← Chapters

အခန်း (၁၀၂၅-၁၀၂၈)

Vol. 53 Ch. 1025-1028

အခန်း (၁၀၂၅-၁၀၂၈)

Vol. 53 Ch. 1025-1028

အခန်း ၁၀၂၅ ဟန်ဆောင်မျက်နှာဖုံး

ရှဲ့ချောင်သည် ဆေးကုသဆောင်ကုတင်ပေါ်၌ လဲလျောင်းနေ၏။ အလွန်တိတ်ဆိတ်နေသည်။ ယွီရှန်းသည် သူ့ဘာသာသူ တီးတိုးရေရွတ်နေပြီး သူမအား အကြိမ်များစွာ ကြည့်ရှုရန်လည်း မမေ့ခဲ့ချေ။

သူမကြည့်လိုက်တဲ့အခါ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရ လေသည်။ ဆရာမ၏နားရွက်များသည် အမှန်ပင် ဝိုင်းစက်၊ ဖြူစင်သန့်ရှင်းနေတယ်။ သူမသည် တကယ်ပင် လှ၏။

သို့ရာတွင် သူမ၏ ရုပ်ရည်သည်လည်း မဆိုးလှပေ။ အနည်းငယ်အသက်ကြီးနေသော်လည်း သူမသာ သခင်မအရွယ်ရောက်ပါက ယခုလိုလှနိုင်မည်ဆိုလျှင် ကျေနပ်လှပေပြီ။

ယွီရှန်း သူမကို စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် ပေကျံနေသည့်အရာတစ်ခုခု ရှိနေသည်ကို တွေ့လိုက်ရ၏။

သူမ သေချာမသိ‌ပေ၊ သို့သော် မေးစေ့တစ်ဝိုက်သည် လည်ပင်းထက် အနည်းငယ်ပိုမည်းနေပြီး သူမ၏အသားအ‌ရေအရောင်နဲ့တူသော်လည်း တစ်ခုခု ပေကျံနေသကဲ့သို့ပင် ခံစားရ၏ ။ သူမသည် အမှားမလုပ်ချင်သောကြောင့် ခဏတာ တုံ့ဆိုင်းနေသော်လည်း ကြည့်ရတာ ကသိကအောက်ဖြစ်နေ၏ ။ ထို့နောက် သူမ ကိုယ်ပေါ်မှ လက်ကိုင်ပဝါကို ထုတ်ပြီး သခင်မ၏မေးစေ့ပေါ်မှ အစွန်းအထင်းကို သုတ်လိုက်သည်။

အကြိမ်အနည်းငယ် သုတ်ပြီးသောအခါ အမည်းရောင်သည် လုံးဝ ပျောက်သွား၏ ။ နေရာယူလာသည်က ဖြူဖွေးသော အသားအရေတစ်ပိုင်းလေး ဖြစ်ပြီး လည်ပင်းက အသားအရေထက်ပင် ပိုမိုချောမွေ့နေသည်။

ယွီရှန်း သူမရဲ့ လက်ကိုင်ပဝါကို ပြန်ယူပြီး အနည်းငယ်‌ ကြောင်သွား၏။ သခင်မ မျက်နှာက... ဘာဖြစ်နေတာပါလိမ့်။

သူမ၏ မေးစေ့မှာ သန့်စင်သွားပြီ၊ သို့သော် အဘယ့်ကြောင့်ကြည့်ရသည်မှာ… သူမ၏ မျက်နှာတစ်ခုလုံးသည်... ညစ်ပတ်နေပုံပေါ်နေပါသနည်း။

ယွီရှန်းသည် တုံအသူ မဟုတ်‌ပါ။ သူမ သုန့်အန်းမှ မြို့တော်ကို မည်သို့ ရောက်လာခဲ့ကြောင်း ပြန်

တွေးကြည့်၏။ သူမ သိုင်းပညာ လေ့ကျင့်ခဲ့သည်ဆိုလျှင်တောင် မိန်းကလေးတစ်ယောက်ပင်ဖြစ်၏ ။ တစ်ယောက်တည်းနှင့် အများကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ရန် ခက်ခဲ၏ ။ သူမရဲ့ လုံခြုံ‌ရေးအတွက် လမ်းတစ်လျှောက်လုံး သူမ၏ မျက်နှာကို မည်းမည်းညစ်ညစ်တွေ လိမ်းခဲ့ပြီး အမျိုးသားယောင်ဆောင်ခဲ့ခြင်း ဖြစ်သည် ။

ဆရာမသည်လည်း အလားတူပင်ဖြစ်ပါသလော။သူမ၏ မျက်နှာသည် တခြားသူများကို လှည့်စားဖို့ရန် အယောင်ဆောင်ထားခြင်းပင် ဖြစ်လေမလား။

ယွီရှန်း စိတ်လှုပ်ရှားသွား၏။ မသိစိတ်ကပင် သူမသည် ဆရာမ၏ ရုပ်ရည်အစစ်ကို ကြည့်ချင်ပေမဲ့လည်း သူမ၏ လက်သည် ပြန်ကျသွားသည်။

ယင်းသည် ဆရာမ၏ လျှို့ဝှက်ချက်ပင် ဖြစ်၏ ။

သူမသာ ဆရာမကို ဖော်ထုတ်လိုက်လျှင် လူဆိုး ဖြစ်သွားမည်မဟုတ်လား။ ယွီရှန်း သူမရဲ့ စူးစမ်းလိုစိတ်ကို ထိန်းချုပ်ပြီး ဆရာမကို ထိုနေရာ၌ပင် နားခိုင်းလိုက်သည်။

