← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - ရှေးဟောင်း နဂါးနန်းတော်(၁)

‘တကယ်လို့ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းက လူတွေရဲ့ ခံစားချက်တွေ၊ ဒါမှမဟုတ် သူတို့ရဲ့ အတွေးတွေကိုတောင် အာရုံခံသိရှိနိုင်မယ်ဆိုရင် အဲဒါက တကယ်ကို ကြောက်စရာကောင်းမှာပဲ'

ဝမ်ဟုန်အန် အနည်းငယ် အပြစ်ရှိသလို ခံစားနေရချိန်တွင် ကောင်းရွှမ်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

သူက ရှင်းပြလိုက်သည်။

“ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက လေထုထဲက စွမ်းအင်လှိုင်းလေးတွေကို အာရုံခံပြီး ပတ်ဝန်းကျင်ကို အကဲခတ်တာပါ။

ဒီစွမ်းရည်က အတားအဆီးတွေကို ထိုးဖောက်ပြီး အကဲခတ်လို့ရပေမယ့်၊ အရောင်တွေနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မျက်လုံးလောက် ရှင်းရှင်းလင်းလင်းမသိနိုင်ပါဘူး”

ဝမ်ဟုန်အန် အတွက် ဤရှင်းပြချက်က အလွန် ယုတ္တိတန်နေသည်။ စွမ်းရည်တစ်ခုက ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ အဆုံးမှာတော့ စွမ်းအင်ဖွဲ့စည်းပု၌ တစ်မျိုးသာ ဖြစ်သည်။

စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကို အသုံးပြုခြင်းသည် မျက်လုံးဖြင့် အကဲခတ်ခြင်းနှင့် မတူညီမည်မှာ သေချာသည်။

ဝမ်ဟုန်အန်က ကောင်းရွှမ်၏ကျောပြင် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်နေလိုက်သည်။

သူက ကောင်းရွှမ်ကို ခပ်ဖွဖွ လက်ယပ်ပြလိုက်သော်လည်း ကောင်းရွှမ်က မည်သည့် တုံ့ပြန်မှုမျှမရှိပေ။

ဝမ်ဟုန်အန်၏ မျက်လုံးများ တောက်ပသွားသည်။ သူက ကောင်းရွှမ်ကို လုံးဝ ယုံကြည်မည်တော့မဟုတ်ပေ။

သို့သော် အဆင့်နိမ့် စွမ်းရည်အသုံးပြုသူများ၏ စွမ်းအားမှာ ကန့်သတ်ချက်ရှိပြီး သဘာဝတရားကို ဆန့်ကျင်နိုင်သော နတ်ဘုရား စွမ်းရည်မျိုး ရှိမည်မဟုတ်ပေ။ သူ အရမ်းကြီး စိတ်ပူနေစရာ မလိုချေ။

ကောင်းရွှမ်၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်း အကူအညီဖြင့်ဆိုလျှင် ရှေးဟောင်းအပျက်အစီးကို မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်လောက်သည်။

ဝမ်ဟုန်အန် ဂူထဲသို့ ပြန်ရောက်သောအခါ ဂူအလယ်တွင် မီးခွက်ငယ်လေးတစ်ခု ချထားပြီး ၎င်း၏ အလင်းရောင်က ဖယောင်းတိုင်ပမာ မှိန်ပျော့နေသည်။

ကောင်းရွှမ်က ကျောက်ပြားပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်နေပြီဖြစ်သည်။ ယွမ်ချင်းရှန်က ကောင်းရွှမ်၏ဘေးတွင် လှဲလျောင်းနေသည်။

သူတို့နှစ်ဦးက အလွန် နီးကပ်စွာရှိနေပြီး သဘာဝကျသော ကိုယ်ဟန်အနေအထားတွင် ရှိနေသော်လည်း အခြားသောအတွေးမျိုး မဖြစ်ပေါ်လာပေ။

မင်ကျင်းတက္ကသိုလ် ကျောင်းသားများမှာမူ တစ်ယောက်လျှင် တဲတစ်လုံးစီ ရှိကြသော်လည်း တက်ကြွစွာ စကားပြောဆိုနေကြပြီး အနည်းငယ်ရင်ခုန်စရာကောင်းသော လေထုကို ဖန်တီးနေကြသည်။

