပါ။ အခုလို ဆောက်လုပ်ရေးပိုးကောင်တွေပါ ထပ်တိုးလာပြီဆိုရင်တော့ ရှနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ ပိုပြီးတော့ အစွမ်းထက် အင်အားကြီးမားလာဖို့ပဲ ရှိပါတော့တယ်။
ကောင်းယွမ်ဟာ ဒီဆောက်လုပ်ရေးပိုးကောင်တွေကို အများပြည်သူထံ အရောင်းထုတ်မှာ မဟုတ်ပါဘူး။ သူဟာ ဒါကို အခြေခံပြီး ကိုယ်ပိုင် အိမ်ခြံမြေအင်ပါယာကြီးတစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။
လက်ရှိကမ္ဘာပေါ်မှာ ဘီလီယံနာအများဆုံး ထွက်ပေါ်လာတဲ့ လုပ်ငန်းနှစ်ခုကို ပြပါဆိုရင် "အိမ်ခြံမြေ" နဲ့ "အင်တာနက်" လုပ်ငန်းတို့ပဲ ဖြစ်ပါတယ်။
သို့သော်လည်း အင်တာနက်ရဲ့ ရွှေခေတ်က ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အခုခေတ်ဟာ အရင်းအနှီးခေတ် ဖြစ်နေပါပြီ။ ကောင်းယွမ်ဟာ ယခင်က အွန်လိုင်းပညာရေးနဲ့ သင်တန်းလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ဖူးပေမဲ့ အကြောင်းအမျိုး မျိုးကြောင့် ဒေဝါလီခံခဲ့ရတာကြောင့် လက်ရှိအခြေအနေအရ သူဟာ အင်တာနက်လုပ်ငန်းကို ယာယီစွန့်လွှတ်ပြီး အခြားကဏ္ဍသစ်တစ်ခုဆီ ခြေဦးလှည့်ဖို့ ပြင်ဆင်နေပုံရပါတယ်။
"တည်းဖြတ်စက်" တွေဟာ အဆင့်မြင့်နည်းပညာ ဖြစ်တာမှန်ပေမဲ့ ဈေးကွက်ဝယ်လိုအားကတော့ အကန့် အသတ် ရှိပါတယ်။ အိမ်ခြံမြေနဲ့ အင်တာနက်ကုမ္ပဏီကြီးတွေနဲ့ နှိုင်းယှဉ်ရင် တည်းဖြတ်စက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေရဲ့ အတိုင်းအတာဟာ သာမန်မျှသာ ဖြစ်လို့ ကောင်းယွမ်ကိုယ်တိုင်လည်း ဒီအချက်ကို မြင်ခဲ့ပုံရပါ တယ်။
ဒါကြောင့်ပဲ သူဟာ တည်းဖြတ်စက်တွေကို ဆက်ပြီး အာရုံမစိုက်တော့သလို၊ ချစ်ပ်ပြား လို လူကြိုက်များတဲ့ ထုတ်ကုန်တွေထဲမှာတောင် ဝင်ရောက်ပတ်သက်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ ရှဝေ ဟာ မုကျားဖွံ့ဖြိုးတိုးတက်ရေးဇုန်မှာ စက်ရုံတည်ဆောက်ဖို့ လျှောက်ထားပြီးပြီလို့ သိရပါတယ်။ ရှဝေရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ ကောင်းယွမ်ရဲ့ နောက်က လိုက်ပြီး စီးပွားရှာဖို့ ဖြစ်နိုင်ပေမဲ့၊ ကောင်းယွမ်ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးကို စိတ်ဝင်စားပုံမရ ပါဘူး။
ကောင်းယွမ်အတွက်ကတော့ နေရာအနှံ့မှာ မြေကွက်တွေလိုက်ဝယ်ပြီး စီမံကိန်းတွေ ဆောက်လုပ်နေတာဟာ ဟန်ပြသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ ပြည်တွင်းက ဘယ်အိမ်ခြံမြေ ကုမ္ပဏီထက်မဆို အဆမတန် သက်သာနေမှာ ဖြစ်လို့၊ သူသာ စီမံကိန်းတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ချရောင်း လိုက်မယ်ဆိုရင် ဈေးကွက်တစ်ခုလုံးကို လျင်မြန်စွာ သိမ်းပိုက်နိုင်မှာ မြေကြီးလက်ခတ်မလွဲပါပဲ။
ဒီအတိုင်းဆိုရင်တော့... လာမယ့် (၃) နှစ်၊ ဒါမှမဟုတ် အများဆုံး (၅) နှစ်အတွင်းမှာ ကောင်းယွမ်ဟာ ရှနိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီကြီးရဲ့ အရှင်သခင် ဖြစ်လာမလားဆိုတာ ကျွန်တော်တို့အားလုံး စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်….။]
ဆောင်းပါး ဖော်ပြပြီးနောက်တွင် ကွန်ရက်အသုံးပြုသူ အများအပြားက ကျိုးယွမ်ပေါ်ကဲ၏ ဆောင်းပါးအောက်၌ စိတ်ဝင်တစားဖြင့် မှတ်ချက်များ အပြိုင်အဆိုင် ပေးလာကြလေတော့သည်။
[အစ်ကိုပေါ် ပြောတာ မှန်တယ်... ဒီအကြောင်းပြချက်ကြောင့် ကောင်းယွမ်က ဆောက်လုပ်ရေးပိုးကောင်ကို ဒီလောက် ကြွားလုံးထုတ်နေတာပဲ...]
