← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း။ ၂၀၂

လူတိုင်းက ခေါင်းငြိမ့်ပြလိုက်ကြသည်။

သူတို့၏ အကြည့်အားလုံးသည် ယွင်လန်တောင်၏ တောင်ထိပ်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့ပြီးနောက် မီးတောက်များ တောက်လောင်နေသည့် ပထမဦးဆုံးသော လှေကားထစ်ပေါ်သို့ ပြိုင်တူ ခြေလှမ်းလှမ်းလိုက်ကြတော့သည်။

ချင်ရှန်းက ပထမဆုံး ခြေလှမ်းကို စတင်လှမ်းလိုက်၏။

သူသည် တစ်ရှိန်ထိုးဖြင့် လှေကားထစ်ပေါင်း တစ်ရာကျော်ကို တစ်မူထူးခြားစွာ တက်လှမ်းသွားခဲ့သော်လည်း ရုတ်ချည်းပင် သူ၏ လှုပ်ရှားမှုအားလုံး ဆတ်ခနဲ ရပ်တန့်သွားခဲ့ရသည်။ ထို့နောက်တွင်မူ မမျှော်လင့်ဘဲ သူ၏ မျက်နှာပြင်ထက်၌ ကြည်လင်တောက်ပသော မျက်ရည်စများ စီးကျလာခဲ့ပြီး မျက်ဝန်းအစုံမှ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရအောင်ပင် လျှံကျလာခဲ့တော့သည်။

ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူသည် အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့၏။

...

ဝမ်ပင်းကမူ ထိုနေရာတွင် ဆက်လက်၍ စောင့်ကြည့်မနေတော့ဘဲ လှည့်ထွက်ခဲ့ကာ ထပ်ဆင့်လွှာလှေကားထစ်များအတိုင်း တောင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

ဝမ်ပင်းအနေဖြင့် ဤထပ်ဆင့်လွှာစမ်းသပ်မှုကို ဖွင့်လှစ်ပေးခဲ့ခြင်းမှာ အမှန်တကယ်တော့ ဂိုဏ်းသားများအတွက် စစ်မှန်သော အကျိုးကျေးဇူးတစ်ခုအဖြစ် ဖန်တီးပေးလိုခြင်းပင်။

တစ်ချိန်တည်းမှာပင် သူသည် မသေမျိုးဂိုဏ်းတစ်ခုလုံးကို ထူးခြားဆန်းပြား သွေးကြောပိုင်ရှင်များဖြင့် ပြည့်နှက်သွားစေချင်သည်။

စနစ်၏ ပြောကြားချက်အရဆိုလျှင် မသေမျိုးဂိုဏ်းသည် ထူးခြားဆန်းပြား နက်နဲသောအဆင့်ရှိသည့် တပည့်အုပ်စုတစ်စုကို ပိုင်ဆိုင်ထားသည့် စူပါဂိုဏ်းတော်ကြီးတစ်ခု ဖြစ်လာရမည် ဖြစ်သည်။

ထိုသို့သော တပည့်မျိုးများကို ပြင်ပသို့ ခေါ်ဆောင်သွားသည့်အခါမှသာ မသေမျိုးဂိုဏ်းအတွက် မျက်နှာပန်းလှပြီး ဂုဏ်ဒြပ်ကို မြှင့်တင်ပေးနိုင်မည်ပင်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ထပ်ဆင့်လွှာလှေကားထစ်၏ စမ်းသပ်မှုကြီးမှာ အသုံးမချဘဲ ပစ်ထားသကဲ့သို့ ဖြစ်နေပြီး တောင်ပေါ်၌ သစ်ပင်စိုက်ပျိုးမည့် စီမံကိန်းမှာလည်း ရန်ပုံငွေ လိုအပ်နေသောကြောင့်ပင်။

တောင်ပေါ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဝမ်ပင်းသည် ကျန်ရှိနေသော သစ်စေ့များကို ချီမူထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး နောက်ထပ် သစ်စေ့အချို့ကိုလည်း ထပ်မံဝယ်ယူလိုက်သည်။

