← Chapters

အခန်း ၁၂၀၈

Vol. 81 Ch. 1208

အခန်း ၁၂၀၈

Vol. 81 Ch. 1208

အပိုင်း ( 1208 ) ရှန့်ပင်းတိုက်ကြီးမှ ပါရမီရှင်။

"စိတ်မပူပါနဲ့၊ ဒါက အဆင့်ခြောက် အစောပိုင်းအဆင့် ဝိညာဉ်နတ်ဘုရားနှစ်ပါးပဲ"

လုမင် ပြောလိုက်၏။

ကျန်နှစ်ဦး၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိခဲ့ကြသည်။

"ကောင်မလေး... မင်းငါ့ကို တားဝံ့တယ်လား။ သေချင်နေပြီထင်တယ်"

ကတုံးလေးက အော်ဟစ်လိုက်သည်။ ထို့နောက် စွမ်းအင်စုစည်းပြီး ရှဲ့နျန်ချင်းကို လက်သီးနှင့် ထိုးချလိုက်၏။

ရှဲ့နျန်ချင်း၏ အနား၌ ကြာပန်းနက်များ ပွင့်လန်းလာကာ ကြာပန်းဓားများ ဖြစ်သွားခဲ့ကြသည်။ ကောင်းကင်နတ်ဆိုးပိုင်နက်လည်း ထွက်ပေါ်လာပြီး ကတုံးလေးကို ဖုံးလွှမ်းသွား၏။ သူတို့နှစ်ဦးက လက်ရည်ညီမျှပုံရကာ အချိန်တိုအတွင်း အနိုင်အရှုံးကိုဆုံးဖြတ်ရန် ခက်ခဲသည်။

"ဒီကောင်မလေးရဲ့ တိုက်ခိုက်နိုင်စွမ်းက မဆိုးဘူး။ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်နဲ့ ဒီလို တိုက်ခိုက်နိုင်စွမ်းမျိုးရှိတာ... တကယ်ကို ရှားတယ်"

ကျန်လူငယ်နှစ်ဦးအနက် တစ်ဦးက ပြောလိုက်သည်။

"တကယ်ပါပဲ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်။ နောက်ပြီးတော့ ပဉ္စမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကောင်လေးတစ်ယောက်လည်း ရှိသေးတယ်။ သူ့ကိုတော့ ငါ့အတွက်ထားလိုက်ပါ"

‌ပြောဆိုပြီးနောက် လူငယ်တစ်ဦးက လှုပ်ရှားလိုက်သည်။ ၎င်းက လျှပ်စီးကဲ့သို့ လှုပ်ရှားပြီး လုမင်ကို တိုက်ခိုက်လိုက်၏။ သူ့လက်ဝါးကို ဓားတစ်လက်ကဲ့သို့ အသုံးပြုပြီး လုမင်အား ထိုးခုတ်လိုက်သည်။

သို့သော်၊ လုမင်က လုံးဝ မတုန်လှုပ်ပေ။ သူက စေ့စေ့ပင် လှည့်မကြည့်ဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

"ဝုန်း"

လက်နှစ်ဖက် ထိပ်တိုက်တွေ့သွားခဲ့၏။ လုမင်က မလှုပ်ရှားဘဲ တစ်ဖက်လူငယ်သာ နောက်ပြန်ဆုတ်သွားရတော့သည်။

"မင်းမှာ တိုက်ခိုက်နိုင်စွမ်း နည်းနည်းရှိတာပဲ။ ငါ့ရဲ့ ခွန်အားအပြည့်အ၀ အသုံးမပြုရင် မင်းကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"

လူငယ်၏ မျက်လုံးများက အေးစက်ပြီး လေးနက်လာသည်။

သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာပြီး စူးရှသော အရောင်အဝါများ လင်းလက်သွား၏။

"ဝှစ်"

၎င်းက လှံနှင့် တစ်သားတည်းဖြစ်သကဲ့သို့ လုမင်ကို ထိုးနှက်လိုက်တော့သည်။

လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူက လက်ဝါးရိုက်ချက်ကိုပင် ထပ်မံ ထုတ်ဖော်လိုက်၏။

"ထန်"

လုမင်က နောက်ကျမှ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ဦးစွာရောက်သွားသည်။ သူ့လက်ဝါးက လျှပ်စီးလက်သကဲ့သို့ လှံကို ရိုက်ချလိုက်၏။

"ဝမ်"

လှံက အဆက်မပြတ် တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်ကလည်း တုန်လှုပ်သွား၏။ သူ့အမူအရာက ပြောင်းလဲသွားကာ နောက်တစ်ကြိမ် ဆုတ်သွားရပြန်တော့သည်။

