← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း။ ၂၀၃

"ဟေး... ဟေ့..."

ချင်မိုသည် တဟားဟား ရယ်မောရင်း မတ်တတ်ရပ်လိုက်ပြီး ဘေးနားရှိ ဂိုဏ်းတူညီအစ်ကို မောင်နှမများကို မျက်မှောင်ကုတ်လျက် ဝါကြွားသော အမူအရာကို စိုးစဉ်းမျှ ဖုံးကွယ်မထားဘဲ စိုက်ကြည့်လိုက်တော့သည်။

ထိုသို့ဖြစ်လင့်ကစား လူတိုင်း၏ မျက်ဝန်းထဲတွင်မူ အားကျကာ မနာလိုဖြစ်နေသော အကြည့်များဖြင့် ပြည့်နှက်နေခဲ့ရ၏။ သဘာဝအတိုင်းပင် ဤနေရာတွင် အားအကျဆုံးသူကို ပြပါဆိုလျှင် ထိုသူမှာ ရန်လီလီပင်။

ရန်လီလီသည် လွန်ခဲ့သောတစ်ခေါက် ဟွမ်းလီမြို့မှ ပြန်လာကတည်းက သူ၏ရှေ့တွင် ဟွမ်းလီမြို့အကြောင်းကို ပါးစပ်ကမချတမ်း တတွတ်တွတ် ပြောဆိုကာ ကြွားဝါနေခဲ့ခြင်းပင်။

သူသည် ပျံလွှားငါးကျွန်း၏ ကျွန်းသခင်ဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုမက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ရသဖြင့် ပျံလွှားငါးကျွန်းပြင်ပသို့ ခရီးထွက်ရခဲသည်။

ဟွမ်းလီမြို့ကဲ့သို့သော နေရာကြီးတွင် သူ၏အမည်ကို ကျော်ကြားအောင် လုပ်ဖို့ဆိုသည်မှာမူ သူ စိတ်ကူးပင် မယဉ်ရဲသော အရာတစ်ခု ဖြစ်ခဲ့သည်။

...

နာရီဝက်ခန့် ကြာပြီးနောက်...

လူတိုင်းသည် ချူရောင်တောင်ပေါ်တွင် စုံစုံလင်လင် စုဝေးမိကြပြီဖြစ်ရာ ယွီမိုနှင့် ချင်မိုတို့သည်လည်း ခရီးထွက်ရန် အဆင်သင့် ပြင်ဆင်ပြီးဖြစ်သည်။

သို့သော်လည်း သူတို့နှစ်ဦး၏ ပြင်ဆင်မှုပုံစံမှာ လုံးဝ ကွဲပြားခြားနားနေခဲ့သည်။ ချင်မိုသည် သူ၏ မသေမျိုး စင်ကြယ်သောလေညင်းဝတ်စုံအပေါ်မှနေ၍ အလွန်တရာ ဆန်းပြားခမ်းနားလှသော ဝတ်ရုံကြီးတစ်ထည်ကို ထပ်မံခြုံလွှမ်းထားခဲ့သည်။

ယွီမိုမှာမူ သာမန်ရိုးရှင်းလှသော အဝတ်ကြမ်းများကိုသာ ဝတ်ဆင်ထား၏။

သူသည် တစ်ကိုယ်တည်း လှည့်လည်ကျက်စားခဲ့သည့် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည့်အတိုင်း အစွန်းရောက် နယ်စပ်လွင်ပြင်ကြီးကဲ့သို့သော ကြမ်းတမ်းသည့်နေရာမျိုးတွင် ကောင်းမွန်သောအဝတ်အစားများမှာ ခဏချင်းအတွင်း ပျက်စီးသွားလိမ့်မည်ဟူသောအချက်ကို ကောင်းစွာ သိရှိနားလည်ထားပုံပင်။

ဝမ်ပင်းသည် ဝိညာဉ်ပျံသန်းရေးသင်္ဘောကြီး၏ ဦးပိုင်းတွင် မတ်တတ်ရပ်လိုက်ရင်း "အကြီးအကဲချင်... အရင်အတိုင်းပဲ ငါတို့ မရှိတဲ့အချိန်မှာ မသေမျိုးဂိုဏ်းကို အကြီးအကဲဆီပဲ အပ်နှံခဲ့ပါတယ်" ဟု မှာလိုက်သည်။

ချင်ရှန်းက လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်၏။

ထို့နောက် ဝမ်ပင်းက ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။

"ထွက်ခွာမယ်..."

