← Chapters

အခန်း ၁၂၀၅

Vol. 81 Ch. 1205

အခန်း ၁၂၀၅

Vol. 81 Ch. 1205

အပိုင်း ( 1205 ) ရှေးဟောင်းမိုင်းအတွင်းရှိ ရတနာများ။

ရတနာလဲလှယ်ခြင်းများ ဆက်လက်ပြုလုပ်နေခဲ့သည်။ အခြားလူငယ်များ တစ်ဦးပြီးတစ်ဦးထွက်ကာ ရတနာလဲလှယ်ပြီး ရောင်းဝယ်ကြ၏။

"ငါ့မှာ ရှန်းရွှီရှေးဟောင်းမိုင်းနှစ်ခုရှိတယ်။ အဲဒါကို ဘယ်သူတွေ လိုချင်မလဲမသိဘူး"

ခဏကြာသောအခါ အခြား လူငယ်တစ်ဦးက ရှန်းရွှီရှေးဟောင်းမိုင်းနှစ်ခုကို ထုတ်ယူလိုက်သည်။

"ဟင်"

လူငယ်က ရှန်းရွှီရှေးဟောင်းမိုင်းနှစ်ခုကို ထုတ်ယူလိုက်သောအခါ ရှဲ့နျန်ချင်း မျက်ခုံးပင့်လိုက်၏။

"လုမင်၊ အဲဒီရှေးဟောင်းမိုင်းကနေ တစ်ခုခုကို ငါခံစားရတယ်"

ရှဲ့နျန်ချင်းက အသံပို့လွှတ်ပြီး ပြောလိုက်သည်။

"ရှောင်ချင်း၊ မင်း ခံစားရတာလား"

လုမင် အနည်းငယ် အံ့သြသွားသည်။

"လုမင်၊ အဲဒီရှေးဟောင်းမိုင်းထဲက တစ်ခုမှာ ဒီကောင်မ‌လေးအတွက် သင့်တော်တဲ့အရာတစ်ခုခု တကယ် ရှိနေတယ်။ အဲဒါကြောင့် သူ ခံစားလိုက်ရတာ၊ ဒါပေမဲ့ ဒီလောက်ကြီး တန်ဖိုးကြီးတာတော့ မဟုတ်ဘူး"

တန်တန်ကလည်း လုမင်ကို အသံပို့လွှတ်ပြီး ပြော၏။

လုမင် ခေါင်းညိတ်ပြီး ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

ယခင်ကကဲ့သို့ပင်၊ ရှန်းရွှီရှေးဟောင်းမိုင်းများကို ဝယ်ယူခြင်းက အလောင်းအစားပြုခြင်းနှင့်တူ၍ မည်သူမျှ ဈေးမပေးကြပေ။

"ငါက ဒီကို ပထမဆုံး ရောက်တာဆိုတော့ ရှန်းရွှီရှေးဟောင်းမိုင်းတွေကို အတော်သိချင်မိတယ်။ အဲဒီ ရှေးဟောင်းမိုင်းနှစ်ခုကို ကျောက်ကြမ်းတစ်သိန်းနဲ့ ကံစမ်းမယ်"

လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့ပုံစံက စူးစမ်းလိုစိတ်သက်သက်ဖြင့် ရှေးဟောင်းမိုင်းနှစ်ခုကို ဝယ်ယူနေပုံရလေသည်။

လုမင် ပြောပြီးသောအခါ မည်သူမျှ ဈေးမပေးတော့ပေ။

ထိုလူငယ်လေး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ယခင်က ရှန်းရွှီရှေးဟောင်းမိုင်းကို ကျောက်ကြမ်းငါးသန်းဖြင့် ရောင်းချနိုင်ခဲ့သော်လည်း သူ၏ ရှေးဟောင်းမိုင်းတွင်းနှစ်ခုကျ ကျောက်ကြမ်းတစ်သိန်းဖြင့်သာ ရောင်းချခဲ့ရသည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းကြည့်သော်လည်း မည်သူမျှ ဈေးမပေးကြပေ။ ထိုအတွက် ဈေးမတက်တော့ဘဲ လုမင်ကို ကျောက်တုံးတစ်သိန်းဖြင့် ရောင်းချရန်မှတပါး ရွေးချယ်စရာမရှိတော့ပါချေ။