[အစ်ကိုပေါ် ပြီးခဲ့တဲ့တစ်ခေါက်က မှားသွားတယ်ဆိုတာ သက်သေပြခံရတယ် မဟုတ်ဘူးလား... ဘာလို့ ထပ်ပြီး ခန့်မှန်းနေပြန်တာလဲ...]
[အပူချိန်ထိန်းအဝတ်အစားကရော ဘယ်လိုလဲ... အပူချိန်ထိန်းအဝတ်အစားက ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်မဟုတ်ဘူးလား...]
...
ငါးရံ့နက် နည်းပညာစက်မှုဇုန်ကို တည်ဆောက်နေပြီ ဖြစ်လေသည်။
ထိုနေ့တွင် ကောင်းယွမ်သည် ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့၏။
"ကောင်းယွမ်လား..."
"ငါ မုကျားမှာ ရောက်နေတယ်... ငါ့နာမည်က ချင်ထျဲ့ကျွင်းပဲ..."
ချင်ထျဲ့ကျွင်း ဟုတ်လား။ ကောင်းယွမ်သည် သူ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ မသိရှိပေ။ ထို့ကြောင့် သူက မေးလိုက်လေသည်။
"တစ်ခုခု လိုအပ်လို့လား..."
"ငါ မင်းနဲ့ စကားပြောချင်လို့ပါ..."
ကောင်းယွမ်သည် ကျန်းပိုင်ရီကို ထိုသူအား သွားကြိုခိုင်းလိုက်ရာ ဤချင်ထျဲ့ကျွင်းမှာ အမှန်တကယ်ပင် အရေးပါ သူတစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အနီးတွင် လူအနည်းငယ် ပါလာ ပြီး ထိုအထဲမှ တစ်ဦးမှာ လင်းကျိုးမြို့၏ ဒုတိယမြို့တော်ဝန် ဖြစ်သော်လည်း သူသည် အနောက်ဘက်တွင် အိတ် ကို ဆွဲကာ လိုက်ပါလာရသောကြောင့် ဖြစ်လေ၏။
ကောင်းယွမ်သည် ကျင်းဟိုင်ခရိုင်မှ ခေါင်းဆောင်များ အဝေးမှနေ၍ ကြည့်ရှုနေကြသော်လည်း အနီးသို့ မချဉ်း ကပ်ရဲကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ကောင်းယွမ်သည် စက်ရုပ်ကို လျှို့ဝှက်စွာဖြင့် အမြန်စစ်ဆေးခိုင်းလိုက်လေ၏။
သူ့ရှေ့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ ချက်ချင်းပင် နားလည်သွားခဲ့လေ သည်။
ချင်ထျဲ့ကျွင်းသည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဌာနမှူးဖြစ်လေသည်။
ဆောက်လုပ်ရေးပိုးကောင် ပေါ်ထွက်လာမှုသည် သူ့အထက်ရှိ လူများကို သေချာပေါက် သတိပေးလိုက်မည်ကို ကောင်းယွမ် သိထားသော်လည်း ဤမျှအဆင့်ရှိသော ခေါင်းဆောင်တစ်ဦး ကိုယ်တိုင် လာရောက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဌာနမှူးချင်... အခုလို လာရောက်တာကို ဂုဏ်ယူပါတယ်... ကျေးဇူးပြုပြီး ထိုင်ပါဦး..."
ကောင်းယွမ်သည် နှိမ့်ချလွန်းခြင်း မရှိသလို မောက်မာလွန်းခြင်းလည်း မရှိဘဲ ပြောလိုက်လေ၏။
ချင်ထျဲ့ကျွင်းက ကောင်းယွမ်ကို အကဲခတ်ကြည့်လိုက်သည်။
"မင်း ငါ့ကို သိတာလား..."
"သတင်းတွေထဲမှာ မြင်ဖူးပါတယ်..."
ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ သေချာသည်မှာ ဤသည်က ယဉ်ကျေးမှုအရ ပြောဆို ခြင်းသာ ဖြစ်ပေသည်။ ကောင်းယွမ်သည် သတင်းများကို သေချာမကြည့်ဖြစ်သည်မှာ ကြာပြီဖြစ်လေ၏။
"ကောင်းယွမ်... မဆိုးပါဘူး... မင်းက တည်းဖြတ်စက်ကို တီထွင်ခဲ့သူဖြစ်ပြီး အခုလည်း ဆောက်လုပ်ရေး ပိုးကောင်ကို တီထွင်လိုက်ပြန်ပြီ... ပြီးတော့ အပူချိန်ထိန်းအဝတ်အစားတွေရောပေါ့... ဪ... ဟုတ်သားပဲ... တစ်ယောက်ယောက်က ငါ့ကိုယ်စား မင်းကို ကျေးဇူးတင်နေတယ်..."
"ဘယ်သူလဲ..."
"ရှနိုင်ငံ မီးသတ်ဌာနလေ... မင်းတို့ ငါးရံ့နက်နည်းပညာကုမ္ပဏီက တစ်နိုင်ငံလုံးမှာရှိတဲ့ မီးသတ်သမားတွေ အတွက် အပူချိန်ထိန်းအဝတ်အစားတွေ လှူဒါန်းဖို့ မီးသတ်ဌာနကို ဆက်သွယ်ခဲ့တယ် မဟုတ်လား..."
ကောင်းယွမ်က ပြုံး၍ ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ အများအပြား မထုတ်လုပ်ရသေးတဲ့အတွက် နည်းနည်းတော့ စောင့်ရပါဦးမယ်... ဘာပဲ ဖြစ်ဖြစ် အများဆုံး တစ်လအတွင်း လှူဒါန်းမှုတွေအားလုံး အရောက်ပို့ပေးမယ်လို့ ကျွန်တော် အာမခံပါတယ်..."
"အလောတကြီး မလိုပါဘူး... ငါက မင်းကို လာကြည့်ရုံသက်သက်ပါ... ကောင်းယွမ်က ဘယ်လောက်တောင် အံ့သြဖို့ကောင်းသလဲဆိုတာနဲ့ ခေတ်မီနည်းပညာတွေကို ဘယ်လိုများ တီထွင်နိုင်ခဲ့သလဲဆိုတာ သိချင်လို့ပါ..."
"ဌာနမှူးချင်... ခင်ဗျား ကျွန်တော့်ကို မြှောက်ပြောနေပြန်ပါပြီ... ဒါတွေအားလုံးက သုတေသနအဖွဲ့ရဲ့ ကျေးဇူး တွေပါ... ကျွန်တော်က ရှေ့တန်းကို တွန်းပို့ခံရရုံသက်သက်ပါ..."
ချင်ထျဲ့ကျွင်းသည် ထူးခြားသော အမူအရာရှိပြီး တည်ငြိမ်အေးဆေးသော အသံဖြင့် ပြောလိုက်လေသည်။
"ကောင်းယွမ်... ငါ မင်းနဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ လာခဲ့တာ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ဆောက်လုပ်ရေးပိုးကောင်တွေ အကြောင်းလား..."
"အဲဒါက အသေးအဖွဲပါ... အပူချိန်ထိန်းအဝတ်အစား အကြောင်း ပြောကြတာပေါ့... မင်းတို့ရဲ့ အပူချိန်ထိန်း အဝတ်အစား မျက်နှာပြင်ပေါ်က အလွှာရယ်၊ အတွင်းမှာ တပ်ဆင်ထားတဲ့ ပြောင်းလဲနိုင်တဲ့ ဘက်ထရီရယ်၊ ချစ်ပ်ပြားတွေရယ်... ဒီနည်းပညာတွေ အားလုံးက မင်းတို့ဟာတွေချည်းပဲလား..."
ကောင်းယွမ် အံ့ဩသွားခဲ့လေသည်။
သူသည် အပူချိန်ထိန်းအဝတ်အစားများကို အသေးစိတ် လေ့လာကြည့်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အနာဂတ်ကမ္ဘာတွင် ၎င်းတို့မှာ အလွန် အဖြစ်များလွန်းလှပြီး လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားများပင် မနှစ်သက်ကြသောကြောင့် ဖြစ်လေ၏။
ဤမျှ အဆင့်မြင့် နည်းပညာများ ပါဝင်နေမည်ကို ကောင်းယွမ် မည်သို့ သိနိုင်မည်နည်း။ ပို၍ အရေးကြီးသည်မှာ အစိုးရက ၎င်းတို့အားလုံးကို သိမြင်နေခြင်းပင် ဖြစ်သည်။
သို့သော် ချင်ထျဲ့ကျွင်းသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ မဟုတ်ပါလော။ သူက နည်းပညာအကြောင်းကို မည်သို့ သိနေရသနည်း။
ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်၏ အနည်းငယ် အံ့ဩနေသော မျက်နှာကို သတိပြုမိသွားလေ၏။
သူက လက်လှမ်းကာ နှစ်သိမ့်လိုက်လေသည်။
"ဒီနည်းပညာတွေ အားလုံးက ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တဲ့ အရာတွေချည်းပဲ... ဒါပေမဲ့ မင်းက အဝတ်အစား တစ်ထည်ထဲမှာ တိတ်တဆိတ် ပေါင်းစပ်ထည့်သွင်းထားတယ်... အပူချိန်ထိန်းအဝတ်အစား မကောင်းဘူးလို့ ငါ မပြောပါဘူး... ဆန့်ကျင်ဘက်အနေနဲ့ အရမ်းကောင်းလွန်းပါတယ်... ဒီအဝတ်အစားကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ အလွန်အမင်း အေးတာ၊ ပူတာတွေ ရှိတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီထက်ပိုပြီး လုပ်လို့ရတဲ့ အရာတွေ ရှိသေးတယ်..."