ဝိညာဉ်ပျံသန်းရေးသင်္ဘောကြီး စတင်အသက်ဝင်လာ၏။

သင်္ဘောကြီးသည် ကောင်းကင်ယံသို့ ဒေါင်လိုက် အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့ပြီးနောက် တစ်စောင်းအနေအထားဖြင့် တိမ်တိုက်များအထက်သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်တိုက်များ၏ အလွန်သို့ ရောက်ရှိကာ ပျောက်ကွယ်သွားခဲ့တော့သည်။

လင်းခယ်ဝူသည် ဤမြင်ကွင်းကို ကြည့်ရင်း မှင်သက်အံ့ဩသွားရပြီး ပါးစပ်ကြီး အဟောင်းသားဖြင့် ပိတ်ရန်ပင် မေ့လျော့နေခဲ့ရ၏။

သူက ပျံသန်းသွားသော သင်္ဘောကြီးကို လက်ညှိုးထိုးပြရင်း ဘေးနားရှိလူများကို တုန်လှုပ်ချောက်ချားစွာ မေးမြန်းလိုက်တော့သည်။

"စီနီယာအစ်ကို... ဒါ... ဒါက တကယ်ပဲ ဘာကြီးလဲဗျာ"

လူသားမျိုးနွယ်တစ်ဦးက တောင်ပံပါသော သားရဲကြီးများကဲ့သို့ ကောင်းကင်ထက်တွင် ပျံသန်းနိုင်သည်ကို သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သလို သင်္ဘောတစ်စီးက ကောင်းကင်တွင် ပျံသန်းနိုင်သည်ဟူသောအချက်ကိုလည်း ယခုမှပင် ကြားဖူးခြင်းပင်။

သင်္ဘောဆိုသည်မှာ ရေထဲတွင်သာ ခရီးနှင်ရသည့်အရာပင်။

ဤ ဝိညာဉ်ပျံသန်းရေးသင်္ဘော၏ ပျံသန်းနှုန်းကို ကြည့်ရသလောက်ဆိုလျှင် အလယ်အလတ် နက်နဲသောအဆင့်ရှိသည့် တောင်ပံပါ သားရဲကြီးများ၏ အရှိန်ထက်ပင် လျော့နည်းလိမ့်မည် မဟုတ်ချေ။

သူ၏ ရွှေလင်းတကြီးသည် အောက်တန်း နက်နဲသောအဆင့်တွင်သာ ရှိသော်လည်း တောင်ပံပါ သားရဲကြီးများထဲတွင်မူ အမြန်ဆုံးအမျိုးအစားဖြစ်ပြီး အလယ်အလတ် နက်နဲသောအဆင့်ရှိ သားရဲအများစု၏ အရှိန်ကို မှီသည်။

သို့သော် ထိုရွှေလင်းတကြီးကို စီးနင်းရသည့် ခံစားချက်နှင့် ယခုမျက်ရှေ့မှ ဝိညာဉ်ပျံသန်းရေးသင်္ဘော၏ အရှိန်အဟုန်ကို နှိုင်းယှဉ်ကြည့်လိုက်ပါက ရွှေလင်းတကြီးမှာ ဤသင်္ဘောလောက် မမြန်ဆန်နိုင်ကြောင်း သူ အတတ်သိလိုက်မိ၏။

ထိုခဏတွင် ရန်လီလီက အနားသို့ လျှောက်လှမ်းလာပြီး လင်းခယ်ဝူ၏ ပုခုံးကို ပုတ်ကာ ရယ်မောလျက် ပြောလိုက်သည်။

"ဂျူနီယာညီလေး... မင်း မသိသေးတဲ့ အရာတွေက အများကြီး ရှိပါသေးတယ်ကွ။ ဥပမာအားဖြင့် ငါတို့ အိပ်ဆောင်ဧရိယာရဲ့ အောက်ခြေမှာ ရှိနေတဲ့ အရာမျိုးပေါ့..."

