အခန်း ၁၂၁၂
Vol. 81 Ch. 1212
အခန်း ( 1212 ) အဓိပဓိ ရောက်လာခြင်း၊ နတ်ဘုရားအပျက်အယွင်း၏ အမြုတေ။
မုကြွယ်လည်း အသက်ဘေးမှ ကပ်သီဘေး လွတ်မြောက်လာပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့တစ်ကိုယ်လုံးကတော့ အေးစက်စက် ချွေးများဖြင့် စိုရွှဲနေဆဲပင်။
"လုမင်၊ လုံချန်"
မုကြွယ် အံကြိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူတို့၏ ဆုံးရှုံးမှုများက ကြီးမားလွန်းပေသည်။ ၎င်းတို့ဘက်မှ အဆင့်ရှစ်၊ အဆင့်ကိုးနှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ အားလုံးပေါင်း တစ်ဒါဇင်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်။
သူတို့အားလုံးက အဆင့်မြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်များ ဖြစ်ချေသည်။ ရှန်းရွှီတိုက်ကြီးတွင် ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသော်လည်း ဤဆုံးရှုံးမှုအတွက် သူ အပြစ်ပေးခံရနိုင်သည်။
"ဝမ်"
ရုတ်တရက်၊ ဟင်းလင်းပြင်က အက်ကွဲသွားပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာခဲ့၏။
"အကြီးအကဲမုယွီ၊ ခင်ဗျားလား"
လူလတ်ပိုင်းအရွယ် လူကြီးကို မြင်ရပြီးနောက် မုကြွယ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။
အဓိပဓိ၊ မုမိသားစု၏ အဓိပဓိ ရောက်ရှိလာခဲ့ပြီ။
ယခုတော့ လုမင်တို့နှစ်ဦး အဘယ်ကြောင့် ဤမျှအလျင်အမြန် ပြေးသွားကြမှန်း သိသွားပြီ ဖြစ်သည်။ အဓိပတိ ရောက်ရှိလာခြင်းကို သူတို့ ခံစားမိပုံရပေသည်။
"သခင်လေး၊ ဘာတွေဖြစ်နေတာလဲ"
မုကြွယ်တို့၏ စုတ်ပြတ်နေသော အခြေအနေကို မြင်သောအခါ မူယွီ မျက်မှောင်ကြုတ်သွားသည်။
"မုမိသားစုရဲ့လူတွေကို သတ်သွားတယ်။ အကြီးအကဲမုယွီ၊ သူတို့ သိပ်မဝေးလောက်သေးဘူး။ သူတို့နောက်ကို မြန်မြန်လိုက်ပြီးတော့ သတ်ပစ်ပါ"
မုကြွယ်က အော်ဟစ်လိုက်သည်။
"တယ်၊ ငါ့မုမိသားစုရဲ့လူတွေကို ဘယ်သူသတ်ဝံ့တာလဲ။ သေချင်နေတာပဲ၊ သခင်လေး... ငါနဲ့အတူ လိုက်ခဲ့ပါ။ သူတို့နောက်ကို လိုက်ကြရအောင်"
မူယွီက မုကြွယ်ကို ယွမ်ချီစွမ်းအင်နှင့် ရစ်ပတ်ပြီး ဟင်းလင်းပြင်အား ဆုပ်ဖြဲပစ်လိုက်သည်။ ထို့နောက်မှာတော့ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ကာ လုမင်တို့အနောက်သို့ လိုက်သွားကြတော့သည်။
..........
