← Chapters

အခန်း ၁၂၀၉

Vol. 81 Ch. 1209

အခန်း ၁၂၀၉

Vol. 81 Ch. 1209

အပိုင်း ( 1209 ) မုမိသားစုမှ ကျွမ်းကျင်သူများ။

ကျန့်ပင်းတိုက်ကြီးမှ လူငယ်သုံးယောက်၏ မျက်နှာများ အကြည့်ရဆိုးသွားသည်။ အထူးသဖြင့် ကတုံးလေး၏ အမူအရာမှာ အလွန်မှောင်မည်းသွား၏။ လုမင်က သူ၏ သိုလှောင်လက်စွပ်ကို လိုချင်နေသည်။

"မိတ်ဆွေ၊ မင်း သိပ်ပြီးလွန်မလာပါနဲ့။ ငါတို့ ကျန့်ပင်းတိုက်ကြီးမှာ ပိုထက်မြက်တဲ့ ပါရမီရှင်တွေ ရှိတယ်။ သိပ်ပြီး တရားလွန်လာမယ်ဆိုရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိဘူး"

ကတုံးလေးက မှုန်တေတေဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် သိုလှောင်လက်စွပ်အတွင်း၌ သူ၏ ပိုင်ဆိုင်မှုအားလုံး ရှိပေသည်။

"တိတ်စမ်း၊ မင်းမပေးရင် ဒီမှာနေခဲ့ရယ်"

လုမင်က ကြိမ်းမောင်းပြီး ကျန့်ပင်းတိုက်ကြီးမှ လူငယ်သုံးယောက်ဆီသို့ လျှောက်သွားသည်။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များက ရုန်းကြွလာရာ လူငယ်သုံးယောက်စလုံး တုတ်လှုပ်သွား၏။

"ကျန့်လော့၊ လက်စွပ်ကို ထားခဲ့လိုက်ပါ"

ကျန့်ပင်းတိုက်ကြီးမှ လူငယ်တစ်ဦးက ပြောလိုက်သည်။

အဆုံးတွင်၊ ကျန့်လော့လည်း သူ၏ သိုလှောင်လက်စွပ်ကို လွှဲပေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပါ။

"သွားကြမယ်"

ကျန့်ပင်းတိုက်ကြီးမှ လူငယ်တစ်ဦးက ပြောလိုက်သည်။ ထို့နောက်မှာတော့ သုံးဦးစလုံး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

"ထိုပါ့ရှီ၊ ဒီလက်စွပ်က မင်းအတွက်ပဲ"

လုမင်က ကတုံးလေး၏ သိုလှောင်လက်စွပ်ကို ထိုပါ့ရှီဆီသို့ ပစ်ပေးလိုက်သည်။

"ငါ...ဒါကို လက်မခံနိုင်ဘူး"

ထိုပါ့ရှီလည်း သူ့လက်ကို အကြိမ်ကြိမ် ခါယမ်းလိုက်၏။

"မင်း ဘာဖြစ်လို့ ငါ့အပေါ်မှာ ဒီလောက် ယဉ်ကျေးရတာလဲ။ ဒါကို မင်းရဲ့ ဒဏ်ရာအတွက် လျော်ကြေးအဖြစ် ယူလိုက်ပါ"

လုမင် ပြုံးလိုက်သည်။

ထိုပါ့ရှီလည်း နောက်ဆုံးတွင် မငြင်းဆန်တော့‌ပေ။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်မှာတော့ ရှန်းရွှီရှေးဟောင်းမိုင်းများကို ဆက်လက် တူးဖော်လိုက်တော့သည်။

ရှန်းရွှီရှေးဟောင်းမိုင်း စုစုပေါင်း ငါးခုရှိပြီး တူညီသောပုံစံ ရှိကြသည်။ ၎င်းတို့က ရွှေသတ္တုကဲ့သို့ အဝါရောင်ဖြစ်သော်လည်း ရွှေတော့မဟုတ်ပေ။ ၎င်းတို့က ရွှေထက် အဆပေါင်းရာချီပြီး အဖိုးတန်သည်။

ဟုတ်ပေသည်၊ ရွှေထက် အဆပေါင်း ထောင်သောင်းမက ပိုတန်ဖိုးကြီးလျှင်ပင် အဖိုးတန် သန့်စင်ခြင်းပစ္စည်း မဟုတ်ပါက သူတို့အတွက် အသုံးမဝင်ပေ။ သို့ရာတွင် ဤအဝါရောင်သတ္တုရိုင်းမျိုးက ထူးကဲသော သိုလှောင်နိုင်စွမ်းအပြင် ထူးထူးခြားခြား ရှိပုံမရပါ။

"ရှောင်ချင်း၊ ဒီရှေးဟောင်းမိုင်းကို မင်းခံစားမိတယ်ဆိုတာက မင်းအတွက် အသုံးဝင်တဲ့အရာတစ်ခုခု ပါ၀င်နေလို့ပဲ။ ဒါကို မင်းယူထားလိုက်ပါ"

လုမင် ပြောလိုက်သည်။

ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြီး ရှေးဟောင်းမိုင်းငါးခုကို သိမ်းဆည်းလိုက်လေသည်။

ထို့နောက်မှာတော့ ဂရုတစိုက်ရှာဖွေခဲ့သော်လည်း အခြားမည်သည့်အရာကိုမျှ မတွေ့ရတော့ပါ။ သူတို့လည်း ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။

ထို့နောက်တွင်၊ သူတို့သုံးဦးက နေရာများစွာကို ရှာဖွေခဲ့ကြ၏။ ကံမကောင်းစွာဖြင့်၊ နောက်ထပ် ရှန်းရွှီရှေးဟောင်းမိုင်းများကို ရှာမတွေ့ကြတော့ပါ။

"ငါ့နောက်ကို လိုက်ခဲ့ကြ၊ ငါ့ရှေ့မှာ ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခု ရှိကောင်းရှိနိုင်တယ်"

တန်တန်က ရှေ့သို့ပြေးသွားသည်။ သူ့ရှေ့တွင် ကြီးမားသော ကျောက်တုံးသစ်တောတစ်ခု ရှိ၏။ တစ်ချက်ကြည့်လိုက်ပါက မြောက်များစွာသော ကျောက်စာတိုင်ကြီးများ ရှိနေခဲ့သည်။

အချို့ကျောက်စာတိုင်များက တောင်များကဲ့သို့ ထူထဲပြီး အချို့ ကျောက်စာတိုင်များကတော့ တုတ်ချောင်းများကဲ့သို့ ပါးလွှာပေသည်။

လုမင်တို့သုံးယောက်လည်း ပတ်ဝန်းကျင်ကို အာရုံစိုက်ရင်း တန်တန်အနောက်မှ ကျောက်တုံးတောအုပ်ထဲကို လိုက်သွားခဲ့ကြသည်။

တန်တန်သည်လည်း မျက်လုံးဝိုင်းဝိုင်းလေးနှင့် ဟိုဟိုသည်သည် ကြည့်သွားသည်။ နောက်ဆုံးတွင် သူ့အကြည့်က တစ်နေရာကို ကျရောက်သွား၏။ သူတို့လူစုလည်း ထိုနေရာသို့ တူးဖော်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုနေရာမှ ရှန်းရွှီရှေးဟောင်းမိုင်းတချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

"ဒီနေရာက တကယ်ထူးခြားတာပဲ၊ ထပ်ရှာကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

သူတို့သုံးယောက်လည်း ကျောက်တုံးတောအုပ်ထဲသို့ ဆက်လက်ဝင်ရောက်ခဲ့လေသည်။

ရုတ်တရက်....

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ သုံးဦးသည် ၎င်းတို့ရှေ့မှ ကျောက်စာတိုင်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသည်ကို တွေ့လိုက်ရသည်။ ပုံရိပ်တစ်ခုက လွင့်စဉ်လာကာ‌ ကျောက်တုံးအစအနများ လွင့်သွား၏။

တစ်စုံတစ်ယောက်က အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလာ၍ ကျောက်စာတိုင်များ ပေါက်ကွဲသွားကြောင်း ထင်ရှားသည်။

"ဝုန်း"

အဆုံးတွင်၊ လုမင်နှင့် မနီးမဝေးရှိ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ကျောက်စာတိုင် ပြိုကျသွားခဲ့သည်။ ထိုအခါမှ လူရိပ်လည်း လွင့်စဉ်ရာမှ ရပ်သွားတော့သည်။

"အဲဒါ... လုံချန်ပဲ"

သုံးယောက်စလုံး အံ့ဩသွား၏။ ထိုပုံရိပ်က အမှန်တကယ် လုမင် ဖြစ်နေသည်။

ထိုအချိန်တွင် လုံချန်၏ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့၏။ သူသည်လည်း လုမင်နှင့် အခြားလူများကို တွေ့လိုက်ရသည်။

"သွားကြစို့"

လုံချန်က အော်လိုက်သည်။

"ဝှစ် ဝှစ်"

