← Chapters

အခန်း (၁၀၀၁-၁၀၀၄)

Vol. 52 Ch. 1001-1004

အခန်း (၁၀၀၁-၁၀၀၄)

Vol. 52 Ch. 1001-1004

အခန်း ၁၀၀၁။ သံသယဖြစ်စရာ

ရှဲ့ချောင်သည် စာမျက်နှာနည်းနည်းလောက်ထပ်ပြီးကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။

“ မျက်လုံးတစ်ဖက်တာအိုဆရာဆိုတဲ့သူရောမရှိဘူးလား”

“မျက်လုံးတစ်ဖက်လား၊ မရှိပါဘူး”

ချင်းကျီက စဉ်းစားကြည့်လိုက်သော်လည်း ထိုသို့သောလူမျိုးကိုမတွေးမိပေ။

“ဆရာမ၊ တကယ်လို့ရှိခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ညီအစ်ကိုတွေက သူ့ကိုရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေမှာ၊ ဆရာမလည်းသိပါတယ် တာအိုဆရာအများစုက တော်‌တော်လေးကြည့်ကောင်းကြတယ်၊ အသက်ကြီးတာတောင် ကြည့်ကောင်းနေတဲ့သူတွေ၊ ရုပ်ဆိုးပြီးကြောက်စရာကောင်းတဲ့သူတွေက တာအိုဘုရားကျောင်းထဲမှာပဲနေကြတာ၊ လူတွေအတွက် ရိုးရာပေးဖို့ဆိုပြီး ထွက်လာကြမှာမဟုတ်ဘူး”

လောကကြီးတွင်ရှိသည့်သူတိုင်း လှပမှုနှင့် အကျည်းတန်မှုကို မည်သို့ခွဲခြားရမည်မှန်းသိ၏။

ကြည့်ကောင်းသည့် တာအိုဆရာများမှာ ကြင်နာတတ်ပုံပေါ်သည်။ သူတို့အား ရိုးရာပေးဖို့တောင်းဆိုသည့်အခါ လူများက စိတ်အေးမှုကိုခံစားရစေ၏။

ကြမ်းကြုတ်သည့်မျက်နှာအင်္ဂါရပ်ရှိသူများကမူ သူတို့ကိုရှောင်ရှားချင်စိတ်ဖြစ်စေမှာ အသေချာပင်။

ဥပမာ ရှဲ့မိသားစုမှအကြီးဆုံးသား။ သူသာ ဘုန်းတော်ကြီးတစ်ပါး သို့မဟုတ် တာအိုဆရာတစ်ယောက်ဖြစ်လာလျှင်.. လောကတွင်နံပါတ်တစ် နတ်ဆိုးကျင့်ကြံသူဖြစ်လာလောက်သည်။ လူတစ်ယောက်၏ ခြေသုံးလှမ်းအတွင်းရှိနေပါက ထိုလူမှာ အကြောက်လွန်ပြီးခြေထောက်များပင် ပျော့ခွေသွားလောက်သည်။ ဘယ်သူကများ သူ့ကို ကံကြမ္မာဖတ်ပေးဖို့ ရိုးရာပေးဖို့ တောင်းဆိုရဲတော့မည်နည်း။

“မဟုတ်သေးဘူး.. “ ရှဲ့ချောင်သည် ခဏတာနှုတ်ဆိတ်နေခဲ့၏။

“ဒါပေမဲ့… “ ချင်းကျီမှာ ချီတုံချတုံဖြစ်နေသည်။

“တစ်ခုတော့ရှိတယ် ဆရာ့ကိုပြောပြသင့်လားတော့မသိဘူး”

“ပြောလို့ရပါတယ်”

ရှဲ့ချောင်က ချက်ချင်းခေါင်းညိတ်လိုက်၏။

“တကယ်‌တော့၊ တာအိုဆရာလျိုနင်မှာ… ထူးဆန်းတာတစ်ခုတော့ရှိတယ်”

ချင်းကျီသည် ခေါင်းကုတ်ရင်း

“ဆရာမ ကျွန်တော်သေချာတော့မသိဘူး၊ ကျွန်တော် တစ်ခါတုန်းက ဝင်ပူးခံရဖူးတယ်၊ သတိလစ်သွားပြီးတော့ ဘာမှမသိတော့ဘူး၊ အမတအရှင်ရှဲ့က ရိုးရာပေးခဲ့တာ၊ အဲဒီနောက်ပိုင်း ကျွန်တော်ရဲ့အလိုလိုသိစိတ်က ပိုပြီးစူးရှလာတော့တာပဲ”

“လျိုမင်က ခြံဝန်းနှစ်ခုပါတဲ့ အိမ်တစ်လုံးမှာနေနေ

တာ၊ အဲဒီအိမ်ထဲမှာ..ဘယ်လိုပြောရမလဲ၊ ဖုန်းရွှေက တခြားနေရာတွေနဲ့မတူဘူး၊ တံစက်မြိတ်အောက်မှာ ထူးဆန်းတဲ့ဟာတချို့ရှိနေတယ်၊ ပတ်ဝန်းကျင်ကိုပဲကြည့်တုန်းကတော့ လျိုမင်က တော်တော်လေးစွမ်းတဲ့သူလို့ထင်သွားတာ"