ဤတစ်ကြိမ်တွင် သူသာမကဘဲ အခြားလူငယ်၏ အမူအရာလည်း လေးနက်သွားခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရား နယ်ပယ်တွင်သာ ရှိနေသော်လည်း ပေါက်ကွဲထွက်ခဲ့သော တိုက်ခိုက်နိုင်စွမ်းက အံ့ဖွယ်ကောင်းလှသည်။ ၎င်းက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုပင် အမှန်တကယ် အလွယ်တကူ တွန်းလှန်နိုင်ခဲ့၏။

သိထားရမည်မှာ၊ သူတို့က သာမာန်ဝိညာဉ်နတ်ဘုရားများ မဟုတ်ကြဘဲ ထိပ်တန်းပါရမီရှင်များ ဖြစ်သည်။

"ခွန်အားရှိတဲ့သူတွေပဲ ရတနာတွေကို ရနိုင်တယ်။ မင်းမှာ ခွန်အားရှိမှတော့ ဒီရှန်းရွှီရှေးဟောင်းမိုင်းတွေက မင်းပိုင်ပါတယ်။ ကျန့်လော့၊ သွားကြရအောင်"

နောက်ဆုံးလူငယ်လေးက ကတုံးလေးကို ပြောလိုက်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက နားမလည်နိုင်သလို ခံစားရစေခဲ့ပေသည်။ ဤရှန်းရွှီရှေးဟောင်းမိုင်း အနည်းငယ်အတွက် လုမင်နှင့် တိုက်ခိုက်ခြင်းမှာ အမှန်တကယ် မထိုက်တန်ပေ။

"ဝုန်း"

ကတုံးလေးလည်း ရှဲ့နျန်ချင်းနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် နောက်ပြန်ဆုတ်သွားသည်။

"မင်းတို့က ဒီကို ရောက်လာတာနဲ့ ငါ့သူငယ်ချင်းကို ဒဏ်ရာရအောင်လုပ်လိုက်တယ်။ အခုမှ ဒီစကားတွေပြောပြီး ထွက်သွားချင်တယ်ပေါ့၊ အဟက်... ငါတို့ကို ဘယ်သူ ထင်လို့လဲ"

လုမင်က လှောင်ပြောင်လိုက်သည်။ သူ့အရှိန်အဝါများက မြင့်တက်လာသလို မျက်လုံးများလည်း အေးစက်သွား၏။

"ကောင်‌လေး၊ ငါတို့က နောက်ပြန်ဆုတ်ဖို့ အစပြုနေတာတောင် မင်းက ဘာလုပ်ချင်သေးလို့လဲ။ ဆိုးဆေးတစ်ဘူးပေးတာနဲ့ ဆိုးဆေးရုံကြီး ဖွင့်ချင်နေတယ်။ ငါတို့ ကျန့်ပင်း‌တိုက်ကြီးက မင်းကို ကြောက်နေမယ်လို့ ထင်လို့လား"

ကတုံးလေးက အော်လိုက်သည်။

"မင်းတို့က ကျန့်ပင်းတိုက်ကြီးကလား"

ထိုပါ့ရှီက အံ့သြတကြီး အော်ဟစ်လိုက်၏။

"ကျန့်ပင်းတိုက်ကြီးလား"

လုမင်၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် စုစုပေါင်း တိုက်ကြီး လေးဆယ့်နှစ်ခု ရှိခဲ့သည်။ သဘာဝအားဖြင့်၊ တိုက်ကြီးအများတွင် အားကောင်းသူနှင့် အားနည်းကြသူများ ရှိ၏။

ရှမ်းဟွမ်တိုက်ကြီးက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် အောက်ခြေမဟုတ်သော်လည်း အောက်ဆုံးဆယ်ခု စာရင်းဝင် ဖြစ်သည်။

ရှန်းရွှီတိုက်ကြီးကတော့ အမှန်တကယ် နံပါတ်တစ်သည်ပင်။

ရှန်းရွှီတိုက်ကြီးမှပါး၊ ကျန့်ပင်းတိုက်ကြီးက အလွန်အားကောင်းသောနေရာတွင်ရှိကာ ထိပ်တန်းဆယ်ခု စာရင်းဝင်ခဲ့သည်။

ထိပ်တန်းတိုက်ကြီးဆယ်ခုတွင် တောင်ပိုင်းနတ်နန်းတော်လက်အောက်မှ တစ်ခုသာ ရှိ၏။ ၎င်းက ကျန့်ပင်းတိုက်ကြီးပင် ဖြစ်တော့သည်။