သူသည် စကားကို လမ်းဝက်တွင်တင် ရပ်တန့်လိုက်ပြီး ဉာဏ်ဆင်သောအပြုံးဖြင့် လှည့်ထွက်သွားခဲ့သည်။

သူက တမင်သက်သက် စကားကို ဆုံးအောင် မပြောခြင်းပင်။

သူသည် စကားလုံးများကို ချန်လှပ်ထားခဲ့ပြီး လင်းခယ်ဝူကို စူးစမ်းလိုစိတ်ဖြင့် ရင်တလှပ်လှပ် ဖြစ်အောင် လုပ်ဆောင်လိုက်ခြင်းပင်။

သို့သော်လည်း လင်းခယ်ဝူက ဂရုမစိုက်ဟန်ဖြင့် ခပ်ဖွဖွ ပြုံးလိုက်ရင်း ခပ်အမ်းအမ်း လေသံဖြင့် "အဲဒီအရာက ဒီပျံသန်းရေးသင်္ဘောကြီးထက်တောင် ပိုပြီး ခမ်းနားအစွမ်းထက်နိုင်လို့လား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဟဲဟဲ..."

ရန်လီလီက ခပ်ဟဟ ရယ်မောလိုက်၏။

ထို့နောက် သူက ဖြည့်စွက်၍ "ပြီးခဲ့တဲ့တစ်ခေါက် ငါ ဂိုဏ်းချုပ်နဲ့ အပြင်ကို ထွက်တုန်းက ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က တောင်ပံပါ သားရဲကြီးတစ်ကောင်ကို စီးပြီး ငါတို့နောက်ကို လိုက်ဖမ်းဖို့ ကြိုးစားသေးတယ်ကွ။ ဒါပေမဲ့ သုံးချက်လောက် အသက်ရှူရမယ့် အချိန်အတွင်းမှာတင်ပဲ အဲဒီလူက ငါတို့ရဲ့ နောက်ကွယ်မှာ အရိပ်တောင် မမြင်ရတော့ဘဲ ကျန်ရစ်ခဲ့တာ" ဟု ပြောပြလိုက်သည်။

"အဲဒီလောက်တောင် မြန်တာလား"

လင်းခယ်ဝူက ထပ်မံ၍ အံ့ဩတကြီး ရေရွတ်လိုက်မိပြန်ပြီး သင်္ဘောကြီး ပျောက်ကွယ်သွားရာ အရပ်မျက်နှာဆီသို့ မျက်လုံးမလွှဲတမ်း ပြန်လည်ကြည့်ရှုနေမိတော့သည်။

သူ ဝန်ခံရလျှင် ထိုသင်္ဘောကြီးပေါ်သို့ တက်ရောက်စီးနင်းချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်နေမိခြေပြီ။

အစွန်းရောက် နယ်စပ်လွင်ပြင်ကြီးဆိုသည်မှာလည်း သူ အကြိမ်ကြိမ် ရောက်ဖူးပြီးသား နေရာတစ်ခုပင်။

"ကဲပါ... မင်း ဒီစကားကို ပြောနေတာ ဆယ်ကြိမ်ထက်မက ရှိနေပြီ"

ကျောက်ချင်းက ဘေးမှနေ၍ ရန်လီလီကို မျက်စောင်းထိုးလိုက်ပြီး သူ၏ အားကျနေသော အကြည့်များကို ပြန်လည်ရုပ်သိမ်းကာ လှည့်ထွက်သွားခဲ့တော့သည်။

ထို့နောက်တွင်မူ ကျန်ရှိနေသောသူများကလည်း အသီးသီး လှည့်ပြန်ရန် ပြင်ကြတော့၏။

ရန်လီလီကမူ ထိုသူများ၏ အပြုအမူကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ လင်းခယ်ဝူဘက်သို့ လှည့်ကာ "ဂျူနီယာညီလေးလင်း... မင်း တကယ်ပဲ နားထောင်ချင်တယ်ဆိုရင်တော့ ငါ မင်းကို ဆက်ပြီး ပြောပြပေးမယ်လေ" ဟု ပြောလိုက်သည်။

လင်းခယ်ဝူက ချက်ချင်းပင် "စီနီယာအစ်ကိုရန်... ဒါပေါ့ ကျွန်တော် တကယ့်ကို နားထောင်ချင်ပါတယ်ဗျာ" ဟု ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင် ငါ့ကို တိုက်ပွဲကွင်းပြင်ထဲကို ဆယ်ကြိမ်လောက် ခေါ်သွားပေးရမယ် ဟုတ်ပြီလား"

ရန်လီလီက အကြပ်ကိုင်သော အပြုံးဖြင့် ပြောလိုက်တော့သည်။

"ပြဿနာမရှိပါဘူးဗျာ"

...

ဝိညာဉ်ပျံသန်းရေးသင်္ဘောကြီးက တိမ်တိုက်များကို ဖြတ်ကျော်ကာ ပျံသန်းနေစဉ် မသေမျိုးတို့၏ စံအိမ်တော်ကိုမူ အောက်ဖက်၌ မမြင်တွေ့နိုင်တော့ချေ။

တိမ်တိုက်များရှိရာ ကောင်းကင်ယံအထိ ရောက်ရှိနေသော်လည်း နတ်မိမယ်တို့၏ ဝတ်ရုံစကိုမူ ဆုပ်ကိုင်၍ မရနိုင်သေးပေ။

ပျံသန်းရေးသင်္ဘောကြီးသည် မီတာထောင်ပေါင်းများစွာ မြင့်မားသော ကောင်းကင်ပြာကြီးဆီသို့ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ နောက်ကွယ်၌ ကမ္ဘာမြေနှင့် ကောင်းကင်ပြင်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။

အစွန်းရောက် နယ်စပ်လွင်ပြင်ကြီးသည် အရှေ့အိုင်၏ အစွန်းဆုံးနယ်စပ်တွင် တည်ရှိပြီး ဆန်ဝူမြို့မှ အနည်းဆုံး မိုင်ပေါင်းသောင်းချီ၍ ဝေးကွာလှပေရာ ဤကဲ့သို့သော ပျံသန်းရေးသင်္ဘောကြီးဖြင့် သွားလျှင်ပင် ရောက်ရှိရန် တစ်ရက် အချိန်ယူရမည် ဖြစ်သည်။

အမှန်တော့ ရန်လီလီ၏ လေကြီးကွက်ကျယ် ပုံပြင်များကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော ကျောက်ချင်းတစ်ယောက်သာ ဆယ်ကြိမ်မက နားထောင်ခဲ့ရသည် မဟုတ်ချေ။

ဂိုဏ်းထဲသို့ ရောက်ရှိသည်မှာ မကြာသေးသော ချင်မိုသည်ပင်လျှင် ထိုအကြောင်းအရာများကို အကြိမ်ကြိမ် ကြားနာခဲ့ရပြီးဖြစ်ကာ နောင်တွင်လည်း ဆယ်ကြိမ်မက ပို၍ပင် ထပ်မံကြားရဦးမည်မှာ အမှန်ပင်။

သို့သော်လည်း ချင်မိုတစ်ယောက် သင်္ဘောကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်လျက် ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုလိုက်ရသည့်အခါတွင်မူ စိတ်လှုပ်ရှားမှုကို အဆမတန် ခံစားလိုက်ရတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ရာ ဝမ်ပင်းသည် ရှေ့တည့်တည့်ဆီမှ မည်းမှောင်နေသော အရိပ်ကြီးတစ်ခုကို ရုတ်ချည်း မြင်တွေ့လိုက်ရ၏။ အချိန်နှင့်အမျှ ပျံသန်းရေးသင်္ဘောနှင့် ထိုအရိပ်ကြီး၏ အကွာအဝေးမှာ ပိုမိုနီးကပ်လာခဲ့သည်။

ဤအချက်က ဝမ်ပင်းကို ထိုအမည်းရောင်အရိပ်ကြီးက ဘာဖြစ်မလဲဆိုသည့် စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်၏။

ချက်ချင်းပင် ပျံသန်းရေးသင်္ဘောကြီး၏ အရှိန်မှာ ပိုမိုမြန်ဆန်လာခဲ့တော့သည်။

သင်္ဘောကြီးသည် တိမ်တိုက်များကို ခွဲဖြတ်ကာ ထိုအမည်းရောင်အရိပ်ကြီးရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့၏။

ဤသည်က ချင်မိုကို အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားစေသဖြင့် "ဂိုဏ်းချုပ်... လိုက်စမ်းပါ... သူ့ကို ကျော်တက်ပစ်လိုက်စမ်းပါ" ဟု အားရပါးရ အော်ဟစ်လိုက်တော့သည်။

