အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆)
ပိတ်ဆို့မှုကို ဆန့်ကျင်ခြင်း
ကောင်းယွမ်သည် ထိုလူများကို မြင်သောအခါ လုံးဝ လျစ်လျူရှုထားလိုက်လေသည်။ သူတို့ဘာသာ ရောက်လာ ကြခြင်းဖြစ်ရာ မောင်းထုတ်မပစ်ခြင်းကပင် သူ၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသနေခြင်း ဖြစ်ပေသည်။ ဧည့်ခံရန် ကိစ္စကိုတော့ မေ့ထားလိုက်ပါလေ။
ကောင်းယွမ်သည် မူလက ဤမျှ ထင်ပေါ်ကျော်ကြားရန် အစီအစဉ် မရှိခဲ့သော်လည်း ရှဝေ၏ ဥက္ကဋ္ဌ ကျိုးလဲ့က သဘောမတူဘဲ ဂုဏ်ပြုစကားဆိုရန် အတင်းအကျပ် လာရောက်ခဲ့လေသည်။ သူက ဝေ့ပေါ်တွင် ဂုဏ်ပြုသဝဏ် လွှာကိုပင် တင်ခဲ့ရာ အခြားသော ထိပ်သီးပုဂ္ဂိုလ်များကိုပါ လာရောက်ရန် ဆွဲဆောင်သကဲ့သို့ ဖြစ်သွားခဲ့ပေ၏။
ထိုအခါ လူများ ပို၍ပို၍ ရောက်ရှိလာခဲ့ကြလေသည်။
ပိုင်မော့ယွီတို့ အားလုံးသည် ငါးရံ့နက်နည်းပညာကုမ္ပဏီအတွက် ယာယီဧည့်ကြိုများအဖြစ် ဆောင်ရွက်ရန် ကောင်းယွမ်၏ ခေါ်ယူခြင်းကို ခံခဲ့ရလေသည်။
ကောင်းယွမ်၏ ဝန်းကျင်တွင် စက်ရုပ်များ ရှိနေကြောင်းကို ချင်ထျဲ့ကျွင်းက ထောက်ပြခဲ့သည့် အချိန်မှစ၍ ကောင်းယွမ်သည် ၎င်းတို့ကို အသုံးပြုရာတွင် ပို၍ သတိထားလာခဲ့လေသည်။ ချင်ထျဲ့ကျွင်းက ဤကိစ္စကို မည်သို့ ရှာဖွေတွေ့ရှိသွားကြောင်း ကောင်းယွမ် မသိရှိခဲ့ပေ။
သို့သော် အားနည်းချက် တစ်ခုခုတော့ သေချာပေါက် ရှိနေမည် ဖြစ်လေ၏။
အကြီးမားဆုံးသော အားနည်းချက်မှာ ဤစက်ရုပ်များ အားလုံးသည် ပြီးပြည့်စုံလွန်းနေခြင်း ဖြစ်ပြီး ဒုတိယ အချက်မှာ မှတ်ပုံတင်ထားခြင်း မရှိသည့် ပြဿနာပင် ဖြစ်လေသည်။ အိမ်ထောင်စုစာရင်း စနစ်ထဲတွင် သူတို့ကို ရှာမတွေ့နိုင်ပေ။ ရုပ်ဆင်းသဏ္ဌာန်၊ ခန္ဓာကိုယ်အပူချိန်နှင့် လှုပ်ရှားမှုများကို ကြည့်၍ ဆုံးဖြတ်ရမည်ဆိုလျှင် ကောင်းယွမ်၌ ၎င်းတို့ကို ခွဲခြားနိုင်စွမ်း လုံးဝ မရှိပေ။
ဆူညံရှုပ်ထွေးနေသော နေ့တစ်နေ့ ဖြစ်လေသည်။
ဆူညံမှုများအားလုံး ပြီးဆုံးသွားသည့်တိုင် ကောင်းယွမ်မှာ အနားယူရန် အခွင့်အရေးပင် မရလိုက်သေးဘဲ ကျန်းပိုင်ရီ ဒေါသတကြီး လျှောက်လာသည်ကို မြင်လိုက်ရလေ၏။
"လောင်ကောင်း... ဒီကောင်တွေက တကယ်ကို ရိုးသားမှုမရှိဘူး... သူတို့ ဒီနေ့ ငါတို့ရဲ့ ဖဲကြိုးဖြတ်ပွဲကို လာတုန်း က အဝေးကလာတဲ့ ဧည့်သည်တွေလို သဘောထားပြီး ဝန်ထမ်းတွေကိုတောင် ပေါင်မုန့်နဲ့ ရေတွေ သွားပေးခိုင်း လိုက်သေးတယ်..."