သမားတော်ကပြော၏။ သူသည် အလုပ်များပြီး မူးမေ့လဲကျ‌ခြင်းဖြစ်သည်ဟု၊ ထို့ကြောင့် အနားယူနေသည်ကို နှောင့်ယှက်ရန်အချိန်ကောင်း မဟုတ်ပေ။

ဆရာမရဲ့ မျက်နှာကိစ္စ... ယွီရှန်းလည်း တခြားသူတွေ အထင်လွဲမည်ကို စိုးရိမ်သည်။ သူမ ခဏတာ စဉ်းစားပြီးတော့ ဆေးကုသဆောင်၏ အနောက်ဘက်သို့ သွားပြီး မီးသွေးပြာတချို့ကို ရှာ၍ ထိုနေရာတွင် လိမ်းလိုက်လေသည်။

သူမသည် ကျွမ်းကျင်မှုမရှိသဖြင့် သူမ လိမ်းလိုက်သည့် ပုံစံသည် သိပ်အဆင်မ‌ပြေလှ‌ပေ။ မုတ်ဆိတ်မွေး ပေါက်နေသကဲ့သို့ ဖြစ်နေ၏ ။ ကံကောင်းစွာဖြင့် ဆရာမ၏မျက်နှာသည် နဂိုကတည်းကပင် ရုပ်မဆိုး‌ချေ။ မီးသွေးပြာလိမ်းပြီးနောက်တွင်တောင် ကြည့်ကောင်းနေတုန်းပင်။

မျက်စိတစ်မှိတ်အတွင်းတွင် ကျို့စစ်ကျင်းနှင့် တခြားသူများ ရောက်လာသည်။

သူတို့သည် အတွင်း‌ဆောင်ထဲသို့ ဇွတ်အတင်းတိုးဝင်လာပြီး ဒေါသတကြီးဖြင့် ။ “ဝမ်းကွဲအစ်မ၊ ဒီတာအိုဆရာမ မူးမေ့လဲကျတာ ထူးဆန်းတယ်လို့ ငါထင်တယ်။ သူ့မှာ ကောင်းတဲ့ရည်ရွယ်ချက် မရှိမှာ စိုးရိမ်တယ်၊ ငါတို့အိမ်မှာ နေချင်‌ နေတာ ဖြစ်လိမ့်မယ်”

သူမ ခုနက ဘာမှ အလွန်အကျွံ မပြောခင်မှာပဲ သူမ သတိလစ်သွားခဲ့၏။ သူမဝတ်ထားတဲ့ အဝတ်အစား စုတ်ပြတ်နေသည်ကို ကြည့်ခြင်းဖြင့် ပိုက်ဆံလိုချင်တာ ဖြစ်ဖို့ အများဆုံးပင် ဖြစ်ပေသည်။

ယွီရှန်း သူမရဲ့ ကျို့မိသားစုက ညီအစ်မများ သူမနောက် လိုက်လာလိမ့်မည်ကို မမျှော်လင့်ထားပေ။ သူမ အလွန်ဒေါသထွက်သွား၏။

“ဆရာမက ကျွန်မရဲ့ သူငယ်ချင်းပါ။ ဝမ်းကွဲညီမ၊ ညီမလေး စကားပြောရင် ပိုပြီး ယဉ်ကျေးသင့်တယ်။ ခုနက ညီမ‌လေး ဆရာမကို စော်ကားတဲ့ ကိစ္စအတွက် ညီမလေးကိုယ်စား ဆရာမကို တောင်းပန်‌ပေးနိုင်ပါတယ်။ ညီမလေးကို အပြစ်မယူပါဘူး။ ဒါပေမဲ့ ညီမလေးသာ ဆက်ပြီး မဆင်ခြင်ဘူးဆိုရင် အဘွားကျို့ကို နောက်မှ ညီမလေး စည်းမျဉ်းစည်းကမ်းတွေကို ဘယ်က သင်ယူခဲ့လဲလို့ မေးရလိမ့်မယ်” ယွီရှန်းက စိတ်ပျက်လက်ပျက် ပြောလိုက်၏။ “အစ်မက ညီမကို ဆင်ခြင်တုံတရားမရှိဘူးလို့ ထင်‌နေတု‌န်းပဲလား” ကျို့စစ်ကျင်းက ဒေါသနှင့် ရယ်လိုက်၏ ။

ဤလောကတွင် ဆင်ခြင်တုံတရားမရှိတဲ့လူသည် ယွီရှန်းပင် ဖြစ်လိမ့်မည်။

သူမမှာ မြို့တော်တွင် ဆွေမျိုးများ ရှိသော်လည်း သူတို့ဆီ မည်သို့ ခိုလှုံရမည် မသိ။ ရှဲ့မိသားစုထံ သွားပြီး အစေခံအဖြစ် အလုပ်လုပ်၏ ။ ရှဲ့မိသားစုထံ သူတို့၏ ကျို့အိမ်တော်အား လက်ဆောင်များ ပို့ခိုင်း၏ ။ ထိုအရာမှာ ရှဲ့မိသားစုသည် သူမကို ကျို့မိသားစုထက် ပိုကောင်းကောင်း ဆက်ဆံသည်ဟု တခြားသူတွေကို ရှင်းရှင်းလင်းလင်း ပြောနေခြင်းပင် မဟုတ်လား။

ရှဲ့မိသားစုသည် အဆင့်အတန်းမြင့်သည် မဟုတ်‌သော်လည်း ကြင်ရာတော်လောင်းမင်းသမီးတစ်ပါး ရှိသည်။ သူတို့ ဒေါသကို မြိုသိပ်ရုံသာတတ်နိုင်ခဲ့သည်။

ယွီရှန်း ကျို့အိမ်တော်သို့ ပြန်ရောက်ပြီးနောက် သူမ၏ အဘွားက သုန့်အန်း၌ သူမ၏ အိမ်ထောင်ရေးအကြောင်း ပြောချင်ခဲ့လေသည်။

