← Chapters

အခန်း (၁၀၁၇-၁၀၂၀)

Vol. 52 Ch. 1017-1020

အခန်း (၁၀၁၇-၁၀၂၀)

Vol. 52 Ch. 1017-1020

အခန်း ၁၀၁၇။ ချိုးဖျက်

ရှဲ့ချောင်သည် ပုံရိပ်ယောင်အားချိုးဖျက်ရန်အတွက်နှင့် လိမ်ပြောမည်မဟုတ်။ ဝိဉာဉ်ကိုရှာရန်အတွက် သူမတတ်နိုင်တာမှန်သမျှ အကုန်လုပ်မည့်သူပင်။

သူမ ဘယ်သူ့ကိုမှ လိမ်မည်မဟုတ်ပေ။

သို့သော်လည်း ယွမ်ချန်းကျစ်နှင့် တာအိုဆရာကြီးကွမ်းလွမ်၏ မျက်လုံးထဲတွင် သူမက လိမ်နေခြင်းသာ။

ထို့အပြင်… သူမက ချင့်ချိန်စွာဖြင့် လိမ်နေခြင်း။

ထိုသို့သော လှည့်စားမှုမျိုးသည် အပြောင်မြောက်ဆုံးဖြစ်၏။ သူမသာ လူတွေကိုမျှော်လင့်ချက်မပေးလျှင် သူမ၏စကားများက အမှန်ဟု ထင်ကြလိမ့်မည်ပေ!

ဤမကောင်းဆိုးဝါးဝိဉာဉ်သည် အတော်လေးသနားစရာကောင်းသည်ဟု ခံစားလိုက်ကြရသည်။

သူမသည် အသက်ရှင်စဉ်က ဝမ်းနည်းစရာကောင်းစွာသေဆုံးခဲ့ရသလို သေသွားပြီချိန်တွင်တောင်မှ ရွှေယွဲ့ဘုရားကျောင်းမှ တာအိုဆရာနှင့် ဆုံနေရ၏။

“ ငါက ဘာလို့နင့်ကိုယုံရမှာလဲ.. နင်လိမ်နေတာဆိုရင်ရော?!”

အမျိုးသမီးသည် တုံးအသူတစ်ယောက်မဟုတ်။

“ကျွန်မ ဘာလို့ရှင့်ကိုလာရှာလဲသိလား?”

ရှဲ့ချောင်သည် မနှေးလွန်းမမြန်လွန်းသော အသံဖြင့်ပြောနေခြင်းဖြစ်ကာ အင်မတန်စိတ်ရင်းမှန်ပုံပေါ်နေလေ၏။

“ကျွန်မက ဝိဉာဉ်ရှာဖို့ရောက်လာတာဆိုပေမဲ့ ပိုပြီးအင်အားကြီးတဲ့ဝိဉာဉ်ကိုရှာနေတာ၊ သူတို့ကို တာအိုဆရာတစ်ယောက်က ခေါ်သွားတာဖြစ်လောက်တယ်၊ ကျွန်မ အဲဒီဝိဉာဉ်တွေကိုရှာတာ ကြာလှနေပြီ၊

ကျွန်မခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီမှာပုန်းနေတဲ့ တာအိုဆရာဆီမှာ ဝိဉာဉ်တွေကိုဖွက်ထားနိုင်ပြီး အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်တဲ့ အစွမ်းထက်တဲ့ ဓမ္မတူရိယာတစ်ခုရှိလောက်တယ်၊ ဟုတ်တယ်မလား”

“ကျွန်မက ဒီနေရာကိုတောင် ရှာတွေ့ပြီဆိုကတည်းက ကျွန်မရဲ့အရည်အချင်းက ယုံကြည်လို့ရနေတုန်းပဲလေ၊

ရှင်ကျွန်မကို မယုံသေးဘူးဆိုရင် ကျွန်မနောက်တစ်ခုသိန္နိဌာန်ချပြမယ်”

ရှဲ့ချောင်သည် ကောင်းကင်ဆီသို့ ဦးတည်ကာ

“ရွှေယွဲ့ဘုရားကျောင်းရဲ့ မျိုးဆက် ကျွန်မ မော့ချူရှန်း ကောင်းကင်ကိုတိုင်တည်ပါတယ်၊ ရှင့်ကိုသာ မကူညီပေးခဲ့ရင်. ရှင့်နာမည်ဘယ်လိုခေါ်လဲ?”

“သခင်မကျော့ သခင်မလေးစန်း"

“ကျွန်မ မော့ချူးရှန်းသာ သခင်မကျော့ ရဲ့ကလေးကို ရှာဖို့မကူညီပေးခဲ့ရင်၊ ကျွန်မရဲ့ ဉာဏ်အလင်းတို့ ပျက်စီးပြီး အဆုံးသတ်မကောင်းပါစေနဲ့”

ရှဲ့ချောင်က လေးနက်စွာဆိုလိုက်၏။

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်၏ အားကောင်းလှသော နာကြည်းချက်တို့ဖြင့် ဆန့်ကျင်တိုက်ခိုက်လိုစိတ်မရှိပေ။

၎င်းက စွမ်းအင်များစွာကုန်ဆုံးစေလိမ့်မည်။ထို့ပြင် သူတို့အနောက်မှာ ပုန်းကွယ်နေသော ရန်သူတစ်ယောက်လည်း ရှိနေပေသည်။

သခင်မလေးစန်း စိတ်ဝင်စားသွား၏။

သူမ၏ အကြီးမားဆုံးသော မကျေမနပ်ချက်မှာ ကလေးကြောင့်ဖြစ်သည်။ သို့သော် သူမ အနည်းငယ်တော့ တွေဝေနေသေး၏။ သူမအိမ်ထဲ၌ အခြားသူများလည်း ရှိသည်။ တာအိုဆရာဝမ်သည် အင်မတန်အစွမ်းထက်ကာ ဓမ္မတူရိယာများစွာလည်း ရှိနေ၏။ သူမ၌ ရွေးချယ်စရာမရှိဘဲ သူတို့ကို‌အိမ်ထဲတွင် နေခွင့်ပေးခဲ့ရသည်။ သူမအရှေ့မှာရှိနေသည့် တာအိုဆရာများသည် နောက်ဆုံး၌ ရှုံးနိမ့်သွားခဲ့

သော်၊ တာအိုဆရာဝမ်ကသာ သူတို့ကို ရှင်းပစ်ခဲ့သော် သူမနှင့် စာရင်းရှင်းစရာရှိလာကြလိမ့်မည်…

သူမ တုံ့ဆိုင်းနေချိန်၌ ဤပုံရိပ်ယောင်ထဲရှိ မကောင်းဆိုးဝါးစွမ်းအင်သည် အားအနည်းဆုံးဖြစ်နေကြောင်း ရှဲ့ချောင်အာရုံခံမိလိုက်၏။

သူမ ရုတ်ချည်းဆိုသလို အဆောင်စာရွက်တစ်ရွက် ယူထုတ်လိုက်သည်!