*ဒီထက်ပိုပြီး လုပ်မယ် ဟုတ်လား…*
ကောင်းယွမ်က ချင်ထျဲ့ကျွင်းကို ကြည့်ကာ ပြောလိုက်လေသည်။
"ဌာနမှူးချင်... ဒီနည်းပညာတွေက အသေးအဖွဲလေးတွေပါ... ငါးရံ့နက်နည်းပညာကုမ္ပဏီမှာ အဲဒီလောက် ကြီးမား တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး..."
၎င်းကို ကြားသောအခါ ချင်ထျဲ့ကျွင်းက ရယ်မောလိုက်လေသည်။
"ရည်မှန်းချက် မရှိဘူး ဟုတ်လား... အပူချိန်ထိန်းအဝတ်အစား မျက်နှာပြင်ပေါ်က အလွှာက လက်ရှိ စွမ်းအင် သစ် နည်းပညာကို တော်လှန်ပြောင်းလဲနိုင်တယ်... ဘက်ထရီက ကမ္ဘာ့ဘက်ထရီ အခင်းအကျင်းကို ပြုပြင် ပြောင်းလဲနိုင်တယ်..."
"ပြီးတော့ ချစ်ပ်ပြားတွေ... မင်းတို့ရဲ့ တည်းဖြတ်စက်ကတစ်ဆင့် ရှဝေက မင်းတို့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားမှန်း သိမြင်သွားတယ်... အခု ဆောက်လုပ်ရေးပိုးကောင်ကလည်း ရှိသေးတယ်... မင်းတို့ရဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ရည်မှန်းချက် သေးငယ်တယ်လို့ မင်းက ပြောချင်တာလား... ဒါ့အပြင် မင်းရဲ့ နောက်ထပ် လုပ်ငန်းက ဉာဏ်ရည်တု ကိရိယာတွေ မဟုတ်လား... ဖုန်းအမျိုးအစားသစ်တွေလား..."
ကောင်းယွမ် ဆွံ့အသွားခဲ့လေ၏။ အမှန်ပင် သာမန်လူများသည် နိုင်ငံတော်ထံမှ ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက် ဟူ၍ မရှိနိုင်ပေ။
ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်လေသည်။
"ဌာနမှူးချင်... ခင်ဗျား ကျွန်တော့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို မြင်ဖူးမှာပါ... ကျွန်တော့်မှာ နည်းပညာနဲ့ ပတ်သက်တဲ့ နောက်ခံ မရှိပါဘူး..."
"ငါ သိတာပေါ့... ဒါပေမဲ့ မင်းရဲ့ လက်အောက်မှာရှိတဲ့ စက်ရုပ်တွေက နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြား ထားတာလေ..."
ဤစကားများက ကောင်းယွမ်၏ ကျောရိုးကို စိမ့်တက်သွားစေခဲ့လေ၏။
*စက်ရုပ် ဟုတ်လား…*
*သူ့နားမှာရှိတဲ့ လူတိုင်းက စက်ရုပ်တွေဆိုတာကို ချင်ထျဲ့ကျွင်းက ဘယ်လိုသိသွားတာလဲ…*
နိုင်ငံတော်အနေဖြင့် အခြားမည်သည့်အရာများကို သိရှိနေသေးသနည်း။ အခြား အချိန်နှင့်အာကာသသို့ သွား ရောက်နိုင်သည့် ကမ္ဘာကူးတံခါးအကြောင်းကိုတော့ လုံးဝ သိမည်မဟုတ်ပေ။
ကောင်းယွမ်သည် ချင်ထျဲ့ကျွင်းကို အံ့ဩတကြီး စိုက်ကြည့်ကာ မေးလိုက်လေသည်။
"ခင်ဗျား ဘာတွေ သိသေးလဲ..."
"မင်းက စစ်မှန်တဲ့ ဉာဏ်ရည်တု နည်းပညာကို တီထွင်ထားတယ်ဆိုတာ ငါ သိတယ်... ဒီနည်းပညာတွေက ရေခဲ တောင်ကြီးရဲ့ ထိပ်စွန်းလေးပါပဲ... ဉာဏ်ရည်တု နည်းပညာ သုတေသနကနေတစ်ဆင့် နည်းပညာအသစ်တွေ ဆက်ပြီးထွက်ပေါ်လာဦးမယ် မဟုတ်လား..."
