← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း။ ၂၁၀

သူသည် ကျောက်နံရံပေါ်ရှိ စာလုံးတိုင်းကို အဓိပ္ပာယ် ကောင်းစွာ သဘောပေါက် နားလည်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤစာလုံးများသည် သူငယ်စဉ်က သူ၏မိခင် ဆေးညွှန်းများ ရေးသားရာတွင် အသုံးပြုခဲ့သော စာလုံးများနှင့် ထပ်တူထပ်မျှ တူညီနေသောကြောင့်ပင်။

သူသည် ဤစာလုံးများနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့သဖြင့် ပို၍ ရင်းနှီးရန်ပင် မလိုတော့ပါချေ။ သူ၏မိခင်ကလည်း သူ့ကို သွန်သင်ဆုံးမဖူးသည်မှာ ဤစာလုံးများကို နဂါးနံရံကျောက်စာဟု ခေါ်တွင်ပြီး ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများထဲမှ ဝိညာဉ်စွမ်းအင်များကို စုစည်းရန်အတွက် အသုံးပြုသော ထူးခြားဆန်းပြားသည့် ရှေးဟောင်းစာလုံးများ ဖြစ်ကြောင်းပင်။

"တကယ်ပဲကိုး..."

ဝမ်ပင်း၏ စကားကို ကြားလိုက်ရသည့်အခါတွင်မူ ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးက သဘောကျစွာ ပြုံးလိုက်မိတော့သည်။

သူမသည် ဝမ်ပင်း၏ နောက်ကြောင်းရာဇဝင်ကို သေသေချာချာ မသိရှိသော်လည်း ဝမ်ပင်းသည် ဗဟုသုတ အလွန်တရာ ကြွယ်ဝသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကိုမူ အာရုံခံမိနေခဲ့ပြီ ဖြစ်သည်။

ဝမ်ပင်းက နဂါးနံရံကျောက်စာကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်ခဲ့တာက သူ အရင်က ပြောခဲ့တဲ့ စကားတွေကလည်း အမှန်တရား ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြနေတာပဲ...

ဥပမာ လျှပ်စီးရေကန်က ကျင့်ကြံသူတစ်ယောက်ရဲ့ နက်နဲသောအဆင့်သို့ တက်လှမ်းမယ့် လမ်းကြောင်းကို ဘယ်လို ပိတ်ဆို့တားဆီးပစ်လိုက်လဲဆိုတာမျိုး ဒါမှမဟုတ် သံမဏိလူသားကွင်းပြင်က တပည့်တွေကို ဘယ်လိုမျိုး အသုံးမဝင်တဲ့ အမှိုက်တွေ ဖြစ်သွားအောင် လုပ်နေလဲဆိုတာမျိုးပေါ့...

ပြန်လည်စဉ်းစားကြည့်လျှင် ထိုအချက်များမှာ အနည်းငယ် လွန်ကဲနေသည်ဟု ထင်ရသော်လည်း သူမသည် သူမျက်စိရှေ့မှောက်တွင်ရှိသော ဝမ်ပင်း အမည်ရသည့် လူငယ်တွင် ခိုင်လုံသော အကြောင်းပြချက်များ သေချာပေါက် ရှိနေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်လိုက်မိတော့သည်။

ယခုအချိန်တွင် ပိုင်ဖုန်းမှာမူ အလွန်အမင်း အံ့အားသင့်နေခဲ့ရ၏။

သို့သော်လည်း ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီး၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ဝမ်ပင်းက ဘာဖြစ်လို့ ဒါကို နားလည်နေရတာလဲဟူသောအချက်ကို သူ စဉ်းစားတွေးခေါ်ရန် အချိန်မရတော့ဘဲ ထိုအမျိုးသမီးထံသို့ အလျင်အမြန်ပင် ပြောလိုက်

တော့သည်။

"ဒီဝိညာဉ်စွမ်းအင်စုစည်းမှု အစီရင်ခံကွင်းကို တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ချန်လှပ်ထားခဲ့တာ။ ဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံခြင်းအရှိန်ကို သုံးဆအထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ"

"တကယ်ပဲကိုး... ဒီလင်းခန်းဆောင်ရှိနေမှတော့ မင်းတို့ အစွန်းရောက်နယ်ပယ်တောင်အနေနဲ့ ငါတို့ မီထျန်းဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်မှန်တဲ့ အရည်အချင်း ရှိတယ်လို့ ပြောရမှာပဲ"

