အခန်း (၁၀၃၇-၁၀၄၀)
Vol. 53 Ch. 1037-1040
အခန်း ၁၀၃၇ မျက်နှာပန်းမလှသော
ဤအချိန်တွင် ပြဿနာဖန်တီးသူ ရှဲ့ဖင်းဟွိုက်သည် မည်သည်ကိုမျှမသိဘဲ ပွဲကြည့်ချင်စိတ်သာရှိနေ၏။
အဌဂံခြံဝန်း၏ ရှုခင်းသည် မူလကတည်းကပင် ရှုမြင်ဖွယ်ကောင်း၏ ။ ယနေ့တွင် လီရှီးယန် ရောက်ရှိလာသဖြင့် ခြံဝန်းထဲ၌ နောက်ဆုံးမိနစ်အထိ လူများစွာဖြင့် စည်ကားနေသည်။
လူတစ်စုသည် ပြသာဒ်တစ်ခုတွင် ထိုင်နေကြ၏ ။ ၎င်းတို့ပတ်လည်တွင် အကာအရံများရှိပြီး မလှမ်းမကမ်းတွင် ရေကန်တစ်ခုရှိသည်။ ရေကန်ပေါ်တွင် ပါးလွှာသောရေခဲပြင်လေးနှင့် မြူပါးပါးလေးတို့ ဖုံးလွှမ်းနေပြီး ဇီးပန်းရနံ့သင်းသင်းလေးသည် ကန်ဘေးတွင် သင်းပျံ့နေ၏ ။ ရှဲ့ချောင်သည် မြင်းရထားပေါ်မှ ဆင်းပြီးနောက် သူမ နောက်တွင် ငွေရောင်ဝတ်ရုံတစ်ခုရှိနေပြီး သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို လုံးဝဖုံးအုပ်ထားသည်။ သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသောကြောင့် လူများသည် သူမကို ကောင်းစွာမမြင်ရပေ။
“ချူကျန်း၊ ငါတို့ ဆရာကြီးရဲ့ ဦးနှောက်များ တစ်ခုခုဖြစ်နေတယ်လို့ မင်းမထင်ဘူးလား” ရှဲ့ဖင်းဟွိုက်သည် သူ၏လက်များကို ပွတ်သပ်ပြီး နှစ်ချက်မျှတုန်ယင်သွား၏။ “ဒီနေ့ အရမ်း အေးတာပဲ။ ဘယ်ကိုမှသွားလို့လဲ အဆင်မပြေလောက်ပါဘူး။ ဒီမှာ ငါဘာလို့ လေအေးခံပြီး နေ နေရတာပါလိမ့်။ ငါ အေးလို့သေတော့မယ်”
သူသည် အဝတ်အစား ပါးပါးလေးသာ ဝတ်ထား၏ ။
ချူကျန်းသည် သူပြောသည်ကို ကြားသောအခါ ထိတ်လန့်သွားသည်။ “မင်းဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ဆရာကြီးမှာ အပူပေးမီးဖိုရှိတယ်”
“ဒါပေမဲ့ ငါ့မှာ မရှိဘူးလေ” ရှဲ့ဖင်းဟွိုက်သည် အော်ပြောလိုက်၏။
ရှေးရိုးစွဲလူကြီး ရှောင်းယွိရုန်သည် သူတို့ယနေ့ ဥယျာဉ်သို့ ရှုခင်းခံစားရန် လာမည်ဟူ၍ ပြောသည်။ သူသည် ထိုအရာကို ကြားသောအခါ နေရာကောင်းတစ်ခုဖြစ်ကြောင်း စဉ်းစားမိသည် ။ ဧည့်သည်များသည် အေးလိမ့်မည်မဟုတ်ဟုပင်။ မမျှော်လင့်ဘဲ သူထင်ထားသည်နှင့် လုံးဝကွာခြားနေ၏ ။
ဆရာကြီး၊ သူ့ဆရာ၊ သူ၏ ဆရာတူဦးလေးများသည် ပြသာဒ်ထဲတွင် ထိုင်နေကြသည်။ သူတို့၏ပတ်လည်တွင် လေကာကန့်လန့်ကာများရှိပြီး သူသည်တော့... ယခု အပြင်မှာပင်။
သူ့အပြင် တခြားပညာရှင်များစွာလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။ သူတို့အားလုံးသည် သူ၏ဆရာနှင့် မတော်တဆတွေ့သယောင် ဟန်ဆောင်ပြီး လျှောက်သွားနေကြသည်။ တစ်ခါတစ်ရံတွင် သူတို့သည် ဆိုးရွာသော ကဗျာအချို့ကိုပင် ရွတ်ဆိုကြသည် ။
အစောပိုင်းကတည်းကပင် ရာသီဥတုသည် အေးနေလေပြီ။ ထိုအသံများကို ကြားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
ချူကျန်းသည် သူယနေ့ အဝတ်အစား ပါးပါးလေးသာ ဝတ်ထားသည်ကို တွေ့သောအခါ သက်ပြင်းချလိုက်၏။ “မင်းကစည်းကမ်းတွေကို နားမလည်တာကြောင့်လည်း ပါတယ်။ငါတို့ဆရာကြီးက မင်းကို တမင်တကာ အေးအောင်ထားတာမဟုတ်ပါဘူး။ ဒီနေ့ ရာသီဥတုက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ နှင်းကျရင် ဒီနေရာက အရမ်းလှတာ။ အဲဒီအချိန်ကျရင် အဌဂံခြံဝန်းထဲကို ဝင်ဖို့ အရမ်းခက်ခဲလိမ့်မယ်။ မင်းခံနိုင်ရည်မရှိရင် အစေခံကို အဝတ်အစားတွေ ဝယ်ခိုင်းလိုက်ပါ ဒါမှမဟုတ် ဝိုင်တစ်ခွက်သောက်ပြီး ခန္ဓာကိုယ်ကို နွေးအောင်လုပ်ထား။ ဒါပေမဲ့ မင်းအခုလုပ်ရမှာက စာမူတစ်ခုကို ရေးဆွဲဖို့ပဲ။ ဒီအခြေအနေပေါ်မူတည်ပြီး ကဗျာတွေ၊ စာစီစာကုံးတွေ စဉ်းစားကြည့်…”