"အမ်..."
"ကောင်းပါပြီ... ငါက မင်းကို ဖော်ထုတ်ဖို့ လာခဲ့တာ မဟုတ်ပါဘူး... ပူးပေါင်းဆောင်ရွက်မှု တစ်ခုအကြောင်း ဆွေးနွေးချင်လို့ပါ... အချို့သော နည်းပညာတွေက အတော်လေး ထိလွယ်ရှလွယ်ဖြစ်တယ်... ငါ ဒီနေရာကို လာနေတုန်း ငါ့အထက်လူကြီးတွေက ဆက်သွယ်လာတယ်..."
၎င်းကို ကြားသည့်အခါ ကောင်းယွမ် အံ့ဩသွားခဲ့လေသည်။ ချင်ထျဲ့ကျွင်းမှာ ဝန်ကြီးအဆင့် အရာရှိတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူက "အထက်လူကြီး" ဟု ပြောသည့်အခါ အမှန်တကယ်ပင် "အထက်" ဟူသော အဓိပ္ပာယ်သက်ရောက်လေ၏။
"တကယ်တော့ အထက်ကလာတဲ့ သတင်းစကားက အတူတူပါပဲ... မင်းပိုင်ဆိုင်ထားတဲ့ နည်းပညာတွေ ပေါက်ကြားလို့ မရဘူး... နားလည်လား... အနည်းဆုံး ဆယ်နှစ်အတွင်းတော့ မဖြစ်ရဘူး... မင်းကိုယ်တိုင် အသုံးပြုနိုင်တယ်... ထုတ်ကုန်တွေ ရောင်းချနိုင်တယ်... ဒါပေမဲ့ နည်းပညာကိုတော့ ရောင်းချလို့ မရဘူး..."
"ကျွန်တော် နားလည်ပါပြီ..."
"ဒါ့အပြင် ဆောက်လုပ်ရေးပိုးကောင် နည်းပညာရဲ့ အဓိကအချက်က ဗီဇပြုပြင်ခြင်းနဲ့ ဇီဝကွမ်တမ်ကွန်ပျူတာ စနစ်တွေ မဟုတ်လား..."
ချင်ထျဲ့ကျွင်းက မေးလိုက်လေသည်။
ကောင်းယွမ်က ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ဌာနမှူးချင်... ခင်ဗျားက အပေါ်ယံကြည့်ရင်သာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး
ကော်မရှင်ရဲ့ ခေါင်းဆောင်ဆိုပေမယ့် တကယ်တမ်းကျတော့ တရုတ်သိပ္ပံအကယ်ဒမီရဲ့ ဥက္ကဋ္ဌများ ဖြစ်နေ မလားပဲ..."
ချင်ထျဲ့ကျွင်းက ရယ်မောလိုက်လေသည်။
"မင်းကတော့လေ... ဪ... ဟုတ်သားပဲ... ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခုလည်း ရှိသေးတယ်..."
"ဘာများလဲ..."
"နောင်တစ်ချိန်မှာ မင်းအနေနဲ့ ဒီအထူးခန့်အပ်လွှာ နှစ်ခုကို လိုအပ်ကောင်း လိုအပ်လာနိုင်တယ်... အထက်လူကြီး တွေက အစတုန်းက မင်းကို ကာကွယ်ပေးဖို့ လူတစ်ယောက် စေလွှတ်ချင်ခဲ့ပေမဲ့ မင်း အထင်လွဲမှာကို စိုးရိမ်ခဲ့ ကြတယ်... ဒါ့အပြင် မင်းဆီမှာ စက်ရုပ်တွေရှိနေတာဆိုတော့ မင်းရဲ့ လုံခြုံရေးက ပြဿနာမရှိနိုင်ပါဘူး..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ခင်ဗျားရဲ့ အဆင့်အတန်းက တကယ်ပဲ ဘာများလဲ... ဘာလို့ ကျွန်တော့်ကို ကာကွယ်ပေးရတာလဲ..."
"မင်း ဘယ်လိုထင်လို့လဲ..."
ချင်ထျဲ့ကျွင်းက ကောင်းယွမ်ကို စိုက်ကြည့်လိုက်လေသည်။
"မင်းက အခု နည်းပညာသစ်တွေရဲ့ ကြယ်ပွင့်တစ်ခုလို ဖြစ်နေပြီ... မင်းကို ကာကွယ်ပေးတာက မှန်ကန်တဲ့ ကိစ္စမ ဟုတ်ဘူးလား..."
