← Chapters

မုန်တိုင်းထန်နေသောကမ်းရိုးတန်း (၁)

Vol. 67 Ch. 1095

မုန်တိုင်းထန်နေသောကမ်းရိုးတန်း (၁)

Vol. 67 Ch. 1095

မနေ့က ကြည်လင်ပြာလွင်နေသော ကောင်းကင်နှင့်မတူဘဲ ယခုအခါ အိုအာဟူးကျွန်း၏ အနောက်ဘက်ကမ်းခြေ ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းတွင် မည်းမှောင်နေသော မုန်တိုင်းတိမ်တိုက်ကြီးမှာ နံရံမည်းကြီးတစ်ခုကဲ့သို့ ဆုတ်ခွာမသွားဘဲ ရေမိုင်ထောင်ချီကို အပြည့်အဝဖုံးလွှမ်းထားသည်။

“အဲဒါ.. တွင်းနက်ရဲ့ အနားသတ်လား” ရှုချင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဝင်ရိုးစွန်းညက ဒီလောက်တောင်မြန်မြန်ရောက်လာတာလား”

“မဟုတ်ဘူး.. အဲဒါ ဝင်ရိုးစွန်းညမဟုတ်ဘူး”

လင်းရှန် အနားသို့ လျင်မြန်စွာ လျှောက်သွားခဲ့ပြီး မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားကာ စွမ်းအားဝတ်စုံ၏ မြင်ကွင်းကို အရှိန်အဟုန်ဖြင့် ချဲ့လိုက်သည်။ ဤအခိုက်အတန့်တွင် ကမ္ဘာမြေကြီး၏ ထိုနံရံမည်းကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်ဒီရေလှိုင်းကြီးတစ်ခုမှာ ငရဲပြည်ပွင့်ထွက်လာသည့်အလား ဖြည်းညှင်းစွာလှိမ့်ဝင်လာပြီး ဟိန်းဟောက်နေရာ ရေမိုင်ပေါင်းထောင်ချီအကွာဝေးမှ လူတိုင်းကိုပင် စူးရှအေးစက်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

“ကြက်သွေးရောင်မြူတွေပဲ...”

ချီလီ၏ မျက်နှာမှာ ဖြည်းဖြည်းချင်းမည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ပစိဖိတ်သမုဒ္ဒရာက ဒီလောက်ကျယ်တာတောင် ဒါက ငါတို့ ထင်ထားတာထက် ပိုမြန်နေတယ်”

လင်းရှန်၏ အကြည့်က ဖြတ်သန်းသွားပြီး ယန္တရားနှလုံးသားကို ချက်ချင်းအသက်သွင်းကာ အတွေးများကို ဗိုင်အိုလာ၊ ကောင်းကင်အမိုးခုံးရထားတို့နှင့် ချိတ်ဆက်လိုက်ရာ.. ဝူး.. အင်ဂျင်၏ ကြိမ်နှုန်းမြင့်တုန်ခါသံက ထွက်ပေါ်လာတော့သည်။

“ဒီမှာတော့ အရုဏ်ဦးရှိလာမှာ မဟုတ်ဘူး၊၊ ငါတို့ အခုပဲထွက်ကြမယ်”

ဘန်း ဘန်း ဘန်း၊၊

ကောင်းကင်အမိုးခုံးရထားသည် ပတ်လမ်းပေါ်တွင် သံလိုက်ဆွဲငင်အားစနစ်ကို အသုံးပြု၍ ချက်ချင်းခရီးနှင်လိုက်သည်၊၊ အဆင်သင့်စောင့်ဆိုင်းနေသော တိုက်ကြီးဖြတ်ကျော်ရထားတွဲကို ထိုဧရာမစွမ်းအားကြီးက တိုက်ရိုက်တွန်းမောင်းလိုက်ရာ ရထားတွဲအဆက်များဆီမှ နားဝင်ပီယံကောင်းသော ငြိမ်သက်သည့်တုန်ခါသံများဆက်တိုက်ထွက်ပေါ်လာတော့သည်၊၊ ထို့နောက် သံချေးတက်နေသော ပတ်လမ်းကြောင်းပေါ်တွင် သံဘီးများက မီးပွားများစွာထွက်ပေါ်လျက် ဧရာမရထားကြီးသည် ဟာဝိုင်အီ အိုအာဟူးကျွန်း၏ ပတ်လမ်းဗဟိုစခန်းမှ နောက်ဆုံးတွင် စတင်ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်၊၊

