အခန်း ၁၂၁၀
Vol. 81 Ch. 1210
အပိုင်း ( 1210 ) ထိုပါ့ရှီကျဆုံးခြင်း။
"ပါးစပ်ပိတ်ထား"
မုကြွယ်၏ မျက်လုံးများက အေးစက်သွားသည်။ သူ့လက်ကို ဓားတစ်လက်ကဲ့သို့ သုံးပြီး ထိုပါ့ရှီ၏လက်တစ်ဖက်အား ခုတ်ဖြတ်လိုက်၏။
ထိုပါ့ရှီ၏ အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာတော့သည်။
"မုကြွယ်"
ဤအခိုက်တွင် လုမင်၏ မျက်လုံးများက အလွန်အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။ သူ မုကြွယ်ကိုစိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်၏။
"မုကြွယ်၊ ငါ မင်းကို သတ်မယ်။ ငါ မင်းကို သနားစရာကောင်းအောင် သေရစေမယ်"
"ဟားဟားဟား၊ မင်း လာနောက်နေတာလား။ ငါ့ကိုသတ်ချင်တယ်... ဒီနေ့ ငါ မုမိသားစုရဲ့ ကျွမ်းကျင်သူတွေအများကြီးကို စုစည်းထားခဲ့တယ်။ ငါ့ကိုသတ်ဖို့နေနေသာသာ၊ ဒီကနေ မင်းက လွတ်မြောက်နိုင်မယ်တောင် ထင်လို့လား။ ဒီနေ့ မင်းတို့အားလုံး သေရလိမ့်မယ်"
မုကြွယ်က အလွန်မာနကြီးပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"သူတို့ကိုသတ်"
ထို့နောက် မုကြွယ်က သူ့လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
"သတ်"
"သေစမ်း"
အေးစက်စက် အော်ဟစ်သံများနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူတို့ထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်များက လုမင်၊ ရှဲ့နျန်ချင်းနှင့် လုံချန်တို့ကို ဖုံးလွှမ်းသွား၏။
"ဂါး"
ရှေးဦးနဂါးဆင် ဟိန်းဟောက်သံနှင့်အတူ လုံချန်က တောင်လုံးတမျှကြီးမားသော ဆင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရှေးဦးနဂါးဆင်က ဟိန်းဟောက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး မျက်နှာပျက်သွားခဲ့၏။ နာကျင်စွာ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။
ထို့နောက် ရှေးဦးနဂါးဆင်က အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ၎င်း၏နှာမောင်းနှင့် လွှဲရိုက်လိုက်သည်။ ထိုသူလည်း သွေးတစ်ပွက်အန်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆုတ်သွားခဲ့၏။
ယခင်က သူတို့၏ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှာ လုံချန်ကို ရုတ်တရက် တိုက်ခိုက်ပြီး လွင့်စဉ်သွားစေခဲ့သည်။ ထိုအတွက် လုံချန်ကို တော်ရုံဟုသာ ထင်ခဲ့ကြပေသည်။ မထင်မှတ်ဘဲ လုံချန်ပေါက်ကွဲသောအခါ ကြောက်စရာကောင်းလွန်းလှသည်။
"ရှောင်ချင်း၊ ငါ့ကိုကူညီပါ"
လုမင်က အော်ပြောလိုက်သည်။ သူ့ဦးခေါင်းထက်တွင် နဝမနဂါးသွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။
လုမင်က နဝမနဂါးအသွင်ပြောင်းကာ မုကြွယ်ဆီသို့ ပြေးသွားတော့သည်။
မုကြွယ်၏ အမူအရာက ပြောင်းလဲသွားကာ ထိုပါ့ရှီကိုဆွဲပြီး အမြန်ဆုတ်သွားသည်။ တချိန်တည်းမှာပင် သူ အော်ဟစ်လိုက်၏။
