← Chapters

အခန်း ၁၂၀၃

Vol. 81 Ch. 1203

အခန်း ၁၂၀၃

Vol. 81 Ch. 1203

အပိုင်း ( 1203 ) မုကြွယ်နှင့် တိုက်ခိုက်ခြင်း။

"ပန်ယွမ်၊ ဓားသဏ္ဍာန်ကျောက်တုံးနဲ့ပဲ လဲလှယ်ရမှာလား။ မင်းဆီကဝယ်ဖို့ တခြားရတနာတွေ ဒါမှမဟုတ် ကျောက်ကြမ်းတွေကို ငါသုံးနိုင်ပါတယ်။ စျေးကို ပြောသာပြောလိုက်ပါ"

မုကြွယ်က မတ်တပ်ထရပ်ပြီး ပန်ယွမ်၏ လက်ထဲမှ မီးဝိညာဉ်အမြစ်ကို စိုက်ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ မီးဝိညာဉ်အမြစ်က ငါ့အတွက်လည်း အသုံးဝင်ပါတယ်၊ ဒါပေမဲ့ ဓားသဏ္ဍာန်ကျောက်က ငါ့အတွက် ပိုပြီးတော့ အသုံးဝင်တယ်။ မင်းမှာ တစ်ခုရှိရင်တောင် ရပါပြီ၊ ငါက တစ်ခုပဲလိုတာ။ မင်းမှာ ရှိမယ်ဆိုရင် ငါ လဲပေးမယ်၊ မဟုတ်ရင်တော့ မေ့လိုက်တော့"

ပန်ယွမ်က ပြောသည်။

"ပန်ယွမ်၊ မီးဝိညာဉ်အမြစ်က ငါ့အတွက် တကယ် အသုံးဝင်လို့ပါ။ မင်း ဈေးပြောလို့မရဘူးလား"

ပန်ယွမ်က လက်မလျှော့ချင်သေးပေ။ သူက မီးဝိညာဉ်အမြစ်ကို ‌တောက်ပသော မျက်လုံးများနှင့် ကြည့်နေသည်။

"မင်းအတွက်အသုံးဝင်ရင်တောင် ငါနဲ့ဘာဆိုင်လို့လဲ"

ပန်ယွမ် လှောင်ပြောင်လိုက်၏။

"မင်း…"

မုကြွယ်၏ မျက်နှာက မည်းမှောင်သွားသည်။

သို့သော်လည်း၊ ပန်ယွမ်သည် တောင်ပိုင်း နတ်နန်းတော်တွင် ထင်ရှားကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ့နောက်ကွယ်တွင်လည်း အားကောင်းသည့် အင်အားစုတစ်ခု ရှိ၏။ ထို့ကြောင့်ပင် မုကြွယ်က ပန်ယွမ်ကို သတိထားနေရခြင်း ဖြစ်သည်။

ဤနေရာတွင် အခြားသူဆိုပါက သူ လှုပ်ရှားပြီးပြီ။

“ဓားသဏ္ဍာန်ကျောက်က ဘယ်သူ့မှာရှိလဲ။ မရှိရင်တော့ မေ့လိုက်ပါ"

ပန်ယွမ်က ပြောလိုက်သည်။

"ငါ့မှာတစ်ခုရှိတယ်"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။

အားလုံးက အသံလာရာကို လှည့်ကြည့်လိုက်ကြသည်။

"ဒါက သူပဲ"

လူအများ အံ့အားသင့်သွား၏။ စကားပြောလာသူမှာ လုမင် ဖြစ်သည်။

"မင်းမှာ ဓားပုံသဏ္ဍာန်ကျောက်တစ်တုံးရှိတာလား"

ပန်ယွမ်၏ မျက်လုံးများက တောက်ပလာပြီး လုမင်ကို စိုက်ကြည့်လိုက်၏။

"အမှန်ပဲ"

လုမင်က မတ်တပ်ထရပ်ပြီး လက်ဝါးဖြန့်ပြလိုက်သည်။ လုမင်၏လက်ထဲတွင် ဓားပုံသဏ္ဍာန် ကျောက်တုံးလေးတစ်ခု ပေါ်လာသည်။

ဤဓားသဏ္ဍာန်ကျောက်က လက်တစ်ဝါးစာအရွယ် ရှိ၏။ ၎င်းက နို့ဖြူရောင်ဖြစ်ကာ ဓားစွမ်းအင်များ ဖြာထွက်နေပုံရလေသည်။

