← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) - ပြန်လည်ကြိုဆိုပါတယ်

“သူ့ကို ဖိထားလိုက်”

လင်းဖန်က အော်ဟစ်လိုက်သည်။

ဟိုမင်သည် ထန်ယွမ်၏ လက်များကို အလျင်အမြန်ပင် ဖမ်းချုပ်ထားလိုက်သည်။

၎င်းမှာ လင်းဖန်အပေါ် ထပ်မံ၍ ထိခိုက်နစ်နာအောင် မလုပ်နိုင်စေရန် တားဆီးလိုက်ခြင်းပင်။

ဟိုမင်၏ အကူအညီဖြင့် လင်းဖန်သည် ယခုအခါ လက်နှစ်ဖက်လုံးကို အသုံးပြုလာနိုင်ချေပြီ။

အခြားလက်တစ်ဖက်က အစွမ်းကုန် ဖိချပေးလိုက်ခြင်းကြောင့် သူ၏ သံမဏိလက်သည်းများမှာ ပိုမိုလွယ်ကူစွာဖြင့် ထိုးဖောက်ဝင်ရောက်သွားလေသည်။

နောက်ဆုံးတွင်မူ သူ၏စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။

[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် +၂၂၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၃၆၀]

လင်းဖန်သည် အသက်ဝဝရှူရန် ကြိုးစားလိုက်ပြီး လက်ဖျံအတွင်းမှ ဓားကောက်ကို ဆွဲထုတ်လိုက်လေသည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း ဖားပြုတ်ရုပ်တုငယ်အတွင်းမှ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးအချို့ကို ထုတ်ယူကာ မျိုချလိုက်သည်။

ထန်ယွမ်နှင့် တိုက်ခိုက်ခဲ့ရမှုက သူ၏ ချီနှင့် စွမ်းအင်အများစုကို ကုန်ဆုံးသွားစေခဲ့သည်။

ဆေးလုံးများ အစာအိမ်ထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် လင်းဖန်သည် သူ၏ချီနှင့် စွမ်းအင်များ ပြန်လည်ပြည့်ဝလာချိန်တွင် ခံစားရသော နွေးထွေးမှုနှင့် သက်သောင့်သက်သာရှိသော ခံစားချက်ကို ချက်ချင်းပင် သိရှိလိုက်ရပေသည်။

ဒဏ်ရာများသည်လည်း ဖြည်းညင်းစွာ ပျောက်ကင်းသွားလေသည်။

သို့သော်လည်း သူ၏လက်ဖျံဒဏ်ရာအတွက်မူ လုံလောက်မှု မရှိခဲ့ချေ။

အဆိုပါဒဏ်ရာသည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများဖြင့် ကုသရန် အလွန်နက်ရှိုင်းလွန်းနေသည်။

လင်းဖန်သည် ပြန်လည်ကုစားနိုင်စွမ်းစွမ်းရည်ကို အသက်သွင်းလိုက်ရာ အရိုးများနှင့် အသားများက ချက်ချင်းဆိုသလိုပင် ပြန်လည်ဖြစ်ပေါ်လာခဲ့လေသည်။

သို့သော်ငြား ထိုသို့လုပ်ဆောင်မှုက သူ၏ ချီနှင့် စွမ်းအင်အများအပြားကို ထပ်မံကုန်ဆုံးသွားစေပြန်သည်။

“ဟိုမင်၊ ဂိုဏ်းတူအစ်ကိုကြီး ဟွမ်ယွမ်ခွန်းကို သွားကူညီလိုက်ဦး။ ငါ သက်သာအောင် နားဖို့ လိုသေးတယ်”

ဟိုမင်က မည်သည့်မေးခွန်းမှ မမေးဘဲ ခေါင်းညိတ်ပြလိုက်ပြီး ဟွမ်ယွမ်ခွန်းကိုကူညီရန် သွားရောက်လေတော့သည်။

လင်းဖန်ရရှိထားသော ဒဏ်ရာများကို သူ မြင်သဖြင့် လင်းဖန်တစ်ယောက် မကြာမီအချိန်အတွင်း ထပ်မံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။

ယခုမူ ဟိုမင် ထွက်သွားပြီဖြစ်၍ လင်းဖန်က သူ၏ အလုပ်ကို စတင်လိုက်လေသည်။

ပထမဦးစွာ သူသည် ဓားကောက်နှင့် သူ၏သံတူများကို ဖားပြုတ်ရုပ်တုငယ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထိုဓားကောက်ကို အဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားပြီး နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။