ကောင်းယွမ် အမှန်တကယ်ပင် အံ့ဩသွားခဲ့လေ၏။
ဤသို့ လာရောက်ခြင်းမှာ ချင်ထျဲ့ကျွင်း၏ ကိုယ်ပိုင်အကြံအစည် လုံးဝမဟုတ်ဘဲ အထက်လူကြီးများ၏ ဘက်စုံ စဉ်းစားသုံးသပ်မှု ရလဒ်တစ်ခု ဖြစ်ပုံရပေသည်။
ကောင်းယွမ်သည် ချင်ထျဲ့ကျွင်း ကမ်းပေးလာသော စာရွက်စာတမ်း နှစ်စောင်ကို ယူလိုက်လေသည်။
ပထမအဖုံးတွင် ရှနိုင်ငံ သိပ္ပံအကယ်ဒမီဟု ရေးသားထားပြီး ၎င်း၌ သိပ္ပံဆိုင်ရာ အကြံပေးအရာရှိချုပ်အဖြစ် ဖော်ပြထားလေသည်။
နောက်တစ်စောင်မှာ ချင်ကျင်းတက္ကသိုလ် သိပ္ပံနှင့် နည်းပညာကျောင်း၏ ဂုဏ်ထူးဆောင် ဌာနမှူး ဖြစ်လေ၏။
ကောင်းယွမ်သည် စာရွက်စာတမ်းများကို ကြည့်ကာ မေးလိုက်လေသည်။
"ဌာနမှူးချင်... ဒီဟာတွေက အတုတွေတော့ မဟုတ်ပါဘူးနော်..."
"ငါက မင်းကို အတုတွေ ပေးပါ့မလား..."
ကောင်းယွမ်အနေဖြင့် အတုဟု မထင်မှတ်ထားသော်လည်း ယခု သူသည် အထူးခန့်အပ်ခံရသူ တစ်ဦးဖြစ်နေပြီ ဖြစ်ရာ သူ သွားရောက်ရန်ပင် မလိုအပ်တော့ဘူးဟု ဆိုလိုခြင်းလော။
"ဌာနမှူးချင်... ကျွန်တော် အလုပ်သွားဖို့တော့ မလိုဘူး မဟုတ်လား..."
"မင်း အလုပ်သွားဖို့ မလိုပါဘူး... သေချာတာပေါ့... မင်း သွားချင်တယ်ဆိုရင်တော့ သူတို့က သေချာပေါက် ကြိုဆိုကြမှာပါ... သိပ္ပံအကယ်ဒမီနဲ့ ချင်ကျင်းတက္ကသိုလ်က အရာရှိကြီးတွေ ကိုယ်တိုင် ငါ့ဆီလာပြီး အထူး ခန့်အပ်ချင်တယ်လို့ ပြောခဲ့ကြတာ... အများကြီး တွေးမနေပါနဲ့... စကားမစပ် ဆောက်လုပ်ရေးပိုးကောင် နည်းပညာကို ပေးအပ်လိုက်ပါလား..."
ကောင်းယွမ် အံ့ဩသွားခဲ့လေသည်။
"ဌာနမှူးချင်... ခင်ဗျားက ကျွန်တော့်ကို အတင်းအကျပ် ဖိအားပေးတော့မလို့လား... ခင်ဗျား ဒီနေရာကို လာတာ က ကျွန်တော့်ကို လစာမဲ့ အလုပ်နှစ်ခု ပေးရုံတင်မကဘဲ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေကိုပါ ယူဆောင်သွားမ လို့လား... အနည်းဆုံးတော့ အတိုးမဲ့ချေးငွေလိုမျိုး မူဝါဒတစ်ခုခုကိုတော့ ကမ်းလှမ်းသင့်တာပေါ့..."
"မင်းရဲ့ နည်းပညာအတွက် ဘယ်လို မူဝါဒအထောက်အပံ့မျိုး လိုအပ်လို့လဲ... မင်းမှာ ငွေကြေးလည်ပတ်မှု အခက်အခဲ ရှိနေလို့လား... ဒါပေမဲ့ မင်းပြောတာလည်း မှန်ပါတယ်... ငါက မင်းကို တစ်ခုခု မပေးဘူးဆိုရင် အရမ်း အာဏာရှင်ဆန်လွန်းရာ ကျနေလိမ့်မယ်... ကြည့်ရတာ မင်းက ဒီနေရာကနေ ထွက်မသွားချင်ဘူးဆိုတော့ ငါက မင်းအတွက် လီသုံးရာရှည်လျားတဲ့ တာချင်းတောင်တန်းတစ်ခုလုံးကို အထူးခွင့်ပြုပေးလိုက်မယ်..."
"ဆောက်လုပ်ရေးပိုးကောင်က နိုင်ငံတော်အတွက် အရမ်း အသုံးဝင်တယ်... မှတ်ထားပါ... ဘယ်တော့မှ ပေါက် ကြားခွင့် မပေးလိုက်နဲ့... အထူးသဖြင့် ထိန်းချုပ်ရေးစနစ်ကိုပေါ့..."
ကောင်းယွမ်သည် တာချင်းတောင်တန်းအတွက် အထူးခွင့်ပြုချက် ရရှိခဲ့ခြင်းအပေါ် အံ့ဩမှင်သက်နေဆဲ ဖြစ် လေ၏။
"ဌာနမှူးချင်... တာချင်းတောင်တန်း တစ်ခုလုံး ဟုတ်လား... လီသုံးရာလုံးလား..."