“သူ့ကိုသွားရှာပြီး စကားနည်းနည်းပါးပြောကြည့်တုန်းကအထိ သာမန်တာအိုဆရာတစ်ယောက်လိုပဲ ခံစားရသေးတာ၊ ဘာမှထူးခြားနေတာမျိုးမရှိဘူး၊ ဒါပေမဲ့… အဲဒီအိမ်ထဲမှာရှိနေတုန်း လူကထိုင်းမှိုင်းလာပြီး မသက်မသာဖြစ်သလို နည်းနည်းခံစားရတယ်”

ချင်းကျီက ထပ်ပြောလိုက်၏။

“မသက်မသာဖြစ်တာလား”

ရှဲ့ချောင်၏ မျက်ခုံးတို့ ပိုပြီးတွန့်ချိုးသွားသည်။

“ဟုတ်တယ်၊ အဲမှာရှိတုန်းက ရင်ထဲတထိတ်ထိတ်နဲ့ နောက်ကျောဘက်ကလည်း အေးလာသလိုပဲ၊ ဟိုးအရင်တစ်ခါ အိမ်ရှေ့စံမင်းသားနောက်ကနေလိုက်ပြီး

မကောင်းဆိုးဝါးတောအုပ်ဆီသွားခဲ့တုန်းက ရတဲ့ခံစားချက်မျိုးကြီး၊ ဒါပေမဲ့ ဒီတစ်ခေါက်က အရမ်းကြီးမပြင်းတော့ ကိုယ့်ကိုယ်ကိုယ်ထိခိုက်တဲ့အထိတော့ အသိစိတ်မပျောက်သွားဘူး၊ အဲဒါကြောင့်မလို့ ကျွန်တော်ခန္ဓာကိုယ်အခြေနေက မကောင်းတာရယ် အအေးကြောက်လို့ ဖြစ်တာနေမှာပါလို့ပဲတွေးခဲ့တာ၊ သေချာစဉ်းစားကြည့်ရင် အဲဒီအိမ်တော်ထဲမှာ တော်တော်လေးလေတိုက်တယ်”

ချင်းကျီက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်၏။

သူ့တွင် သံသယအနည်းငယ်သာရှိသည်။

သူကလွဲပြီး တခြားညီအစ်ကိုများက လျိုမင်နှင့်ပတ်သက်ပြီး မူမမှန်တာမရှိဟု ထင်ကြ၍လည်းပါသည်။

“သူတို့အကုန်အဆင်ပြေတယ်၊ ကျွန်တော်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ၊ ဆရာမကို ရယ်စရာဖြစ်စေမိပြီ၊ ကျွန်တော့် ခန္ဓာကိုယ်က

အားနည်းတယ်လေ”

ချင်းကျီသည် တွေးကြည့်လေလေ သူ့ကိုယ်သူအားနည်းသူဟု ပိုခံစားလာရလေပင်။

ရှဲ့ချောင်သည် ထိုစကားများအား အတည်မှတ်ယူ၍

“ဒီတော့ ရှင်က အရင်တုန်းက အငြှိုးကြီးဝိဉာဉ်ဆီကနေအလိုက်ခံထားရဖူးတော့ မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ပတ်သက်ပြီး ရှင်ရဲ့ခံစားချင်က တခြားသူတွေထက် ပိုအားကောင်းတယ်၊ လူတိုင်းအေးတယ်လို့ ခံစားရရင်တောင် ရာသီဥတုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရှင်တစ်ယောက်တည်းဖြစ်နေတာဆိုရင်တော့… အိမ်ကတစ်ခုခုဖြစ်နေလို့ပဲနေမှာ”

ရှဲ့ချောင်သည် စာရွက်ကိုချက်ချင်းပြန်လှန်ကာ လိပ်စာကြည့်ကြည့်လိုက်၏။

“ရှင့်ခန္ဓာကိုယ်က ကောင်းတာမဟုတ်ဘူး၊ ဒီတော့ ဘယ်မှထပ်မသွားနဲ့တော့၊ ပြဿနာတစ်ခုခုရှိလာခဲ့ရင် ရှင့်ကိုမကယ်နိုင်မှာကြောက်တယ်၊ တခြားသူတွေလိုက်လို့ရတယ်”

ချင်းကျီနှလုံးသားထဲ ခံပြင်းသွားရသည်။

အားလုံးက သူ မဆင်မခြင်လုပ်ခဲ့မိသည့်အမှားကြောင့်ပင်…

မြစ်နားမှာ ကစားနေစဉ် အရိုးတစ်ခုအား ရတနာအဖြစ်ယူလာခဲ့မိ၏…

ထိုကိစ္စကြောင့်သာမဟုတ်လျှင် အခုချိန်မှာ သူကြောက်လန့်နေမည်မဟုတ်!

ချင်းကျီသည် နာခံစွာဖြင့် ခေါင်းညိတ်ကာ သူ့ညီအစ်ကိုများအား လက်ပြလိုက်၏။ မျက်လုံးတွင်လည်း တမ်းတမှုတို့ဖြင့် ပြည့်နေလျက်။

ရှဲ့ချောင်သည် လတ်တလောတွင်မှ ပြင်ဆင်ထားသော ပစ္စည်းများစွာကိုယူလာခဲ့သည်။

အစောင့်များသည် သက်ရှိလူသားများနှင့်ညှိုနှိုင်း‌လေ့ရှိသည့်အတွက် သူတို့ကိုခေါ်လာသင့်သည်။ ထို့အပြင်သူမသည် ဤတစ်လော၌ စိတ်စွမ်းအင်

ကျနေသဖြင့် သူမနားမှာ အမျိုးသားများစွာရှိပါက ယန်စွမ်းအင်လုံလောက်မည်ဖြစ်သလို သူမ၏စိတ်စွမ်းအင်အတွက်လည်း အကျိုးဖြစ်စေလိမ့်မည်။

အိမ်ရှေ့စံမင်းသားသည် ကောင်းမွန်သောဘဝမှာနေထိုင်နေရ၏။

ယခုလို မျက်စိပသာဒရှိလှသည့် အစ်ကိုလေးတစ်စုဆီကနေ တစ်နေကုန်ဝန်းရံခြင်းခံရသည်။

တကယ်ကိုကောင်းလှပေသည်….