"သတ်... သူ့ကိုသတ်"
"ဝှစ် ဝှစ်"
တခဏအတွင်းမှာပင် ကျွမ်းကျင်သူ ငါးဦး၊ ခြောက်ဦးက လုမင်ဆီသို့ ပြေးလာသည်။ သူတို့အထဲတွင် အားအနည်းဆုံးက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။
"ကောင်းကင်နတ်ဆိုးပိုင်နက်"
ရှဲ့နျန်ချင်းလည်း သူမ၏ သွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ သူမ၏ ကျောက်စိမ်းလက်ကို ဖိချလိုက်ရာ အားကောင်းသော ကောင်းကင်နတ်ဆိုးပိုင်နက်တစ်ခု ထွက်ပေါ်လာတော့သည်။
"ဒါက…"
အဆင့်ရှစ်နှင့် အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအားလုံး အမူအရာပြောင်းသွားခဲ့သည်။
အကြောင်းကတော့၊ ၎င်းတို့အားလုံးကို ကောင်းကင်နတ်ဆိုးပိုင်နက်က လွှမ်းခြုံသွားခဲ့သောကြောင့်ပင်။ အထူးသဖြင့် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများမှာ ပို၍ သက်ရောက်မှုရှိသည်။ သူတို့၏ လှုပ်ရှားမှုများက ဟန်ချက်မညီတော့ပေ။
"ဝါးမျိုလော့"
နဝမနဂါး ဟိန်းဟောက်သံနှင့် ဝါးမျိုခြင်းခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။ ကျွမ်းကျင်သူ ငါးဦး၊ ခြောက်ဦးလည်း ဝါးမျိုခံရကာ တိုက်ခိုက်နိုင်စွမ်းများ တစ်ဖန် အားနည်းသွားပြန်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ထို့နောက်တွင် နဝမနဂါးက ရှေ့သို့ ခြေလှမ်းလိုက်သည်။
"အား၊ မဟုတ်ဘူး"
"အား"
အော်သံများ ထွက်ပေါ်လာခဲ့သည်။ နဝမနဂါး ခြေသည်းများအောက်တွင် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ အဆက်မပြတ် ပေါက်ကွဲသွား၏။
"ဒုန်း ဒုန်း"
အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးသည်လည်း ရူးသွပ်စွာ ဆုတ်ခွာသွားရသည်။ သူတို့၏ မျက်နှာများက ဖြူဖျော့ကာ သွေးများ အန်ထွက်လာတော့သည်။
"သတ်"
နဝမနဂါးက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ နဂါးခြေသည်းနှစ်ချောင်းက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ကုတ်ခြစ်လိုက်၏။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကိုလည်း ပေါက်ကွဲထားသေးပေရာ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
"ကယ်ကြပါဦး"
အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးက ထိတ်လန့်တကြားဖြင့် အော်လိုက်သည်။ တချိန်တည်းမှာပင်၊ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး အစွမ်းကုန်ပေါက်ကွဲကာ ခုခံလိုက်၏။
သို့သော်လည်း အသုံးမဝင်ခဲ့ပါ။ နဝမနဂါး၏ နဂါးလက်သည်းအောက်တွင် သူတို့သွေးမျိုးဆက်က ပြိုကျသွားခဲ့သည်။ ထို့နောက်မှာတော့ လူသားအသွင်ပြောင်းပြီးချိန်မှာပင် နဂါးခြေသည်းကြောင့် ပေါက်ကွဲသွားတော့သည်။
"ဝုန်း"
ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ၎င်းတို့၏ သွေးအနှစ်သာရများကို လုံး၀ ဝါးမြိုသွားခဲ့သည်။
"ဒါ၊ ဒါ..."
