← Chapters

အခန်း (၁၀၁၃-၁၀၁၆)

Vol. 52 Ch. 1013-1016

အခန်း (၁၀၁၃-၁၀၁၆)

Vol. 52 Ch. 1013-1016

အခန်း ၁၀၁၃။ လူ့လောက၏ နတ်တေးသံစဥ်

ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်သလို အိပ်မက်တစ်ခုဟုလည်း ပြောလို့ရသည်။ ၎င်းသည် အစစ်အမှန်မဟုတ်သော်လည်း ဝင်လာပြီးလျှင်တော့ ပြန်ထွက်ဖို့ရာ အလွန်ခက်ခဲသွားပေသည်။

ဤကဲ့သို့သော စွမ်းရည်မျိုးရှိသည့် အငြိုးကြီးဝိဥာဥ်များမှာ များစွာမရှိ။

“မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ၊ သခင်ကြီးက မင်းတို့ကို သူ့ရဲ့မွေးနေ့အတွက် သီချင်းဆိုဂုဏ်ပြုဖို့ ဖိတ်ထားတာ။ ရှုခင်းကို ရပ်ကြည့်နေဖို့မဟုတ်ဘူး”

ရုတ်တရက်ဆိုသလို အိမ်တော်ထိန်းတစ်ဦးသည် မည်သည့်နေရာကမှန်းမသိပေါ်လာပြီး လူခြောက်ဦးအား အော်ဟစ်လေသည်။ အနှီအိမ်တော်ထိန်း၏ ခြေထောက်သည် …မြေကြီးနှင့်မထိနေသလို သူ့မျက်နှာသည်လည်း ဖြူဖျော့နေ၏၊ လူသားတစ်ယောက်မဟုတ်မှန်း သိသာပေသည်။

ယခုအခိုက်အတန့်တွင် သူတို့အနေဖြင့် တန်းပြီးမပြုမူရဲ။ အိမ်‌တော်ထိန်း၏ စကားကိုနားထောင်ပြီး ခြံဝန်းထဲသို့ လျှောက်သွားကြသည်။

နေရာတိုင်းတွင် မီးပုံးများနှင့် ကြက်လျှာများ ရှိနေကာ အနီရောင်ပိုးသားစများလည်း များစွာချိတ်ထားလျက်။

“ရှင်တို့အိမ်မှာ မင်္ဂလာပွဲမှာကျင်းပနေတာလား”

ရှဲ့ချောင် မေးကြည့်လိုက်သည်။

အိမ်တော်ထိန်းသည် သူမအား တစ်ချက်ကြည့်လိုက်၏။

“ဘာလဲ သတို့သမီးဖြစ်ချင်လို့လား။ မဖြစ်နိုင်ဘူး။ မင်းရဲ့ အနံ့သက်က ကေင်းပေမဲ့ မင်းမျက်နှာက အိုလွန်းနေပြီ။ သခင်ကြီးက သဘောကျမှာမဟုတ်ဘူး ဒါပေမဲ့ သခင်ကြီးက မင်းရဲ့မောင်ကိုတော့ လက်ခံလိမ့်မယ်”

ကျောက်ရွှမ်ကျင်းသည် မှုန်မိုင်းနေသော မျက်နှာဖြင့် တခစ်ခစ်ရယ်လေသည်။

“ဒီမှာ သတို့သမီးတွေ အများကြီးရှိတာလား”

ရှဲချောင်က ရှက်ရွံ့မှုကင်းစွာဖြင့် မေးလိုက်၏။

“စကားအရမ်းများတာပဲ”

အိမ်တော်ထိန်းမှာ မနှစ်မြို့ဟန်ဖြစ်သွားသည်။

“ငါ့သခင်ကြီးမှာ ငွေအများကြီးရှိတယ်။ ဇနီးလေးနည်းနည်းလောက်ထပ်ယူတာပဲကို။ ဘာများ အရေးကြီးလို့လဲ။ မင်းတို့တွေ စကားကိုလျှော့ပြော အလုပ်သာလုပ်”

ရှဲ့ချောင်သည် ခဏတာ တိတ်ဆိတ်သွား၏။

အိမ်ထဲ၌ မကောင်းဆိုးဝါးဝိဥာဥ်များစွာရှိနေသော်လည်း မည်သူက သခင်၊ မည်သူက အစေခံလဲဆိုတာကိုမူ ပြောဖို့ခက်ပေသည်။

အစောင့်၏ စကားအရ သခင်ကြီးအတင်းအဓမ္မခေါ်ဆောင်လာသော အမျိုးသမီးမှာ သေသွားပြီဖြစ်သည်။

သခင်ကြီးသည်လည်း သေဆုံးသွားပြီဖြစ်၏။ သခင်ကြီး၏ ဇနီးလည်းရှိသေးသည်။ သူမသည်လည်း ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေရက်ဖြင့် သေခဲ့ရသည်။ သေဆုံးမှုက ပို၍တောင် ဝမ်းနည်းစရာကောင်း၏။

ဤလူသုံးယောက်သည် သေဆုံးပြီးနောက် နာကြည်းချက်များစွာရှိခဲ့လောက်ကာ အိမ်တွင် မကောင်းဆိုးဝါးများ၏ အရှင်သခင်များဖြစ်လာကြသည်။

သို့သော်လည်း ယခင်သခင်ကြီးသည် ဤနေရာတွင် သခင်ဖြစ်နေနိုင်ခြေက သိပ်ပြီးမမြင့်ပေ။

ထို့အပြင် ဤလူသည် နောက်ဆုံးမှသေခဲ့သူဖြစ်၏။

တစ်ခဏအတွင်းပင် သူတို့အား အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ သူတို့သည် အဝတ်အစားများလဲကာ စင်ပေါ်တွင် ဖျော်ဖြေရတော့မည်ပေ။

သခင်ကြီးနှင့် အခြားသူများသည် ပွဲကြည့်ရန်အတွက် ပြင်ဆင်ပြီးနေကြပြီဟု ကြားထားသည်။

တာအိုဆရာတစ်စုသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ ယွမ်ချန်းကျစ်ကဆိုလာသည်။