ဝမ်ဟုန်အန် ဝင်လာသည်ကို မြင်သောအခါ အဖွဲ့၏ စကားပြောသံများ သိသိသာသာ တိတ်ဆိတ်သွားသည်။

ဝမ်ဟုန်အန်က ရွှီယင်၊ ဦးဆောင်ကျောင်းသားအချို့နှင့် စကားပြောကာ မနက်ဖြန်အစီအစဉ်ကို အကြမ်းဖျင်း ဆွေးနွေးပြီးနောက် အနားယူရန် သွားလိုက်သည်။

ဝမ်ဟုန်အန် အိပ်ပျော်သွားသည်နှင့်တစ်ပြိုင်နက် သုတေသနအဖွဲ့ဝင်များကလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ တစ်နေ့လုံး စွမ်းအင်များစွာ သုံးစွဲထားသဖြင့် လူငယ်တစ်စုမှာ လျင်မြန်စွာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။

သို့သော် ယွမ်ချင်းရှန်ကတော့ အိပ်မပျော်ပေ။ အပြင်လူများစွာ ရှိနေသည်ကို သူမ အလွန် အသားမကျဖြစ်နေသည်။

အတားအဆီးမရှိသော ပွင့်လင်းသည့် နေရာဖြစ်နေခြင်းက သူမကို ပို၍ပင် မလုံခြုံသလို ခံစားရစေသည်။

ယွမ်ချင်းရှန်က ဝမ်ဟုန်အန်ကို အတန်ကြာ စောင့်ကြည့်လိုက်ရာ သူ လုံးဝ ငြိမ်သက်နေကြောင်း တွေ့လိုက်ရသည်။ သို့သော် ဝမ်ဟုန်အန်၏တဲက အထူးပြုလုပ်ထားသည်ဖြစ်ရာ သူမအနေဖြင့် ထိုအထဲမှ မည်သည့်အသံကိုမျှ မကြားရပေ။

ရွှီယင်၏တဲကတော့ ပို၍ ပွင့်လင်းပြီး သာမန်တဲလေးတစ်ခုသာ ဖြစ်သည်။ ယွမ်ချင်းရှန်က ရွှီယင်နှင့် ဝေ့ကျန်းကျန်းတို့၏ စကားပြောသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဝေ့ကျန်းကျန်းက ကောင်းရွှမ်၏ မျက်လုံးပြဿနာကို အလွန် အာရုံစိုက်နေသည်။ ဤမျှ ပြီးပြည့်စုံသော အမျိုးသားတစ်ဦးတွင် မသန်စွမ်းမှု မရှိသင့်ပေ။

ရွှီယင်ကလည်း အလှအပ ရှုထောင့်မှသာ စဉ်းစားနေ၏။

‘ကောင်းရွှမ်က အီလက်ထရောနစ် မျက်လုံးတု တပ်ဆင်တာကို လက်ခံမှာမဟုတ်ဘူး’

အီလက်ထရောနစ် မျက်လုံးတုများတွင် စက်ယန္တရားဆန်သော ခံစားချက်များ များစွာပါဝင်ပြီး၊ အလုပ်လုပ်ချိန်တွင် လင်းလက်တတ်သော အပြာနှင့် အနီရောင်မီးရောင်များက ယုံနိုင်စရာမရှိလောက်အောင် ရုပ်ဆိုးလှသည်။

‘ဟုတ်တယ် စက်ရုပ်တစ်ရုပ်ပေါ်မှာတောင် ရုပ်ဆိုးနေမှာပဲ'

ကောင်းရွှမ်၏ ပြီးပြည့်စုံလုနီးပါး မျက်နှာနှင့် တွဲဖက်ထားသည်ဆိုလျှင် ပိုဆိုးပေမည်။ ၎င်းက ကောင်းရွှမ်၏ ပြိုင်ဘက်ကင်း အလှတရားကို လုံးဝ ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။