“ကောင်းကင်နှင့်မြေကြီး တံခါးဝကိုအလင်းရောင်ပေးစွမ်းစေ၊ တိမ်စိုင်ထဲရှိ ရွှေရောင်ကျီးကန်းနှင့် မြားများ၊ မြောက်ပိုင်းအရပ်ရှိ ငှက်တို့…ကျွန်ုပ်တို့ အသင့်ကိုအသနားခံပါသည်။

အကျိုးတော်ဆောင်နှင့် နတ်ဘုရားအပေါင်းတို့ ကျွန်ုပ်တို့အား လမ်းစဉ်ငါးသွယ်ကို ပြသပေးပြီး ပဋိပက္ခများကို ဖျက်ဆီးပေးပါ! ငါ့ရဲ့အမိန့်ကို ကြားနာစေ၊ ပျက်!”

ရှဲ့ချောင်သည် လက်သုံးချောင်ထောင်ထားကာ အဆောင်စာရွက်သည် လေထဲ၌ ပေါက်ကွဲသွား၏။

ချက်ချင်းဆိုသလိုပင် ရှဲ့ချောင်နှင့်အခြားသူများအားလုံး သူတို့၏ မြင်ကွင်းက တစ်ခဏတာ ဗလာကျင်းသွားသလို ခံစားလိုက်ကြရသည်။ မျက်လုံးများအား နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ချိန်တွင် တစ်စစီယိုယွင်းနေသော ခြံဝန်းထဲ၌ ရပ်နေကြကြောင်း သိလိုက်ရ၏။

သူတို့အနားတွင်ရှိနေသော သစ်ရွက်ကြွေများသည် ညှိုးနွမ်းခြောက်သွေ့ပြီး အဝါရောင်‌ဖြစ်နေကြကာ သစ်ကိုင်းထက်ရှိ ကျီးကန်းများကလည်း တအာအာအော်နေကြသည်။

ယွမ်ချန်းကျစ်သည် ရှဲ့ချောင်အား တုန်လှုပ်စွာဖြင့် ကြည့်လိုက်၏။

“ဆရာမမော့ အဲဒါ ဘယ်လိုအဆောင်မျိုးလဲ၊ ဘာလို့ အဲဒီလောက်တောင် စွမ်းရတာလဲ”

သူတို့လည်း အစီအရင်ကိုချိုးဖျက်နိုင်သည် ဆိုသော်ငြား ကျိန်းသေပေါက် အင်အားများစွာစိုက်ထုတ်ရလိမ့်မည်ပေ။

သူတို့၏ ခွန်အားများပင် ကုန်ခမ်းပင်ပန်းနိုင်သည်။

သို့သော် ဤဆရာမမော့ကမူ မန္တန်တစ်ခုရွတ်ရုံနှင့် ပြီးသွားခဲ့သည်။

“ဒါ ကျွန်မတို့ရွှေယွဲ့ဘုရားကျောင်းရဲ့ အရည်အချင်းလေ၊ ဘာမှမဟုတ်ပါဘူး”

ရှဲ့ချောင် က ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်း သူမအား ဖြတ်ခနဲကြည့်လိုက်၏။

လူလိမ်

သူတို့ မုန့်ကျားပေါင်တွင်ရှိစဉ်က ရှဲ့ချောင်သည် အပြင်ထွက်ပြီး ဝိဉာဉ်များဖမ်းတတ်သလို သူမကိုယ်သူမ ခြံဝန်းထဲမှာ ပိတ်ပြီး အဆောင်စာရွက်များ

ရေးဆွဲတတ်သည်။ သူမ အခုလေးတင်အသုံးပြုလိုက်သော တစ်ခု၌ ရင်းနှီးနေသော ပုံစံကွက်များပါရှိသည်။

ရှဲ့ချောင် ထိုစာရွက်အား ရေးဆွဲနေသည်ကို သူ့မျက်လုံးဖြင့် ကိုယ်တိုင်မြင်ခဲ့ရ၏။

သို့သော် အဆောင်စာရွက်သည် အမှန်စင်စစ် ရှုပ်ထွေးလှသည်။ ရှဲ့ချောင် ထိုစာရွက်ကိုရေးဆွဲချိန်က အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သည်ကို ကျောက်ရွှမ်ကျင်းမှတ်မိသေး၏။ ၎င်းအား ရေးဆွဲပြီးသွားချိန်တွင် သူမတစ်ကိုယ်လုံးသည် ရေခဲရေဖြင့် စိမ်းထားသလိုပင် ဖြစ်သွားခဲ့ရသည်။

သူမအကြောင်း သူသိနေသော်လည်း ဖော်ထုတ်မည်မဟုတ်ပေ။

ရှဲ့ချောင် ရိုးရိုးရှင်းရှင်းဖြေလိုက်ခြင်းသည်လည်း ကောင်းသည့်အရာပင်။ ထိုယွီရွှီဘုရားကျောင်းမှ တာအိုဆရာများ နောက်တစ်ချိန်တွင် သူမအနားကပ်တွယ်ပြီး သူမကိုအလုပ်ရှုပ်စေခြင်းမှ ကာကွယ်

နိုင်ပေသည်။

ယွမ်ချန်းကျစ်သည် မနာလိုဖြစ်နေလေပြီး ရှဲ့ချောင်ဘေးရှိ ဝါးခြင်းတောင်းလေးအား လှမ်းကြည့်လိုက်လေသည်။

သို့ပေမဲ့ သူဘာမှမပြောရသေးခင်ပင် အေးစိမ့်စိမ့်လေတစ်ချက် ရုတ်တရက်တိုက်ခတ်သွားသည်။ သူတို့ဘေး၌ရှိနေသော သစ်ရွက်ကြွေများသည် ဓားများသဖွယ် တဖျပ်ဖျပ်လွင့်လာကာ သူတို့အားထိုးစိုက်လေသည်။

“ဘာဖြစ်တာလဲ”

ယွမ်ချန်းကျစ်တစ်ယောက် ပျာပျာသလဲဖြစ်သွား၏။

သူက သံလိုက်အိမ်မြောင်တစ်ခု အလျင်အမြန်ထုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် တွက်ချက်ကြည့်၏။ သူ၏ မျက်နှာထား ရုတ်ချည်းဆန်စွာ ပြောင်းလဲသွားလေသည်။

“ဆရာမမော့ ဒီနေရာမှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်က ပြင်းလွန်းတယ်!”