“ဒီအညတရတာဆိုဆရာက ဘယ်လိုဖျော်ဖြေရမလဲ မသိဘူး… ဆရာမမော့ ၊ ဒီနေရာကြီးက မကောင်းဆိုးဝါးဝိဥာဥ်တွေနဲ့ ပြည့်နေတာ၊ တန်းပြီလုပ်စရာရှိတာ လုပ်လိုက်ကြရင်‌ရော၊ ဘယ်လိုသဘောရလဲ”

“ကျွန်မတို့တွေ တန်းပြီးတိုက်ခိုက်လို့ရတယ် ဒါပေမဲ့ မကောင်းဆိုးဝါးဝိဥာဥ်တွေက ဒီပုံရိပ်ယောင်ကို စီစဥ်

ထားတာ။ ပုံရိပ်ယောင်ရဲ့ အဆင့်အတိုင်းသာ မလိုက်နာရင် ပုံရိပ်ယောင်ရဲ့အစွမ်းက ပိုကြီးလာလိမ့်မယ်၊ ကျွန်မတို့တွေ ပုံရိပ်ယောင်ကို အရင်ဖျက်ပြီး အစစ်အမှန်‌လောကထဲပြန်ပြီးမှ တိုက်ခိုက်ရမယ်လို့ထင်တယ်”

ရှဲ့ချောင်က ပြောလိုက်သည်။

ယွမ်ချန်းကျစ်က သက်ပြင်းချ၏။

တကယ်တမ်းတွင် သူသည်လည်း ပုံရိပ်ယောင်ထဲ၌ သူတို့တိုက်ခိုက်ခဲ့လျှင်တောင် ပုံရိပ်ယောင်ကို စီစဥ်ခဲ့သူအားထိနိုင်မည်မဟုတ်မှန်း သိသည်။

အစစ်အမှန်လောကဆီပြန်မှသာ တိုက်ခိုက်နိုင်လိမ့်မည်။

သို့သော်ငြား…သီချင်းဘယ်လိုဆိုရမည်ကို သူတကယ်မသိတာပင်။ ..ယွမ်ချန်းကျစ်သည် သနားစရာကောင်းနေသော်လည်း တာအိုဆရာကြီးကွမ်းလွ

မ်ကမူ အင်မတန်တည်ငြိမ်နေသည်။

သူက သူ့ဝတ်စုံကိုလဲဝတ်လိုက်၏။

“ဒီအညတရတာအိုဆရာကပဲ သီချင်းဆိုလိုက်မယ်။ မင်းတို့တွေက ဒီအတိုင်း အနောက်မှာရပ်နေကြ”

တာအိုဆရာကြီးကွမ်းလွမ်သည် အင်မတန်လျင်မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာတင် အဝတ်လဲလို့ပြီးသွားခဲ့သည်။

သူသည် အတော်လေး ရည်ရည်မွန်မွန်ရှိပုံပေါ်သည်။

ဤတာအိုဆရာသည် စင်စစ် ရည်မွန်သူမဟုတ်သူဟု သံသယဝင်စရာ အကြောင်းပြချက်ကောင်းများ ရှဲ့ချောင်တွင်ရှိနေလေ၏။

ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်းတို့လည်း အဝတ်လဲကာ စင်ပေါ်သို့သွားခဲ့ကြသည်။

စင်ပေါ်သို့ရောက်ချိန်တွင် …သခင်ကြီးတစ်ယောက်နှင့် သတို့သမီးတစ်ဒါဇင်လောက်ကို ရှဲ့ချောင် မြင်လိုက်ရ၏။

ထိုသတို့သမီးများသည် မျက်နှာချေတချို့လိမ်းခြယ်ထားကာ တောက်ပသော အနီရောင်မင်္ဂလာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းလှသည်။ တာအိုဆရာကြီးကွမ်းလွမ်ကမူ အင်မတန်တည်ငြိမ်လွန်းနေကာ ယခုလိုအခြေနေကြီးတွင်ပင် သီချင်းဆိုနိုင်ဆဲ။

တစ်ခုတည်းသော အရာက သူတို့၏ အသံများမှာ ကြမ်းတမ်းခြောက်အက်ပြီး နားဝင်ဆိုးနေခြင်းပင်။

သို့သော်လည်း အောက်တွင်ရှိနေသူများက အာရုံတစိုက်နားထောင်ကြသည်မှာ ပြိုင်ဘက်ကင်း နတ်သံစဥ်ကိုနားထောင်နေရသည့်အလား။

သူတို့သီချင်းဆိုနေကြစဥ် စင်အောက်ရှိမြင်ကွင်းမှာ ပြောင်းလဲသွားသည်။ မဖြစ်နိုင်သည့်ငရဲတစ်ခုအသွင်း ပြောင်းလဲသွားခဲ့၏။

သတို့သမီးကြီးမှာ ချည်နှောင်ခံထားရကာ သူက သံဒယ်ပိုင်းမီးသွေးဖိုပေါ်တွင် မတ်တပ်ရပ်နေ၏။

သတို့သမီးမှာ ဆယ်ယောက်ဖြစ်သည်။ တချို့က လက်ထဲတွင် အပူပေးသည့် သံချောင်းများရှိနေပြီး တချို့က ကတ်ကြေးကိုင်ထားကြသည်။ သူတို့သည် လူအိုကြီးအား စတင်တိုက်ခိုက်ကြတော့သည်။

“အား-” လူအိုကြီး၏ အော်သံမှာ ခြောက်ခြားဖွယ်ကောင်းလှပေ၏။

•••••

အခန်း ၁၀၁၄၊။ ဝါးမျိုပစ်

အပူပေးသံချောင်းသည် သခင်ကြီး၏ ရင်ဘတ်ပေါ်တွင်ကပ်တင်နေကာ ကတ်ကြေးများက သူ့ဆံပင်များကို ညှပ်ပစ်နေ၏။ တစ်ခဏအတွင်း သူ့ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသား မျိုးစုံပေါ်လာလေသည်။