ချင်မို၏ အော်ဟစ်အားပေးမှုနှင့်အတူ ပျံသန်းရေးသင်္ဘောကြီးသည် ပို၍ နီးကပ်လာခဲ့၏။

အတန်ငယ် နီးကပ်သွားသည့်အခါတွင်မူ ထိုအမည်းရောင်အရိပ်ကြီး၏ ပုံသဏ္ဌာန်အပြည့်အစုံကို ထင်ရှားစွာ မြင်တွေ့လိုက်ရတော့သည်။

၎င်းမှာ လင်းနို့ကြီးတစ်ကောင်ပင်။

နီရဲနေသော အရေပြား၊ လင်းတခြေသည်းကဲ့သို့ စူးရှသော ခြေသည်းများနှင့်အတူ ၎င်း၏ ဖြန့်ကျက်ထားသော တောင်ပံတစ်စုံမှာ ဤပျံသန်းရေးသင်္ဘောကြီးထက်ပင် ငယ်မနေပါချေ။ ၎င်းက တောင်ပံများကို ခတ်လိုက်တိုင်း လေနှင့် တိမ်တိုက်များကို တုန်ခါသွားစေကာ ပြင်းထန်လှသော လေတိုးသံကြီးများကို ဖြစ်ပေါ်စေသည်။

"ဒါ... ဒါက သွေးလင်းနို့ဘုရင်ပဲ"

ချင်မိုက ထိတ်လန့်တကြား ရေရွတ်လိုက်မိပြီးနောက် ထိုကြီးကျယ်ခမ်းနားလှသော သွေးလင်းနို့ဘုရင်ကြီးသည် ပျံသန်းရေးသင်္ဘောကြီး၏ နောက်ကွယ်တွင် တဖြည်းဖြည်း ကျန်ရစ်နေခဲ့သည်ကို ငေးကြည့်နေမိတော့သည်။

ဤခဏဝယ် ချင်မိုတစ်ယောက် လုံးဝ ဆွံ့အသွားခဲ့ရ၏။

သူမက ထိုမျှအထိ ကြောက်လန့်သွား၍ မဟုတ်ဘဲ ဤတဒင်္ဂ ခံစားချက်ကို ဖော်ပြရန် စကားလုံး ရှာမတွေ့တော့ခြင်းကြောင့်ပင်။

ကြားသိရသလောက်ဆိုလျှင် ထိုသွေးလင်းနို့ဘုရင်များသည် အထက်တန်း နက်နဲသောအဆင့်တွင် ရှိကြပြီး ညကောင်းကင်ယံ၏ ငြင်းပယ်၍မရသော ဘုရင်များ ဖြစ်ကြသည်။ ဤသည်ကပင် တောင်ပံပါ သားရဲကြီးအများစု ညအချိန်တွင် ကောင်းကင်၌ မပျံသန်းဝံ့ကြသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

ခေတ္တမျှ ကြာပြီးနောက် ချင်မိုသည် သူတို့၏ နောက်ကွယ်တွင် ဖြည်းညင်းစွာ ကျန်ရစ်နေခဲ့သော သွေးလင်းနို့ဘုရင်ကြီးကို ကြည့်ရင်း မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

"ဂိုဏ်းချုပ်... ဒီပျံသန်းရေးသင်္ဘောကြီးက တကယ့်ကို မြန်လွန်းတယ်ဗျာ"

ယွီမိုကလည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း "ကြည့်ရတာ ရန်လီလီ… ဒီကောင်လေးက ညာပြောခဲ့တာ မဟုတ်ဘူးပဲ။ တောင်ပံပါ သားရဲကြီးတွေကို အခုလို အသာအယာ ကျော်တက်သွားရတဲ့ ခံစားချက်က တကယ့်ကို ဖော်ပြရခက်လောက်အောင် ကောင်းမွန်တာပဲ။ အဲဒါကြောင့်လည်း အဲဒီကောင်လေးက ဆယ်ကြိမ်မက ကြွားနေတာကိုး" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် သွေးလင်းနို့ဘုရင်ကြီး၏ ကျောပေါ်၌ ဆောက်လုပ်ထားသော သစ်သားခန်းမငယ်အတွင်းဝယ် မိန်းကလေးငယ်တစ်ဦးသည် မျက်စိရှေ့မှ ဖြစ်ရပ်ကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရပြီးနောက် ရုတ်ချည်းပင် အော်ဟစ်လိုက်တော့သည်။

"အဖိုး... အဖိုး လာကြည့်ဦး... ဟိုရှေ့က ထူးဆန်းတဲ့ အရာကြီးက ဘာကြီးလဲဟင်"