“ဟုတ်မှာပေါ့၊ ကျွန်မတို့တွေ အဝိုင်းခံထားရပြီ”

ရှဲ့ချောင်မြင်နေရသည်က မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာကိုပင်။

•••••

အခန်း ၁၀၁၈။ ရုပ်သေး

တာအိုဆရာကြီး ကွမ်းလွမ်နှင့် အခြားသူများသည်လည်း တည်ကြည်သော မျက်နှာအမူအရာများဖြင့် သူတို့၏ ဓမ္မတူရိယာများကိုယူထုတ်လိုက်ကြသည်။

အထူးသဖြင့် ရှဲ့ချောင်၏ စကားများကိုနားထောင်‌ပြီးချိန်တွင် ပုလင်းတစ်ပုလင်းကို ချက်ချင်း ယူထုတ်လိုက်၏။ တစ်ယောက်ချင်းစီက သူတို့၏ မျက်ခွံပေါ်တွင် နွားမျက်ရည်တစ်စက်စီချကြသည်။ တစ်ခဏအတွင်း သူတို့အနားရှိ ခြောက်ခြားဖွယ်ရာမြင်ကွင်းကြီးတစ်ခုကို မြင်လိုက်ကြရလေသည်။

အမှောင်စွမ်းအင်က အိမ်တစ်အိမ်လုံးနီးပါးကို ဖုံးလွှမ်းထား၏။

မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာ လွင့်မျောနေကြပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ထို

မကောင်းဆိုးဝါး စွမ်းအင်သည် လူတစ်ယောက်အား မျက်စိတစ်မှိတ်အတွင်း လွှမ်းမိုးပစ်သွားနိုင်ပေ၏။

တာအိုဆရာကွမ်းလွမ်သည် အင်မတန်ဉာဏ်ထက်သူဖြစ်သည်။

ကျောက်ရွှမ်ကျင်း၏ သရုပ်မှန်သည် သာမန်မဟုတ်မှန်းသိ၍ သူ့ကိုလည်း နွားမျက်ရည်တစ်စက်ပေးလိုက်ကာ အလယ်နေရာဆီဆွဲခေါ်လိုက်သည်။

“ဒီမကောင်းဆိုးဝါးဝိဉာဉ်တွေအကုန်ရုပ်သေးရုပ်တွေ၊ သူတို့အားလုံးထိန်းချုပ်ခံထားရတာ!”

ယွမ်ချန်းကျစ်သည် မျက်မှောင်ကြုတ်နေပြီး ဒေါသထွက်နေ၏။

“အဲဒီလူယုတ်မာက တကယ်စက်ဆုပ်ဖို့ကောင်းတဲ့သူပဲ၊ သေပြီးသားသူကိုတောင် အလွတ်မပေးဘူး”

ကံကောင်းထောက်မစွာဖြင့် သွေးများစွာကိုတော့ မမြင်ခဲ့ရပေ။ ဤလူယုတ်မာသည် ကလေးနှင့် အမျိုးသမီးများ၏ သွေးအား ယစ်ပူဇော်ရာအနေဖြင့် မသုံးခဲ့တာဖြစ်လောက်သည်။

သို့မဟုတ်ပါက အစွမ်းသည် ပို၍တောင် အားကောင်းနိုင်ပေသည်။

၎င်းက ယုတ္တိရှိပေ၏။ ဘုရင်မင်းမြတ်၏ ခြေဖဝါးအောက် နန်းမြို့တော်တွင် အမှုကြီးတစ်ခုရှိလာပါက အစိုးရသည် အိမ်ထောင်စုတိုင်းကို ကျိန်းသေပေါက် စစ်ဆေးပေလိမ့်မည်ဖြစ်ရာ ထိုလူယုတ်မာအတွက် ခက်ခဲလိမ့်မည်ပေ။

သူတို့သည် အလင်းရောင်ထဲတွင် ရှိနေကြပြီး တာအိုဆရာသည် အမှောင်ထဲတွင်ရှိနေ၏။ အခုချိန်၌ ဤအရာများကိုပြောနေ၍လည်း အသုံးမဝင်ချေ။

တာအိုဆရာ၏ မန္တန်ကို ချေမွပစ်ရလိမ့်မည်။

မကောင်းဆိုးဝါးဝိဉာဉ်များသည် အနည်းငယ် ထုံထုံထိုင်းထိုင်းဖြစ်နေပုံရသည်။ တချို့က ရှဲ့ချောင်နဲ့အခြားသူများဆီ လက်များကိုဆန့်တန်းနေကြ၏။

တချို့ကမူ အေးစက်သည့်လေများကို ထုတ်လွှတ်နေကြသည်။ သူတို့ထဲမှ တစ်ဦးသည် အသက်ရှင်စဥ်က ဖျော်ဖြေသူဖြစ်ခဲ့ပုံပင်။ သူ၏ ပါးစပ်မှ မီးများကိုမှုတ်ထုတ်လိုက်ရာ မီးတောက်သည် ချက်ချင်းဆိုသလို သစ်ရွက်ခြောက်များကို တောက်လောင်သွားစေပြီး လေနှင့်အတူရောလျက် လောင်မြိုက်လို့နေ၏။ ရှဲ့ချောင်သည် လောကကြီးအားများစွာမြင်တွေ့ဖူးသည်။ ဤအခိုက်အတန့်၌ ဝိဥာဥ်များကိုသတ်ပစ်၍လည်း အလကားပင်။ ထို့အပြင် ဤဝိဥာဥ်များသည် အင်မတန်အပြစ်ကင်းကြသည်။ ဘာမဟုတ်သည့်အတွက်နှင့် ပျောက်ကွယ်သွားခြင်းက သနားစရာကောင်းလှပေသည်။

ရှဲ့ချောင်သည် ဝိဥာဥ်ဆင့်ခေါ်ခြင်း စာတန်းအား ယူထုတ်လိုက်၏။

ထိုလူယုတ်မာက ဝိဥာဥ်များကိုဖမ်းဆီးနိုင်သည်ဆိုလျှင် သူမလည်း ထိုသို့လုပ်နိုင်သည်။ မည်သူက ဝိဥာဥ်များကိုပိုပြီးထိန်းချုပ်နိုင်မည်ဆိုခြင်းပေါ်သာ မူတည်ပေလိမ့်မည်။ ဝိဥာဥ်ဆင့်ခေါ် စာတန်းပေါ်ရှိ

ခေါင်းလောင်းမြည်သွားရာ ဝိဥာဥ်များအား ခဏတာ တွေဝေသွားစေခဲ့သည်။ ရှဲ့ချောင်သည် နောက်ထပ်အမွှေးနံ့သာတစ်တိုင်ထပ်ထွန်းလိုက်ရာ အမွေးရနံ့ထွက်လာသည်နှင့် ပိုပြီးထိရောက်မှုရှိသွားစေ၏။ ထို့နောက် ရှဲ့ချောင်သည် အဆောင်စာရွက်တစ်ထပ်ကြီးအား ယူထုတ်လိုက်ပြန်သည်။

ယွမ်ချန်းကျစ်နှင့်အခြားသူများမှာ ဤမြင်ကွင်းကိုမြင်ပြီးချိန်တွင် တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရန်အတွက် မပြောပဲသိနေကြလေပြီ။

အဆောင်စာရွက်များတစ်ရွက်ပြီးတစ်ရွက်လောင်ကျွမ်းနေသည်။

ရှဲ့ချောင်၏ အဆောင်စာရွက်များ လွတ်မြောက်နေခြင်းက ယွမ်ချန်းကျစ်၏ နှလုံးသားအား နာကျင်စေသည်။

အကုန်လုံးက အပင်ပန်းခံပြီးအားထုတ်ထားရတဲ့ဟာတွေ!

ဝိဥဥ်ဆင့်ခေါ်စာတန်း၏ အစွမ်းသည် ကြီးသထက်ကြီးလာသည်နှင့်အမျှ ဝိဥာဥ်များသည်လည်းပို၍ တုံ့ဆိုင်းလာကြကာ မေ့လျော့ကုန်ကြသည်။ တစ်ခဏအတွင်း၌ပင် ဝိဥာဥ်များစွာသည် ရှဲ့ချောင်၏ ဝိဥာဥ်ဆင့်ခေါ်စာတန်းဆီသို့ ပျံလာကြလေသည်။

အချိန်သည် တဖြည်းဖြည်းချင်းကုန်ဆုံးနေ၏။

အနီးဝန်းကျင်ရှိ ဝိဥာဥ်များလည်းနည်းသထက်နည်းလာသည်။

နောက်ဆုံးတွင်မူ နောက်ဆုံးကျန်ရှိသော ဝိဥာဥ်ပါပျောက်ကွယ်သွားသွားပြီဖြစ်ကာ ရှဲချောင်လည်း ပင်ပန်းနွမ်းနယ်သွားပုံရသည်။

သို့သော်လည်း ၎င်းက အဆုံးသတ်မဟုတ်သေး။ ရှဲ့ချောင်သည် ဝိဥာဥ်ဆင့်ခေါ်စာတန်းအား သူမ၏ ရှိရှိသမျှအင်အားအကုန်သုံး၍ ဆွဲချခဲ့ရသည်။

ထို့နောက် ကရားငယ်တစ်လုံးကို ယူထုတ်ကာ စွန်းထင်နေသည့် ကြေးနီမင်ကို သုတ်ပစ်လိုက်၏။ ရွှေရောင်ဖြင့် ဝိဥာဥ်ဆင့်ခေါ်ခြင်းစာတန်းတွင် အဆောင်တစ်ခုရေးဆွဲခဲ့ကာ တစ်ချက်တည်းဖြင့် ပြီးသွားခဲ့သည်။ လက်ဟန်ခြေဟန်ပြပြီးနောက်တွင်မူ လူတိုင်း စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်ကြသည်။

သူမဘာလုပ်နေသည်ကို ယွမ်ချန်းကျစ်သိ၏။

ထိုမကောင်းဆိုးဝါးဝိဥာဥ်များအား ဖမ်းဆီးပြီးဖြစ်သော်လည်း လူယုတ်မာဆီကနေ သက်ရောက်ခံနေရဦးမည်ဖြစ်သည်။ ဆရာမော့၏ နောက်ဆုံးတစ်ချက်က သူတို့နှင့် လူယုတ်မာ၏ ဆက်နွှယ်မှုကို အပြီးတိုင် ဖြတ်တောက်ပစ်လိုက်ခြင်းပင်!

ထိုအခိုက်အတန့်တွင် အိမ်ထဲရှိ ရေတွင်းဟောင်းတစ်ခုထဲ၌ ကလေးနှင့်တူသော တာအိုဆရာသည် ဗုတ်ခနဲပြုတ်ကျလာလေသည်။

သူ၏ မျက်လုံးများသည် ပြူးကျယ်နေကာ မယုံကြည်နိုင်သေးပုံပင်။

သူ့ရဲ့မန္တန်က ပျက်သွားတာလား?!

သူ့တစ်ကိုယ်လုံးတုန်နေပြီး ဆက်တိုက်ဆိုသလို သွေးများအန်နေသည်။ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြာတစ်လှည့်ခရမ်းရောင်သမ်းတစ်လှည့်ဖြစ်နေပြီး အမှောင်စွမ်းအင်လည်း ရှိလို့နေသည်။

တန်ပြန်သက်ရောက်ခြင်းပင်။

ကောင်းကင်မှာကြည်လင်သွားလေပြီ။

ဤအချိန်တွင် သခင်မကျော့၏ အငြိုးကြီးဝိဥာဥ်သာ အပြင်ထွက်လာရဲသည်။ သူမသည် ရှဲ့ချောင်အား ရှုပ်ထွေးနေသာ မျက်လုံးများဖြင့် ကြည့်နေ၏။

သူမလက်ထဲတွင် ဝိဥာဥ်များစွာရှိနေဆဲ။ သူတို့သည် ဤနှစ်များထဲ၌ သူမ သတ်ပစ်ခဲ့သောသူများဖြစ်သည်။ ထိုအခိုက်အတန့်၌ သူမသည် ထိုဝိဥာဥ်များကိုလည်း နာခံစွာဖြင့် လွှတ်ပေးလိုက်၏။

“ဆရာမ…ကျွန်မရဲ့ ကလေးကိုရှာပေးမယ်လို့ကတိပေးထားတာမလို့…."