ရှဲ့ဖင်းဟွိုက်သည် အမှန်ပင်ခေါင်းခဲသွား၏ ။
ရာသီဥတုသည် ဆိုးရွားနေသော်ငြားလည်း သူသည် ကဗျာများနှင့် စာစီစာကုံးများ ရေးရဦးမည်ဖြစ်၏ ။
အလွန်ပင် ပင်ပန်းနေလေပြီ။ ဤအချိန်တွင် သူတို့အားလုံး ထိုင်နေကြသည်။ ပြသာဒ်အပြင်ဘက်တွင် ထိုင်ခုံများ အတော်များများရှိသော်လည်း ခဏအကြာတွင် အားလုံးပြည့်သွား၏ ။နောက်ကျမှလာသောသူများသည် အဝေးကပင် ကြည့်ရုံသာတတ်နိုင်ပြီး ဆူညံသံမပြုလုပ်ရဲကြပေ။
ရှဲ့ချောင်သည် ခဏထိုင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်၏။
သူမ၏ အကျင့်အရ ပတ်ပတ်လည်တွင် မကောင်းဆိုးဝါးဝိဉာဉ်များ ရှိမရှိကို ကြည့်လိုက်သည်။
အမှန်တကယ်လည်း တစ်ကောင်ရှိနေပြီး ရေသရဲပင်။
ကန်ထဲရှိ ရေခဲပြင်ပေါ်မှ သူ၏ခေါင်းတစ်ဝက် ပေါ်လာသည်။စိမ်းပြာရောင်မျက်လုံးတစ်စုံသည် ဤနေရာရှိ စည်ကားသော မြင်ကွင်းအား စိုက်ကြည့်နေသည်မှာ လွန်စွာထိတ်လန့်ဖွယ် ကောင်းလှ၏ ။
“ဆရာ၊ ကျွန်တော့် တပည့်နှစ်ယောက်မှာ... ကြီးတဲ့တစ်ယောက်ကတော့ ကိစ္စမရှိပါဘူး၊ သူအစောပိုင်းကတည်းက စတင်လေ့လာခဲ့တာ။ သူလည်း မငယ်တော့ဘူး၊ အရည်အချင်းပြည့်မှီတဲ့သူတစ်ယောက်လည်း ဖြစ်နေပြီ။ သူ့စွမ်းရည်တွေက မဆိုးပါဘူး၊ ဒါပေမဲ့ ငယ်တဲ့တစ်ယောက်ကတော့... တကယ်ဆိုးရွားတယ်။ အခု အပြင်မှာ လူတွေ အများကြီးရောက်နေပြီ၊ နောက်ပိုင်းမှာ သူတို့က သူ့ကို ပစ်မှတ်ထားမှာကို စိုးရိမ်တယ်။ သူကောင်းကောင်းမလုပ်နိုင်ရင် ဆရာ့ကို အရှက်ရစေမှာကို စိုးရိမ်မိတယ်။ ကျွန်တော် သူ့ကို... အထဲဝင်ထိုင်ခိုင်းလိုက်ရမလား” ရှောင်းယွိရုန်သည် အနည်းငယ်စိတ်ပူနေ၏ ။
“သူ့မှာ အရည်အချင်းတွေမရှိတော့ အရှက်ကွဲတာတော့ ခံရမှာပဲ။ တခြားသူတွေပြောမှာကို သူဘာလို့ကြောက်နေတာလဲ” လီရှီးယန်သည် ဂရုမစိုက်ပေ။
ရှောင်းယွိရုန်သည် ၎င်းကိုကြားပြီးနောက် ဘာမှမပြောရဲတော့ပေ။
သူသည် ရှဲ့ချောင်ကို အကူအညီတောင်းလိုသောပုံစံဖြင့် ကြည့်လိုက်၏။
ရှဲ့ချောင်သည် အပြင်ဘက်တွင် သူမ၏မိုက်မဲသော မောင်လေးကို ကြည့်ပြီး သူမ၏ မီးဖိုအသေးလေးကို ထုတ်လိုက်သည်။ သူမသည် ရှောင်းယွိရုန်၏ အစေခံကောင်လေးကို ခေါ်ပြီး ရှဲ့ဖင်းဟွိုက်ဆီသို့ ပို့ခိုင်းလိုက်၏။
သို့သော် သူမ ပစ္စည်းကို မထုတ်ရသေးမီ ကျောက်ရွှမ်ကျင်းသည် သူ့ကို ပြန်ခေါ်ပြီး သူမလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ကျောက်ရွှမ်ကျင်းသည်တော့ အသစ်တစ်ခုယူရန် သွားခဲ့သည်။ အဌဂံခြံဝန်းထဲတွင် ယခုလိုပစ္စည်းမျိုး မရှားပေ။ ၎င်းသည် အလွန်အဆင်ပြေပြီး မြန်ဆန်လှသည်။
••••••
အခန်း ၁၀၃၈ အရှုံးကိုဝန်ခံခြင်း
ရှောင်းယွိရုန်သည် သူ၏ဆရာတူအစ်မက သူ့ထက် ရှဲ့ဖင်းဟွိုက်ကို ပို၍ဂရုစိုက်သည်ဟူ၍ ခံစားရ၏။
သို့သော် သူမသည် ရှဲ့ဖင်းဟွိုက်၏ ကျန်းမာရေးကိုသာ ဂရုစိုက်ပြီး ရှဲ့ဖင်းဟွိုက် အရှက်ရသည်ကို လုံးဝဂရုမစိုက်ပေ။
