အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇)
ဤအရာသည် မဟာဒေတာနည်းပညာပင် ဖြစ်လေသည်
လူများရှိသော နေရာတိုင်း၌ ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိနေတတ်စမြဲ ဖြစ်ပေသည်။
သတင်းအချက်အလက် မညီမျှမှုကို အသုံးချရန်အတွက် ပါဝင်ပတ်သက်နေသော အဖွဲ့နှစ်ဖွဲ့ သို့မဟုတ် သုံးဖွဲ့ သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိပ်တိုက်မတွေ့ဆုံမိစေရန် သေချာအောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။
ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီးကာမှ ထိုသူနှစ်ဦး အတူတကွ ထိုင်မိသွားပါက အလွန်ပင် အနေရခက်ဖွယ် ဖြစ်သွား မည် ဖြစ်၏။
ကောင်းယွမ်သည် ဟွမ်ဖူရှန်းကို ခေါ်ယူလိုက်လေသည်။
အကြောင်းမှာ ဟွမ်ဖူရှန်းသည် ယခင်က ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူမသည် အသေးစိတ်ကျကာ ထိုသူများ၏ လုပ်ထုံးလုပ်နည်းများကို နားလည်ထားသောကြောင့် ဖြစ်ပေသည်။
"အစ်မကြီးရှန်း... ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အဆင်ပြေရဲ့လား..."
"သခင်လေးရဲ့ ကျေးဇူးကြောင့် ကျွန်မ အခု အရမ်းအဆင်ပြေနေပါပြီ..."
ဟွမ်ဖူရှန်းသည် အလွန်ကျန်းမာပုံရပြီး ပို၍နုပျိုလာကြောင်း ကောင်းယွမ် သတိပြုမိလိုက်လေသည်။
အနာဂတ်ကမ္ဘာ၌ လူတို့၏ ပျမ်းမျှသက်တမ်းမှာ အနှစ်နှစ်ရာ ဖြစ်လေသည်။ ဟွမ်ဖူရှန်းမှာ မူလက အသက်(၄၀) ကျော်သာ ရှိသေးရာ ပျမ်းမျှသက်တမ်းအရ ဆိုလျှင် လေးဆယ်အရွယ်သည် နုပျိုနေဆဲဟု သတ်မှတ်နိုင်ပေ သည်။
သို့သော်လည်း ယခင်က သူမ၏ ဘဝသည် အဆင်မပြေခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ အထက်တန်းလွှာတို့၏ ဘဝများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသဖြင့် ဝက်တစ်ကောင်ကဲ့သို့ မွေးမြူခံရမည့်ဘဝကို သူမ ဘယ်သော အခါမျှ စိတ်ချမ်းသာနိုင်မည် မဟုတ်ပေ။
ဤသူတို့သည် ဒုက္ခအများဆုံး ခံစားရသူများ ဖြစ်ကြပေသည်။
ထို့ကြောင့် အသက်လေးဆယ်ကျော်အရွယ် ဟွမ်ဖူရှန်းသည် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် တူနေခဲ့ ပြီဖြစ်လေသည်။ (၂၀၂၄) ကလပ်ကို ဖွင့်လှစ်ပြီးကတည်းက (၂၀၂၄) ၏ အထွေထွေမန်နေဂျာအဖြစ် ဟွမ်ဖူရှန်း သည် လျင်မြန်စွာပင် လူသိများ ကျော်ကြားလာခဲ့ပေ၏။
ဟွမ်ဖူရှန်း ရာထူးမကျမီက သူမ မော့ကြည့်ခဲ့ရသူများပင်လျှင် ယခုအခါ သူမနှင့် ယဉ်ကျေးစွာ စကားပြောဆိုလာ ကြလေသည်။
လူအများအပြားသည် လာရောက်သည့်အခါ လက်ဆောင်ငယ်လေးများကိုလည်း ယူဆောင်လာတတ်ကြပေ သည်။
ဟွမ်ဖူရှန်းသည် ယခုအခါ တကယ်ပင် အဆင်ပြေနေခဲ့ပြီ ဖြစ်၏။
"အဲဒါ ကောင်းပါတယ်... အစ်မကြီးရှန်း... ကျွန်တော် အစ်မကြီးရဲ့ အကူအညီ နည်းနည်းလိုတယ်..."