•••••

အခန်း ၁၀၀၂။ ယုတ်ညံ့သည့်လမ်းစဉ်

ရှဲ့ချောင်သည် ပစ္စည်းများအား မြင်းလှည်းပေါ်တင်လိုက်၏။ အစောင့်ဆယ်ဦးသည်လည်း မြင်းကိုယ်စီစီးကာ လမ်း၏ဘယ်ညာတစ်ဖက်တစ်ချက်စီအား အံ့ဩဖွယ်ကောင်းစွာဖွင့်ထားလေသည်။

စောစောက မှတ်ခဲ့သည့် လိပ်စာအတိုင်းလိုက်ရှာခဲ့ကြ၏။

၎င်းသည် သာမန်အိမ်တစ်လုံးသာဖြစ်၏။ အနီးနား၌ အရာရှိအိမ်တော်တစ်အိမ်မှမရှိသလို အားလုံးက သာမန်အရပ်သားများ၏ အိမ်များသာဖြစ်သည်။ ခြံဝန်းနှစ်ခုပါသည့်အိမ်၌နေသူ၏ ဝင်ငွေမှာ အင်မတန်ကောင်းသည်ဟု သတ်မှတ်လို့ရပေ၏။

ထို့အပြင် မြို့တော်‌တွင်ရှိသည့်အိမ်ဖြစ်နေ၍ ဈေးချိုလိမ့်မည်မဟုတ်။ ကျောထောက်နောက်ခံမရှိသည့် အဆင့်နိမ့်အရာရှိများဆိုလျှင် တတ်နိုင်မည်တောင်

မဟုတ်ပေ။

အစောင့်တစ်ဦးက တံခါးခေါက်လိုက်၏။

တစ်ခဏအကြာတွင် ငယ်ရွယ်သည့်တာအိုဆရာလေး တစ်ယောက် တံခါးလာ ဖွင့်လေသည်။

ထိုငယ်ရွယ်သည့်တာအိုဆရာလေး၏ မျက်မှာမှာအင်မတန်ဖြူဖျော့နေကာ အမူအရာက ကြောက်လန့်နေပုံရသည်။

“ဘယ်.. ဘယ်သူ့ကိုလာရှာတာလဲ?”

သူက အလွန်အရပ်ပု၏။ ဆရာမမော့အန္တရာယ်ရှိမည်စိုးတာကြောင့် အစောင့်များသည် သူမရှေ့တွင်ရပ်နေကြသည်။ ရှဲ့ချောင်သည် ထိုတာအိုဆရာငယ်လေးအား ရှင်းရှင်းလင်းလင်းတောင် မမြင်ရပေ။

“မင်းရဲ့ဆရာ တာအိုဆရာလျိုမင် အိမ်မှာရှိလား”

အစောင့်က မေးလိုက်သည်။

သူက ရက်စက်ကာ ခြောက်လှန့်နေပုံပေါက်၏။

တာအိုဆရာငယ်သည် လည်ပင်အားဝှက်လျက် ဂရုတစိုက်ခေါင်းညိတ်သည်။

“ရှိ- ရှိပါတယ် အထဲဝင်လာကြပါ…”

သူက ပြောရင်းနှင့် လမ်းဖယ်ပေးသည်။

အစောင့်များသည် ရှဲ့ချောင်အား ဦးဆောင်ခေါ်သွားကြ၏။

ဝင်လာကြပြီးနောက် ရှဲ့ချောင်ပတ်ကြည့်ကြည့်ရာ ခြံဝန်းထဲရှိဖုန်းရွှေ ပြောင်းလဲနေသည်မှာမှန်နေကြောင်းတွေ့လိုက်ရသည်။ လူအများစုသည် သူတို့၏ အိမ်ဘေးကင်းစေရန်၊ ဥတုလေးပါး ကြွယ်ဝချမ်းစေရန်အတွက်၊ သားသမီးမြေးမြစ်များ ကြွယ်ဝချမ်းသာစေရန်အတွက် ဖုန်းရွှေကိုပြောင်းလဲလေ့ရှိကြသည်။

သို့သော် ဤအိမ်ရှိ ဖုန်းရွှေမှာ မတူပေ။

ဖုန်းရွှေက မကောင်းသည်ဟုလည်းဆိုလို့မရပြန်။ အချိန်ကြာသည်အထိ အန္တရာယ်မရှိခဲ့ချေ။

ဤနေရာ၌ ဓမ္မတူရိယာအနည်းငယ်ရှိနေလေသည်။ ၎င်းတို့အား နေရာပေါင်းများစွာတွင် ထားထား၏။ တာအိုဆရာကြီးသည် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းလားဆိုတာကို‌မူ မသိနိုင်ပေ။