ဤသည်မှာ ဓားသဏ္ဍာန်ကျောက် ဖြစ်သည်။

လုမင်လည်း ကံကောင်းသည်ဟု ခံစားခဲ့ရလေသည်။ ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူများစွာကို ရှဲ့လွမ် သတ်ဖြတ်သောအခါ ၎င်းတို့၏ သိုလှောင်လက်စွပ်များအား လုမင် ရခဲ့သည်။ ဓားသဏ္ဍာန်ကျောက်က ၎င်းတို၏ သိုလှောင်လက်စွပ်များထဲမှ ရရှိခဲ့ခြင်း ဖြစ်ချေသည်။

ယခုတော့ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။

"ဒါက တကယ်ကို ဓားသဏ္ဍာန်ကျောက်ပဲ"

လုမင်လက်ထဲမှ ဓား‌သဏ္ဍာန်ကျောက်ကိုကြည့်ရင်း ပန်ယွမ်၏ မျက်လုံးများက တောက်ပလာသည်။

ဓားသဏ္ဍာန်ကျောက်သည် ဓားသမားများအတွက် လွန်စွာ အသုံးတည့်၏။

"ဒီဓားသဏ္ဍာန်ကျောက်က မင်းရဲ့မီးဝိညာဉ်အမြစ်နဲ့ လဲလှယ်ဖို့ လုံလောက်သင့်တယ် မဟုတ်လား"

လုမင် ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

ပန်ယွမ် ပြုံးရွှင်စွာဖြင့်‌ ခေါင်းညိတ်လိုက်လေသည်။

"ခဏနေဦး"

ဤအခိုက်တွင် မုကြွယ်က အေးစက်စက်ဖြင့် ပြောသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်ရှေ့တွင် ဝင်ရပ်လိုက်၏။ သူက လုမင်ကိုကြည့်ပြီး ပြောလိုက်သည်။

"ကောင်လေး၊ မင်းရဲ့ ဓားသဏ္ဍာန်ကျောက်ကို ငါ့ရောင်းပါ"

"မင်းကို ရောင်းရမှာလား၊ စိတ်မကောင်းပါဘူး၊ ငါ့ရဲ့ဓားသဏ္ဍာန်ကျောက်က ညီနောင်ပန်နဲ့ လဲလှယ်ဖို့လိုတယ်။ ငါ့မှာ ဓားသဏ္ဍာန်ကျောက်တွေ မရှိတော့ဘူး"

လုမင် ပြောလိုက်သည်။

"မင်းမှာ အပိုမရှိဘူးဆိုရင်လည်း မင်းလက်ထဲက တစ်လုံးကိုပဲ ငါ့ဆီရောင်းလိုက်ပါ။ မြန်မြန်ပြော၊ ငါ့မှာ မင်းနဲ့ အပိုစကားတွေပြောရအောင် အချိန်မရှိဘူး။ မင်းရဲ့ဈေးကို ပြောလိုက်"

မုကြွယ်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

လုမင် မျက်မှောင်ကြုတ်သွား၏။

"ငါပြောတာကို မင်း နားမလည်ဘူးလား၊ ဒီကျောက်က ငါလည်း သုံးစရာရှိတယ်"

"တော်စမ်း၊ မင်းဘာသာ လိုလို မလိုလို ငါ ဂရုမစိုက်ဘူး။ အခု ငါ့ဆီ ရောင်းလိုက်တော့"

မုကြွယ်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

"အဟိုးဟိုး၊ ဒီငတုံး ဘယ်ကရောက်လာတာလဲ"

လုမင် လှောင်ပြောင်လိုက်၏။

လုမင် အမှန်တကယ် ဆွံ့အရသည်။ မုကြွယ်သည် ပန်ယွမ်နှင့် အလဲအထပ်ပြုရန် သူ၏ ဓားသဏ္ဍာန်ကျောက်ကို အသည်းအသန် လိုချင်နေကြောင်း သိသာထင်ရှား၏။

ပန်ယွမ်ကိုတော့ သူက ဘာမျှမလုပ်ဝံ့ပေ၊ ထိုအတွက် သူ့ကို အနိုင်ကျင့်ရန် ကြိုးစားလာခြင်း ဖြစ်သည်။

ဘေးနားမှ အခြားလူများက ဤအခြေအနေကိုမြင်သော်လည်း ဘာမျှ မပြောကြပေ။

"ကောင်လေး၊ မင်း ဘာပြောလိုက်တာလဲ။ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ ငါက တောင်ပိုင်းနတ်နန်းတော်ရဲ့ မိသားစုကြီးဆယ်ခုထဲက မုမိသားစုရဲ့ သခင်လေးပဲ။ မင်း..."