"အဲဒါ မင်းက အရှက်မရှိလို့လေ... ငါ မင်းကို ပြောသားပဲ... သူတို့ကို ဂရုမစိုက်ပါနဲ့လို့..."
ကျန်းပိုင်ရီသည် စကားပြောရန်ပင် ဆွံ့အသွားခဲ့လေသည်။
"ဟုတ်တယ်... ငါက အရှက်မရှိတာ... ဒီကောင်တွေ ဒီည ပြန်သွားပြီး ငါတို့ရဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီက သူတို့ရဲ့ နည်းပညာကို ခိုးယူထားတယ်ဆိုပြီး ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်တယ်... အခု နိုင်ငံတကာ ဆီမီးကွန်ဒတ်တာ လုပ်ငန်းအသင်းက ငါတို့ကို နာမည်ပျက်စာရင်း သွင်းချင်နေတယ်..."
ကောင်းယွမ် အံ့ဩသွားခဲ့လေ၏။
"ပိတ်ဆို့မှု ဟုတ်လား... ငါက အဲဒီလိုလုပ်ဖို့ အစီအစဉ် မရှိခဲ့ပါဘူး... ဒါပေမဲ့ သူတို့က စလာပြီဆိုတော့ နိုင်ငံခြား က ရိုးရာ ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ငါတို့ဘက်ကပဲ ပိတ်ဆို့ပစ်လိုက်ရအောင်..."
ကျန်းပိုင်ရီသည် တုံ့ပြန်ရန် အချိန်အတော်ကြာ ယူလိုက်ရလေသည်။
"ဥက္ကဋ္ဌကောင်း... မင်းက အရမ်း အထင်ကြီးစရာကောင်းတာပဲ..."
လက်ရှိတွင် 3D ဆက်သွယ်ရေးလက်ပတ် ထုတ်လုပ်ရေးလိုင်းကို ငါးရံ့နက် နည်းပညာစက်မှုဇုန်၌ တပ်ဆင်ပြီး အမှားရှာပြင်ဆင်ထားပြီး ဖြစ်လေသည်။ အချိန်မရွေး စတင်ထုတ်လုပ်နိုင်ပေသည်။
ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့သွားကာ အပူချိန်ထိန်းအဝတ်အစား ထုတ်လုပ်ရေးလိုင်း ဒါဇင်ပေါင်းများစွာ ကို ဝယ်ယူရန်လည်း စီစဉ်ထားလေသည်။ မူလက သူသည် ချစ်ပ်ပြားများကို ထုတ်လုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ ပေ။
သို့သော် ယခုအခါ တစ်စုံတစ်ယောက်က သူ့ကို နာမည်ပျက်စာရင်း သွင်းချင်နေပြီး နည်းပညာ ခိုးယူသည်ဟုပင် အသရေဖျက်နေကြလေ၏။
ဤကိစ္စကို မည်သူက သည်းခံနိုင်ပါမည်နည်း။
*မင်းတို့က ငါ့ကို သပိတ်မှောက်မယ်ဆိုရင် ငါကလည်း မင်းတို့ကို ပြန်ပြီး သပိတ်မှောက်မယ်…*
"လောင်ကျန်း... စက်မှုဇုန်ထဲမှာ အလွတ်ဖြစ်နေတဲ့ စက်ရုံအဆောက်အအုံတွေ အများကြီး ကျန်သေးတယ်... ငါတို့ ချစ်ပ်ပြားတွေ စထုတ်ပြီး အဲဒီ နိုင်ငံခြား ဆီမီးကွန်ဒတ်တာ ကုမ္ပဏီတွေကို သင်ခန်းစာတစ်ခုလောက် ပေးလိုက်ရင် မကောင်းဘူးလား..."