သူ၏ အိတ်ကပ်ထဲမှ ရွှေဒင်္ဂါးအားလုံးနီးပါး ကုန်ဆုံးသွားသည့် ခဏ၌ပင် စနစ်၏ အသံက မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့တော့၏။

"တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ"

နားဝင်ချိုလှသော ထိုစကားလုံးလေးလုံးပင်။

[ခရီးစဉ်ရဲ့ ဒုတိယမြောက် မှတ်တိုင် - အစွန်းရောက် နယ်စပ်လွင်ပြင်ကြီး]

လောကကြီးက ကျယ်ပြောလှပြီး ပါရမီရှင်တွေ အများကြီး ရှိနေပေမဲ့... အဲဒီပါရမီရှင်တွေက သခင့်ရဲ့ တံခါးဝဆီကို အလိုအလျောက် ရောက်လာကြမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သခင်အနေနဲ့ ပြင်ပလောကထဲကို ထွက်ပြီး ကျယ်ပြောလှတဲ့ ကောင်းကင်ပြင်ကြီးအောက်မှာ အတွေ့အကြုံ သွားရှာသင့်ပါတယ်။

အဖော်ခေါ်ဆောင်ခွင့် - ဒီခရီးစဉ်အတွက် ဂိုဏ်းဝင်နှစ်ဦးကို ခေါ်သွားနိုင်ပါတယ်။

ကြာမြင့်ချိန် - ခရီးစဉ်သက်တမ်းမှာ ရက်ပေါင်း ၂၀ ကြာမြင့်မှာပါ]

[မစ်ရှင်ရည်မှန်းချက် - ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်တစ်ဦးကို မသေမျိုးဂိုဏ်းအတွင်းသို့ စည်းရုံးသွင်းစုရန်။]

[ဆုလာဘ်- မည်သည့် ဆောက်လုပ်ရေးဧရိယာကိုမဆို ပိတ်ဆို့မှုအသစ် ဖွင့်လှစ်ခွင့်နှင့် ငရဲမီးတောက်၏ အဆင့် ဆင့်တက်ပြောင်းလဲခြင်း အခွင့်အရေးတစ်ခု။]

"လာပြီဟေ့..."

မစ်ရှင်အသစ်တစ်ခု ပေါ်ပေါက်လာတိုင်း ဝမ်ပင်းသည် အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်ရစမြဲ ဖြစ်သည်။

ဆုလာဘ်ကို လှမ်းကြည့်ပြီးနောက် ဝမ်ပင်းက ချက်ချင်းပင် မေးလိုက်၏။

"စနစ်... ငရဲမီးတောက်အတွက် အဆင့် ဆင့်တက်ပြောင်းလဲခြင်း အခွင့်အရေးဆိုတာ ဘာကို ပြောတာလဲ"

စနစ်က ပြန်ရှင်းပြသည်။

"လက်ရှိအခြေအနေမှာ သခင် ထုတ်လွှတ်နိုင်တဲ့ မီးတောက်တွေက အရှင်းလင်းဆုံး အခြေခံအကျဆုံး ငရဲမီးတောက်ဖြစ်ပြီး အပူရှိန် အရမ်းမပြင်းထန်သေးပါဘူး။ အပူချိန် လုံးဝမရှိဘူးလို့တောင် ပြောလို့ရပြီး ဝိညာဉ်ကို လောင်ကျွမ်းစေတဲ့ အာနိသင်ပဲ ရှိပါသေးတယ်"

အပူရှိန် သိပ်မပြင်းဘူး ဟုတ်လား...

အပူချိန် လုံးဝမရှိဘူးပေါ့...

သူက စိတ်ထဲကနေ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိတယ်။

အခု ငရဲမီးတောက်ကတောင် စင်ကြယ်တဲ့ခန္ဓာပိုင်ရှင်တစ်ယောက်ကို ခဏလေးအတွင်း ပြာဖြစ်သွားစေနိုင်တာလေ။ ဒီအခြေအနေကိုမှ အပူချိန်မရှိဘူးလို့ ပြောနေရင်တော့... ငါလည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး….