“ဒါ တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ၊၊ ပတ်လမ်းပေါ်မှာ ပြေးဆွဲနေရတာက ဝေဟင်မှာ ပျံသန်းနေရတာထက် ပိုပြီး စိတ်ချရတဲ့ ခံစားချက်မျိုးပေးတယ်”

ချီလီက ရှေ့သို့ ဆန့်တန်းနေသော ပတ်လမ်းကြောင်းကို ကြည့်ရင်း လွမ်းဆွတ်တသစွာပြောလိုက်သည်။

ပတ်လမ်းပေါ်တွင် ဖုန်မှုန့်များနှင့် မီးခိုးများ ဆက်တိုက်လွင့်မျောနေခဲ့သည်။ လမ်းပိတ်ဆို့နေသော စွန့်ပစ်ယာဉ်မျိုးစုံနှင့် အမှိုက်သရိုက်များကို ရထာခေါင်းရှိ လမ်းရှင်းကိရိယာမှ ထွက်ပေါ်လာသော ဖြတ်တောက်အမှုန်တန်းများနှင့် ဖိအားမြင့်လေလှိုင်းများက ဘေးသို့ အကုန်လုံးတွန်းဖယ်ပစ်လိုက်သည် ။ ကောင်းကင်အမိုးခုံးရထား၏ ဉာဏ်ရည်တုစနစ်သည် ရှေ့ရှိ ပတ်လမ်းအခြေအနေကို ထိရောက်စွာထောက်လှမ်းနိုင်သည်။ လင်းရှန် ဖြန့်ကျက်ထားသော ဒရုန်းအမြောက်အမြား၏ အကူအညီကြောင့် ကျိုးပျက်နေသောတံတားများ သို့မဟုတ် လမ်းပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရပါကလည်း ရထား၏ ရှေ့သို့ခုတ်မောင်းမှုကို အနည်းငယ်မျှပင် ဟန့်တားနိုင်ခြင်းမရှိချေ။

“ပတ်လမ်းပြဿနာတွေကို ငါတို့ လုံးဝစိုးရိမ်စရာမလိုဘူး ။ ငါတို့ စိုးရိမ်ရမှာက ဟိုအရာပဲ”

လင်းရှန်သည် ပင်မကွပ်ကဲတပ်ဖွဲ့၏ ရှေ့ဆုံးတွင် ရပ်လျက် ကမ်းရိုးတန်းမှ ပင်လယ်ရေများ လျင်မြန်စွာဆုတ်ခွာသွားပြီး ကျယ်ပြောလှသော သဲပြင်များနှင့် ကျောက်ဆောင်ဒေသများ ပေါ်ထွက်လာသည်ကို စောင့်ကြည့်နေသည် ။ တစ်ချိန်တည်းမှာပင် ဝေးကွာလှသော မည်းမှောင်နေသည့် ကောင်းကင်ကြီးမှာ အမှတ် ၅ တွင်းနက်မှ ဝါးမျိုမှုကို ကြုံတွေ့ခဲ့ရစဉ်ကကဲ့သို့ ကျွန်းပေါ်သို့ ပိတ်ဆို့နီးကပ်လာပုံရသည် ။ ခဏချင်းအတွင်းမှာပင် ပင်လယ်ပြင်အကျယ်ကြီးကို အမှောင်ထုက ဖုံးလွှမ်းသွားသည်ကို ၎င်းတို့ မြင်တွေ့လိုက်ရသည်၊၊

“ဒါက...” ရှားရှားက ဤမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“ပင်လယ်ရေတွေ ဆုတ်သွားတာလား”

“ဒါ ဆူနာမီပဲ”

ရှုချင်းက ပျက်ယွင်းနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“မိုးလင်းနေတာ သိသာနေတာကို ဘာလို့ တွင်းနက်က ပြန်ပြီး ကျယ်ပြန့်လာတာလဲ”