လုမင်က လူငယ်လေးကို ကျောက်ကြမ်းတစ်သိန်းပေးပြီး ရှေးဟောင်းမိုင်းနှစ်ခုအား လက်ခံယူလိုက်သည်။ သို့သော်လည်း သူက အောက်ကို ပြန်မဆင်းခဲ့ပေ။

ထိုအစား လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

"လုမင်က တော်ဝင်သွေးကျောက်၊ ကျိုးယဲ့ကျောက်၊ မြေဧကရာဇ်အနှစ်သာရနဲ့ ဆန်းကျယ်ရေခဲမြက်...တို့ကို ဝယ်ချင်ပါတယ်။ ဒီပစ္စည်းတွေရှိမယ်ဆိုရင် မင်းရဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောကြည့်ပါ၊ လုမင်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်"

"တော်ဝင်သွေးကျောက်၊ မြေဧကရာဇ်အနှစ်သာရ..."

တခြားသူများအားလုံး အမူအရာ ပြောင်းလဲသွား၏။

"ဒီပစ္စည်းလေးခုစလုံးက အရမ်းတန်ဖိုးရှိတယ်။ သူတို့ရဲ့တန်ဖိုးက မီးဝိညာဉ်အမြစ်နဲ့တောင် ယှဉ်နိုင်တယ်။ ဆန်းကျယ်ရေခဲမြက်ဆိုရင် ပိုလို့တောင် အဖိုးတန်သေးတယ်"

"ဟုတ်တယ်၊ ငါလည်း ဒီးဆေးပင်နဲ့ ပစ္စည်းတွေအကြောင်းကို ကြားရုံပဲကြားဖူးတာ၊ တစ်ခါမှ မတွေ့ဖူးဘူး"

ပတ်ဝန်းကျင်မှ လူငယ်များက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ သူတို့အားလုံးနီးပါး ခေါင်းခါယမ်းလိုက်ကြ၏။

"တော်ဝင်သွေးကျောက်၊ ငါ့မှာ တစ်ခုရှိတယ်"

ဤအခိုက်အတန့်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

အသံလာရာဆီသို့ ကြည့်လိုက်သောအခါ လုမင်၏ မျက်လုံးများ တောက်ပသွား၏။

စကားပြောလာသူမှာ အနီရောင်ဝတ် မိန်းကလေး ဖြစ်သည်။

"ဒါက ကျိဟုန်ချန်ပဲ"

တစ်ယောက်က ခပ်တိုးတိုး ပြော၏။

လုမင်၏ရင်ထဲ တစ်ချက်ခုန်သွားသည်။ ဤမိန်းကလေးက အမှန်တကယ် ကျိဟုန်ချန်သည်ပင်။

"မိန်းကလေးကျိ၊ မင်းမှာ တော်ဝင်သွေးကျောက်ရှိတာလား"

လုမင် မေးလိုက်သည်။

ဂျီဟုန်ချန်၏ လက်ဝါးက အရောင်လက်သွားပြီး နီညိုရောင် ကျောက်တစ်လုံး ပေါ်လာခဲ့၏။ ဤကျောက်တုံးက သွေးနီရောင် ကျောက်စိမ်းနှင့်တူသော်လည်း အံ့ဖွယ်ကောင်းအောင် မွှေးကြိုင်သော ရနံ့တစ်ခု ထွက်ပေါ်နေပေသည်။

"တကယ်ကို တော်ဝင်သွေးကျောက်ပဲ"

လုမင်၏ မျက်လုံးများ တောက်ပသွားသည်။

"မိနမးကလေးကျိ၊ တော်ဝင်သွေးကျောက်ကို ဘယ်လိုရတနာနဲ့ လဲလှယ်ချင်လဲ။ တကယ်လို့ အဲဒါက ငါ့မှာမရှိရင်တောင် နည်းလမ်းကို သေချာပေါက် စဉ်းစားမှာပါ"