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီး၏ စကားကို ကြားရသည့်အခါတွင်မူ ပိုင်ဖုန်း၏ မျက်နှာထက်၌ ရှားရှားပါးပါး ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

ထိုအမျိုးသမီး၏ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပို၍ ထင်ရှားလာခဲ့ပြီး သာမန်မျက်နှာပြင်ထက် သာလွန်လှသော ဆွဲဆောင်မှုရှိသည့် အလှတရားများကို ထုတ်ဖော်ပြသနေကာ သူမ၏ လှုပ်ရှားမှုတိုင်းက ထူးခြားလှသော ညှို့ဓာတ်များကို ဖြာထွက်စေခဲ့သည်။ ပိုင်ဖုန်းသည် အသက်အရွယ် မငယ်တော့ပြီ ဖြစ်သော်လည်း သူမ၏ ဆွဲဆောင်မှုအောက်တွင် ခဏမျှ မှင်သက်သွားခဲ့ရတော့၏။

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးကမူ ဤကဲ့သို့သောအရာများကို ဂရုမစိုက်ပါချေ။ သူမ၏ စိတ်ကူးထဲတွင်မူ အနာဂတ်၌ ဤလင်းခန်းဆောင်အတွင်း ဝင်ရောက်ကျင့်ကြံခွင့်ရမည့် ကိစ္စရပ်တစ်ခုတည်းကိုသာ အာရုံစိုက်နေခဲ့ခြင်းပင်။

အချိန်ဆိုသည်မှာ မည်သည့်အခါတွင်မဆို အဖိုးတန်ဆုံးသော အရာတစ်ခု ဖြစ်သည်။

လူတိုင်းက ၎င်းကို ဖမ်းဆွဲချင်ကြသည်။

လူတိုင်းက ၎င်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်ကြသည်။

သို့သော်လည်း တစ်ဦးတစ်ယောက်တွင် မည်မျှပင် ကြီးမားလှသော စွမ်းဆောင်ရည်များ ရှိနေပါစေအချိန်ကို ဖမ်းဆွဲထားရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။ လူသားဟူသည် အချိန်၏ စီးဆင်းမှုနှင့်အတူ မျောပါသွားကြရရုံသာ ရှိသည်။

အချိန်က သူကို စွန့်ခွာသွားမည့် နေ့ရက် ရောက်ရှိလာသည့်အခါ... ၎င်းသည် ထိုလူသား လဲပြိုပျက်စီးရမည့် အချိန်ပင် ဖြစ်ပေတော့သည်။

ဤလင်းခန်းဆောင်အတွင်း ကျင့်ကြံခွင့်ရခြင်းကိုမူ အချိန်ကို ဖမ်းဆွဲခြင်းဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ တစ်နာရီကြာ ကျင့်ကြံခြင်းက အပြင်လောကတွင် သူတပါး သုံးနာရီကြာ ကျင့်ကြံခြင်းနှင့် ထပ်တူညီမျှနေသောကြောင့်ပင်။

၎င်းသည် သူတပါးထက် ပိုမိုများပြားသော ကျင့်ကြံခြင်း အချိန်ကာလကို ပိုင်ဆိုင်လိုက်ရခြင်းနှင့် အတူတူပင်။

သို့သော်လည်း သူမသည် ဗီဇအရ ဝမ်ပင်းထံသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်မိသည့်အခါဝမ်ပင်းသည် လုံးဝ တည်ငြိမ်အေးဆေးနေပြီး ဤလင်းခန်းဆောင်အပေါ်တွင် စိုးစဉ်းမျှ စိတ်ဝင်စားပုံမပြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါမှသာ ထိုအမျိုးသမီးသည် ဤလူငယ်မှာ သူတစ်ပါး၏ အပြစ်အနာအဆာ ချို့ယွင်းချက်များကို ရှာဖွေသည့်နေရာတွင် အလွန်တရာ ကျွမ်းကျင်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ပြန်လည်သတိရသွားခဲ့တော့၏။

"ဂိုဏ်းချုပ်ဝမ်... ရှင် နောက်ထပ် ဘာတွေများ ထပ်ပြီး တွေ့ရှိသွားသေးလဲဟင်"