ရှောင်းယွိရုန်သည် ရှဲ့ဖင်းဟွိုက် လုပ်သမျှအရာအများစုကို သူ၏ဆရာ စိတ်မဆိုးသရွေ့ လက်ခံနိုင်၏။ အဘယ်ကြောင့်ဆိုသော် ရှဲ့ဖင်းဟွိုက်သည် သူ၏တပည့်ဖြစ်ပြီး သူသည်လည်း ထိုအရာအတွက်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ မကြာမီတွင် ပစ္စည်းများသည် ရှဲ့ဖင်းဟွိုက်လက်ထဲသို့ ရောက်ရှိလာ၏။
ဝတ်ရုံနှင့် မီးဖိုကြောင့် သူသည် ပိုနွေးလာပုံရ၏။
သို့သော် သူသည် နွေးထွေးမှုကို မခံစားရသေးမီတွင် ပညာရှင်တစ်ဦးသည် ရဲရဲဝံ့ဝံ့ဖြင့် သူ့ထံသို့ လျှောက်လာ၏။ သူသည် သူ့ကို ယဉ်ကျေးစွာ ဦးညွှတ်ပြီး မေးလိုက်သည်။ “ဆရာရှောင်းက တပည့်နှစ်ယောက် ခေါ်ထားတယ် ကြားတယ်။ မင်းတို့နှစ်ယောက်က သူ့တပည့်တွေလား”
“ဟုတ်ပါတယ်” ချူကျန်းသည် စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်ပြီး ချက်ချင်းပင် အာရုံစိုက်လိုက်၏ ။
ရှဲ့ဖင်းဟွိုက်လည်း ခေါင်းညိတ်လိုက်ကာ “ဘာသိချင်လို့လဲ”
တစ်ဖက်လူသည် အောင့်သက်သက် ပြုံးပြလိုက်သည်။ ထို့နောက် လူအနည်းငယ်သည် နောက်မှ လျှောက်လာပြီး ရှဲ့ဖင်းဟွိုက်အား ပြောလိုက်၏ “ဒုတိယသခင်လေးရှဲ့က ဆရာရှောင်းရဲ့ တပည့်ဆိုတော့ ထူးခြားတဲ့ အရည်အချင်းရှိလို့ဖြစ်မှာပေါ့”
“ဒါပေါ့” ရှဲ့ဖင်းဟွိုက်သည် သူတို့ သူ၏အရည်အချင်းအား အမွှမ်းတင်နေကြသည်ကို သိလိုက်၏။
ထိုသူတို့အနည်းငယ်သည် ပြုံးလိုက်ကြသည်။ “ဒီလိုဆိုရင်တော့ ကဗျာနဲ့ ပန်းချီအကြောင်း ကျွန်တော်တို့နဲ့ ဆွေးနွေးရတာကို ကိစ္စမရှိလောက်ဘူးလို့ ထင်ပါတယ်”
“ဒီနေ့ မြင်ကွင်းက အတော်လေးလှတယ်လို့ ထင်တယ်။ ရေကန်ရှုခင်းအတွက် ကဗျာတစ်ပုဒ် ရေးစပ်ကြမယ်ဆို ဘယ်လိုလဲ။ ရေးပြီးရင် ဝါရင့်အကြီးအကဲလီကို ပြဖို့ ပေးလို့ရတယ်။ ဒုတိယသခင်လေးက အရမ်းယုံကြည်မှုရှိနေတာ ပထမနေရာ ရပြီး နာမည်ကျော်ကြားလာမှာ အသေချာပဲ”
“သခင်လေးရှဲ့က တစ်ချက်ကြည့်တာနဲ့ကို တခြားသူတွေနဲ့ မတူဘူးဆိုတာ သိသာပါတယ်။ သခင်လေးတို့နှစ်ယောက်လုံးက တော်တဲ့သူတွေဆိုတော့ ဒီလိုကိစ္စလေးက ပြဿနာမရှိလောက်ပါဘူးနော့…”
သူတို့ ပြောနေစဉ်ပင် ဤကိစ္စသည် အပြီးသတ်ဆုံးဖြတ်ပြီးသားကဲ့သို့ ဖြစ်နေ၏။
ထိုသူတို့အနည်းငယ်သည် စတင်တွေးတောကြသည်။ လက်ထဲတွင် စုတ်တံကို ကိုင်ကာ အင်္ကျီလက်များကို ပင့်တင်ပြီး စတင်ရေးသားကြတော့သည်။
ရှဲ့ဖင်းဟွိုက်သည် အနည်းငယ်ကြောင်သွား၏။ သူသည် ချူကျန်းကို ကြည့်လိုက် ထိုသူတို့တစ်ချို့ကို ကြည့်လိုက်ဖြစ်ကာ စိတ်ရှုပ်ထွေးနေပုံပေါ်၏။ “ကဗျာရေးဖို့ ကျွန်တော် မသဘောတူခဲ့ဘူးလားလို့”
“ညည်းညူနေတာ ရပ်ပြီး မြန်မြန်သာစဉ်းစားစမ်းပါ။ အခုချိန်မှာ မျက်နှာပျက်သွားရင် ဆရာ့ဆီမှာ သင်ယူနိုင်မယ့် အရည်အချင်းရှိတော့မှာ မဟုတ်ဘူး။ ဂိုဏ်းကနေ အထုတ်ခံရဖို့ပဲ စောင့်ရတော့မှာ! မင်းအစ်မက မင်းအပေါ် မျှော်လင့်ချက်ကြီးတယ်လို့ မင်းမပြောခဲ့ဘူးလား…” ချူကျန်းသည် အလျင်အမြန် သတိပေးလိုက်သည်။
သူ၏အစ်မအကြောင်း ပြောလိုက်သည်နှင့် ရှဲ့ဖင်းဟွိုက်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် လေးနက်သွား၏။
သူ၏သနားစရာကောင်းသော အစ်မ၏ ခန္ဓာကိုယ်သည် ကျန်းမာရေးမကောင်းသဖြင့် ဒဏ်မခံနိုင်ပေ။
