← Chapters

အခန်း (၁၀၀၅-၁၀၀၈)

Vol. 52 Ch. 1005-1008

အခန်း (၁၀၀၅-၁၀၀၈)

Vol. 52 Ch. 1005-1008

အခန်း ၁၀၀၅။ ဆရာနှင်တပည့်

ကြမ္မာဥယျာဉ်ရှိ ခေါင်းလောင်းမှာ အဆက်မပြတ်‌မြည်လို့နေ၏။

ပိုင်လိမိသားစု၏ မကောင်းဆိုးဝါးဝိဉာဉ်များမှာ ပျင်းရိလို့နေကြသည်။ အများစုက တံခါးဝတွင်ထိုင်နေကြကာ ဖြတ်သွားဖြတ်လာများကို ကြည့်နေကြ၏။ ဆိုင်ရှင်ချန်ခမျာ သူ၏သောကရောက်နေသည့် နှလုံးသားအား အကောင်းဆုံးကြိုးစားပြီး တည်ငြိမ်အောင်လုပ်နေရှာသည်။ သူ့မျက်နှာထက်၌ မပြောင်းလဲသော အပြုံးတစ်ခုရှိနေ၏။ သူ ကျင့်သားရနေသည်မှာ သိသာလေသည်။

သူက ကြမ္မာဥယျာဉ်ရှိ မကောင်းဆိုးဝါးဝိဉာဉ်များ ဆာလောင်နေမည်စိုး၍ ငွေတချို့တောင်သုံးပြီး စားစရာနှင့် ပူဇော်ပစ္စည်းတချို့ကိုပင်ဝယ်လိုက်သေးသည်။

ရှဲ့ချောင် ရောက်လာသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်များ လူစုခွဲသွားကြသည်။

“ ကျွတ် ကျွတ် ကျွတ် ယန်စွမ်းအင်နဲ့ပြည့်နေတဲ့ လူတွေရောက်လာကြပြန်ပြီ၊ ပြင်းလိုက်တာ၊ ငါတို့ရဲ့ဝိဉာဉ်တွေက အားနည်းတော့ မင်းကိုအဖော်မပြုပေးတော့ဘူး”

အားနည်းသည့် ဝိဉာဉ်တချို့က ရှဲ့ချောင်အား ကြင်နာစွာပြောပြပြီးနောက် အပေါ်ထပ်တက်သွားကာ ပုလင်းထဲတွင်ပုန်းနေကြလေသည်။

ရှဲ့ချောင်လည်း အပေါ်ထပ်သို့ ခပ်မြန်မြန်တက်သွား၏။ ကုလားထိုင်တွင်ထိုင်ကာ အသက်တစ်ဝရှုလိုက်‌လေသည်။

ယခင်ကဆိုလျှင် အစောင့်များသည် ဒုတိယထပ်သို့လာလေ့မရှိသော်လည်း ဤတစ်ကြိမ်တွင်က လူတစ်ယောက်ကိုဖမ်းလာခြင်းဖြစ်၍ ထိုတာအိုဆရာ စိတ်လွတ်ပြီး ဆရာ့အား အန္တရာယ်ပြုခြင်းမှ ကာကွယ်ရန် အနောက်ကနေလိုက်လာကြရသည်။

ဒုတိယထပ်သို့ရောက်လာပြီး ဒုတိယထပ်ရှိ အပြင်အဆင်များကိုတွေ့လိုက်ရချိန် အစောင့်များမှာ ထိတ်လန့်သွားကြရသည်။

ဒုတိယထပ်မှာ ကြီးမားသော်လည်း ဗီရိုစင်များနှင့်စားပွဲအနည်းငယ်လောက်သာရှိ၏။

ဘာမှမရှိသလောက်နီးနီးပင်။

တာအိုဆရာလျိုမင်အား ဖိချပြီး ကြမ်းပြင်ပေါ်ဒူးထောက်စေလိုက်သည်။

“မေးရဦးမယ် ရှင့်အိမ်မှာ ဘယ်သူက အစီအရင်လုပ်ပေးသွားတာလဲ”

ရှဲ့ချောင်က မေးသည်။

သူမသည် ကွေ့ပတ်မနေဘဲ ပွင့်ပွင့်လင်းလင်းသာမေးလိုက်၏။ လျိုမင်ကြားသည့်အခါ နှစ်ကြိမ်တုန်ယင်သွားရသည်။ “ကျုပ်_ကျုပ်လုပ်ထားတာလေ… ဘာလို့လာမေးနေတာလဲ.. အဲဒါကပိုက်ဆံရှာဖို့ပဲ ၊ လူတွေကိုမထိခိုက်စေဘူး…”

“အဲလိုလား ကြည့်ရတာ ဒါဘယ်နေရာလဲ ရှင်မသိတဲ့ပုံပဲ” ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် ရုတ်တရက်လက်ဖျောက်တီးလိုက်၏။ မကောင်းဆိုးဝါးဝိဉာဉ်များစွာက ချက်ချင်းဆိုသလို ဖယောင်းတိုင်များကိုလင်းသွားစေသည်။ ဖယောင်းတိုင်များသည် အမှောင်စွမ်းအင်ရှိနေသဖြင့် သူတို့အတွက် ထိုသို့လုပ်ရန်မခက်ခဲပေ။

မျက်စိတစ်မှိတ်အတွင်း ဘေးပတ်ပတ်လည်မှ မီးအိမ်အားလုံး ရုတ်ချည်းလင်းသွားသည်။

အစောင့်များအားလုံး ထိတ်လန့်ကုန်၏။

ဒီလိုစွမ်းရည်မျိုးက….မှော်ပညာနဲ့တောင်လုပ်လို့မရဘူးမလား။

“ရှင်က အဲ့လိုပညာရှင်မျိုးကိုတောင်သိတယ်ဆိုမှတော့ ဒီလောကကြီးထဲမှာ သူ့ထက်တော်တဲ့သူရှိတာလည်း သိသင့်တယ်၊ ပိုတော်တဲ့သူဆို‌တာ အမြဲတမ်းရှိနေပြီးသား၊ အဲဒီလူက ရှင့်ကို ဝိဉာဉ်စုစည်း ကြွယ်ဝ

ခြင်းအစီအရင်ကိုလုပ်ပေးနိုင်တယ်ဆိုရင် ကျွန်မကလည်း ကျားဖြူ ကြယ်ဝါးမျို သတ်ဖြတ်ခြင်းအစီအရင်ကိုလုပ်နိုင်တယ်၊ ရှင့်ကို အရိုးတောင်မကျန်ဘဲ သေခိုင်းလိုက်လို့ရတယ်” ရှဲ့ချောင်က ခြိမ်းခြောက်လေသည်။

ထိုစကားများကြောင့် လျိုမင်တစ်ကိုယ်လုံးတုန်လှုပ်သွားရသည်။

ကျားဖြူ ကြယ်ဝါးမျို သတ်ဖြတ်ခြင်းအစီအရင်၊ သူအရင်က ကြားဖူးသည်။

၎င်းကအစီအရင်တစ်ခုသာဖြစ်သော်လည်း ပြီးမြောက်သွားသည့်အခါ ထိုအတွင်းရှိလူသည် ကြယ်နေရာတွင်ရှိနေလိမ့်မည်။ ပတ်ဝန်းကျင်တွင်လည်း ရက်စက်သည့်ကျားများဖြင့် ပြည့်နေလိမ့်မည်။ ကြယ်နေရာဖြင့် လူသည် နေ့ရက်တိုင်းလိုလို အဖြူရောင်ကျား၏ ယုတ်ညံ့သည့်စွမ်းအင်ဖြင့် နှောင့်ယှက်ခြင်းခံရမည်ဖြစ်ရာ ကျိန်းသေပေါက် ဝမ်းနည်းဖွယ်ကောင်းစွာသေရလိမ့်မည်ပေ။

“မဟုတ်ဘူး အဲဒါ..ကျုပ်လုပ်တာမဟုတ်ဘူး။ ဆရာလုပ်တာ။ သူက ကျုပ်ကိုနေထိုင်စားသောက်နိုင်အောင် ပိုက်ဆံရှာပေးချင်လို့”

လျိုမင်က ထပ်ပြောပြန်သည်။

“ရှင့်ရဲ့ဆရာက ဘယ်သူလဲ”

ရှဲ့ချောင်ထပ်မေးလိုက်၏

မကောင်းဆိုးဝါးအစီအရင်သည် ရှဲ့ချောင်က စကားအဖြစ်မှတ်ချက်ပြုခြင်းသာဖြစ်သည်။

လူများကိုထိခိုက်စေသောအရာတစ်ခုခုလုပ်လိုက်လျှင် ထိုလူက အကျိုးဆက်ကိုခံစားရလိမ့်မည်။ ဆိုးယုတ်သည့်အရာတစ်ခုခု လုပ်ခဲ့ပါက ဝဋ်ပြန်လည်မည့်သူက ထိုလူမဟုတ်လျှင်တောင် သူ၏ဆွေမျိုးများနှင့် သားစဥ်မြေးဆက်တို့ဖြစ်လိမ့်မည်။ ထိုသို့သော ရူးမိုက်သည့်အရာမျိုး သူမ လုပ်လိမ့်မည်မဟုတ်။

“အဲ-အဲဒါ ခုနကတွေ့လိုက်ရတဲ့ တာအိုဆရာလေးပဲ။ လွန်ခဲ့တဲ့လပိုင်းလောက်က ကျုပ်တာအိုဘုရားကျောင်းမှာ ဆက်ပြီးမနေနိုင်တော့တာနဲ့ ပိုက်ဆံရှာဖို့ဆိုပြီး တောင်အောက်ဆင်းလာခဲ့တာ။ ဒါပေမဲ့ ပိုက်ဆံရှာဖို့ကလွယ်တာမဟုတ်ဘူး အရိုက်တောင်ခံရတော့မလို့ဖြစ်ခဲ့သေးတယ်။ နောက်တော့ ဆရာရဲ့လမ်းညွှန်မှုနဲ့ ကျုပ်ရဲ့ ကြွယ်ဝမှုကြီးရောက်ချလာတော့တာပဲ”

ရှဲ့ချောင်က တခစ်ခစ်ရယ်လိုက်၏။

“ရှင့်ရဲ့ဆရာက ရှင့်ကိုကောင်းကောင်းဆက်ဆံပေးတယ်လို့ထင်နေတဲ့ပုံပဲ”

“ဒါပေါ့။ ဆရာသာ ငယ်ပြီးကလေးတစ်ယောက်လိုမျိုးဖြစ်မနေခဲ့ရင် သူ့အတွက် အလုပ်လုပ်ရတာတွေကအဆင်ပြေမှာမဟုတ်ဘူး။ဘာလို့ကျုပ်ကိုလိုမှာလဲ”

လျိုမင်က ချက်ချင်းပြောသည်။

“ကြည့်ရတာ ရှင့်မှာအရည်အချင်းတကယ်မရှိတဲ့ပုံပဲ။ ဒီလို ပိုက်ဆံရှာဖို့အတွက် ဝိဥာဥ်တွေစုစည်းတဲ့အစီအရင်က ရှင့်ရဲ့ ကုသိုလ်ကံတွေနဲ့ ကံကောင်းခြင်းတွေကိုသုံးပစ်လိုက်တယ်ဆိုတာတောင် မသိဘူး၊ အခုရှင်ပိုက်ဆံရှာပြီးပြီဆိုရင်တောင် ကြာကြာခံမှာမဟုတ်ဘူး။ ဒီလိုအစီအရင်မျိုးက အများဆုံးမှ သုံးနှစ်လောက်ပဲခံတာ။ ဒီသုံးနှစ်အတွင်းတော့ ငွေရှာဖို့ မကောင်းဆိုးဝါးဝီဥာဥ်တွေကို ကျိန်းသေပေါက် အားကိုးလို့ရမှာပဲ။ ဒါပေမဲ့ အစီအရင်က ရက်တစ်ခုကိုရောက်သွားတဲ့အခါကျရင် အတိတ်တုန်းက ရှင့်ဟာရှင့် ဘယ်လောက်ကံကောင်းခဲ့နေပါစေ အနာဂတ်မှာ ဆယ်စအဆတစ်ရာ ပြန်ခံစားရမှာ။ ကံကံရဲ့အကျိုးကို ပြန်ခံစားရလိမ့်မယ်။ အနာဂတ်မှာ ကံဆိုးတဲ့သူက ရှင်ပဲဖြစ်မှာ။ အဲဒါက ရှင့်ရဲ့အသက်ကိုတိုစေတဲ့တရားမဝင်အရာပဲ။..”

•••••

အခန်း ၁၀၀၆။ ရိုးသားစမ်း

ရှဲ့ချောင်အနေဖြင့် လျိုမင်အားဖြီးဖြန်းခြောက်လှန့်နေရန်မလိုပေ။

လောကကြီးမှာ အလကားရတဲ့အကျိုးအမြတ် ဘယ်လိုလုပ်ပြီး ရှိနိုင်မည်နည်း။

ထို့အပြင် သေဆုံးဝိဉာဉ်များမှတဆင့် ခိုးယူ၍ရရှိသော ငွေကြေးများသည်လည်း သူ့အပိုင်မဟုတ်။ သူသာ ငွေချေးပြီး ကောင်းမှုများ ပိုလုပ်မည်ဆိုပါက ပြန်ဆပ်နိုင်လိမ့်မည်။ ကြီးမားသည့် သက်ရောက်မှုမျိုး ရှိမည်မဟုတ်‌ပေ။

သို့သော်လည်း လျိုမင်၏ မျက်နှာကိုကြည့်ပါက သူသည် မကောင်းမှုကိုများကို လုပ်ခဲ့မိ၍ ကြောက်နေပုံရသည်။ ထိုသို့ဆိုလျှင် တန်ပြန်သက်ရောက်မှုကို ကျိန်းသေပေါက် ခံစားရမည်ဖြစ်ကာ အဆုံးသတ်ကောင်းမည်မဟုတ်ပေ!

လျိုမင်သည် ရှဲ့ချောင်၏စကားများကို ကြားပြီးနောက်တွင်တောင် မယုံကြည်သေးပေ။

“မဖြစ်နိုင်ဘူး ဆရာက ငါ့ကိုလိမ်မှာမဟုတ်ဘူး”

“ဟက်” ရှဲ့ချောင် လှောင်ရယ်လိုက်၏။ “တုံးချက်’

ရှဲ့ချောင်သည် ဤဝိဉာဉ်စုဆည်း ကြွယ်ဝခြင်းအစီအရင်၏ အစွမ်းအား သက်သေပြရန်အတွက် စိတ်ကူးမရှိပေ။ လိုလည်းမလိုအပ်။ ထိုတာအိုဆရာလေးအား လျိုမင်ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမအတွက် အရေးမကြီးလှပေ။

သူမ၏ အထင်သေးမှုသည် လျိုမင်အား အနည်းငယ်ပျာယာခတ်သွားစေ၏။

“ကျုပ်- ကျုပ်ရဲ့ဆရာက ဒီဟာကိုကံကောင်းခြင်းလို့ပြောတယ်၊ ဘာဥပါဘ်မှမဖြစ်ဘူးလို့ အာမခံတယ်တဲ့…”

“အစကတည်း ဒီလိုဖြစ်နေပြီးသားလေ၊ အထိအခိုက်ရှိရှိမရှိရှိ ရှင့်အတွက် ဘာမှမကွာသွားဘူး”

ရှဲ့ချောင်သည် သူ့အား လူသေအလောင်းတစ်‌လောင်းကိုကြည့်နေသည့်အလား မတူမတန်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။ “ရှင့်ဆရာ့ရဲ့နောက်ခံကဘာလဲ။ ရှင် ဒုက္ခမခံချင်ရင် ကျွန်မကို အကုန်ပြောပြ”

လျိုမင်သည် မပြောပြချင်ပေ။

သို့သော်လည်း သူသည် ကြောက်တတ်သူတစ်ယောက်ဖြစ်၏။

ဤအမျိုးသမီးတာအိုဆရာမသည် လက်ဖျောက်တစ်ချက်တီးရုံဖြင့် အခန်းထဲရှိမီးများ ချက်ချင်းလောင်ကျွမ်းသွားနိုင်အောင် လုပ်နိုင်ပုံကို တွေးမိသွားသည်။ ဤသို့သောစွမ်းရည်မျိုးသည် မိုးထိမြင့်နိုင်ချေရှိ၍ သူမကို ဆန့်ကျင်ရန်အမှန်တကယ်မစွမ်းနိုင်လောက်ဟု ခံစားလိုက်ရသည်။

သူ ဝမ်းနည်းမိသည်။

သူကိုက ကံဆိုးလွန်းသူပင်…

“ဘာလို့မေးတာလဲ၊ ကျုပ်ဆရာက အရမ်းတော်တာ ၊ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဖူးဘူး။ သူက ကလေးတစ်ယောက်လိုမျိုး သေးသေးလေးရယ်။ သူ တစ်ယောက်ယောက်ကိုထိခိုက်အောင်လုပ်ချင်ရင်တောင် လုပ်လို့ရမှာမဟုတ်ဘူး”

လျိုမင်သည် သူ့ခေါင်းကိုကျုံ့ထားရင်း ပြောလာ၏။

“ရှင့်အိမ်ထဲကပစ္စည်းတွေက ဝိဥာဥ်စုဆောင်း ကြွယ်ဝခြင်းအစီအရင်အတွက် လုပ်ထားမှန်းသိသာတယ်၊ ဒါပေမယ့် ကျွန်မသွား‌တော့ မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်မှ မမြင်မိဘူး။ ဘာလို့လဲဆိုတာ ရှင်သိလား”

ရှဲ့ချောင် မေးကြည့်သည်။

လျိုမင် ခေါင်းခါလိုက်၏။

သူက ဘယ်လိုလုပ်ပြီးသိမှာလဲ..

သူသည် တစ်ချိန်တုန်းက တာအိုဘုရားကျောင်းကဖြစ်ခဲ့ဖူးသော်ငြား ယင်းဘုရာကျောင်းသည် တစ်စစီစုတ်ပြတ်သွားလောက်ပြီဖြစ်၏။ တစ်ဦးတစ်ယောက်ကမှ ထိုနေရာဆီခြေချခြင်းမရှိသလို ပတ်ဝန်းကျင်သည်လည်း လူသူနေထိုင်ခြင်းမရှိသော တောရိုင်းမြေပင်။ တကယ်တမ်းတွင် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်တစ်အိမ်သာဖြစ်ပေသည်။

သူ့မှာ အရည်အချင်းဟူ၍တစ်စိုးတစ်စမျှမရှိ။ ကျမ်းဂန်အနည်းငယ် ဖတ်ရှုနည်းကိုသာသိပေသည်။

“ဒီလိုအစီအရင်မျိုးက သေပြီးသားဝိဥာဥ်တွေကို အနီးနားဆီလာဖို့ ဆွဲဆောင်တတ်တယ်။ အစွမ်းအစရှိတဲ့ တာအိုဆရာဆိုရင် သေဆုံးဝိဥာဥ်တွေကို ကြွယ်ဝမှုအတွက် လာဖို့အမိန့်ပေးနိုင်မှာပဲ။ ရှင့်လည်း

ငွေတော်တော်များများရှာပြီးလောက်ပြီလို့ ကျွန်မထင်တယ်။ အခု ရှင့်မှာသာ ငွေအတွက်လောဘစိတ်မရှိတော့ရင် ရှင့်ရဲ့ဆရာက ဝိဥာဥ်တွေအကုန်လုံးကို ပြန်ပို့လောက်တယ်”

အစီအရင်အတွင်းမှ ဝိဥာဥ်များသာမက အပြင်ဘက်မှ ဝိဥာဥ်များပါ ပါလောက်သည်။

အစီအရင်မှ ဆွဲဆောင်နေသောအရာများမှာ ငွေအတွက်ကြောင့် သေသွားသူများ၏ ဝိဥာဥ်များပင်။

ပိုင်လိမိသားစု၏ ဝိဥာဥ်များမှာ ထိုအချက်နှင့် ကိုက်ညီမှုမရှိသော်လည်း အနှီလူက သေဆုံးဝိဥာဥ်များကို ခေါ်ဆောင်ခြင်းဖြစ်၍ အခြားဝိဥာဥ်များကိုလည်း‌ ခေါ်ဆောင်ရန် ရည်ရွယ်ချက်ရှိလောက်ပေသည်။

လျိုမင်သည် သေဆုံးသူများ၏ ဝိဥာဥ်များကို မြင်နိုင်ခြင်းမရှိပေ။ ရှဲ့ချောင်ပြောသမျှအရာအားလုံးသည် သူ့အတွက် နဝေတိမ်တောင်ဖြစ်ပြီး ဘာတစ်ခုမှသိမ

နေပေ။

သူ မရိုးဖြောင့်မှန်းမြင်သည်နှင့် အစောင့်တစ်ဦးက သူ့လည်ပင်းထက်တွင် ချက်ချင်းဆိုသလို ဓားရွယ်လိုက်၏။

အေးစက်စက်ဓားကို ခံစားမိခြင်းကြောင့် လျိုမင်တစ်ယောက် ကြောက်လန့်ပြီး သူ့တစ်ကိုယ်လုံးပင် တုန်လှုပ်လို့နေသည်။ သူရဲဘောကြောင်သည့်သူတစ်ယောက်အလား ချက်ချင်းထုတ်ပြောတော့သည်။

“ကျုပ်-ကျုပ် အဲ့ဒါတွေကို တကယ်နားမလည်တာပါ…အကုန်လုံးက ဆရာ့စီစဥ်ပေးတာတွေချည်း…

“ကျုပ်ဆရာနာမည်က ဝမ်ကျိုးလဲ့။ ကျုပ်သိတာဆိုလို့ သူကငယ်နေတဲ့ပုံပေါ်နေတယ်ဆိုတာပဲ။ တကယ်က သူ့အသက်က လေးဆယ်တောင်ရှိနေပြီ။ ဆရာက ကျင့်ကြံရေးမှာ ဆရာတစ်ဆူပဲ။ သူငယ်ငယ်တုန်းကတည်းက တာအို ကိုကျင့်ကြံလို့ရသွားတာမလို့ သူ့ရဲ့ငယ်ရွယ်တဲ့သွင်ပြင်ကိုထိန်းထားနိုင်တာလို့ ကြား

ဖူးတယ်.. ဆရာက တကယ်ကိုအစွမ်းထက်တာ…."

‘'ကျုပ် သူ့ကို လွန်ခဲ့တဲ့နှစ်လလောက်ကမှ တွေ့ဖူးတာ။ သူ့နာမည်ကလွဲပြီးတခြားဘာမှမသိဘူး…”

လျိုမင်သည် သူ့နဖူးထက်မှ ချွေးများကိုသုတ်လိုက်၏။ သူ့ခမျာ အကြောက်လွန်ပြီး မေ့လဲလုနီးနီးပင်။

ဒီအရာရှိတွေက ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ?

“ဒါဆို အရင်က ကြမ္မာဥယျာဥ်ကိုလာဖူးလား”

ရှဲ့ချောင်ထပ်မေးလိုက်ပြန်သည်။

“အင်း လာဖူးတယ်” တာဆိုဆရာလျိုမင်၏ ရင်ထဲတဒိတ်ဒိတ်ဖြစ်နေ၏။

“ကျုပ်ကို ဆရာကလာဖို့ပြောလို့လေ။ ဒီနေရာရဲ့ပိုင်ရှင်ကို တစ်ခုခုပေးစရာရှိတယ်တဲ့…”

•••••

အခန်း ၁၀၀၇။ တိရိစ္ဆာန်

ထိုအချိန်တုန်းက သူ့ဆရာပေးခိုင်းလိုက်သည့်ပစ္စည်းသည် ပစ္စည်းကောင်းတစ်ခုမဟုတ်မှန်း ခံစားချက်ခပ်ရေးရေးနေရခဲ့သောကြောင့် အင်မတန်စိတ်လှုပ်ရှားပြီး ကြောက်လန့်နေခဲ့သည်။

သူ့ဆရာသည် ဤကြမ္မာဥယျာဥ်၏ ပိုင်ရှင်ကိုမုန်းတီးနေပုံရနေမှန်းလည်း သိထားသည်။ သူ့လည်း အကူအညီပေးပြီး များများသင်ပြပေးရန်အတွက် ဆရာ့အားတောင်းဆိုချင်၍ သူ့ကိုယ်သူ ဂရုတစိုက်ပြင်ဆင်သည့်အနေဖြင့် ခဲရောင်ဝတ်စုံကိုလဲဝတ်ကာ မျက်ခွံပေါ်တွင် မျက်လုံးအတုတစ်ခုကိုပင် ကပ်ခဲ့သေးသည်။

ကြမ္မာဥယျာဥ်ပိုင်ရှင်သည် အမျိုးသမီးတစ်ယောက်ဖြစ်နေ၍ သူသာအင်မတန်ကြောက်ဖို့ကောင်းနေလျှင် တစ်ဖက်လူလည်း သေချာပေါက် မသက်မသာ

ဖြစ်သွားလောက်သည်ဟု တွေးခဲ့၏။ ထိုနည်းဖြင့် သူ့ဆရာပေးအပ်သည့် တာဝန်အား ပိုပြီးကောင်းကောင်းလုပ်နိုင်လိမ့်မည်။

“ကျုပ်-ကျုပ်မှန်း ဘယ်လိုလုပ်သိတာလဲ…” တာအိုဆရာလျိုမင်သည် မနေနိုင်ဘဲမေးလိုက်၏။

“ခန့်မှန်းကြည့်လိုက်တာ” ရှဲ့ချောင်သည် သူ့အား မနှစ်မြို့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ “ရှင့်ရဲ့ဆရာက အိမ်မှာဆို ပုံမှန်ဘာလုပ်လေ့ရှိလဲ”

“မသိဘူး ကျုပ်မသိဘူး..”

“ဒါဆို သူအပြင်သွားရင်ရော ဘယ်ကိုသွားတတ်လဲ”

ရှဲ့ချောင် ထပ်မေးလိုက်ပြန်သည်။

တာအိုဆရာလျိုမင်က ခေါင်းခါနေဆဲ။ “ကျုပ်တကယ်ကို ဘာတစ်ခုမှ မသိတာပါ..’'

ရှဲ့ချောင်သည် ခဏတာ တွေးကြည့်ပြီးနောက် အစောင့်များကိုကြည့်၍ မေးလိုက်၏။ “ရှင်တို့တွေ သူတို့နေတဲ့အိမ်ကို ရှာခဲ့သးလား”

“ရှာခဲ့ပါတယ်။ တာအိုဆရာငယ်လေးထွက်ပြေးသွားတော့ တာအိုဆရာလေးရဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေကိုပဲ ထုတ်လာခဲ့တာ”

အစောင့်က ရိုရိုသေသေပြန်ဖြေ၏။

“ကောင်းတယ်” ရှဲ့ချောင်သည် သူမရဲ့နှုတ်ခမ်းတို့အား အပြုံးတစ်ခုအဖြင့်ပြောင်းလဲလိုက်သည်။

“ယူလာခဲ့ ကျွန်မ ကြည့်ကြည့်မယ်”

ခဏအကြာ၌ ပစ္စည်းများကို ယူလာကြသည်။ ပစ္စည်းများမှာ သိပ်ပြီးမများ။ ကုတင်မှလွဲလျှင်

သာမန်စာအုပ်အနည်းငယ်နှင့် နေ့စဥ်အသုံးအဆောင်များသာဖြစ်သည်။

ရှဲ့ချောင်သည် ကုတင်ကို ကြည့်ကြည့်ရာ သန့်ရှင်းနေကြောင်းတွေ့လိုက်ရ၏။ ဆံချည်မျှင်တစ်မျှင်မျှတောင်မရှိပေ။ ဝမ်ကျိုးလဲ့ သည် တကယ်ကိုထက်မြက်သူဖြစ်ပြီး ရန်သူကိုဂရုပြုတတ်သူဖြစ်ကြောင်း မြင်သာပေသည်။ သူမသည် အင်မတန်စွမ်းဆောင်နိုင်သူမှန်း သိထား၍ သူ့အိပ်ယာပေါ်တွင် မည်သည့်သက်သေတစ်ခုမျှ ချန်မထားခဲ့ခြင်းပေ။ သွေးနှင့် ဆံပင်တို့မှာ အလွန်အရေးကြီး၏။

သို့သော်…

ဆံင်တစ်ပင်မှ မရှိလည်း အဆင်ပြေသည်။

ရှဲ့ချောင်သည် စင်အတန်းများရှိရာဘက်သို့လျှောက်သွာခဲ့ကာ အောက်ခြေတွင် ပုလင်းသေးသေးလေး

တစ်ခုအား ရှာတွေ့ခဲ့၏။

ထိုထဲက ဝိဥာဥ်ကို လွှတ်ပေးလိုက်သည်။

၎င်းသည် ခွေးတစ်ကောင်ဖြစ်၏။

တိရိစ္ဆာန်ဝိဥာဥ်များသည် အားနည်းကြ၏။ တိရိစ္ဆာန်များစွာသည် သေပြီးသည်နှင့် အောက်ဘုံသို့တန်းသွားကြသည်။ လူ့လောကကနေ ထွက်သွားရန် တုံ့ဆိုင်းနေသော အကောင်တချို့လည်းရှိ၏။ သို့သော်လည်း လူသား‌များလောက် အစွမ်းမကြီး၍ ဝိဥာဥ်အများစုမှာ ပုံသဏ္ဍာန်ဖြစ်ပေါ်ခြင်းမရှိဘဲ သိမ်မွေ့နူးညံ့လှသော မြူခိုးငွေ့များပမာ လွင့်မျောရင်းပျောက်ကွယ်သွားတတ်ကြသည်။

သို့သည့်တိုင် သူတို့အသက်ရှင်စဥ်က ပုံစံအတိုင်း ထိန်းသိမ်းထားနိုင်ကြသော အကောင်အနည်းငယ်ရှိသည်။

ဤခွေးအတွက်လည်း အလားတူပင်။

၎င်းအား သူမ ရွှေယွဲ့ဘုရားကျောင်းတွင်နေစဥ်က ရရှိခဲ့ခြင်းဖြစ်သည်။

သူမ ထိုခွေးအား ပြန်ဝင်စားရန်အတွက် အောက်ဘုံသို့မပို့ရခြင်းမှာ ၎င်း၌ နာကြည်းချက်များစွာရှိနေ၍ပင်။

ဤခွေး၏ ဘဝမှာ အသက်ရှင်စဥ်က အင်မတန်သနားစရာကောင်းခဲ့သည်။ အသုံးဖြုန်းကြီးသော သားတစ်ယောက်က မွေးထားခြင်းဖြစ်ကာ လူများကိုခြောက်လှန့်ရန်အတွက် အသုံးပြုခဲ့သည်။ ၎င်းသည် ကောင်းမွန်သော အနံ့ခံအာရုံဖြင့် မွေးဖွာလာခဲ့ကာ သခင်၏ စကားကိုသာနားထောင်တတ်သည်အထိ ကြမ်းကြုတ်၏.။ သခင်က တစ်ယောက်ယောက်အား ကိုက်ရန်ခိုင်းစေသည်နှင့် မဆင်မခြင်ပြေးလွှားသွားတတ်ပြီး သခင့်၏ အမိန့်ကို ပြီးမြောက်အောင် မည်သို့ဆောင်ရွက်ရမည်ကိုသာသိသည်။

သို့သော် နောက်ဆုံးအမိန့်ကိုနာခံပြီးနောက် လူတစ်ယောက်အား သေသည်အထိကိုက်ပစ်ခဲ့၏။ သေဆုံးခြင်းအားပြန်ပေးဆပ်ရန်အတွက် သခင်ဖြစ်သူသည် သူ့အား သေတဲ့အထိ နှိပ်စက်ခဲ့ပြီး သေဆုံးသူ၏ မိသားစုဆီ လွှင့်ပစ်ခဲ့သည်။

၎င်းသည် အသက်ရှင်စဥ်က မကောင်းမှုကို ကျူးလွန်ခဲ့ပြီး လက်ခံရန်ဆန္ဒမရှိခဲ့ပေ။ ၎င်း၏ နာကြည်းချက်များက စုဝေးသိပ်သည်းလာပြီး လူသားတစ်ယောက်အလား သူ့ဝိဥာဥ်၏ ပုံကိုထိန်းထားနိုင်ခဲ့သည်။

သို့တိုင် ၎င်း၌ နာကြည်းချက်တို့ရှိနေသလို တိရိစ္ဆာန်တစ်ကောင်လည်းဖြစ်နေသည်။ သေဆုံးပြီးနောက်တွင်တောင် လူများကို လိုက်ကိုက်နေခဲ့လေသည်။

ထိုလူ၏ မိသားစုသည် မကြာခဏဆိုသလို ခွေးဟောင်သံကိုကြားရတတ်ပြီး ဝိဥာဥ်ဖြစ်မည်ဟုထင်ကာ သူမအား ဖမ်းယူပေးရန်တောင်းဆိုခဲ့ကြခြင်း

ဖြစ်သည်။

ဤခွေးသည် မုန်းစရာကောင်းသလို သနားစရာလည်းကောင်းသည်။ နာကြည်းမှုတို့ဖြင့် ဒုက္ခပေးခံရသည့်အပြင် ယောင်လည်လည်ဘဝဖြစ်နေရသဖြင့် ၎င်းအားဖမ်းဆီးကာ သူမနားတွင်သာ ခေါ်ထားခဲ့သည်။ ၎င်းအား အောက်ဘုံသို့မပို့ခင် နာကြည်းချက်များအားလုံးကို ဖြေရှင်းပေးချင်ခဲ့သည်။

သို့‌သော်ငြား တိရိစ္ဆာန်များအားလုံးသည် ခေါင်းမာကြသဖြင့် နာကြည်းချက်အား ဖြေဖျောက်ရန် မလွယ်ကူခဲ့ချေ။

ထို့ကြောင့် ယခုထက်တိုင် သူမနာမှားနေနေရခြင်းပင်။

“တာ့ဖူ” ရှဲ့ချောင် လေထဲတွင် အော်ဟစ်လိုက်၏။

ခွေးသည် အခုချိန်တွင် ပိုကောင်းနေပြီဖြစ်သည်။ နာကြည်းချက်တို့သည် ကိုယ်ပေါ်တွင်ရှိနေသေး

သော်လည်း အတော်အတန် မှိန်ဖျော့နေလေပြီ။

ခွေးသည် ကြီးမား၏။ သူ့တစ်ကိုယ်လုံး အနက်ရောင်အမွေးများဖြင့် ဖုံးအုပ်ထားကာ နဖူးထိပ်တွင်သာ အဖြူရောင်အကြောင်းလေးရှိသည်။ အံ့ဖွယ်ကောင်းလှပေသည်။ သူမ၏ အသံကိုကြားပြီးနောက် ၎င်းက တအီအီအသံပြု၍ အမြီးကိုခါယမ်းနေလေသည်။