“ဒီလူတွေကို ကျွန်မ လွှတ်ပေးလိုက်မယ်…”

•••••

အခန်း ၁၀၁၉။ အတော်လေး အရည်အချင်းရှိသော

ရှဲ့ချောင်သည် ထိုမကောင်းဆိုးဝါးဝိဉာဉ်များအား အေးဆေးတည်ငြိမ်စွာဖြင့် စုဆောင်းပြီးနောက် သခင်မကျော့အား ကြည့်ကာ မေးလိုက်၏။

“အဲဒီလူယုတ်မာက ဘယ်မှာလဲ”

“ရေတွင်းထဲမှာ” သခင်မကျော့က ချက်ချင်းပြန်ဖြေ၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

သူမ၏ လမ်းညွှန်မှုဖြင့် သူ့အား သွားရှာခဲ့ကြသည်။ သူမ၏ ခြေလှမ်းများ အားနည်းနေသည်ကို ကျောက်ရွှမ်ကျင်းမြင်၍ သူမဘေးတွင်နေကာကူပေးခဲ့သည်။

အမှန်ကိုပင် သိပ်ပြီးမကြာလိုက် ရေတွင်းအောက်ခြေတွင် လဲနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

သူက ကောင်းကောင်းမကြီးထွားသော “ကလေး” ပင်။

ယွမ်ချန်းကျစ်တွေ့သည့်အခါ ထိတ်လန့်သွား၏။

ထိုလူအား ဆွဲတင်လိုက်ကြပြီးနောက် သူက တအံ့တဩဖြင့် ပြောလာသည်။

“သူက လူယုတ်မာဆိုတဲ့သူလား၊ ဘာလို့ အရမ်းငယ်နေရတာလဲ?!”

“လူပုမျိုးဖြစ်နေတာ”

ရှဲ့ချောင် ပြန်ဖြေလိုက်သည်။ ။ ထို့နောက် သူမသည် ထိုအမျိုးသားအား ကန်လိုက်၏။

“သူက အသက်ရှင်နေတုန်းပဲဆိုပေမဲ့ တန်ပြန်သက်ရောက်မှုက အရမ်းကြီးတော့ သေသွားတာနဲ့ ဘာမှမကွာတော့ဘူး”

ရှဲ့ချောင် ခဏစဉ်းစားကြည့်ပြီးနောက် သူ့အားချည်နှောင်ရန်ကြိုးတစ်ချောင်းရှာလိုက်သည်။ ထို့နောက် သူမ၏ဆေးလုံးများထဲမှ တစ်လုံးကိုယူ၍ ထိုလူ၏ ပါးစပ်ထဲ ထိုးထည့်လေသည်။

“ဆရာမမော့ ဘာလို့လဲ”

ယွမ်ချန်းကျစ် မေးလိုက်၏။

“ သူက ကျွန်မဆီလူလွှတ်ပြီး စာတစ်စောင်ပို့ခဲ့တဲ့အပြင် ကျွန်မကို ဒုက္ခပေးဖို့အတွက် ဓမ္မတူရိယာပါသုံးခဲ့သေးတယ်၊ ကံကောင်းလို့ ကျွန်မအချိန်မီရှာတွေ့သွားလို့ပေါ့၊ မဟုတ်ရင် သူ့ထောင်ချောက်ထဲကျနေလောက်ပြီ၊ ကျွန်မမှာ သူနဲ့ဘာရန်ငြိုးရန်စမ မရှိဘူး ဒီတော့ သူဘာလို့ကျွန်မကိုပစ်မှတ်ထားလဲဆိုတာ မေးရမယ်”

ရှဲ့ချောင် ရှင်းပြလိုက်သည်။ ရှဲ့ချောင်၏ ဆေးကြောင့် ဝမ်ကျိုးလဲ့ လျင်မြန်စွာ နိုးလာခဲ့၏။

ရှဲ့ချောင်ကို တွေ့သည့်နှင့် သူ၏မျက်နှာထားကကြမ်းကြုတ်သွားသည်။

“မင်းက တော်တော်လေးအရည်အချင်းရှိသားပဲ!”

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ရှင်ကျွန်မကို ဒီလိုမျိုး ချီးကျူးရင်တောင် ရှင်က ဘာမှမကောင်းတဲ့သူလို့ ပြောရဦးမှာပဲ”

ရှဲ့ချောင်သည် စကားတစ်လုံးချင်းစီအား လေးလေးနက်နက်ပြောလိုက်သည်။

ဝမ်ကျိုးလဲ့၏ မျက်နှာအမူအရာမှာ ဆိုးသထက်ဆိုးလာ၏။

“ကျွန်မတို့မှာ ဘာရန်ငြှိုးများရှိလို့လဲ”

ရှဲ့ချောင် မေးလိုက်သည်။

“မရှိဘူး”

ရှဲ့ချောင်သည် တခစ်ခစ်ရယ်လျက်

“ရှင်လိမ်နေတာ”

သူမသည် လက်ထဲမှ ကြေးနီခေါင်းလောင်းတစ်ခုအား အမှုမှတ်အမှတ်မဲ့ ယူထုတ်ပြီးနေပြီဖြစ်သည်။ သူမက ထိုခေါင်းလောင်းအား မြှောက်၍ ဝမ်ကျိူးလဲ့၏ အရှေ့တွင် ချေမွပစ်လိုက်သည်။ ဂျွတ်ခနဲမြည်သံနှင့်အတူ

“အမှန်အတိုင်းပြောစမ်း!” ဟုဆိုလိုက်လေသည်။

“မင်းက ငါ့အစီအရင်ကိုဖျက်ပစ်ခဲ့တာ!”

ဝမ်ကျိုးလဲ့၏ မျက်နှာထားမှာ အေးစက်နေ၏။

“မြို့ပြင်မှာရှိတဲ့ ဒြပ်စင်ငါးသွယ် သစ်ပင်အောက်က သစ်သားရုပ်က ငါ့ဟာ၊ နောက်ဆုံးကျတော့ မင်းကဖျက်ဆီးပစ်ခဲ့တယ်၊ မင်းက ငါ့ရဲ့ ယဲ့ရှီးမှိုကတောင် ခိုးသွားသေးတယ်!”

