← Chapters

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အပိုင်း ( 1204 ) မုကြွယ်ကို အပြတ်ဖိနှိပ်သည်။

မုကြွယ်၏ သတ်ဖြတ်ချင်စိတ်များက အလွန်အားကောင်းသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ တောက်လောင်နေပြီး ဦးခေါင်းထက်မှာလည်း သွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။

မုကြွယ်၏ သွေးမျိုးဆက်‌က မီးလျှံများနှင့် နွယ်ပင် ဖြစ်သည်။ နွယ်ပင်ပေါ်တွင် ရွှေရောင်ချက္ကရကိုးခု ထွန်းလင်းတောက်ပလျက်ရှိ၏။

၎င်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် နွယ်ပင်အသွင် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကလည်း လေထဲသို့ ပြည့်နှက်သွားတော့သည်။

"သေစမ်း"

မီးတောက်နွယ်ပင်က ရှည်လျားသော ကြာပွတ်ကဲ့သို့ ဝှေ့ယမ်းပြီး လုမင်ကို ရိုက်ချလိုက်သည်။ တောက်လောင်နေသော မီးတောက်များက အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပုံရ၏။

သူ့ပတ်ဝန်းကျင်မှ တခြားလူငယ်များလည်း တစ်ယောက်ပြီး တစ်ယောက် ထရပ်လာတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ယွမ်ချီစွမ်းအင်နှင့် ဖုံးလွှမ်ပြီး မီးစွမ်းအားကို တားဆီးလိုက်ကြသည်။

"ဝုန်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ လက်ဝါးရိုက်ချက်က နွယ်ပင်ကို ထိမှန်သောအခါ တရှဲရှဲအသံများ ထွက်ပေါ်လာတော့သည်။

လုမင်လည်း သူ့ဆီသို့ လောင်ကျွမ်းလာသော မီးတောက်များကို ခံစားလိုက်ရသည်။ သူ့လက်ဝါးများ အနည်းငယ်ထုံကျင်လာခဲ့၏။

အမှန်အတိုင်းပြောရလျှင် မုကြွယ်က အလွန်သန်မာသည်။

နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်၊ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံအပြင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက အိခွမ်းထက်ပင် များစွာ အားကောင်းခဲ့ပေသည်။

"ရွှမ်း ရွှမ်း ရွှမ်း"

မီးတောက်နွယ်ပင်က လုမင်ကို ဆက်လက် လွှဲရိုက်လိုက်သည်။

ဤနွယ်ပင်ရိုက်ချက်များက မြေပြင်ကိုပင် ဟက်တက်ကွဲသွားစေနိုင်သည်။ ၎င်း၏စွမ်းအားက လွန်စွာ ကြောက်မက်ဖွယ်ကောင်း၏။ တာအိုအလင်း‌ရောင်ငါးခုက လုမင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ အတားအဆီးမဲ့သော‌ ကောင်းကင်သိုင်းစွမ်းအားက ပို၍ အားကောင်းလာခဲ့၏။ သူက လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း ဝုန်း"

လုမင်၏ လက်ဝါးရိုက်ချက်က မီးတောက်နွယ်ပင်များနှင့် တိုက်မိသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်တစ်ဒါဇင်ကျော် ရင်ဆိုင်ခဲ့၏။

သူတို့နှစ်ယောက်က လက်ရည်ညီနေသည်။ ဤသည်က အခြားသူများကို အံ့အားသင့်စေခဲ့ပေသည်။

"သန်မာလွန်းတယ်၊ ဒီလုမင်က အရမ်းသန်မာတာပဲ။ သူ့ထက်ပိုအဆင့်မြင့်တဲ့ မုကြွယ်ကို တိုက်ခိုက်နိုင်တာ မယုံနိုင်စရာပဲ"

"တကယ်ကို မယုံနိုင်စရာပါပဲ။ ရှမ်းဟွမ်တိုက်ကြီးက အံ့သြစရာ ဖြစ်နေပြီ"

အခြားသူများလည်း အော်ဟစ်လိုက်၏။ လုမင်ကိုကြည့်သော သူတို့အကြည့်များက ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

၎င်းတို့အားလုံးက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့ကြသည်။ အားလုံးက ကိုယ့်နယ်မြေတွင် ထိပ်ဆုံး၌ ရပ်တည်နေသူများ ဖြစ်၏။ သူတို့အားလုံး၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းလှသည်။ ၎င်းတို့အတွက်တော့ အဆင့်ကျော်ပြီး တိုက်ခိုက်ခြင်းမှာ ထမင်းစား ရေသောက်သကဲ့သို့ သာမာန် ဖြစ်ချေသည်။