လုမင် ပြောလိုက်သည်။

"အစ်ကိုလု၊ ဒါက ရှန်းရွှီတိုက်ကြီးကို နင် ပထမဆုံးရောက်ဖူးတာ မဟုတ်လား။ နင်က ဧည့်သည်ဖြစ်တာကြောင့် ငါ့အတွက် ရတနာတစ်ခုခုနဲ့ လဲလှယ်စရာ မလိုပါဘူး။ ကျောက်ကြမ်းတွေနဲ့ ဝယ်လို့ရတယ်။ အင်း... ကျောက်ကြမ်း သန်းသုံးဆယ်ပဲပေး"

ကျိဟုန်ချန်က ပြောလိုက်သည်။

"သန်းသုံးဆယ်လား"

လုမင် အနည်းငယ် အံ့ဩသွား၏။

စျေးကြီးလွန်းသောကြောင့် မဟုတ်ဘဲ တန်လွန်းသောကြောင့်သာ ဖြစ်သည်။

တော်ဝင်သွေးကျောက်က ရှားပါးရတနာတစ်ခုဖြစ်ပြီး အဆင့်ကိုး အထွတ်အထိပ်တွင် ရှိသည်။ ၎င်းက ကမ္ဘာပေါ်တွင် ရှားပါးသောကြောင့် ၎င်း၏အစစ်အမှန် ပေါက်ဈေးနှုန်း သန်းသုံးဆယ်ကျော် ရှိပေသည်။

"မိန်းကလေးကျိ၊ ကျောက်ကြမ်း သန်းသုံးဆယ်က အရမ်းတန်တဲ့ ဈေးနူန်းတစ်ခုပါပဲ။ ဒါဆိုရင် ငါ အခွင့်ကောင်းယူသလိုဖြစ်လိမ့်မယ်"

လုမင် ပြောလိုက်သည်။

"အစ်ကိုလု၊ နင်က ဧည့်သည်တစ်ယောက်ပဲလေ။ နောက်ပြီး ဟုန်ချန်ကို အစ်ကိုလုရဲ့သူငယ်ချင်းလိုပဲ ဆက်ဆံပါ"

ကျိဟုန်ချန်က ရိုးရိုးသားသား ပြုံးလိုက်သည်။

ကျိဟုန်ချန်၏ သဘောထားက လုမင်၏ ခွန်အားကြောင့်ဖြစ်မှန်း လူတိုင်းသိပေသည်။

လုမင်၏ ခွန်အားကသာ အားနည်းနေပါက ကျိဟုန်ချန်မှ ဂရုစိုက်မည် မဟုတ်ပေ။ သို့ရာတွင် လုမင်၏ ခွန်အားက ကျိဟုန်ချန်၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူနှင့် မိတ်ဆွေဖွဲ့လိုခဲ့ခြင်း ဖြစ်ချေသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေးကျိ"

လုမင် ယဉ်ကျေးမနေတော့ပေ။ သူက သိုလှောင်လက်စွပ်တစ်ကွင်းထဲတွင်‌ ကျောက်ကြမ်း သန်းသုံးဆယ်ထည့်ပြီး ကျိဟုန်ချန်အား ပေးလိုက်သည်။

ကျိဟုန်ချန်ကလည်း တော်ဝင်သွေးကျောက်ကို လုမင်အား ပေးလိုက်၏။

တော်ဝင်သွေးကျောက်ကို ရယူပြီးနောက် လုမင်လည်း ကျေနပ်စွာဖြင့် သူ့ထိုင်ခုံကို ပြန်လာခဲ့တော့သည်။

ယနေ့ ရိတ်သိမ်းရတာ တကယ်ကို မဆိုးပေ။

ထို့နောက်တွင်၊ လူအများက လဲလှယ်ရန် ရတနာများကို ထုတ်ယူခဲ့ကြသည်။ သို့သော်လည်း ရှဲ့နျန်ချင်းနှင့် လုမင်တို့ကို စိတ်ဝင်စားစေတာ မရှိတော့ပါချေ။