ရေနွေးပူလောင်ခြင်း၊ အကိုက်ခံရခြင်း၊ အထိုးခံရခြင်းနှင့်…အပ်များဖြင့် အဖောက်ခံရခြင်းတို့။

တာအိုဆရာကြီးကွမ်းလွမ်မှာ ဆက်ပြီး သီချင်းမဆိုနိုင်တော့ပေ။

သူတို့အားလုံး ကသိကအောက်ဖြစ်စွာဖြင့် မတ်တပ်ရပ်နေကြ၏။

“အဲဒီအငြိုးကြီးဝိဥာဥ်က ငါတို့တွေကို သခင်ကြီးကိုမကယ်စေချင်လောက်ဘူးမလား”

ယွမ်ချန်းကျစ်က မေးလိုက်၏။

သူ ဝိဥာဥ်ကို ဖမ်းပစ်လို့ရသော်လည်း… ထိုနောက်ကွယ်က ဇာတ်လမ်းကို သူမသိခဲ့ပေ။

“ကျွန်မတော့ အဲလိုမထင်ဘူး”

ရှဲ့‌ချောင်ခေါင်းခါလိုက်သည်။

“ဒီအိမ်ရဲ့သခင်က တဏှာရာဂစိတ်အရမ်းကြီးတဲ့သူ၊ သူအသက်ရှင်တုန်းက လူတစ်ယောက်ကို သေစေခဲ့တယ်။ ကျွန်မအထင် သူ့မှာ ထူးထူးဆန်းဆန်းအစွဲအလမ်းအမျိုးရှိလို့ အမျိုးသမီးကို သေတဲ့အထိ နှိပ်စက်ခဲ့တာနေမှာ၊ အခု သူသေသွားပြီဆို‌တော့ သူလည်း တခြားသူတစ်ယောက်ဆီကနေ နှိပ်စက်ခံရတာပေါ့”

ယွမ်ချန်းကျစ် သက်ပြင်းချလိုက်၏။ “ဒါက ဘယ်တော့မှ အဆုံးသတ်မှာလဲ”

ရှဲ့ချောင်သည် သူ့အား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။

“အမျိုးသမီးက အဖြစ်ဆိုးနဲ့သေခဲ့ရတာ၊ သူနည်းနည်း‌လောက် အငြိုးကြီးတာကတော့ နားလည်ပေးလို့ရပါတယ်”

ရှဲ့ချောင်သည် ထိုမြင်ကွင်းအား စိုက်ကြည့်နေကာ သူမ၏ စိတ်အခြေနေက တည်ငြိမ်နေ၏။

“ဒါပေမဲ့ အကြွေးရှင်မရှိဘဲ အကြွေးဆိုတာမရှိဘူး။ နောက်ပိုင်း ဒီအိမ်ကြီးထဲမှာ အပြစ်ကင်းတဲ့သူတွေ သေသွားခဲ့ရတယ်။ ဒါကတော့ နည်းနည်းကွာသွားပြီ”

ယွမ်ချန်းကျစ်သည် ဤအိမ်အကြောင်း သိပ်ပြီးမသိ၍ သူလည်း လေ့လာကြည့်နေခဲ့သည်။

ခဏအကြာ၌ သတို့သမီးများမှာ စုတ်ဖြဲထားသော အရုပ်များသဖွယ် သစ်ပင်ထက်တွင် တွဲလောင်းချိတ်ခံထားရ၏။

လေတိုက်လိုက်သည်နှင့် သူတို့က တဖျပ်ဖျပ်လွင့်နေလေသည်။

သစ်ပင်အောက်တွင်မှု စားသောက်ပွဲကြီးတစ်ခုရှိနေ၏။

မကောင်းဆိုးဝါးဝိဥာဥ်ပေါင်းမျာစွာက သခင်ကြီး၏ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပေးနေကြသည်။ သခင်ကြီး၏ ဗိုက်ထဲသို့ ဝိုင်အရက်များတစ်ခွက်ပြီး တစ်ခွက်ထိုးသိပ်နေကြသည်။

မှန်ပေ၏၊ ၎င်းသည် သောက်နေခြင်းမဟုတ်ဘဲ ထိုးထည့်နေခြင်းသာ။

အစာအိမ်အား ဆွဲဖောက်ထားပြီး ဝိုင်များအား လောင်းထည့်နေသည်။

မြင်ကွင်း၏ သက်ရောက်မှုက အင်မတန် ပြင်းထန်လှသည်။ ရှဲ့ချောင်နှင့် အခြားသူများကမူ မလှုပ်မယှက်ရှိနေကြဆဲ။ သူတို့ သီချင်းဆက်ဆိုရန်မလိုတော့ပေ။ တစ်အောင့်အကြာတွင် ကြမ်းတမ်းသည့် တံခါးခေါက်သံပေါ်လာလေသည်။

၎င်းသည် ပုံရိပ်ယောင်ထဲတွင် ရှိနေသေးမှန်း ရှဲ့ချောင် သိ၏။

သူမဘေးနားရှိ တာအိုဆရာကြီးမျာသည် ကျင့်ကြံဖူးသူများဖြစ်ကြသော်လည်း မကောင်းဆိုးဝါးဝိဥာဥ်များအား တိုက်ရိုက်မြင်ရသည်မဟုတ်။ သို့သော် အခု သူတို့မြင်နိုင်နေသည်ဖြစ်၍ အိပ်မက်ထဲတွင် ရှိနေကြသေးသည်ဟု ဆိုလိုနေခြင်းပင်။

တံခါးပွင့်လာကာ လူပေါင်းများစွာ တိုးဝင်လာကြ၏။

သူတို့က သတို့သမီးကိုရှာချင်နေကြသည်။

သို့သော် သတို့သမီးမှာများလွန်းနေသဖြင့် မည်သူက အစစ်လဲ မပြောနိုင်ကြပေ။

ထို အပြင်လူများက ရှဲ့ချောင်နှင့် အခြားသူများကို ကြည့်လိုက်ကြသည်။

“ကျွန်မတို့ကို ရှာပေးဖို့တောင်းဆိုနေကြတာလား”