ထိုအတွက်၊ သူတို့ကဲ့သို့ ပါရမီရှင်အချင်းချင်း ဆုံရသောအခါ အဆင့်ကျော်တိုက်ခိုက်ရန်က မဖြစ်နိုင်သလောက် ဖြစ်သည်။ နောက်ဆုံးတွင် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ပိုင်ရှင်ချင်းအတူတူ တစ်စုံတစ်ယောက်က အခြားသူထက် မည်မျှပို၍ အားနည်းပါမည်နည်း။

ယခုမူကား၊ ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယါ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော မုကြွယ်အား သူ့ထက်နိမ့်ကျသော လုမင်က တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။ သူ့အဆင့်ထက် ကျော်လွန်တိုက်ခိုက်ခဲ့သူကလည်း လူသိမများသော ရှမ်းဟွမ်တိုက်ကြီးမှ ဖြစ်နေပါသေးသည်။

"အား...၊ သေ... သေစမ်း"

မုကြွယ်က အရူးအမူး အော်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် အဆင့်တစ်ဆင့် မြင့်မားသော်လည်း မဖယ်ရှားနိုင်သေးပေ။ ဤအရာက သူ့ကို ဒေါသအမျက် ချောင်းချောင်းထွက်စေခဲ့သည်။

ဤသတင်းသာ ထွက်လာပါက သူ့ဂုဏ်သတင်းအား သိသိသာသာ ရိုက်ခတ်သွားလိမ့်မည်။

ပါရမီရှင်ဆိုသည်မှာ အဘယ်နည်း။ အခြားသူများကို အနိုင်ယူရန် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်မှ ပါရမီရှင်ဟု ခေါ်ထိုက်သည်။ အကယ်၍ ကိုယ့်ထက် အဆင့်နိမ့်သူကိုပင် ရှုံးနိမ့်သေးပါက ပါရမီရှင်ဟု မည်သို့ ခေါ်ဆိုပါမည်နည်း။

ယနေ့ပြီးနောက် သူဟာ ဟာသကောင်ကြီး ဖြစ်လာတော့မည် ဖြစ်သည်။

သူ ဒေါသပေါက်ကွဲသွားသည်။ ဤအခိုက်တွင် လုမင်ကို အမှုန့်ကြိတ်ချင်စိတ်မှတစ်ပါး အခြား ဘာကိုမျှ မလိုချင်တော့ပေ။

သူက ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

"ဘာတွေအော်နေတာလဲ၊ အော်လိုက်ဟစ်လိုက်ရုံနဲ့ တိုက်ခိုက်နိုင်စွမ်း တိုးတက်လာမယ် ထင်လို့လား။ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တဲ့... ဒီတိုက်ခိုက်နိုင်စွမ်းက တကယ့်ကို စိတ်ပျက်စရာကောင်းတယ်။ ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"

လုမင်က မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။

"ဂါး"

နဝမနဂါး သွေးမျိုးဆက်က သူ့ဦးခေါင်းထက်မှာ ပေါ်လာသည်။

"အဲဒါ...သူ့သွေးမျိုးဆက်လား"

"ဒါက ဒဏ္ဍာရီလာ နဝမနဂါး သွေးမျိုးဆက်ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ဒါက နတ်ဘုရားအဆင့်ရှစ်မှာပဲ ရှိတာ"

လုမင်၏သွေးမျိုး ပေါ်လာသည်နှင့် တပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

လုမင်က နဝမနဂါးအသွင်ပြောင်းကာ ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်၏။ သူ၏ ဝါးမျိုခြင်းစွမ်းအားက မုကြွယ်အား ဖုံးလွှမ်းသွားကာ မီးတောက်နွယ်ပင်ကို တုန်လှုပ်သွားစေတော့သည်။

"ဒုန်း ဒုန်း"

နဝမနဂါးက ရှေ့သို့လှမ်းကာ နဝမနဂါးခြေလှမ်းကို ထုတ်ဖော်လိုက်သည်။ ပြင်းထန်သောစွမ်းအားက မီးတောက်နွယ်ပင်ကို ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်လိုက်၏။

အကြိမ်ရေအနည်းငယ် ဆက်တိုက် ပေါက်ကွဲပြီးနောက်မှာတော့ မီးတောက်နွယ်ပင်က သုံးပိုင်း ပြတ်ထွက်သွားတော့သည်။

နဝမနဂါးက သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။ နဂါးလက်များက မီးတောက်‌နွယ်များကို အသီးသီး ဖမ်းဆုပ်လိုက်၏။ နွယ်ပင်က ကိုးပိုင်းပြတ်ပြီး မီးလျှံများအဖြစ် ပြောင်းလဲသွားတော့သည်။

"ဝုန်း"