ရှဲ့ချောင်သည် အပြစ်ရှိစိတ်လုံးဝမခံစားရပေ။ မကောင်းမှုများကို လုပ်ခဲ့သူမှာ သူမမဟုတ်။

ရှဲ့ချောင်သည် သူ့အား ခေါင်းအစခြေအဆုံး ကြည့်၍ ထေ့ငေ့ါစွာ ပြုံးလိုက်သည်။

“ရှင်က အလွန်ဆုံးမှ လေးဆယ်လောက်ပဲရှိသေးတာမလား၊ မြို့ပြင်က သစ်သားရုပ်က အဲဒီလောက်မငယ်တော့ဘူး၊ရှင်ငယ်ငယ်လေးကတည်းက လုပ်ခဲ့တာလား၊ အဲလိုပုံလည်း မပေါ်ပါဘူး”

ဤလူသည် ကလေးတစ်ယောက်နှင့်တူသော်လည်း

ရှဲ့ချောင် သူ့အား အနီးကပ်ကြည့်ကြည့်လိုက်ချိန်တွင်၊ သူ၏ မျက်လုံးနှင့် ဆံပင်များကို သေသေချာချာကြည့်ခြင်းအားဖြင့် အသက်အမှန်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဝမ်ကျိုးလဲ့၏ မျက်နှာအမူအရာပြောင်းသွားပြီး နောက်ထပ်သွေးတစ်ပွက် အန်ပြန်လေသည်။

တန်ပြန်သက်ရောက်မှုသည် ပြင်းထန်လွန်းလှသဖြင့် ဆေးတစ်လုံးနှင့် ဖြေရှင်းလို့ ရလိမ့်မည်မဟုတ်ပေ။

ဤလူ၏ ပါးစပ်သည် တင်းတင်းစေ့ထားပြီး တန်ပြန်သက်ရောင်ခြင်း၏ နာကျင်မှုက သာမန်လူတစ်ယောက် သည်းခံနိုင်သော အရာတစ်ခုမဟုတ်ချေ။ သို့သော်လည်း သူ၏ အမူအရာမှာ များစွာပြောင်းလဲသွားခြင်းမရှိခဲ့ပေ။

မေးခွန်းများထပ်မေးနေ၍လည်း အသုံးဝင်လိမ့်မည်မဟုတ်။

“ဒီလူ့ကို ပြန်ခေါ်သွားကြတာပေါ့၊ သူရဲ့အခြေနေနဲ့ဆို

ကြာကြာအသက်ရှင်မှာလည်း မဟုတ်ဘူး၊ ဒါပေမယ့် သူ့လိုလူမျိုးတွေက သေသွားပြီးရင် အငြိုးကြီးဝိဉာဉ်ဖြစ်လာမှာ အရမ်းကြောက်ကြတာ၊ သူ့ကိုပြန်ခေါ်သွားလိုက်ရင် အဲ့ဒီဒုက္ခကို ရှောင်နိုင်လိမ့်မယ်”

တာအိုဆရာကွမ်းလွမ်က ပြောလေသည်။

ရှဲ့ချောင်သည် သူမလည်းထိုသို့လုပ်နိုင်သည်ဟု ပြောချင်နေ၏။

သို့သော်လည်း တာအိုဆရာများသည် ဤနေရာအထိ ဒုက္ခများစွာ ကျော်ဖြတ်ပြီးလာခဲ့ကြရသည်။ သူတို့အား မျက်နှာသာပေးရန်လိုလေရာ သူမ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုလူ သူမအား လာရှာရသည့်အကြောင်းရင်းသည် မြို့ပြင်ရှိသစ်သားရုပ်တစ်ခုတည်းကြောင့်မဟုတ်လောက်ကြောင်း ရှဲ့ချောင် ခံစားမိ၏။ သခင်ကြီးလီ၏.. ဖုန်းရွှေကြောင့်… ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူသည် ဖုန်းရွှေကြည့်ခြင်း၌ ပြောင်မြောက်သူ

ဖြစ်၏။

သာမန်တာအိုဆရာတစ်ယောက်သည် ထိုသို့လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ သူမသည် ဟိုးအရင်တစ်ချိန်က တစ်စုံတစ်ယောက်အား ဆန့်ကျင်မိဖူးပြီး သူမ မသိတာဖြစ်နိုင်၏။

ရှဲ့ချောင်သည် စိုးရိမ်ပူပန်နေခြင်းမရှိ၊ သူမကိုယ်သူမ ယုံကြည်ချက်ရှိနေသည်။

ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်းတို့သည် ထွက်သွားရန်အတွက် အလျင်မလိုခဲ့ကြပေ။ သူမသည် သခင်မကျော့အား အရင်ဆုံးသိမ်းလိုက်ကာ မြင်းလှည်းထဲတွင် ဝင်ထိုင်လိုက်၏။ အနားယူရင်းဖြင့်

မြို့ပြင်တွင် အရိုးတူးရန်အတွက် သွားခဲ့သည်။ တစ်လက်စတည်း ကလေး၏ဝိဉာဉ်ကိုဆွဲခေါ်ချင်၍လည်း ပါသည်။

မကောင်းဆိုးဝါးဝိဉာဉ်ဝိဉာဉ်ငယ်လေးသည် ထိုနေရာ

တွင်သာ ရှိနေဆဲဖြစ်လောက်မှန်း ရှဲ့ချောင် အတည်ပြုလို့ရ၏။

ထို့အပြင် မိခင်နှင့်သားတို့သည် ဆက်စပ်နေကြသည်။ မိခင်ဖြစ်သူက အငြိုးကြီးဝိဉာဉ်အဖြစ် ပြောင်းသွားသည့်အခါ ကလေးသည်လည်း ထိုနည်းလည်းကောင်းပင်။ အစွမ်းက နည်းလွန်းသဖြင့် ပုံပန်းသဏ္ဌာန်မရှိသေးဘဲ တစ်နေရာရာတွင် လွင့်မျောနေခြင်းသာ။

၎င်းအား ရှာဖွေရန်မှာ အမှန်တကယ် အခက်အခဲမရှိလှပေ။

•••••

အခန်း ၁၀၂၀။ တပည့်လက်ခံသေးလား

ရှဲ့ချောင်သည် သူမတွင်ရှိသော ယဲ့ရှီးမှိုအားလုံးကို အသုံးမပြုရသေးပေ။ သူမ အစောပိုင်းက ထွန်းညှိခဲ့သော ဝိဉာဉ်လမ်းညွှန်အမွှေးတိုင်သည်လည်း ယခုအခါ အသုံးဝင်လာလေပြီ။