ဝေ့ကျန်းကျန်းကလည်း ယုတ္တိရှိသည်ဟု ထင်သည်။ သူမက အံကြိတ်ကာ ပြောလိုက်သည်။

“အစ်မယင်... မြို့တော်ကို ပြန်ရောက်ရင် ကောင်းရွှမ်အတွက် တကယ့် လူသားမျက်လုံးတစ်စုံ အစားထိုးနိုင်အောင် ကျွန်မ အဖိုးကို အကူအညီတောင်းကြည့်မယ်”

ခေတ်မီ ဆေးဘက်ဆိုင်ရာနည်းပညာဖြင့် လူ့ခန္ဓာကိုယ် အင်္ဂါများကို ပွားယူရန်မှာ မခက်ခဲပေ။ အခက်အခဲမှာ အဆင့်ဆင့် ခွင့်ပြုချက်များ ရယူရန် လိုအပ်ခြင်းနှင့် ကုန်ကျစရိတ် ကြီးမားလွန်းခြင်းပင်။

ဝေ့ကျန်းကျန်းကဲ့သို့သော တကယ့် လူချမ်းသာမိသားစုမှ သူတစ်ယောက်သာ ဤကဲ့သို့ ပြောရဲမည်ဖြစ်သည်။

ရွှီယင်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

စက္ကန့်ပိုင်းအတွင်း မှတ်မိလိုက်သည်။

ဝေ့ကျန်းကျန်းက ညည်းညူလိုက်၏။

“အစ်မက သူ့ကို မကူညီချင်လို့လား။ သူက အရမ်း သနားစရာကောင်းတာပဲ”

“ကောင်းရွှမ်က မင်းထင်သလောက် လွယ်ကူတဲ့သူ မဟုတ်ဘူး။ ငါတို့က ကြားဝင်စွက်ဖက်လို့မရဘူး”

ရွှီယင်က ရှင်းပြလိုက်သည်။

ကောင်းရွှမ်က အလွန်တက်ကြွရွှင်လန်းသော်လည်း သူ့ကို ချဉ်းကပ်ရန် မလွယ်ကူကြောင်း ရွှီယင် အမြဲတမ်း ခံစားနေရသည်။

သူက အခြားသူများ၏ အစီအစဉ်များကို လွယ်လွယ်ကူကူ လက်ခံမည်မဟုတ်ပေ။

ဝေ့ကျန်းကျန်းက ကိုယ့်ကိုယ်ကို မှန်ကန်သည်ဟု ယူဆကာ ပြောလိုက်သည်။

“ကျွန်မက သူ့အကျိုးအတွက် လုပ်ပေးတာလေ။ သူက ဘာလို့ငြင်းရမှာလဲ”

ရွှီယင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဝေ့ကျန်းကျန်းက တကယ်ကို အပြစ်ကင်းစင်လွန်းလှသည်။

ပြင်ပလူများအနေဖြင့် ဤကဲ့သို့သော ကိစ္စများတွင် ကောင်းရွှမ်အတွက် ဆုံးဖြတ်ချက်ချပေးရန် အခွင့်အရေးမရှိပေ။

ဝေ့ကျန်းကျန်းက ရွှီယင် ကို အချိန်အတော်ကြာ ဆက်ပြောနေပြီး နောက်ဆုံးတွင် အိပ်ငိုက်လာမှုကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

ရွှီယင် ကတော့ မအိပ်သေးပေ။ သူမနှင့် ဝမ်ဟုန်အန် တိုသည် မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ပေါ်စေရန် တစ်ယောက်လျှင် သုံးနာရီစီ ကင်းစောင့်ရန် သဘောတူထားကြသည်။

တစ်ညလုံး အေးချမ်းစွာ ကုန်လွန်သွားသည်။

နောက်တစ်နေ့ နံနက်တွင် လူငယ်ကျောင်းသားများ လူငယ်ကျောင်းသားမျာအားလုံး အားအင်အပြည့်ဖြင့် ပြန်လည်လန်းဆန်းနေကြသည်။

ယွမ်ချင်းရှန် နံနက်စာ ပြင်ဆင်နေသည်ကို သူတို့ တွေ့သောအခါ လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် ကူညီရန် ဝိုင်းရံလာကြသည်။

သူတို့က ဘာမှ မကျွမ်းကျင်သော်လည်း အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသည်။