နဝမနဂါးက ၎င်း၏အမြီးကို လွှဲလိုက်သည်။ နဝမနဂါးအမြီးက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကို သယ်ဆောင်ကာ မီးတောက်နွယ်ပင် ပင်ပနေရာကို ရိုက်ထုတ်လိုက်၏။

မီးတောက်နွယ်ပင်က အမြစ်မှကျွတ်ပြီး လွင့်စဉ်ကာ နံရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်မိတော့သည်။

"ဝုန်း... အား"

နံရံပေါ်တွင် မရေမတွက်နိုင်သော ကမ္ပည်းစာများ ပေါ်လာသော်လည်း ပြင်းထန်စွာ တုန်လှုပ်သွားရဆဲ ဖြစ်သည်။ မုကြွယ်၏ သနားစဖွယ် အော်ဟစ်သံလည်း ထွက်ပေါ်လာခဲ့လေသည်။

လုံးလုံးလျားလျား ဖိနှိပ်ခံရသည်၊ အပြတ် ချေမှုန်းခံရသည်။

လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက် မုကြွယ်အား လုံးဝ ချေမှုန်းပစ်ခဲ့သည်။

"ဝှစ်"

နဝမနဂါးက သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး မုကြွယ်အရှေ့တွင် ပေါ်လာသည်။ နဂါးလက်သည်းများနှင့် ‌နွယ်ပင်ကို ဆွဲယူလိုက်၏။

မုကြွယ်၏ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ လူများစွာလည်း တုန်ယင်သွားခဲ့သည်။

အကြိမ်ရေတစ်ဒါဇင်ကျော် ဆက်တိုက် လှုပ်ရှားပြီးနောက်မှာတော့ မုကြွယ် သည်းမခံနိုင်တော့ပါ။ သူ့သွေးမျိုးဆက် ပြိုကျပြီး မူလကိုယ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်တွင် သူဆံပင်များက ရှုပ်ပွပြီး အဝတ်အစားများ ဆုပ်ပြဲနေသည်။ သူ၏ တစ်ကိုယ်လုံးက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး အလွန် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့သည်။

လူအုပ်ထဲတွင် မုဖုန်း၏မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားသည်။

အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးသော မုကြွယ်သည်ပင် ရှုံးနိမ့်သွားခဲ့ပြီ။

ထို့နေ့က လုမင်၏ ရိုက်နှက်မှုကို မုကြွယ်၏လက်နှင့် ပြန်လည်ချေမှုန်းနိုင်ပြီဟု တွေးထားသော်လည်း...၊ လုမင်က ဤမျှအစွမ်းထက်ပြီး မုကြွယ်ကိုပင် အပြတ်ဖိနှိပ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

"ခွေးသား၊ မင်းငါ့ကို ရိုက်ဝံ့တယ်၊ မင်း သေပြီပဲ"

မုကြွယ် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့အရိုးထဲထိ လုမင်ကို တူးတူးခါးခါး မုန်းတီးသွား၏။

ယနေ့မှစ၍ သူ မုကြွယ်ဟာ တောင်ပိုင်း နတ်နန်းတော်၏ ရယ်မောစရာ ဟာသတစ်ခု ဖြစ်လာတော့မည်မှာ သေချာနေခဲ့ပြီ ဖြစ်သည်။

နဝမနဂါးက ပြန်ကျုံ့သွာပြီး လူသားအသွင် လုမင်ပုံစံ ပြောင်းလဲသွားခဲ့သည်။ သူက အေးစက်စက်မျက်လုံးများနှင့် မုကြွယ်ကို စိုက်ကြည့်လိုက်၏။ သူက ခြေတစ်ချက် ကန်ထုတ်လိုက်ရာ အော်သံနှင့်အတူ မုကြွယ်၏မျက်နှာနှင့် နံရံက ကြမ်းကြမ်းတမ်းတမ်း မိတ်ဆက်သွားရတော့သည်။ သူ့မျက်နှာက ပုံပျက်ပြီး ရွဲပြဲသွားသည်။

"မင်းငါ့ကို ခြိမ်းခြောက်ဝံ့သေးတယ်ပေါ့။ ငါမင်းကို အခုချက်ချင်း သတ်လိုက်မယ်ဆိုတာ ယုံလား"

လုမင်ထံမှ သတ်ဖြတ်ချင်စိတ်များက ပြင်းထန်လွန်းသဖြင့် မုကြွယ် တုန်လှုပ်သွား၏။

'အား၊ ချီးပဲ'

မုကြွယ်သည် သူ့စိတ်ထဲတွင် ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း ထုတ်ဖော်မပြောဝံ့တော့ပေ။