ရုတ်တရက် ပုံရိပ်များ ထပ်မံထွက်ပေါ်လာကြ၏။ အစွမ်းထက် အရှိန်အဝါများကလည်း ကျောက်တုံးသစ်တောတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုလူများထဲတွင် လူလတ်ပိုင်းများနှင့် ဆံပင်ဖြူ အဘိုးကြီးများလည်း ရှိသည်။ သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများက ကြောက်စရာကောင်းလွန်းလှပေသည်။

အားအနည်းဆုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခြောက် ဖြစ်သည်။ ပိုသန်မာသူက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုး ဖြစ်၏။ ပြီးပြည့်စုံသော ဝိညာဥ်နတ်ဘုရားများပင် ရှိနေကြသေးသည်။

"လုံချန်၊ ဒီနေ့ မင်းဘယ်လိုသေချင်လဲ"

မောက်မာသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူငယ်နှစ်ယောက် ပေါ်လာခဲ့၏။

"မုဖုန်း၊ မုကြွယ်"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

လူငယ်နှစ်ဦးတွင် တစ်ဦးက မုဖုန်းဖြစ်ပြီး ကျန်တစ်ဦးကတော့ မုကြွယ်သည်ပင်။ ယခုလေးတင် စကားပြောခဲ့သူက မုဖုန်း ဖြစ်သည်။

ထိုအချိန်တွင် မုဖုန်းနှင့် မုကြွယ်တို့ကလည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း လုမင်တို့အား မြင်တွေ့သွားကြသည်။

"ဟားဟားဟား၊ မင်းတို့ပဲ။ တိုက်ဆိုင်လိုက်တာ... အရင်ကတော့ လုံချန်ကို သတ်ပစ်ပြီးမှ မင်းတို့ကို လာရှာမလို့ပဲ။ ဒါပေမဲ့ အခုလို လာတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ ရန်သူတွေအတွက် လမ်းက တကယ်ကျဉ်းတာပဲ"

မုကြွယ်က လုမင်ကိုမြင်သောအခါ ရူးသွပ်စွာ ရယ်မောလိုက်၏။

လုမင်လည်း ခဏချင်းမှာပင် အဖြစ်အပျက်တို့ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

မုဖုန်းနှင့် မုကြွယ်က ၎င်းတို့၏အမုန်းတရားအတွက် ကျွမ်းကျင်သူများကိုခေါ်ဆောင်ကာ နတ်ဘုရားအပျက်အယွင်းတွင်သတ်ရန် စီစဉ်ထားပုံပင်။

နောက်ဆုံးတွင် သူတို့ ပထမဆုံးတွေ့ဖူးသူက လုံချန်ဖြစ်ခဲ့သည်။ ထို့ကြောင့် လုမင်တို့ကိုမသတ်ခင် လုံချန်ကို ဦးစွာသတ်ရန် ကြံစည်ခဲ့၏။ သို့သော်လည်း၊ လုမင်နှင့် အခြားသူများက ဤနေရာသို့ ရောက်လာမည်ကို သူတို့ မမျှော်လင့်ခဲ့ပေ။

"သတ်၊ သတ်"

မုကြွယ် အော်ဟစ်လိုက်သည်။

"ဝုန်း"

လုမင်နှင့် အခြားလူများထက် ကောင်းကင်ယံတွင် အဘိုးကြီးတစ်ယောက် ပေါ်လာခဲ့၏။ အားကောင်းသော အရှိန်အဝါများ ပေါ်လာပြီးနောက် သူ့လက်ဖဝါးတွင် ကြီးမားသော မီးလုံးကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ မဟုတ်သေး၊ ၎င်းက မီးလုံးမဟုတ်ဘဲ ဥက္ကာခဲကြီးတစ်ခု ဖြစ်သည်။

"ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်၊ မကောင်းတော့ဘူး... ဆုတ်ကြ"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ ဤအဘိုးကြီး၏ အရှိန်အဝါက ကြောက်စရာကောင်းလွန်းလှ၏။ ၎င်းက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား ဖြစ်သည်။

သုံးယောက်စလုံး မတုံ့ဆိုင်းဘဲ အလျင်အမြန် ဆုတ်ခွာသွားကြသည်။

"ဝုန်း"

သူတို့ ဆုတ်ခွာသွားသည့်အခိုက်တွင် ဥက္ကာခဲက မယုံနိုင်စရာအရှိန်ဖြင့် ကျရောက်လာခဲ့၏။

"ထွက်သွား"