ဓမ္မတူရိယာများ ပရိဘောဂများဖြင့် ဖန်တီးထားသည့် ဖုန်းရွှေသည် ချမ်းသာကြွယ်ဝခြင်းဖြစ်စေရန်အတွက် ဝိဉာဉ်များကိုစုဆောင်းနိုင်စွမ်းရှိသည်။

ထိုကဲ့သို့ ချမ်းသာကြွယ်ဝစေရန်ဝိဉာဉ်များကို စုဆောင်းခြင်းသည် သာမန်ကံကြမ္မာများနှင့်မတူညီပေ။

ရှင်းရှင်းလင်းလင်းပြောရမည်ဆိုလျှင်၎င်းက

သေဆုံးသူများ၏ ဝိဉာဉ်များကို ဆွဲဆောင်ရန်ဖြစ်သည်။ သေဆုံးဝိဉာဉ်များ၏ လွှမ်းမိုးမှုဖြင့် သူသည်ငွေရှာနိုင်လိမ့်မည်။ ထိုသို့သော ကံကြမ္မာမျိုးသည် သေဆုံးဝိဉာဉ်များ၏ ကံကောင်းမှုကိုသုံးပစ်ခြင်းဖြစ်နိုင်သလို ဝိဉာဉ်များက အခြားသူများ၏ ကံကြမ္မာကိုခိုးယူခြင်းလည်းဖြစ်နိုင်သည်။ ဤဘဝတွင် ပိုင်ဆိုင်လို့မသင့်သည့်အရာများရှိ၏…

ဥပမာ မကောင်းဆိုးဝါးဝိဉာဉ်များက လူသားများ၏ ယန်စွမ်းအင်ကိုစုပ်ယူနေသကဲ့သို့ ဤအိမ်ရှိ သေဆုံးဝိဉာဉ်များသည် မကောင်းဆိုးဝါးဝိဉာဉ်များဖြစကြသည်။ သူတို့နောက်ကွယ်မှာ တာအိုဆရာသည်.. ဟေးတောင်တန်းမှ မိစ္တာအိုကြီးဟု ယူဆလို့ရသည်

၎င်းက မိစ္ဆာလမ်းကြောင်းပင်။

သို့သော် ဤမိစ္ဆာလမ်းကြောင်း၏ လွှမ်းမိုးမှုသည် အထူးတလည်ကြီးမားနေခြင်းမဟုတ်၍ လူအသက်ကိုထိခိုက်စေခြင်းမရှိပေ။ ထို့ကြောင့် လောကကြီး

တွင်ရှိသည့် သိက္ခာရှိတာအိုဆရာများသည် သိပ်ပြီးဂရုစိုက်လေ့မရှိကြချေ။

ဤနည်းလမ်းကိုအသုံးပြု၍ ငွေရှာကြသည့် တာအိုဆရာများစွာရှိပြီး ၎င်းကို သူတို့မထိန်းချုပ်နိုင်ပေ။

ဖုန်းရွှေသည် အပြင်လူများအတွက် အန္တရာယ်မရှိ။

သို့သော် မကောင်းဆိုးဝါးဝိဉာဉ်များစုစည်းလာလျှင်တော့ ဤနေရာရှိအမှောင်စွမ်းအင်သည် ပို၍သိပ်သည်းလာလိမ့်မည်။ ယခုအချိန်မှာ ကံကောင်းနေလျှင်တောင် နောင်တစ်ချိန်တွင် ကံဆိုးပေလိမ့်မည်။

သို့ဖြစ်ရာ ဤနည်းလမ်းအား အသုံးပြုကြသော တာအိုဆရာများမှာ ဆင်းရဲသူ များဖြစ်ပြီး ငွေကြေးမ‌ချောင်လည်ကြခြင်းကြောင့် ဤနည်းလမ်းအား အရေးကြီးပြဿနာများကိုဖြေရှင်းရန်အတွက်သာ သုံးတတ်ကြသည်။

ခြံဝန်းထဲဝင်လာပြီးနောက် တာအိုဆရာလျိုမင်ပေါ်လာသည်။

ရှဲ့ချောင် ကြည့်လိုက်၏။

အစောင့်များပြောခဲ့သလိုပင် ဤတာအိုဆရာသည် ကြည့်ရဆိုးသူမဟုတ်။ တကယ်တမ်း၌ သူ၏ မျက်နှာအစိတ်အပိုင်းများသည် ကြည့်ကောင်းသည်ဟုပင်ယူဆ၍ရသည်။

သို့သော် ရှဲ့ချောင်မြင်ပုံက မတူပေ။

ဤလူ၏ အရိုးဖွဲ့စည်းပုံသည်လည်း ကောင်း၏။ သူတော်စင်နှင့်တူသည့်လူတစ်ယောက်ဟုတောင် သတ်မှတ်လို့ရသည်။ သို့သော် သူက ပိန်လွန်းသည်။ လူတစ်ယောက်က ပိန်ပါးနေလျှင် မျက်နှာပေါ်၌ အစက်ပြောက်ဘယ်လောက်များများ ကောင်းလိမ့်မည်မဟုတ်။ သူ၏ လတ်သော အသားရေတွင် အမည်းစက်များရှိနေသည်။ သူသည် ဉာဏ်ရည်ရှိ