ရှဲ့ချောင်မှာ အနည်းငယ်ပြောစရာစကားပျောက်ဆုံးသွားရသည်။

“ဒုက္ခပါပဲ။ သူတို့က မျက်နှာချေတွေအများကြီးလိမ်းထားကြတာ။ ဘယ်သူက အစစ်လဲ ဘယ်သူသိမှာလဲလို့”

သို့သော်ငြား သူမစကားဆုံးသည်နှင့် ကျောက်ရွှမ်ကျင်းသည် လျှောက်လှမ်းသွားကာ သူတို့ထဲမှ တစ်ယောက်အား လက်ညှိုးထိုးပြလိုက်၏။ “ဒီတစ်ယောက်”

ရှဲ့ချောင် ဆွံ့အသွားသည်။

“ဘာလို့လဲ”

ယွမ်ချန်းကျစ်နှင့် အခြားသူများလည်း နားမလည်ခဲ့ကြပေ။

သူတို့အကုန် တစ်နေရာတည်းမှာပဲ ရှိနေပြီး မြင်နေရတာတွေကလည်း တစ်ထပ်တည်းပဲ။ အဲဒီလူတွေ ရှာနေတဲ့သတို့သမီးက ဘယ်သူလဲဆိုတာကို ဒီမြင့်မြတ်တဲ့အမျိုးသားက ဘယ်လိုလုပ်ပြီး အတပ်သိနေရတာလဲ။

“ကျွန်တော်တို့တွေ ပွဲကြည့်နေတုန်းက သူတစ်ယောက်တည်းပြုံးနေခဲ့တာ။ သူ့အပြုံးက ငိုတာထက်တောင် ပိုရုပ်ဆိုးနေပေမဲ့လို့ပေါ့”

ကျောက်ရွှမ်ကျင်းသည် အထင်သေးဟန်ဖြင့် ပြောလေ၏။

“ကျန်တဲ့ သတို့သမီးတွေအကုန်လုံးက ဒီအမျိုးသားကိုနှိပ်စက်နေတဲ့အချိန်မှာ အမူအရာကင်းမဲ့နေကြတယ်။ သူတစ်ယောက်တည်း အရှေ့ကိုမလာရဲတာ။ သူက နည်နည်း‌ကြောက်နေတဲ့ပုံပဲ ပြီးတော့ သူ့မျက်လုံးတွေကလည်း အကြောက်တရားတွေနဲ့ပြည့်နေတယ်”

ရှဲ့ချောင် မသိမသာမျက်မှောင်ကြုတ်လိုက်၏။

သေချာစဥ်းစားကြည့်ပြီးသည့်နောက် ၎င်းကမှန်နေသည့်ပုံပင်။ ထိုအချိန်တုန်းက ဤမကောင်းဆိုးဝါးဝိဥာဥ်သည် ဖယောင်းတိုင်တစ်တိုင်ကိုကိုင်ထားပြီး သခင်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဖယောင်းစက်များချနေခဲ့သည်…

သတို့သမီးအားဆွဲထုတ်ပြီးသွားသည့်နောက် တိုးဝင်လာသော လူအားလုံး ရွှင်ပျသွားကြ၏။

သတို့သမီးအား ဆွဲခေါ်သွားကြဖို့ပြင်နေစဥ် ပါးစပ်တစ်ခုက လေထဲတွင် ရုတ်တရက်ကြီးပေါ်လာလေသည်။အူသံနှင့်အတူ မကေင်းဆိုးဝါးဝိဥာဥ်အား ဝါးမျိုးသွားခဲ့၏။ ဂျွတ် ဂျွတ် ဂျွတ် ၊ သွေးစိမ်းများက မိုးစက်များပမာ စီးကျလာကာ ထိုလူများ၏ ခန္ဓာကိုယ်ပေါ်သို့ စီးကျနေလေသည်။

အား…

ပုံရိပ်ယောင်တစ်ခုဆိုသော်လည်း ရှဲ့ချောင် တကယ် ရွံမိသွား၏။

ဝါးမျိုပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားပြီး အိမ်ထဲသို့ ဝင်လာခါစမြင်ကွင်းဆီ ပြန်ရောက်သွားသည်။

အိမ်တော်ထိန်းရောက်လာပြန်ကာ သီချင်းဆိုရန်ပြောခံရပြန်သည်။

“ဒါဘာအဓိပွာယ်လဲ။ အငြိုးကြီးဝိဥာဥ်က သတို့သမီးရှာတွေ့သွားပြီးဝါးစားခံရတဲ့ပုံကို ငါတို့ကိုကြည့်စေချင်တာလား”

ယွမ်ချန်းကျစ်တစ်ယောက် ခေါင်းကိုက်နေလေပြီ။

ရှဲ့ချောင် ခဏလောက်စဥ်းစားပြီး အိမ်တော်ထိန်းအား ကြည့်လိုက်၏။

သူမက “ကျွန်မတို့အခုမှ အိမ်ထဲကို ဝင်လာတာ။ သခင်မက ပျော်ပွဲရွှင်ပွဲကျင်းပနေတယ်ကြားလို့။ သူ့ကိုပေးဖို့ လက်ဆောင်လေးတချို့ပါလာတယ်။ ရှင်စကားပါးပေးပြီး ကျွန်မတို့ကို မိတ်ဆက်ပေးလို့ရမလား”

••••

အခန်း ၁၀၁၅။ ရွှေချောင်း

ရှဲ့ချောင်သည် ပုံရိပ်ယောင်တစ်ခုမဟုတ်ဘဲ အငြိုးကြီးဝိဉာဉ်အား သူမ၏ ဒေါသများကို ဖျန်ဖြေပေးနိုင်မည့် နည်းလမ်းတစ်ခုဟု ထင်နေမိ၏။