“ဘယ်သိမှာလဲ”

ချီလီက ခေါင်းခါလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အရာတော့ မဟုတ်ဘူး၊၊ ငါတို့ကို နောက်ထပ် ထူးဆန်းတဲ့နေရာထဲ ပြန်ဆွဲမသွင်းသွားဖို့ပဲ ဆုတောင်းရမယ်၊၊ မဟုတ်ရင် ဒီလောက်ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးထဲမှာ ဆိပ်ကမ်းကပ်ဖို့ ခက်လိမ့်မယ်”

“တွင်းနက်က ကျယ်ပြန့်လာတာနဲ့တော့ မတူဘူး...”

လင်းရှန်က ရထား၏ မြောက်ဘက်အခြမ်းသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်လည်း အလားတူမှုံမှိုင်းသော နံရံမည်းကြီးက ကျယ်ပြန့်လာနေသည်။

“တွင်းနက်ထဲကနေ တစ်ခုခုထွက်ပေါ်လာနေတဲ့ ပုံစံပဲ...”

“တာလို့၊ ရှုချင်း၊ ချီလီ၊ မိုနီကာ.. မင်းတို့ ပင်မမျှော်စင်ကို စောင့်ကြည့်ထားကြ… မြောင်လု၊ လုချန်.. မင်းတို့ ရထားကို လက်နက်တပ်ဆင်ပြီး နန်ကျင်းကို သွားကူညီလိုက်… မီးတောက်နဲ့ ရူဂျီ.. မင်းတို့ကိုတော့ ပြောနေစရာမလိုတော့ဘူး”

“နားလည်ပါပြီ”

“အစ်ကိုလင်း… စိတ်ချလက်ချသာ နေပါ”

“ရှီဇီ”

သူက စကားဆုံးသည်နှင့် ရှီဇီကို လှည့်ကြည့်လိုက်သည်။

“မင်းက အေးခဲအိပ်စက်ခန်းမဆီ သွားလိုက်… ပင်လယ်အောက်ထဲမှာ အမှောင်စွမ်းအင်တွေ ထိုးတက်လာနေတယ်၊၊ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနဲ့ ထူးဆန်းသောကုဗတုံးက တောင့်ခံနိုင်ပါ့မလားလို့ ငါစိုးရိမ်နေမိတယ်”

အေးခဲအိပ်စက်ခန်းမထဲတွင် ကီကီ၊ ဆရာမချန်၊ ရှောင်ချင်း၊ အားဖေးနဲ့ လော့ယန်တို့က ဆင့်ကဲပြောင်းလဲမှုပြီးဆုံးရန် အနည်းဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် လိုသေးသည်။ ထိုအရေးကြီးသောအဆင့်တွင် ဤအခြေအနေက ၎င်းတို့ကို သက်ရောက်မှုရှိသွားမည်ကို လင်းရှန် စိုးရိမ်သဖြင့် မတော်တဆဖြစ်ရပ်များ မရှိစေရန် ရှီဇီကို ထိုနေရာသို့ သွားခိုင်းလိုက်ခြင်းဖြစ်သည်၊၊

ရှီဇီလည်း လင်းရှန်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ.. ကျွန်မ အခုချက်ချင်းသွားလိုက်မယ်”

ကောင်းကင်တံတားပေါ်တွင် ရူဂျီနှင့် လုရှင်းချန်တို့ နှစ်ဦးစလုံးမှာ လေထဲတွင် ပျံဝဲလျက် မြောက်ဘက်နှင့် တောင်ဘက် အရပ်မျက်နှာများဆီသို့ စူးရှစွာ လှမ်းကြည့်နေကြသည်၊၊ နံရံမည်းကြီးက ဆက်တိုက်ပျံ့နှံ့လာသည်နှင့်အမျှ မူလက ကြည်လင်နေသော ကောင်းကင်ကြီးမှာ လျင်မြန်စွာ အုံ့မှိုင်းသွားတော့သည်၊၊

ရူဂျီ၏ မျက်လုံးများထဲတွင် အပြာရောင်လျှပ်စီးကြောင်းများ လက်ခနဲဖြစ်သွားပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

“တစ်ခုခုက ဒီဘက်ကို ဦးတည်လာနေတယ်”

“ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲသွားပြီ၊၊ ကြက်သွေးရောင်မြူပဲ”

လုရှင်းချန်က ရင်ဘတ်ပေါ် လက်ပိုက်လျက် သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများထိုးတက်လာရင်း ပြောလိုက်သည်၊၊

“ငါတို့ရဲ့ အပြန်ခရီးကတော့ အေးအေးချမ်းချမ်းရှိမှာမဟုတ်ဘူးထင်တယ်၊၊ ဒါလည်း ကောင်းတာပါပဲ၊၊ ငါတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုရလဒ်တွေကို စမ်းသပ်ဖို့ အချိန်ကိုက်ပဲ”

ဝူး၊၊

မကြာမီ အချိန်အတွင်းမှာပင် ကောင်းကင်အမိုးခုံးရထားသည် တစ်နာရီလျှင် မိုင်တစ်ရာကျော်နှုန်းအထိ အရှိန်မြှင့်တင်နိုင်ခဲ့ပြီး လူနေရပ်ကွက်တစ်ခုနှင့် ကုန်တင်ဆိပ်ကမ်းပိုင်းကို ဖြတ်ကျော်ကာ လှိုင်းထန်နေသော ပစိဖိတ်သမုဒ္ဒရာဆီသို့ လျင်မြန်စွာဦးတည်ခရီးနှင်ခဲ့သည်၊၊

လေပြင်းများတိုက်ခတ်နေပြီး ပင်လယ်ရေမှာ ပို၍မည်းမှောင်လာကာ လှိုင်းတံပိုးများက တစ်လိပ်လိပ်တက်လာနေခဲ့သည်။ ကမ်းရိုးတန်းရှိ ပင်လယ်ရေမှာ မီတာပေါင်းများစွာ ဆုတ်ခွာသွားခဲ့ပြီး အရိုးစုများနှင့် အမှိုက်သရိုက်များပြည့်နှက်နေသော စိုစွတ်သည့် ပင်လယ်ကြမ်းပြင်ကြီး ပေါ်ထွက်လာသည်၊၊ တစ်ချိန်တည်းမှာပင် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ကြီးမားလှသော အဖြူရောင်ရေမှုန်ရေမွှားများပေါ်ထွက်လာပြီး ဒီရေလှိုင်းကြီးတက်လာသကဲ့သို့ရှိနေသည်၊၊

လင်းရှန် မျက်မှောင်ကို ပြင်းထန်စွာကြုတ်လိုက်သည်။ ထိုလှိုင်းတံပိုးများသည် ရထားဆီသို့ ဦးတည်လာနေခြင်းမဟုတ်ဘဲ အရပ်မျက်နှာအနှံ့သို့ အကြီးအကျယ်ပျံ့နှံ့သွားနေခြင်းဖြစ်သည်ကို သူ သတိပြုမိလိုက်သည်၊၊

ထူးဆန်းသော အခြေအနေတစ်ခုကို ခံစားမိသဖြင့် လင်းရှန်၏ မျက်လုံးများထဲမှ မှိန်ဖျော့ဖျော့ယန္တရားအလင်းရောင်မှာ စူးရှစွာတောက်ပလာပြီး ကောင်းကင်အမိုးခုံးရထားကို ဆက်တိုက်အရှိန်မြှင့်ရန် စေခိုင်းလိုက်သည်၊၊

ရှေ့ရှိ ပတ်လမ်းကြောင်းပေါ်တွင် ပျက်စီးနေသော ရထားတွဲများနှင့် ပိတ်ဆို့နေသော ယာဉ်မျိုးစုံတို့သည် နှစ်ကီလိုမီတာကျော် ရှည်လျားသော လမ်းပိတ်ဆို့မှုဇုန်ကြီးတစ်ခုဖြစ်နေသည်။ ရထားလမ်းဘေးတွင် ယခင်က စစ်တပ်က ချထားခဲ့သော အတားအဆီးများနှင့် ဆူးကြိုးအတားအဆီးခံစစ်လိုင်းတစ်ခုရှိနေပြီး ယခုအခါ အလောင်းများနှင့် လျှောက်သွားနေသော ဖုတ်ကောင်များသာ ကျန်ရှိတော့သည်။ ကောင်းကင်အမိုးခုံးရထား၏ တောက်ပြောင်လှသော ခေါင်းမီးကြီးများကြောင့် ဖုတ်ကောင်များသည် တရွေ့ရွေ့ကြီးမားလာနေသည့် ဧရာမရထားကြီးဆီသို့ ၎င်းတို့၏ အကြည့်များကို လှည့်လာကြသည်၊၊