သလို လောဘကြီးသူဖြစ်ည်။။

သူ့အသားရေက လတ်ပြီးအဝါရောင်ဖြစ်သည်။ အင်မတန် မသိနားမလည်သည့် သူပင်။

••••

အခန်း ၁၀၀၃။ သူဘာဖြစ်နေတာလဲ

တာအိုဆရာလျိုမင်သည်လည်း ရှဲ့ချောင်အား အကဲခတ်လိုက်သော်လည်း သူ့မျက်လုံးများက အာရုံစိုက်နေခြင်းမရှိပေ။ အလွန်မကြည့်ရဲသည့်အတွက် လက်နှစ်ဖက်ကိုထပ်ကာ

“လူကြီးမင်းတို့ ကျုပ်ဘာအမှားမှမလုပ်ထားဘူး…”

“ဒီတလော မသင်္ကာစရာကောင်းတဲ့သူတွေဖြတ်သွားတာတွေ့မိသေးလား”

အစောင့်က မေးလိုက်သည်။

လျိုမင်သည် ခေါင်းကိုအလျင်အမြန်ခါရမ်း၍

“မတွေ့မိပါဘူး”

“ဒါဆို ပေါင်ယိကိုရောသိလား”

ရှဲ့ချောင်သည် အနှီလူနှင့်စကားပြောရန်အတွက် ခေါင်းစဉ်တစ်ခုရှာခဲ့ကာ ထိုတော့မှသာ သူမပိုပြီးဂရုတစိုက်ကြည့်နိုင်မည်ဖြစ်၏။

လျိုမင်ကြားသည့်အခါ အမြန်ခေါင်းညိတ်၍

“သူ့ကိုသိတယ်၊ သူက မြို့ပြင်မှာနေတဲ့လူရမ်းကားလေ၊တစ်ခါက ကျုပ်မြို့ပြင်ထွက်တဲ့အချိန် သူနဲ့ဆုံခဲ့တယ်၊ စကားနည်းနည်းလောက်ပြောကြည့်ပြီးနောက်ပိုင်း မိတ်ဆွေဖြစ်လာခဲ့တာ၊ ဆရာမ တစ်ခုခုဖြစ်လို့လား”

“အာ.. သူကို့ဟိုးအရင်ကပြောဖူးတယ် သူရဲ့နားထင်မည်းသွားတဲ့အချိန်ကျ ကံဆိုးလိမ့်မယ်ဆိုပြီး၊ သူက နားမထောင်ခဲ့ဘူးလေ..”

လျိုမင်က သက်ပြင်းချ၏။ ထိုသို့ပြောပြီးနောက် သူရှက်သွားပုံရသည်။

ရှဲ့ချောင် မျက်မှောက်ကြုတ်သွား၏။

“ဒီမှာနေတဲ့သူက ရှင်တို့နှစ်ယောက်တည်းလား”

ရှဲ့ချောင်ထပ်မေးပြန်သည်။

“ဟုတ်တယ် ကျုပ်တို့နှစ်ယောက်တည်း၊ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကံကောင်းသွားတယ်လေ၊ ငွေလေးနည်းနည်းရှာနိုင်လိုက်တာနဲ့ ဒီနေရာကိုဝယ်ဖြစ်ခဲ့တာ၊နောက်‌ဆုံးတော့ အိမ်ငှားစရာမလိုတော့ဘူး”

သူအင်မတန်ပျော်နေလေသည်။

သို့သော် အစောင့်နှင့်အကြည့်ချင်းဆုံသွားသည့်အခါ အနည်းငယ် သတိလက်လွတ်ဖြစ်သွားပြီး ခပ်မြန်မြန် အကြည့်လွှဲလိုက်၏

ဤလူနှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေမှန်း ရှဲ့ချောင်ခံစားနေရသော်လည်း မည်သည့်အရာကလွဲနေသလဲ ရှဲ့ချောင်မပြောနိုင်ပေ။

“ဝိဉာဉ်စုစည်း ကြွယ်ဝခြင်း အစီအရင်ကိုလုပ်ခဲ့သေးလား”

ရှဲ့ချောင်သည် မျက်ခုံးပင့်လျက် အနှီလူ၏ အမူအရာတိုင်းကို သေချာစောင့်ကြည့်နေခဲ့သည်။

“အစီအရင်လား, ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အစီအရင်လုပ်ထားတာ၊ ချမ်းသာကြွယ်ဝဖို့အတွက်လေ၊ ထပ်ပြီးမဆင်းရဲချင်တော့လို့…” လျိုမင်က ကသိကအောက်ဖြစ်စွာနှင့် ပြုံးလိုက်သည့်။

သူ့ပုံစံသည် ပညာရှင်တစ်ယောက်နှင့် လုံးဝမတူပေ။

အစောင့်များသည် သူကတာအိုဆရာတစ်ယောက်ဖြစ်သော်လည်း ကွာခြားချက်က ကြီးမားလွန်းသည်ဟု ထင်မိကြ၏။

ဆရာမော့သည် အစွမ်းထက်ပုံပေါ် သော်လည်း ပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့လာသည့်အခါ ပျာယာခတ်သွားခြင်း၊ ကြောက်လန့်သွားခြင်းမဖြစ်တတ်ပေ။ ထို့အပြင် သူမသည် အမြဲတမ်းလိုလို တည်ငြိမ်သည့်သွင်ပြင်မျိုးရှိ၍ မသေမျိုးတစ်ပါးအလား အေးဆေးပြီး ထိန်းချုပ်တတ်သူဖြစ်သည်။

