← Chapters

ဘက်စုံဆင့်ကဲပြောင်းလဲခြင်း (၃)

Vol. 67 Ch. 1088

ဘက်စုံဆင့်ကဲပြောင်းလဲခြင်း (၃)

Vol. 67 Ch. 1088

“ပြဿနာမရှိပါဘူး” လင်းရှန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်၊၊

“အဆင်ပြေပြေနဲ့ သန်မာလာဖို့ပဲ လိုတယ်။ ခန္ဓာကိုယ်အဆင်ပြေရင် ကျန်တာဘာမှအရေးမကြီးဘူး”

သူက ပြောရင်းနှင့် တာလို့ကို အကဲခတ်ကြည့်လိုက်ကာ “အနီရောင်က နည်းနည်းလွန်နေတယ်။ ဒါပေမဲ့ ဘာမှထိခိုက်တာမျိုးတော့ မရှိဘူးမဟုတ်လား”

တာလို့က ခေါင်းညိတ်ပြသည်။ ထိုအချိန်တွင် ကီကီက စပ်ဖြဲဖြဲလုပ်ကာ “မပြောနိုင်ဘူးလေ။ လူအုပ်ကြားထဲ ရပ်နေရင် ရှင်က ပိုပြီး သိသာနေမှာဆိုတော့… တစ်ခါတလေကျရင် မွန်းစတားလှိုင်းတွေက ရှင့်ကိုပဲ ပစ်မှတ်ထားပြီး ပိုတိုက်ခိုက်လာကြမလားမသိဘူး...”

ဖူး~

ထိုစကားကို ကြားသောအခါ ရှားရှားလည်း မအောင့်နိုင်ဘဲ အော်ရယ်မိတော့သည်။ သူမသည် တစ်ကိုယ်လုံး နီရဲနေသော တာလို့ကို မော့ကြည့်ရင်း ချက်ချင်းပင် ဗိုက်နှိပ်၍ ရယ်တော့သည်။

“အစ်ကို... သွား… ရေချိုးလိုက်။ တကယ်ကို နီလွန်းလို့။ ကန်စွန်းဥနီကြီးကျနေတာပဲ”

လူတိုင်းလည်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။

အခြားတစ်ဖက်တွင် လင်းရှန်သည် ချီလီအပါအဝင် ကျန်ရှိနေသော လူသုံးဦး၏ အေးခဲအခန်းငယ်များဆီသို့ လျှောက်သွားလိုက်သည်။ အဲဒီနေရာမှာ ရှီဇီက လုရှင်းချန်၏ အခန်းငယ်ကို စောင့်ကြပ်ရင်း သူမ၏စွမ်းရည်ဖြင့် ကူညီပေးရန် ကြိုးစားနေပြီး ရှောင်ချင်းနှင့် အားဖေးတို့ကတော့ နန်ကျင်း၏ အခန်းငယ်ကို စောင့်ကြည့်ပေးနေကြသည်။

“လင်း”

လင်းရှန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ရှီဇီက မော့ကြည့်လိုက်ရာ သူမ၏ မျက်နှာလေးတွင် ချွေးများ စိုရွှဲနေခဲ့၏။

“သူတို့ရဲ့ စွမ်းအင်အတတ်အကျတွေက တော်တော်လေးပြင်းထန်နေတယ်”

“ဒါက တကယ်ကို နှိပ်စက်တာပဲ” မိုနီကာက ပြောသည်။

“ဒီဖြစ်စဉ်အတွင်းမှာ အာရုံခံစားမှု အားလုံးက အဆမတန်မြှင့်တင်ခံလိုက်ရသလိုပဲ။ နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်။ နာကျင်မှုကိုပဲ အာရုံစိုက်လိုက်တာနဲ့ အဲဒီနာကျင်မှုက အဆတစ်ထောင်လောက်ပိုဆိုးသွားတတ်တယ်။ ကြောက်စိတ်ဝင်သွားရင်လည်း ချက်ချင်းပိုပြီး ကြီးထွားလာတတ်တယ်။ ဒါကို ကျော်ဖြတ်နိုင်ဖို့ သူတို့ရဲ့ စိတ်ဓာတ်ကိုပဲ ပြင်ဆင်ရမှာ။ ဒါပေမဲ့ ဒီလူတွေကတော့ အဆင်ပြေမှာပါ။ အမှောင်စွမ်းအင်ပေါင်းစည်းစနစ်နဲ့ ထူးဆန်းသောကုဗတုံးရှိနေတာမို့လို့ သူတို့ကိုယ်သူတို့နဲ့ပဲ တိုက်ခိုက်နေကြရတာ”