သို့သော် ကဗျာရေးခြင်း… ၎င်းသည် အမှန်တကယ်တွင် သူ့အတွက် ကျွမ်းကျင်သည့်အရာ မဟုတ်ပေ။
လာမည့်နှစ် စာမေးပွဲတွင် ကဗျာရေးရန် လိုအပ်ချက်များမှာ များပြားသည် မဟုတ်ပေ။
ဤရှက်စရာကောင်းသော လူများသည် အသက်မည်မျှရှိပြီနည်း။ ၎င်းတို့သည် သူ့လို ကလေးတစ်ယောက်နှင့် နှိုင်းယှဉ်နေကြ၏။
“ကျောက်စိမ်းမှန်နဲ့ ကြည်လင်သောမြစ်က အရိပ်တွေ ဖြစ်ပေါ်လာ။ ကျောက်စိမ်းတောင်ထိပ်က မိုင်ပေါင်းထောင်ချီမြင့်ပြီး ဖုန်မှုန့်များ လွင့်ပျံနေ။ အထီးကျန်လှေလေးက ပင်လယ်ထဲ တစ်ဦးတည်း လွင့်မျောနေရာ၊ ဇီးသီးရနံ့က နန်းဆောင်ကို လွှမ်းခြုံထားသည်လေ…”
မျက်စိတစ်မှိတ်အတွင်း တစ်စုံတစ်ဦးသည် ရေးပြီး အသံထွက်ဖတ်လိုက်၏ ။
ရှဲ့ဖင်းဟွိုက်သည် မျက်မှောင်ကြုတ်လိုက်၏ ။
သူ မပြောရသေးမီတွင် အခြားသူများက ၎င်းတို့၏ကဗျာများကို တစ်ပုဒ်ပြီးတစ်ပုဒ် စတင်ရွတ်ဆိုကြသည်။ ထို့နောက် ၎င်းတို့နှစ်ဦးကို ကြည့်လိုက်ကြ၏ ။
ချူကျန်းသည် အဆင်ပြေ၏။ သူသည် ငယ်စဉ်ကတည်းက ထိုသို့သော အခမ်းအနားများစွာကို တက်ရောက်ခဲ့ဖူးပြီး ရင်ဆိုင်နိုင်စွမ်းရှိသည်။
ထို့အပြင် သူသည် ၎င်းတို့၏ ပစ်မှတ်မဟုတ်ပေ။
ရှဲ့ဖင်းဟွိုက်မှာ မတူညီပေ။
သူသည် လူများကို ကသိကအောက်ဖြစ်စေသည်။
ဆရာရှောင်းသည် ငယ်ရွယ်သောမျိုးဆက်များကြားတွင် အထူးချွန်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သူသည် အနာဂတ်တွင် ဝါရင့်အကြီးအကဲလီ၏ အရိုက်အရာကို ဆက်ခံမည့်သူ ဖြစ်၏။ နောက်ထပ်ဆယ်နှစ်ခန့်ကြာလျှင် တော်ဝင်ကျောင်းတော်၏ နောက်လာမည့် အကြီးအကဲနေရာအတွက် အကောင်းဆုံးသင့်တော်သူ ဖြစ်လာပေလိမ့်မည်။
ထိုသို့သော ပုဂ္ဂိုလ်သည် ရှဲ့ဖင်းဟွိုက်ကဲ့သို့သော တပည့်တစ်ဦးကို လက်ခံခဲ့သည်။
“ဒုတိယသခင်လေး၊ စဉ်းစားပြီးပြီလား” လူတိုင်းသည် ရှဲ့ဖင်းဟွိုက်အား ရန်လိုသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ရှဲ့ဖင်းဟွိုက်က သူတို့ကို မျက်စောင်းထိုးကာကြည့်ပြီး ပြောလိုက်၏ “မစဥ်းစားရသေးပါဘူး”
“ဒါဆို ဒုတိယသခင်လေးရှဲ့က အရှုံးကို ဝန်ခံလိုက်တာလား” တစ်ဖက်သူသည် ပြုံးလိုက်၏။ အခြားသူများကလည်း သူ့ကို လှောင်ပြောင်လိုသောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။
“ကျွန်တော် အရှုံးကို ဝန်မခံပါဘူး” ရှဲ့ဖင်းဟွိုက်သည် ခေါင်းမော့ကာ ပြောလိုက်၏။ “ကျွန်တော် ခင်ဗျားတို့နဲ့ ယှဉ်ပြိုင်နေတာမှ မဟုတ်တာ။ ဘာကိစ္စ အရှုံးကိုဝန်ခံရမှာလဲ”
•••••
အခန်း ၁၀၃၉ အကြံဉာဏ်တောင်းခံခြင်း
ရှဲ့ဖင်းဟွိုက်သည် ရှက်ရွံ့ခြင်း မရှိခဲ့ပေ။ သူသည် အစ ကတည်းကပင် သဘောမတူခဲ့ပါ။ ကဗျာ ရွတ်ဆိုရန် ဤသူများကပင် စတင်ခဲ့ကြခြင်း ဖြစ်ပြီး သူ့နှင့် မည်သို့မျှ မသက်ဆိုင်ခဲ့ပေ။