သူတို့ရှေ့မှ လူငယ်သုံးယောက်က ကျန့်ပင်တိုက်ကြီးမှ ဖြစ်သည်။ သို့ဖြစ်ပေရာ သူတို့က အလွန်မောက်မာကြတာ အံ့ဩစရာ မရှိပေ။

ထို့ပြင် သူတို့က အံ့ဖွယ်ကောင်းအောင် အစွမ်းထက်ခဲ့သည်။ ဤလူငယ်နှစ်ဦးဆိုပါက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ရှိသွားခဲ့ပြီ။

ထိုပါ့ရှီ၏ အံ့အားသင့်နေသည့် အမူအရာကို မြင်ရသောအခါ ကတုံးလေးနှင့် အခြားနှစ်ယောက်၏ မျက်လုံးများက ထောင်လွှားသောအကြည့်များ ပေါ်လာခဲ့ကြသည်။

"မင်းတို့ဘာသာ ဘယ်တိုက်ကြီးကဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီနေ့ တစ်ခုခု မပေးဆပ်ခဲ့ဘူးဆိုရင် ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့"

လုမင်က အေးစက်စက်နှင့် ရှေ့သို့လှမ်းလိုက်သည်။

ကတုံးလေးနှင့် အခြားလူငယ်နှစ်ဦးလည်း မျက်နှာသုန်မှုန်သွား၏။

"ငါတို့ကို ခက်ခဲအောင် လုပ်ချင်တာလား။ မင်း ဘာတတ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

အစောပိုင်းက လုမင်ကို တိုက်ခိုက်ခဲ့သော လူငယ်လေး၏ မျက်လုံးများမှ အေးစက်စက်အလင်းများ ပေါ်လာခဲ့သည်။ သူ့ဦးခေါင်းထက်တွင် လှံရှည်တစ်ချောင်း ပေါ်လာခဲ့၏။ ၎င်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ လှံရှည်အသွင် ပြောင်းလဲသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ပျံ့နှံ့သွားကာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားခဲ့သည်။

"ဝှစ်"

လှံရှည်က လုမင်ကို ထိုးနှက်လိုက်၏။

"သတ်"

လုမင်၏ တတိယသွေးမျိုးဆက်က ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။ ဤအခိုက်တွင် သတ်ဖြတ်ချင်စိတ်များက ဒီရေအလား ထိုးတက်လာခဲ့၏။ လုမင်က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဟိန်းဟောက်ကာ ထိုးနှက်လိုက်တော့သည်။

"ဒုန်း"

လက်သီးက လှံရှည်ကို ထိုးလိုက်သည်နှင့် တုန်ခါပြီး ပြန်လွင့်သွားခဲ့သည်။

ဤသည်က၊ ကျန့်ပင်းတိုက်ကြီးမှ အခြားလူငယ်များကို ထိတ်လန့်စေခဲ့သည်။

"အတူတူတိုက်ခိုက်ကြစို့"

အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ အခြား လူငယ်တစ်ယောက်ကလည်း အော်ဟစ်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။ ၎င်းက ဓားအသွင်ပြောင်းကာ လုမင်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။

သဘာဝအတိုင်း၊ သူတို့၏ သွေးမျိုးဆက်များက နတ်ဘုရားအဆင့်ကိုးတွင် ရှိကြသည်။

"ဝုန်း ဝုန်း"

လုမင်က လှံရှည်နှင့် ဓားကို နှစ်ချက်ဆက်တိုက် ထိုးကြိတ်လိုက်သည်။ လှံရှည်နှင့် ဓားက အဆက်မပြတ်တုန်ခါပြီး ပြန်လွင့်သွား၏။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"

ကတုံးလေး၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့စိတ်ထဲတွင် ပိုပြီး တုန်လှုပ်သွား၏။

လုမင်ကော သူပါ အဆင့်ငါး ဝိညာဉ်နတ်ဘုရားများ ဖြစ်သည်။ သို့သော်လည်း၊ လုမင်နှင့် အမှန်တကယ်တိုက်ခိုက်ရပါက တိုက်ကွက်တစ်ခုကိုပင် တားဆီးနိုင်မည်မဟုတ်ဟု ခံစားခဲ့ရသည်။ ဤလုမင်က သန်မာလွန်းပေသည်။

လုမင်က နောက်မှ ခုန်လိုက်သွားပြီး အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သူ့လက်သီးနှစ်လုံးက အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ပေါက်ကွဲထွက်ကာ ဓားနှင့်လှံကို အဆက်မပြတ် ထိုးကြိတ်လိုက်တော့သည်။

"ချွမ် ချွမ်"

သံသံချင်း ထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။ ဓားနှင့် လှံရှည်တို့လည်း အဆက်မပြတ် တုန်ခါနေတော့သည်။