တာလို့နှင့် ရှုချင်းတို့နှစ်ဦးစလုံးက ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။

“ဒီလေးယောက်ထဲမှာ ဘယ်သူ အရင်ဆုံးထွက်လာမယ်လို့ ထင်လဲ”

ကီကီက ထိုမြင်ကွင်းကို ကြည့်ရင်း လက်ပိုက်ကာ မေးလိုက်မိသည်။

“ကျွန်မထင်တာတော့ နန်ကျင်းဖြစ်လိမ့်မယ်”

ရှုချင်းက လင်းရှန်၏ နောက်တွင် ရပ်ရင်း လှမ်းပြောသည်။

“အခုထိတော့ သူမက အတည်ငြိမ်ဆုံးပဲ။ ပြီးတော့ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတွေက ဒီလိုခန္ဓာကိုယ်အပြောင်းအလဲတွေကို ပိုပြီး လိုက်လျောညီထွေအဆင်ပြေနိုင်ပုံရတယ်”

ချန်ဆီရွှမ်ကလည်း ခေါင်းညိတ်လျက် “ငါလည်း အဲဒီလိုပဲ ထင်တယ်”

လင်းရှန်၏ အကြည့်က အခန်းငယ်လေးခုပေါ်သို့ ဝေ့ဝဲသွားခဲ့၏။ ချီလီ၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများစီးဆင်းနေပြီး တဖျပ်ဖျပ်တောက်ပနေကာ ဖရိန်ကျဆင်းနေသည့်အခြေအနေမျိုးဖြစ်နေသည်။ သူ၏ လျှပ်စီးအရှိန်နှုန်းက လျင်မြန်စွာ တုံ့ပြန်နေပုံရသည်။ ရူဂျီ၏ အခန်းငယ်အတွင်းမှာမူ မျက်စိဖြင့်မမြင်နိုင်သော အမှုန်အမွှားပေါင်းများစွာ လည်ပတ်ရိုက်ခတ်နေပြီး အတွင်းထဲမှာ မုန်တိုင်းတစ်ခုဖြစ်နေသကဲ့သို့ တဝုန်းဝုန်းနှင့် ဆူညံသံများထွက်ပေါ်နေခဲ့၏။ တစ်ချိန်တည်းမှာပင် လုရှင်းချန်ကတော့ သတိပြုမိစရာအကောင်းဆုံးဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးမှ လိမ္မော်နီရောင်အပူရှိန်များထွက်ပေါ်နေပြီး အခန်းငယ်မှာ မီးဖိုကြီးတစ်ခုကဲ့သို့ဖြစ်နေသဖြင့် ဗိုင်အိုလာက အပူရှိန်ကြောင့် တခြားလူများကို မထိခိုက်စေရန် သံမဏိတံတိုင်းဒရုန်းဒါဇင်ပေါင်းများစွာဖြင့် ဝန်းရံတားဆီးထားရသည်။

ထိုအချိန်တွင် ထိုလေးဦး၏ ခန္ဓာကိုယ်စောင့်ကြည့်ကိရိယာများမှ အချက်ပေးသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ သလင်းကျောက်မွေးမြူရေးကိရိယာများမှ အနီရောင်အလင်းတန်းများ တဖျပ်ဖျပ်လင်းလက်လာသဖြင့် လင်းရှန်သည် မျက်မှောင်ကုတ်ကြည့်လိုက်မိသည်။

သူတို့ လေးယောက်စလုံး တစ်ပြိုင်နက်တည်း နိုးထလာခဲ့ကြပြီဖြစ်သည်။

ရှူး~

လူတိုင်း စောင့်ကြည့်နေကြစဉ် လုရှင်းချန်မှလွဲ၍ ကျန်ရှိနေသော အခန်းငယ်သုံးခု၏ အဖုံးများသည် တစ်ပြိုင်နက်တည်းနီးပါးပွင့်ထွက်လာခဲ့၏။ ထိန်းချုပ်ရခက်လှသော အမှောင်စွမ်းအင်လှိုင်းများသည် ချုပ်တည်းမှုမှ လွတ်မြောက်သွားသကဲ့သို့ ရုန်းကန်ထွက်ပေါ်လာပြီး ခန်းမ၏ မီးလိုင်းစနစ်များကိုပါ ပုံမှန်မဟုတ်ဘဲ တဖျပ်ဖျပ်တုန်ခါသွားစေခဲ့သည်။