"ဘာလဲ... မင်း မယူချင်လို့လား..."
"... သေချာပေါက် လိုချင်တာပေါ့..."
...
ချင်ထျဲ့ကျွင်း ထွက်သွားပြီးနောက်...၊
ကောင်းယွမ်သည် သူ၏ စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်လေသည်။ ၎င်းတို့ကို မည်သည့်အချိန်တွင် လိုအပ်လာမည်ကို သူ မသိရှိပေ။
...
ဤအချိန်တွင် ဖန်းပိုင်ရီသည် အမှန်တကယ်ပင် နာမည်ဆိုးဖြင့် ကျော်ကြားနေခဲ့ပြီ ဖြစ်လေ၏။
သူသည် နာမည်ပျက်နေပြီးဖြစ်ကာ ကျိုးယွမ်ပေါ်ကဲ၏ ပွင့်လင်းစွာ ပြောဆိုတတ်သော ကိုယ်ရည်ကိုယ်သွေးကို အသုံးချရန် စီစဉ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ကောင်းယွမ်က အနိုင်ကတ်တစ်ကတ် ထုတ်သုံးသွားခဲ့ လေသည်။
ဆောက်လုပ်ရေးပိုးကောင် ပေါ်ထွက်လာခဲ့လေ၏။
တိုက်ခိုက်ရန် နည်းလမ်း မရှိတော့ပေ။
ဤသည်ကား အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှပေသည်။ ဖန်းပိုင်ရီသည် သူ၏ ရုံးခန်းထဲတွင် ထိုင်နေရင်း လုံးဝ အံ့ဩမှင်သက်နေခဲ့လေ၏။
သူသည် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုကို အတုဖြစ်ကြောင်း သိက္ခာချရန် အွန်လိုင်းမှ လူများကို ငှားရမ်းချင်ခဲ့ သော်လည်း ၎င်းမှာ အလွန် ရိုးအလွန်းလှပေသည်။
ဝမ်တာလင်း၊ လဲ့ကျန်းကျွင်းနှင့် ဥက္ကဋ္ဌရွှေတို့ အားလုံး ဤနေရာတွင် ရှိနေခဲ့ကြသည်။ အကယ်၍ ၎င်းမှာ အတု သာဖြစ်ခဲ့လျှင် သူတို့သည်လည်း ကောင်းယွမ်၏ လှည့်စားမှုတွင် ပူးပေါင်းပါဝင်နေကြသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ဖန်းပိုင်ရီသည် ယခင်က ကောင်းယွမ်၏ အိမ်ရှင်ဖြစ်ခဲ့ဖူးရာ ၎င်းက သူ့ကို စိတ်ပိုင်းဆိုင်ရာ အသာစီးရစေခဲ့ သော်လည်း ဝမ်တာလင်းနှင့် ရင်ဆိုင်ရသည့်အခါ သူသည် မိမိကိုယ်ကို သိမ်ငယ်နေသကဲ့သို့ ခံစားရလေသည်။
သူက မေးခွန်းထုတ်ရန်ပင် မရဲဝံ့ပေ။
ဤတစ်ကြိမ် သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် သူသည် သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်လာခဲ့ကာ လူတိုင်းကို သူတို့ပြောချင်ရာ ပြောခွင့်ပြုထားလိုက်ပြီး ဆဲရေးတိုင်းထွာခြင်း၊ လှောင်ပြောင်ခြင်း များကို ခံယူကာ အိမ်ထဲတွင်သာနေ၍ စကားတစ်ခွန်းမျှ မပြောဘဲ မျက်နှာပြမည် မဟုတ်တော့ပေ။
တစ်ပတ်ခန့်ကြာပြီးနောက်...၊
ငါးရံ့နက် နည်းပညာစက်မှုဇုန် တည်ဆောက်ပြီးစီးသွားခဲ့လေပြီဖြစ်၏။
မြေဧက (၁၀,၀၀၀) ကျယ်ဝန်းသော ငါးရံ့နက် နည်းပညာစက်မှုဇုန် တည်ဆောက်ပြီးစီးသွားသည့်အခါ ဒေသခံ ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများစွာသည် ကောင်းယွမ်အတွက် ဖဲကြိုးဖြတ်ရန် ရောက်လာခဲ့ ကြလေသည်။
သို့သော်လည်း ကောင်းယွမ်အတွက် အံ့ဩစရာကောင်းသည်မှာ ဖိတ်ကြားမထားသော ဧည့်သည်အတော်များ များလည်း ရောက်ရှိလာခြင်းပင် ဖြစ်၏။