သို့ရာတွင် သူမ စကားမပြောခင်မှာပင် ယွီရှန်းသည် စားပွဲကို ရိုက်ချလိုက်၏ ။

•••••

အခန်း ၁၀၂၆ ကံကြမ္မာလမ်းဆုံ

ထိုအချိန်တွင် ယွီရှန်းသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ သူမ၏အနာဂတ်ခင်ပွန်းလောင်း၏ မိသားစုကို သူမ၏အဘွားရှေ့တွင် ပြောဆိုကြိမ်းမောင်းခဲ့သည်။

သူမက ထိုသူတို့သည် မျက်နှာပြောင်တိုက်ပြီး သူမ၏အဘိုးအဘွားများနှင့် ဦးရီး‌တော်များကို ငွေဖြင့်လှည့်ဖြားခဲ့ကြောင်း၊ ထိုမိသားစုသည် ရက်စက်ကြမ်းကြုတ်ပြီး သုန့်အန်းမှ လူဆိုးဂိုဏ်းဝင်များဖြစ်ကြောင်း၊ သူမ ကတုံးတုံးပြီး သီလရှင်ဝတ်ရမည်ဆိုလျှင်တောင် ထိုလူကို လက်ထပ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ သူမ၏စကားများသည် ပြတ်သားလှ၏။ သူမသည် အနာဂတ်ခင်ပွန်းလောင်း၏ မိသားစုကိုသာ ပြောဆိုခဲ့သော်လည်း ကြားရသူတိုင်းကမူ သူမ၏အဘိုးအဘွားများနှင့် ယွီမိသားစုမှ ဦးရီး‌တော်များသည် လောဘကြီးပြီး ကျေးဇူးမသိတတ်သူများဖြစ်သည်ဟူ၍ ထင်မှတ်ကြလိမ့်မည်။ သူမသည် ယွီမိသားစုကို ပြောဆို‌နေသည်မှာ ပြဿနာမရှိပေ၊ သို့သော် သူမသည် စကားအ‌ပြောအဆို ပြောင်းကာ ကျို့မိသားစုသည် ကြင်နာပြီး ဖော်ရွေကြောင်း၊ သူမအား ဆုံးဖြတ်ချက်ချခိုင်းရန် ပြန်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမ၏အဘွားစကားမပြောရသေးခင်တွင် ယွီရှန်းသည် သူမကို ကြင်နာတတ်သောဘုရားလောင်းကဲ့သို့ ချီးမွမ်းခန်း ဖွင့်နေသည်မှာ အမြင်မတော်ပေ။ အမှန်ပင် ဒေါသထွက်စရာဖြစ်၏ ။

ထိုအရာသည် အနှောင့်အယှက်အဖြစ်ဆုံးမဟုတ်ပေ။

သူမ၏အဘွားပင် ယွီရှန်းသည် ရှဲ့မိသားစုနှင့် စာချုပ်ချုပ်ဆိုလိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။

ယခုအခါတွင် သူတို့သည် ဘေးကျပ်နံကျပ် ဖြစ်နေ၏ ။

သူမသည် ရှဲ့မိသားစုအတွက် အလုပ်စတင်လုပ်ကိုင်နေပြီဖြစ်သောကြောင့် သူမကို သုန့်အန်း သို့ မအပ်နှံပါက သုန့်အန်းသည် နောင်တွင် သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိတော့မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ရာဖြစ်ပွားပါက သူမကို လျော်ကြေးပေးရပေလိမ့်မည်။ သို့သော် သူမကို အပ်နှံပါက... ရှဲ့မိသားစုကို ငွေသား ၅၀,၀၀၀ ပေးလျော်ရမည်။

ယွီရှန်းသည် မူလက အိမ်‌တော်၏ပထမဆုံးသော ဇနီးမယား၏ တူမလေးသာဖြစ်သည်။ ထိုသူတစ်ဦးတည်းအတွက် ထိုမျှများပြားသောငွေကို သုံးစွဲရန် မထိုက်တန်ပေ…

အတိုချုပ်အားဖြင့် သူမကို ကျို့အိမ်တော်သို့ ပြန်ခေါ်လာခြင်းသည် တကယ်ကို မှားယွင်းသော

လုပ်ရပ်ဖြစ်၏။ ယခုအခါတွင် အဘွားသည် သူမကို အပြစ်တင်နေဆဲပင်။ သူမသည် စကားများလွန်းသွားပြီး ယွီရှန်း၏ အခြေအနေအား ပြောမိသွားသည်ကို ခံစားရမိ၏။ မိသားစုသည် ဤကြောင်း မသိခဲ့ပါက သူတို့ကိုယ်တိုင် ထိခိုက်နစ်နာစေမည့် ဤပြဿနာကို ရင်ဆိုင်ရမည်မဟုတ်ပေ။

ကျို့စစ်ကျင်းသည် စိတ်ဆိုးနေခဲ့၏ ။

ယွီရှန်းသည် ဤမျှလောက် စိတ်ပျက်စရာကောင်းမည်ကို သူမမည်သို့သိနိုင်မည်နည်း။

ထို့ကြောင့် ယခုအခါတွင် ယွီရှန်းကိုကြည့်သောအခါ သူမ မည်သို့ပင်ကြည့်ကြည့် သူမကို သဘောမကျတော့ပေ။ သူမသည် ယွီရှန်း မည်ကဲ့သို့ မျက်နှာပြောင်တိုက်ပြီး ရှက်စရာကောင်းသည်ကို ကမ္ဘာပေါ်ရှိလူတိုင်းကိုသိစေလိုခဲ့သည်။