လွင့်ပြယ်နေသောမြူခိုးများမှာ ဘေးသို့ လွင့်စင်သွားကြရာ အနီးရှိ လူအနည်းငယ်သည် ချက်ချင်းနောက်ဆုတ်ကာ လင်းရှန်၏ ဘေးတွင် လာရပ်လိုက်ကြသည်။ လင်းရှန်သည် သူ၏စွမ်းအားဝတ်စုံရေဒါဖြင့် ခန်းမတစ်ခုလုံးကို လှည့်ပတ်အကဲခတ်လိုက်ရာ မျက်စိဖြင့် မမြင်နိုင်သော လေလှိုင်းတစ်ခု အပြင်ဘက်သို့ ရိုက်ခတ်သွားသည်ကို တွေ့လိုက်ရ၏။ အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော ရူဂျီသည် လေထဲတွင် ဖြည်းဖြည်းချင်းမျောလွင့်နေပြီး အသက်ကို ပြင်းပြင်းရှူသွင်းနေခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် စွမ်းအားဝတ်စုံကို ဝတ်ဆင်မထားသည့်အတွက် ငွေပြာရောင်မျက်လုံးတစ်စုံကို ထူးထူးခြားခြားတွေ့နေရ၏။

ယခုအချိန်တွင် ရူဂျီ၏ တစ်ကိုယ်လုံး၌ ဖျော့တော့သော လျှပ်စစ်သံလိုက်လှိုင်းအလင်းတန်းများ စီးဆင်းနေပြီး ကာကွယ်ရေးဒိုင်းကာတစ်ခုကို ခြုံလွှမ်းထားသကဲ့သို့ဖြစ်နေစေသည်။ တစ်ချိန်တည်းမှာပင် အခန်းငယ်အတွင်းရှိ ဖုန်မှုန့်များနှင့် သေးငယ်သော အစိတ်အပိုင်းများအားလုံးသည် ထိန်းချုပ်မှုကင်းမဲ့သွားသကဲ့သို့ လေထဲသို့ ပျံတက်လာကြရာ ၎င်းတို့သည် ရူဂျီ၏ စေခိုင်းမှုကို ခံနေရသည့် သက်ရှိများအလားပင်၊၊

“ဒီကောင်ရဲ့ စိတ်စွမ်းအင်က ကီကီရဲ့ စွမ်းအားနဲ့ သဘောသဘာဝချင်းမတူဘူးလို့ ငါ ပြောသားပဲ။ အခု အမှောင်စွမ်းအင်အတတ်အကျရှုထောင့်ကနေ ခံစားကြည့်လိုက်တော့ ပိုပြီးတော့တောင် သိသာသွားပြီ”

ထိုသို့ ပြောလိုက်သူမှာ အခန်းငယ်ထဲမှ ထထိုင်လိုက်သော ချီလီဖြစ်သည်။ ပန်းပွင့်ဒီဇိုင်း ရှပ်အင်္ကျီအပွ၊ ကမ်းခြေဝတ် ဘောင်းဘီတိုနှင့် ခြေဗလာဖြင့်ရှိနေသော သူ၏တစ်ကိုယ်လုံးမှ ရေနွေးငွေ့များ တထောင်းထောင်းထွက်နေပြီး ခေါင်းကို ပွတ်သပ်ရင်း လင်းရှန်ကို စောင်းကြည့်ကာ မေးလိုက်သည်။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ။ ဆယ်နာရီလောက် ရှိပြီလား”

“တစ်ဆယ့်သုံးနာရီနီးပါးရှိပြီ”

လင်းရှန်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်၊၊

“အမှောင်စွမ်းအင်အတတ်အကျရှုထောင့်ကနေ ခံစားရတယ်ဆိုတာ ဘာကိုပြောတာလဲ”