သခင်မကျော့၏ အလောင်းအား တူးထုတ်ပြီးသွားသည်နှင့် ရှဲ့ချောင်သည် ရိုးရာပေးခြင်းအား စတင်ခဲ့၏။

သူမသည် မန္တန်တစ်ခုရှိလိုက်ပြီး သိပ်မကြာ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် လွင့်မျောလို့လာသည်။

ရှဲ့ချောင် ထင်ထားသည်ထက်ပင် ပိုမြန်နေသေး၏။ မကောင်းဆိုးဝါးဝိဉာဉ်သည် သခင်မကျော့၏ အုတ်ဂူနားတွင်သာ လွင့်မျောနေခြင်းဖြစ်လောက်ကာ ခပ်ဝေးဝေးသို့မရောက်လောက်သေးပေ။

သားနှင့်အမိတို့သည် ပင်ကိုယ်အသိစိတ်များဖြင့် မွေးဖွာလာကြ၏။ သခင်မကျော့သည် ထိုအားနည်းသောဝိဉာဉ်အား မြင်သောအခါ သူမ၏ကလေးဖြစ်မှန်း ခံစားလိုက်မိသည်။ သူမ ခန္ဓာကိုယ်ရှိ မကျေနပ်ချက်တို့က ရုတ်ချည်း အားပျော့သွားလေသည်။

သို့သော် သူမသည် အပြစ်မရှိသူများစွာကို သေစေခဲ့၏။ သူမကိုယ်ပေါ်ရှိ မကောင်းဆိုးဝါးစွမ်းအင်ကိုမူ ဖယ်ရှားနိုင်မည်မဟုတ်ချေ။

“ အနာဂတ်မှာ ကျွန်မရှင်တို့နှစ်ယောက်စလုံးရဲ့ဝိဉာဉ်ကိုအတူတူပို့ပေးမယ်”

ရှဲ့ချောင်သည် သခင်မကျော့ကို ကြည့်၍ ဆိုလိုက်သည်။

သခင်မကျော့က ခါးသီးစွာပြုံးလျက်

“ကျွန်မသားလေးနဲ့သာ အတူတူရှိခွင့်ရမယ်ဆို လက်ခံပါတယ်”

ထိုအရင်အချိန်က သူမ၏မိသားစုသည် ပြိုလဲခါနီးဖြစ်ခဲ့ရ၏။ သူမ၏ မိဘများသည် သူမအား ထောင်

ယွမ်နှင့် လက်ထပ်စေခဲ့သည်။ အမျိုးသားသည် သူမထက် အသက်နှစ်ဆယ်ပိုကြီးကာ သူမသည် ဒုတိယ‌ဇနီးဖြစ်၏။

သူမ လက်ထပ်ပြီးသည့်အခါ ထောင်ယွမ်၌ ယခင်က ဇနီးပေါင်းမြောင်မြားစွာရှိကြောင်းနှင့် သူတို့၏ သေဆုံးမှုကို လျှို့ဝှက်ဆန်းကြယ်ကြောင်းသိလိုက်ရသည်။ သူ၌ ကြီးမားသော မိသားစုတစ်ခုရှိကာ သူ့၏သရုပ်မှန်အား ဖုံးကွယ်ရန်အတွက် သူလက်ထပ်သည့်ဇနီးအားလုံးက အဆင့်နိမ့်အမျိုးသမီးများသာ ဖြစ်သည်။ သူ့အား လက်ထပ်ပြီးကတည်းက သူမအနေဖြင့် နာခံရုံသာရှိခဲ့၏။

ကံကောင်းထောက်မစွာဖြင့် သူသည် အသက်မငယ်တော့သလို ကလေးတစ်ယောက်လည်း တကယ်မလိုချင်သည့်အတွက် သူမအား မျှတစွာဆက်ဆံခဲ့ကာ လွန်လွန်ကြူးကြူးမပြုဝံ့ခဲ့ချေ။

သူတို့လက်ထပ်ပြီးကြသည့်နောက် ထောင်ယွမ်သည် နှစ်နှစ်ကြာ ကောင်းမွန်စွာပြုမူခဲ့၏။ ကျန်းမာရေး

ဖြည့်စွက်စာများကို မှီဝဲခဲ့ရာ သူမအား ကိုယ်ဝန်ရစေခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ သူထပ်မံ၍ ပွေရှုပ်ပြန်သည်။ သူနှင့် ပွေရှုပ်ခဲ့သော အမျိုးသမီးမှာ မူလက ကောင်းမွန်သည့်မိသားစုတစ်ခုမှဖြစ်၏။

ထောင်ယွမ်၏ မိသားစုသည် ချမ်းသာကြောင်းမြင်ပြီးနောက်ပိုင်း၌ သူမသည် ပန်းရောင်ရန်ဟူသော အကြောင်းပြချက်ဖြင့် အိမ်သို့မကြာခဏလာတတ်ကာ ထောင်ယွမ်အား အဖော်ပြုပြီး ပြဇာတ်ကြည့် ပျော်ပါး‌လေ့ရှိသည်။ သူမသည် ထိုအမျိုးသမီးအား ထောင်ယွမ်သည် ထူးဆန်းသောအစွဲအလမ်းစိတ်ရှိသူဖြစ်၍ သူနှင့်ခပ်ဝေးဝေး‌တွင်နေသင့်ကြောင်းကိုပါ အကြံပေးခဲ့သေး၏။ သို့သော် ထိုအမျိုးသမီးက သူမအား စိတ်ဖိစီးနေသော ဇနီးတစ်ယောက်ဟု ဆိုခဲ့၏၊ သူမက မနာလိုဖြစ်၍ ပြောခဲ့ခြင်းသာ။

ထို့နောက် တစ်စုံတစ်ခုက အမှန်တကယ်ဖြစ်ပျက်သွားခဲ့သည်။

ထောင်ယွမ်သည် ထိန်းချုပ်ထားရသည်မှာ ကြာလွန်းနေပြီဖြစ်၍ သူ့ကိုယ်သူ အလိုလိုက်ပျော်မွေ့ရန်ဆုံးဖြစ်ခဲ့သည်။ သူသည် ရက်စက်လွန်း၏။ အလောင်း