ဂူ၏ အမြဲတမ်း အေးစက်နေသော အငွေ့အသက်မှာ လူငယ်များ၏ တက်ကြွမှုနှင့် အားအင်များကြောင့် အရည်ပျော်သွားလေပြီ။

အရသာ အနည်းငယ်ထူးဆန်းသော နံနက်စာကို စားပြီးနောက် ကောင်းရွှမ်က သစ်သားတုတ်တစ်ချောင်းကို ကိုင်ကာ ဝမ်ဟုန်အန်နှင့်အတူ ထွက်သွားသည်။ ဤတစ်ကြိမ်တွင် ဝမ်ဟုန်အန်က တောင်ပေါ် မြေမျက်နှာသွင်ပြင် ကျွမ်းကျင်သော လမ်းပြတစ်ဦးကိုသာ ခေါ်သွားသည်။

အခြားသူအားလုံး စခန်းတွင် နေရစ်ခဲ့ကြသည်။

ရွှီယင်ကလည်း အနားယူမနေဘဲ သုတေသနအဖွဲ့ကို ဦးဆောင်ကာ ထူးဆန်းသော အပင်များကို စုဆောင်းခြင်း၊ ကျောက်တုံးများနှင့် မြေဆီလွှာ နမူနာများ ကောက်ယူခြင်းတို့ကို ပြုလုပ်နေသည်။

ညမှောင်လာမှသာ ကောင်းရွှမ်၊ ဝမ်ဟုန်အန်နှင့် လမ်းပြတို့ ပြန်ရောက်လာကြသည်။

ညစာစားပြီးနောက် အလွန်ပင်ပန်းနေသော ကောင်းရွှမ်က အရင်အနားယူရန် ထွက်သွားသည်။

ထို့နောက် ဝမ်ဟုန်အန်က ရွှီယင် ကို လာရှာပြီး ပြောလိုက်သည်။

“ပါမောက္ခရွှီ... မနက်ဖြန် မနက်စောစော ငါတို့ မီးတောင်ဆီကို သွားကြမယ်။ အားလုံးပြင်ဆင်ထားကြပါ”

ဝမ်ဟုန်အန် အနည်းငယ် စိတ်လှုပ်ရှားလွန်းနေသည်ဟု ရွှီယင် ခံစားရပြီး၊ သူ့မျက်လုံးထဲရှိ ထူးဆန်းသော အရောင်အဝါက သူမကို အနည်းငယ် ကြောက်ရွံ့သွားစေသည်။

ဝမ်ဟုန်အန်၏ မျက်နှာအမူအရာက လေးနက်သွားသည်။

“ဒီခရီးစဉ်က အရမ်းအရေးကြီးတယ်။ မင်းတို့ကိုပဲ ငါ အားကိုးနေရတာပဲ”

……….

နေမင်းက ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေပြီး နဂါးဖြူတောင်တန်းဒေသရှိ အပူချိန်ကို အလွန်အမင်း မြင့်တက်သွားစေသည်။ လက်တွေ့ ခံစားရသော အပူချိန်မှာ သုံးဆယ် ဒီဂရီစင်တီဂရိတ်သို့ ချဉ်းကပ်နေပြီဖြစ်သည်။

အဓိကပြဿနာမှာ ဤဒေသက မကြာသေးမီကမှ တောမီးကြီးတစ်ခု လောင်ကျွမ်းထားသဖြင့် ကာဗွန်ပြာများက နေရာအနှံ့ ပြန့်ကျဲနေခြင်းပင်။

မလှမ်းမကမ်းရှိ မီးတောင်ကလည်း မီးခိုးရောင် မီးခိုးငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေဆဲဖြစ်သည်။ ပြင်းထန်လှသော ဆာလဖာနံ့က လူများကို အသက်ရှူရ ခက်ခဲစေသည်။

သုတေသနအဖွဲ့ဝင်အားလုံးသည် လုံခြုံရေးဦးထုပ်များနှင့် ထူထဲသော စစ်ထုတ်မျက်နှာဖုံးများကို ဝတ်ဆင်ထားကြရသဖြင့် အားလုံးမှာ အသက်ရှူကျပ်ပြီး သေလုနီးပါး ဖြစ်နေကြသည်။