“လေထုထဲမှာရှိတဲ့ အမှောင်စွမ်းအင်တွေရဲ့ စီးဆင်းမှုကို ခံစားလို့ရတာကို ပြောတာပါ။ လေထုရဲ့ တည်ရှိမှုကို ကိုယ်တိုင်ထိတွေ့နေရသလိုမျိုးပေါ့”

ရှုချင်းက လင်းရှန်၏ ဘေးမှနေ၍ ဖြတ်ပြောလိုက်သည်။ သူမက အဝေးတွင် မျောလွင့်နေသော ရူဂျီကို ကြည့်ရင်း “သူ ထိန်းချုပ်နေတဲ့အရာက ကီကီရဲ့ စွမ်းအားနဲ့ မတူဘူး။ ကီကီရဲ့ စွမ်းအားက ပုံသဏ္ဌာန်မဲ့ထိန်းချုပ်တာဆိုရင် ရူဂျီရဲ့ စွမ်းအားကတော့ မျက်စိနဲ့မမြင်နိုင်တဲ့ အမှောင်စွမ်းအင်ကြိုးမျှင်တွေ ဒါမှမဟုတ် ရေဘဝဲလက်တံတွေလိုမျိုးထုတ်လွှတ်ပြီး ထိန်းချုပ်လို့ရတဲ့ အရာဝတ္ထုတွေကို လှမ်းဖမ်းဆွဲလိုက်သလိုပဲ”

“အတိအကျပဲ” မိုနီကာ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကီကီဘက်သို့ လှည့်ကြည့်လိုက်သည်၊၊

“ဒီလိုကြည့်ရင် နင့်ရဲ့စွမ်းအားက စိတ်စွမ်းအားလို့ သတ်မှတ်နိုင်ပြီး သူ့ရဲ့စွမ်းအားကတော့...”

“အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ မှော်ပညာတစ်မျိုးနဲ့ ပိုတူနေတယ်”

ထိုစကားကို ကြားသောအခါ ကီကီသည် မျက်မှောင်အနည်းငယ်ကုတ်ကာ လက်ပိုက်လျက် ဇဝေဇဝါဖြင့် ပြောလိုက်သည်၊၊

“ပြီးတော့ကော။ ကျွန်မကတော့ ထူးထူးခြားခြားကွဲပြားတာမျိုး မခံစားရပါဘူး”

“ကွဲပြားတာပေါ့”

ထိုအချိန်တွင် လေထဲ၌ မျောလွင့်နေသော ရူဂျီက အောက်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာခဲ့၏။ သူ၏အရှိန်အဝါများ တည်ငြိမ်စပြုလာပြီး သူထိန်းချုပ်ထားသော သေးငယ်သည့် အစိတ်အပိုင်းများအားလုံးသည် ကြမ်းပြင်ပေါ်သို့ တချောက်ချောက်မြည်ကာ ပြုတ်ကျသွားကြသည်။ သူသည် လင်းရှန်ထံသို့ လျှောက်လာခဲ့ပြီး မျက်လုံးများတွင် ကျေးဇူးတင်ရိပ်များပြည့်နှက်လျက် ကြည့်လိုက်သည်။

“လင်း... ကျေးဇူးတင်ပါတယ်။ ငါ အများကြီးတိုးတက်လာခဲ့ပြီ”

လင်းရှန် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ရူဂျီက ကီကီ၏ အရှေ့သို့ လျှောက်သွားသည်၊၊

“ငါက သက်မဲ့အရာဝတ္ထုတွေကို ထိန်းချုပ်တာ… အခြေခံအသုံးချမှုအချို့မှာတော့ မင်းရဲ့ စိတ်စွမ်းအားလိုမျိုး အရာဝတ္ထုတွေကို ဖမ်းဆွဲတာ၊ ရွှေ့ပြောင်းတာ၊ တုန်ခါလှိုင်းတွေ ထုတ်လွှတ်တာတွေကို လုပ်နိုင်ပေမဲ့ ငါ့အတွက်ကတော့ ပိုပြီး ရှုပ်ထွေးတယ်။ ငါက အဲဒီအရာတွေကို အရင်ဆုံးခံစားသိရှိရမယ်… ပြီးမှ စွမ်းအင်သွင်းရမယ်… အဲဒီနောက်မှ စွမ်းအင်သွင်းထားတဲ့ အရာတွေကို အမိန့်ပေးရတာ။ အဲဒီသက်မဲ့အရာတွေက ငါ့ရဲ့ စိတ်အလိုအတိုင်း ပြောင်းလဲသွားကြလိမ့်မယ်”