အတန်ကြာအောင် စောင့်ကြည့်ပြီးနောက် လုမင်နှင့် ရှဲ့နျန်ချင်းက ပြန်ထွက်လာခဲ့သည်။ သူတို့က ပဉ္စမထပ်သို့ ရောက်သောအခါ ရဲ့ချွမ်အား ဝင်နှုတ်ဆက်လိုက်၏။ ထို့နောက်မှာတော့ စစ်သူကြီးတောင်မှ ၎င်းတို့၏ နေအိမ်ကို ပြန်ခဲ့ကြတော့သည်။

အခန်းထဲတွင်၊ လုမင်နှင့် ရှဲ့နျန်ချင်းက တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ဝင်ပြီး တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခုက သူတို့နှစ်ဦးကြားတွင် လွင့်မျောလာခဲ့၏။

ဤသည်မှာ ရှဲ့နျန်ချင်း ခံစားလိုက်ရသော ရှေးဟောင်းမိုင်း ဖြစ်သည်။

လုမင်က ယွမ်ချီစွမ်းအင်ဓားနှင့် ရှန်းရွှီရှေးဟောင်းမိုင်းကို လှီးဖြတ်လိုက်၏။

ရှန်းရွှီရှေးဟောင်းမိုင်းက သတ္တုအများစုထက်ပင် ပို၍မာကျောသည်။ သို့သော်လည်း လုမင်၏ စွမ်းအင်သိပ်သည်းမှုအရ ၎င်းကို အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့ပေသည်။

ရုတ်ချည်းဆိုသလို အနက်ရောင်နတ်ဆိုးအငွေ့အသက်များက ပျံ့နှံ့သွားသည်။

"တကယ်ကို တစ်ခုခုရှိတယ်"

လုမင်၏ မျက်လုံးက အရောင်လက်သွားခဲ့သည်။ ဤရှန်းရွှီရှေးဟောင်းမိုင်းက တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှပေသည်။ အထဲတွင် ချိတ်ပိတ်ထားသော အရာတစ်ခု အမှန်တကယ် ရှိနေသည်။

"ခလွပ်"

နောက်ဆုံးတွင်၊ ရှေးဟောင်းမိုင်းက အက်ကွဲသွားပြီး အနက်ရောင်သွေးတစ်စက် ပေါ်လာခဲ့၏။ နတ်ဆိုးအလင်းတစ်ခုကလည်း ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

"ဒါက ရှန်းရွှီ ရှေးဟောင်းမိုင်းထဲမှာ တံဆိပ်ခတ်ထားတဲ့ ကျွမ်းကျင်သူရဲ့ သွေးတစ်စက်ပဲ"

လုမင် တိတ်တဆိတ် အံ့အားသင့်သွားသည်။

ဒဏ္ဍာရီအရ၊ ရှန်းရွှီရှေးဟောင်းမိုင်းသည် ရှန်းရွှီတိုက်ကြီးမှ ဆင်းသက်လာတာ မဟုတ်ဘူးဟု ပြောကြ၏။ တချို့က ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ခြင်းဟု ဆိုကြသည်။ တန်ခိုးရှင်ကြီးများကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့ဆီမှ သွေးများ၊ ရတနာများနှင့် ပစ္စည်းအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ ရှန်းရွှီရှေးဟောင်းမိုင်းက ဟင်းလင်းပြင်အက်ကြောင်းမှ ရှန်းရွှီတိုက်ကြီးပေါ်ကို ကျရောက်လာခဲ့၏။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် အချို့သော ရတနာများ၊ သွေး စသည်တို့ကို ရှန်းရွှီရှေးဟောင်းမိုင်းအတွင်းတွငမ တံဆိပ်ခတ်ခဲ့ကာ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