"ဝမ်းကွဲအစ်မ ယွီ၊ ဒီလိုလှည့်စားသူမျိုးက လူတွေကို လှည့်စားရာမှာ တကယ်ကို တော်တယ်။ ဒါက မင်းကောင်းဖို့အတွက် ငါလုပ်ပေး‌နေတာ။ မင်း ငါ့ကို မယုံရင် တခြားသူကို မေးကြည့်နိုင်တယ်။ မင်းလို လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ယောက်က လမ်းဘေးလှည့်လည်နေတဲ့ ဒီလိုတာအိုဆရာမတစ်‌ယောက်နဲ့ နေတာ မှန်သလား"ကျို့စစ်ကျင်းက နည်းလမ်းတကျပြော၏ "ငါ့ကိုအဘိုးအဘွားတွေက နင့်ကို ဂရုစိုက်ခိုင်းထားတာ။ နင့် မဆင်မခြင်လုပ်ပြီး နာမည်ဂုဏ်သတင်းပျက်အောင် လုပ်‌နေတာကို ငါဘယ်လို ကြည့်နေနိုင်မလဲ”

ယွီရှန်း ထိုစကားကိုကြားသောအခါ စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်လိုက် ၏။

ဤဝမ်းကွဲညီမ အဘယ့်ကြောင့် လူစကားကို လူလိုနားမလည်ပါသနည်း။

သို့သော် ဤဝမ်းကွဲညီမလေး၏ အသက်အရွယ် ငယ်သည်ကို ထောက်ထား၍ သူမအား တုံပြန်ရန် မသင့်တော်ပေ။ သူမသည် သူမ၏စိတ်ကို ထိန်းချုပ်ကာ ပြောလိုက်၏ "ဆရာမက အဲဒီလှည့်စားသူတွေထဲက မဟုတ်ပါဘူး။ ဝမ်းကွဲညီမ မစိုးရိမ်ပါနဲ့။ အစ်မက ကျို့မိသားစုရဲ့ ဧည့်သည်တစ်ယောက်ဖြစ်ပေမဲ့ အပြင်လူသက်သက်ပါပဲ။ ဝမ်းကွဲညီမ ညီမရဲ့မိသားစုစည်းမျဉ်း တွေကိုသုံးပြီး အစ်မကို တောင်းဆိုနေစရာမလိုပါဘူး။ မဟုတ်ရင်လည်း ဒီနေ့ပဲ ထွက်သွားတာ ပိုကောင်းမယ်လို့ အစ်မထင်တယ်။ အစ်မက ဝမ်းကွဲညီမရဲ့ မိသားစုကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး" ထိုစကားကိုကြားသောအခါ ကျို့စစ်ကျင်း၏ မျက်လုံးများသည် ဒေါသတကြီးဖြင့် ပြူးကျယ်သွား၏ ။

သူမလည်း ယွီရှန်းကို ထွက်သွားစေချင်ခဲ့သည်။

သို့သော် အမှန်တကယ်တွင် သူမ မလုပ်နိုင်ပေ။

ယွီရှန်းသည် ကျို့မိသားစု၏ ဧည့်သည်အဖြစ် ခဏတာမျှသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူမကို မိသားစုထဲသို့ အလေးအနက် ဖိတ်ခေါ်ပြီး ရက်အနည်းငယ်အတွင်း ထွက်သွားခွင့်ပြုခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ သတင်းသာ ထွက်သွားပါက ကျို့မိသားစုသည် မည်ကဲ့သို့သော မိသားစုဖြစ်လာမည်နည်း။

သို့သော် သူမသည် ယွီရှန်း ကို အနိုင်မရခဲ့ပေ။

မည်သို့ပင်ဆိုစေ ယွီရှန်းသည် ဧည့်သည်တစ်ဦးဖြစ်၏ ။

သူမ၏အခြေအနေအရ မည်သည့်စကားမှ ပြောနိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူမသည် ဘာမှမလုပ်ဘဲ နေရန် မဖြစ်နိုင်ပေ။

သူမသည် အိပ်ပျော်နေသော တာအိုဆရာမကို ကြည့်ကာ၊ ထိုင်ချလိုက်ပြီး ပြောလိုက်၏ "ဝမ်းကွဲအစ်မက ဒီတာအိုဆရာမကို ကယ်တင်ဖို့ အခိုင်အမာပြောနေတာဆိုတော့ ကျွန်မ ဒီမှာနေပြီး သူမနဲ့ အတူရှိနေမယ်။ ဒီဆရာမကဘယ်တာအိုဘုန်းကြီးကျောင်းကလဲ၊ သူမက ကျွမ်းကျင်သူလား ဒါမှမဟုတ် လမ်းဘေးလှည့်လည်နေတဲ့ လိမ်လည်သူလားဆိုတာ ကျွန်မ သိရမှာပေါ့"

သူမသည် စိတ်ရင်းကောင်းသူဖြစ်ပြီး ထွက်ခွာရန်ငြင်းဆန်ခဲ့သည်။

ယွီရှန်းသည် ရှဲ့မိသားစုနှင့် အဆင်ပြေအောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကံကောင်းခဲ့သည်။ သို့သော် လူတစ်ဦး၏ကံ‌ကောင်းခြင်းသည် မည်မျှကြာကြာ ရှိနိုင်မည်နည်း။ သူမ မြို့တော်သို့ ရောက်နေသည်မှာ မည်မျှကြာပြီနည်း။ သူမရှေ့မှ ဆရာမဆိုသူမှာ ဒုက္ခရောက်နေပြီဖြစ်၏ ။

