← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀) - ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ သဘောထား (၁)

“ငါ ငြင်းပယ်ရဲမှတော့ အကျိုးဆက်တွေကိုလည်း သိထားလို့ပေါ့”

ကျိုးရီ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု၊ နှိမ့်ချမှု စိုးစဉ်းမျှမရှိဘဲ တုန်လှုပ်ခြင်း အရိပ်အယောင်ပင် မတွေ့ရချေ။

တစ်ဖက်လူက သူ၏မျက်နှာထက်မှ တစ်စုံတစ်ရာကို ဖတ်ရှုနိုင်ရန် စူးစိုက်ကြည့်နေသည်။

‘ဒီကောင်လေး ဟန်ဆောင်နေတာများလား’

‘တကယ် မကြောက်ခြင်းလော၊ သို့မဟုတ် သူ့ကို လှည့်စားရန်အတွက် သတ္တိရှိဟန်ဆောင်နေခြင်းများလော ဆိုသည်ကို သိရှိနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း မည်သည့်ထူးခြားချက်ကိုမျှ မတွေ့ရပေ။

နောက်ဆုံးတွင် ဤကောင်လေးက သူ့ကို အမှန်တကယ်ပင် မကြောက်ရွံ့ကြောင်း အတည်ပြုနိုင်လိုက်သည်။ ထို့ကြောင့် သူ အတွေးနက်သွားမှာ

‘တစ်ဖက်လူမှာ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေတာလား။ ဘာလို့ ငါ့ကို နည်းနည်းလေးမှ မကြောက်ရတာလဲ။ ပုံမှန်ဆို ဒီလိုမဖြစ်သင့်ဘူးလေ’

သူ မည်မျှပင် အစွမ်းထက်နေပါစေ မိမိကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း သိထားသင့်သည်။ ထို့အပြင် အခြားအချက်တစ်ချက်လည်း ရှိသေးသည်။

ကျိုးရီကဲ့သို့ ပါရမီရှင်တစ်ယောက်က မာနကြီးနိုင်သော်လည်း ပါရမီရှင်တစ်ယောက်ဖြစ်နေသည့်အတွက် သူ့ဦးနှောက်က ပိုမိုထက်မြက်သင့်ပြီး ကိုယ့်ကိုယ်ကို သေတွင်းထဲ တွင်းပို့တဲ့အထိ မမိုက်မဲသင့်ပေ။

‘သူ့နောက်ကွယ်မှာ ပိုမိုအစွမ်းထက်တဲ့ အင်အားစုတစ်ခုခုများ ရှိနေတာလား'

ထိုသို့ဆိုလျှင်တော့ တကယ်ကို ပြဿနာကြီးသွားနိုင်ပေသည်။ သို့သော် ဤနေရာတွင် လူအများအပြားရှိနေသဖြင့် တစ်ဖက်လူကို အလွယ်တကူ လွှတ်ပေးလိုက်၍မဖြစ်ပေ။

ထိုသို့သာ လွှတ်ပေးလိုက်ပါက စကြဝဠာအတွင်း သူတို့မျိုးနွယ်စု၏ မျက်နှာက လုံးဝပျက်သွားရပေလိမ့်မည်။

မည်သူကမျှ သူတို့ကို ထပ်မံလေးစားတော့မည်မဟုတ်ဘဲ အားလုံးက လှောင်ပြောင်ကြပေလိမ့်မည်။ ထိပ်တန်းမျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သော ကောင်းကင်မိစ္ဆာမျိုးနွယ်စုအနေဖြင့် မျက်နှာအပျက်ခံ၍ မဖြစ်သလို မျိုးနွယ်စုတစ်ခုလုံးကို အရှက်ရစေမည့် လုပ်ရပ်မျိုးအတွက် အကျိုးဆက်ကိုလည်း သူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

မဟုတ်လျှင် ပြန်ရောက်သည့်အခါ မျိုးနွယ်စုတစ်ခုလုံးက သူ့အား ပြဿနာရှာကြမည်ဖြစ်ပြီး မျိုးနွယ်စုတစ်ခုလုံး၏ အရှက်ရစရာပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ထားပါတော့။ အစက မင်းကို အခွင့်အရေးတစ်ခု ပေးချင်ခဲ့တာ၊ ဒါပေမယ့် မင်းက လက်မခံဘူးဆိုမှတော့ ဒီလိုပဲ ဖြစ်ရတော့မှာပေါ့”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူက တိုက်ရိုက်လှုပ်ရှားလိုက်သည်။

တစ်ခဏချင်းမှာပင် လျှပ်စီးများ လက်လာပြီး မိုးချုန်းသံများ ထွက်ပေါ်လာကာ လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင်များက သူ့ခန္ဓာကိုယ်အတွင်း စုပြုံဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် လေဟာနယ်၀ဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