ဤအနီးတစ်ဝိုက်၌ လောဘကြီးမှုကြောင့်သေသွားသော ဝိဉာဉ်တချို့ရှိသင့်သော်လည်း တစ်ကောင်မှရှိမနေပေ။

ရှဲ့ချောင် ပတ်ကြည့်လိုက်၏။

ရှဲ့ချောင် မေးခွန်းအနည်းငယ်ထပ်မေးကြည့်သေးသည်။

သူ ဘယ်အချိန်မှာအပြင်သွားလေ့ရှိပြီး ဘယ်သူနှင့်တွေသည်ဆိုတာကလွဲ၍ ဘာမှမရှိ။

သူ့စကားနားထောင်ကြည့်ပြီးနောက် မူမမှန်သည့်အရာမျိုး သူမ မရှာတွေ့ခဲ့ချေ။

ဤနေရာတွင် တစ်သက်လုံးနေ၍မဖြစ်သဖြင့် သူမ၏လူများကို ဦးဆောင်ပြီးထွက်သွားခဲ့လေ

သည်။

“ဂရုစိုက်ပြန်ကြပါ အရာရှိတို့”

တာအိုဆရယ်ငယ်လေးက တံခါးမပိတ်ခင် ရှဲ့ချောင်နှင့်အခြားသူများအား ရိုသေစွာဂါရဝပြုလိုက်၏။

သို့သော် ရှဲ့ချောင် ရပ်တန့်သွား၏။

တစ်ခုခုလွဲနေတယ်

ဘာလွဲနေသလဲ သူမ သတိရသွားလေပြီ

ဤနေရာက … အလွန်သန့်ရှင်းနေ၏။

“ဆရာမ ဘာဖြစ်လို့လဲ”

ကိုယ်ရံတော်က သူမ၏လေးနက်နေသောမျက်နှာအမူအရာကိုမြင်ပြီး အလျင်စလိုမေးလေသည်။

“အဲဒီအိမ်မှာ ဝိဉာဉ်စုစည်း ကြွယ်ဝခြင်း အစီအရင်ရှိနေတယ်၊ လက်တွေ့ကျကျပြောရရင် အဲဒီအစီအရင်မျိုးနဲ့ဆို အနားဝန်းကျင်မှာ လောဘကြောင့် သေသွားတဲ့ ဝိဉာဉ်တွေရှိနေရမှာ၊ ဒါပေမဲ့.. ဒီမှာဘာမှမရှိဘူး”

ရှဲ့ချောင် ပတ်ကြည့်လိုက်သည်။

“ဒီနေရာကိုလာတုန်းက လမ်းကြိုးလမ်ကြားနဲ့ လမ်းသွယ်တွေကနေဖြတ်လာတာ၊ ကွေ့ပတ်ပြီးလာတာဆိုတော့ လူတော်တော်များများနဲ့လည်းတွေ့ခဲ့တယ်

“အစတုန်းက လမ်းရဲ့တစ်ဖက်ခြမ်းမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေရှိနေသေးတယ် ၊ ဒါပေမဲ့ ဒီလမ်းကြားနဲ့ လမ်းသွယ်ဆယ်ဆီဝင်လာပြီးနောက်ပိုင်း ဘာမကောင်းဆိုးဝါးဝိဉာဥ်မှ မရှိတော့သလိုပဲ”

“ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာက လူနေအိမ်တော်တော်များများရှိနေတာလေ၊ ဒီတော့ လူနေအိမ်ရှိတဲ့နေရာ

မှာ ဝိဉာဉ်က အနည်းနဲ့အများတော့ရှိသင့်တယ်…

“တာအိုဆရာလျိုမင်နဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတာသေချာတယ်!”

“ဒါပေမဲ့….”

ရှဲ့ချောင်သူမခေါင်းကို ခေါက်လိုက်၏။ ခေါင်းကိုက်ဝေဒနာအနည်းကျဉ်းခံစားမိသဖြင့် ထွက်မသွားရန်ဆုံးဖြတ်လိုက်သည်။ သူမက တံခါးဝရှိ မြင်းလှည်းထဲတွင်ထိုင်ပြီး သေချာစဉ်းစားကြည့်နေ၏။

နှစ်နာရီခန့်ကြာပြီးနောက် တံခါးကနောက်တစ်ကြိမ်ပွင့်လာသည်။ တာအိုဆရာငယ်လေးက အပြင်ထွက်လာပြီး တရိုတသေဂါရဝပြု၏။ ထို့နောက် တစ်ခုခုဝယ်ရန်အတွက် အပြင်ထွက်သွားသည်။

“ဆရာမက တပည့်တစ်ယောက်လက်ခံမယ်လို့ထင်လား၊ ဆရာမမော့က အရမ်းအစွမ်းထက်တော့ ငါ့သားလေးကို သူ့ဆီမှာ‌သင်ယူစေချင်လို့”

“ဆုတောင်းလေ၊ ဆရာမမော့က ပညာရှင်တစ်ယောက်လိုဟုတ်သလို ဆရာကြီးလီရဲ့တပည့်ဆိုလည်းဟုတ်တာ်၊ သူ့ဟာသူဘယ်လိုတပည့်မျိုးဖြစ်နေနေ လွယ်လွယ်နဲ့လက်ခံမှာမဟုတ်ဘူး၊ မင်းရဲ့သား.. မင်းသူ့ကိုတာအိုဆရာလေးတစ်ယောက်ဖြစ်စေချင်တယ်လို့တော့ မပြောနဲ့”

“တာအိုဆရာလေးတစ်ယောက်ဖြစ်တာ ဘာဖြစ်လို့လဲ၊ များများကျင့်ကြံပြီး အသက်ရှည်ရှည်နေရမှာ ကောင်းတာပဲလေ!”