သူတို့သာ ဤပုံရိပ်ယောင်ထဲမှ ဖောက်ထွက်ချင်လျှင် ထိုအငြိုးကြီးဝိဉာဉ်ကိုရှာပြီး သူမ မည်သည်ကိုအလိုရှိနေသလဲ ကြည့်ရလိမ့်မည်။

ထို့အပြင် သူမ အနည်းငယ်ပင်ပန်းလာပြီဖြစ်၏။

သူမသာ ပုံရိပ်ယောင်ထဲမှာ အချိန်အကြာကြီးနေနေလျှင် သူမ၏ ယန်စွမ်းအင်ကိုဆုံးရှုံးရလိမ့်မည်။ မြင်ကွင်းသာ အကြိမ်များစွာ ထပ်ခါထပ်ခါတလဲဖြစ်နေပါက သူမ သေတောင်သေသွားနိုင်ပေသည်။

ရှဲ့ချောင်သည် အဝါရောင်စာရွက်တစ်ရွက်အား ထုတ်ကာ အမြန်ခေါက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း စာရွက်ဖြင့်ပြုလုပ်ထားသော ရွှေချောင်းတစ်ချောင်းပေါ်လာပြီး ၎င်းအား အိမ်တော်ထိန်း၏ လက်ထဲထည့်ပေးလိုက်သည်။

“ဒါက ကျွန်မရဲ့လက်ဆောင်ပါ၊ လမ်းပြပေးလို့ရမလား”

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားခဲ့သည်။

'အလုပ်ဖြစ်မှာ သေချာလို့လား’

တာအိုဆရာများသည်လည်း ဇဝေဇဝါဖြစ်ကုန်ကြ၏

မကောင်းဆိုးဝါးဝိဉာဉ် ရဲ့ရှေ့မှာ ရွှေချောင်းပုံစံခေါက်ပြနေတာ သူ့ကိုအရူးလို့များထင်နေတာလား?!

အိမ်တော်ထိန်းသည် ရွှေချောင်းအား ရှုပ်ထွေးသော

အကြည့်ဖြင့် ကြည့်ပြီးနောက် ရွှေချောင်းအား သိမ်းလိုက်ကာ သူတို့အား အခြားတစ်နေရာဆီ တိတ်တဆိတ်ဦးဆောင်လမ်းပြပေးခဲ့သည်။

“ဘာလို့အလုပ်ဖြစ်သွားတာလဲ”

ကျောက်ရွှမ်ကျင်း တကယ်သိချင်မိသွား၏။

“ချမ်းသာပြီး မြင့်မြတ်တဲ့မိသားစုတွေရဲ့ အိမ်တော်ထိန်းတော်တော်များများက တခြားသူတွေကို အထင်သေးတတ်တဲ့အကျင့်ရှိတယ်၊ သူတို့ကိုပိုက်ဆံပေးတာက ပုံမှန်ပဲ၊ သူတို့က မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာတယ်ဆိုတာတောင် အဲဒီအကျင့်ကြီးက သူတို့အရိုးထဲမှာ ရှိနေဦးမှာ၊ ဒါပေမဲ့ လူ့လောကရဲ့ ငွေက အသုံးမဝင်ဘူးလေ၊ ဒီဟာက ပုံရိပ်ယောင်တစ်ခု၊ ငါက သူ့ကိုငွေပေးလိုက်တယ်လို့ ပြောလိုက်တာ၊ အဲ့ဒါကြောင့် သူ့မသိစိတ်ကနေ ဒီအခြေနေကို လက်ခံလိုက်တာဖြစ်နိုင်တယ်”

ရှဲ့ချောင်သည် သိမ်မွေ့စွာပြုံးလိုက်၏။

“ငါ့ရဲ့ကံကို စမ်းသပ်ကြည့်ရုံပဲ၊ အလုပ်ဖြစ်သွားမယ်မထင်ထားဘူး”

ကျောက်ရွှမ်ကျင်း၌ ပြောစရာမရှိတော့ပေ။

၎င်းက ရှဲ့ချောင်၏ကံကောင်းခြင်းသာဖြစ်သည်။

ရှဲ့ချောင်သည် အိမ်တော်ထိန်းအား “ရွှေ” များစွာပေးလိုက်သည့်အတွက် အိမ်တော်ထိန်းက သူတို့ကို အတွင်းခြံဝန်းထဲ ခေါ်သွားပေးခြင်းဖြစ်လောက်၏။

အတွင်းခြံဝန်းထဲသို့ ဝင်လာသည်နှင့် အမျိုးသမီးတစ်ယောက်အား ရှဲ့ချောင်တွေ့လိုက်ရသည်။

အမျိုးသမီးသည် တစ်ယောက်ယောက်လာနေမှန်းမြင်သည့်အခါ သူမ၏ အကြည့်တို့က ချက်ချင်း ပိုပြီးခက်ထန်သွား၏။သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ရှဲ့ချောင်တစ်ယောက်တည်းသာ အမျိုးသမီးဖြစ်နေမှန်း သိသွားသည်။ သူမ၏ မျက်နှာအမူအရာကောင်းသွားပုံပင်။

ဤအမျိုးသမီးသည် အိမ်၏သခင်မဖြစ်သည်။

သူမ၏ လက်သည်ဗိုက်အောက်ပိုင်းပေါ်တွင် တင်ထားပြီး မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေကြောင်း ရှဲ့ချောင်တွေ့ရသည်။

“ရှင်တို့က သခင်ကြီးရဲ့ မွေးနေ့အတွက် ဂုဏ်ပြုပေးဖို့ လာကြတာမလား၊ သီချင်းဆိုဖို့ မဟုတ်ဘူးလား၊ ဘာလို့ ကျွန်မကိုရှာတာလဲ၊ ကျွန်မမှာ ရှင်တို့ကိုဆုချစရာ ပိုက်ဆံမရှိဘူး”