ဝမ်ပင်းက ပြုံးလျက် ပြန်လည်၍ ပြောလိုက်သည်။

"ငါ အမှန်အတိုင်း ပြောရရင်တော့... ဒီဝိညာဉ်စွမ်းအင်စုစည်းမှု အစီရင်ခံကွင်း ရှိနေခြင်းက အပြင်ဘက်က လျှပ်စီးရေကန်ထက် အများကြီး ပိုကောင်းပါတယ်။ ဒါက ဘေးထွက်ဆိုးကျိုးတွေ ဒါမှမဟုတ် ဖုံးကွယ်နေတဲ့ အန္တရာယ်တွေ လုံးဝမရှိဘဲနဲ့ ကျင့်ကြံခြင်းအရှိန်ကို သုံးဆအထိ မြှင့်တင်ပေးနိုင်တာ။ ဒါက အစွန်းရောက်နယ်ပယ်တောင်ရဲ့ တစ်ခုတည်းသော ပြီးပြည့်စုံတဲ့ ကျင့်ကြံခြင်းဧရိယာပဲလို့ ပြောလို့ရတာပေါ့"

ပိုင်ဖုန်း၏ မျက်နှာထက်မှ အပြုံးမှာ ပိုမို၍ ကျယ်ပြန့်လာခဲ့တော့သည်။

သို့သော်လည်း နောက်တစ်ခဏ၌ပင် ထိုအပြုံးမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ရပြန်၏။

"နှမြောစရာကောင်းတာကတော့... ရှေးဟောင်းစီနီယာကြီးက ဒါကို စတင်တည်ဆောက်ခဲ့စဉ်က ရည်ရွယ်ချက်က ကျင့်ကြံဖို့အတွက် မဟုတ်ပါဘူး။ ဒါက ကျင့်ကြံခြင်းကို ကူညီပံ့ပိုးပေးမယ့် အရာတစ်ခုအဖြစ် ဖန်တီးခဲ့တာ လုံးဝ မဟုတ်လို့ပါပဲ"

ဝမ်ပင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။

ပိုင်ဖုန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တင်းမာအေးခဲသွားခဲ့ရပြီး ဝမ်ပင်းကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်သော်လည်း ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီး ဘေးတွင် ရှိနေသဖြင့် သူ မလှုပ်ရှားရဲပေ။

ဤလင်းခန်းဆောင်ဆိုသည်မှာ သူတို့အတွက် အလွန်တရာ ကြီးမားလှသော အောင်မြင်မှု အထိမ်းအမှတ်တစ်ခု ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ငါးရာခန့်က ၎င်းကို သူတို့ စတင်တွေ့ရှိပြီး ဖွင့်လှစ်ခဲ့ကတည်းက ၎င်းသည် နက်နဲသောအဆင့် ကျင့်ကြံသူများနှင့် ထိပ်သီးတပည့်ရင်းများအတွက် အလွန်ကြီးမားလှသော ကျင့်ကြံခြင်းအထောက်အကူများကို စဉ်ဆက်မပြတ် ပေးစွမ်းလာခဲ့ခြင်းပင်။ ၎င်း၏ အတွင်းပိုင်း၌ တစ်ရက်မျှ ကျင့်ကြံခြင်းက အပြင်လောကတွင် သုံးရက်ကြာ ကျင့်ကြံခြင်းနှင့် ထပ်တူညီမျှနေခဲ့ခြင်းပင်။

ဝမ်ပင်းက ပိုင်ဖုန်း၏ မျက်နှာအမူအရာကို သတိမပြုမိသည့်အလား ဆက်လက်၍ ဆိုလိုက်၏။

"ဒါက ကျင့်ကြံခြင်းကို ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ကတော့ ဒါကို ကျင့်ကြံဖို့အတွက်ပဲ ဇွတ်အသုံးချခဲ့ကြတာပဲ။ အခုချိန်မှာ တွေ့ရတဲ့ ရလဒ်ကောင်းတွေက အံ့ဩစရာမရှိပေမဲ့... တစ်ဖက်မှာတော့ မင်းတို့ လျစ်လျူရှုထားမိတဲ့ အချက်တစ်ချက် ရှိနေတယ်။ အဲဒါက ဝိညာဉ်စွမ်းအင်စုစည်းမှု အစီရင်ခံကွင်းဆိုတာ ဝိညာဉ်စွမ်းအင်တွေကို ဆွဲယူစုဆောင်းပေးတာ ဖြစ်ပြီးလူသားတွေရဲ့ ကျင့်ကြံခြင်းကတော့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကနေ စတာဖြစ်လို့ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ချီစွမ်းအင်တွေကို ရွေးချယ်ကြရတာလေ။ ဒါဆိုရင် ဘာဖြစ်လို့ ကောင်းကင်နဲ့ မြေကမ္ဘာကြားထဲမှာရှိတဲ့ ထူးခြားဆန်းပြားတဲ့ ဝိညာဉ်စွမ်းအင်တွေကို မရွေးချယ်ဘဲသွေးကြောချီစွမ်းအင်တွေနဲ့ပဲ ထပ်ခါတလဲလဲ သွေးတင်နေကြတာလဲ..."