ကျန်းပိုင်ရီသည် အနည်းငယ် စိုးရိမ်နေခဲ့လေ၏။
"ငါတို့ရဲ့ ချစ်ပ်ပြားတွေကို ရောင်းလို့မရမှာကို ငါ စိုးရိမ်မိတယ်..."
"ဘာလို့ နိုင်ငံရပ်ခြားကို ရောင်းရမှာလဲ... ပြည်တွင်းက ထုတ်လုပ်သူတွေကိုပဲ ထောက်ပံ့ပေးပြီး ကျားရီနဲ့ သူ့အဖွဲ့ ကို စွမ်းဆောင်ရည်မြင့် ချစ်ပ်ပြားအချို့ ဒီဇိုင်းဆွဲခိုင်းရမယ်... အဲဒီနောက် နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းလောက် ဈေးလျှော့ရောင်းပြီး သူတို့ရဲ့ ဉာဏ်ရည်တုပစ္စည်း ဈေးကွက်ကို တိုက်ရိုက် ထိုးနှက် ပစ်လိုက်မယ်..."
ကျန်းပိုင်ရီသည် ဤသည်မှာ ယုံကြည်စိတ်ချရမှုမရှိဟု ခံစားနေရဆဲ ဖြစ်လေသည်။
"လောင်ကောင်း... တကယ်လို့ သူတို့က ရှနိုင်ငံက ထုတ်ကုန်တွေကို ပိတ်ပင်လိုက်ရင်ရော..."
ကောင်းယွမ်သည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေ၏။
"မင်းက နိုင်ငံကို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်မယ်လို့ ပြောချင်တာလား... ရှနိုင်ငံရဲ့ နည်းပညာက သူတို့ထက် နေရာတိုင်းမှာ သာလွန်နေတဲ့အခါ မင်း ဘယ်လောက်ပဲ ပိတ်ပင်ထားပါစေ... မင်း ပိုပြီး နောက်ကျကျန်ရစ်ခဲ့လိမ့်မယ်... ငါတို့ရဲ့ ချင်းမင်းဆက်က ဒီနည်းဗျူဟာကို အရင်က သုံးခဲ့ဖူးတယ်... ရလဒ်က တော့ ထင်ရှားပါတယ်..."
ကျန်းပိုင်ရီသည် ငေးမောကြည့်နေမိလေသည်။ ဤစကားက အဓိပ္ပာယ်ရှိသကဲ့သို့ ခံစားလိုက်ရပေ၏။
ကောင်းယွမ်သည် နောက်ဖေးခြံသို့ ရောက်ရှိလာခဲ့လေသည်။ နောက်ဖေးခြံ၏ နောက်ဘက်ရှိ တောင်ခြေကို ဧရာမ ဂိုဒေါင်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားခဲ့လေ၏။ ကောင်းယွမ်သည် အချိန်နှင့်အာကာသတံခါး ကို ဖြတ်သန်းသွားခဲ့လေသည်။
(၂၀၂၄) ကလပ် သို့ ရောက်ရှိသွားခဲ့လေ၏။
ကောင်းယွမ် ချဉ်းကပ်လာသည်ကို မြင်သောအခါ လင်းနန်ဝူသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး သူ၏ လက် မောင်းကို ချိတ်လိုက်လေသည်။
"သူဌေး... အခု ကျွန်မတို့ဆီမှာ အသင်းဝင် ဘယ်လောက်ရှိနေပြီလဲဆိုတာ ခန့်မှန်းကြည့်နိုင်မလား..."
"သုံးထောင်လား..."