သူ၏ သံတူများမှာ အဆင့်မြှင့်တင်ရန်လိုအပ်နေပြီး ထိုသို့ အဆင့်မြှင့်တင်ရန်အတွက် အရာဝတ္ထုအသစ်များ လိုအပ်နေပေသည်။

ထို့နောက်တွင်မူ ထန်ယွမ်၏ ပိုင်ဆိုင်မှုများကို မွှေနှောက်ရှာဖွေလိုက်လေသည်။

သူ့အတွက် စိတ်ပျက်စရာကောင်းသည်မှာ ထန်ယွမ်ထံ၌ ဆေးလုံးအချို့နှင့် စွမ်းဆောင်ရည်အမှတ် ငါးဆယ် ပါဝင်သော သစ်သားပြားတစ်ပြားသာ ရှိနေခြင်းပင်။

လင်းဖန်သည် ထိုအရာများထဲမှ အချို့ကို ယူဆောင်လိုက်ပြီး သူ၏ ချီနှင့် စွမ်းအင်များ ပြန်လည်ပြည့်ဝလာရန် စောင့်ဆိုင်းနေလိုက်သည်။

ဟွမ်ယွမ်ခွန်းမှာမူ လင်ဟုန်အပေါ် အသာစီးရနေသည်။

ဟိုမင်ပါ ပူးပေါင်းပါဝင်လာသည့်အတွက် နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာပင် ပြီးဆုံးသွားတော့မည် ဖြစ်သည်။

လင်းဖန်သည် လှည့်ကာ လုတိကို ကြည့်လိုက်သည်။

သူမမှာ တုပ်နှောင်ခံထားရဆဲဖြစ်ပြီး သတိမေ့မြောနေဆဲပင်။

“သေစမ်း”

လင်ဟုန်က အော်ဟစ်လိုက်ရင်း ဟွမ်ယွမ်ခွန်းထံသို့ ရေဘဝဲလက်တံများကို ပစ်လွှတ်လိုက်လေသည်။

ဟွမ်ယွမ်ခွန်းက သူ၏ယပ်တောင်ဖြင့် ကာကွယ်လိုက်ရာ ယပ်တောင်မှာ ရေဘဝဲလက်တံများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့ပေသည်။

သူ၏ ရေဘဝဲလက်တံများမှာ ဟွမ်ယွမ်ခွန်း၏ ယပ်တောင်ဖြင့် ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ လင်ဟုန်သည် သူ့ထံသို့ ပြေးဝင်သွားတော့သည်။

ဟွမ်ယွမ်ခွန်းသည် ချက်ချင်းဆိုသလိုပင် ဒူးကို မြှောက်လိုက်ပြီး လင်ဟုန်၏ ဝမ်းဗိုက်ကို တိုက်ချလိုက်သည်။

ဝှစ်...

ဘေးဘက်တွင်မူ ဟိုမင်သည် သူ၏ဓားကို ထိုးသွင်းလိုက်ရာ လေပွေတစ်ရပ်က လင်ဟုန်ထံသို့ ပစ်မှတ်ထား ဝင်ရောက်သွားလေသည်။

လင်ဟုန်သည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ လေပွေက သူ၏ပခုံးကို ထိုးဖောက်ဝင်ရောက်သွားချိန်တွင် အနီရောင်ဝတ်ရုံမှာ ဆုတ်ဖြဲခံလိုက်ရတော့သည်။

ဟွမ်ယွမ်ခွန်းက ထိုအခွင့်အရေးကို အမိအရယူကာ လင်ဟုန်ထံသို့ ပြေးဝင်သွားလိုက်သည်။

ဖုန်း...

သူသည် ယပ်တောင်ကို ပိတ်လိုက်ပြီး လင်ဟုန်၏ ဦးခေါင်းကို အောက်သို့ ရိုက်ချလိုက်လေသည်။

ထို့နောက် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ၎င်းမှာ ရှည်လျားသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဟွမ်ယွမ်ခွန်းက လင်ဟုန်၏ လည်ပင်းအတွင်းသို့ ထိုးသွင်းလိုက်တော့သည်။

လင်ဟုန်က ရေဘဝဲလက်တံများကို ပစ်လွှတ်ကာ ဓားကို ကာကွယ်ရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ချေ။

ဓားသည် လည်ပင်းကို ဖောက်ထွက်သွားခဲ့ပြီး နီရဲနေသော သွေးများက ဓားသွားတစ်လျှောက် စီးကျလာလေတော့သည်။