"ဒီသွေးစက်ပိုင်ရှင်က နတ်ဆိုးတာအိုကို လေ့ကျင့်ခဲ့တဲ့ တန်ခိုးရှင်ပဲ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လို့ ဒီသွေးစက်ရဲ့ စွမ်းအားက သိပ်မများပေမဲ့၊ အဲဒါက ငါ့အတွက် အတော်အသုံးဝင်နေသေးတယ်။ ဒါကိုသန့်စင်ပြီးရင် ငါ ပိုပြီးတော့ တိုးတက်လာမှာသေချာတယ်"

ရှဲ့နျန်ချင်းက ပြုံးလိုက်သည်။

"ကောင်းတယ်၊ ရှောင်ချင်း... ဒါဆိုရင် စွမ်းအင်တွေ လျော့ပါးမသွားခင် မြန်မြန် သန့်စင်လိုက်သင့်တယ်"

လုမင် ပြောလိုက်၏။

ရှဲ့နန်ချင်းလည်း ခေါင်းညိတ်လိုက်လေသည်။ သူမ၏ ဦးခေါင်းထက်တွင် သွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။ သူ၏လက်နှစ်ဖက်နှင့် တံဆိပ်တော်တစ်ခု ဖန်တီးပြီး သွေးတစ်စက်ကို ဆွဲယူကာ စတင်သန့်စင်လိုက်တော့သည်။

ရှဲ့နျန်ချင်းအတွက် နတ်ဆိုးသွေးတစ်စက်ကို သန့်စင်ရန် အနည်းဆုံး ရက်အနည်းငယ် ကြာမည်ဟု ခန့်မှန်းရသည်။

လုမင်လည်း အနီးနားရှိ တောင်တစ်လုံးပေါ်သို့ လျှောက်သွားကာ ကျန်ရှိနေသေးသော ရှန်းရွှီရှေးဟောင်းမိုင်းများကို ထုတ်ယူလိုက်သည်။

၎င်းတို့ထဲမှ သုံးခုကို မုကြွယ်က ဝယ်ယူထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း၊ သူ၏ သိုလှောင်လက်စွပ်ကို လုမင်က လုယူလိုက်သောကြောင့် ရှန်းရွှီရှေးဟောင်းမိုင်း သုံးခုသည်လည်း လုမင်၏လက်ကို သဘာဝအတိုင်း ကျရောက်ခဲ့ရသည်။

၎င်းတို့ထဲမှ တစ်ခုမှာ ရတနာတစ်ခုရှိနေသည်ဟု တန်တန်ခံစားခဲ့ရသော အရာဖြစ်သည်။ လုမင်လည်း ၎င်းကို ဘေးဖယ်ထားပြီး အခြား ရှန်းရွှီရှေးဟောင်းမိုင်းသုံးခုကို တစ်ခုပြီးတစ်ခု ဖြတ်တောက်လိုက်၏။

သို့သော်၊ အထဲတွင် အဖိုးတန်တာ ဘာတစ်ခုမျှ မရှိပေ။ အသုံးမဝင်သော သတ္တုရိုင်း သုံးတုံးသာ ရှိသည်။

လုမင်က နောက်ဆုံး ရှေးဟောင်းမိုင်းကိုကြည့်ကာ ယွမ်ချီစွမ်းအင်ဓားဖြင့် ခုတ်လိုက်သည်။

ရုတ်တရက်၊ ရှန်းရွှီရှေးဟောင်းမိုင်းအတွင်းမှ ပူပြင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့၏။

လုမင်လည်း အလွန်ဝမ်းသာသွားပြီး ရှေးဟောင်းမိုင်းကို လုံးဝဖြတ်တောက်လိုက်တော့သည်။

"ဒါက လက်နက် အပိုင်းအစတစ်ခုပဲ"

ရှန်းရွှီရှေးဟောင်းမိုင်းအတွင်းမှ လုမင်သည် မီးတောက်လောင်နေသကဲ့သို့ ပြင်းထန်သော အငွေ့အသက်များနှင့် လက်နက်အပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။

All Chapters