သို့သော်လည်း ကမ္ဘာကြီးကို ကြည့်မြင်သည့် ရှုထောင့်ချင်း မတူညီမှုကို ထည့်သွင်းစဉ်းစားပြီးနောက် ဝမ်ပင်းသည် ငရဲမီးတောက်၏ သာလွန်မြင့်မားသော အပူချိန် သဘောတရားကို လက်ခံလိုက်ရတော့သည်။

စနစ်က ဆက်ရှင်းပြသည်။

"ငရဲဘုံမှာတော့ မီးတောက်တွေကို အနိမ့်ကနေ အမြင့်အထိ အဆင့်ဆင့် ခွဲခြားထားပါတယ်။ ပိုမိုမြင့်မားတဲ့ အဆင့်ရှိတဲ့ ငရဲမီးတောက်တွေက အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်စွမ်းရှိပြီး ပိုမိုထူးခြားဆန်းပြားတဲ့ အာနိသင်တွေကို ပိုင်ဆိုင်ထားပါတယ်"

"နားလည်ပြီ"

ခြုံပြီးပြောရရင်တော့... ဒီမစ်ရှင်အတွက် ပေးမယ့် ဆုလာဘ်က တကယ့်ကို ရက်ရက်ရောရောပဲ။

အခု လက်ရှိ ငရဲမီးတောက် ဝိညာဉ်ခန္ဓာကိုယ်နဲ့တင် အရာအားလုံးကို ပြာချပစ်နိုင်နေပြီပဲဥစ္စာ...

ဒါထက် ပိုမြင့်တဲ့အဆင့်ရှိတဲ့ မီးတောက်တွေဆိုရင်တော့ သေချာပေါက် ပိုပြီး အစွမ်းထက်မှာ အမှန်ပဲ...

ထို့နောက် ချက်ချင်းပင် ဝမ်ပင်းသည် မစ်ရှင်၏ ရည်မှန်းချက်ဆီသို့ အကြည့်ကို ပို့လွှတ်လိုက်ရာ အကြည့်တစ်ချက်ဖြင့်ပင် စကားလုံးများစွာ သက်ရောက်သွားခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ မစ်ရှင်၏ ခက်ခဲမှုကို သူ ကောင်းစွာ ခံစားလိုက်ရ၏။

အထူးသဖြင့် ခရီးစဉ်သက်တမ်းမှာ ယခင်ကထက် နှစ်ဆတိုးသွားခြင်းပင်။

ဤခံစားချက်အားလုံးမှာ ခရီးသွားနေစဉ်အတွင်း ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်တစ်ဦးကို တစ်ပြိုင်နက်တည်း စည်းရုံးခေါ်ဆောင်ရမည်ဟူသော အချက်ကြောင့်ပင်။

ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင် ဆိုသည်မှာ တကယ့်ကို ကြီးကျယ်ခမ်းနားလှသော နာမည်တစ်ခုပင်။ အတိုချုပ်ပြောရလျှင် ၎င်းမှာ ဝဲကတော့မြေပုံများကို ဖန်တီးထုဆစ်ပေးနိုင်သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။

သို့သော် ဝဲကတော့မြေပုံများကို ဖန်တီးရခြင်းမှာ အလွန်တရာ ခက်ခဲနက်နဲလွန်းလှသဖြင့် လူတိုင်းက သူတို့ကို နတ်ဘုရားလက်မှုပညာရှင်ဟု တင်စားခေါ်ဝေါ်ကြခြင်းပင်။

ပန်းပဲဆရာများက လက်နက်များကို သွန်းလုပ်ကြပြီး နတ်ဘုရားလက်မှုပညာရှင်များကမူ ဝဲကတော့မြေပုံများကို ထုဆစ်ပုံဖော်ကြသည်။

သူသည် ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်တစ်ဦးနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံဖူးသေးသော်လည်း သူတို့၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းမှာ ကြယ်သုံးပွင့်အဆင့်ရှိသော အင်အားစုကြီးများကပင် အလုအယက် ရှာဖွေပင့်ဖိတ်ရလောက်အောင် မြင့်မားကြောင်း ကောင်းစွာ သိရှိထားသည်။

