← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) - ကောင်းကင်မိစ္ဆာဧကရာဇ် (၂)

အကြီးအကဲလိန်က ဆက်လက်၍ ပြောလာလေသည်။

“ကောင်းပြီ... ငါ မင်းကို အများကြီး ဆက်မပြောတော့ဘူး၊ ဒီနေရာကို ရောက်ဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူဘူး၊ ဒါကြောင့် ပတ်ဝန်းကျင်က ကောင်းကင်နဲ့ မြေကြီးစွမ်းအင်တွေကို စုပ်ယူပြီး ကိုယ့်ရဲ့စွမ်းအားတွေကို သေချာမြှင့်တင်ဖို့အခွင့်အရေးကို ယူကြရအောင်”

“ဘာပဲဖြစ်ဖြစ် ဒီနေရာက ငါတို့ နေ့တိုင်းလာလို့ရတဲ့ နေရာမျိုးမှမဟုတ်တာ၊ ရောက်တုန်းရောက်ခိုက် အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်”

သို့သော် အကြီးအကဲလိန် စကားပြောပြီးသည်နှင့်တပြိုင်နက် မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်လေသည်။

အဝေးရှိ ကောင်းကင်ယံတွင် အာကာသအက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာလေသည်။ ထိုအာကာသ အက်ကွဲကြောင်းမှာ အလွန်တရာ ကြီးမားလှပြီး အခြားသူများ ဖွင့်လှစ်ခဲ့သော အာကာသအက်ကွဲကြောင်းများထက် များစွာ ပိုမိုကြီးမားနေလေသည်။

တစ်စုံတစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

“နောက်ထပ် အင်အားကြီးကျင့်ကြံသူတစ်ယောက် ရောက်လာပြန်ပြီ၊ ဒီအင်အားကြီးကျင့်ကြံသူက ဘယ်သူများလဲ၊ ဒီအရှိန်အဝါက တကယ်ကို အင်အားကြီးလွန်းတယ်၊ သူက နတ်ဘုရားဧကရာဇ်အဆင့်ကိုတောင် တက်လှမ်းပြီးလောက်ပြီ”

အခြားတစ်ဦးကလည်း နားမလည်နိုင်စွာ မေးခွန်းထုတ်လာသည်။

“ဒီနှစ် ဘာလို့ ကျွမ်းကျင်သူတွေ အများကြီး တစ်သုတ်ပြီး တစ်သုတ် မရပ်မနား ရောက်လာနေကြတာလဲ၊ ဒီနှစ်မှာ ထူးခြားတဲ့ အကြောင်းရင်းတစ်ခုခုများ ရှိနေလို့လား”

နောက်တစ်ဦးကလည်း မျှော်လင့်ချက်များစွာဖြင့် ဝင်ရောက်ဆွေးနွေးလာသည်။

“ထူးခြားတဲ့အကြောင်းရင်း ရှိနေတာ အကောင်းဆုံးပဲ၊ ဒါမှ ငါတို့လည်း အခွင့်အရေးတချို့ကို ရယူနိုင်မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါတို့လို သာမန်လူတွေအတွက် အခွင့်အရေးရဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတယ်”

အားလုံးက ဆွေးနွေးနေကြစဉ် ရွှမ်ရဲ၏ မျက်နှာက အေးစက်သွားပြီး အတော်လေး လေးနက်သွားလေသည်။

သူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကျိုးရီက မေးမြန်းလိုက်သည်။

“အခုမှ ရောက်လာတဲ့သူကို မင်းသိလား၊ သူက ဘယ်သူလဲ”

ရွှမ်ရဲက တစ်ဖက်လူ၏ အမည်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

“ကောင်းကင်မိစ္ဆာဧကရာဇ်”

“ကောင်းကင်မိစ္ဆာဧကရာဇ်လား”

ထိုအမည်ကို ကြားလိုက်ရသောအခါ ကျိုးရီမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ သူသည် စကြဝဠာတစ်ခုလုံးနှင့် သိပ်ပြီး ဆက်နွယ်မှုမရှိသလို အရင်ကလည်း လူလုံးထွက်ပြလေ့ မရှိသော်ငြား သူ၏ အလွန်အမင်း အင်အားကြီးမားလှသော နတ်ဘုရားအာရုံကြောင့် ထူးခြားသောကိစ္စရပ်အချို့ကို သိနိုင်စွမ်းရှိပေသည်။