သို့သော်လည်း ထိုသူများသည် ရယ်မောခဲ့ကြ၏ ။ “ဒုတိယသခင်လေးက ရှုံးနိမ့်ခြင်းကို ဝန်မခံသလို ကဗျာလည်း မရေးတတ်ဘူး။ မျက်နှာပြောင်တိုက်နေတာမဟုတ်ဘူးလား။” “ခင်ဗျားတို့က သိသိကြီးနဲ့ မျက်နှာပြောင်တိုက်ပြီး ကျွန်တော့်ကို အကွက်ချကြံစည်နေတာမဟုတ်ဘူးလား။ကျွန်တော် ခင်ဗျားတို့ကို ဂရုမစိုက်ပါဘူး။” ရှဲ့ဖင်းဟွိုက်သည် နှာခေါင်းရှုံ့လိုက်၏။ “ကျွန်တော့်ကို ငတုံးငအလို့ ထင်နေတာလား။ ကျွန်တော့်မှာ ဘယ်လို ဘွဲ့ထူး၊ဂုဏ်ထူးမှ မရှိသေးပါဘူး။ ခင်ဗျားတို့က နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့ပြီး အရည်အချင်းရှိကြမယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ကို လာပြိုင်တာက ကျွန်တော့်ကို အနိုင်ကျင့်ချင်ရုံသက်သက်ပဲမဟုတ်လား။ ခင်ဗျားတို့ အရည်အချင်းရှိတယ်ဆိုရင် လက်ရုံးရည်ပဲပြိုင်ကြမလား။”
သူ ထိုသို့ ပြောလိုက်သောအခါ လူတိုင်း၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားခဲ့ပြီး ရှဲ့ဖင်းဟွိုက်အား ပို၍ အထင်သေးသောအကြည့်များဖြင့် ကြည့်ခဲ့ကြသည်။
“ဒုတိယသခင်လေးက ဆရာရှောင်းကို ဆရာတင်ထားတယ် ဆိုတော့ မင်းမှာထူးခြားတဲ့ အရည်အချင်းရှိရမှာကို။ ယခု ကဗျာတစ်ပုဒ်တောင် မရေးနိုင်ဘူးဆိုတော့ ဆရာရှောင်းရဲ့ ဂုဏ်သတင်းကို မထိခိုက်ရအောင် အမြန်ဆုံး တပည့်နေရာကနေ နုတ်ထွက်သင့်သည် မဟုတ်ပါလား။”တစ်စုံတစ်ဦးသည် ချက်ချင်းဆိုသလို ပြောလိုက်၏ ။
“ဟုတ်ပါတယ်။ မင်းလိုမျိုး သာမန်အရည်အချင်းပဲရှိတဲ့သူက ဆရာရှောင်းရဲ့ဂိုဏ်းထဲ ဝင်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ”
“မင်းက ဆရာရှောင်းရဲ့ ဆရာတူအစ်မက အကြံပြုပေးလို့ တပည့်ဖြစ်ခဲ့တယ်လို့ ငါကြားထားတယ်။” တစ်စုံတစ်ဦးသည် ပြောလိုက်၏ ။
ရှဲ့ချောင် သည် ထိုစကားကို ကြားသောအခါ အသာလေး ထိုင်၍ စိတ်ပါဝင်စားစွာ နားထောင်ခဲ့၏။
၎င်းသည် အမှန်တွင် လျှို့ဝှက်ချက် တစ်ခုမဟုတ်ခဲ့ပေ။
ရှဲ့ဖင်းဟွိုက်သည် သူ့ကိုဆရာတင်ခဲ့ချိန်က ရှောင်းယွိရုန် သည် သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့သည်။ သူ၏ စကားများတွင် ရှဲ့အိမ်တော်၌ မကြာခဏ နေထိုင်တတ်သောမော့ချူးရှန်း အကြောင်းကို ရံဖန်ရံခါ ထည့်ပြောတတ်၏။ ကျောင်းတော်ရှိ အချို့သူများသည် သူမအကြောင်းကို ကြားဖူးခဲ့ကြသည်။
ရှဲ့ဖင်းဟွိုက်သည်ပင်လျှင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိခဲ့၏။
ပစ်မှတ်သည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ အပြင်ဘက်မှ လူများသည် နန်းဆောင်တွင်းသို့ မ
ကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။
အမျိုးသမီး တစ်ဦးတည်းသာ ရှိပြီး သူမသည် ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးအုပ်ထားခဲ့သည်။ လူအများစုက သူမဘယ်သူ ဘယ်ဝါဖြစ်သည်ကို မသိခဲ့ကြသော်လည်း အချို့သူများကမူ စုံစမ်းပြီးသား ဖြစ်၏။
“ဝါရင့်အကြီးအကဲလီရဲ့ အကြီးဆုံး တပည့်က ကြမ္မာဥယျာဉ်ရဲ့ ပိုင်ရှင်ဖြစ်ပြီး အရမ်းကို နာမည်ကျော်ကြားတဲ့ တာအိုဆရာမ မော့ချူးရှန်းဆိုပြီး ငါကြားခဲ့ရတယ်။” တစ်စုံတစ်ဦးသည် တိုးတိုးလေး ပြောနေ၏။
အားလုံးသည် ထပ်မံ၍ အံ့အားသင့်သွားကြ၏။
တာအိုဆရာမ ဟုတ်လား။
“အဲဒီတာအိုဆရာမက အိမ်ရှေ့စံမင်းသားနဲ့ တစ်ချိန်က အလုပ်လုပ်ခဲ့တယ်လို့ ကြားဖူးတယ်။ သူမ မဖြစ်နိုင်ပါဘူး။” တစ်စုံတစ်ဦးသည် တီးတိုး ပြောနေ၏။
ပညာရှင်များသည် မိမိတို့ပညာရှင်အချင်းချင်းအပေါ်တွင် အမြင့်မားဆုံးသော မျှော်လင့်ချက်များ ထားရှိခဲ့ကြ၏။