လုမင်၏ ဆံပင်များက နီစွေးပြီး မျက်လုံးများကလည်း အနီရောင်ဖြစ်သည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်များက အားကောင်းပြီး အေးစက်လွန်း၏။ သူ တစ်ခုခုပြောမိသည်နှင့် လုမင်က တကယ်သတ်လိမ့်မည်ဟု ခံစားခဲ့ရသည်။

လုမင်က သူ့လက်ဝါးကိုဖြန့်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ သူ၏ယွမ်ချီစွမ်းအင်က မုကြွယ်လက်မှ သိုလှောင်လက်စွပ်ကိုရစ်ပတ်ကာ ဆွဲယူသွား၏။ လုမင် ဖမ်းယူလိုက်တော့သည်။

"ဒီသိုလှောင်လက်စွပ်က ငါ့ရဲ့စိတ်အခြေအနေကို မတည်မငြိမ်စေဖြစ်စေတဲ့အတွက် မင်းရဲ့ပြစ်ဒဏ် လျော်ကြေးအဖြစ် မှတ်လိုက်ပါ"

လုမင်က သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။

“မင်း… မင်း မလုပ်..."

မုကြွယ် ငိုသံပါကြီးနှင့် အော်ဟစ်လိုက်သည်။

သူ ငိုချင်သွား၏။ ထိုသိုလှောင်လက်စွပ်က သူ၏ အကောင်းဆုံး စုဆောင်းထားမှုများ ဖြစ်သည်။

ထို့ပြင် စိတ်အခြေအနေအတွက် ထိခိုက်မှုလျော်ကြေးက ဘယ်လိုသဘောမျိုး ဖြစ်သနည်း။ လျော်ကြေးကိုပြောရလျှင် သူက ရသင့်သောသူ မဟုတ်ပါလော။ အဘယ်ကြောင့် ဤမျှ အရှက်မဲ့ရပါသနည်း။

"သေချင်လို့လား"

လုမင်၏ သွေးရောင်မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ မုကြွယ် လန့်ဖျတ်ပြီး ချက်ချင်း စကားရပ်သွား၏။ သို့သော်လည်း ဒေါသကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေတော့သည်။

"ထွက်သွား"

လုမင်က နောက်ပြန်လှည့်ပြီး အေးစက်စက်ဖြင့် ငေါက်လိုက်သည်။

ရှမ်းဟွမ်တိုက်ကြီးတွင်သာ ဤသို့ဖြစ်ခဲ့ပါက လုမင်၏ ရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။ သို့ရာတွင်၊ ဤသည်က ရှန်းရွှီတိုက်ကြီး ဖြစ်သည်။ လုမင်က ဤနေရာကို ယခုမှရောက်လာခြင်းဖြစ်၍ ထိန်းကျောင်းနေခဲ့ရပေသည်။

မုကြွယ်က လုမင်ကို မုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာတော့ တုန်ခါနေသောခြေထောက်တို့ဖြင့် တံခါးပေါက်ဆီသို့ လှည့်လျှောက်သွားတော့သည်။

"ဝမ်းကွဲအစ်ကို၊ ငါ့ကိုစောင့်ပါဦး"

မုဖုန်းလည်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ သူလည်း၊ ချက်ချင်းဆိုသလို မုကြွယ်အနောက်သို့ ပြေးလိုက်ရင်း ဤနေရာမှ ထွက်ခွာသွားတော့သည်။

"ညီနောင်ပန်၊ မင်းလိုချင်တဲ့ ဓားသဏ္ဍာန်ကျောက် ဒီမှာပါ"

လုမင်က ပန်ယွမ်ဆီသို့ လျှောက်သွားကာ ဓားသဏ္ဍာန်ကျောက်ကို ကမ်းပေးလိုက်သည်။

"ဟားဟားဟား၊ ညီနောင်လုရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို လေးစားစရာပါပဲ။ မာနကြီးပြီး အကျင့်မကောင်းတဲ့ မုကြွယ်... နောက်ဆုံးတော့ ဒီနေ့မှာ သံပြားတစ်ချပ်ကို ကန်လိုက်မိပြီပေါ့"

ပန်ယွမ်က ရယ်မောပြီး မီးဝိညာဉ်အမြစ်ကို လုမင်ထံသို့ လွှဲပေးလိုက်လေသည်။

"ညီနောင်ပန်၊ မင်းက ယဉ်ကျေးလွန်းပါပြီ"

လုမင်လည်း ပြုံးလိုက်သည်။

နှစ်ယောက်စလုံး သူတို့လိုချင်တာကို ရရှိသွား၍ စိတ် ကျေနပ်သွားကြသည်။

"စိတ်ဝင်စားစရာပဲ"

အနီရောင်ဝတ် မိန်းကလေးက လုမင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ သူမ၏ ရဲရင့်သော မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ကိုလည်း လှစ်ဟလာတော့သည်။

All Chapters