အမျိုးသမီးသည် သူတို့အားတစ်ချက်ဝေ့ကြည့်လျက် သူမ၏ အသံက မနှစ်မြို့မှုတို့ဖြင့် ပြည့်လို့နေသည်။

ရှဲ့ချောင်သည် သူမနှင့် စကားစမြည်ပြောလိုစိတ်မရှိ၍ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

“အိမ်ရဲ့သခင်မတစ်ယောက်အနေနဲ့ သခင်ကြီးက အ‌နောက်ဘက်မှာ ပျော်မြူးနေတာကို မတားဘူးလား”

ဤအမျိုးသမီးသည် အင်မတန်သနားစရာကောင်းမှန်း ရှဲ့ချောင်လည်း သိသည်။

သို့သော် သူမပြောရမည့်အရာတချို့တော့ ရှိနေပေသည်။

ဤအိမ်ကြီးထဲရှိ လူများသည် ကွယ်လွန်သွားကြပြီဖြစ်၏။

တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့သည်များအတွက် သူမဘာမှမလုပ်နိုင်သော်လည်း ဤအိမ်ထဲရှိ လူများကိုထပ်ပြီး သတ်ပစ်နေသည်ကတော့ မကောင်းပေ။

ထို့အပြင် အနှီလူယုတ်မာသည် ဤအိမ်ကြီးထဲတွင် ရှိနေ၏။

ထိုလူသည် ဤပုံရိပ်ယောင်ထဲတွင် ရှိလိမ့်မည်မဟုတ်။

သည့်အပြင် သက်ရှိလူသားတစ်ယောက်သည် ဤထဲမှာ အကြာကြီးနေနေပါက ခန္ဓာကိုယ်အတွက်မကောင်းပေ။

သို့သော် သူတို့က အပြင်မှာရှိနေတာဆိုလျှင် ပုံရိပ်ယောင်ကို မည်သို့ရှောင်ရှားကြတာလဲ

စဉ်းစားကြည့်စရာပင်မလို ဤအငြှိုးးကြီးဝိဉာဉ်သည် ထိုလူနှင့် ပူးပေါင်းထားမှန်းသိသာပေသည်။

ဤလူယုတ်မာသည် အငြိုးကြီးဝိဉာဉ်အား အိမ်ထဲတွင်နေခွင့်ပေးရန်အတွက် မည်သို့သော အခြေနေများချမှတ်ထားသည်ကို မသိရခြင်းပင်။

အမျိုးသမီးသည် ရှဲ့ချောင်၏စကားများကို ကြားသည့်အခါ လှောင်ရယ်လိုက်၏

“နင်က ငါ့ကိုဘယ်လိုလုပ်ရမလဲ လာသင်ပေးနေတာလား?!”

“ဟုတ်တယ်၊ ရှင် မိုက်မဲနေတာကိုမြင်တော့ ကျွန်မလည်း အကြံတချို့မပေးဘဲ မနေနိုင်တော့ဘူး”

ရှဲ့ချောင်သည် လေးနက်စွာခေါင်းညိတ်လိုက်၏။

“သခင်မတစ်ယောက်အနေနဲ့ ရှင့်မှာ သတ္တိလေးနည်းနည်းတောင်မရှိဘူးလား၊ ရှင့်ရဲ့လူ အိမ်ထဲမှာ ရှုပ်ချင်တိုင်းရှုပ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေမလို့လား၊ အသုံးကိုမကျဘူး”

ရှဲ့ချောင်၏ လေသံမှအေးစက်နေကာ အနည်းငယ်ရက်စက်ပုံပေါ်သည်။

ဤအမျိုးသမီးမှာ နာကြည်းချက်များဖြင့် ပြည့်နေ၏။

“နင်ဘာသိလို့လဲ?! သူက ယောကျာ်းတစ်ယောက်၊ သူကိုက အဲဒီအပျက်မတွေကို ရှာချင်နေတာ၊ ငါက ဘာလုပ်လို့ရမှာလဲ?! ငါ့မိသားစုရဲ့အခြေနေက မကောင်းဘူး၊ ငါ့မောင်လေးကလည်း ကျောင်းသွားချင်၊ ငါ့အဖေကလည်း ဆေးကုဖို့လိုနေတာ၊ ငါသာ သူ့စကားအတိုင်းနားထောင်ပြီး သူလုပ်ချင်တာကို လုပ်ခွင့်မပေးလို့ င့ါကိုကွာရှင်းလိုက်ရင် ဘယ်လိုလုပ်မလဲ?!”

•••••

အခန်း ၁၀၁၆။ အပြစ်မရှိတာလား ခံရသင့်တာလား

အမျိုးသမီး၏ အသံမှာ ဝမ်းနည်းပူဆွေးပုံပေါက်နေကာ လူများအား ကြက်သီးမွေးညင်းများထစေလေသည်။

ရှဲ့ချောင် ခဏတာနှုတ်ဆိတ်သွားသည်။

“ရှင့်ရဲ့မောင်သာ သူ အောင်မြင်ဖို့အတွက်နဲ့ ရှင်က လှောင်ပြောင်စော်ကားမှုတွေအားလုံးကို ခံဖို့လိုတယ်ဆို သူမေ့ပစ်လောက်တယ်။ ရှင့်ရဲ့အဖေသာ သူရဲ့ဆေးကုစရိတ်နဲ့ ဆေးဝါးတွေအတွက် ရှင့်ဘဝကိုရင်းပြီးငွေရှာရမယ်မှန်းသိသွားရင် ရှင့်ကိုဒီလိုလုပ်ခိုင်းဖို့ထက် သေဖို့ပဲရွေးခြယ်လောက်တယ်။ ရှင့်ရဲ့ကံကြမ္မာက သနားစရာကောင်းမှန်း သိပေမဲ့ ရှင်ကိုက ဗွက်အိုင်ထဲမှာ နေနေပြီဆိုမှ‌တော့ သေချင်သေ ရှင်ချင်ရှင်၊ ရှင့်ရဲ့လက်ရှိအခြေနေကိုသာ ရှင့်အဖေနဲ့မောင်တွေ့သွားခဲ့ရင် သူတို့ဘယ်လိုခံစားရမလဲ သိချင်မိတယ်။ အသက်ရှင်ရမယ့်အစား ရှင်က သေခြင်းတရားကို ရှာခဲ့ပြီး နာကြည်းမုန်းတီးမှုတွေနဲ့နေခဲ့တယ်။ ရှင်က အငြှိုးတရားတွေရှိနေပြီး လူတွေကို ဒုက္ခပေးနေမယ်ဆိုရင်တော့ ရှင်က အပြစ်ကင်းတာမဟုတ်တော့ဘဲနဲ့ အဲ့ဒီလိုဖြစ်ဖို့တန်နေတာဖြစ်သွား