ကောင်းယွမ်က ပေါ့ပေါ့ပါးပါးဖြင့် ဂဏန်းတစ်ခုကို ခန့်မှန်းလိုက်လေသည်။
လင်းနန်ဝူသည် လုံးဝ ကြောင်အမ်းသွားပုံပေါ်လေ၏။
"ဆရာ... သိနေတာလား..."
သို့သော် လင်းနန်ဝူ၏ မျက်နှာအမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။
"သူဌေး... ကျွန်မတို့ရဲ့ ကလပ်က အသင်းဝင်ကြေး တစ်ခုတည်းနဲ့တင် ယွမ်ဘီလီယံနှစ်ဆယ်ကျော် ကောက်ခံရရှိ ထားတယ်... နေရာဌာနတွေကရတဲ့ ဝင်ငွေတွေနဲ့ပါ ပေါင်းလိုက်ရင် အခုဆို အကောင့်ထဲမှာ ယွမ်ဘီလီယံ ငါးဆယ်တောင် ကျော်နေပါပြီ..."
*ဘီလီယံ ငါးရာ လား…*
ကောင်းယွမ်သည် လုံးဝ အံ့ဩသွားခြင်း မရှိခဲ့ပေ။
(၂၀၂၄) ကလပ် ၏ အတွင်းပိုင်းသည် အနာဂတ် ကမ္ဘာပေါ်တွင် တမူထူးခြားနေသောကြောင့် အချိန်ကြာလာသည် နှင့်အမျှ ပို၍ ပို၍ အဆင့်အတန်းမြင့်လာမည်သာ ဖြစ်လေသည်။
စိုက်ပျိုးမြေ တစ်ခုတည်းကပင် သာမန်လူများ၏ စိတ်ကူးထက် ကျော်လွန်နေပေသည်။
အနာဂတ်ကမ္ဘာတွင် လူဦးရေသည် မြို့ကြီး အနည်းငယ်၌သာ စုပြုံနေမည်ဖြစ်ပြီး အခြားသော နေရာများသည် နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို ခံစားရမည် ဖြစ်လေသည်။ ဤမြို့ကြီးများ၏ အစွန်အဖျားများ တွင် ဓာတ်ရောင်ခြည်ကို စုပ်ယူရန် သံလိုက်စက်ကွင်း အတားအဆီးများ တပ်ဆင်ထားမည် ဖြစ်ပေ၏။
မြို့တော်အတွင်းရှိ ထိတွေ့နေသော မျက်နှာပြင်တိုင်းကို ရာစုနှစ်များစွာကြာအောင် တူးဖော်ခဲ့ကြလေသည်။ ယခု အခါ နျူကလီးယား ဓာတ်ရောင်ခြည်များ မြေအောက်ရေစနစ်မှတစ်ဆင့် မြို့တော်အတွင်းသို့ ဝင်ရောက်လာခြင်း ကို တားဆီးရန်အတွက် မြို့တစ်မြို့လုံးကို ဆယ်မီတာအထိ အထူရှိသော ကြံ့ခိုင်မှုမြင့်မားသည့် ကွန်ကရစ်များဖြင့် ဖုံးအုပ်ထားခဲ့လေ၏။
မြို့တော်၏ ရေပေးဝေမှု အားလုံးကို အထူးပြုပြင်ထားသော ရေနက်ပိုင်း ပင်လယ်ရေများဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ကောင်းယွမ်သည် ဤတစ်ကြိမ်တွင် တည်းဖြတ်စက်များနှင့် သန့်စင်မှုမြင့်မားသော ဆီလီကွန်ပုံဝေဖာပြား ထုတ်လုပ်ရေးလိုင်းကို ဝယ်ယူရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လေသည်။
ဤအရာများကို အနာဂတ်ကမ္ဘာတွင် အလွန် အောက်ခြေကျသော အရာများအဖြစ် သတ်မှတ်ထားပြီး လုပ်ငန်း တာဝန်များ သတ်မှတ်ပေးရန်ပင် လိုအပ်မည်မဟုတ်ပေ။