အထူးသဖြင့် လီရှီးယန်ကဲ့သို့သောပညာရှင်များပင်ဖြစ်သည်။ သူတို့၏ တပည့်များသည် သန့်စင်၍ ပညာရှင်များ၏ နာမည်အား ဂုဏ်ထူးဆောင်ပေးကာ ပညာရှင်များ၏ ဂုဏ်သတင်းကိုလည်း မထိခိုက်စေရန် မျှော်လင့်ကြ၏ ။
“သူတို့ ငါ့အကြောင်း ပြောနေကြတာလား။” ရှဲ့ချောင်သည် အတော်လေး စိတ်လှုပ်ရှားသွား၏ ။
“ဆရာတူအစ်မ၊ အစ်မ အဲ့တာတွေကို ဂရုစိုက်ဖို့ မလိုပါဘူး။” ရှောင်းယွိရုန်သည် ချက်ချင်းဆိုသလို ပြောလိုက်၏။ လီရှီးယန် သည် သက်ပြင်းချကာ ပြောလိုက်၏ “မင်းက တကယ်ကိုတော်ပါတယ်။ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကို ဘယ်လို ထုတ်ဖော်ပြသရမလဲဆိုတာ မသိဘူး။ အခု မင်းကို အဲဒီကလူငယ်တွေက ဝေဖန်နေကြတာ ဆိုးရွားတယ် မဟုတ်လား။”
ရှောင်းယွိရုန် နှင့် ကျန်းကျင်လုတို့သည် အမှန်ပင် ရှဲ့ချောင်၏အကြောင်းကို အတော်လေး စူးစမ်းချင်ခဲ့ကြသည်။
“တကယ်တော့ ကျွန်တော်လည်း ဆရာတူအစ်မရဲ့အရည်အချင်းက ဘာလဲဆိုတာ သိချင်ပါတယ်။” ကျန်းကျင်လုသည် ထပ်ပြောလိုက်၏ ။
သူသည် သူ၏ ဆရာတူအစ်မကို စိတ်ဆိုးအောင် လုပ်ထားသောကြောင့် နောက်ဆုတ်မနေတော့ဘဲ အဆုံးထိသွားလိုက်ခြင်းသည် ပိုအဆင်ပြေပေ၏ ။ လျှို့ဝှက်ထားလျှင် စိတ်အနှောင့်အယှက် ဖြစ်ပေလိမ့်မည်။
“မင်းက ဘာလို့ အဲ့လောက် သိချင်နေရတာလဲ။ အရာအားလုံးက မင်းစိတ်တိုင်းကျ ဖြစ်မယ်လို့ထင်နေတာလား။” ရှဲ့ချောင်သည် နှာခေါင်းရှုံ့လိုက်၏ ။
ကျန်းကျင်လုသည် ပြန်လည် တွန်းပို့ခံရပြန်သည်။ သူသည် လုံးဝ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ပေ။ ယခုတော့ အနည်းငယ်ပင် အကျင့်သားရနေလေပြီ။
ဆရာတူအစ်မ၏ ခေါင်းမာသော ပုံစံသည် အတော်လေး ချစ်စရာကောင်းပေ၏။
ကံမကောင်းစွာဖြင့် အပြင်ဘက်မှ လူများသည် ရှဲ့ချောင်၏ အကြောင်းကို ပို၍ စူးစမ်းချင်စိတ် ပြင်းပြလာပြီး သူတို့၏ သွေးများသည် ဆူပွက်လာခဲ့သည်။ တစ်စုံတစ်ဦးသည် မတ်တပ်ရပ်လိုက်ပြီး နန်းဆောင်ဆီသို့ လျှောက်လာ၏။ ဦးညွတ်ပြီးနောက် သူသည် မကျိုးနွံလွန်း၊ မောက်မာလွန်းခြင်းမရှိသော လေသံဖြင့် ပြောလိုက်၏။ “ကျွန်တော် ဆရာမမော့ဆီက အကြံဉာဏ်အချို့ တောင်းခံလိုပါတယ်။ ရပါသလား။”
အဌဂံခြံဝန်း သည် ကျောင်းသားများ လက်ရုံးရည်ယှဥ်ပြိုင်ရာ နေရာဖြစ်ပြီး သူတို့ ယခုလို ပြုမူသည်ကို ရိုင်းသည်ဟူ၍ မယူဆခဲ့ပေ။
“မင်းက ငါ့ကို ဓမ္မကျင့်စဉ်တွေ သင်ပေးဖို့ တောင်းဆိုချင်တာလား။” ရှဲ့ချောင်သည် ဖော်ရွေသော အမူအရာဖြင့် မေးလိုက်၏ ။
“ မဝံ့ရဲပါဘူး။ ကျွန်တော်က အဲလိုအရာတွေကို မကျွမ်းကျင်ပါဘူး။ ဆရာမ တခြား ဘယ်အရာကိုများ ကျွမ်းကျင်သေးလဲသိချင်ပါတယ်။”
••••••
အခန်း ၁၀၄၀ နားလည်ရခက်သောဆရာ
လီရှီးယန်၏တပည့်အနေဖြင့် သူမသည် ဓမ္မကျင့်စဉ်များကိုသာ သိပြီး အခြားမည်သည်မျှမသိပါက ရယ်စရာပင်ဖြစ်လိမ့်မည်။
ရှဲ့ချောင်သည့် ၎င်းနှင့်ပက်သက်၍ စဉ်းစားမိ၏။ ထိုသူများနှင့် သူမ ယှဉ်ပြိုင်၍မရနိုင်သည် မဟုတ်ပေ။
သူမသည် ဂရုတစိုက်ရှိရုံသာဖြစ်၏။
ထို့အပြင် သူမ၏ဆရာကို သူ့ရှေ့တွင် မျက်နှာပျက်အောင်မလုပ်နိုင်ပေ။