•••••

အခန်း ၁၀၀၄။ တာအိုဆရာလေး

မြင်းလှည်းအပြင်ရှိ အစောင့်နှစ်ဦးသည် တတွတ်တွတ်ပြောနေကြရာ ရှဲ့ချောင်ကြားနေရသည်။

တာအိုဆရာလေး…

တာအိုဆရာလေး?

ရှဲ့ချောင်သည် လျှပ်စီးတစ်ခုသူမဦးနှောက်ကနေဖြတ်စီးသလို ခံစားလိုက်ရကာ မည်သည်ကလွဲမှားနေသည်လဲ ရုတ်ချည်း သဘောပေါက်သွားတော့သည်!

“မြန်မြန် လျိုမင်ကိုအရင်ဖမ်း ပြီးရင် တာအိုဆရာလေးနောက်ကနေလိုက်!”

ရှဲ့ချောင် ချက်ချင်းပြောလိုက်၏။

“ဟုတ်ကဲ့!” အစောင့်များသည် အပိုမေးခွန်းများထပ်မေးနေခြင်းမရှိ။ ခြံဝန်းထဲသို့ ပြေးသွားကြကာ လျိုမင်ကို ခေါ်လာခဲ့၏။

တစ်ခဏအတွင်း လျိုမင်သည် တရွတ်တိုက်ဆွဲခေါ်ခြင်းခံလိုက်ရသည်။

သူက ရုန်းကန်နေဆဲဖြစ်ကာ

“ဘာလို့ကျုပ်ကိုဖမ်းရတာလဲ၊ ကျုပ် ဘာပြစ်မှုမှ မကျူးလွန်ထားဘူး”

ကိုယ်ရံတော်များသည် စကားတစ်ခွန်းမှမဆိုကြပေ။

ဆရာမမော့အလိုရှိသမျှ ဆောင်ရွက်ပေးရန်အတွက် အိမ်ရှေ့စံမင်းသားက သူတို့ကို အမိန့်ပေးခဲ့သည်။သူမကို မနာခံ၍မရချေ။ ထို့ကြောင့် အကြောင်းရင်းကိုနားမလည်လျှင်တောင် သူမ၏အမိန့်ကိုအရင်ဆုံးနာခံရလိမ့်မည်!

သူတို့သည် ထိုလူကို မြင်းပေါ်ပစ်တင်ကာ ထိုကောင်လေးနောက် အလျင်အမြန်လိုက်သွားကြသည်။

သို့သော် လမ်းဆုံသို့ရောက်သည့်အခါ မည်သူမျှရှိမနေ။

“ဆရာမ သူကကောင်လေးတစ်ယောက်ပဲကို ဘာတွေစိတ်ပူနေတာလဲ”

ကိုယ်ရံတော်တစ်ဦးက ဇဝေဇဝါဖြစ်စွာနှင့် မေးလိုက်၏။

“ဒီ‌ကောင်လေးက ငါရှာနေတဲ့သူလို့ သံသယရှိလို့”

ရှဲ့ချောင်၏ အကြည့်များက အေးစက်နေ၏။

၎င်းသည် သံသယမဟုတ်ဘဲ အတည်ပြုချက်သာဖြစ်သည်။

ကောင်လေးသည် ကလေးတစ်ယောက်ဖြစ်သောကြောင့် သူ့ကိုမြင်စဉ်က နှစ်ခါပြန်မကြည့်ခဲ့ပေ။ သို့သော် သူမသေချာပြန်စဉ်းစားကြည့်လိုက်သည့်အခါ ထိုကောင်လေး၏မျက်လုံးက တစ်ခုခုဖြစ်

နေမှန်း သဘောပေါက်သွားသည်။ ကလေးတစ်ယောက်၏ မျက်လုံးကဲ့သို့ အနက်နဲ့အဖြူတို့ရှိမနေ။ သူ့၌ မတူညီသည့် အရိုးဖွဲ့စည်းပုံ၊ မျက်နှာသွင်ပြင်နှင့် ကိုယ်ဟန်မူရာတို့ရှိကာ တစ်ခုခုလွဲနေလေသည်။ ရောနှော‌မွှေနှောက်ထားသည့် အိုးတစ်အိုးအလား။ ပထမဆုံးကြည့်လိုက်လျှင် ပြဿနာမရှိပုံပေါ်သော်လည်း သေချာကြည့်ကြည့်သည့်အခါ အင်မတန်ထူးဆန်းနေကြောင်းတွေ့ရလိမ့်မည်။

“အဲဒီကလေးကလား”

ကိုယ်ရံတော်များအားလုံး ထိတ်လန့်ကုန်ကြသည်။

ဤတစ်ကြိမ်တွင် သူတို့သည် ဆရာ့နောက်လိုက်၍ တာအိုဆရာတစ်ယောက်ကို ရှာဖွေကြတာဖြစ်၏

သူသည် မကောင်းဆိုးဝါးလမ်းစဉ်ကိုကျင့်ကြံသူတစ်ယောက်ဟုသာ ပြောထားသော်လည်း ဘယ်လိုပုံမျိုးရှိလဲ တိတိကျကျမသိခဲ့ရချေ။

သို့သော်လည်း ကလေးတစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့ လုံးဝမထင်ထားခဲ့ကြပေ။

“သူ့ကိုကလေးတစ်ယောက်လို့ မထင်ဘူး၊ သူ့ခေါင်းက သေးတယ်ဆိုပေမဲ့ သူရဲ့မျက်လုံးအိမ်အဖြူက ကြည်လင်မှုမရှိသလို သူငယ်‌အိမ်ကလည်း မှိုင်းတိုင်းနေတယ်၊ ကလေးတစ်ယောက်ဆိုရင် သူ့ရဲ့မျက်လုံးတွေက ပိုပြီးအသက်ဝင်ပြီး တက်ကြွနေသင့်တာ ပြီးတော့ ပိုလည်းငယ်သင့်တယ်”

ထိုစကားကြောင့် အစောင့်များသည် သေချာစဉ်းစားလိုက်ကြ၏။

ဆရာမစကားမှန်နေသည့်ပုံပင်။

“အဲဒီတာအိုဆရာလေးက.. သူ့အသားရေက သာမန်ကလေးတွေရဲ့ အသားရေလောက်မကောင်းဘူး၊ပြီးတော့ အသားရောင်လည်းမလတ်သလို နူးညံ့မှုလည်းမရှိဘူး.. မျက်လုံးတွေကလည်း.. နည်းနည်းအသက်ကြီးနေသလိုပဲ”

အစောင့်များက တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်ကြသည်။

တာအိုဆရာလေးသည် သူတို့ကိုတွေ့သည့်အခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပုံပင်။

သို့သော် ကလေးတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သည့်အခါ သူတို့ရဲ့မျက်လုံးများကလူတွေအပေါ် နက်နဲသည့်ခံစားချက်မျိုးကျန်ရစ်သင့်သည်။

သို့ပေသည့်တိုင် တာအိုဆရာငယ်လေး၏မျက်လုံးများမှာ ပို၍တောင် တည်ငြိမ်လာပုံပေါ်သည်။

“ဒါပေမဲ့ သူ့ခေါင်းက ဘာဖြစ်တာလဲ”

သူတို့ နားမလည်ကြသေးပေ။

“ဒီလောကကြီးထဲမှာ ထူးခြားတဲ့ကြီးထွားမှုမျိုးနဲ့ လူတချို့ရှိတယ် သူတို့ကိုတွေ့ရဖို့ ရှားတယ်ဆိုပေမဲ့ တည်ရှိနေကြတာပဲလေ”

ရှဲ့ချောင်ပြောပြလိုက်သည်။

“ဆရာမပြောတာသာ အမှန်ဆို အဲ့လူကိုဖမ်းမိဖို့မလွယ်လောက်ဘူး၊ သူ့ပုံစံက ငါးနှစ်ခြောက်နှစ်သား

အရွယ်ကလေးတစ်ယောက်ဆိုပေမဲ့ အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်ရဲ့ ဉာဏ်ရည်မျိုးရှိနေတာ၊ သူပုန်းချင်တယ်ဆို လွယ်လွယ်လေးရယ်”

အစောင့်က စိုးရိမ်တကြီးပြောလိုက်၏

ရှဲ့ချောင်လည်း ခေါင်းခဲနေသည်။ အနှီလူက သူမမျက်စိအောက်တွင် လွတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဂရုမစိုက်မိသည့် သူမ၏အပြစ်ပင်။

သူမသည် ကလေးတစ်ယောက်၏ မျက်နှာကိုမစိုက်ကြည့်ရဲလွန်းသဖြင့် ကလေးကိုမကြည့်မိစေရန် ကြိုးစားပြီးရှောင်ရှားခဲ့သည်။သူမ‌အနေဖြင့် အများကြီးမြင်မိပြီး မတော်တဆ ကံကြမ္မာကိုပြောမိမှာမျိုးမဖြစ်စေချင်။ ၎င်းက ကလေး၏အသက်ကို သက်ရောက်စေလိမ့်မည်။

“လျိုမင်ကိုအရင်‌ပြန်ခေါ်သွားကြတာပေါ့”

ရှဲ့ချောင်က ခဏစဉ်းစားလိုက်သည်။

“ဒီလူကရာဇဝတ်သားမဟုတ်တော့ မှုခင်းစီရင်ရေးဌာနဆီရော အုပ်ချုပ်ရေးရုံးဆီရော ခေါ်သွားလို့မကောင်းဘူး ကြမ္မာဥယျာဉ်ဆီပဲ သွားရအောင်”

မှုခင်းစီရင်ရေးဌာနသည် နန်းတွင်းရုံး‌တော်၏ အုပ်ချုပ်ရေးရုံးလည်း ဖြစ်နေသည့်အတွက် လက်လွတ်စပယ်အသုံးပြုလို့မသင့်ပေ။

အနှီလူ၌ ပြစ်မှုမှတ်တမ်းရှာတွေ့သည်ဆိုတော့မှ ပြန်ပို့လည်း နောက်မကျသေးပေ။

အစောင့်များက သဘောတူလိုက်၏။ဤ ရက်ပိုင်းအတွင်း သူတို့သည် ဆရာမမော့၏လူများဖြစ်သည်။ သူတို့၏ စောင့်ကြပ်မှုနှင့်ဆိုလျှင် လျိုမင်ကိုကျိန်းသေပေါက်လွတ်မြောက်စေလိမ့်မည်မဟုတ်ပေ။

•••••

All Chapters