ကျို့စစ်ကျင်းသည် စာအုပ်ဆိုင်ဝင်ပေါက်တွင် ရှဲ့‌ချောင်ကို တွေ့ခဲ့သော်လည်း သူမ၏‌ငွေဖြင့် လှည်းတစ်စီးစာ ပစ္စည်းများအား ဝယ်ယူခဲ့သည်ကို သူမ မယုံခဲ့ပေ။

••••

အခန်း ၁၀၂၇ အလှမ်းဝေးသောဆွေမျိုးများ

ရှဲ့ချောင်သည် ယနေ့ အမှန်ပင်စိတ်မကြည်လင်နေ သောကြောင့်လည်း ဖြစ်‌၏။

သူမ၏ အဝတ်အစားများတွင် အဆင်အပြင်များစွာ မပါရှိသလို၊ ခေါင်းတွင်လည်း လှပသော ဆံထိုးကို မပန်ဆင်ထားသောကြောင့် ဆင်းရဲနွမ်းပါးပုံ ပေါက်နေသည်။

မနေ့က ရှဲ့ချောင်သည် အရိုးများတူးရန် ဆင်ခြေဖုံးသို့ သွားခဲ့သောကြောင့် သူမ၏ဖိနပ်များတွင် မြေကြီးများပေကျံနေခဲ့သည်။ တစ်ညလုံးအလုပ်လုပ်ပြီးနောက် ဖိနပ်မလဲဘဲနေခဲ့၏။

ကျို့စစ်ကျင်းနှင့်အခြားသူတို့ကဲ့သို့ ခြေထောက်တွင် ဖုန်မှုန့်အညစ်အကြေး မရှိသူများနှင့် မတူပေ။

ယွီရှန်းသည် သူမအား ဘာမှမပြောချင်ခဲ့ပေ။

ရှဲ့ချောင် သတိလစ်သွားသော်လည်း ကြာကြာမအိပ်ပျော်ခဲ့ပေ။ တစ်နာရီမပြည့်မီ ခေါင်းကိုပွတ်ရင်း သူမ နိုးလာခဲ့လေသည်။

ယွီရှန်းကိုမြင်သောအခါ သူမအနည်းငယ်ကြောင်နေသေး၏ ။ "မင်းဘာလို့ ဒီရောက်နေတာလဲ။”

"ဆရာမ၊ မေ့သွားပြီလား။ သတိမလစ်ခင် ကျွန်မနဲ့တွေ့ခဲ့တာကို။" ယွီရှန်းက သူမကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်၏ "အခု ဘယ်လို‌နေသေးလဲ။ ဆရာမ၊ တကယ်ကိုပဲ မကောင်းဘူး။ ဘာလို့ တစ်ယောက်တည်း ထွက်သွားရတာလဲ။ ဆရာမနဲ့အတူ တာအိုဆရာငယ်‌လေးတစ်ယောက်လောက်ကို‌တော့ ခေါ်သွားသင့်တယ်။ မဟုတ်ရင် လမ်းမှာ ပြန်သတိလစ်သွားရင် ဘယ်လိုလုပ်မလဲ။”

"ဒီချူချာတဲ့ဆရာမရဲ့ ခန္ဓာကိုယ်က အခု အများကြီးကောင်းနေပါပြီ။ မကြာသေးခင်က အရမ်းပင်ပန်းခဲ့လို့ဖြစ်လိမ့်မယ်။ အဆင်ပြေပါတယ်။ စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။" ရှဲ့ချောင်သည် သူမ၏လက်ရှိအခြေအနေကို သိသောကြောင့် အလွန်ယဉ်ကျေးစွာ ပြောခဲ့၏ ။

"ဖွီး" ကျို့စစ်ကျင်းသည် လှောင်‌ပြောင်သလို ပြုံးလိုက်၏ ။ "ရှင်ကတော်တော်ဟန်ဆောင်ကောင်းတာပဲ။”

"အဲ့ဒါဘယ်သူလဲ။" ရှဲ့ချောင်သည် သူမကိုကြည့်ပြီး ရင်းနှီးသလို ခံစားနေရ၏ ။

သူမသတိမလစ်ခင်က မှတ်မိခဲ့သည့် ခံစားမှုမဟုတ်ဘဲ ယခင်က မင်းသားရုန်လင်း၏ အိမ်တော်မှ မင်းသမီးနှင့်အတူ ဤအမျိုးသမီးငယ်ကို မြင်ခဲ့စဉ်ကဖြစ်သည်။ ထိုစဉ်က ဤအမျိုးသမီးငယ်သည် လက်ပါးစေတစ်ဦးနှယ် ပုံပေါ်ခဲ့၏ ။

သူမနှင့်လည်း ရင်းနှီးခြင်းမရှိခဲ့ပေ။ သူမ မည်သည်ကိုလုပ်ခဲ့၍ ဤမျှလောက်စိတ်လှုပ်ရှားနေသည်ကို မသိပေ။

"ဒါက ကျွန်မဝမ်းကွဲရဲ့ညီမဝမ်းကွဲ‌လေးပါ၊ အလှမ်းဝေးတဲ့ဆွေမျိုးပါပဲ။" ယွီရှန်းက တဲ့တိုးပြောလိုက်၏ ။

ကျို့စစ်ကျင်းသည် ယွီရှန်းကို မျက်စောင်းထိုးကြည့်လိုက်၏ ။ သူမအတွက် မည်သည့်အရာက အကျိုးရှိမည်ကို သူမ မသိခဲ့ပေ။ သူတို့ ကျို့မိသားစုတွင် မြင့်မြတ်‌သောဘွဲ့ထူးရှိ၏ ။ ယွီရှန်း၏မိဘများသည် မရှိတော့‌ပေ၊ သူမက ကျို့မိသားစုသည် ယွီမိသားစုကို လက်လွှတ်ပေးတော့မည်မဟုတ်ဟူသော ပုံစံဖြင့် ပြောခဲ့သည်။