သို့သော် သူသည် ကောင်းကင်မိစ္ဆာဧကရာဇ်ဆိုသော အမည်ကို တစ်ခါမှ မကြားဖူးခဲ့သလို ၎င်းက မည်သည့်အရာကို ကိုယ်စားပြုကြောင်းကိုလည်း မသိရှိခဲ့ပေ။

သို့သော် သူ လုံးဝ ရှင်းရှင်းလင်းလင်းသိထားသော အချက်တစ်ချက် ရှိလေသည်။ ယင်းမှာ တစ်ဖက်လူက အကြီးအကဲလိန်ကဲ့သို့ အင်အားကြီးမားသော ဖြစ်တည်မှုတစ်ခုကိုပင် လေးနက်သွားစေနိုင်သည်ဖြစ်ရာ သေချာပေါက် သာမန်လူတစ်ယောက် မဟုတ်နိုင်ကြောင်းပင်။

ကျိုးရီ၏ နားမလည်နိုင်ဖြစ်နေသည်ကို မြင်သောအခါ အကြီးအကဲလိန်က ဆက်လက်၍ ရှင်းပြလေသည်။

“သူက ကောင်းကင်မိစ္ဆာမျိုးနွယ်စုဝင် တစ်ယောက်ပဲ၊ ကောင်းကင်မိစ္ဆာမျိုးနွယ်စုဆိုတာလည်း စကြဝဠာကြီးထဲမှာ အရမ်းကို အင်အားကြီးတဲ့ မျိုးနွယ်စုတစ်ခုပဲ၊

ဒီမျိုးနွယ်စုရဲ့ စွမ်းအားက ငါတို့ နဂါးမျိုးနွယ်စုနဲ့ ယှဉ်ရင် အရမ်းကြီးမားတယ်လို့ မပြောနိုင်ပေမယ့် စကြဝဠာတစ်ခုလုံးရဲ့ ထိပ်တန်းဆယ်ခုစာရင်းထဲ ဝင်ဖို့တော့ လုံလောက်ပါတယ်”

“ထိပ်တန်းဆယ်ခု”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးရီ၏ မျက်နှာက ချက်ချင်း လေးနက်သွားလေသည်။ အကယ်၍ အခြားကိစ္စ တစ်ခုခုသာဆိုလျှင် သူ သိပ်ပြီး ဂရုစိုက်မည် မဟုတ်သော်လည်း တစ်ဖက်လူက ထိပ်တန်းဆယ်ခုစာရင်းဝင် ဖြစ်ကြောင်း ကြားလိုက်ရခြင်းကတော့ ကွာခြားသွားလေပြီ။

ထိပ်တန်းဆယ်ခုဆိုသည်မှာ နဂါးမျိုးနွယ်စုနှင့် မနှိုင်းယှဉ်နိုင်သော်ငြား စကြဝဠာတစ်ခုလုံးတွင် ထိုအဆင့်၌ ရပ်တည်နိုင်စွမ်းရှိခြင်းက သူတို့သည် သာမန်မဟုတ်သောမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း ဆိုလိုနေပေသည်။

အနည်းဆုံးတော့ သာမန်ဆန်လွန်းသော လူသားမျိုးနွယ်များနှင့် နှိုင်းယှဉ်လျှင် သူတို့က လွယ်လွယ်ကူကူပင် အသာစီးရနိုင်မည်မှာ သေချာနေပေသည်။

သေချာသည်ကတော့ ထိုအချက်အပြင် ပိုမိုအရေးကြီးသော ကိစ္စတစ်ရပ်လည်း ရှိနေသေးသည်။

တစ်ဖက်လူအား ကောင်းကင်မိစ္ဆာဧကရာဇ်ဟု ခေါ်ဆိုကြသည်။

ထိုသို့ဆိုလျှင် ကောင်းကင်မိစ္ဆာမျိုးနွယ်စုအတွင်း၌ပင် သူသည် အလွန်အင်အားကြီးမားသော ဖြစ်တည်မှုတစ်ခု ဖြစ်ရမည်ဖြစ်ပြီး ထိုမျှအင်အားကြီးမားသော ဖြစ်တည်မှုသည် သာမန်ဇာတ်ကောင် တစ်ကောင် မဖြစ်နိုင်ပေ။

အကြီးအကဲလိန်၏ မျက်နှာအမူအရာက ဤမျှလောက် လေးနက်သွားရသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ တစ်ဖက်လူသည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။

အကြီးအကဲလိန်က ဆက်လက်၍ ရှင်းပြလေသည်။

“သူက သူ့ရဲ့မျိုးနွယ်စုထဲမှာ အရင်ကတည်းက အရမ်းအင်အားကြီးတဲ့ ဖြစ်တည်မှုတစ်ခုပဲ၊ သူ့စွမ်းအားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါ့ထက်သာလွန်နေခဲ့တာ၊ ငါ့ထက် အဆင့်မြင့်တဲ့နဂါးတွေတောင် သူ့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မှာ”

“သူ့အဆင့်က နတ်ဘုရားဧကရာဇ်အဆင့် ဆိုပေမယ့် သူမှာ ထူးခြားတဲ့နည်းလမ်းတချို့ ရှိနေတဲ့အတွက် သူ့ရဲ့ စွမ်းအားက လက်ရှိအဆင့်ထက် အများကြီးသာလွန်နေတယ်၊

အဆင့်တူကျင့်ကြံသူတွေက သူ့ကို တိုက်ခိုက်ရင်တောင် အသာစီးရနိုင်မှာမဟုတ်ဘူး၊ ဒီကောင်က ဒီနေရာကို ရုတ်တရက်ရောက်လာတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး၊

ပုံမှန်ဆိုရင် သူက ဒီလိုနေရာမျိုးကိုလာဖို့ ရွေးချယ်လေ့မရှိဘူး၊ သူ့ရဲ့ မာနကြီးတဲ့ စရိုက်အရဆိုရင် တစ်ခုခုက သူ့ကို ဒေါသထွက်စေလို့ ဒီကိုရောက်လာတာ ဖြစ်မယ်”

တစ်ဖက်လူ၏ စွမ်းအားက အဆင့်တူ ကျင့်ကြံသူများထက် များစွာသာလွန်နေကြောင်း ကြားလိုက်ရသောအခါ ကျိုးရီ၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်အချို့ ဖြစ်ပေါ်လာလေသည်။

သို့သော် နောက်ဆုံးစကားကို ကြားလိုက်ရပြီးနောက် သူ၏မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားလေသည်။

အကယ်၍ အကြီးအကဲလိန် ပြောသည်က အမှန်တကယ် ဖြစ်နေမည်ဆိုပါက တစ်ဖက်လူ ဤနေရာသို့ လာရောက်ခြင်းကြောင့် လူအများအပြား သေဆုံးရနိုင်ခြေ ရှိပေသည်။

ထို့အပြင် အကြောင်းရင်းတစ်ခုခုကြောင့် ဤကိစ္စက သူနှင့် သက်ဆိုင်နေနိုင်သည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် အလွန်ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပြီး တိတိကျကျ ဆိုရလျှင် ယင်းက ဆဋ္ဌမအာရုံဟု ခေါ်ဆိုကြသော ခံစားချက်ပင်။

ယခင်က ကျိုးရီတွင် ထူးခြားသောစွမ်းရည်မျိုး မရှိခဲ့ပေ။ သို့သော် သူ၏ စွမ်းအားများ စဉ်ဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ စွမ်းအားမျိုးစုံကို သူ ပိုမိုရရှိလာပုံရလေသည်။

သူ၏ ကြိုတင်ခံစားသိမြင်မှု အများအပြားက လက်တွေ့ဘ၀တွင် ထိရောက်မှုရှိပြီး မကြာမီတွင် အမှန်တကယ် ဖြစ်ပေါ်လာလေ့ရှိသည်။

“ဖြစ်နိုင်တာက...”

ကျိုးရီသည် အကြီးအကဲလိန်၏ လက်ချက်ဖြင့် ခုနလေးတင် သေဆုံးသွားခဲ့သော လူအနည်းငယ်ကို ရုတ်တရက် တွေးမိလိုက်သည်။

အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများ။

“ငါ အတွေးလွန်နေတာဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်၊ သူတို့ကြားမှာ အဲဒီလောက်ကြီး ဆက်နွယ်မှုမရှိလောက်ပါဘူး”

ကျိုးရီသည် ခေါင်းကိုသာ ခါယမ်းလိုက်၏။

တစ်ဖက်လူကလည်း အာကာသအက်ကွဲကြောင်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေပြီ။

ထိုသူသည် အရပ်အလွန်ရှည်ပြီး အလွန်ထင်ရှားသော ရုပ်သွင်ကို ပိုင်ဆိုင်ထားသည်။ သူသည် ခမ်းနားထည်ဝါလှသော ရထားလုံးကြီးတစ်စီးပေါ်တွင် ထိုင်နေပြီး ရထားလုံးကိုဆွဲနေသော မြင်းများသည် နဂါးများနှင့် အနည်းငယ်တူညီနေလေသည်။

၎င်းတို့သည် နဂါးသွေးမျိုးဆက်မှ အသွင်ပြောင်းလာသော သားရဲများ ဟုတ်မဟုတ်ကိုတော့ ကျိုးရီလည်း ရှင်းရှင်းလင်းလင်း မသိပေ။

အတိုချုပ်ဆိုရလျှင် ၎င်းတို့က သာမန်မဟုတ်သော အသွင်အပြင်ကို ပိုင်ဆိုင်ထားကြသည်။

ဤစစ်မြေပြင်တစ်ခုလုံးကို ကြည့်လိုက်မည်ဆိုပါက မည်သူ့တွင်မဆို ဤကဲ့သို့ ခမ်းနားမှုမျိုးက မရှိချေ။

နဂါးများသည် စကြဝဠာတစ်ခုလုံးတွင် အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်ကြရာ အင်အားကြီးသူအများအပြားက နဂါးပုံစံဝတ်ရုံများကို ဝတ်ဆင်ခြင်း သို့မဟုတ် သူတို့၏အဝတ်အစားများပေါ်တွင် နဂါးပုံများကိုချည်ပန်းထိုးခြင်း သို့မဟုတ် နဂါးသွေးမျိုးဆက်ရှိသော သားရဲများကို စီးတော်ယာဉ်အဖြစ် ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိကြသည်။

တစ်ဖက်လူ၏ မျိုးနွယ်စုက နဂါးမျိုးနွယ်စု မဟုတ်နိုင်သော်လည်း သူက နဂါးမြင်းများကို ပေါ်တင်စီးနင်းရန် ဝံ့ရဲနေခဲ့သည်။ ဤသည်မှာ ရိုးရှင်းစွာပင် တစ်ဖက်လူကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသော ပွင့်လင်းသည့် ရန်စမှုတစ်ခုပင်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တစ်ဖက်လူ၏ မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

ကျိုးရီသည် ထိုလုပ်ရပ်များကို ကြည့်ရင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန်ပင် ခက်ခဲနေလေပြီ။ အကယ်၍ သူသာ နဂါးတစ်ကောင် ဖြစ်နေမည်ဆိုပါက ဤအချိန်တွင် တစ်ဖက်လူနှင့် သေချာပေါက် တိုက်ခိုက်နေလောက်ပြီဖြစ်သည်။

သူသည် အကြီးအကဲလိန်၏ မျက်နှာအမူအရာကို လှမ်းကြည့်လိုက်ရာ အလွန်အမင်း မကျေမနပ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ဤလုပ်ရပ်အတွက် တစ်ဖက်လူအပေါ်တွင် ရန်ငြိုးထားမည် ဖြစ်သော်လည်း တိုက်ခိုက်မည့် အရိပ်အယောင် မပြသည်ကို မြင်သောအခါ တစ်ဖက်လူ၏ စွမ်းအားက အကြီးအကဲလိန်ထက် များစွာ သာလွန်နေကြောင်း ကျိုးရီ ဝေဝါးဝါး ခန့်မှန်းမိလိုက်သည်။

အကြီးအကဲလိန်၏ မျက်နှာအမူအရာက ထိုလူရောက်လာတည်းက ဤမျှလောက် ခက်ထန်နေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

သူ ရင်ဆိုင်မနိုင်သော သူတစ်ယောက်နှင့် သူ တွေ့ဆုံခဲ့ရချိန်တွင် ထိုသူက သူ့အား တိုက်ရိုက်ရန်စရန် အတင်းအကျပ် လုပ်ဆောင်နေခြင်းဖြစ်ပေသည်။

ဤကဲ့သို့သော အရှက်ခွဲမှုမျိုးကို သာမန်လူများ ခံစားသိရှိနိုင်ရန် ခက်ခဲလှပေသည်။

……

ကျိုးရီက မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲ၊ သူက အရမ်းကို အင်အားကြီးလို့လား၊ ခင်ဗျား မျက်နှာသိပ်မကောင်းပါလား”

အကြီးအကဲလိန်က လေးနက်သော လေသံဖြင့် ပြန်လည်ဖြေကြားလေသည်။

“ဟုတ်တယ်၊ သူ့ရဲ့ စွမ်းအားက ငါ့ထက် အများကြီးသာတယ်၊ မဟုတ်ရင် သူ့ကိုယ်သူ ကောင်းကင်မိစ္ဆာဧကရာဇ်လို့ ခေါ်မှာမဟုတ်ဘူး၊ တကယ်လို့ ငါတို့နှစ်ယောက်သာ တိုက်ခိုက်ဖြစ်မယ်ဆိုရင် ငါက သူ့မကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး၊

ဒါကြောင့် သူက မင်းကို ယှဉ်တိုက်နိုင်တဲ့ စွမ်းအားရှိရုံတင်မကဘူး၊ မင်းထက်တောင် သာနေနိုင်တယ်”

ကျိုးရီက သူ၏ရင်ထဲရှိ သံသယများကို မေးမြန်းလိုက်သည်။

“သူ့ရဲ့ စွမ်းအားက ခင်ဗျားထက် ပိုကြီးတယ်ဆိုပေမယ့် သူ့ရဲ့ မျိုးနွယ်စုက ခင်ဗျားတို့လောက် အင်အားမကြီးဘူးမဟုတ်လား၊ ဘာလို့ သူ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ၊

ခင်ဗျားရဲ့ အနောက်မှာ နဂါးမျိုးနွယ်စုကြီး ရှိနေမှတော့ တခြားသူတွေက ခင်ဗျားကို လွယ်လွယ်ကူကူ မထိရဲဘူး မဟုတ်ဘူးလား”

အကြီးအကဲလိန်က ခါးသီးစွာ ပြုံးလိုက်ရင်း တုံ့ပြန်လေသည်။

“မင်းက ငါ့ကို ဘယ်လိုများ ထင်နေတာလဲ၊ ငါက နဂါးမျိုးနွယ်စုထဲက သာမန်လူတစ်ယောက်ပါ၊ ထိပ်တန်း တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်မှ မဟုတ်တာ၊ တစ်မျိုးနွယ်စုလုံးက ငါ့အတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးမှာလဲ”

“မင်းကိုယ်တိုင်ကရော ကောင်းကင်မိစ္ဆာဧကရာဇ်ရဲ့ မျိုးနွယ်စုနဲ့ ယှဉ်ရင် အဆင့်နိမ့်တဲ့ မျိုးနွယ်စုဝင်တစ်ယောက် မဟုတ်ဘူးလား၊ ဒါပေမဲ့ မင်းရဲ့ စွမ်းအားက ငါ့ထက်ကြီးတယ်လေ၊ ဒါဆိုရင် မင်းလည်း ငါ့ကို အလွယ်တကူ ရိုက်နှက်လို့ရတာပဲ မဟုတ်လား၊ ငါကရော ပြန်ခုခံနိုင်လို့လား”

All Chapters