အနီးအနားတွင် ရပ်နေသူများပင်လျှင် သူတို့၏ အတွင်းအားများ စုပ်ယူခံနေရကြောင်း ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင်များက အလွန်ပါးလွှာလွန်းလှသဖြင့် သူတို့၏ စွမ်းအင်များကို ထိန်းသိမ်းမထားနိုင်ဘဲ လောကကြီးထဲသို့ ပျံ့နှံ့သွားရခြင်းဖြစ်သည်။

“အရမ်း အစွမ်းထက်တာပဲ၊ ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းရိုက်ခက်ပုံမျိုးနဲ့ဆို သူက အဲဒီအဆင့်ကိုရောက်နေလောက်ပြီ။”

“အဲဒီအဆင့်ကို မရောက်သေးဘူးဆိုရင်တောင် ရောက်ခါနီးနေလောက်ပြီ”

“တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ဒါက စကြဝဠာထဲက ထိပ်တန်းဆယ်ခုဝင် မျိုးနွယ်စုတစ်ခုလား။ မျိုးနွယ်စု၀င် တစ်ယောက်တည်းကတောင် ဒီလောက်ကြောက်စရာကောင်းတဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်။ ဒီလူက ငါတို့လို ကမ္ဘာပေါင်းများစွာကို သုတ်သင်ပစ်နိုင်လောက်တယ်”

“ပိုပြီး ရဲရဲတင်းတင်း တွေးကြည့်စမ်းပါ။ သူက ထိပ်တန်းဆယ်ခုဝင် မျိုးနွယ်စုတွေရဲ့ ကမ္ဘာတွေကို မသုတ်သင်နိုင်ပေမယ့် တခြားလူတိုင်းကိုတော့ ရှင်းလင်းနိုင်လောက်တယ်”

“အရင်က ဒီမျိုးနွယ်စုတွေရဲ့ စွမ်းအားအကြောင်း ကြားဖူးရုံပဲရှိတာ၊ အခု ကိုယ်တိုင် မြင်တွေ့လိုက်ရတော့မှ သူတို့ရဲ့အင်အားက တကယ်ကို ကြောက်စရာကောင်းမှန်း သိလိုက်ရပြီ။

တကယ်ကို ထိတ်လန့်စရာပဲ။ အခုကစပြီး ငါတို့ မျိုးဆက်တွေကို သူတို့ကို ဘယ်တော့မှ ရန်သွားမစဖို့ သတိပေးထားရမယ်၊ မဟုတ်ရင် သေချာပေါက် သေရလိမ့်မယ်”

“ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲပို့မိတာက ကိစ္စမရှိပေမယ့် မျိုးနွယ်စုတစ်ခုလုံး ထိခိုက်သွားမှာကို စိုးရိမ်ရတယ်”

“ဟူး... အဲဒီအကြောင်း မပြောကြပါနဲ့တော့။ အခုကစပြီး ငါတို့မျိုးဆက်တွေကို အတတ်နိုင်ဆုံး သတိထားဖို့ပဲ ပြောနိုင်တော့မယ်။ လောလောဆယ်တော့ သူ ဘယ်လို လှုပ်ရှားမလဲဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့။

ဒါက တစ်သက်မှာ တစ်ခါရဖို့ခဲယဉ်းတဲ့ အခွင့်အရေးပဲ။ နောက်ဆိုရင် ဒီလိုစိတ်လှုပ်ရှားစရာမြင်ကွင်းမျိုးကို မြင်ရဖို့ အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး။

ဒါကို ကြည့်ရတာက ငါတို့ရဲ့ အနာဂတ်ဉာဏ်အလင်းရရှိမှုအတွက် အများကြီး အထောက်အကူဖြစ်နိုင်တယ်။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လက်ရှိနေရာရှိ လူအားလုံးက ဆွေးနွေးပြောဆိုနေမှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး တိုက်ပွဲကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

တစ်ဖက်လူ ပြောသည့်စကားက အမှန်ပင်ဖြစ်သည်။ ကျိုးရီတို့အဆင့်ရှိ အစွမ်းထက်သိုင်းပညာရှင်များ၏ တိုက်ပွဲမျိုးမှာ အလွန်ရှားပါးလှပေသည်။

သူတို့၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှပင် ကြုံတွေ့ချင်မှ ကြုံတွေ့ရနိုင်ပေသည်။

ယခု မြင်တွေ့ခွင့်ရနေပြီဖြစ်ရာ သဘာဝကျကျပင် အခြားအရာအားလုံးကို လျစ်လျူရှုထားပြီး အခွင့်အရေးကို အမိအရဖမ်းဆုတ်ကာ သေချာစောင့်ကြည့်ရန် နည်းလမ်းရှာရပေမည်။