“ဒါပေမဲ့ ငါ့ရဲ့ စွမ်းအားကနေ ပိုပြီးကြီးမားတဲ့ အလားအလာတွေကို ထုတ်ယူနိုင်ဖို့ဆိုရင် မင်းရဲ့ အသုံးချမှုပုံစံအတိုင်း လိုက်လို့မရဘူး။ ဒီတစ်ကြိမ် သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကနေ ဒါကို ငါကောင်းကောင်းသဘောပေါက်သွားခဲ့တယ်”

“အိုး...” ကီကီက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်၊၊

“ရှင့်ရဲ့ စွမ်းရည်အပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်းနားလည်သွားပြီလား”

“ဟုတ်တယ်”

ရူဂျီ၏ မျက်လုံးများတွင် ခရမ်းရောင်လျှပ်စစ်အလင်းတန်းများ လက်ခနဲဖြစ်သွားသည်။ အချိန်တစ်ခဏအတွင်းမှာပင် သူ၏နောက်ဘက်၌ ပြုတ်ကျကျန်ရစ်ခဲ့သော သေးငယ်သည့် အစိတ်အပိုင်းအားလုံးနှင့် လေထုထဲရှိ ရေနွေးငွေ့ မြူခိုးများသည် တစ်စုတစ်စည်းတည်းဖြစ်သွားကြပြီး သူ၏ဘေးတွင် သူနှင့် အရွယ်အစားတူညီသော လူသားပုံသဏ္ဌာန် ရုပ်သေးရုပ်တစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစပ်ဖွဲ့စည်းသွားခဲ့၏။ အထူးခြားဆုံးအချက်မှာ ထိုရုပ်သေးရုပ်၏ လှုပ်ရှားမှုတိုင်းသည် ရူဂျီ၏ လှုပ်ရှားမှုနှင့် ထပ်တူကျနေခြင်း ဖြစ်သည်။ သူ လှည့်လိုက်လျှင် ရုပ်သေးရုပ်ကလည်း လိုက်လှည့်သည်။

“ငါ့ရဲ့ ထိန်းချုပ်စွမ်းအားက သက်ရှိတစ်ခုလိုပဲ။ ငါ့ရဲ့ အသိစိတ်အတွေးအခေါ်တွေ ပါဝင်နေတယ်။ အမှောင်စွမ်းအင်ကို ခံစားသိရှိပြီးတဲ့နောက်မှာ ဒီစွမ်းအားဟာ တစ်ခဏတာပေါက်ကွဲထွက်ရုံတင်မကဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်မပြတ်ထိန်းချုပ်ထားနိုင်တယ်ဆိုတာကို သိလိုက်ရတယ်။ ဆိုလိုတာက ငါ့ရဲ့ တိုက်ခိုက်ရေးပုံစံက တုန်ခါလှိုင်းတစ်ခုတည်းနဲ့တင် ကန့်သတ်မနေတော့ဘူး။ တိုက်ပွဲထဲမှာ ပိုပြီးများပြားတဲ့ အရာဝတ္ထုတွေကို ငါ့ရဲ့ လက်နက်တွေအဖြစ် အဆက်မပြတ်ချဲ့ထွင်ထိန်းချုပ်သွားလို့ရတယ်။ ဒါက ငါ့ကို ပိုပြီး လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်စေလိမ့်မယ်”

“ယို့... ဒါက စိတ်ထိန်းချုပ်တာ ဒါမှမဟုတ် အရာဝတ္ထုတွေကို စေခိုင်းနိုင်တဲ့ ဆင့်ခေါ်သတ္တဝါတွေအဖြစ် ပြောင်းလဲလိုက်တာနဲ့ တူနေတာပဲ”