ရှဲ့ချောင်သည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။ "ဒီနေ့စိတ်အနှောင့်အယှက်ဖြစ်ရတာအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ အခု အများကြီးပိုပြီးသက်သာလာပါပြီ။ ခန္ဓာကိုယ်လည်း အဆင်ပြေပါတယ်။ မင်းကို ဆက်ပြီး အချိန်မဖြုန်းခိုင်းတော့ပါဘူး။"

"ရှင်က မျက်နှာပြောင်တိုက်တုန်းပါပဲလား" ကျို့စစ်ကျင်းသည် ကဲ့ရဲ့သလို ပြောလိုက်၏ ။

ရှဲ့ချောင် ခဏမျှကြောင်သွားသည်။ သူမစကားပြောတော့မလိုရှိစဉ် ယွီရှန်းသည် ချက်ချင်းပြန်ရန်တွေ့လိုက်၏ ။"နင်က တကယ်ကို အရှက်မရှိတာပဲ။ ငါ နင့်ကို အကြိမ်ကြိမ် မောင်းထုတ်ခဲ့တာတောင် နင်က ဒီမှာ ဆက်နေဖို့ မရိုမသေတွေလုပ်နေတုန်းပဲ။ မသိတဲ့သူတွေက နင့်အမေ အိပ်ရာထဲ လဲနေတယ်လို့ ထင်ကြလိမ့်မယ်”

ရှဲ့ချောင်သည် သူမဘက်လှည့်ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ပြတ်သားစွာပြောလိုက်၏ ။ "အဲဒါတော့ မမှန်ဘူး။ ဒီလောက်ရှက်ဖို့ကောင်းတဲ့အမျိုးသမီးကို ငါမွေးမှာမဟုတ်ဘူး။ ငါ့ကိုမစော်ကားပါနဲ့။"

"မှန်ပါတယ် ဆရာမ။ ကျွန်မ ဒေါသထွက်ပြီး ပြောမိပြောရာတွေ ပြောမိသွားတာပါ။" ယွီရှန်း အကျပ်ရိုက်သွားကာ အလျင်အမြန်ပြန်ဖြေလိုက်သည်။

အမှန်တော့ သူမသည် ကျို့မိသားစုမှ ဤဝမ်းကွဲကို ပစ်မှတ်ထားလိုခြင်းမရှိခဲ့‌ပေ။

မည်သို့ပင်ဆိုစေ ကျို့စစ်ကျင်းသည် ယွီရှန်းထက်ငယ်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူတို့သည် ဆွေမျိုးများလည်းဖြစ်၏ ။ တစ်ဦးနှင့်တစ်ဦး မျက်နှာပျက်‌အောင်မလုပ်သင့်သည်။ အလွန်အကျွံလုပ်ခြင်းသည် မကောင်းပေ၊ သို့သော် ဤဝမ်းကွဲညီမသည် အနည်းငယ်‌ စိတ်အနှောင့်အယှက်ဖြစ်စရာ‌ကောင်းသည်မှာ အမှန်ပင်ဖြစ်၏ ။

သူမသည် ပါးစပ်ဖွာသူတစ်ဦးဖြစ်၏ ။ သူမအကြောင်းကို ကျို့မိသားစုမှ အဘွားအိုအား ပြောလိုက်သည် ဆိုပေဦးတော့ ကျို့မိသားစုအတွင်း၌ သူမသည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်သည်။

သာမန်ကိစ္စတစ်ခုသည် ဤဝမ်းကွဲညီမထံရောက်ရှိလာပါက သူမသည် အကြိမ်ကြိမ်လှည့်ထုတ်ပေလိမ့်မည်။ အမှန်ပင် မနှစ်မြို့ဖွယ်ဖြစ်၏။

ယနေ့တွင်ပင် သူမအား အကြိမ်အနည်းငယ်မျှ စိတ်ဆိုးအောင်လုပ်ခဲ့သည်။

ကျို့စစ်ကျင်းသည် ထိုကဲ့သို့ ပြစ်တင်ပြောဆိုခံရခြင်းကို မည်သည့်အခါကမှ မကြုံဖူးသေးသောကြောင့် သူမ၏မျက်လုံးများ ချက်ချင်းနီရဲလာခဲ့သည်။

သူမချက်ချင်း ငိုချကာ မျက်ရည်များ ပါးပြင်ပေါ်စီးကျလာသည်။ "ဝမ်းကွဲအစ်မ ယွီ၊ ငါ ဒါကို အစ်မအတွက် ကောင်းစေချင်လို့လုပ်တာပါ။ အစ်မ ဘယ်လိုလုပ် ညီမကိုဒီလိုနိုင်ထက်စီးနင်းလုပ်ရတာလဲ။ ဒီလိုအရေးမပါတဲ့ လိမ်လည်သူတစ်ယောက်အတွက် အစ်မ တကယ် ညီမကိုစော်ကားလိုက်တာပဲ။ အစ်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေ‌ကိုမှမထောက် ဘယ်လိုလုပ်ဒီလိုရိုင်းစိုင်းရတာလဲ။”

ဆေးကုသ‌ဆောင်ထဲတွင် လူနာများစွာရှိခဲ့သည်။

ယွီရှန်းသည် "တစ်ယောက်အိပ်ကုတင်" ကို တောင်းဆိုခဲ့သော်လည်း တကယ်တမ်းတွင် သူတို့ကြား၌

ကန့်လန့်ကာတစ်ခုသာရှိသည်။ အကယ်၍ ဆူညံသံများရှိပါက အနီးနားရှိလူများ အားလုံးရှင်းရှင်းလင်းလင်းကြားနိုင်ပေလိမ့်မည်။