"ဘာဖြစ်လို့လဲဟင်..."

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ချက်ချင်း ဝင်မေးလိုက်သည်။

"ငါ ထင်တာမမှားဘူးဆိုရင်တော့... မင်းတို့က ဒါက ဝိညာဉ်စွမ်းအင်စုစည်းမှု အစီရင်ခံကွင်းတစ်ခု ဖြစ်မှန်း မသိခဲ့ကြလို့သာ ဒီနေရာမှာ ဘာအတားအဆီးမှမရှိဘဲ ဆက်တိုက် ကျင့်ကြံနေခဲ့ကြတာ ဖြစ်ရမယ်။ ဖုန်းယွမ်မြို့တော်မှာ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ရတနာတွေ၊ ဆေးဖက်ဝင် ပစ္စည်းတွေ မထွက်လာတော့တာ အတော်ကြာနေပြီဆိုတာ မင်းတို့ သတိမထားမိကြဘူးလား... ဒီကောင်းကင်တစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားမယ့် နေ့ရက် ရောက်လာတဲ့အခါကျရင်တော့ မင်းတို့အနေနဲ့ အဲဒီတန်ဖိုးကို ပေးဆပ်နိုင်လိမ့်မယ်လို့ ငါ ယူဆတာမို့ အဲဒီအကြောင်းကိုတော့ ထည့်မပြောတော့ပါဘူး..."

ဝမ်ပင်းသည် စကားပြောပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်တော့သည်။

သူ ပြောခဲ့သော ပေးဆပ်ရမည့် တန်ဖိုးဆိုသည်မှာ ထိုနေရာမှ ဝိညာဉ်စွမ်းအင်များ အားလုံး ကုန်ခမ်းသွားခဲ့မည်ဆိုပါက အစွန်းရောက်နယ်ပယ်တောင်၏ မိုင်တစ်ထောင်ပတ်လည်အတွင်း မြက်တစ်ပင်မျှပင် ပေါက်ရောက်နိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်ကျလျှင် အစွန်းရောက်နယ်ပယ်တောင်သည် ခြောက်သွေ့ဆိတ်သုဉ်းလှသော မြေရိုင်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ အစွန်းရောက် နယ်စပ်မြက်ခင်းပြင်သည်လည်း တရားဝင် အစွန်းရောက်နယ်ပယ် သဲကန္တာရအဖြစ် အမည်ပြောင်းလဲသွားရပေလိမ့်ဦးမည်။

ဤမြေပြင်၏ ဝိညာဉ်စွမ်းအင်များကို ယခင်ကဲ့သို့ စိမ်းလန်းစိုပြည်သော အိုအေစစ်အသွင်သို့ ပြန်လည်ရောက်ရှိစေရန်နှင့် ရတနာ ဆေးဖက်ဝင်အပင်များ ပြန်လည်ပေါက်ရောက်စေရန်အတွက် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းခန့် အချိန်ယူရပေလိမ့်မည်။

ယခုအချိန်တွင် ပိုင်ဖုန်းသည် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"ကောင်လေး... ဒီနေရာမှာ လာပြီး ပေါက်ကရတွေ လျှောက်မပြောနဲ့စမ်း"

"ရပါတယ်... ငါကပဲ ပေါက်ကရတွေ လျှောက်ပြောနေတာပဲ ထားပါတော့။ မင်းတို့လည်း ငါ့ကို ဒီနေရာကို လုံးဝ မရောက်ခဲ့ဖူးသလိုမျိုးပဲ သဘောထားလိုက်ကြပေါ့။ ငါကတော့ အစွန်းရောက်နယ်ပယ်တောင်ဆိုတဲ့ ဒီဥခွံကြီးထဲက အပြစ်အနာအဆာတွေကို လာရှာတာသက်သက်ပဲဥစ္စာ။ အခုတော့ အပြစ်အနာအဆာတွေကို အကုန် ထောက်ပြပြီးသွားပြီဆိုတော့... ငါလည်း ပြန်လမ်းကို လျှောက်ရတော့မှာပေါ့"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် သူ၏ခြေလှမ်းများကို ပိုမိုမြန်ဆန်စေလိုက်ပြီး တောင်စောင့်ခွေးကြီးသည်လည်း သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလျက် လျှပ်စီးရေကန်ရှိရာ အရပ်မျက်နှာဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားခဲ့ကြတော့သည်။