ယင်းအထဲမှ တာအိုတစ်ခုခုက သူ့ကို ဉာဏ်အလင်းရစေပြီး မှန်းဆရန်ပင်မဝံ့ရဲသော အဆင့်တစ်ခုသို့ ချက်ချင်းဖောက်ထွက်နိုင်စေကောင်း ဖောက်ထွက်နိုင်စေမည်မဟုတ်လော။

ကျိုးရီသည် တစ်ဖက်လူထံမှ အန္တရာယ်အငွေ့အသက်ကို ပထမဆုံး ခံစားလိုက်ရသည်။ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ မဟာကံကြမ္မာပညာရပ်ကို တိုက်ရိုက် အသက်သွင်းလိုက်၏။

“ငါ့ရဲ့ နာမည်နဲ့... သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေ”

ရိုးရှင်းသော စကားတစ်ခွန်းမျှဖြင့် နောက်တစ်ခဏတွင် သူ၏သက်တမ်းများ ရူးသွပ်စွာ လောင်ကျွမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာ ညှိုးနွမ်းသွားသည်ကိုပင် ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ အိုမင်းရင့်ရော်သွားသွားလေ၏။

သို့သော် သူ့ခန္ဓာကိုယ်အတွင်းရှိ ထာဝရအသက်တာအိုသစ်သီး တုန်ခါသွားသည်နှင့်အမျှ သူ ဆုံးရှုံးသွားသော သက်တမ်းများက မျက်တောင်တစ်ခတ်အတွင်း လျင်မြန်စွာ ပြန်လည်ပြည့်ဝလာသည်။

ထို့နောက် ၎င်းက အဆက်မပြတ်စီးဆင်းနေသော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မဟာကံကြမ္မာပညာရပ်ကို အပြည့်အဝအသက်သွင်းနိုင်ရန် ကူညီပေးလေသည်။

“ဟင်...”

အကြီးအကဲလင်က တစ်စုံတစ်ရာကို ဝေဝါးဝါး ခံစားမိသွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။

“ဘာတွေဖြစ်နေတာလဲ။ သူ့ဆီက ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ငါ့ကို ခြိမ်းခြောက်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ”

သူ့အင်အားက တစ်ဖက်လူထက် သေချာပေါက် သာလွန်နေသည်။ တစ်ဖက်လူ၏ နည်းလမ်းများက အလွန်အစွမ်းထက်နေလျှင်ပင် သူ့ကို အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်းမရှိသင့်ပေ။

သို့ဖြစ်ရာ တိတိကျကျ ပြောရလျှင် သူ ဤခံစားချက်မျိုး မခံစားရသင့်ပေ။

သို့သော် ယခုတော့ သူ အမှန်တကယ်ပင် ဤခံစားချက်မျိုးကို ခံစားနေရပြီဖြစ်သည်။ ဤသည်က အလွန် ထူးဆန်းလွန်းလှသည်။

မည်သည့်အရာများ ဖြစ်ပျရ်နေသည်ကို သူ မသိလိုက်ခင်မှာပင် အလွန်တရာ ပြင်းထန်လှသော စွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းခြုံသွားသည်။

“ဖူး...”

မည်သည့် သတိပေးချက်မျှမရှိဘဲ လတ်ဆတ်သော သွေးတစ်ပွက်ကို ရုတ်တရက် အန်ချလိုက်သည်။

“အဟွတ်...”

ထိုအချိန်တွင် အကြီးအကဲလင် ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် သူ စုစည်းထားသော စွမ်းအားများမှာလည်း တစ်ခဏချင်းအတွင်း လုံးဝပျောက်ကွယ်သွားကာ လောကကြီးထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

လက်ရှိနေရာရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ အားလုံးက ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။

အိပ်မက်မက်နေသကဲ့သို့ပင်။

“ဘာ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ အမြင်မှားနေတာလား”

“မင်း အမြင်မှားတာမဟုတ်ဘူး၊ ငါလည်း မြင်လိုက်တယ်။ ဒါပေမယ့် ဒါက ယုတ္တိမရှိဘူး။ ဒီလို မဖြစ်သင့်ဘူး…”

တစ်ဖက်လူ၏ အင်အားက သူ့ထက် အများကြီးပိုအားကောင်းကြောင်း သိထားသင့်သည်။

အလွန် ထူးခြားသော မဟာကံကြမ္မာပညာရပ်ကို ပိုင်ဆိုင်ထားလျှင်ပင် တစ်ဖက်လူ၏ရှေ့တွင် ဤမျှကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းမရှိသင့်ပေ။