ထိုအချိန်တွင် ကျောက်ရွှမ်ကျင်းသည် သူ၏ကိုယ်ကို အနည်းငယ်စောင်းလိုက်ပြီး ပြောလိုက်၏ “ယေဘုယျအားဖြင့် ဒီလိုမျိုး ယှဉ်ပြိုင်မှုမျိုးက လူတွေကို ကြည့်ရှုဖို့ ဆွဲဆောင်နိုင်ရင် ဆုလာဘ်တွေ သေချာပေါက်ရလိမ့်မယ်။ ရွှေ၊ ငွေ၊ သာမန်အသုံးအဆောင်ပစ္စည်းတွေ၊ စုတ်တံတွေ၊ မှင်တွေ၊ စက္ကူတွေနဲ့ မှင်ကျောက်တွေပါပဲ။ ခြံဝန်းမှာ ဘာတွေပြင်ဆင်ထားလဲ ကြည့်ရအောင်”
ရှဲ့ချောင်သည် ပိုမိုစိတ်အားထက်သန်လာပြီး အပြင်မှလူများအား ပြောလိုက်၏“ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ မင်းတို့ သဘောရှိတဲ့အတိုင်း ပြောနိုင်တယ်”
သူမ ထိုသို့ပြောလိုက်သောအခါ လူတိုင်း အံ့သြမဆုံးဖြစ်သွားကြ၏။ ဤစကားများသည် ရှဲ့ဖင်းဟွိုက် ပြောသည်ထက် များစွာပို၍ အထက်စီးဆန်ပေသည်။
“ဘယ်လိုလဲ… ဆရာမရဲ့ ကျားကွက်ကစားတဲ့စွမ်းရည်ကရော?” ထိုသူသည် ခဏတာ စဉ်းစားပြီး မေးလိုက်၏။ လီရှီးယန်၏ တပည့်အနေဖြင့် အိမ်ရှေ့မင်းသားသည် မည်သို့ဖြစ်သည်ကို သူတို့မသိကြသော်လည်း ဆရာရှောင်းသည် အတော်ဆုံးပင်ဖြစ်၏။ဆရာစန်းသည် ဗျတ်စောင်းနှင့် ပန်းချီစွမ်းရည်များတွင် ထူးချွန်ပြီး သခင်လေးကျန်းသည် အတွေ့အကြုံရှိ၏။ဤအကြီးဆုံးတပည့်၏ ကျားကစားသည့် စွမ်းရည်သည် သာလွန်ကောင်းမွန်ရန် ပို၍ဖြစ်နိုင်၏ ။
ထို့အပြင် ကဗျာသင်ယူရန်မှာ ခက်ခဲပြီး အချိန်ကုန်၏။ ထို့ကြောင့် စစ်တုရင်သင်ယူခြင်းသည် အတော်လေးလွယ်ကူ၏။ ဤဆရာမမော့ ရှုံးခဲ့လျှင်ပင် သူမ၏ ဂုဏ်သိက္ခာကို အများကြီးထိခိုက်မည်မဟုတ်ပေ။
“ကောင်းပြီ” ရှဲ့ချောင်သည် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ အဌဂံခြံဝန်း၏ စီမံခန့်ခွဲသူသည် ချက်ချင်းပင်စီစဉ်ရန် သွားခဲ့၏။
ခဏအကြာတွင် သူသည် ထိုသူကို နန်းဆောင်ထဲသို့ ဖိတ်ခေါ်ခဲ့၏။ အပြင်ဘက်တွင် သူသည် လှုပ်ရှားမှုအခြေအနေကို အခြားသူများအား အချိန်နှင့်တပြေးညီ ပြသရန် တစ်စုံတစ်ဦးကို စီစဉ်စေခဲ့သည်။
ရှဲ့ချောင်သည် ထောင့်တစ်နေရာတွင် ကပ်နေပြီး ကွေးကွေးလေးထိုင်နေ၏။ သူမသည် အဖြူရောင်ကျားစေ့တစ်ခုကို ကိုင်ထားပြီး ကျားကွက်ခုံတစ်လျှောက် သူမ၏အကြည့်သည် ဖြတ်သန်းသွား၏။ သူမက အလွန်လေးနက်နေပုံရ၏။
ရှဲ့ဖင်းဟွိုက်လည်း ပို၍နီးကပ်လာခဲ့၏ ။
သူသည် အဖြူ၊အမည်းကျားစေ့များနှင့်ပက်သက်၍ နားလည်၏။
သို့သော် သူသည် ဤဂိမ်းကို သင်ယူဖူးရုံသာဖြစ်ပြီး ကောင်းစွာနားမလည်ပေ။
ဂိမ်းစတင်ပြီးနောက် အပြင်မှလူများသည် အအေးဒဏ်ကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့အားလုံးသည် ထောင့်တစ်နေရာတွင် စုဝေးပြီး ကစားပွဲ၏အခြေအနေကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြ၏။
ရှဲ့ချောင်သည် တည်ငြိမ်ပြီး စိတ်လှုပ်ရှားမှုမရှိပေ။ တစ်ဖက်တွင်မူ သူမနှင့်မျက်နှာချင်းဆိုင်မှ သခင်လေးသည် လီရှီးယန်၊ အိမ်ရှေ့စံမင်းသားနှင့် အခြားသူများ ဘေးတွင်ထိုင်၍ ကြည့်နေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားနေ၏ ။ သူ၏နဖူးတွင် ချွေးစေးများ ပျံနေ၏။
အဌဂံခြံဝန်းမှ ပေးသောဆုသည် အရည်အသွေးကောင်းသောမှင်တစ်တုံးနှင့် ငွေသား ၅၀၀ ပင်ဖြစ်သည်။
ပညာသင်ကြားခြင်းသည် ငွေကြေးများစွာလိုအပ်သောကြောင့် ခြံဝန်း၏ စီမံခန့်ခွဲသူသည် အတော်လေးစဥ်းစားချင့်ချိန်နိုင်စွမ်းရှိပုံရ၏။