ဝမ်ပင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ပိုင်ဖုန်းသည် ရင်ထဲ၌ ဒေါသများ ထွက်ပေါ်နေခဲ့သော်လည်း လက်ရှိအချိန်တွင် ကြယ်သုံးပွင့်အဆင့် ဂိုဏ်းမှ ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အရင်ဆုံး ဆွေးနွေးခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း သူ၏စိတ်ထဲတွင်မူ ဝမ်ပင်းကို အစွန်းရောက်နယ်ပယ်တောင်ပေါ်မှ အသက်ရှင်လျက် လုံးဝ ပေးမထွက်ခွါစေရဘူးဟု သန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်သည်။

အစွန်းရောက်နယ်ပယ်တောင်ကို တမင်သက်သက် လာပြီး အပြစ်ရှာတယ် ဟုတ်လား။

ဒီဝမ်ပင်းက တကယ့်ကို သတ္တိတွေ ပိုပြီး ကောင်းလာတာပဲ။

အဆင်ပြေတာကတော့ ဝမ်ပင်းကို သတ်ပစ်လိုက်ရုံနဲ့ အဖြူရောင်သလင်းကျောက် ၅၀ ကို အလွယ်တကူ ရရှိနိုင်မှာပဲ။

ပိုင်ဖုန်းက ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးထံသို့ လှည့်၍ "မိတ်ဆွေတို့ ခင်ဗျာ... အဲဒီမရင့်ကျက်သေးတဲ့ ကောင်လေးရဲ့ စကားတွေကို အမှန်လို့ မယုံကြည်ကြဘူး မဟုတ်လား။ အမှန်တော့ သူက ကြယ်အဆင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်သက်သက်ပါဗျာ။ ပုံမှန်အားဖြင့်လည်း အရမ်းကို မောက်မာတတ်တဲ့သူပါ။ ဒီစကားတွေက သေချာပေါက် မုသားစကားတွေဖြစ်ပြီး... အစွန်းရောက်နယ်ပယ်တောင်နဲ့ မိတ်ဆွေတို့ဂိုဏ်းကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တမင်သက်သက် လာရောက် ဖျက်ဆီးဖို့ ကြံစည်နေတာပဲ ဖြစ်ရပါမယ်" ဟု အလျင်အမြန်ပင် ချော့မော့ကာ ပြောလိုက်သည်။

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးက ပြန်လည်၍ "ကြယ်အဆင့်မရှိတဲ့ ဂိုဏ်းတစ်ခုမှာ... နက်နဲသောအဆင့်ကျင့်ကြံသူတစ်ယောက်က နောက်ကွယ်ကနေ ကာကွယ်ပေးနေတယ်ပေါ့ ဟုတ်လား" ဟု ပြတ်သားစွာ မေးခွန်းထုတ်လိုက်၏။

ပိုင်ဖုန်းတစ်ယောက် ဆွံ့အသွားခဲ့ရတော့သည်။

ထိုအမျိုးသမီးက ဆက်လက်၍ "ထားလိုက်ပါတော့... ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲလည်း ဒီလင်းခန်းဆောင်နဲ့ ပတ်သက်ပြီးတော့ မင်းတို့မှာ ဘာစည်းမျဉ်းစည်းကမ်းတွေ ရှိလဲဟင်။ အကယ်၍ ဘာမှမရှိဘူးဆိုရင်တော့... ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ ပြီးဆုံးသွားတာနဲ့ ကျွန်မတို့ဂိုဏ်းက တပည့်တွေကို အစွန်းရောက်နယ်ပယ်တောင်ဆီ စေလွှတ်ပြီး အပြန်အလှန် လေ့လာသင်ယူမှုတွေ လုပ်ခိုင်းပါ့မယ်" ဟု ပြောလိုက်သည်။

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါတွင်မူ ပိုင်ဖုန်းသည် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရ၏။ သူသည် ဝမ်ပင်း၏ စကားလုံးများကြောင့် ထိုအမျိုးသမီး၏ စိတ်ထဲ၌ အစွန်းရောက်နယ်ပယ်တောင်အပေါ် အမြင်လွဲမှားသွားလိမ့်မည်ဟု ထင်မှတ်ကာ စိုးရိမ်နေခဲ့ခြင်းပင်။