•••••

အခန်း ၁၀၂၈ သူ၏ဒေါသပုန်ထမှု

အပြင်ဘက်တွင်လည်း တီးတိုးပြောဆိုသံများနှင့်ဆွေးနွေးသံများ ကြားနေရပြီး အတွင်းဘက်တွင် မည်သည်တို့ဖြစ်နေသည်ကို အလွန်သိချင်နေဟန်ရှိသည်။

ယွီရှန်းသည် ဆရာမကို စိတ်ပျက်အောင်လုပ်မိသည်ဟူ၍ ခံစားခဲ့ရသည်။

သူမမှာ ကျန်းမာရေးမကောင်းသည့်အပြင် အကြောင်းမဲ့ ကျိန်ဆဲခံခဲ့ရသည်။ “နင်က ရန်လိုတတ်တဲ့အဘွားကြီးလိုပဲ။ ငါနင့်ကို တကယ်မုန်းတယ်။ နင်တို့ ကျို့မိသားစု ဒုက္ခရောက်နေမှန်း ငါသိတယ်။ ဒါကြောင့် ငါပြန်မသွားချင်တာ။” ယွီရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။ “မြန်မြန်ထွက်သွား။ ငါနင့်ကို မမြင်ချင်တော့ဘူး၊ ဟုတ်ပြီလား”

သူမ အမှန်တကယ်ကြောက်နေသည်မှာ စိတ်မထိန်းနိုင်ဘဲ လက်ပါလိုက်မည်ကိုပင် ဖြစ်၏

“ဝမ်းကွဲအစ်မ၊ အစ်မ တော်တော်လွန်တာပဲ” ကျို့စစ်ကျင်းသည် ရုတ်တရက် ထရပ်ပြီး ရှိုက်ကြီးတငင်ငို၏။ သူမ၏ ဂါဝန်ကို ကိုင်ကာ ပြေးထွက်သွားသည်။ အနည်းငယ်ပြေးပြီးနောက် နောက်သို့လှည့်လိုက်၏ “အစ်မ မြို့တော်ကို တစ်ယောက်တည်း ရောက်လာတယ် ပြီးတော့ ညီမမိသားစုက အစ်မကို သဘောကောင်းကောင်းနဲ့ လက်ခံပေးထားတာကို ကျေးဇူးမတင်တာ ထားဦးတော့ အစ်မက ညီမကို အကြိမ်ကြိမ်စော်ကားတယ်။ ညီမပြန်ရောက်ရင် အဘွားကို သေချာပေါက် ပြောပြရမယ်၊ မိသားစုစည်းမျဉ်းတွေ မလိုက်နာတာ ပြဿနာမရှိပေမဲ့ အစ်မက စရိုက်မကောင်းတဲ့လူတွေနဲ့ပါ ပေါင်းသင်းနေသေးတယ်လို့ ပြောရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူမ ပြေးထွက်သွားတော့သည်။

“သူမ ဘာပြောချင်လဲဆိုတာ ငါမသိဘူးလို့များ သူကထင်နေတာလား” ယွီရှန်းက အပြင်ဘက်သို့ ညွှန်ပြကာ သက်ပြင်းချရင်း ခေါင်းခါလိုက်၏ ။

သူမ အပြင်သို့ အတင်းထွက်သွားကာ အော်ဟစ်ခဲ့သည်။

သူမ ငိုမည်ဆိုလျှင်တောင် ဟန်ဆောင်မှုသာဖြစ်၏။ ထိုသို့သော ခြိမ်းခြောက်မှုကို သူမ မည်သို့ ကြောက်မည်နည်း။

ကျို့စစ်ကျင်း ပြောသည်မှာ မှန်သည်ဆိုလျှင်တောင် ယွီရှန်းသည် မိဘမဲ့ကလေးသာဖြစ်၏ ။ သူမ၏ မိဘများ မရှိတော့သဖြင့် ကြောက်စရာ အဘယ်ရှိဦးမည်နည်း။ သူမ၏ အဒေါ်မှာ ကျို့မိသားစု၏ ပထမသခင်မဖြစ်သောကြောင့်သာ ကျို့မိသားစုကို မျက်နှာသာပေးခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမ သူတို့ကိုဂရုစိုက်မည် မဟုတ်ပေ။

ရှဲ့ချောင်သည် ယွီရှန်းကို သနားသော မျက်လုံးများဖြင့် ကြည့်လိုက်၏ ။

သူမ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်ပြီး ထွက်ခွာရန် ပြင်ဆင်လေသည်။

သို့သော် သူမ မတ်တပ်မရပ်မီ တစ်စုံတစ်ယောက် အပြင်ဘက်မှ ဝင်လာ၏။

ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းကို မြင်လိုက်ရ၏။ သူ၏ သွေးအေးသော မျက်နှာမှာ ခက်ထန်ပြီးကြောက်စရာကောင်းလှ၏။ ထို့နောက် ရှဲ့ဖင်းကန်းလည်း ရောက်လာသည်။ သူသည်လည်း ရန်လိုပြီး ကြောက်စရာကောင်းပုံပေါ်နေ၏။ ယွီရှန်း၏ ဝမ်းကွဲအစ်ကို၊ ကျို့ဝေ့ကျုံးလည်း ရောက်လာပြီး သူ၏ မျက်နှာအမူအရာမှာမူ အတော်လေး သိမ့်မွေ့ပြီးအပြစ်ကင်းနေဟန်ရှိ၏။

“ဘာလို့ အားလုံး ဒီကို ရောက်နေကြတာလဲ” ရှဲ့ချောင် အနည်းငယ် အံ့အားသင့်သွား၏။ “သတင်းက အရမ်းမြန်မြန် ပြန့်တာပဲ…”