"ထွက်သွားစမ်း၊ မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်း ဘယ်သူဆိုတာကလည်း ငါနဲ့မဆိုင်ဘူး။ ခွေးကောင်းဆိုရင် လမ်းကိုပိတ်မရပ်ရဘူး"

မုကြွယ် စကားမဆုံးခင် လုမင်က အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်၏။

"မင်း သေချင်နေတာပဲ။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အမှိုက်က ငါ့အရှေ့မှာ ထောင်လွှားဝံ့တယ်။ ဒီနေ့ ငါ မင်းကို သင်ခန်းစာမပေးရင် ကောင်းကင်နဲ့ မြေပြင်ရဲ့ ကြီးကျယ်မှုကို မင်းသိနိုင်မှာ မဟုတ်ဘူး"

မုကြွယ်၏မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။ သူ့မျက်လုံးများက အေးစက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကလည်း အားကောင်းလာ၏။

သူ့ခန္ဓာကိုယ်မှ မီးတောက်အလွှာတစ်ခုကလည်း ပျံ့နှံ့သွားတော့သည်။

ဘေးနားမှ အခြားလူများကလည်း တားဆီးရန် စိတ်ကူးမရှိဘဲ အေးအေးလူလူ ကြည့်နေခဲ့ကြသည်။

ဤကမ္ဘာကြီးတွင် ရတနာများ ရရှိနိုင်လျှင်ပင် အင်အားရှိမှ ကာကွယ်ထားနိုင်မည် ဖြစ်သည်။

"ရွှမ်း"

မုကြွယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးတောက်များမှ စုဖွဲ့ထားသော ကြာပွတ်က လုမင် မျက်နှာကို ရိုက်ချလိုက်၏။

"ငါက အနိုင်ကျင့်ရလွယ်မယ်လို့ မင်း တကယ်ထင်နေတာလား"

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းတစ်ခု လင်းလက်သွားသည်။ သူ့လက်ဝါးကို ဓားသဏ္ဍာန်သုံးပြီး ခုတ်ချလိုက်၏။

အသံတစ်ချက်နှင့် မီးတောက်ကြာပွတ်က ပြတ်ကျသွားတော့သည်။

"မင်းမှာ အရည်အချင်းရှိတာပဲ၊ ဒါပေမဲ့ ငါ့ရှေ့မှာ မာနကြီးဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး"

မုကြွယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဝုန်း"

သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများက ပို၍ အားကောင်းလာသည်။ ခန်းမထဲတွင် ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့၏။

ဖိအားက အလွန်ပြင်းထန်ပြီး အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခြောက်... ထို့အပြင်၊ ၎င်းက အဆင့်‌ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ဖြစ်သည်။

၎င်းက လုမင်ထက် တစ်ဆင့်ပိုပြီး အားကောင်းခဲ့ပေသည်။

'ဒါက တောင်ပိုင်းနတ်နန်းတော်ရဲ့ ပါရမီရှင်လား'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရှန်းရွှီတိုက်ကြီးက တကယ်ကို ရှန်းရွှီတိုက်အဖွဲ့အစည်း၌ အသန်မာဆုံးတိုက်ကြီးပင်။

တောင်ပိုင်းနတ်နန်းတော်က ရှန်းရွှီတိုက်ကြီးရှိ အသန်မာဆုံး အင်အားစုကြီး လေးခုထဲမှ တစ်ခုသာ ဖြစ်သည်။ သို့တိုင် ဤတစ်နေရာထဲ၌ ထူးကဲသော ပါရမီရှင်များစွာ ရှိနေခဲ့ကြပြီ။

ရှမ်းဟွမ်တိုက်ကြီးမှာတော့ လုံချန်ကဲ့သို့ ပါရမီရှင်တစ်ဦးသည်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ငါး အထွတ်အထိပ်တွင်သာ ရှိသည်။

ရှဲ့နျန်ကျွင်းနှင့် မင်ကျစ်ကဲ့သို့ အခြားပါရမီရှင်များဆိုလျှင် ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ကြ၏။ သူတို့ကြားမှ ကွာခြားချက်က ကြီးမားလွန်းလှသည်။

"ဒူးထောက်"

မုကြွယ်က အေးစက်စက်ဖြင့် ငေါက်လိုက်သည်။ သူက လက်ဝါးပုံရိပ်ကြီးတစ်ခုကို ထုတ်ဖော်ပြီး လုမင်ကို ရိုက်ခိလိုက်၏။ ၎င်းက လုမင်ကို လက်ဝါးတစ်ဖက်ဖြင့် ဖိနှိပ်ပြီး ဒူး‌ထောက်စေချင်သည်။