ယခုအချိန်အထိ မည်သည့် ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်မျှ ကြယ်နှစ်ပွင့်အဆင့်ရှိသော အင်အားစုငယ်များထံသို့ ဝင်ရောက်ပူးပေါင်းသည်ကို သူ မကြားဖူးသေးချေ။

အနိမ့်ဆုံးအဆင့်ဖြစ်သော ကြယ်တစ်ပွင့်အဆင့်ရှိ ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်များပင်လျှင် ထိုနည်းတူစွာပင် ဂုဏ်ကြီးသည်။

သို့သော်လည်း ဝမ်ပင်းအနေဖြင့် စိုးရိမ်ထိတ်လန့်မနေပါချေ။

"စနစ်... အကယ်၍ မစ်ရှင် ကျရှုံးသွားခဲ့ရင် ပေးမယ့် ပြစ်ဒဏ်က အရင်အတိုင်းပဲ ထူးခြားတဲ့ အဆောက်အအုံတစ်ခုရဲ့ အဆင့်တစ်ဆင့်ကို ပြန်လည်ရုပ်သိမ်းမှာပဲလား"

စနစ်က ပြန်လည်၍ "ဟုတ်ပါတယ်" ဟု အတည်ပြုပေးခဲ့၏။

ထိုအခါမှ စိတ်အေးသွားရသော ဝမ်ပင်းသည် မသေမျိုးဂိုဏ်းအတွင်းသို့ ပြန်လာခဲ့ပြီး ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့ကာ ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ လူတိုင်းကို တစ်နေရာတည်းတွင် စုဝေးစေလိုက်သည်။

သို့သော်လည်း ထပ်ဆင့်လွှာလှေကားထစ်များ၏ စမ်းသပ်မှုအတွင်းမှ ပြန်လည်ထွက်ခွာလာကြသော ချင်ရှန်းနှင့် အခြားသူများ၏ မျက်နှာပြင်ထက်တွင် ထူးဆန်းသော အမူအရာများ ရှိနေကြပြီး စိတ်ဓာတ်ကျဆင်းနေသည့်အလား ပုံပေါက်နေခဲ့သည်။

မည်သူကမျှ စကားမဆိုကြဘဲ လူတိုင်းက တိတ်ဆိတ်စွာ ထိုင်နေကြရင်း လေဟာနယ်တစ်ခုခုကိုသာ ငေးမောကြည့်ရှုနေကြတော့သတည်း။

ရန်လီလီသည် ဘေးနားရှိ ကျောက်ချင်းကို မနှိပ်မနေနိုင်ဘဲ တိုးတိုးလှမ်းမေးလိုက်၏။ "ကျောက်ချင်း... အကြီးအကဲယွင်တို့တစ်သိုက် ဘာဖြစ်နေကြတာလဲမသိဘူး"

"ငါလည်း မသိဘူး။ ဒီကိုရောက်ကတည်းက မျက်နှာသေတွေနဲ့... အကြီးအကဲယွင် ဒီလိုပုံစံဖြစ်နေတာ ငါ ပထမဆုံးမြင်ဖူးတာပဲ။ ပြီးတော့ မမမြောင်ယင်းကို ကြည့်ဦး... အကြီးအကဲယွင်ကို အမြဲတမ်း စူးစိုက်ကြည့်နေတတ်တဲ့ မမမြောင်ယင်းက အခုမှပဲ လုံးဝ ဂရုမစိုက်တဲ့ မျက်နှာပေးမျိုး ဖြစ်နေတာလည်း ပထမဆုံးပဲ"

ကျောက်ချင်းက ပြန်ဖြေလိုက်သည်။

ရန်လီလီသည် ယွင်လျောင်နှင့် ယခုအချိန်တွင် အေးစက်တိတ်ဆိတ်နေသော မြောင်ယင်းတို့ကို လှမ်းကြည့်ရင်း ခပ်ဖွဖွ ရယ်မောလိုက်ကာ "မမမြောင်ယင်းက အကြီးအကဲယွင်ကို အမြဲတမ်း အချစ်မျက်လုံးတွေနဲ့ ကြည့်နေတတ်တာကို မင်းက ဘယ်လိုလုပ် သိတာလဲ" ဟု မေးလိုက်၏။