“ကျွန်မ အစ်ကိုရှဲ့ကို လူလွှတ်ရှာခိုင်းတာပါ” ယွီရှန်းက အလျင်အမြန်ပင် လက်ဦးမှုယူ၍ ပြောခဲ့၏ ။ “ကျွန်မ ဆရာမရဲ့ အခြေအနေကြောင့် တကယ်ကြောက်သွားခဲ့တာ။ ကျွန်မ တခြားဘယ်သူ့ကိုမှ မသိတော့ အစ်ကိုရှဲ့ကိုပဲ ဆုံးဖြတ်ခိုင်းဖို့ ခေါ်လိုက်တာ။”

ပိုရှင်းအောင် ပြောရလျှင်…

ဆရာမ လမ်းတွင် သေဆုံးသွားလျှင် သူမ ရှဲ့ဖင်းကန်းကို ခေါ်လာပြီး ရုပ်အလောင်းအား စီမံခန့်ခွဲခိုင်းနိုင်သည်ကို ဆိုလိုခြင်းဖြစ်၏။

သူမကတော့ ထိုစကားကို ပါးစပ်ကနေ ထုတ်ပြောခြင်း မဟုတ်ပေ။

“ဆရာမ အဆင်ပြေရဲ့လား။ သတင်းပို့တဲ့သူက ဆရာမလမ်းပေါ်မှာ သတိမေ့ပြီးလဲနေတယ်၊ သေတော့မလိုပဲလို့ ပြောလို့ပါ…” ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်၏ ။

သူ ထိုသတင်းကို ကြားသောအခါ ချက်ချင်း လာချင်ခဲ့၏ ။ သို့သော် ဆရာမသည် အရှင့်သား၏ ဆရာတူအစ်မ ဖြစ်သည်ကို တွေးမိသောအခါ သူသည် အရှင့်သားကို အလျင်အမြန် ရှာဖွေနေသောကြောင့် လမ်းတွင် အချိန်အတော်ကြာ နှောင့်နှေးခဲ့ရလေသည်။

ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ မသာမယာဖြစ်နေပြီး သူသည်ဘာမှမပြောပေ။ ဘာကြောင့်မှန်းပင်မသိ ရှဲ့ချောင် အနည်းငယ် စိုးရိမ်ပူပန်နေမိ၏ ။

သူ ဒေါသထွက်နေသည်ပင်လား။

အဘယ်ကြောင့် ဒေါသထွက်နေပါသနည်း။

“ဒါက ပြဿနာသေးသေးလေးပါ။ မျက်စိတစ်မှိတ်အတွင်း ကောင်းသွားမှာပါ…” ရှဲ့ချောင်၏ အသံမှာ နူးညံ့ပြီး၊ သူ၏ စိတ်ကို မနှိုးဆွမိစေရန် အကောင်းဆုံး ကြိုးစားခဲ့၏ ။

သို့သော် ကျောက်ရွှမ်ကျင်းအတွက် သူမ ပြောသည့်စကားမှာ ပြဿနာရှာခြင်းသာဖြစ်သည်။

သူသည် မျက်နှာထားတင်းတင်းဖြင့် သူ၏ ခံစားချက်များကို ထိန်းချုပ်ကာ ရှဲ့ချောင်ကို ပွေ့ချီ၍ ခေါ်ဆောင်သွားချင်သော်လည်း သူမ၏ မေးစေ့ပေါ်ရှိ မီးခိုးရောင်အရာကို မြင်သောအခါ သူ ရပ်တန့်သွားပြီး သူ့စိတ်ကို ထိန်းချုပ်လိုက်၏။ “ဆရာတူအစ်မ ညက ကောင်းကောင်း အနားမယူခဲ့ဘူးလား”

ရှဲ့ချောင် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး ရှဲ့ဖင်းကန်းကို အကူအညီတောင်း‌နေသကဲ့သို့ ကြည့်လိုက်၏ ။

“ဆရာမ ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။ ကျွန်တော် မနေ့က ဆရာမနဲ့အတူ မရှိခဲ့ပါဘူး” ရှဲ့ဖင်းကန်း တည့်တိုးပြန်ဖြေလိုက်၏ “ကျွန်တော်က မိန်းကလေးလည်း မဟုတ်တော့ ဘယ်သူ့ကိုမှ လှည့်စားဖို့ ကူညီပေးလို့ မရပါဘူး”

ရှဲ့ချောင်သည် သူ့ကို မျက်‌စောင်းထိုးလိုက်၏။

“ဆရာက အသက်ကြီးပြီ၊ သူက ဆရာတူအစ်မကို ဂရုအစိုက်ဆုံးပဲ။ အစ်မ တစ်ခုခုဖြစ်သွားရင် သူ ဘာလိုလုပ်ရမလဲ။ အစ်မမှာ လေးစားရမယ့် ဆရာရှိသလို၊ သခင်မလေးရှဲ့လို တူမလေးကိုလည်း ဂရုစိုက်ရဦးမယ်။ ဒါတောင် အစ်မက စိတ်ထင်တိုင်းပြုမူနေဆဲပင်။ အစ်မက အသက်ရှင်ဖို့ မရှာဘဲ သေမယ့်လမ်းကိုပဲ ရှာနေတယ်လို့ ကျွန်တော် ထင်တယ်” ကျောက်ရွှမ်ကျင်း အံကြိတ်လိုက်၏ ။ သူ အနည်းငယ် ဒေါသထွက်ပြီး စိတ်ထိခိုက်နေသော်လည်း သူမကို ဆူပူရန် မတတ်နိုင်တော့ပေ။ သူသည် သူ၏ အသံကို နှိမ့်ကာ သူ၏ ဒေါသကို ထိန်းချုပ်လိုက်သည်။

•••••

All Chapters