"မင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်ဆိုရင်ကော ဘာဖြစမလဲ"

လုမင်က လုံးဝမကြောက်ပေ။ သူ့ခန္ဓာကိုယ်ထဲမှ နဂါးစွမ်းအင်များ ပေါက်ကွဲထွက်လာကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက မီးတောက်လက်ဝါးကို ထိုးခွဲလိုက်၏။ လက်သီးအင်အားက မုကြွယ်၏ မီးတောက်လက်ကို တိုက်ရိုက်ထိသွားတော့သည်။

"ဟမ်၊ ထပ်လာမယ်"

လုမင်က သူ့လက်ဖဝါးကို ဖျက်ဆီးလိုက်ကြောင်း မြင်သောအခါ မုကြွယ်၏ မျက်လုံးများက ပို၍ အေးစက်သွားသည်။

"မင်းအမေဆီကိုလာ၊ အခု ငါ့အလှည့်ရောက်ပြီ"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အင်အားသက်ရောက်မှုကြောင့် မြေပြင်တုန်ခါပြီး မရေမတွက်နိုင်သော ကမ္ပည်းစာများ ပေါ်လာခဲ့၏။

"ဝှစ်"

လုမင်၏ပုံရိပ်က မုကြွယ်အနားကို ချက်ချင်းရောက်သွားသည်။ တစ်ချိန်တည်းမှာပင်၊ တတိယသွေးမျိုးဆက်က သူ့ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များက တဟုန်ထိုး စီးဆင်းသွားကာ သွေးအလင်းများ ထုတ်လွှတ်လာတော့သည်။

"ဝုန်း"

တတိယသွေးမျိုးဆက်မှ စွမ်းအား ချေးယူပြီးနောက် လုမင်၏အင်အားက ပို၍ အားကောင်းလာသည်။ သူက မုကြွယ်ကို လက်သီးဖြင့် ထိုးချလိုက်၏။

အေးစက်စက် သတ်ဖြတ်ချင်စိတ်များက မုကြွယ်အား ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုအဖြစ် တိုးဝင်သွားတော့သည်။

ဤအရာက မုကြွယ်၏ မျက်နှာအမူအရာကို အနည်းငယ် ပြောင်းလဲစေခဲ့သည်။ ဟိန်းဟောက်သံနှင့်အတူ မီးတောက်များ တောက်လောင်လာပြီး လုမင်ကို ပြန်လည်ထိုးနှက်လိုက်၏။

"ဝုန်း"

လက်သီးနှစ်လုံးက ထိပ်တိုက်တွေ့သွားသည်။ မုကြွယ်၏အမူအရာက ပြောင်းလဲသွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ တစ်ဖက်တွင်ကား လုမင်၏ ခန္ဓာကိုယ်မှာ အနည်းငယ်သာ လှုပ်ခါသွားခဲ့သည်။

"ဘာ၊ မုကြွယ်ကို တွန်းလှန်ခဲ့တာလား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မုကြွယ်က အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာ ရှိတယ်။ သူက ဘယ်လိုလုပ်ပြီး တွန်းလှန်ခံရနိုင်မှာလဲ"

"လုမင်က အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိသေးတာ၊ ဒါက ဘယ်လိုဖြစ်တာလဲ"

မုကြွယ်ကို လက်သီးနှင့်ထိုးပြီး နောက်ဆုတ်စေခဲ့ခြင်းက မြင်ကွင်းကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ လူအများက အံ့အားသင့်စွာ အော်ဟစ်ခဲ့၏။

၎င်းတို့အထဲတွင် မျက်လုံးအရောင်လက်သွားသော လူငယ်တချို့လည်း ရှိသေးသည်။

ဥပမာအားဖြင့်၊ မီးတောက်နီရောင်ဝတ်စုံဝတ် မိန်းမလှလေး၏ မျက်လုံးများတွင် အံ့အားသင့်သွားသည့် အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

"ချီးပဲ၊ ငါ မင်းကို သတ်မယ်"

မုကြွယ် ဒေါသတကြီးဖြစ်ပြီး အော်ဟစ်လိုက်သည်။

သူ့တွင် မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ကိုယ့်ထက်နိမ့်ကျသော လူငယ်တစ်ဦးကြောင့် နောက်ပြန်ဆုတ်သွားရ၏။ ထိုအတွက် အလွန်အမင်း စော်ကားခံရသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters