← Chapters

အခန်း (၁၀၀၉-၁၀၁၂)

Vol. 52 Ch. 1009-1012

အခန်း (၁၀၀၉-၁၀၁၂)

Vol. 52 Ch. 1009-1012

အခန်း ၁၀၀၉။ စည်းစိမ်ဥစ္စာ

သူမ အာရုံခံ၍ရလာသော အငွေ့အသက်နှင့် ကြားနေရသော အသံတို့သည် သူမအရှေ့ရှိ တည်ငြိမ်နေသောာမြင်ကွင်းနှင့် မကိုက်ညီနေပေ။ ထို့ကြောင့် အနားဝန်းကျင်ရှိ အစီအရင်များကို ရှာဖွေနေချင်ရခြင်းပင်။

သူမတွင်သာ ဤကောင်းကင်မျက်လုံးတစ်စုံမရှိခဲ့ပါက လွဲချော်သွားလောက်ပေသည်။

“ကျွန်‌တော်မျိုး ဒီအိမ်အကြောင်းသိပါတယ်”

အစောင့်တစ်ဦးက ရုတ်တရက်ဆိုလာ၏။

“ဒီနားလေးမှာ ကျွန်‌တော့်အမျိုးတွေနေကြတာ၊ ဒီအိမ်က အမြဲတမ်းအလွတ်အတိုင်းပဲ၊ ဘယ်သူမှလည်း မနေဘူး၊ အထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ရှိတယ်လို့တော့ ကြားဖူးတယ်”

ဆရာမနှင့် အိမ်ရှေ့စံမင်းသားတို့ သူ့အားစိုက်ကြည့်နေကြသည်ကိုမြင်၍ အစောင့်က ချက်ချင်းရှင်းပြလေသည်။

“ဒီအိမ်ရဲ့ သခင်က အကျင့်သီလမရှိဘူး၊ တဏှာရာဂကြီးတဲ့သူတစ်ယောက်လို့တောင် ကြားဖူးတယ်၊ သူအသက်ရှင်တုန်းက အမျိုးသမီးတစ်ယောက်ကို တိတ်တိတ်လေး ပြန်ပေးဆွဲပြီး သတ်ပစ်ခဲ့တယ်၊ အဲဒီမျိုးသမီးမိသားစုကလည်း သူ့ကိုလာရှာကြတာပေါ့၊ အဲယောကျာ်းက မကျေမနပ်ဖြစ်ပြီး သူ့ဇနီးကို တွန်းပို့ပြီး ဖြေရှင်းခိုင်းလိုက်တယ်၊ သူ့ဇနီးခမျာ ပြဿနာလာရှာတဲ့သူတွေရယ် ပွဲကြည့်ဖို့လာတဲ့သူတွေဆီကနေ တိုက်ခိုက်ခံခဲ့ရတယ်၊ အတွန်းခံရတော့ ကိုယ်ဝန်တောင်ပျက်ကျသွားတယ်တဲ့၊ သူလည်း ဝမ်းနည်းစိတ်ရော ရှက်တဲ့စိတ်ရောနဲ့ အဆုံးစီရင်ပြီး သေသွားခဲ့တာ”

“နောက်ပိုင်းကျတော့ အဲဒီလူလည်း အရက်အလွန်အကျွံသောက်ပြီးသေ၊ သူ့မိဘတွေကလည်း တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်၊

အစေခံတွေကလည်း သေတဲ့သူကသေ ထွက်ပြေးတဲ့သူက ထွက်ပြေးကြတာပေါ့၊ မျိုးနွယ်ခေါင်းဆောင်က အိမ်ကြီးကို ရောင်းပစ်လိုက်ပေမဲ့ ဝယ်တဲ့သူက အိမ်ကိုပြောင်းလာပြီးနောက်ပိုင်း မိသားစုမှာတစ်ခုခုဖြစ်သွားခဲ့တယ်၊ ဒီအိမ်ကြီးက မသန့်ရှင်းဘူးလို့ ပြောကြတဲ့ ကောလာဟလတွေမှ အများကြီးပဲ”

“ဒါပေမဲ့ ဒါကနှစ်တော်တော်ကြာနေပြီ၊ အိမ်ပိုင်ရှင်လည်း တစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့တယ်၊ ဝယ်တဲ့သူတွေက နှစ်ဝက်တောင်မခံဘူး ပြန်ရောင်းသွားကြပြန်ရော၊ အခုတော့ ဒီအိမ်ကြီးကို ဈေးနည်းနည်းနဲ့ရောင်းရင်တောင် ဘာ်သူမှ ဝယ်ရဲမှာမဟုတ်ဘူး၊ ဒီအိမ်ကြီးက ဒီနေရာရဲ့ သရဲခြောက်တဲ့အိမ်ကြီးဆိုပြီး နာမည်ကြီးလာခဲ့တော့တာပဲ”

အစောင့်သည် တော်တော်များများကိုသိထားခြင်းပင်။

စင်စစ် သူသည် ယခုလို လျှို့ဝှက်ဆန်းကြယ်သော ကောလာဟလများကို သိသူမဟုတ်။

သူသည် ဆရာမော့အား အကြိမ်ပေါင်းများစွာမြင်လာရပြီးနောက်ပိုင်း အခုလိုအရာတွေကိုစတင်စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

ဤအနီးဝန်းကျင်၌ သရဲခြောက်သည့် အိမ်တစ်လုံးရှိကြောင်း ကြားသည့်အခါ သူ၏ဆွေမျိုးများအား မေးမြန်းကြည့်ခဲ့ခြင်းပင်။

“ဒီအိမ်ရဲ့တည်နေရာက မဆိုးဘူး၊ ပြီးတော့ ဈေးကလည်း အရမ်းသက်သာတယ်၊ အဲဒါနဲ့ အစက.. ဒီအိမ်ကိုဝယ်မယ် ပြီးရင် ဆရာ့ကို အခကြေးငွေတချို့ပေးငှားပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေကို မောင်းထုတ်ဖို့ ရိုးရာပွဲပေးခိုင်းရမယ်ဆိုပြီးတောင် စိတ်ကူးနေသေးတယ်၊

အလုပ်ဖြစ်တယ်ဆို ကျွန်တော် အခုကစပြီးဒီမှာနေသွားမလို့လေ…”

“မင်းရဲ့အကြံက ကောင်းသားပဲ၊ ယုတ္တိရှိတယ်”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

အစောင့်မှာ ရွှင်ပျသွား၏။

“ဆရာ ကျွန်‌တော်ရဲ့ ဒီအလုပ်ကိုလက်ခံပေးနိုင်မလား?!

ကျွန်တော့်မှာ အကြံရှိတယ်ဆိုပေမယ့် ဆရာ့ရဲ့အလုပ်ကိစ္စတွေကို နှောင့်နှေးသွားမှာကြောက်လို့ ထုတ်မပြောရဲဘူးဖြစ်နေတာ!”

“မင်း ငါ့ကိုပိုက်ဆံပေးမှာပဲမဟုတ်ဘူးလား၊ လက်ခံပေးနိုင်တာပေါ” ရှဲ့ချောင်သည် ဤကိစ္စအား လုပ်ကိုလုပ်ရမည့်ကိစ္စသဖွယ် ပြုမူနေပြီးနောက် လေးနက်စွာဖြင့် “ ကျွန်မက ငွေလိုနေတာ၊ ကျန်တဲ့သူတွေလည်း အတူတူပဲ၊ တောင်းဆိုစရာရှိရင် တောင်းဆိုလို့ရတယ်…ရိုးရာပေးဖို့တောင်းဆိုမယ်ဆိုရင် လျှော့စျေးပေးမယ်”

ထိုသို့ပြောလိုက်သည့်အခါ အစောင့်မှာ ထခုန်လုနီးနီးပင်။

သူက အိမ်ရှေ့စံမင်းသားအား မျှော်လင့်တကြီးကြည့်လိုက်၏။

သူ့မိသားစုသည် အဆင်ပြေသည်ဆိုသော်ငြား အိမ်မှာ ညီအစ်ကိုများရှိနေသေးသည်။ သူသည် အကြီးဆုံးသားမဟုတ်၍ အနှေးနှင့်အမြန်မောင်းထုတ်ခံရမည်ဖြစ်သောကြောင့် သင့်တော်မည့် အိမ်တစ်လုံးကို အမြဲတမ်းလိုလို ရှာချင်နေခဲ့ခြင်းဖြစ်၏…

အိမ်ရှေ့စံမင်းသားနောက် နှစ်များစွာလိုက်လာပြီနောက်ပိုင်း သူ့မှာ အတော်အတန်စုဆောင်းမိပြီးဖြစ်သည့်တိုင် မြို့တော်ရှိအိမ်များက စျေးကြီးလွန်းသည်…

သို့သော် ဤအိမ်ကတော့ ငွေစ ခုနစ်ထောင် ရှစ်ထောင်လောက်သာ ကုန်ကျလိမ့်မည်။

စျေးချိုသည်ဆိုတာထက်ပင် ပိုသေး၏။ အလကားပေးနေသည့်အတိုင်းပင်။

“လုပ်လေ” ကျောက်ရွှမ်းကျင်းသည် အစောင့်များအပေါ် သက်ညှာသူဖြစ်၏။ အနှီသူသည် မကောင်း

သည့်ကံများကို မဖယ်ရှားပေးခင် ကြားနေပွဲစားဆီ သွားမည်ကိုသိနေ၍ သူ့ကိုမတားခဲ့ပေ။

“ကောင်းတာပဲ” အစောင့်မှာ အပျော်လွန်သွားသည်။

“ဆရာမ ဒီအိမ်က ကျွန်တော့်အိမ်ဆိုတော့ ကံအညံ့တွေဖယ်ပေးဖို့အတွက် စရံငွေ အရင်ပေးထားမယ်”

ထိုသို့ပြောပြီးနောက် သူသည် ရှဲ့ချောင်လက်ထဲသို့ ငွေစတစ်ရာကိုထည့်ပေးကာ ထွက်ပြေးသွားလေသည်။

အခြားအစောင့်များ၏ မျက်နှာထက်တွင် မနာလိုသည့်အကြည့်များဖြစ်နေကြ၏။

“ဒီကလေးပြေးသွားတာ မြန်ချက်။ ငါတို့ညီအစ်ကိုတွေ သူ့ကိုတိုက်ခိုက်မှာကြောက်နေတာလား”

“ဒီလိုနေရာကောင်းမျိုး ရှိမှန်းမသိခဲ့ဘူး။ ငါသာ သူ့ထက်အရင်သိခဲ့ရင် သေချာပေါက်ဝယ်ခဲ့မှာ။ညီအစ်ကိုကညီအစ်ကို အိမ်ခြံမြေက အိမ်ခြံမြေပဲ။ သူ့ကို မပေးနိုင်ပါဘူး၊ ဒီလိုအိမ်ကြီးကို လွတ်သွားတာ နှမြောစရာကောင်းချက်”

ထိုစကားကြောင့် လူတိုင်းမရယ်မိဘဲ မနေနိုင်ကြချေ။ သူတို့ မနာလိုဖြစ်မိတာ မှန်သော်လည်း အင်မတန်ပျော်နေကြသည်။ ထို့အပြင် ဆရာ့၏စကားအရ နောင်တစ်ချိန်မှာ ယခုလိုအိမ်မျိုးရှာလို့ရပြီး စည်းစိမ်ဥစ္စာနှင့် အကျိုးအမြတ်တချို့ရနိုင်ပေသည်။

•••••

အခန်း ၁၀၁၀။ ဒုစရိုက်မှုကျူးလွန်ခြင်း

ရှဲ့ချောင်အတွက်မူ ဤအခိုက်အတန့်အား ရယ်စရာကောင်းသည်ဟု မမြင်မိပေ။

သူမအရှေ့မှာ ရှိနေသောအိမ်ကြီးအား လေးနက်သည့်အမူအရာဖြင့်သာ စူးစိုက်ကြည့်လို့နေ၏။

ကျောက်ရွှမ်ကျင်းလည်း သူမ မျက်နှာမကောင်းမှန်းမြင်၍ ခဏစဉ်းစားပြီးနောက် ဆိုလိုက်သည်။

“အိမ်လေးတစ်အိမ်ပဲကို၊ အစွမ်းကြီးတဲ့ တာအိုဆရာတစ်ယောက်ရှိတယ်ဆိုရင်တောင် သူကတစ်ယောက်တည်းပဲလေ၊ ကျွန်တော် အဖွဲ့တစ်ဖွဲ့လွှတ်လိုက်မယ်၊ သူ့ကိုဖမ်းဖို့ မခက်လောက်ပါဘူး”

“မခက်ပါဘူး”

ရှဲ့ချောင် ဝန်ခံသည်။

“ငါတို့သာ လူအင်အားအများကြီးနဲ့တိုက်ခိုက်ရင် ယုတ်မာတဲ့ဂိုဏ်းလည်း အဲဒီလောက် အစွမ်းအစရှိမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေရာက သရဲခြောက်တဲ့အိမ်

ဖြစ်နေတယ်၊ ဝင်သွားတဲ့သူတွေ တစ်ခုခုဖြစ်သွားနိုင်ချေများတယ်၊ သူ့ကိုဖမ်းနိုင်ရင်တောင် သူတို့တွေ တန်ရာတန်ကြေးကို ပြန်ပေးနေရလိမ့်မယ်”

၎င်းက ယန်စွမ်းအင်သို့မဟုတ် ဘဝသက်တမ်းဖြစ်နိုင်ပေသည်။

လူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်မျိုးလည်း ဖြစ်နိုင်သော်ငြား တစ်ခါတစ်ရံ အန္တရာယ်ဆိုသည့်အရာက မျက်စိနှင့် မမြင်နိုင်ပေ။

မကောင်းသည့်စွမ်းအင်ဖြင့် ညစ်စွန်းသွားသော လူတစ်ယောက်၏ ကံတရားမှာ ပြောင်းလဲသွားနိုင်သည်။

အစောင့်များသည် အမိန့်အတိုင်းဆောင်ရွက်ရမည့် တာဝန်ရှိသော်လည်း သူတို့၏ ကံတရားကိုသက်ရောက်မှုရှိသွားစေလို့ မသင့်ပေ။

ကျောက်ရွှမ်ကျင်းသည် ဤအစောင့်များအပေါ် အမြဲတမ်းလိုလို ကြင်နာခဲ့သည်။ သူမ၏ စကားများကိုနားထောင်ပြီးနောက် အတင်းအကျပ်မပြောလိုတော့ပေ။

“ အခု ဘယ်လိုလုပ်ကြမှာလဲ”

“လောလောဆယ် အိမ်ထဲကအခြေနေကိုမသိသေးဘူးဆိုပေမဲ့ ငါ့အထင် ငါရှာနေတဲ့ဝိဉာဉ်တွေသာ ဝမ်ကျူးလဲ့နဲ့ပတ်သက်နေမယ်ဆို သူ့ကိုတစ်ယောက်တည်း ကိုယ်တွယ်နိုင်မယ်မထင်ဘူး၊ ယွှီရွှီဘုရားကျောင်းက.ပညာရှင်တွေကို..အကူအညီ‌တောင်းလိုက်မယ်ဆိုရင်ရော”

ရှဲ့ချောင်က နှိမ့်ချစွာ ပြောလိုက်၏။

ရှဲ့ချောင်နှုတ်ကနေ ယခုလိုစကားမျိုးပြောခြင်းအား ကျောက်ရွှမ်ကျင်း ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်!

အတိတ်တုန်းကဆိုလျှင် ခက်ခဲသည့်အမှုကိစ္စများကိုရင်ဆိုင်ရချိန်တွင်တောင်မှ အံ့ကြိတ်ကာ ရှေ့ဆက်

တိုးတတ်သူဖြစ်၏။

“ယွီရွှီဘုရားကျောင်းက မြို့နဲ့သိပ်မဝေးဘူး၊ သူတို့ကိုခေါ်လာဖို့ လူလွှတ်လိုက်မယ်၊ ဒါပေမဲ့ နောက်တောင်ကျနေပြီဆိုတော့ ဒီညတော့ စော‌ေစာပြန်ပြီး မနက်ဖြန်အတွက် အစီအစဉ်ဆွဲကြတာပေါ့၊ ဆရာတူအစ်မရော ဘယ်လိုထင်လဲ၊ အစ်မ စိတ်ပူစရာမလိုပါဘူး၊ အိမ်ကိုစောင့်ကြည့်ဖို့ အစောင့်တစ်ယောက် လွှတ်ထားလိုက်မယ်၊ ယင်ကောင်တစ်ကောင်တောင် ပျံမထွက်စေရဘူး”

ကျောက်ရွှမ်ကျင်းသည် သူမ၏ မျက်လုံးများကို ကြည့်နေကာ သူ့နှလုံးသားထဲ အနည်းငယ်နာကျင်သွားရသည်။

သူမ၏ ပင်ပန်းနွယ်နေသော မျက်လုံးများအား လုံးဝ မဖုံးကွယ်နိုင်ခဲ့ပေ။

သူမ ဤရက်များထဲ ကောင်းကောင်းအနားမယူရသေးခြင်း ဖြစ်လောက်သည်။

“ကောင်းပြီလေ ကြမ္မာဥယျာဥ်ဆီလိုက်ခဲ့ဖို့ တစ်ယောက်လွှတ်လိုက်၊ အဆောင်စာရွက်တချို့ယူပြီး လူတိုင်းကိုဝေးပေးခိုင်း။ သူတို့တွေ အထဲမဝင်သွားသ၍ ပြဿနာကြီးကြီးမားမားရှိမှာမဟုတ်ဘူ”

ရှဲ့ချောင် ထိုအကြောင်းစဥ်းစားမိသည့်အခါ ရှက်သွားရသည်။ သူမသည် တာအိုဆရာတစ်ယောက်ဖြစ်နေပြီး ဤအစောင့်များက သူမအတွက် အလုပ်လုပ်ပေးနေသည်ကို သူမ၌ သူတို့ကိုကျေးဇူးတင်လက်‌ဆောင်ပေးစရာရှိမနေပေ…

သူမ၏ ပိုက်ဆံအိတ်က…ပြည့်မနေပေ။

တချို့သော အစောင့်များသည် ဆင်းရဲသောမိသားစုများမှ လာကြသလို တချို့ကလည်း ချမ်းသာကြသည်။ သူတို့၏ လစာများက မြင့်နိုင်ပြီး သူမပေးသော အကျိုးအမြတ်များကို တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။

“ဒီကိစ္စပြီးသွားရင် သူတို့အတွက် အန္တရာယ်ကင်းအောင်လို့ ပန်းဖွားရက်ပေးမယ်”

ရှဲ့ချောင် စဥ်းစားပြီးပြောလိုက်လေသည်။

၎င်းအား ဓားတိုနှင့် ဓားရှည်များတွင် ချိတ်ဆွဲထားနိုင်၏၊ သေရေးရှင်ရေး အခိုက်အတန့်များတွင် သူတို့၏ အသက်အားကယ်တင်နိုင်ပေလိမ့်မည်။‌

ကျောက်ရွှမ်းကျင်းသည် ခဏတာ တွေဝေသွားခဲ့ကာ မသိစိတ်ကနေ ငြင်းမိချင်ခဲ့သည်။

ခက်ခဲပင်ပန်းသောတာဝန်ဖြစ်‌ေနေလေရာ အဘယ်ကြောင့် ဒီလောက်ကြိုးစားနေစရာလိုမှာလဲ?

သို့သော်လည်း နောက်ဆုံးတွင်မူ သူပြုံး၍ သဘောတူ့ခဲသည်။

“ဒါဆို ဆရာတူအစ်မကို ဒုက္ခပေးရတော့မယ်”

“ဒါပေမဲ့ အဲဒါက အချိန်ကြာမှာ၊ ငါ့မှာလည်း ဒီတလောလုပ်စရာတွေများတော့ အချိန်တိုအတွင်းတော့ လုပ်နိုင်ဦးမှာ မဟုတ်ဘူး”

ရှဲ့ချောင်၏ ပုံမှာသိက္ခာရှိလှပေသည်။

“ဆရာတူအစ်မပြောတာ နားထောင်ပါမယ်”

သူမ အိမ်ပြန်ပြီး ခဏတဖြုတ်အနားယူနိုင်ဖို့ ကျောက်ရွှမ်းကျင်းဆုတောင်းမိသည်။

ယခုတောင်မှ သူ့အရင်ကပုံစံနှင့် ရှဲ့ချောင်အား သူ့အတွက် လက်ဆောင်ထွင်းပေးစေရန် နည်းလမ်းများကို စဥ်းစားမိခဲ့၍ ဒုစရိုက်မှုတစ်ခု ကျူးလွန်ခဲ့သလို ခံစားနေရသည်။

ထိုညက ကျောက်ရွှမ်းကျင်းသည် ယွီရွှီဘုရားကျောင်းမှ ဆရာများအား လူလွှတ်၍ ဖိတ်ကြားစေခဲ့သည်။

ယွမ်ချန်းကျစ်သည် သူ့ကိုဖိတ်ကြားသူမှာ မော့ချူးရှန်းဖြစ်ကြောင်းကြားချိန်တွင် တုံ့ဆိုင်းမနေရဲဘဲ ဘုရားကျောင်းမှ ချက်ချင်းထွက်ခွာခဲ့သည်။ ထိုမျှသာမက ဤကိစ္စတွင် မကောင်းဆိုးဝါးဂိုဏ်းတစ်ခုပါ ပါဝင်ပတ်သက်နေကြောင်း ကြားသိခဲ့ရ၏။ သူ့နှလုံးသားထဲ လေးလံနေ၍ သူနှင့်အတူ အခြား ဆရာတူအစ်ကိုသုံးယောက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။

“မြို့တော်မှာ မ‌ကောင်းဆိုးဝါးဂိုဏ်းပေါ်လာတာ နှစ်

နှစ်ဆယ်လောက်ရှိသွားပြီ ဟုတ်တယ်မလား”

ယွမ်ချန်းကျစ် မြို့တော်သို့ရောက်သို့သည်နှင့် ဆရာတူအစ်ကိုသုံးယောက်တို့က တည်းခိုဆောင်တွင် ထိုင်ကာ စကားစမြည်ပြောခဲ့ကြလေသည်။

•••••

အခန်း ၁၀၁၁။ သာမညောင်ည မော့ချူးရှန်း

လွန်ခဲ့သော အနှစ်နှစ်ဆယ်က လောကကြီးထဲတွင် အဆင့်မြင့်ကျင့်ကြံသူ ဘုန်းတော်ကြီးအရေအတွက်များစွာရှိခဲ့သည်။

ထိုအချိန် သုံးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ် တာအိုဆွေးနွေးပွဲကြီးကျင်းပလေ့ရှိ၏။ လောကတစ်ခွင်မှ တာအိုဆရာများစွာသည် သူတို့၏ တပည့်များနှင့် သူတို့အချင်းချင်းယှဥ်ရန်အတွက် စုဝေးလာရောက်ကြသည်။

သို့သော် တရားလမ်းကျသော ဂိုဏ်းများမှ တာအိုဆရာများစွာရှိသလို မကောင်းဆိုးဝါးဂိုဏ်းမှ တာအိုဆရာများစွာလည်းရှိကြသည်။

ထိုလူ၏ တာအိုကျင့်စဥ်များမှာ လေးနက်သိမ်မွေ့ကာ သူသည် မူလက အထက်လမ်းဂိုဏ်းမှဖြစ်၏။ သူရေးဆွဲသော အဆောင်စာရွက်များ၏ အစွမ်းမှာ

ကောင်းလှသည်။ အစီအရင်များအသုံးပြုရာတွင်လည်း အလိုအလျောက်ဖြစ်ပေါ်လာတတ်ကာ သူသည် ဤနယ်ပယ်တွင် ကံကောင်းသူတစ်ယောက်ဖြစ်ပေသည်။ သို့သော်လည်း သူသည် တာအိုကျင့်စဥ်၏ ကန့်သတ်ချက်မျာကိုကျင့်ကြံခဲ့ကာ သူသာ တာအိုပညာကို မှန်ကန်စွာလိုက်စားနေသ၍ တစ်နေ့တွင် ကျိန်းသေပါက် ကောင်းကင်ဘုံသို့တက်လှမ်းနိုင်ပြီး စစ်မှန်သည့် မသေမျိုးသူတော်စင်တစ်ပါးဖြစ်လာလိမ့်မည်ဟု မှတ်ယူထားခဲ့သည်။

သို့သည့်တိုင် ဆင်ခြင်တုံတရားရှိကြသူများမှာမူ သူတို့သည် ဒြပ်စင်ငါးသွယ်ကိုနားလည်ပြီး လောကကြီးထဲရှိ နတ်ဘုရားနှင့် မသေမျိုးမျာကို လေးစားနေသော်လည်း သူတို့ အဆောင်စာရွက်ရေးဆွဲနေသည်ဆိုလျှင်တောင် သူတို့ဟာ သေမျိုးလူသားများဖြစ်နေကြဆဲဆိုခြင်းကို သိကြသည်။ မသေမျိုးဟူသည်က မရေရာသည့်တောင်းဆိုမှုသက်သက်သာ။

သို့သော်ငြား ထိုလူကမူ ဘယ်သောအခါမှာ မယုံကြည်ခဲ့ပေ။

သူသည် အထက်လမ်းဂိုဏ်းမှ မသေမျိုးအဖြစ်ကို မရှာဖွေနိုင်သည့်အတွက် မကောင်းဆိုးဝါးဂိုဏ်းသို့ သွားခဲ့လေသည်။

ထိုအတွက်ကြောင့်နှင့် သူ၏ ဂိုဏ်းဖော်တာအိုဆရာများစွာကိုပင် သေစေခဲ့သည်။ ထိုအချိန်က သေဆုံးခဲ့ကြသည့် နာမည်ကျော် တာအိုဆရာတစ်ဝက်နီးပါးမှာ တိုက်ပွဲတွင် ကျရှုံးခြင်းကြောင့် သေခဲ့ရသည်ဟုပင် ဆိုနိုင်ပေ၏။

အလားတူပင် ထိုလူ၏ အဆုံးသတ်လည်း မကောင်းမွန်ခဲ့ပေ။

နှစ်ပေါင်းမျာစွာ ကြာပြီးချိန်တွင်တောင် ယွမ်ချန်းကျစ်နှင့် အခြားသူများအတွက် “မကောင်းဆိုးဝါးဂိုဏ်း” ဟူသော စကားလုံးအား ကြားရသည့်အခါ မသက်မသာခံစားကြရဆဲ။

“ခင်ဗျားတို့က ဒီမော့ချူရှန်းကို မမြင်ဖူးသေးလို့။ သူနဲ့ မော့လင်းကျစ်က တစ်ဂိုဏ်းတည်း ပြီးတော့ သူ့ရဲ့အရည်အချင်းတွေက မော့လင်းကျစ်ထက်မနည်းဘူး နောက်ပြီး သူမက ယင်းယန်မှာ နဂိုကတည်းက ကျွမ်းကျင်နေတဲ့သူ။ သူ့ရဲ့ မွေးရာပါ အရည်အချင်းတွေပါပေါင်းလိုက်ရင် မော့လင်းကျစ်ထက်တောင် သာသေးတယ်။ သူ့လိုလူကတောင် ကိုယ်တိုင်မကိုင်တွယ်နိုင်ဘူးလို့ပြောလာတာဆိုတော့ ဒီမကောင်းဆိုးဝါးဂိုဏ်းက တော်တော်ကြီး အင်အားကြီးနေမှာ စိုးတယ်”

ယွမ်ချန်းကျစ်သည် လက်ဖက်ရည်တစ်ခွက်သောက်ကာ သူ့ကိုယ်သူ စိတ်အေးအောင်လုပ်လေသည်။

သူ၏ ဂိုဏ်းဖော်တချို့က သူ့ကိုမယုံကြည်ကြပေ။

“မော့လင်းကျစ်က သူ့မှာ ဆရာတူညီမရှိတယ်လို့ တစ်ခါမှမပြောဖူးပါဘူး။ သူက ရွှေယွဲ့ဘုရားကျောင်းကရော ဟုတ်ရဲ့လား”

“ဒါပေါ့”

ယွမ်ချန်းကျစ်က အခိုင်အမာ ပြောလေသည်။

ရှဲ့ချောင်လည်း အချိန်ကိုက်ရောက်ရှိလာ၏။

သူမရောက်ရှိလာသည်နှင့် ယွမ်ချန်းကျစ်က ချက်ချင်းမတ်တပ်ထရပ်လေသည်။

“ဆရာမမော့!”

အခြား ဂိုဏ်းသားသုံးယောက်က တွေဝေစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ဒါက ယွမ်ချန်းကျစ်ပြောတဲ့ မော့ချူးရှန်းဆိုတာလား တာအိုပညာမှာ ဆရာတစ်ဆူဖြစ်ပြီး အင်မတန်တော်တဲ့ မော့ချူးရှန်းလား၊ သူမပုံစံက… ရေလိုမျိုး တည်ငြိမ်နေပြီးတော့ ခံ့ညားထည်ဝါတဲ့ ဟန်ပန်မျိုးလည်းမရှိ၊ အလွန်ဆုံးမှ သူမက နည်းနည်းပိုပြီး ဂရုမစိုက်ဟန်ရှိကာ ကျက်သရေရှိနေရုံ။ ၎င်းကလွဲပြီး အခြား တာအိုဆရာတွေနဲ့ ဘာမှကွာခြားနေတာမျိုးလည်းမရှိဘူး ဟုတ်တယ်မလား။

သူမရဲ့ပုံပန်းသွင်ပြင်ကို ကြည့်ရရင်..

သာမ‌ညောင်ည အဆင့်သာ !

သို့သော် ယွမ်ချန်းကျစ်၏ ဆရာတူအစ်ကိုများထဲတွင် ကွမ်းလွမ်ဟူသော ဓမ္မအမည်ဖြင့် ဆရာတူအစ်ကိုတစ်ယောက်ရှိ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤအမျိုးသမီး၏ အရိုးများနှင့် ပုံပန်းသဏ္ဌာန်သည် မူမှန်မနေဟု တွေးမိလိုက်သည်။ သူမရဲ့ပုံစံအမှန်ဟာ ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်။

သို့သော် သူ မမေးဖြစ်ခဲ့ပေ။

“လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာတို့”

ရှဲ့ချောင်သည် အရှေ့သို့လျှောက်သွားကာ အထူးတလည် ယဥ်ကျေးရိုသေလို့နေ၏။

“ကျွန်မ ဆရာတို့ကိုဒီနေ့လာခိုင်းလိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ မကောင်းဆိုးဝါးဂိုဏ်းကိစ္စပဲ။ ကျွန်မက မြို့တော်မှာ မရှိတာကြာပြီဆိုတော့ မြို့တော်ထဲမှာ အထူးချမှတ်ထားတဲ့ စည်းမျဥ်းတွေရှိ

လားရယ် မကောင်းဆိုးဝါးဂိုဏ်းကို ဘယ်လိုကိုင်တွယ်ရမလဲကို မသိလို့ ဆရာကြီးတို့ဆီကနေ အကြံတချို့လောက်တောင်းချင်တာပါ… စည်းမျဥ်းတွေကို သိပြီးသွားရင်‌တော့ ဘာပဲဖြစ်လာလာ ဘာလုပ်ရမလဲသိမှာပါ”

ပြည်နယ်တွင် ဥပဒေများရှိသလို မိသားစုများတွင်လည်း စည်းမျဥ်းစည်းကမ်းများရှိ၏။လူမျိုးစုများကြားတွင်တောင်မှ မျိုးနွယ်စုဆိုင်ရာ စည်းမျဥ်းများရှိပေသည်။

သို့ဖြစ်ရာ တာအိုဆရာများကြားတွင်လည်း ပြည်နယ်ဥပဒေများနှင့်မတူသည့် စည်းမျဥ်းများရှိနေနိုင်သည်။

သို့သော် သူမသည် နှံ့နှံ့စပ်စပ်မသိသေး၍ ထိုအကြောင်းအား မရှင်းလင်းသေးပေ။

“ပုံမှန်ဆရာယောင်တွေဆိုရင်တော့ အစိုးရကပဲ အများဆုံးဖြေရှင်းတာ။ တကယ်လို့တာအိုဆရာတွေက တားမြစ်နည်းလမ်းတချို့ကိုသုံးခဲ့တယ်ဆိုရင်တော့ တာဝန်ယူကိုင်တွယ်ရတဲ့သူက တာအိုဆရာအကြီးအကဲတွေ၊ သူတို့တွေ တခြားသူကိုဒုက္ခမပေး

နိုင်အောင်လို့ သူတို့ရဲ့ကျင့်စဥ်တွေကို ဖျက်ဆီးပစ်ရတာ”

ယွမ်ချန်းကျစ်က ချက်ချင်းပြောလိုက်သည်။

ဤတားမြစ်ကျင့်စဥ်အများစုသည် ပိုပြီးကြီးလေးသော သက်ရောက်မှုရှိကြသည်။

ဥပမာ မကောင်းဆိုးဝါးဝိဥာဥ်များ မွေးထားခြင်းနှင့် သက်ရှိလူသားများအန္တရာယ်ပေးရန် အငြှိုးကြီးဝိဥာဥ်များအား အသုံးချခြင်းတို့။

သို့မဟုတ် အမျိုးသမီး နှင့် ကလေးငယ်များ၏ သွေးအား ယဇ်ပူဇော်ပစ္စည်းအဖြစ် သုံးခြင်းတို့ပင်။

ထိုသို့သော အခြေနေမျိုးတွင် ဂုဏ်သတင်းကြီးမားသည့် ယွီရွှီဘုရားကျောင်းကဲ့သို့သော တာအိုဘုရားကျောင်းမှာ လျစ်လျူရှုထား၍ မရပေ။ ဆိုးယုတ်သည့်ကိစ္စများအား မကောင်းဆိုးဝါးဂိုဏ်းမှ ကျူးလွန်နေသော်ငြား သတင်းသာပျံ့သွာပါက တာ

အိုဂိုဏ်းတစ်ခုလုံးအား အရှက်ရစေလိမ့်မည်ပေ။

သို့သော်လည်း လွန်လေပြီးသောနှစ်များက အောက်လမ်းဂိုဏ်းအနည်းစုသည် ဒုစရိုက်မှုများအား ကျူးလွန်ဝံ့ကြသည်။ တားမြစ်မန္တန်များအား အသုံးပြုခဲ့သူများပင်လျှင် ထိခိုက်မှူသိပ်မရှိစေသော မန္တန်များကိုရွတ်ခဲ့ကြသည်။

•••••

အခန်း ၁၀၁၂။ ဘိုးဘေးများ၏ အရည်အချင်း

ကျင့်စဥ်အား မည်သို့ဖျက်ဆီးပစ်မည်ဆိုခြင်းအတွက်မူ နောက်ထပ် စွမ်းရည်တစ်မျိုးလိုအပ်ပေသည်။

ရှဲ့ချောင်သည် အကြမ်းဖျင်းသဘောပေါက်သွားပြီးနောက်

“အားလုံးလည်း မနေ့က အဖြစ်အပျက်ကို ကြားပြီးလောက်မယ်လို့ယုံတယ်၊ ဖြစ်နိုင်မယ်ဆို ဒီနေ့အဲဒီအိမ်ထဲ သွားကြည့်ကြည့်ကြမလား”

“ရတာပေါ့ ရတာပေါ့”

ယွမ်ချန်းကျစ်သည် ပြုံးလျက် ဆိုလိုက်၏။

ရှဲ့ချောင်သည် စားပွဲထိုးအား စားကောင်းသောက်ဖွယ်ရာတချို့ ယူလာစေလိုက်သည်။

အတူတူစားသောက်ပြီးသွားသည့်နောက် အိမ်ဆီလမ်းလျှောက်သွားခဲ့ကြသည်။

ကျောက်ရွှမ်ကျင်း၏ ကိုယ်ရံတော်သည် ထိုအိမ်အား ဝယ်ယူပြီးသွားပြီဖြစ်၏။ သူသည်လည်း အိမ်ပြင်ဘက်တွင် မျှော်လင့်တကြီး စောင့်စားလို့နေသည်။

ကျောက်ရွှမ်ကျင်းလည်း ရှိနေ၏။

လေးဦးသားသည် ကျောက်ရွှမ်ကျင်းကို မြင်သည်နှင့် တုန်လှုပ်သွားကြကာ သူတို့၏သဘောထားများသည်လည်း ချက်ချင်းဆိုသလို ပိုပြီး ယဥ်ကျေးသွားကြလေသည်။

ဤမြင့်မြတ်သောအမျိုးသားအား သူတို့ အရင်က မြင်တွေ့ဖူးသည်။

သူ့မျက်ခွံပေါ်တွင် နွားမျက်ရည်ကိုပင် သုတ်လိမ်းခဲ့ကြဖူး၏။ ထိုအချိန်ကဖြစ်စေ ယခုဖြစ်စေ သူတို့အရှေ့တွင်ရှိနေသော သူသည် အင်မတန်မြင့်မြတ်ကြောင်း မြင်နိုင်ပေသည်။

တာအိုဆရာကြီး ကွမ်းလွမ်ဆိုလျှင် ၑကရာဇ်တစ်ပါး၏ အရှီန်အဝါကိုပင် မြင်တွေ့နိုင်၏။ သူ ပိုလို့တောင် ဂရုစိုက်ခဲ့သည်။

“ကျွန်တော် ဆရာတူအစ်မနဲ့ အတူလိုက်ခဲ့မယ်”

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်အနားသို့ရောက်လာသည်နှင့် ပြောလိုက်၏။

“ကောင်းပြီလေ ကိုယ့်ကိုကိုယ် ဂရုစိုက်”

တာအိုဆရာကြီးကွမ်းလွမ်၏ နှလုံးသား တုန်လှုပ်သွားသည်။

ယွမ်ချန်းကျစ်သည်လည်း အနည်းငယ်အံ့အားသင့်သွားရသည်။

“မဖြစ်ဘူး မကောင်းဘူးလားလို့လေ။ အထဲမှာ ဘယ်လိုအန္တရာယ်တွေရှိနေမလဲ သိတာမဟုတ်ဘူး။ ဒီသခင်လေးက တာအိုဆရာတစ်ယောက်မဟုတ်တော့ တစ်ခုခုဖြစ်လာခဲ့ရင်….”

ကျောက်ရွှမ်ကျင်း၏ လက်တို့က သူ့ခါးနားတစ်ဝိုက် လှုပ်ရှားသွားသည်။

ယွမ်ချန်းကျစ်သည် မသိစိတ်ကနေ လှမ်းကြည့်လိုက်မိပြီး မှင်တက်သွားခဲ့ရသည်။

သူက တကယ်ကို..ချမ်းသာမြင့်မြတ်သည့်သူပင်။

ရှဲ့ချောင်လည်း မြင်လိုက်၏။

သူ့ခါးတစ်ဝိုက်တွင် ပစ္စည်းတချို့ချိတ်ဆွဲထားသည်။ ၎င်းတို့မှာ သူမ သူ့ကိုပေးထားသော အဆောင်စာရွက်များဖြစ်ကာ များလွန်းလှသည်။ သူ့ကိုပေးထားသော ဓမ္မတူရိယာတချို့နှင့် မက်မွန်သစ်သားဓားကဲ့သို့ ပစ္စည်းများလည်းရှိ၏။ ထို့အပြင် သူမတစ်ခါမှ မမြင်ဖူးသည့် ဟောင်းနွမ်းပြီး တန်ဖိုးကြီးသည့် ဆွဲချိတ်ပြားနှစ်ခုပါ သူ့ခါးထက်တွင် ရှိနေလေသည်။

ရှဲ့ချောင်၏ စိတ်အားထက်သန်နေသည့် မျက်လုံးများကိုမြင်သွားပြီး ကျောက်ရွှမ်ကျင်းက ပြုံး၍ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ မနေ့ညက ခမည်းတော်ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်ကိုရှာရင်း ဒီ မကောင်းဆိုးဝါးနှင်တဲ့ဟာနှစ်ခုကို တွေ့လာတာ။ အသုံးဝင်လောက်တယ်မလား”

သူက ပြောနေရင်းနှင့်ပင် တစ်ခုကို ဖြုတ်ကာ ရှဲ့ချောင်၏ ခါးပေါ်ချိတ်ပေးလိုက်သည်။

ကျောက်ရွှမ်ကျင်း၏ ခါးထက်တွင် ချိတ်ဆွဲထားသော တစ်ခုမှာ အဝါရောင်နဂါးကျောက်စိမ်းပြားဖြစ်သည်။

ရှဲ့ချောင်ကို ပေးလိုက်သောတစ်ခုမှာမူ ရှစ်ထောင့်စက်ဝိုင်းကျောက်စိမ်းပြားပင်။

တကယ့်.. ပစ္စည်းကောင်းတစ်ခုပင်။ ကောင်းလွန်းသဖြင် ရှဲ့ချောင်၏မျက်လုံးများပင် ပြူးကျယ်သွားရ

သည်။

“အရှင့်သားရဲ့မိသားစုက…တကယ်ချမ်းသာတာပဲ’

“ကျွန်တော့်ဘိုးဘေးတွေရဲ့ အရည်အချင်းကြောင့်ပါ”

ကျောက်ရွှမ်ကျင်းသည် နှိမ့်ချကာပြောဆိုနေသာ်ငြား ရှဲ့ချောင်အပါအဝင် တာဆိုဆရာငါးဦးကမူ မနာလိုဖြစ်နေကြလေသည်။

သူတို့ရဲ့ ဘိုးဘေးတွေကရော.. အရည်အချင်းမရှိကြဘူးလား?

ဤကျောက်စိမ်းပြားနှစ်ခုသည် ဓမ္မတူရိယာများမဟုတ်သေည်လည်း ၎င်းတို့၌ မကောင်းဆိုးဝါးဝိဥာဥ်များကို ထိန်းချုပ်နိုင်သည့် စွမ်းရည် အလိုအလျောက်ပါရှိနေ၏

ပထမတစ်ချက်အနေဖြင့် ဤကျောက်စိမ်းပြားနှစ်ခုသည် အချိန်အကြာကြီးတည်ရှိနေခဲ့သော ရှေးဟောင်းကျောက်စိမ်းဖြစ်ပြီး ကံကောင်းခြင်းများ ကြွယ်ဝစွာရှိနေသည်။ ဒုတိယအချက်အနေဖြင့် ဤအရာများအား ဘုရင်အဆက်ဆက် လက်ဆင့်ကမ်းလာခြင်းကြောင့်ပင်…

“ကာကွယ်ပေးမယ့်ပစ္စည်းတွေရှိနေပြီဆိုတော့… ငါတို့အသက်ကို ကယ်နိုင်ပြီထင်ပါတယ်လေ”

တာအိုဆရာများက ခါးသီးစွာဆိုကြလေသည်။

“ဒါဆို သွားကြရ‌အောင်”

ကျောက်ရွှမ်ကျင်းသည် တာအိုဆရာများထက်ပင် ပိုပြီးသတ္တိရှိနေပုံရသည်။

ယွမ်ချန်းကျစ်မှာ အနည်းငယ်ကူကယ်ရာမဲ့သလိုဖြစ်သွားရသည်။ သူသည် တောက်တိုမယ်ရကောင်လေးတစ်ယောက်ဟုသာ သူအမြဲတမ်းခံစားခဲ့ရသည်။ ဤမြင့်မြတ်သည့်အမျိုးသား၏ မျက်နှာထက်၌ ယုံကြည်ချက်တို့ရှိနေကာ သူတို့ထက်ပင် ဝိဥာဥ်ဖမ်းခြင်းကို ပိုသိနေသူတစ်ယောက်အလား။ သူ ခံစားချက်အဆင်ပြေသွားပြီဖြစ်၍ နာနာခံခံနှင့် အထဲကိုဝင်သွားခဲ့လေသည်။

အိမ်ထဲကိုဝင်လာကြသည်နှင့် အရာအာလုံးက ကွဲပြားနေသည်ကို ချက်ချင်းခံစားလိုက်ကြရသည်။

ယနေ့ သူတို့ စောစောလာခဲ့ကြခြင်းဖြစ်၏။ နေထွက်ခါစပင် ရှိသေးသည်။

သို့သော် အထဲကိုရောက်လာသည်နှင့် သူတို့အပြင်ဘက်မှာစကားပြောနေခဲ့ကြသော မြင်ကွင်းက အိပ်မက်တစ်ခုပမာ ခံစားလိုက်ကြရသည်။

သူတို့အရှေ့တွင် ရှိနေသည်က ညခင်းအလား။ အိမ်သည် မယိုယွင်းသေးကာ အင်မတန်ကောင်းမွန်လှသည်။

“ဒီမြင်ကွင်းက…မူမှန်မနေဘူး။ ဒီမှာရှိတဲ့ အငြိုးကြီးဝိဥာဥ်တွေက သာမန်မဟုတ်လောက်ဘူး။ ငါတို့ကို ပုံရိပ်ယောင်ထဲ ဆွဲခေါ်လိုက်တာ”

တာအိုဆရာကြီးကွမ်းလွမ်သည်လည်း မယုံနိုင်စရာကောင်းသည်ဟု ထင်မိလေသည်။

••••••

All Chapters