ကောင်းယွမ်သည် လဲ့ချင်းမေ ထံသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။
လဲ့ချင်းမေသည် လမ်းတစ်လျှောက်ရှိ ရှုခင်းများကို အံ့ဩမင်သက်စွာ ကြည့်ရှုရင်း (၂၀၂၄) ကလပ် ၏ ရုံးခန်း ဧရိယာသို့ ရောက်ရှိလာခဲ့လေသည်။ (၂၀၂၄) ကလပ် သို့ ဝင်ရောက်လာကတည်းက သူမသည် အံ့ဩမှင်သက် နေခဲ့ရလေ၏။ ကောင်းယွမ်သည် ထိပ်တန်းအထက်တန်းလွှာတို့၏ အထွတ်အထိပ်ဟူသော သူ၏ ဂုဏ်သတင်း နှင့် အမှန်တကယ်ပင် ကိုက်ညီလှပေသည်။
မဟုတ်ပါက ဤမျှ ကြီးမားသော စီမံကိန်းကြီးကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
ဤတွေ့ဆုံမှုသည် ယခင်တွေ့ဆုံမှုများနှင့် လုံးဝကွာခြားနေလေသည်။ လဲ့ချင်းမေသည် အလွန် နှိမ့်ချနေခဲ့လေ၏။
"ဥက္ကဋ္ဌကောင်း... ကျွန်မကို တွေ့ချင်လို့လား..."
"ဟုတ်တယ်... ကျွန်တော် ပစ္စည်းတချို့ လိုချင်လို့ပါ... သူဌေးလဲ့က ကျွန်တော့်ကို ဝယ်ပေးနိုင်မလား... ဈေးကွက် ပေါက်ဈေးထက် သုံးဆယ်ရာခိုင်နှုန်း ပိုပေးပြီး ဝယ်နိုင်သလို ကလပ် အသင်းဝင်ရမှတ် ဆယ်မှတ်ကိုလည်း ပေးနိုင်ပါတယ်..."
လဲ့ချင်းမေသည် ဝမ်းသာသွားပုံရလေသည်။
"ဥက္ကဋ္ဌကောင်းက ဘာတွေ ဝယ်ချင်လို့လဲ..."
"တည်းဖြတ်စက် ထုတ်လုပ်ရေးလိုင်းရယ်၊ ဆီလီကွန်ပုံဝေဖာပြား ထုတ်လုပ်ရေးလိုင်းရယ်..."
"ဒါပဲလား..."
လဲ့ချင်းမေက အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်လေသည်။
ကောင်းယွမ်သည် လဲ့ချင်းမေကို ကြည့်ကာ ပြောလိုက်လေ၏။
"သူဌေးလဲ့... ကျွန်တော် ကိုယ်တိုင် လုပ်လိုက်မယ်ဆိုရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အရာတချို့ ရှိနေလို့ပါ..."
လဲ့ချင်းမေ၏ မျက်နှာအမူအရာ တည်ကြည်သွားခဲ့လေသည်။
"ကျွန်မ နားလည်ပါပြီ..."
"ကောင်းပြီ... သွားလုပ်လိုက်ပါ... ငွေရှင်းဖို့အတွက် ဝမ်ရိဖေးပင်းပင်း ကို သွားရှာလိုက်ပါ... သူမကို ငွေရှင်းပေး ဖို့ ကျွန်တော် စီစဉ်ထားလိုက်မယ်... ဪ... ပြီးတော့ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်ကိစ္စကို လျှို့ဝှက်ထားရ မယ်ဆိုတာ နားလည်တယ်မလား... ခင်ဗျား ကျွန်တော့်ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး..."
"ဘာဖြစ်လို့လဲ..."