"သူဌေး... လွတ်လွတ်လပ်လပ် ပြောပါ..."
ကောင်းယွမ်သည် သူမ ယုံကြည်စိတ်ချရမှု ရှိမရှိကို အတည်ပြုရန် သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေ သည်။
စက်ရုပ်များသည် ထိုကဲ့သို့သော အလုပ်များကို လုပ်ဆောင်နိုင်သော်လည်း လူသားများကဲ့သို့ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် တုံ့ပြန်ခြင်းတို့တွင်မူ မစွမ်းဆောင်နိုင်ကြပေ။
ကောင်းယွမ်သည် ဟွမ်ဖူရှန်းနှင့် စက်ရုပ်တို့ကို အတူတကွ လုပ်ဆောင်စေရန် စီစဉ်ကာ နှစ်ဘက်ချဉ်းကပ်မှုနည်း လမ်းကို အသုံးပြုရန် ရည်ရွယ်ထားလေ၏။
ဤနည်းဖြင့် နှစ်ဖက်စလုံးက သတင်းအချက်အလက်များကို စစ်ဆေးအတည်ပြုနိုင်ပြီး ဟွမ်ဖူရှန်းအနေဖြင့် သူမကိုယ်သူမ လိမ်ညာခြင်း မရှိစေရန် သေချာစေမည် ဖြစ်ပေသည်။
"အစ်မကြီးရှန်း... ကလပ်ကို နေ့တိုင်းလာတဲ့ အသင်းဝင်တွေကို အစ်မကြီး စောင့်ကြည့်ပေးဖို့ လိုတယ်... ဘယ် အသင်းဝင်တွေက အချင်းချင်း ဆက်ဆံရေးကောင်းတယ်... ဘယ်သူတွေက ဟန်ပြသူငယ်ချင်းတွေပဲ ဖြစ် တယ်... ပြီးတော့ ဘယ်သူတွေက ထင်ထင်ရှားရှား ရန်ဘက်တွေ ဖြစ်နေကြတယ်ဆိုတာကို ကျွန်တော် သိဖို့လို တယ်..."
ဟွမ်ဖူရှန်း ခေါင်းညိတ်လိုက်လေသည်။
"သူဌေး... အထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ လိုသလား..."
ကောင်းယွမ် ခေါင်းခါလိုက်၏။
"ဟင့်အင်း... လုံးဝမတပ်ရဘူး... အခန်းတိုင်းက သီးသန့်နေရာတွေပဲ... ကျွန်တော်တို့ ကင်မရာတွေကို လုံးဝ တပ် လို့ မရဘူး... ဒါက အရေးကြီးဆုံး စည်းမျဉ်းပဲ... ဒါပေမဲ့ ကျွန်တော်တို့ ဧည့်ခန်းနဲ့ စင်္ကြံတွေမှာ ကင်မရာတွေ ရှိ တယ်လေ... အဲဒါဆို လုံလောက်ပါပြီ... ကျွန်တော်တို့က အဆင့်မြင့်ကလပ်တစ်ခုလေ... တကယ်လို့ ကင်မရာ တွေ တပ်ထားတာကို သူတို့ သိသွားရင် ကျွန်တော်တို့ ပြဿနာအကြီးအကျယ် တက်လိမ့်မယ်... ကျွန်တော်တို့က သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းဖို့ ဒီမှာ ရှိနေတာ မဟုတ်ဘူး... သူတို့ရဲ့ ဆက်ဆံရေးတွေကိုပဲ သိချင်တာ... လူတစ်ယောက်ကို မုန်းနေတာကို ဖုံးကွယ်ထားလို့မှ မရတာ..."