သို့သော်လည်း မိုးရေများက ၎င်းတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကာ ဓားလက်ကိုင်ဆီသို့ သွေးများစီးမဆင်းလာမီ ဆေးကြောပေးလိုက်လေသည်။

“အရက်ကုန်လျှင် ပွဲသိမ်းပြီ”

ဟွမ်ယွမ်ခွန်းသည် သူ၏ဓားကို ရုပ်သိမ်းလိုက်ပြီး တစ်ချက်ခါရမ်းလိုက်ကာ ယပ်တောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။

ထို့နောက် သူက တိုက်ပွဲအပြီး အပျက်အစီးများကို လှမ်းကြည့်လိုက်သည်။

ထန်ယွမ်မှာ သူ၏လူများနှင့်အတူ သေဆုံးသွားခဲ့ချေပြီ။

လုတိမှာလည်း သူတို့၏ လက်ထဲတွင် ဖမ်းဆီးခံထားရဆဲပင်။

ကြီးမားလှသော အောင်မြင်မှုကြီးပင်။

သူက လင်းဖန်အား လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်လေသည်။

‘သူက ချင်းယန်ဇီရဲ့ အဓိကတပည့်ဖြစ်သင့်တာ’

ချင်းယန်ဇီသည် ဤသို့သော ပါရမီရှင်ကို လက်လွတ်ခံလိုက်သည်မှာ သေချာလှပေသည်။

…

ချင်ဖုန်းဂိုဏ်း…

ဂိုဏ်းသို့ပြန်ရောက်ရန် ညဉ့်နက်ပိုင်းအထိ အချိန်ယူလိုက်ရလေသည်။

တောင်တက်လှေကားထစ်များအတိုင်း လျှောက်တက်လာချိန်တွင် နံနက်ခင်းသို့ ကူးပြောင်းနေပြီ ဖြစ်သည်။

လုတိအား ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ ဂိုဏ်းသားများအားလုံး အံ့သြသွားကြတော့သည်။

ဟွမ်ယွမ်ခွန်း၏ ပေါ့ပျက်ပျက်နိုင်လှသော အပြုအမူများကြောင့် ထန်ယွမ်ကဲ့သို့ လူမျိုးအား အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။

ဟွမ်ယွမ်ခွန်းက လူတိုင်းအား လက်ပြနှုတ်ဆက်လိုက်သည်။ သူပြန်ရောက်လာကြောင်း သတင်းကြားသည်နှင့် သူ၏နောက်လိုက် အမာခံပရိသတ်များမှာ မျက်ရည်များဝဲကာ သူရှိရာသို့ ပြေးလာကြလေသည်။

“ဂိုဏ်းတူအစ်ကိုကြီး၊ ဒဏ်ရာရသွားသေးလား”

“အိုး... ပိန်သွားလိုက်တာ”

“ဂိုဏ်းထဲမှာ အစ်ကိုကြီးမရှိတာ နှစ်တွေအကြာကြီး စောင့်နေရသလိုပဲ။ နောက်တစ်ခါ ထပ်ပြီး မထွက်သွားပါဘူးလို့ ကျမတို့ကို ကတိပေးပါ”

ထိုလူအုပ်ကြီးက သူ့အား ဝိုင်းအုံလာကြသော်လည်း ဟွမ်ယွမ်ခွန်းတွင် အရေးကြီးကိစ္စများဖြေရှင်းရန် ရှိနေသေးသဖြင့် သူတို့ကို လက်ကာပြကာ ရှောင်ထွက်လာခဲ့သည်။

“တာဝန်ပေးခန်းမဆီသွားပြီး ဆုလာဘ်တွေ သွားထုတ်လိုက်ကြ။ ငါ ဂိုဏ်းချုပ်ဆီသွားပြီး သတင်းပို့လိုက်ဦးမယ်”

ထို့နောက် သူသည် လုတိအား ပခုံးပေါ်ထမ်းတင်ကာ ဓားတောင်ထွတ်ဆီသို့ လျှောက်လှမ်းသွားလေသည်။

ထိုမြင်ကွင်းက ဂိုဏ်းသူလေးများအား အကြီးအကျယ် ဒေါသထွက်သွားစေတော့သည်။

“သူက ဘယ်လိုလုပ် ဂိုဏ်းတူအစ်ကိုကြီးရဲ့ လက်ထဲကို ရောက်သွားရတာလဲ”