ဤသည်က လက်ရှိနေရာတွင် ရှိနေသူအားလုံး၏ နားလည်နိုင်စွမ်းကို လုံးဝကျော်လွန်သွားပြီဖြစ်သည်။

အထူးသဖြင့် အကြီးအကဲလင်က ယခုလေးတင် သူ၏စွမ်းအားများကို စုစည်းပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

ဤအခြေအနေမျိုးတွင် မည်သို့ပင်ဖြစ်စေ ပုံမှန်ဆိုလျှင် တစ်ဖက်လူကို ဒဏ်ရာမရစေနိုက်ပေ။

အလွန်ဆုံး သူ၏ တိုက်ခိုက်မှုကို ပြန့်ကျဲသွားစေနိုင်ရုံသာ ဖြစ်သည်။ သို့သော် ယခုမူ တစ်ဖက်လူကို ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည်။

“ဘုရားရေ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ။ တကယ့်ကို နတ်ဘုရားလိုပဲ”

“ဒီကောင်က ဘယ်လိုတွေလုပ်နေလဲဆိုတာ ငါ စိတ်ကူးနဲ့တောင် လိုက်မမီနိုင်တော့ဘူး၊ ဒါက အရမ်း သောက်ကျိုးနည်း အစွမ်းထက်လွန်းနေတယ်”

“အဲဒီလူက တကယ်ကို အစွမ်းထက်လွန်းတယ်။ သူ့ရဲ့ ပါရမီက ငါတို့ရဲ့ နားလည်နိုင်စွမ်းကို လုံးဝကျော်လွန်နေပြီ။ ငါ ထင်တာတော့ နတ်ဘုရားဧကရာဇ်ကျိုးက အခုကစပြီး စကြဝဠာထဲမှာနာမည်တစ်ခု ရလာလောက်တယ်”

“အဲဒါတင်မကဘူး။ ဒီတစ်ခါ စကြဝဠာတစ်ခုလုံးမှာတောင် သူ့ကို ယှဉ်နိုင်မယ့်သူ သိပ်မရှိလောက်တော့ဘူးလို့ ငါထင်တယ်”

အကြီးအကဲလင် တုံ့ပြန်နိုင်ခြင်း မရှိသေးမီ နောက်စက္ကန့်တွင် ကျိုးရီက ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

“ငါ့ရဲ့ နာမည်နဲ့... သူ့ကို သတ်”

“ဘာ... သူ ရူးနေပြီလား”

“သူ ခုနကပဲ တစ်ဖက်လူကို တိုက်ခိုက်ပြီး အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်တာလေ။ အဲဒါက သူ့ရဲ့ သက်တမ်းအများကြီးကို စားသုံးသွားပြီ။

အခု သူ ထပ်တိုက်ခိုက်ပြန်ပြီ၊ တစ်ဖက်လူကို သတ်ဖို့တောင် ကြိုးစားနေတယ်။ သူ့ရဲ့ သက်တမ်းက တကယ်ပဲလုံလောက်လို့လား။ သူ ဘယ်လိုလုပ်ပြီး ဒီလောက် သက်တမ်းတွေအများကြီး ရှိနေရတာလဲ”

“ပြီးသွားပြီ၊ ပြီးသွားပြီ၊ အခု သူပါ သေရတော့မှာပဲ။ အဲဒီလူ အရမ်းရူးသွပ်လွန်းနေတာလား။ သူက တစ်ဖက်လူကိုသတ်ဖို့အတွက်နဲ့ ကိုယ့်အသက်ကိုတောင် စတေးနေတာပဲ”

“သောက်ကျိုးနည်း... မင်း သေမှာမကြောက်ဘူးလား”

အကြီးအကဲလင်က ကျိန်ဆဲလိုက်ပြီးနောက် ချက်ချင်း စကားဆိုလိုက်သည်။

တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ဖိအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ထိုဖိအားက ကြီးမားလွန်းလှသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာစေသည်။ ဤအခိုက်အတန့်တွင် အလွန်အမင်း မျှော်လင့်ချက်မဲ့မှုကို သူ ခံစားလိုက်ရသည်။

အနည်းငယ်မျှပင် ပေါ့ဆရဲခြင်းမရှိဘဲ တစ်ဖက်လူကို ခုခံရန် သူ၏ စွမ်းအားအားလုံးကို ချက်ချင်း စုစည်းလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏ စွမ်းအားက မည်မျှပင်အားကောင်းနေပါစေ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ကျိုးရီ၏ မဟာကံကြမ္မာပညာရပ်တွင်ပါဝင်သော စည်းမျဉ်းများ၏စွမ်းအားက အလွန်အစွမ်းထက်လွန်းလှပေသည်။

All Chapters