ဟွမ်ဖူရှန်းသည် သိသိသာသာပင် သက်ပြင်းချလိုက်လေသည်။ သူမသည် ကောင်းယွမ် အဆင်အခြင်မဲ့ လုပ် ဆောင်မည်ကို တကယ်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
ဤသူများသည် အထက်တန်းလွှာများထဲမှ အထက်တန်းလွှာများ ဖြစ်ကြပေသည်။ နေရာပေးသူအနေဖြင့် (၂၀၂၄) ကလပ်သည် အရာအားလုံးကို ပွင့်လင်းမြင်သာမှု ရှိစေရမည် ဖြစ်လေသည်။
ဥပမာအားဖြင့် ဧည့်ခန်းရှိ ကင်မရာများနှင့် ပတ်သက်၍ ပိုမိုအဆင့်မြင့်သော ကိုယ်ပျောက် ဖိုတွန်ကင်မရာများ ရှိနေသော်လည်း ကောင်းယွမ်သည် အရှုပ်ထွေးဆုံးနှင့် ရှေးအကျဆုံးဖြစ်သည့် အော့ပတစ်ကယ် ကင်မရာများကို သာ အသုံးပြုရန် တောင်းဆိုခဲ့လေသည်။
ဤသည်မှာ ကျွန်ုပ်တို့၏ အသင်းဝင်များအားလုံးကို (၂၀၂၄) အနေဖြင့် ရိုးသားမှုဖြင့် တင်ပြသည့်နည်းလမ်းပင် ဖြစ်ပေသည်။
အရေးပါသူများသည် သီးသန့်ဆက်သွယ်ပြောဆိုကြရာတွင် သတင်းပေါက်ကြားမည်ကို အလွန်ပင် စိုးရိမ်တတ် ကြလေသည်။ ကောင်းယွမ်သည် ဤစိတ်နေသဘောထားကို အခြေခံ၍ သူတို့အတွက် ဤသီးသန့်နေရာကို ဖန်တီးပေးခဲ့ခြင်း ဖြစ်၏။ ဤအရေးပါသူများသည် (၂၀၂၄) ကလပ်နှင့် ရင်းနှီးသွားသည်နှင့် တစ်ပြိုင်နက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးရန် သူတို့၏ အခြေစိုက်စခန်း ဖြစ်လာနိုင်ပေသည်။
သင်သည် အပန်းဖြေရင်း အချက်အလက်များ စုဆောင်းကာ စီးပွားရေးလုပ်ငန်းများကို တစ်ချိန်တည်းမှာပင် ဆွေးနွေးနိုင်ပြီး သင်၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ပေါက်ကြားသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
အလွန်ပင် အံ့မခန်းဖွယ် ကောင်းလှပေသည်။
ဤအရေးပါသူများ၏ အုပ်စုဖွဲ့မှုများကို နားလည်ခြင်းအပြင်...၊
ကောင်းယွမ်သည် နေ့စဉ် အထပ် (၁၈) သို့မဟုတ် ထိုထက်မြင့်သော အထပ်များသို့ ဝင်ရောက်သည့် အသင်းဝင် များ၏ အချက်အလက်များကိုလည်း စုဆောင်းကာ ခွဲခြမ်းစိတ်ဖြာရန်အတွက် စက်ရုပ်ထံသို့တာဝန် ပေးအပ်ခဲ့ လေသည်။ စက်ရုပ်၏ လေ့လာတွေ့ရှိချက်အရ နေ့စဉ် တူညီသောနေရာများသို့ မကြာခဏ ဝင်ရောက်လေ့ရှိ သည့် အသင်းဝင်များသည် ဆင်တူသော အကြိုက်များ ရှိနိုင်ခြေ ပိုများကြောင်း သိရလေ၏။
အကြောင်းမှာ အထပ် (၁၈) အထက်ရှိ အထပ်များကို ရွှေအဆင့် အသင်းဝင်နှင့် စိန်အဆင့် အသင်းဝင်များ အတွက်သာ ဖွင့်လှစ်ထားခြင်းကြောင့် ဖြစ်လေသည်။ ဤသူများအားလုံးမှာ အမှန်တကယ် အရေးပါသူများ ဖြစ်ကြပြီး အသင်းဝင်အရေအတွက် နည်းပါးသဖြင့် သူတို့ကို ခွဲခြမ်းစိတ်ဖြာရန် လွယ်ကူပေသည်။