••••

အခန်း ၁၀၀၈။ အကာ

လျိုမင်နှင့် အစောင့်များသည် ရှဲ့ချောင်တစ်ယောက်တည်း လေထဲသို့ စကားပြောနေခြင်းကို မြင်လိုက်ရသည့်အခါ ကြက်သီးထသွားကြရ၏။

ကံကောင်းထောက်မစွာဖြင့် အစောင့်များသည် သူမအား အကြိမ်ပေါင်းများစွာ မြင်ဖူးနေပြီဖြစ်၍ ပြင်ဆင်ထားကြသည်။ သူတို့က မကြောက်ကြသော်လည်း လျိုမင်ကမူ ထိုသို့မဟုတ်ချေ။

သူသည် ရှဲ့ချောင်အား ကြောက်ရွံ့မှုများဖြင့် ကြည့်နေခဲ့သည်။

“သူ- သူ ဘယ်သူနဲ့စကားပြောနေတာလဲ?!”

လျိုမင်သည် အနောက်သို့အလျင်အမြန်လေးဖက်ထောက်သွားကာ ရှဲ့ချောင်နှင့် ချက်ချင်း ခပ်ခွာခွာနေလိုက်သည်။

သို့သော် အစောင့်များ၏ စောင့်ကြည့်နေမှုကြောင့် သူ ထွက်မပြေးနိုင်ခဲ့ပေ။

“ဆရာမက သူ့ဘိုးဘေးနဲ့စကားပြောနေတာ နေမှာပေါ့၊ အသားကျအောင်လုပ်စမ်းပါ၊ တကယ်လို့ ခင်ဗျားအဖေကိုသတိရတယ်ဆို ဆရာမကို အခကြေး‌ငွေပေးပြီး ခင်ဗျားအဖေကို ခေါ်ခိုင်းလိုက်လို့ရတယ်၊ သူနဲ့ ခဏလောက် တစ်ခန်းထဲ အတူတူနေလို့ရတာပေါ့”

အစောင့်သည် အနှီဆရာယောင်အားကြည့်၍ ရက်စက်စွာပြောလိုက်၏။

လျိုမင်၏ မျက်ခွံတို့တုန်လှုပ်သွားသည်။ အစောင့်က သူ့ကိုဝေဖန်နေသည်ဖြစ်စေ မဝေဖန်သည်ဖြစ်စေ သူဂရုမစိုက်။ ဤနေရာက အင်မတန်‌ခြောက်ခြားစရာကောင်းလွန်ပေသည်…

အလင်းရောင်များစွာ ရှိနေမှန်းသိသာနေသော်လည်း ယခုအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး ချမ်းစိမ့်မှုကိုသာ ခံစားနေရ၏။

“တာ့ဖူ ဒီဟာတွေကို အနံ့ခံပြီး ငါ့ကိုလူရှာပေး”

ရှဲ့ချောင်သည် သူမ၏လက်ကိုဆန့်ကာ တာ့ဖူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

အခြားသူများအတွက်မူ သူမက လေကိုထိပြီး ကြင်ကြင်နာနာနှင့် ပြုံးပြနေခြင်းသာဖြစ်ပေသည်။

တာ့ဖူသည် အမြီးတနှံ့နှံ့လုပ်လျက် စောင်ကို အနံ့ခံနေ၏။

ခဏအကြာတွင် ၎င်းက ရှဲ့ချောင်ကိုဟောင်လေသည်။

ရှဲ့ချောင်သည် ချက်ချင်းထကာ အိမ်များကို

ဖြတ်သွားလျက် ခွေးအား လမ်းပြစေခဲ့သည်။

တာ့ဖူ၏ ဝိဉာဉ်သည် အရှေ့မှာရှိနေ၏။ ၎င်းသည် လူသားတစ်ယောက်၏ ဝိဉာဉ်နှင့်မတူပေ။ အလျင်မလိုပါက ခြေလေးချောင်းဖြင့်သာ လျှောက်သွားပြီး လွင့်မျော‌နေလိမ့်မည်မဟုတ်ချေ။

ကျောက်ရွှမ်ကျင်း ပေါ်လာချိန်တွင် ရှဲ့ချောင်နှင့်အစောင့်များ လမ်းမထက်တွင် ဖြည်းဖြည်းချင်းလမ်းလျှောက်နေကြသည်ကို တွေ့လိုက်ရ၏။

သူတို့သည် မြင်းလှည်းထဲတွင် ထိုင်မနေကြ။ထိုအစား တစ်လှမ်းချင်းစီ လျှောက်နေကြသည်။ ရံဖန်ရံခါ ရပ်တန့်သွားပြီး ခဏတာရပ်နေကြသည်မှာ တစ်‌စုံတစ်‌ယောက်ကို စောင့်နေသည့်အလားပင်။

အစောင့်များစွာက ခေါင်းများဟိုလှည့်ဒီလှည့်လုပ်နေကြသဖြင့် လမ်းပေါ်ရှိလူများ ကြောက်လန့်ကုန်ကြသည်။ သူတို့သည် ခပ်ဝေးဝေးတွင်သာနေပြီး သူတို့နားကို မသွားရဲကြပေ။

“သူတို့ ဘာလုပ်နေကြတာလဲ?!”

ကျောက်ရွှမ်ကျင်းလည်းသိချင်နေသည်။

“မုဆိုး‌တွေက သားကောင်ကို အမဲလိုက်ဖို့အတွက် အမဲလိုက်ခွေးကိုသုံးနေတာနဲ့တူတယ်”

“ဒါပေါ့ အမှန်ပဲ”

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။

“ခွေးဝိဉာဉ်လား” တိရိစ္ဆာန်တစ်ကောင်၏ ဝိဉာဉ်သည် မည်သည့်ပုံမျိုးရှိနေမည်ကို ကျောက်ရွှမ်ကျင်းဘယ်တုန်းကမှ မသိခဲ့ပေ။

“အင်း တာ့ဖူက သိပ်အထင်ကြီးဖို့ကောင်းတယ်၊ သူ အသက်ရှင်တုန်းက သခင်ဆီကနေ ယဉ်ပါးအောင် သင်ပြပေးခံထားရတယ်လေ၊ လူတို့ ပစ္စည်းတို့ရှာဖို့လောက်က အလွယ်လေးရယ်၊သေရင်ရှင်ရေး အချိန်တွေဆို တိုက်တောင်တိုက်ခိုက်နိုင်တယ်!”

သူမ လေလုံးထွားနေခြင်းမဟုတ်သော်လည်း လူသားဝိဉာဉ်တစ်ကောင်တောင်မှ တာ့ဖူ‌ကို အနိုင်မယူနိုင်ချေ။

၎င်း၏ အစွယ်များသည် ထက်လှကာ အသက်ရှင်စဉ်က သွေးထားပေးခြင်းပင်။ ၎င်းကိုက်သည့်အခါ ကျားတစ်ကောင် မြေခွေးတစ်ကောင်ဆီကကိုက်ခံရသည်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

“ဒါနဲ့ အရှင့်သားက ဒီမှာဘာလုပ်နေတာလဲ”

ရှဲ့ချောင်သည် တာ့ဖူကိုသာ တစ်ချိန်လုံးကြည့်နေကာ ကျောက်ရွှမ်ကျင်းကို ကြည့်တောင်မကြည့်ပေ။

ကျောက်ရွှမ်ကျင်း၏ နှလုံးသားထဲ ခါးသီးသွားရသည်။

သူသာ ဒီကိုမလာခဲ့ရင် ဘယ်လိုလုပ်မလဲ?

ဤလောကကြီးထဲ၌ သူ့လို သက်ရှိလူသားတစ်ယောက်ရှိသေးမှန်း သူမ မေ့သွားမှာကိုတောင် ကြောက်မိနေလေပြီ။

“ဆရာတူအစ်မပဲ ကောင်းမှုတွေလုပ်တဲ့အခါကျရင် ကျွန်တေ့ာ််ကိုခေါ်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား, ကျွန်တော် မျက်နှာပြောင်တိုက်ပြီး အကျိုးအမြတ်အတွက် ကိုယ်တိုင်တောင်းဆိုဖို့ လာခဲ့တာ”

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်နောက်ကနေ လျှောက်ကာ ခေါင်းညိတ်လို့နေ၏။သူမ၏ နောက်ကျောပြင်ကိုကြည့်လိုက်ချိန် သူ့ရဲ့မျက်ခုံးတို့ မတတ်သာဘဲ ပြေလျော့သွားရသည်။ ရှဲ့ချောင် သူ့အား မောင်းမထုတ်ချင်ခဲ့ပေ။

သူမနောက်ကို သူလိုက်လာလျှင်လည်း ကောင်းပေ၏။

သေရေးရှင်ရေး ကြုံလာပါက သူမကို ကယ်‌ပင်ကယ်နိုင်လိမ့်မည်။

တာ့ဖူသည် မြို့ပြင်သို့ထွက်မသွားခဲ့။ နောက်ဆုံး၌ အိမ်တစ်အိမ်၏ ဝင်ပေါက်သို့ရောက်ရှိသွားသည်။ ထို့နောက် ၎င်းသည် ရှဲ့ချောင်အား အကြိမ်းအနည်ငယ် ခေါ်လိုက်၏။ ထိုလူအထဲမှာ ရှိနေလောက်သည်ဟု ခန့်မှန်းမိပုံပင်။

ရှဲ့ချောင် ထိုအိမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သူမ ခံစားမိနေ၏။

သူမ စဉ်းစားကြည့်ပြီး နောက်တစ်ကြိမ် ထပ်၍ ပတ်ကြည့်လိုက်ပြန်သည်။ ထိုအိမ်သည် ပုံမှန်ဟုထင်ရသော်ငြား အမှန်တွင် တစ်ခုခုရှိနေလေသည်။ ဒြပ်စင်ငါးခု၏ အရှိန်အဝါအား ပြောင်းလဲ‌စေသည့် အစီအရင်ကိုဖြစ်ပေါ်စေသော အရာဝတ္ထုများ အပြင်ဘက်တွင် ရှိနေ၏။ ရှင်းရှင်းဆိုရသော် ၎င်းကို မကောင်းဆိုးဝါးစွမ်းအင်အား ဖုံးကွယ်ရန်နှင့် တာအိုဆရာများအား လှည့်စားရန်သုံးထားခြင်းဖြစ်ပေသည်။

“ဒီမှာ အကာတစ်ခုရှိနေတယ်၊ ဒီအိမ်က ဘာပြဿနာမှမရှိဘူး ထင်ရပေမဲ့ တကယ်လို့ အကာကိုသာဖယ်

လိုက်မယ်ဆိုရင် မကောင်းဆိုးဝါးစွမ်းအင်က ကောင်းကင်ထိထိုးထွက်သွားမှာတောင် ကြောက်ရတယ်”

သူမလက်ထဲတွင် သံလိုက်အိမ်မြောင်တစ်ခုရှိနေကာ သံလိုက်အိမ်မြောင်ပေါ်ရှိ ပြသမှုသည်လည်း ခါတိုင်းကဲ့သို့ပင်။ အခြားတာအိုဆရာများ ဤနေရာကိုဖြတ်သွားခဲ့လျှင် သံလိုက်အိမ်မြောင်လောက်ဖြင့် ဘာကိုမှ မမြင်နိုင်မှာသေချာပေသည်။ သို့သော်ငြားသူမကမူ ဆိုးရွားသည့်အငွေအသက်ခပ်ဖျော့ဖျော့ကို ခံစားမိပြီး… မကောင်းဆိုးဝါးဝိဉာဉ်များ၏ အော်ဟစ်သံများကိုပါ.. ခပ်ရေးရေးကြားနေရလေသည်။

•••••

All Chapters