“ဟုတ်တယ်၊ ကြိုးတုပ်ခံရတာကို ဣန္ဒြေရှင်လေးလို ဟန်ဆောင်နေသေးတယ်”

“ဂိုဏ်းတူအစ်ကိုကြီးက ကြိုးတုပ်မယ်ဆိုရင် ငါကတော့ မငြင်းဘူး”

“ကြိုးတုပ်ခံရုံတင်လား။ ငါကတော့... နှစ်ကိုယ်တူ ကျင့်ကြံဖို့ကိုပါ တွေးနေတာ”

ဟွမ်ယွမ်ခွန်းနှင့်အတူ ကစားနိုင်မည့် ကစားနည်းပေါင်းစုံကို တွေးတောမိရင်း သူတို့၏ မျက်နှာလေးများမှာ ရဲတက်လာကြတော့သည်။

ရှေ့မှ မြင်ကွင်းကိုကြည့်ကာ လင်းဖန်က ခေါင်းခါယမ်းလိုက်ပြီး ဟိုမင်အား ဆုလာဘ်များ သွားရောက်ထုတ်ယူရန် မေးငေါ့ပြလိုက်လေသည်။

…

ဓားတစ်သန်းခန်းမ…

မျက်နှာကြက်မှ တွဲလောင်းကျနေသော ဓားများကြောင့် ဟွမ်ယွမ်ခွန်းသည် ဤနေရာသို့ လာရသည်ကို ဘယ်သောအခါမှ သဘောမကျခဲ့ပေ။

မက်မွန်ပန်းပွင့်များအောက်ရှိ ကဗျာဆန်ဆန် ရှုခင်းများကိုသာ သူက ပို၍ သဘောကျလှသည်။

ချင်းယန်ဇီမှာ ခန်းမအတွင်းရှိ ကုလားထိုင်ပေါ်တွင်ထိုင်ကာ လက်ဖက်ရည်ကို အရသာခံ သောက်သုံးနေသည်။

ဟွမ်ယွမ်ခွန်းက အနီးသို့ကပ်သွားကာ ဖြစ်ပျက်ခဲ့သမျှကို ချင်းယန်ဇီအား အကျဉ်းရုံး တင်ပြလိုက်လေသည်။

ထန်ယွမ်မှ သူတို့အား မည်သို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကိုပါ ချန်လှပ်မထားခဲ့ပေ။

“ဟွန့်၊ ထန်ခွန်းက လက်မြှောက်အရှုံးပေးချင်ပုံ မရဘူး”

ချင်းယန်ဇီက သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို သပ်ရင်း ရေရွတ်လိုက်သည်။

သူက ထန်ခွန်းအပေါ် ဤထက်ပို၍ ဖိအားပေးရန် လိုအပ်နေပုံရသည်။

ယခုအခါတွင် ကျောက်ချင်းယင်နှင့် ဟွမ်ယွမ်ခွန်းတို့ ရောက်ရှိနေပြီဖြစ်ရာ တိုက်စစ်ဆင်ရမည့်အချိန် ကျရောက်လာလေပြီ။

ထို့အပြင် ကြာနက်ဂိုဏ်းဆိုသည်မှာလည်း ရှိသေးသည်။

အမှောင်တမန်တော်နှင့် အရေခွံရုပ်သေးတျောင်တို့က အမြဲတမ်း နှောင့်ယှက်နေကြသဖြင့် သူ၏စိတ်ရှည်သည်းခံနိုင်စွမ်းများ ကုန်ဆုံးစပြုလာချေပြီ။

ချင်းယန်ဇီက လုတိကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။

“သူ့ကို ကျောက်မင်ယဲ့ဆီ ခေါ်သွားလိုက်။ သူ့မှတ်ဉာဏ်တွေကို ဆွဲထုတ်ဖို့ ကျောက်မင်ယဲ့မှာ နည်းလမ်းရှိလိမ့်မယ်”

“ဟုတ်ကဲ့ပါ ဆရာ”

ဟွမ်ယွမ်ခွန်းက လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။

ထို့နောက် တပည့်များ ဝင်ရောက်လာကာ သူမအား ဆွဲခေါ်သွားကြတော့သည်။

ချင်းယန်ဇီ၏ အနာဂတ်အစီအစဉ်များမှာ လုတိထံမှ မည်သို့သော အချက်အလက်များ ရရှိနိုင်မည်ဆိုသည့်အပေါ် များစွာ မူတည်နေပေသည်။

All Chapters