ရွှီယင်၏ နဖူးပေါ်တွင်ပင် ချွေးစက်များ ပေါ်နေသည်။ ဝေ့ကျန်းကျန်းမှာမူ အလွန်ပင်ပန်းနေသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ကောင်းရွှမ်သာ လမ်းမပြပေးခဲ့လျှင် ဝေ့ကျန်းကျန်း အစောကြီးကတည်းက ညည်းညူနေမိမည်ဖြစ်သည်။ ယခုတော့ ရင့်ကျက်ပြီး နားလည်မှုရှိသူတစ်ဦးအဖြစ် ပေါ်လွင်စေရန် ဝေ့ကျန်းကျန်းမှာ အံကြိတ်ကာ သည်းခံနေရသည်။

အခြားကျောင်းသားများမှာလည်း ထိုအခြေအနေအတိုင်းပင်။ သူတို့သည် ခရီးစဉ်တစ်လျှောက်လုံးတွင် အခက်အခဲများစွာ မကြုံတွေ့ခဲ့ရဖူးပေ။

ဤမျှ ကြမ်းတမ်းသော ပတ်ဝန်းကျင်က လူတိုင်းကို အဆက်မပြတ် ညည်းညူစေသည်။

သို့သော် ဝမ်ဟုန်အန်က မျက်နှာထားတင်းတင်းဖြင့် ရှိနေသဖြင့် မည်သူကမျှ ကျယ်လောင်စွာ မညည်းညူရဲကြပေ။

ကောင်းရွှမ်နှင့် ယွန်ချင်းရှန်တို့သာ အေးအေးဆေးဆေး ရှိနေကြသည်။ နှစ်ဦးလုံးက ထူထဲသော ဝံပုလွေသားရေ အင်္ကျီများကို ဝတ်ဆင်ထားသော်လည်း သူတို့၏ မျက်နှာပေါ်တွင် ချွေးတစ်စက်မျှပင် မရှိသလို သူတို့၏ ခြေလှမ်းများကလည်း ပေါ့ပါးသွက်လက်နေသည်။

အခြားသူများက သိပ်ပြီး ဂရုမစိုက်ကြပေ။ သူတို့အားလုံးက ကောင်းရွှမ် နှင့် ယွန်ချင်းရှန် တို့မှာ ဒေသခံများဖြစ်ကြပြီး တောင်ပေါ်လမ်းများကို သွားလာခြင်းက သူတို့အတွက် မွေးရာပါကျွမ်းကျင်မှုတစ်ခုလို ဖြစ်နေမည်ဟု ထင်မှတ်ထားကြသည်။

“ပါမောက္ခဝမ်... ကျွန်မတို့ မီးတောင်နဲ့ အရမ်း နီးကပ်လွန်းနေပြီ...”

မီးတောင်နှင့် ပို၍ နီးကပ်လာသည်ကို မြင်သောအခါ ရွှီယင် အနည်းငယ် စိုးရိမ်လာသည်။ မီးတောင်သာ ပေါက်ကွဲလာခဲ့လျှင် သူတို့ ပြေးစရာမြေပင် ရှိမည်မဟုတ်ပေ။

“စိုးရိမ်စရာမလိုပါဘူး။ ငါတို့မှာ ကောင်းရွှမ်ရှိနေတာပဲ”

ဝမ်ဟုန်အန်သည် သူ၏အိတ်ကပ်ထဲရှိ နဂါးသွားပုံစံ သော့တံလေး ပို၍ ပူလာသည်ကို ခံစားနေရပြီဖြစ်သည်။ မီးတောင် တကယ်ပေါက်ကွဲလာလျှင်ပင် သူ ထွက်ခွာသွားမည်မဟုတ်ပေ။

သေချာသည်ကတော့ ယခုအချိန်တွင် သူသည် ခိုင်လုံသော အကြောင်းပြချက်တစ်ခု လိုအပ်နေသေးသည်။ ကောင်းရွှမ်သည် ပြီးပြည့်စုံသော အကြောင်းပြချက်တစ်ခုပင်။

ရွှီယင်က သံသယဖြစ်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။ ဝမ်ဟုန်အန် က အလွန်ထူးဆန်းစွာ ပြုမူနေသည်ဟု သူမ ခံစားရသည်။

All Chapters