ရာမကျဘူးလား”

အမျိုးသမီးသည် ထိုစကားများကိုကြားသည့်အခါ သူမ၏မျက်လုံးများနီရဲသွားပြီး ရှဲ့ချောင်အား အရှင်လတ်လတ်ဝါးမျိုးပစ်ချင်နေသည့်အတိုင်းပင်။

“ရှင့်ရဲ့ယောကျာ်းက စက်ဆုပ်ဖို့ကောင်းတယ်၊ သူက လောဘလည်းကြီးသလို ကြမ်းကြုတ်တဲ့သူ။ ရှင့်ယောကျာ်းသတ်လို့သေခဲ့ရတဲ့အမျိုးသမီးကလည်း သူ့ကိုရည်ရွယ်ချက်ရှိရှိ ဖြားယောင်းခဲ့တာဖြစ်နေမှာစိုးတယ်။ သူသေသွားတာ သူနဲ့တန်တယ်။ ဒါပေမယ့် ရှင်က ပြတ်သားမှုမရှိဘူး။ ရှင်က ရှင့်ရဲ့ကြွယ်ဝမှုကို မစွန့်လွှတ်နိုင်သလို သတ္တိလည်းမရှိဘူး။ ရှင်ရဲ့ပင်ကိုယ်စရိုက်ကိုက အားနည်းတဲ့သူ ပြီးတော့ အဲ့လိုအားနည်းနေတာလည်း မှားတယ်။ နောက်ဆုံးကျတော့ ဒီလမ်းက ရှင်ရွေးချယ်လိုက်တဲ့လမ်း။ ရှင့်ကိုဒုက္ခပေးတဲ့သူတွေအားလုံးလည်းသေပြီ၊ ရှင်က ဘယ်သူ့ကိုအပြစ်တင်ချင်နေသေးတာလဲ”

အစောပိုင်းက ပြဇာတ်တွင် မသင်္ကာဖွယ်ရာတစ်ခုရှိနေ၏။

ကျောက်ရွှမ်ကျင်းပြောပုံအရဆိုလျှင် သတို့သမီးဆယ်ယောက်ထဲမှ တစ်ယောက်သည် ဖျော်ဖြေမှုအား ပြုံးရွှင်စွာကြည့်နေကာ သခင်ကြီးတိုက်ခိုက်ခံရချိန်တွင် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့၏။ တစ်ခုခုဖြစ်နေမှန်း သူမ ခံစားမိသွားခဲ့သည်။

သူမအထင်…တစ်ချိန်တုန်းက သခင်ကြီး၌ ကာမစွဲလမ်းစိတ်တချို့ရှိခဲ့၏။ သူ့၌ ငွေအမြောက်အမြားရှိသည့်အတွက် ပေါ့်ပေါ့ပျက်ပျက်မိန်းမများနှင့် ပျော်မွေ့ဖို့က လွယ်ကူပေသည်။

သူက အမျိုးသမီးများအား ဖျော်ဖြေမှုကိုကြည့်ရန်အတွက်ပင် အိမ်သို့ဖိတ်ခေါ်ခဲ့ပြီး ထို့နောက်…“သရုပ်ဆောင်” တိုင်းပင် ကစားခဲ့ကာ အမျိုးသမီးများအား သတို့သမီးဝတ်စုံဝတ်ဆင်စေ၍ မင်္ဂလာပွဲတစ်ခုကျင်းပဟန်ဆောင်ခဲ့သည်။

သခင်ကြီးသည် နေ့ရက်တိုင်း သတို့သားတစ်ယောက်

ဖြစ်ချင်ခဲ့၏။

သို့သော် သူ၏ “မင်္ဂလာဦးည” အားအမှန်တကယ် ဖြစ်မြှောက်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။

သူသည် တစ်စုံတစ်ယောက်အား သေသည်အထိ မတော်တဆ နှိပ်စက်ခဲ့မိသည်။

ပြဿနာရှာရန်ရောက်လာကြသည့်လူများကို စဥ်းစားကြည့်လျှင်…

သူတို့သည် အိမ်တော်သခင်မတစ်ယောက်ကိုပင် လက်ရွယ်ရဲပြီး ကိုယ်ဝန်ပျက်ကျသည်အထိ ဖြစ်စေခဲ့၍ ဤလူများဟာ ဆင်ခြင်တုံတရားမရှိသော လူယုတ်မာများမှန်း သိသာပေသည်။ သူတို့၏ သေဆုံးသွားသော ဆွေမျိုးအတွက် တရားမျှတမှုကိုရှာချင်၍ဟု ဆိုသော်လည်း တကယ်တမ်းတွင် အခြားတစ်ခုခုကိုလည်း အလိုရှိနေခဲ့သည်…