"ဘယ်လိုထင်လို့လဲ…"
လဲ့ချင်းမေသည် လျင်မြန်စွာပင် ခန့်မှန်းလိုက်လေသည်။ ဤအရာများ အားလုံးမှာ အောက်ခြေအဆင့် ထုတ်ကုန် များသာ ဖြစ်လေ၏။ မည်သို့ပင်ဆိုစေကာမူ ကောင်းယွမ်သည် ထိပ်တန်းအဆင့်ရှိသူ တစ်ဦး ဖြစ်ပေသည်။ သူဌေးသားတစ်ဦး လမ်းဘေးဆိုင်တွင် စားသောက်နေသကဲ့သို့ပင် ဖြစ်သည်။ သူ လုပ်နိုင်သော်လည်း တစ်စုံ တစ်ယောက်ကသာ လူသိရှင်ကြား ပြောလိုက်မည်ဆိုလျှင် ထိုသူဌေးသားက သဘောကျမည် မဟုတ်ပေ။
"ကျွန်မ နားလည်ပါပြီ... ဥက္ကဋ္ဌကောင်း... ကျွန်မ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်..."
ကောင်းယွမ်သည် သူ၏ ရုံးခန်းထဲတွင် ထိုင်ကာ အနာဂတ်ကမ္ဘာနှင့် ပတ်သက်သော သတင်းများကို ဖတ်ရှုရင်း သူ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေခဲ့လေသည်။
(၂၀၂၄) ကလပ် သည် ငွေတွင်းကြီးတစ်ခုဖြစ်ပြီး အနာဂတ်တွင် ပို၍ပို၍ များပြားလာမည် ဖြစ်လေသည်။ တစ်နှစ် လျှင် ယွမ်တစ်ထရီလီယံကို အလွယ်တကူ ကျော်လွန်သွားမည်သာ ဖြစ်၏။ ဤမျှ များပြားလှသော ငွေကြေး များကို လက်ဝယ်ထားရှိပြီး မသုံးစွဲနိုင်ခြင်းမှာ ကြီးမားသော ဖြုန်းတီးမှုတစ်ခုပင် ဖြစ်ပေသည်။
ကြွယ်ဝချမ်းသာမှုများ ဖန်တီးရန်အတွက် ငွေကြေးသည် လည်ပတ်နေရမည် ဖြစ်လေ၏။ ရေတိုကာလအတွင်း ဤအောက်ခြေအဆင့် ထုတ်ကုန်များကို ဝယ်ယူလိုက်လျှင် မည်သူမျှ သတိထားမိမည် မဟုတ်ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ...၊ ထိုကိစ္စကို ဖုံးကွယ်ထားရန် သေချာပေါက် မဖြစ်နိုင်တော့ပေ။ ထို အချိန်ကျလျှင် ပြဿနာတက်လာနိုင်ပြီး ကောင်းယွမ်အနေဖြင့် သူ့ကိုယ်သူ ရှင်းပြနိုင်မည် မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် အနာဂတ်ကမ္ဘာတွင် ကောင်းယွမ်၌ မည်သည့် အဆင့်အတန်းမျှ မရှိသောကြောင့် ဖြစ်လေသည်။
သူ၏ လက်ရှိ အထောက်အထားသည်ပင်လျှင် အတုဖြစ်နေပေသည်။ ငွေရှိခြင်းဟူသည် နေရာတိုင်းတွင် အဆက်အသွယ်များ ရှိနေခြင်းကို ဆိုလိုလေ၏။
ကောင်းယွမ်သည် သူ၏ ကိုယ်ပိုင် အထောက်အထားအတု တစ်ခုကို ဖန်တီးရန်အတွက် ကလပ် ၏ အသင်းဝင် များကို အသုံးပြုချင်ခဲ့လေသည်။ မဟုတ်ပါက စာလုံးလေးလုံးသာပါရှိသော သူ၏ အမည်တုဖြင့် အစောပိုင်း ဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ အခွင့်ကောင်းယူ ခံရမည်သာ ဖြစ်ပေ၏။
သို့သော် ၎င်းကို အသုံးပြုသည့်အခါ ဂရုစိုက်ရမည် ဖြစ်လေသည်။ အကယ်၍ သင့်တွင် မည်သည့် အခြေခံ အုတ်မြစ်မျှ မရှိကြောင်းကို အခြားသူများက သိရှိသွားပါက သင်သည် ထောင်ချောက်ထဲသို့ ဝင်ရောက်သွား သကဲ့သို့ ဖြစ်သွားမည် ဖြစ်ပေသည်။