"အရမ်းသန်မာတယ်၊ ဒါက စစ်ဦးစီးချုပ်လုရဲ့ တိုက်ခိုက်နိုင်စွမ်းပဲလား။ သူက သန်မာလွန်းတယ်"

ထိုပါ့ရှီလည်း တုန်လှုပ်သွားမိသည်။

ထိုစဉ်က၊ လုမင်သည် သူ့ကို အဆင့်တူတွင် တစ်ချက်တည်းဖြင့် အနိုင်ခဲ့ကတည်းက ယုံကြည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း၊ ယခု မြင်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။

လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးမပြုခဲ့ပေ။ သူက လက်နှစ်ဖက်စလုံးဖြင့် ဆက်လက် ထိုးကြိတ်ခဲ့သည်။ သူ၏ လက်သီးချက်တိုင်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားများ ပါဝင်နေခဲ့ပေသည်။

ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို ရရှိပြီးနောက် လုမင်၏ အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားက ပို၍ အားကောင်းလာခဲ့သည်။ တူညီသော ယွမ်ချီစွမ်းအင် ပမာဏနှင့်ပင် အဖျက်စွမ်းအားက ပို၍ အားကောင်းလာခဲ့ပြီ။

သို့သော်၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားက ပိုမိုအားကောင်းနိုင်ကြောင်း သူ ခံစားနေရဆဲ ဖြစ်သည်။ ၎င်းတွင် မဖော်ထုတ်ရသေးသော အလားအလာများစွာ ရှိနေပါသေးသည်။ လုမင်လည်း တိုက်ပွဲတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။

သူ၏ လက်သီးအရှိန်က တဖြည်းဖြည်း နှေးကွေးလာခဲ့။ သို့သော်လည်း သူ၏ လက်သီးချက်တိုင်းက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖိနှိပ်ထားပုံ ရသည်။ ၎င်းက နှေးကွေးပုံရသော်လည်း တကယ်တမ်းတွင် လွန်စွာ မြန်လွန်း၏။ မြန်ဆန်လွန်းသည့်အပြင် ပြိုင်ဘက်ကို ထိပ်တိုက်တွေ့ရန် ဖိအားပေးခဲ့သည်။

"ထန် ထန်"

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဓားနှင့် လှံရှည်တို့က ပို၍ပြင်းထန်စွာ တုန်ခါလာခဲ့၏။ အဆုံးတွင် ၎င်းတို့က ပေါက်ကွဲသံကြီးနှစ်ချက်ဖြင့် ပေါက်ကွဲထွက်ပြီး လူသားအသွင်ကို ပြန်ပြောင်းသွားတော့သည်။ သူတို့၏ မျက်နှာများကလည်း ဖြူဖျော့ပြီး သွေးများ စွန်းထင်းနေခဲ့သည်။

သူတို့၏ မျက်လုံးများမှာလည်း တုန်လှုပ်ချောက်ချားမှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်သွားခဲ့ပေသည်။

သူတို့နှစ်ဦးစလုံးက အဆင့်‌ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများက လုမင်ထက် ပိုမြင့်မားခဲ့၏။ သို့သော်လည်း၊ လုမင်က ၎င်းတို့ကို လုံးလုံးလျားလျား ဖိနှိပ်ထားကာ ဒဏ်ရာအပြင်းအထန် ရစေခဲ့သေးသည်။

ယင်းက မည်သို့ဖြစ်နိုင်ပါသနည်း။

"မင်းဘယ်သူလဲ၊ မင်းက တောင်ပိုင်းနတ်နန်းတော်ရဲ့ ပါရမီရှင်လား"

လူတစ်ယောက်က မေးလိုက်သည်။

လုမင်က တောင်ပိုင်းနတ်နန်းတော်မှ ပါရမီရှင်ဟုပင် သံသယဖြစ်သွားကြလေသည်။ တောင်ပိုင်းနတ်နန်းတော်ကဲ့သို့ ရှန်းရွှီတိုက်ကြီး၏ အုပ်စိုးရှင်တစ်ဦးတည်းသာ ဤမျှအစွမ်းထက်သော ပါရမီရှင်ကို မွေးထုတ်နိုင်ကြသည်။

"ငါဘယ်သူလဲဆိုတာကို သိချင်တာလား။ မင်းက အရည်အချင်းမပြည့်မီဘူး။ အခု မင်း... မင်းရဲ့ သိုလှောင်လက်စွပ်ကို ထားခဲ့ပြီး ထွက်သွားကြတော့"

လုမင်က ကတုံးလေးကို စိုက်ကြည့်လိုက်သည်။

All Chapters