“ရူဂျီ.. လမ်းရှင်းလိုက်”

“နားလည်ပါပြီ”

လင်းရှန်၏ အသံက ရူဂျီ၏ နားထဲသို့ ရောက်ရှိသွားပြီး အနက်ရောင်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ရူဂျီသည် ကောင်းကင်တံတား၏ ကြည်လင်သော ပြတင်းပေါက်ကို ချက်ချင်းဖွင့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် လေထုကို တုန်ခါတွန့်လိမ်သွားစေသည့် စွမ်းအားများ ထိုးတက်လာပြီးနောက် အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားကာ လေထုထဲတွင် ဓားလက်ချောင်းကို မြှောက်လိုက်သည်။

ဘန်း၊၊

ကောင်းကင်အမိုးခုံးရထားသည် ပိတ်ဆို့နေသော ရထားတွဲများကို ဝင်တိုက်တော့မည့်ဆဲဆဲတွင် လေလှိုင်းတုန်ခါမှုကဲ့သို့သော ကြိမ်နှုန်းမြင့်အသံကြီးတစ်ချက် မြည်ဟည်းသွားသည်။ ရထား၏ အရှေ့တွင် ပိတ်ဆို့နေသော ရထားများ ၊ ကားများ ၊ အတားအဆီးများနှင့် ဆူးကြိုးများအားလုံးသည် မမြင်နိုင်သော တွန်းအားတစ်ခုကြောင့် ချက်ချင်းလွင့်စင်သွားတော့သည်။ ထို့နောက် ရူဂျီ၏ ဓားလက်ချောင်းက ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ထိုမမြင်နိုင်သော လေလှိုင်းသည် သံမဏိရထားနှင့် ပိတ်ဆို့နေသော အရာဝတ္ထုများကို အလယ်တည့်တည့်မှနေ၍ တိတ်တဆိတ်ဖြတ်တောက်သွားခဲ့သည်၊၊

၎င်းကို ဖြတ်တောက်ခြင်းဟုဆိုသော်လည်း သတ္တုစုတ်ပြဲသံမျိုး လုံးဝမရှိဘဲ သဲပွင့်များ တိတ်တဆိတ် ပြိုကွဲပျက်စီးသွားသည့်အလားရှိနေသည်။ အိုအာဟူးကျွန်းရှိ ဒေသခံများထွက်ပြေးခြင်းကို တစ်ချိန်က ပိတ်ဆို့ထားခဲ့သော သေမင်းတံတိုင်းကြီးသည် ဤအခိုက်အတန့်တွင် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ပို၍ ထူးဆန်းသည်မှာ ရထားလမ်းဘေးဝဲယာသို့ လွင့်စင်သွားသော ကားပျက်များနှင့် အမှိုက်သရိုက်များသည် ပင်လယ်ထဲသို့ ကျမသွားဘဲ ရူဂျီ၏ စွမ်းအားအောက်တွင် လေထုထဲ၌ ဆက်တိုက်လည်ပတ်နေခဲ့သည်။ ထို့နောက် ပင်မသံမဏိကိုယ်ထည်များကို ချန်ထားခဲ့ကာ ပြိုကွဲပြီး ပြန်လည်ဖွဲ့စည်းလျက် ၅ မီတာမှ ၆ မီတာခန့် မြင့်မားသော လူသားပုံသဏ္ဌာန် သတ္တုရုပ်ထုကြီးများအဖြစ် ယာယီတည်ဆောက်လိုက်ပြီး အခြားအမှိုက်သရိုက်များကိုမူ စစ်ထုတ်ကာ ပင်လယ်ထဲသို့ ဝုန်းခနဲ ပစ်ချလိုက်သည်။

All Chapters