"လုမင်၊ ဘာဖြစ်တာလဲ"
လုံချန်က အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေရင်းမှ လုမင်ကို မေးလိုက်သည်။
"အဓိပတိ လာနေပြီ"
လုမင် ပြောလိုက်၏။
လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ လုမင်က အဓိပတိကို မည်သို့ခံစားနိုင်မှန်း မသိသော်လည်း၊ ၎င်းတို့၏ လက်ရှိအင်အားဖြင့် အဓိပတိကို ရင်ဆိုင်ရလျှင် သေဆုံးသွားရမည် ဖြစ်သည်။
သူတို့နှစ်ယောက်လည်း လျှပ်စီးကဲ့သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
ယခုအချိန်တွင်၊ လုမင်က နဝမနဂါးအဖြစ် ပြောင်းလဲထားခဲ့သည်။ ထို့နောက် နဝမနဂါးခြေလှမ်းကို အသုံးပြုသောအခါ သူ့အရှိန်က ကြောက်စရာကောင်းအောင် မြန်ဆန်ခဲ့ပေသည်။
လုံချန်၏ ရှေးဦးနဂါးဆင်ကမူ ခန္ဓာကိုယ်ကြီးမားပြီး အကန့်အသတ်မဲ့အင်အား ရှိသည်။ သို့ရာတွင်၊ အမြန်နှုန်းက အားမနည်းဘဲ ကြောက်မက်ဖွယ်ကောင်းအောင် မြန်ဆန်မှုရှိ၏။ သူ၏ ခြေလှမ်းတိုင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပေသည်။ ခြေတစ်လှမ်းစီက မီတာတစ်ထောင်အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
သူတို့နှစ်ယောက်၏ ဦးတည်ရာကတော့ နတ်ဘုရားအပျက်အယွင်း၏ အမြုတေကိုပင်။
"မကောင်းတော့ဘူး၊ မြန်မြန်လုပ်။ အဓိပတိ နီးလာပြီ"
တန်တန်က စိုးရိမ်တကြီးဖြင့် တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်"
လုမင် အော်ပြောလိုက်၏။ သူနှင့် လုံချန်တို့လည်း အရှိန်ပြင်းပြင်ဖြင့် ရှေ့ကို ပြေးသွားကြတော့သည်။
လုမင်တို့လည်း အဓိပဓိဟူသော ဘွဲ့အမည်ကို ကြားရသောအခါ၊ နတ်ဘုရားအပျက်အယွင်း၏ အမြုတေဆီသို့ ပျံသန်းသွားရန် မတွန့်ဆုတ်တော့ပေ။
အကယ်၍ အခြားဘက်ကို ဦးတည်သွားပါက ၎င်းတို့ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ အဓိပဓိက ဟင်းလင်းပြင်ကို ခုန်ကျော်သွားနိုင်သည်။ ၎င်းတို့ မည်မျှ လျင်မြန်သည်ဖြစ်စေ၊ အဓိပဓိထက်တော့ ကျော်လွန်နိုင်မည် မဟုတ်ချေ။ မကြာခင် ဖမ်းမိသွားမှာ သေချာသည်။
သူတို့လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းက နတ်ဘုရားအပျက်အယွင်းများ၏ အဓိကနယ်မြေ ဖြစ်သည်။
နတ်ဘုရားအပျက်အယွင်း၏ အမြုတေသည် အလွန်အန္တရာယ်များသည်ဟု ကောလာဟလများ ထွက်နေသော်လည်း ယခုအချိန်တွင် ရွေးချယ်စရာ မရှိတော့ပေ။
"ရောက်တော့မယ်"
လုမင်၏ မျက်လုံးများက တောက်ပလာသည်။
သူတို့ရှေ့တွင်၊ သွေးရောင်မြူများ ပြည့်နှက်နေသော ဧရိယာတစ်ခု ရှိသည်။
ထိုနေရာသည် ဝင်လာသူတိုင်း သေဆုံးရသည့် ဒဏ္ဍာရီလာ တားမြစ်နယ်မြေတစ်ခု ဖြစ်၏။
သို့သော်လည်း၊ လုမင်နှင့် လုံချန်အတွက် ခေတ္တဝင်ရောက်၍ ပုန်းခိုရန်မှတပါး ရွေးချယ်စရာမရှိပေ။
"ဝှစ် ဝှစ်"
နှစ်ယောက်စလုံး မတုံ့ဆိုင်းဘဲ သွေးရောင်ဧရိယာထဲသို့ တိုက်ရိုက် တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
"ဝမ်"
၎င်းတို့နှစ်ဦးသည် အမြုတေဧရိယာသို့ ဝင်ရောက်သွားချိန်မှာပင်၊ ဧရိယာအပြင်ဘက် ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ အတွင်းဘက်မှ မုယွီနှင့် မုကြွယ် ထွက်လာခဲ့၏။
"သခင်လေး၊ သူတို့ အမြုတေထဲကို ဝင်သွားပြီ"
မုယွီ မျက်မှောင်ကြုတ်လိုက်သည်။
"ဟမ့်၊ ပင်မဧရိယာက ဧကရာဇ်တွေတောင် သေကြရမဲ့နေရာပဲ။ သူတို့ဝင်သွားဝံ့မှတော့ သေရမယ်ဆိုတာ သေချာပါတယ်။ သူတို့ ဒီအတိုင်းကြီး သေသွားကြမှာ နှမြောစရာပဲ"
မုကြွယ်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် အံကိုကြိတ်ပြီး ပြောလိုက်သည်။
မူလက သူသည် လုမင်နှင့် လုံချန်ကို ညှဉ်းပန်းပြီး သေတာထက်ပိုဆိုးသော ဘဝကို နားလည်စေချင်ခဲ့ပေသည်။
ရှဲ့နျန်ချင်းကတော့ အလွန်လှပ၍ ခေါ်ယူကာ သူ ပျော်ရွှင်ချင်သည်။ ယခုတော့ အလကားသက်သက် သေဆုံးကြတော့မည်။
ပုံမှန်အားဖြင့်၊ ထိုနေရာသည် သိုင်းအုပ်ချုပ်သူများပင်လျှင် သေကြရသော နေရာတစ်ခု ဖြစ်သည်။ ၎င်းက အလွန်ထူးဆန်းပြီး အန္တရာယ်များလွန်းလှပေသည်။
သို့သော်လည်း မုကြွယ်က စိုးရိမ်နေဆဲဖြစ်ကာ ပြောလိုက်သည်။
"အကြီးအကဲ မုယွီ၊ ကျေးဇူးပြုပြီး ဒီမှာ လဝက်လောက် ဆက်နေပေးပါဦး။ အမြုတေဧရိယာမှာ လဝက်ကျော်လောက် ဘယ်သူမှ မရှင်သန်နိုင်ဘူး။ လဝက်ကျော်တဲ့အထိ ထွက်မလာသေးရင် ဒါက သူတို့ တကယ်သေသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"
"ကောင်းပါပြီ သခင်လေး၊ စိတ်ချပါ"
မုယွီက ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် မုကြွယ်ဟာ ဤနေရာတွင် တစ်ရက်စောင့်ခဲ့သည်။ တစ်ရက်ကြာသော်လည်း လုမင်နှင့် ကျန်သူများ မထွက်လာကြသောကြောင့် မုယွီကို အစောင့်ထားကာ မုကြွယ်တစ်ယောက်တည်း ပြန်သွားတော့သည်။
..........
နတ်ဘုရားအပျက်အယွင်း အမြုတေဧရိယာအတွင်းကို ပြေးဝင်လိုက်သည်နှင့် တပြိုင်နက် လုမင်နှင့် လုံချန်တို့အနောက်မှ ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဟင်၊ ဘာတွေဖြစ်နေတာလဲ"
နှစ်ယောက်သား ပြိုင်တူရပ်ကာ နောက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ၊ သူတို့နောက်မှာ သွေးမြူများက ထူထဲစွာရှိနေကြ၍ အခြေအနေအာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြတော့ပေ။
ပုံမှန်အားဖြင့်၊ ၎င်းတို့၏ မြင်နိုင်စွမ်းအရ သွေးမြူများရှိလျှင်ပင် မြင်နိုင်သင့်သည်။ သို့သော်လည်း ယခုအခါ အရာအားလုံး မှုန်ဝါးသွားခဲ့ပြီ။
"ဒီနေရာက... ငါတို့ ဝင်္ကပါထဲကို ရောက်လာတာပဲလား"
လုမင် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
"ဟူး၊ ငါတို့ လုံခြုံသွားပြီ။ အဓိပဓိကို ငါ မခံစားရတော့ဘူး"
တန်တန်က လက်သေးသေးလေးနှင့် သူ့ရင်ဘတ်ကို ပြန်ဖိရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
နဝမနဂါးနှင့် ရှေးဦးနဂါးဆင် ခန္ဓာကိုယ်များက သေးငယ်လာခဲ့၏။ လုမင်နှင့် လုံချန်လည်း ၎င်းတို့၏ လူသားအသွင်ကို ပြောင်းလဲလိုက်ကြသည်။
"အဓိပဓိ လိုက်မလာတော့ဘူးပေါ့၊ ငါတို့ဘာသာ အရင်အားဖြည့်ရအောင်"
လုမင်က အောက်ဘက်ကို ဆင်းသက်လိုက်သည်။
ဤနေရာမှာလည်း အပျက်အစီးများ ရှိသေးသည်။ ၎င်းတို့အောက်တွင် ရှေးဟောင်းနန်းတော်တစ်ခု၏ အကြွင်းအကျန်များ ရှိသည်။ လုမင်က ဆင်းသက်လာပြီးနောက် ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းအပုံလိုက်ကြီး ထွက်ပေါ်လာခဲ့၏။ လုမင်လည်း ၎င်းတို့ကို ဝါးမျိုပြီး သန့်စင်လိုက်တော့သည်။
အဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင် စွမ်းအင်များစွာ ကုန်ခမ်းသွား၍ ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။
လုံချန်သည်လည်း ထို့အတူပင်။ သူက ကျောက်ကြမ်းများကို ထုတ်ယူကာ ပြန်လည် အားဖြည့်လိုက်သည်။
နာရီဝက်အကြာတွင် သူတို့၏ ယွမ်ချီစွမ်းအင်များက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ဝှူး"
အေးစက်သောလေက ဖြတ်သန်းတိုက်ခတ်သွား၏။ ၎င်းက တိတ်ဆိတ်ငြိမ်သက်နေသော ဤနေရာတွင် တစ်ခုတည်းသောအသံ ဖြစ်သည်။
တချိန်တည်းမှာပင် သွေးမြူများက ပို၍ ထူထဲလာပုံရ၏။
"လုမင်၊ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရလိမ့်မယ်။ ဒီနေရာက အရမ်းထူးဆန်းတယ်လို့ ငါခံစားရတယ်။ ငါတို့ဒီမှာ အကြာကြီးနေမယ်ဆိုရင် အရမ်းအန္တရာယ်များလိမ့်မယ်"
တန်တန်၏ မျက်လုံးများက ဝိုင်းစက်သွားကာ ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အရောင်တစ်ချက်လက်ပြီး ရှဲ့နျန်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘယ်နေရာလဲ"
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ရှဲ့နျန်ချင်း အနည်းငယ် အံ့ဩသွား၏။
"ရှောင်ချင်း၊ ဒါက နတ်ဘုရားအပျက်အယွင်းရဲ့ အမြုတေနေရာပါ..."
လုမင်က အဖြစ်အပျက်များကို အတိုချုံး ပြောပြလိုက်သည်။
ထို့နောက် သူတို့သုံးဦးသား လမ်းကြောင်းတစ်ခုကိုရွေးချယ်ကာ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားကြလေသည်။ သို့သော်လည်း အချိန်အတော်ကြာ လျှောက်ပြီးသည့်တိုင် လုံးဝ မထွက်နိုင်တော့တာကို တွေ့လိုက်ရသည်။
"တကယ်ကို ဝင်္ကပါကြီးတစ်ခုလား"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်ဘူး၊ ဒါက ဝင်္ကပါထက် ပိုပြီးအဆင့်မြင့်တယ်။ နားမလည်နိုင်တဲ့ စွမ်းအားတစ်ခုက ဧရိယာနယ်ပယ်ကို ပြောင်းလဲသွားအောင် လုပ်နေသလိုပဲ။ ဒီနေရာမှာ ဦးတည်ချက်ကို ပြောပြဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အခုအချိန်မှာ ငါတို့က အပြင်ကို လမ်းလျှောက်ထွက်နေပုံရပေမဲ့၊ တကယ်တမ်းမှာ အတွင်းပိုင်းကို လျှောက်သွားနေတာ ဖြစ်နိုင်တယ်"
တန်တန်က မျက်မှောင်ကြုတ်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"တန်တန်၊ မင်း အားနည်းချက်ကိုကြည့်ပြီး ထွက်လမ်းရှာလို့ မရဘူးလား"
လုမင် မေးလိုက်၏။
"ငါ့ရဲ့ အထွတ်အထိပ်ကို ရောက်နေရင်တော့ ဒါက ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့... အခုချိန်မှာတော့ အကောင်းဆုံးကြိုးစားရုံပဲ ရှိတော့မယ်"
တန်တန်က ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။
"ဝမ်"
ဤအခိုက်တွင်၊ လုမင်နှင့် မနီးမဝေးမှ ကြီးမားသော အပြာရောင် ကျောက်တုံးကြီးက တောက်ပသော အလင်းများကို ရုတ်တရက် ထုတ်လွှတ်လာသည်။
အဆုံးမဲ့ ကမ္ပည်းများ တဖျတ်ဖျတ်လက်ပြီး မီးတောက်သံကြိုးများ ထွက်ပေါ်လာခဲ့၏။
ထိုအလင်းထဲတွင် လုံချန် ရှိနေသည်။
ယခုလေးတင်၊ သူတက်သွားသော ကျောက်တုံးပြာက မီးတောက်သံကြိုးများကို ချက်ချင်း ထုတ်လွှတ်လာခြင်း ဖြစ်တော့သည်။