ကောင်းယွမ်သည် စက်ရုပ်ကို ခွဲခြမ်းစိတ်ဖြာမှု ဇယားတစ်ခု ဖန်တီးရန် ခိုင်းစေလိုက်လေသည်။
ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်စဉ်က မဟာဒေတာနည်းပညာကို အသုံးပြုကာ သုံးစွဲသူများ၏ အကြိုက်နှင့် မနှစ်သက်မှုများကို ခန့်မှန်းရသည့် အချိန်ကဲ့သို့ ခံစားရပေ၏။
အသင်းဝင်တစ်ဦးစီအတွက် ဆက်ဆံရေးသစ်ပင် တစ်ခု ဖန်တီးရန် လိုအပ်ပေသည်။ အကြောင်းမှာ အချို့သော ရင်းနှီးသည့် သူငယ်ချင်းများသည် အတူတကွ လာရောက်နိုင်သော်လည်း အချို့မှာမူ ရိုးရိုးသိကျွမ်းသူများသာ ဖြစ်ပြီး သူတို့ ဆုံတွေ့လျှင်ပင် တူညီသော နေရာသို့ ရောက်ရှိသွားမည် မဟုတ်သောကြောင့် ဖြစ်လေသည်။
ထို့ပြင် အသင်းဝင်တစ်ဦးစီ ရောက်ရှိလာသည့် အချိန်နှင့် ကလပ်တွင် နေထိုင်သည့် အချိန်ကာလကို ခွဲခြမ်း စိတ်ဖြာခြင်းက ဤအသင်းဝင်များ အလွန်အလုပ်များခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန် ကူညီပေးနိုင်ပေသည်။
အကယ်၍ အရေးပါသူများသည် အလုပ်များနေပါက ၎င်းတို့တွင် လုပ်ပိုင်ခွင့်အာဏာ ရှိကြောင်း ဆိုလိုခြင်း ဖြစ် လေသည်။ အချို့လူများသည် ရာထူးမြင့်မားသော်လည်း သူတို့၌ လုပ်ပိုင်ခွင့်အာဏာ မရှိကြပေ။ ဥပမာအားဖြင့် ချင်ကန်း ဖြစ်လေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် အချိန်ပြည့်နီးပါး ကလပ်တွင်သာ နေထိုင် နေပြီး အိမ်သို့ မပြန်ခဲ့ပေ။
အကယ်၍ ကောင်းယွမ်သည် သူ၏ အပေါ်ယံအခြေခံအုတ်မြစ်ကို ခိုင်မာစေလိုပါက ဤအသင်းဝင်များကို သူ၏ ခိုင်မာသော ထောက်ခံသူများအဖြစ် ပြောင်းလဲရန် လိုအပ်ပေသည်။
ယခုအခါ ထိုသူများသည် သူ့အား ထောက်ခံနေပုံပေါ်သော်လည်း ၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်လေသည်။ သူသည် အခြေချနေထိုင်သူ မဟုတ်ကြောင်းကို သူတို့ သိရှိသွားသည်နှင့် တစ်ပြိုင်နက် ဤကလပ်မှာ ချက်ချင်း ပင် သိမ်းပိုက်ခံရနိုင်ပေသည်။
ကောင်းယွမ်၏ နောက်ခံကို မည်သူမျှ မသိရှိကြသဖြင့် မည်သူမျှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ကလပ် ပိုင်ရှင်၏ အမည်မှာ "ကောင်းယွမ်ယွမ်ကောင်း" ဖြစ်ကြောင်းကို သူတို့ တွေ့ရှိခဲ့ကြပြီး ထိုအမည်မှာပင် ယာယီ ဝယ်ယူထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် အရေးပါသူများက နောက်ကွယ်တွင် ဩဇာတိက္ကမကြီးမားသော မိသားစုတစ်စု ရှိနေပြီး ပိုင်ရှင်မှာ နယ်ရုပ်တစ်ရုပ် သို့မဟုတ် စိတ်ကူးယဉ်ဖန်တီးထားသူ တစ်ဦးသာ ဖြစ်မည်ဟု သံသယဝင်နေကြပေ၏။