ရှဲ့ချောင်၏ စကားများက သူမရှေ့ရှိ အမျိုးသမီးအား ကျိန်းသေပေါက် ရန်စနေခဲ့သည်။

“လာကြစမ်း! သူတို့ကို ကြိမ်လုံးနဲ့အကုန်သတ်ပစ်!” အမျိုးသမီးသည် ရုတ်တရက် အော်ဟစ်လိုက်ရာ အိမ်တော်ထိန်းက ချက်ချင်းဆိုသလို လူများခေါ်လာခဲ့၏။ ဤပုံရိပ်ယောင်ထဲ၌ လွတ်မြောက်ရန်လမ်းမရှိ‌ပေ။ ပုံရိပ်ယောင်ထဲမှ မကောင်းဆိုးဝါးဝိဥဥ်များသေသွားခဲ့လျှင်တောင် သူတို့၏ သေဆုံးမှုအား ဟန်ဆောင်နိုင်သည်။ မြင်ကွင်းပြောင်းလဲသွားသည်နှင့် အချိန်မရွေးပြန်စနိုင်၏။ သို့ဖြစ်ရာ လွတ်မြောက်ရန်ကြိုးစားခြင်းက အသုံးမဝင်သလို အားအင်ဖြုန်းတီးရာကျပေလိမ့်မည်။

တစ်ခုတည်းသော နည်းလမ်းက ဤပုံရိပ်ယောင်အား ဖောက်ဖျက်ရန်နည်းလမ်းရှာခြင်းပင်။

“ရှင်က ရှက်စိတ်နဲ့ဒေါသထွက်သွားတာလား”

ရှဲ့ချောင်သည် ထေ့ငေါ့၍ ရယ်လိုက်၏။

“ရှင့်သာ အသက်ရှင်တုန်းက လူတွေကိုကြာပွတ်တစ်ချောင်းနဲ့ သတ်နိုင်တဲ့အရည်အချင်းရှိခဲ့မယ်ဆိုရင် ဒီလိုမျိုးအဆုံးသတ်ရမှာမဟုတ်ဘူး။ ရယ်စရာကောင်းတာက ရှင်က သေပြီးနေတာတောင်မှ ဒီလိုပုံရိပ်ယောင်ကြီးကို ဖန်တီးချင်နေတာပဲ”

“ဒီလို အတုအယောင်မြင်ကွင်းကြီးထဲမှာ မတော်တရားလုပ် ထွက်ပေါက်ရှာသောင်းကျန်းနေလို့ရော ဘာထူးလဲ။ ဒီမကောင်းဆိုးဝါးဝိဥာဥ်တွေက သရုပ်ဆောင်နေကြရုံပဲ။ သူတို့တွေ ဒီဟာကြီးကို ထပ်တလဲလုပ်ရင်တောင် အလွန်ဆုံးမှ နည်းနည်းလောက်ခံစားရမှာ”

“အဲဒီအချိန်မှာ ရှင်ကတော့ အရင်တစ်ချိန်က ဘာဖြစ်ခဲ့လဲဆိုတာကြီးကိုပဲ စဥ်းစားနေရမှာ၊ ဘာအကျိုးရှိလဲ”

“ရှင့်မှာကိုယ်ဝန်ရှိနေတာမလား၊ ရှင့်ကလေးသေသွားတုန်းက လကလည်း သေးသေးလေး၊

မကောင်းဆိုးဝါးဝိဥာဥ်တွေလည်း ပုံပေါ်မလာသေးဘူး။ ရှင့်သူ့ကိုရှာမတွေ့မှာတောင်စိုးတယ်။ ဒါပေမယ့် ကျွန်မရှင့်ကို ကူရှာပေးလို့ရတယ်”

“ဒီလိုဟာမျိုးကို ကျွန်မကလွဲပြီး ဘယ်သူမှမလုပ်နိုင်ဘူးလို့ ကျွန်မယုံတယ်”

ရှဲ့ချောင် ထပ်ပြောလိုက်ပြန်သည်။

သူမက ဆက်ပြီးပြောနေ၏။အစပိုင်းတွင် အမျိုးသမီးသည် မကျေမနပ်ဖြစ်နေသေးသော်လည်း ရှဲ့ချောင်၏ စကားများကို နားထောင်ပြီးနောက် သူမ၏မောက်မာမှုများမှာ များစွာမှေးမှိန်သွားခဲ့သည်။

“ငါ့ကိုမလိမ်နဲ့။ အရင်က သူ့ကိုရှာပေးဖို့လာတဲ့ တာအိုဆရာတောင် လုပ်နိုင်တာမဟုတ်ဘူး”

“ကျွန်မက ဘာလို့ရှင့်ကိုလိမ်ရမှာလဲ။ ဝိဥာဥ်ရှာတာ

က ကျွန်မရဲ့ကျွမ်းကျင်မှုပဲ။ ကျွန်မလိုတာဆိုလို့ ရှင့်ရဲ့ အရိုးရယ် အဲဒီဝိဥာဥ်ကိုဆွဲ‌ဆောင်နိုင်မယ့် ပစ္စည်းကောင်းတချို့လောက်ပဲရှိတယ်။ ဒါပေမဲ့ ရှင့်ကလေးက ငယ်လွန်းတော့ အစောကြီးကတည်းက ပျောက်ရင်ပျောက်သွားလောက်ပြီ၊ ရှင်းအောင် လုပ်ရဦးမယ်”

“ပြီးတော့ ရှင်ကကံကောင်းလို့ ကလေးအနားမှာရှိသေးပြီး၊ သူ့ဝိဉာဉ်ကိုရှာတွေ့တယ်ဆိုရင်တောင် ပြီးပြည့်စုံတဲ့မကောင်းဆိုးဝါး ဝိဉာဉ်တစ်ကောင်လို တက်တက်ကြွကြွနဲ့အစွမ်းရှိမှာမဟုတ်ဘူး၊ သူ့ကို နောင်တစ်ချိန်မှာ ပြန်ဝင်စားဖို့ပို့ပေးရင်တောင် လူတစ်ယောက်မဖြစ်နိုင်မှာစိုးတယ် ဟုတ်တယ်မလား”

ရှဲ့ချောင် ထပ်ပြောလိုက်၏

သူရဲ့နောက်ဘဝမှာ လိပ်ပြာတစ်ကောင် ငှက်တစ်ကောင် သို့မဟုတ် နှံကောင်တစ်ကောင်ဖြစ်လာမလား ဘယ်သူကများ သိနိုင်မှာလဲ။

•••••

All Chapters