ကျောက်ချင်းက ရန်လီလီကို မျက်စောင်းတစ်ချက် မထိုးဘဲ မနေနိုင်တော့ချေ။

"လူတိုင်းက မင်းလိုပဲ အူကြောင်ကြောင် နိုင်နေကြတယ်လို့ ထင်လို့လား"

"ငါ... ငါက ဘာလုပ်လို့လဲ"

ရန်လီလီက မချိပြုံးလေးဖြင့် ပြန်ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။

ထိုခဏတွင် ဝမ်ပင်းက ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။ ရန်လီလီတို့၏ စကားဝိုင်းကို ကြားဖြတ်ကြားလိုက်ရသဖြင့် သူက ဝင်ရောက်ရှင်းပြပေးလိုက်၏။

"ထပ်ဆင့်လွှာစမ်းသပ်မှုအတွင်းမှာ သူတို့တွေက တခြားလူတွေ တစ်သက်လုံး ခံစားရမယ့် လောကဓံ တဏှာဆန္ဒ ခံစားချက်တွေကို တစ်ပြိုင်နက်တည်း ကြုံတွေ့ခဲ့ရလို့ပဲ။ အဲဒီတိုတောင်းတဲ့ နှစ်နာရီအချိန်အတွင်းမှာ သူတို့တွေက မုန့်ပြားတချပ်လိုပဲ အကြိမ်ကြိမ် အလှန်ခံရပြီး မီးကင်ခံခဲ့ရတာနဲ့ အတူတူပဲ။ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိဘူးဆိုရင်တော့ သဘာဝအတိုင်း အခုလို ပုံစံမျိုး ဖြစ်သွားကြတာပေါ့"

ပြောပြီးနောက် ဝမ်ပင်းက လူတိုင်းကို နောက်ထပ် အကဲခတ်ကြည့်ရှုလိုက်သေးသည်။

နှိုင်းယှဉ်ကြည့်ရလျှင် ယွီမိုက ပို၍ အခြေအနေကောင်းပုံရ၏။ သူက တစ်ယောက်တည်း ကျင်လည်ခဲ့သူဖြစ်ပြီး အရာရာကို မြင်ဖူး၊ ကြားဖူး၊ ကြုံဖူးလွန်းသဖြင့် အတည်ငြိမ်ဆုံး ဖြစ်နေခဲ့သည်။

သို့သော် အခြားသူများမှာမူ ထိုစိတ်ကူးယဉ် ကမ္ဘာကြီး၏ သန့်စင်ခြင်းကို ခံယူလိုက်ရသဖြင့် ယခုအချိန်တွင် အားလုံး ဗြာများပြီး ကြောင်အမ်းအမ်း ဖြစ်နေကြရခြင်းပင်။

ရန်လီလီက ဝေခွဲမရသော လေသံဖြင့် မေးလိုက်၏။

"ဒါဆို... အကြီးအကဲချင်တို့က မသန်မာကြလို့လားဟင်"

ယွီမိုက စကားဝိုင်းကို ဝင်ရောက်ကာ ဆက်လက်ရှင်းပြပေးခဲ့သည်။

"လီလီ... တစ်ခါတရံမှာ ခန္ဓာကိုယ် သန်မာတာက စိတ်နှလုံးသန်မာတာကို မဆိုလိုဘူးကွ။ ဒါပေမဲ့ တကယ့် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ဆိုရင် ခိုင်မာတောင့်တင်းတဲ့ စိတ်နှလုံးရှိဖို့က မရှိမဖြစ် လိုအပ်တယ်။ ဒီစမ်းသပ်မှုရဲ့ ရလဒ်က ကောင်းပါတယ်။ ဒီလုပ်ငန်းစဉ်က ငါတို့ကို သင်ခန်းစာတစ်ခု ပေးလိုက်တာပဲ။ စိတ်နှလုံးသာ မခိုင်မာရင် မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ တကယ့်တိုက်ပွဲမှာ စွမ်းဆောင်ရည်က တစ်ဝက်မက လျော့ကျသွားလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တိုက်ပွဲတစ်ခုလုံးကို အကြီးအကျယ် လွှမ်းမိုးနိုင်တယ်ကွ"

ရန်လီလီက နားလည်သလိုလိုဖြင့် ခေါင်းငြိမ့်ပြလိုက်မိ၏။

ထိုသို့ပြောပြီးနောက် ယွီမိုသည် ဝမ်ပင်းထံသို့ အကြည့်ကို ပို့လွှတ်လိုက်သည်။ ဝမ်ပင်းသည် မည်သည့်အရာနှင့်ပင် ကြုံတွေ့ရစေကာမူ အဘယ်ကြောင့် အမြဲတမ်း တည်ငြိမ်အေးဆေးနေနိုင်ပြီး တစ်ကြိမ်တစ်ခါမျှ ထိတ်လန့်တကြား မဖြစ်ဖူးသည်ကို သူ ယခုမှပင် အပြည့်အဝ သဘောပေါက်သွားခဲ့ရတော့သည်။

"ကဲ... အားလုံး ဒီကို အာရုံစိုက်ကြစမ်း"

ဝမ်ပင်းသည် ယွီမို၏ လေကြီးကွက်ကျယ် စကားများကို ဆက်လက်၍ နားမထောင်ချင်တော့သဖြင့် အားလုံးကို ကျယ်လောင်စွာ လှမ်း၍ ခေါ်လိုက်သည်။

"ညစာမစားခင် ငါ ကြေညာစရာတစ်ခု ရှိတယ်။ ဒီညမှာ ငါ ဆန်ဝူမြို့ကနေ ရက်ပေါင်း ၂၀ ခန့် ထွက်ခွာသွားမယ်။ အရင်အတိုင်းပဲ... ငါနဲ့အတူ လိုက်ပါဖို့ လူနှစ်ယောက် ခေါ်သွားမယ်။ လီလီ... တုတ်ချောင်းကို လှည့်လိုက်တော့"

ရန်လီလီက တုတ်ချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ရင်း မေးလိုက်၏။ "ဂိုဏ်းချုပ်... ဒီတစ်ခါကော ဘယ်ကို သွားမှာလဲဟင်"

"အစွန်းရောက် နယ်စပ်လွင်ပြင်ကြီး"

"ဂိုဏ်းချုပ်... အဲဒါဆို မလှည့်တော့ဘူးဗျာ။ ကျွန်တော်ပဲ လိုက်ဖို့ စာရင်းပေးမယ်။ ဂျူနီယာညီလေးတွေ၊ ညီမလေးတွေအားလုံးက ကျင့်ကြံဖို့ လိုအပ်နေတာဆိုတော့ သူတို့အတွက်လည်း အချိန်မပုပ်တော့ဘူးပေါ့"

ရန်လီလီသည် သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော နေရာတစ်ခုဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် စိတ်အားထက်သန်စွာ တောင်းဆိုလိုက်တော့သည်။

"မရပါဘူး"

ကျောက်ချင်းက တုတ်ချောင်းကို လုယူလိုက်၏။

ရှုး...

လက်တစ်ချက် လှည့်လိုက်ရုံဖြင့် တုတ်ချောင်းသည် စားပွဲပေါ်၌ တဝီဝီ လည်ပတ်သွားခဲ့တော့သည်။

ပထမဦးဆုံး ညွှန်ပြလိုက်သော အရပ်မျက်နှာမှာ ချင်မို။

ဒုတိယမြောက် ညွှန်ပြလိုက်သော အရပ်မျက်နှာမှာ ယွီမို။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်မိုသည် ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်ရယ်မောလိုက်တော့၏။

"ဟားဟား... ငါပဲဟေ့... ငါပဲ"

သူ့မျက်နှာထက်မှ ပျောက်ဆုံးနေသော အပြုံးများမှာ ရုတ်ချည်းပင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝမ်ပင်းက ဆက်လက်၍ "ညစာစားပြီးတာနဲ့ မင်းတို့ရဲ့ ပစ္စည်းတွေကို အဝတ်အထုပ်ပြင်ထားကြငါတို့ သန်းခေါင်ယံအချိန်မှာ စတင်ထွက်ခွာကြမယ်" ဟု အမိန့်ပေးလိုက်သည်။

All Chapters