ယခုကြည့်ရသည်မှာ ဝမ်ပင်း၏ စကားများကို သူကိုယ်တိုင်လည်း မယုံကြည်သလို ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးကလည်း ယုံကြည်ပုံမရပေ။

ပိုင်ဖုန်းက ချက်ချင်းပင် "ဒါပေါ့ဗျာ... ကျွန်တော်တို့အနေနဲ့ မိတ်ဆွေတို့ဂိုဏ်းက တပည့်တွေကို ဘယ်အချိန်မဆို အမြဲတမ်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါ" ဟု ပြန်ဖြေလိုက်သည်။

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ပင်း ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ အကြည့်ကို ပို့လွှတ်လိုက်ကာ ဆက်လက်၍ မေးမြန်းလိုက်ပြန်သည်။ "ကျွန်မကတော့ နည်းနည်းလေး စူးစမ်းချင်မိတာက... ဒီဝမ်ပင်းဆိုတာ တကယ်ပဲ ဘယ်လိုလူမျိုးလဲဟင်။ ကျွန်မကိုယ်တိုင်က အလယ်အလတ် နက်နဲသောအဆင့်ရောက်နေတာတောင်မှ သူဘယ်အဆင့် ရောက်နေလဲဆိုတာကို လုံးဝ ထိုးဖောက် မမြင်နိုင်တာက တကယ့်ကို မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပဲ"

"ဝမ်ပင်း ဟုတ်လား..."

ပိုင်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် မထင်မရှား အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူက "ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုက ဂိုဏ်းချုပ်ငယ်လေး သက်သက်ပါဗျာ။ သူ၏လက်ထဲမှာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ရတနာတစ်ခုခု ရှိနေလို့သာ မိတ်ဆွေအနေနဲ့ မမြင်နိုင်တာ ဖြစ်ပါလိမ့်မယ်။ သူရဲ့ အသက်အရွယ်အရဆိုရင်တော့ အလွန်ဆုံးရှိမှ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်ဆယ်ထက် မပိုနိုင်ပါဘူး။ လုံးဝ ထည့်ပြောနေစရာ မလိုတဲ့ သာမန်လူတစ်ယောက်ပါပဲ" ဟု ဆိုလိုက်၏။

"ကျွန်မကတော့ အဲဒီလို မထင်ဘူးရှင့်။ အလယ်အလတ် နက်နဲသောအဆင့်ရှိတဲ့သူတစ်ယောက်က သူ့ကို နောက်ကွယ်ကနေ ကူညီပေးဖို့ လိုလိုလားလား ရှိနေသလို အဆင့်နိမ့် နက်နဲသောအဆင့်ရှိတဲ့သူကလည်း သူ့အတွက် အသက်ကိုတောင် စွန့်စားရဲကြတယ်။ ပြီးတော့ အရှေ့အိုင်ထဲမှာ အလွန်တရာ မြင်တွေ့ရခဲတဲ့ နဂါးနံရံကျောက်စာနဲ့ လျှပ်စီးငါးရှဉ့်တွေကိုလည်း တစ်ချက်ကြည့်ရုံနဲ့တင် မှတ်မိနိုင်ခဲ့တယ်လေ..."

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသည် စိတ်ဝင်စားစရာကောင်းလှသည့်အလား သူမ၏ မျက်ဝန်းအစုံကို ပုတ်ခတ်လိုက်ရင်း "ကြည့်ရတာ... ဒီလူငယ်လေးက ထင်သလောက်တော့ မရိုးရှင်းဘူး ထင်တယ်" ဟု ရေရွတ်လိုက်တော့သည်။

...

ထိုခဏတွင် ဝမ်ပင်းသည် လျှပ်စီးရေကန်ရှိရာ နေရာသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်ရာ... သူ၏ နားစည်ဆီသို့ စနစ်၏ စက်ရုပ်ဆန်ဆန် အသံတစ်သံ ဝင်ရောက်လာခဲ့တော့၏။

[ အစွန်းရောက်နယ်ပယ်တောင်ရဲ့ ချို့ယွင်းချက် ဆယ်ခုကို ရှာဖွေရမယ့် ဘေးထွက်မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်။ ဆုလာဘ်အနေနဲ့ ပါရမီရှင်ဆယ်ဦး တံဆိပ်ပြားနှစ်ခုကို ရရှိမှာပါ]

[သခင်အနေနဲ့ ဒီဆုလာဘ်တွေကို အခုပဲ ရယူချင်ပါသလား ]

All Chapters