သူမ၏ အသံအဆုံးတွင်မူ မုတ်ဆိတ်မွေးများကို သပ်နေသော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးသည် ခန်းမအတွင်းမှ လျှောက်လှမ်းထွက်ခွာလာခဲ့ပြီး မျက်မှောင်ကုတ်လျက် ရှေ့သို့ လှမ်းကြည့်လိုက်၏။

"ငါ့ရဲ့ သွေးလင်းနို့ဘုရင်ထက်တောင် အရှိန်မြန်ရအောင် အဲဒါက ဘာထူးဆန်းတဲ့ အရာမျိုးမို့လို့လဲ"

"လိုက်စမ်း..."

၎င်းမှာ သူက သွေးလင်းနို့ဘုရင်ကြီးထံသို့ ပေးလိုက်သော အမိန့်ပင်။

သူ၏ အမိန့်နှင့်အတူ သွေးလင်းနို့ဘုရင်ကြီး၏ တောင်ပံများသည် အရှိန်အဟုန်ပြင်းစွာ ခတ်ခတ်လာခဲ့ပြီး ကောင်းကင်ပြင်ကြီးကို အသံလွန်လှိုင်းပေါက်ကွဲသံများဖြင့် ဟိန်းထွက်သွားစေတော့သည်။

တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် ၎င်းသည် မိုင်ပေါင်းများစွာ ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး သူကို ကျော်တက်သွားသော ထိုထူးဆန်းသည့် ပျံသန်းရေးသင်္ဘောနောက်သို့ အပြင်းအထန် လိုက်လံဖမ်းဆီးတော့သည်။

သင်္ဘောဦးပိုင်းတွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ချင်မိုသည် ပထမဦးစွာ စိတ်လှုပ်ရှားသွားခဲ့ရပြီး ဝမ်ပင်းထံသို့ ကျယ်လောင်စွာ လှမ်း၍ အော်ပြောလိုက်၏။

"ဂိုဏ်းချုပ်... သွေးလင်းနို့ဘုရင်ကြီးက ငါတို့နောက်ကို လိုက်မီတော့မယ်ဗျ"

"အို..."

ဝမ်ပင်းက ဗီဇအရ ခေါင်းလှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် ပျံသန်းရေးသင်္ဘောကြီး၏ အရှိန်ကို အမြင့်ဆုံးဆွဲတင်လိုက်ကာ သွေးလင်းနို့ဘုရင်ကြီးနှင့် အကွာအဝေးကို တဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်သွားစေခဲ့သည်။

ထို့နောက် သူက တဟားဟား ရယ်မောရင်း "မင်းတို့တွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်မျိုးကို နောက်တစ်ကြိမ် ထပ်ပြီး ခံစားချင်သေးလား" ဟု ဆိုလိုက်၏။

သွေးလင်းနို့ဘုရင်ကြီးပေါ်ရှိ သက်ကြီးရွယ်အိုမှာမူ ချက်ချင်း မျက်မှောင်ကုတ်သွားခဲ့ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"မင်း ထမင်းမစားထားဘူးလား... မြန်မြန်လိုက်စမ်း"

သွေးလင်းနို့ဘုရင်ကြီးသည် ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသဖြင့် ဒေါသမာန်ဝင့်ကာ ၎င်း၏အတွင်းစွမ်းအင်များ အပြည့်အဝ နိုးကြားလာခဲ့ပြီး တောင်ပံများကို သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်လောက်အောင် အပြင်းအထန် ခတ်ပစ်လိုက်တော့သည်။

၎င်း၏ အရှိန်အဟုန်မှာ နောက်တစ်ကြိမ် ထပ်မံမြင့်တက်လာခဲ့ပြန်သည်။

သို့သော်လည်း ၎င်း၏ အရှိန်မြင့်တက်လာသည်နှင့် အမျှ ရှေ့မှ ပျံသန်းရေးသင်္ဘောကြီးသည်လည်း အရှိန်ကို ထပ်မံမြှင့်တင်လိုက်ပြန်ရာ သွေးလင်းနို့ဘုရင်ကြီးကို သူတို့၏ နောက်ကွယ်တွင် သဲလွန်စမရှိအောင်ပင် နောက်တစ်ဖန် ဝေးကွာစွာ ချန်ရစ်ထားခဲ့ကြတော့သည်။

All Chapters