ငွေသား၏ ဆွဲဆောင်မှုဖြင့် ရှဲ့ချောင်သည် သူမ၏စစ်တုရင်ခဲများကို အလွန်လျင်မြန်စွာ ချလိုက်၏။ သူမသည် မည်သည်ကိုမျှမဉ်းစားပုံမရပေ။ မြန်ဆန်ပုံရသော်လည်း နေရာတိုင်းတွင် အမှားများမရှိခဲ့ပေ။ သူမသည် ကျားစေ့များကို ချပြီးနောက်ပင် အပြင်မှလူများသည် ရုတ်တရက် နားလည်သွားကြပြီး သူတို့သည် အံ့အားသင့်ကာ တုန်လှုပ်သွားကြ၏။ ကျောက်ရွှမ်ကျင်းသည် လုံးဝပင်စိတ်ပူပန်ခြင်းမရှိပေ။
သူသည် ရှဲ့ချောင်၏ ကျားကွက်ကစားခြင်းစွမ်းရည်များကို မြင်ဖူးပြီးဖြစ်၏။ သူနှင့်ယှဉ်လျှင် တန်းတူပင်ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်း ရှဲ့ချောင်သည် အတော်လေးလျင်မြန်စွာ အနိုင်ရခဲ့၏။
ရှဲ့ချောင်နှင့်ယှဉ်လိုက်လျှင် ထိုသခင်လေး၏မျက်နှာသည် ဂိမ်းကစားပြီးနောက် အံ့သြတုန်လှုပ်နေကာ ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သူ၏လက်များသည် တုန်ရီနေသော်လည်း သူသည် အတော်လေးစဥ်းစားချင့်ချိန်တတ်၏။ “ဆရာမကို စော်ကားမိတာက ကျွန်တော့်ရဲ့ မသိနားမလည်မှုပါ…”
“ကိစ္စမရှိပါဘူး၊ ဒါက ကျားကွက်စွမ်းရည်ကို ဆွေးနွေးရုံသက်သက်ပါပဲ”ရှဲ့ချောင်သည် ပြုံးပြလိုက်၏။
ထိုသူသည် ကြောက်အားလန့်အားဖြင့် ထွက်သွားတော့သည် ။
အပြင်မှလူများသည် ကျားကွက်ခုံကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ရှဲ့ဖင်းဟွိုက်သည် အချိန်အတော်ကြာ ကြည့်နေခဲ့သော်လည်း နားမလည်ခဲ့ပေ၊ သို့သော် သူသည် အံ့သြထိတ်လန့်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။ “ဆရာမ၊ ဆရာမက တကယ်ကို အံ့မခန်းပဲ။ ဒီလိုဖြစ်မယ်ဆိုတာ သိခဲ့ရင် ဘာလို့ ဆရာရှာပြီး သင်ယူနေရအုန်းမှာလဲ။ ဆရာမဆီကနေပဲ သင်ယူလို့မရဘူးလား။ ဆရာမက ကျွန်တော့်အစ်မရဲ့ ဆရာတူအဒေါ်လဲဖြစ်တယ်၊ ဆရာမတို့နှစ်ယောက်စလုံးက တူညီတဲ့ တာအိုဘုရားကျောင်းတစ်ခုတည်းကပဲ”
သူမသည် သူ၏ဆရာမဖြစ်ရန် ထိုသက်ကျားအိုဆရာရှောင်းထက် အများကြီး ပိုသင့်တော်၏။
သူသည် ဆရာရှောင်းကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်ပြီး နားလည်ရခက်သော ဆရာမမော့အား ကြည့်လိုက်၏။
ဆရာမမော့က ပိုအဆင်ပြေသည်မှာ ထင်ရှား၏ ။
“မင်းမှာ ဆရာတစ်ယောက်ရှိတာနဲ့တင် အတော်လေးလုံလောက်နေပြီကို ခေါင်းမာတုန်းပဲလား” ရှဲ့ချောင်သည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားသည်။ “မင်းက အတော်လေးဆင်ခြင်တုံတရားမဲ့တာပဲ။ မင်း ဆရာကို ဒူးထောက်ပြီး သွားမတောင်းပန်သေးဘူးလား”
“ဘာလို့ ကျွန်တော်က… ” နားထောင်ရမှာလဲ။
ရှဲ့ချောင်သည် သူ့ကို ငြိမ်သက်စွာ ကြည့်လိုက်၏။
အကြောင်းတစ်ခုခုကြောင့် ရှဲ့ဖင်းဟွိုက်၏နှလုံးသားထဲတွင် ထိတ်ခနဲဖြစ်သွား၏။ ဤခံစားချက်သည် အနည်းငယ် ရင်းနှီးနေသလိုပင်။ သူသည် အလိုလို ရှုံးနိမ့်ကြောင်း ဝန်ခံပြီး ရှောင်းယွိရုန်ရှေ့တွင် ဒူးထောက်လိုက်၏။ “ဆရာ၊ ကျွန်တော် ဆရာ့ကို မထီမဲ့မြင်မပြုသင့်ပါဘူး။ ကျွန်တော် မှားသွားပါတယ်”
ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ပေါ်သို့အရှိန်ဖြင့် ဦးညွှတ်အရိုအသေ ပေးလိုက်၏ ။
•••••••