မုကြွယ်နှင့် မုဖုန်းတို့လည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့တုန်လှုပ်ကာ အသည်းအသန် ဆုတ်သွားခဲ့ကြသည်။
ဤသည်က ကြောက်စရာကောင်းလွန်းလှပေသည်။ လုံချန်နှင့် လုမင်က ပေါက်ကွဲလာပြီးနောက် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားများကို ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ သတ်နိုင်ခဲ့ကြသည်။ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သေဆုံးခဲ့၏။
ထို့ထက်၊ သူတို့နှစ်ဦးစလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ငါးတွင် ရှိကြသည်။ သို့ဖြစ်ပေရာ မတုန်လှုပ်ဘဲ လုံးဝ မနေနိုင်တော့ပေ။
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
ဆံဖြူအဘိုးကြီးတစ်ယောက်က အော်ဟစ်ပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ သူ့လက်ဝါးထဲတွင် ချော်ရည်များ ဆူပွက်လာပြီး ဥက္ကာခဲတစ်ခုအဖြစ် လုမင်ဆီသို့ ကျရောက်သွား၏။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက ထပ်မံတိုက်ခိုက်ခဲ့သည်။
"ဝုန်း"
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက အစွမ်းထက်လွန်းသည်။ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူထက် အဆများစွာ ပို၍အားကောင်း၏။ သူ၏ ယွမ်ချီစွမ်းအင်များက ပေါက်ကွဲထွက်ကာ ရှဲ့နျန်ချင်း၏ ကောင်းကင်နတ်ဆိုးပိုင်နက်ကို ဖြိုချပစ်လိုက်သည်။
ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ကလေးလည်း တုန်လှုပ်သွားကာ မျက်နှာဖြူဖျော့ပြီး အထပ်ထပ် ဆုတ်သွားရတော့သည်။
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
နဂါးခြေသည်းကိုးချောင်းက ဥက္ကာခဲကို အဆက်မပြတ် နင်းချလိုက်သည်။ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာတိုင်း လုမင် ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ ပေါက်ကွဲမှု ကိုးကြိမ်အပြီးတွင်၊ လုမင်၏နဂါးခန္ဓာက တုန်ခါသွားပြီး အထပ်ထပ် ဆုတ်သွားရတော့သည်။
လုမင်လည်း အဆုံးတွင် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှ ဖိနှိပ်ခံခဲ့ရသည်။
"ဂါး"
အခြားတစ်ဖက်တွင်မူ ရှေးဦးနဂါးဆင်က သံရှည်ဆွဲပြီး ဟိန်းဟောက်လိုက်၏။ ၎င်း၏စွမ်းအားက အနှိုင်းမဲ့အားကောင်းကာ ကျွမ်းကျင်သူများစွာကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် နဂါးဆင်လက်တွင် သေဆုံးခဲ့ရ၏။ သို့သော်လည်း၊ ယခုအချိန်တွင် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားတစ်ပါးက လုံချန်အား တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။
"လုမင်၊ မြန်မြန်ပြန်ဆုတ်တော့။ ငါ့အတွက် စိတ်မပူနဲ့"
ထိုပါ့ရှီက ဟိန်းဟောက်လိုက်သည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းနှင့် ဝန်းရံထားရာမှ ရုန်းထွက်လိုလျှင် မဖြစ်နိုင်တာ မဟုတ်ပေ။
"လုမင်၊ မင်း ထွက်သွားမယ်ဆိုရင် ငါ သူ့ကို ချက်ချင်း သတ်ပစ်မယ်"
မုကြွယ် အော်လိုက်သည်။ လုမင်နှင့် လုံချန်တို့၏ တိုက်ခိုက်နိုင်စွမ်းက သူ့ကို အမှန်တကယ် ကြောက်ရွံ့စေခဲ့၏။ ထိုကဲ့သို့သော ပါရမီရှင်များကိုသာ လွှတ်ထားပါက နောင်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မည် မဟုတ်ပေ။
"ငါ့ကိုသုံးပြီး သူတို့ကို ခြိမ်းခြောက်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ ငါသေရရင်တောင်မှ ဒီလောက် အရှက်မဲ့တဲ့ပုံစံနဲ့ မသေနိုင်ဘူး"
ထိုပါ့ရှီက ဒေါသတကြီးဖြင့် အော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အတက်အကျတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ သူ့ထံမှ စူးရှသောအလင်းများ ထွက်ပေါ်လာတော့သည်။
"မင်း... မင်း အရူးပဲ..."