ရွှေရောင်အလင်းတန်းတစ်ခုလက်ခနဲဖြစ်သွားပြီး ချီလီသည် လျှပ်စီးလက်သကဲ့သို့ ရူဂျီ၏ဘေးသို့ ချက်ချင်းရောက်ရှိလာခဲ့၏။ သူ၏ အရှိန်နှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် လူတိုင်း၏ စွမ်းအားဝတ်စုံရေဒါများကပင်ဖမ်းမိခြင်းမရှိဘဲ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်လိုက်ရာ လူတိုင်း၏ စွမ်းအားဝတ်စုံလျှပ်စစ်စနစ်များကိုပါ ဖရိုဖရဲတုန်ခါသွားစေသည်။

“ဟေး... သတိထားဦးလေ”

“ဘာဖြစ်တာလဲ”

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”

ချီလီက ခေါင်းကို ကုတ်ရင်း လက်ကာပြလိုက်သည်။

“ငါမထိန်းချုပ်နိုင်သေးလို့ပါ။ ကိုယ့်လူတွေကိုတောင် လျှပ်စစ်နဲ့ ပြန်ရိုက်မိမလို့ ဖြစ်သွားတယ်”

“ငါ ပြောချင်တာက ရူဂျီရဲ့ စွမ်းရည်တိုးတက်မှုပုံစံက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ ရုပ်ရှင်တွေ အများကြီးကြည့်ဖူးပါတယ်။ မင်းရဲ့ စွမ်းရည်ကနေ ကျောက်တုံးလူသားတွေ ဒါမှမဟုတ် သတ္တုငှက်တွေ၊ ပေါင်းစပ်ထားတဲ့ ဘီလူးကြီးတွေကို ဖန်တီးလို့ရနိုင်မလား။ သက်မဲ့အရာဝတ္ထုတွေ ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်သရွေ့ပေါ့။ အဲဒီလိုဖြစ်နိုင်တယ်မလား”

ထိုစကားကို ကြားသောအခါ ကီကီသည် ချက်ချင်းပင် ရယ်မောလိုက်တော့သည်။

“ဩော်... ကျွန်မ အခုမှ သဘောပေါက်တော့တယ်။ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲလို့”

ရူဂျီက ခေတ္တစဉ်းစားပြီးမှ ပြောသည်။

“အဲဒါက ငါ့ရဲ့ အတွေးနဲ့ တော်တော်လေးနီးစပ်ပါတယ်။ ဒီလိုပုံစံအတိုင်း တိုးတက်အောင်လုပ်နိုင်ရင် တိုက်ပွဲအတွင်းမှာ အင်အားပံ့ပိုးမှုတွေကို အတိုင်းအဆမရှိပေးနိုင်လိမ့်မယ်”

“မင်း ပြောတာ မမှားဘူး။ ဒီစွမ်းအားက မွန်းစတားလှိုင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တကယ်ကိုကြောက်စရာကောင်းလိမ့်မယ်” လင်းရှန်က လေးနက်သော အမူအရာဖြင့် ခွဲခြမ်းစိတ်ဖြာပြသည်။

“မင်းက တိုက်ပွဲမြေပြင်မှာတ စက်ရုပ်တွေထက် မနိမ့်ကျတဲ့ အကြီးစားလက်နက်တွေကို တိုက်ရိုက်ပုံဖော်နိုင်တယ်။ ပြီးတော့ အချိန်မရွေးလည်း ပြန်ပြုပြင်နိုင်လို့ ပျက်စီးသွားမှာကို စိုးရိမ်စရာမလိုဘူး။ မင်းရဲ့ အမှောင်စွမ်းအင်သာကုန်ခမ်းမသွားဘူးဆိုရင် မင်းထိန်းချုပ်ထားတဲ့ အရာဝတ္ထုသက်ရှိတွေဟာ လက်နက်တွေအဖြစ် အဆုံးမရှိထွက်ပေါ်နေမှာဖြစ်လို့ မသေနိုင်၊ မပျက်စီးနိုင်တဲ့အခြေအနေမျိုးဖြစ်လာလိမ့်မယ်”

လင်းရှန်က ထိုစွမ်းရည်၏ အလားအလာကို ဤမျှလောက်အထိ အလွန်ကြီးမားစွာကောက်ချက်ချလိုက်သည်ကို ကြားသောအခါ အနီးအနားရှိ လူတိုင်း၏ မျက်လုံးများပြူးကျယ်သွားကြပြီး အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြတော့သည်။

All Chapters