ဤအခိုက်တွင် လုမင်၏ ခန္ဓာတွင်းမှ နဂါးစွမ်းအင်ရှစ်ခုနှင့် တတိယသွေးမျိုးဆက် ထွက်ပေါ်လာခဲ့သည်။ တခဏချင်းမှာပဲ လုမင်သည် လက်သီးချက် ဒါဇင်ချီပြီး ထုတ်ဖော်လိုက်၏။ လက်သီးတစ်ချက်စီက အားကောင်းလွန်းပြီး ဥက္ကာခဲ၏စွမ်းအားကို လျော့ကျသွားစေခဲ့သည်။

"ကောင်းကင်နတ်ဆိုးပိုင်နက်"

ရှဲ့နျန်ချင်းကလည်း ကောင်းကင်နတ်ဆိုးပိုင်နက်နှင့် ဥက္ကာခဲ၏ စွမ်းအားကို အားနည်းစေရန် ကြိုးစားလိုက်၏။

"ဝုန်း"

ဥက္ကာခဲက ပေါက်ကွဲသွားပြီး ပြင်းထန်သော စွမ်းအင်တစ်ခုမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း အရှိန်ပြင်းပြင်းဖြင့် မီတာထောင်ချီကာ ဆုတ်သွားကြရသည်။ သူတို့ကိုယ်သူတို့ မထိန်းနိုင်ခင် ကျောက်စာတိုင်ကြီး ဆယ်ခုကျော်အား ဖောက်ထွက်သွားခဲ့ကြလေသည်။

"ရှောင်ချင်း၊ မင်းအဆင်ပြေရဲ့လား"

လုမင်က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

"ကောင်းပါတယ်"

ရှဲ့နျန်ချင်းက ခေါင်းခါယမ်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တဝိုက်တွင် ဥက္ကာခဲစွမ်းအားကို လျော့ချပေးနေသည့် ကောင်းကင်နတ်ဆိုးပိုင်နက်ရှိ၍ သိပ်ပြီးမထိခိုက်ခဲ့ပေ။

"မကောင်းတော့ဘူး၊ ထိုပါ့ရှီ"

လုမင် မျက်နှာပျက်သွားသည်။ သူ့ဘေးတွင် ထိုပါ့ရှီကို မတွေ့ရပေ။

ခဏကြာသောအခါ အခိုးအငွေ့များ ရှင်းလင်းသွား၍ သူတို့ရှေ့မှ မြင်ကွင်းက ကြည်လင်လာခဲ့သည်။

ထိုပါ့ရှီသည်လည်း တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း သူသည် အခြားလမ်းကြောင်းတစ်ခုသို့ လွင့်သွားခဲ့၏။ ထိုဦးတည်ချက်က မုကြွယ်တို့နှင့် ပို၍နီးစပ်သည်။

"ဝေါ့"

ထိုပါ့ရှီက အပျက်အစီးများကြားမှ ထရပ်လာကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ တိုက်ခိုက်မှုအင်အားကို တားဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပေသည်။

"ထိုပါ့ရှီ၊ ပြေးတော့"

လုမင် အော်လိုက်သည်။

"ဟားဟားဟား၊ မင်းမလွတ်နိုင်ဘူး"

မုကြွယ်က လှောင်ပြောင်လိုက်၏။ သူ့ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ ထိုပါ့ရှီနောက်ကို ပြေးလိုက်‌သွားတော့သည်။

မူလကတည်းက ထိုပါ့ရှီ၏ ကျင့်ကြံခြင်းအခြေခံမှာ မုကြွယ်ထက် နှစ်ဆင့်နိမ့်သည်။ ယခုအခါ သူက ဒဏ်ရာလည်း ရရှိသွား၏။ ထိုအတွက် မုကြွယ်ကို လုံးဝ မယှဉ်နိုင်ဘဲ လည်မြိုအား ဖမ်းဆီးဆုပ်ကိုင်ခြင်းကို ခံလိုက်ရတော့သည်။

"လုမင်၊ အခု ဒူးထောက်ပြီး ငါ့ကို တောင်းပန်ပါ။ မဟုတ်ရင် မင်းရဲ့သူငယ်ချင်းကို ငါ ချက်ချင်းသတ်ပစ်မယ်"

မုကြွယ်က လှောင်ပြောင်ပြီး လုမင်ကို ဝံ့ကြွားစွာဖြင့် ကြည့်လိုက်၏။

"လုမင်၊ ပြေးတော့။ ငါ့ကို စိတ်မပူနဲ့"

ထိုပါ့ရှီ အော်ဟစ်လိုက်သည်။

All Chapters