မုကြွယ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက ထိုပါ့ရှီကို ရုတ်တရက် တွန်းထုတ်ပြီး အသည်းအသန် ဆုတ်သွားခဲ့၏။
"ဟားဟားဟား၊ အတူတူသေကြတာပေါ့"
ထိုပါ့ရှီက ရူးသွပ်စွာ ရယ်မောပြီး မုဖုန်းနှင့် မုကြွယ်ဆီသို့ ပြေးသွားခဲ့သည်။
"ဝုန်း"
ထို့နောက် ထိုပါ့ရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။ ပြင်းထန်သော စွမ်းအင်များက မုကြွယ်နှင့် ထိုပါ့ရှီဆီသို့ ပျံ့လွင့်သွား၏။
မိမိကိုယ်ကို ဖောက်ခွဲခြင်းကြောင့် ထိုပါ့ရှီကိုယ်တိုင်လည်း ပေါက်ကွဲခဲ့ကာ သူ့တွင် ဘာမှ မကျန်တော့ပေ။
ပုံရိပ်နှစ်ခု လွင့်စဉ်သွားခဲ့သည်။ ၎င်းတို့က မုဖုန်းနှင့် မုကြွယ်တို့သာ ဖြစ်တော့သည်။
ဤအခိုက်တွင် မုဖုန်း၏ အခြေအနေဆိုးလှသည်။ သူ့လက်နှစ်ဖက်စလုံး ပြတ်သွားပြီး သူ့ခန္ဓာကိုယ်လည်း တစ်ဝက်ပေါက်ကွဲသွား၏။ သူ့မျက်လုံးများကတော့ လက်မခံမှုတို့ ပြည့်နှက်ခဲ့ပေသည်။ သို့သော်... သူ၏အသက်ဓာတ်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နတ်ဘုရားများပင်လျှင် ကယ်၍မရတော့ပေ။
မုကြွယ်ကတော့ ကျင့်ကြံခြင်းအခြေခံ ပိုမြင့်မား၍ ပို၍ အဆင်ပြေသည်။ သူ့ပါးစပ်ထဲမှ သွေးများသာ အန်ထွက်ခဲ့လေသည်။
"သခင်လေး၊ အဆင်ပြေရဲ့လား"
မုကြွယ်၏ အနားတွင် ကျွမ်းကျင်သူနှစ်ယောက် ပေါ်လာသည်။
"ကျုပ်အဆင်ပြေတယ်။ သတ်၊ သတ်မှာသာသတ်။ အတူတူတိုက်ခိုက်ပြီး အားလုံးကိုသတ်ပစ်လိုက်"
မုကြွယ် ဟိန်းဟောက်လိုက်သည်။
ကျန်သော ကျွမ်းကျင်သူများလည်း လုံချန်၊ လုမင်နှင့် ရှဲ့နျန်ချင်းဆီကို ပြေးသွားကြသည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူချည်း လေးဦးအထိ ရှိ၏။
ကျန်လူများ အားလုံးကလည်း အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြသည်။
"ထိုပါ့"
ဤအခိုက်တွင် လုမင်က တည်ငြိမ်လာသည်။ သို့သော်လည်း သူ့မျက်လုံးထဲမှ အလွန်အေးစက်သော သတ်ဖြတ်ချင်စိတ်မှာ မထင်မှတ်လောက်အောင် အားကောင်းလာတော့သည်။
"ရှောင်ချင်း၊ တောင်နဲ့မြစ် ပန်းချီကားထဲကိုဝင်ပါ"
လုမင်က ရှဲ့နျန်ချင်းကို ပြောလိုက်သည်။
ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်၏။ လုမင် တစ်ယောက်တည်းဖြစ်လျှင် ပို၍ကောင်းအောင် လုပ်ဆောင်နိုင်မည်မှန်း သူသိသည်။
အလင်းရောင်တစ်ချက်လက်ကာ ရှဲ့နျန်ချင်း၏ပုံရိပ်က တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"သတ်"
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကျောက်စာချပ်ကြီးတစ်ခု ပေါ်လာခဲ့၏။
ငရဲဖိနှိပ်ကျောက်စာချပ်။
နဝမနဂါးက အလင်းတန်းတစ်ခုကဲ့သို့ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်အတွင်းကို ဝင်ရောက်သွားတော့သည်။
"ဝမ်"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်ခါသွားခဲ့သည်။ ၎င်းက ခဏချင်းပင် မီတာတစ်သောင်း မြင့်မားလာပြီး ကြောက်မက်ဖွယ်ကောင်းသော အတက်အကျကို ထုတ်လွှတ်လာခဲ့၏။
အထူးသဖြင့် အောက်ခြေရှိ 'ဖိနှိပ်' ဟူသော စကားလုံးမှာ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ရှိနေသည်။
"ဒုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ဖိနှိပ်လိုက်သည်။
"ချိုးဖြတ်လော့"
ပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကလည်း ကြီးမားသော ဥက္ကာခဲအဖြစ်သို့ ပြောင်းလဲသွား၏။ ဥက္ကာခဲကြီးမှ မီးတောက်မီးလျှံများက ကောင်းကင်ယံ၌ ပြည့်နှက်နေကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို ရင်ဆိုင်လိုက်တော့သည်။