ကောင်းယွမ်သည် ဤအကြောင်းပြချက်ကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားပြီး လူမြင် ကွင်းတွင် လှုပ်ရှားမှုများ မပြုလုပ်ခြင်း ဖြစ်လေသည်။ အရေးပါသူများသည် သူ ရှိနေကြောင်းကို သိရှိကြပြီး သူ့ကိုပင် ခြေရာခံနိုင်ကြသော်လည်း သူတို့အားလုံးက သူ့ကို ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုကြောင်းသာ ယုံကြည် ထားကြပေသည်။
အကြောင်းမှာ အသင်းဝင်များသည် အမှန်တကယ် စည်းလုံးညီညွတ်သော တပ်ဦးတစ်ခု မဟုတ်ဘဲ သူတို့သည် ရင်းနှီးစွာ ဆက်သွယ်ပြောဆိုခြင်း မရှိသောကြောင့် ကောင်းယွမ်ကို ပုန်းအောင်းရန် နေရာလွတ်တစ်ခု ရရှိစေခဲ့ လေသည်။
ယခုအခါ ကောင်းယွမ်သည် သူ့ကိုယ်သူ တကယ့်အထောက်အထားတစ်ခု ပေးကာ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ရန် လိုအပ်နေပေသည်။ သူ့နောက်တွင် မည်သူမျှ မရှိကြောင်း သူတို့ သိလျှင်တောင်မှ သူတို့ အရေး ယူရန် ရဲဝံ့ကြမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့အားလုံးသည် အကျိုးစီးပွားတူညီသော အသိုင်းအဝိုင်း တစ်ခုအတွင်း၌ ရှိနေကြသောကြောင့် ဖြစ်လေ၏။
စုံစမ်းစစ်ဆေးခြင်းမှာ စုံစမ်းစစ်ဆေးခြင်းသာ ဖြစ်သော်လည်း ကောင်းယွမ်သည် သူတစ်ပါး၏ ကိုယ်ရေးကိုယ် တာကို စူးစမ်းရန် သို့မဟုတ် ခိုးနားထောင်ခြင်း၊ အသံဖမ်းခြင်း သို့မဟုတ် အသံသွင်းကိရိယာများ တပ်ဆင်ရန် အထိ မိုက်မဲလိမ့်မည် မဟုတ်ပေ။
၎င်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ ဩဇာအာဏာရှိသူတစ်ဦးကို ဒေါသ ထွက်စေမိပါက သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ဩဇာလွှမ်းမိုးမှုက သူ့အား ဖျက်ဆီးပစ်ပေလိမ့်မည်။
ဤအတိုင်းဆိုလျှင် အဆင်ပြေပေသည်။ ဤအစီအစဉ်များကို ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်လေ၏။
ကောင်းယွမ်သည် ရလဒ်များကို စောင့်ဆိုင်းရန် အချိန်အနည်းငယ် လိုအပ်ပြီး သူ၏ အစီအစဉ်ကို ပြီးပြည့်စုံ စေရန် ပိုမိုများပြားသော အချက်အလက်များကိုလည်း စုဆောင်းရန် လိုအပ်နေပေသည်။
စကားပြောဆိုပြီးနောက် သူသည် ဟွမ်ဖူရှန်းကို ကြည့်ကာ ပြောလိုက်လေသည်။
"အစ်မကြီးရှန်း... ကျွန်တော်တို့ ကလပ်ရဲ့ ဆယ်ကီလိုမီတာ အတွင်းမှာ ရောင်းဖို့ရှိတဲ့ ဆိုင်တွေ ဒါမှမဟုတ် မြေကွက်တွေကိုလည်း ဂရုစိုက်ပေးပါ... အကုန်လုံးကို ဝယ်လိုက်ပါ..."
ဟွမ်ဖူရှန်းသည် ကောင်းယွမ်ကို ဘာလုပ်ချင်သနည်းဟု မမေးတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
"နားလည်ပါပြီ..."
...
တာဝန်များ ခွဲဝေပေးပြီးနောက် ကောင်းယွမ်သည် ဂိုဒေါင်ဆီသို့ သွားလိုက်လေသည်။
လဲ့ချင်းမေနှင့် ချင်းမူကုထန်းတို့ ယခင်က ပေးပို့ခဲ့သော ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ စက်ရုပ်အများအပြား ဤနေရာတွင် ရှိနေလေသည်။
ယခုအခါ မုကျား နည်းပညာစက်မှုဇုန်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကာ ၎င်း၏ နောက်ဖေးခြံရှိ နည်းပညာ စင်တာနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ကိုယ်ပိုင်ဂိုဒေါင်တစ်ခုလည်း ပါရှိလေသည်။
ကောင်းယွမ်သည် ပစ္စည်းအားလုံးကို လက်ရှိကမ္ဘာသို့ ပြောင်းရွှေ့ရန် စက်ရုပ်များကို ညွှန်ကြားလိုက်လေသည်။
လဲ့ချင်းမေ၏ ယခင်ထောက်ပံ့ရေးပစ္စည်းများတွင် တည်းဖြတ်စက် ထုတ်လုပ်ရေးလိုင်းများ ပါဝင်သော်လည်း ဆယ်ခုသာ ရှိပေသည်။
ကောင်းယွမ်သည် ကမ္ဘာ့ဈေးကွက်ထဲသို့ ချစ်ပ်ပြားများကို အလုံးအရင်းဖြင့် တင်သွင်းလိုသဖြင့် သူသည် တည်းဖြတ်စက်များ ပိုမိုလိုအပ်လာကာ လဲ့ချင်းမေထံတွင် နောက်ထပ် အော်ဒါမှာယူခဲ့လေသည်။
တည်းဖြတ်စက် ထုတ်လုပ်ရေးလိုင်းအပြင် တပ်ဆင်ပြီးသားဖြစ်သည့် 'လက်ပတ်ဖုန်း' ထုတ်လုပ်ရေးလိုင်း တစ်ခုလည်း ရှိနေလေသည်။
ဉာဏ်ရည်တု စက်ရုပ်ထုတ်လုပ်ရေးလိုင်းများနှင့် အာကာသခရီးသွား ဘတ်စ်ကား ထုတ်လုပ်ရေးလိုင်းများလည်း ဤနေရာတွင် ရှိနေပေသည်။
ထို့နောက် ခရီးသည်တင် လေယာဉ်ကြီးတစ်စင်းအရွယ်ခန့်ရှိသော အာကာသခရီးသွား ဘတ်စ်ကားကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများလည်း ရှိနေလေသည်။ ကောင်းယွမ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ဤပစ္စည်းကြီးများကို လောလောဆယ် အနာဂတ်ကမ္ဘာ၌သာ ထားခဲ့ရန် ဆုံးဖြတ်လိုက်လေ၏။ ၎င်းတို့ကို ယခုနေပြန်ယူသွားပါက အလွန်သိသာထင်ရှားနေမည်ဖြစ်ပြီး ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားခြင်းကပင် သင့်တော်မည်မဟုတ်ပေ။
သူသည် နိုင်ငံတကာ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းအသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်ပြီး အလုံး အရင်းဖြင့် ဈေးကွက်ချဲ့ထွင်ရေးစစ်ပွဲ ဆင်နွှဲရမည်ဖြစ်သောကြောင့် (၁၀၀) ရာခိုင်နှုန်း သန့်စင်သော ဆီလီကွန် ဝေဖာပြားများကို ပြန်လည်ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။