ပေါ်ရှိ ဒဏ်ရာများမှာ သိသာလွန်းပြီး ဖုံးကွယ်ထား၍တောင်မရခဲ့ချေ။

ထို့အပြင် ပန်းသည်မိန်းကလေးသည် ကျွန်တစ်ယောက်မဟုတ်သည့်အပြင် သူမမိသားစု၌ ညီအစ်ကိုမောင်နှမများစွာရှိနေသည်။ သို့ဖြစ်ရာ သူမကိုရှာတွေ့ချိန်၌ ရုံးတော်ကိုတိုင်တန်းရန်အတွက်သာ ကြိုးပမ်းခဲ့ကြသည်။ လူတစ်ယောက် သေဆုံးသည့်အတွက်ကြောင့် သူမသည် ထောင်ယွမ်အား အပြစ်တင်ဝေဖန်ခဲ့သည်။ ပြဿနာရှာရန်ရောက်လာကြသောသူများအား ထောင်ယွမ်တွေ့ရချိန်တွင် မကျေမနပ်ဖြစ်သွားပြီး သူမအား ထိုလူများကိုဖြေရှင်းရန်အတွက် တွန်းပို့ပစ်ခဲ့သည်.

ထိုလူများသည်… စော်ကား ကျိန်းမောင်း တွန်းထုတ် အော်ဟစ်ခဲ့ကြ၏။ သူမ ကိုယ်ဝန်ပျက်ကြခဲ့ရသည်။

ထောင်ယွမ်သည် သူမအား အသုံးမကျသည့်အတွက် ဂြိုလ်ဆိုးတစ်ယောက်ဖြစ်နေသည့်အတွက် အပြစ်တင်ခဲ့သည်။ ထိုညက သူမအား နှိပ်စက်ရန်ထပ်ရောက်ခဲ့ပြန်သည်။ သူမသည် အနာဂတ်တွင်လည်း ခက်ခဲသည့်အချိန်များက်ု ကျော်

ဖြတ်ရဦးမည်ဟု ထင်ခဲ့ကာ ရှေ့ဆက်သွားရန် သတ္တိမရှိတော့သဖြင့် သူမကိုယ်သူမ အဆုံးစီရင်ပစ်ခဲ့၏။

သူမ သူတို့ကို မုန်းတီးမိသည်။ သူမ ထောင်ယွမ်ကိုမုန်းတီးသလို ထိုအမျိုးသမီးနှင့် ပြဿနာရှာရန်လာကြသည့် သူများကိုလည်း မုန်းတီးသည်။

သူမ၏ နာကြည်းမုန်းတီးမှုများက တစ်စထက်တစ်စပိုပြီးကြီးမားလာခဲ့၏။ နောက်ဆုံးတွင် သူမသည် ထောင်ယွမ်အားသတ်ပစ်ကာ အိမ်ထဲ၌ နှစ်ပေါင်းများစွာ ကပ်တွယ်နေခဲ့လေသည်။

သခင်မကျော့၏ အမုန်းတရားများမှာ မပြေပျောက်သေးချေ။ ထိုသို့သော အငြှိုးကြီးဝိဥာဥ်မျိုးက နောက်တစ်ကြိမ်ပြန်လွတ်လာရန်မှာ မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ရှဲ့ချောင်သည် မိခင်နှင့်သားအား အတူတူသိမ်းဆည်းထားခဲ့ကာ နောက်တစ်ကြိမ် ငရဲတံခါးပွင့်လာသည့်အချိန်တွင် သူတို့အား အတူတကွပို့ပေးမည်ဖြစ်သည်။

သူမ၏ နာကြည်းချက်များအား ပပျောက်စေရန်အတွက် ကူညီပေးရန်ရည်ရွယ်ချက်မရှိပေ။

သူမစိုက်ပျိုးခဲ့သော အရာများအတွက် သနားစရာကောင်းသည်မှာမှန်သော်လည်း နောက်ပိုင်း၌ အိမ်ထဲသို့ရောက်လာကြသူများသည်လည်းသနားစရာကောင်းသည်ပေ။ သူမကြောင့် လူများစွာသေခဲ့ရသည်။

တန်ရာတန်ကြေးအား သူမကိုယ်တိုင် ခံရသင့်သည်။

အားလုံးအားတစ်ပြိုက်နက်လုပ်ပြီးသွားသည်နှင့် ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့သွား၏။

သူမ၏ ခြေထောက်များမှာ အားနည်းနေပြီဖြစ်သော်လည်း တည်ငြိမ်ဟန်ဆောင်၍ မြင်းလှည်းပေါ်သိုတက်သွားကာ သူမအား မြို့တော်သို့ပြန်ပို့ပေးရန် ကျောက်ရွှမ်းကျင်းအား အကူအညီတောင်းခဲ့လေ

သည်။

ကျောက်ရွှမ်ကျင်းသည် သူမကိုကြည့်လိုက်ရာ သူ့နှလုံးသားလေးလံသွားရသည်။ သူ ခံစားချက်အဆင်မပြေခဲ့ပေ။

သို့သော် သူမ မည်သည်ကိုသိထားသည် မည်သည်ကို သင်ယူထားသည်ကိုမူ သူ မသိရပေ။ သူမအား မကူညီနိုင်သည့်အတွက် သူပိုပြီးကူကယ်ရာမဲ့ရကာ စိတ်ပျက်မိသည်။

“ရွှေယွဲ့ဘုရားကျောင်းက ဆရာတွေက တပည့်လက်ခံသေးလားမသိဘူး”

ကျောက်ရွှမ်ကျင်းက သူမကိုမေးလိုက်၏။

ရှဲ့ချောင်သူမကိုတစ်ချက်ကြည့်ကာ

“ဘာလို့လဲ တပည့်ဖြစ်ချင်တဲ့ အငယ်တစ်ယောက်ရှိတယ်လို့တော့….မပြောနဲ့နော်”

“ဆရာတူအစ်မက အရမ်းတွေကြိုးစားနေတာတွေ့လို့ ကျွန်တော်သာတစ်ခုနှစ်ခုလောက်သင်ထားရင် နောင်တစ်ချိန်မှာ အစ်မကိုကူညီပေးနိုင်မှာ။ အဲဒါဆို ဆရာတူအစ်မလည်း အရမ်းကြိုးစားစရာမလိုတော့ဘူး”

ကျောက်ရွှမ်ကျင်းက လေးနက်စွာဆိုလာလေသည်။

ရှဲ့ချောင် သူ့ကို တအံ့တဩ ကြည့်လိုက်လေတော့သည်။

••••

All Chapters