အမေရိကန် အင်တာနက်ကုမ္ပဏီ၏ နည်းပညာအကြံပေး၊ တာယွမ်ကျွန်း ယွမ်သျှမ်ကုမ္ပဏီ၏ တာရှဒေသ ဥက္ကဋ္ဌ၊ ဆန်းဟန် ကြယ်ကိုးစင်းကုမ္ပဏီ၏ တာရှဒေသ အမှုဆောင်ဥက္ကဋ္ဌ...၊ ကမ္ဘာ့အကြီးဆုံး ဆီမီးကွန်ဒတ်တာ ကုမ္ပဏီတိုင်း နီးပါးမှ အမှုဆောင်အရာရှိများ ရောက်ရှိလာကြလေသည်။
လွန်ခဲ့သော အချိန်အနည်းငယ်က ရှနိုင်ငံတွင် ပြီးပြည့်စုံသော ငါးနာနိုမီတာ တည်းဖြတ်စက် ရှိနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ထိုကုမ္ပဏီများမှ အမှုဆောင်အရာရှိများက ဤကိစ္စကို တညီ တညွတ်တည်း လှောင်ပြောင်ခဲ့ကြလေသည်။ နောက်ပိုင်းတွင် ရှဝေက သတင်းစာရှင်းလင်းပွဲ ကျင်းပသည့်အခါ ၌လည်း သူတို့က သံသယဝင်နေကြဆဲ ဖြစ်ပေ၏။
တာမီနည်းပညာကုမ္ပဏီသည် ယခုအခါ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်မြင့် ချစ်ပ်ပြားများကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ဒုတိယနှစ်ဝက်အတွက် ၎င်းတို့၏ အဓိကဖုန်းတွင် ချင်းလုံ (၉၀၀၀+) ချစ်ပ်ပြားကို တပ်ဆင်ထား လေသည်။
ထိုအခါမှသာ ဤကုမ္ပဏီများက ယုံကြည်သွားကြလေတော့သည်။
တည်းဖြတ်စက်များကို ထုတ်လုပ်သည့် ငါးရံ့နက်နည်းပညာကုမ္ပဏီမှာ အမှန်တကယ် မည်သို့သော ကုမ္ပဏီမျိုး ဖြစ်ကြောင်း လူတိုင်း သိမြင်ချင်ခဲ့ကြသည်။ ၎င်းတို့သည် ငါးရံ့နက် နည်းပညာစက်မှုဇုန် တည်ဆောက်ပြီးစီး ချိန်နှင့် အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ကြလေ၏။
စက်မှုဇုန်သို့ ရောက်ရှိလာသည့်အခါ အမေရိကန် အင်တာအက်တစ် ကုမ္ပဏီမှ အကြီးတန်း အမှုဆောင်အရာရှိ ဘစ်ခ်သည် သူ၏ရှေ့ရှိ ကြီးမားလှသော အဆောက်အအုံကြီးများကို ကြည့်ကာ ရေရွတ်လိုက်လေသည်။
"မယုံနိုင်စရာပဲ... လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒီနေရာက တောင်ခြေရွာလေးနဲ့ မြေရိုင်းတစ်ခုပဲ ရှိသေးတာ..."
"ဟုတ်တယ်... အရမ်း အံ့သြဖို့ကောင်းတယ်... အဲဒီ ဗီဒီယိုကို ပထမဆုံး မြင်လိုက်ရတုန်းက အန်နီမေးရှင်းလို့ ထင်ခဲ့တာ... ဒါပေမဲ့ ပုံစံအမျိုးမျိုးနဲ့ မြင်ပြီးတဲ့အခါမှာတော့ တကယ်အစစ်ဆိုတာ သိလိုက်ရတယ်..."
"ကောင်းက ကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပညာရှင်ပဲ... ငါ အစက မယုံခဲ့ဘူး... ဒါပေမဲ့ အခုလို အံ့ဩစရာကောင်းတဲ့ ဆောက်လုပ်ရေး နည်းပညာတွေ ရရှိလာတော့ တည်းဖြတ်စက်တွေက သိပ်ထူးခြားတဲ့အရာ မဟုတ်တော့ဘူးလို့ ထင်ရတယ်..."
ယွမ်သျှမ် တာရှဒေသ ဥက္ကဋ္ဌက အလွန် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေသည်။
"ငါတို့ ကောင်းယွမ်ကို တားဆီးရမယ်... ဒါမှမဟုတ်ရင် ငါတို့ရဲ့ ဈေးကွက်ကို ရှနိုင်ငံသားတွေက လုံးဝ သိမ်းပိုက် သွားလိမ့်မယ်..."
ကြယ်ကိုးစင်း အမှုဆောင်အရာရှိက ပြောလိုက်လေသည်။
"ဒါက မင်းတို့ကိစ္စပါ... ကြယ်ကိုးစင်းမှာက စီးပွားရေးလုပ်ငန်း အမျိုးမျိုးရှိတော့ ငါတို့အပေါ် သိပ်သက်ရောက်မှု မရှိပါဘူး..."