← Chapters

အခန်း ၁၂၁၅

Vol. 81 Ch. 1215

အခန်း ၁၂၁၅

Vol. 81 Ch. 1215

အပိုင်း ( 1215 ) ဟွင်းယွမ်ဂိုဏ်း။

ထူးဆန်းသည်၊ ထူးကဲလှပေသည်။

ဦးခေါင်းမဲ့နဂါးစီးသူရဲက ဟွင်းယွမ်တံဆိပ်ပြားကို အသိအမှတ်ပြုခဲ့ကြောင်းထင်ရှားသည်။

ထို့အပြင် ဟွင်းယွမ်ဂိုဏ်းက အဘယ်နည်း။ ယင်းက ဂိုဏ်းကြီးတစ်ခုပဲလား၊ ကမ္မတိုက်ပွဲ၏နောက်ကွယ်မှ ချုပ်ကိုင်နေသူများဖြစ်မလား။

ဤအခိုက်အတန့်တွင်၊ လုမင်၏စိတ်ထဲမှာ အကြောင်းအရာများစွာကို တွေးတောနေသော်လည်း မေးခွန်းများသာရှိပြီး အဖြေမရှိပေ။

သို့ရာတွင်၊ သေချာတစ်ခုတော့ ရှိသည်။ ဦးခေါင်းမဲ့ နဂါးစီးသူရဲနှင့် ဟွင်းယွမ်ဂိုဏ်းသည် တစ်ဘက်တည်းတွင် ရှိနေပုံရ၏။ အနည်းဆုံးတော့ သူတို့က ရန်သူများမဟုတ်၍ လွှတ်ပေးထားခဲ့ခြင်း ဖြစ်သည်။

"ဒါက အထွတ်အမြတ်တန်ခိုးရှင်ပဲ။ သေဆုံးသွားပြီးနောက်မှာတောင် သူ့ရဲ့ တိုက်ပွဲဝိညာဉ်က မကွယ်ပျောက်သေးဘူး၊ ဦးခေါင်းမဲ့နဂါးစီးသူရဲအဖြစ်နဲ့ ဒီ‌နယ်မြေကို ကာကွယ်နေခဲ့တာ။ ဒါဆိုရင် ဟွင်းယွမ်ဂိုဏ်းကရော..."

တန်တန်က တစ်စုံတစ်ခုကို သတိရစေရန် ကြိုးစားနေဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ရုတ်တရက်၊ တန်တန်က မျက်ခုံးပင့်ကာ မျက်လုံးများ တောက်ပသွား၏။

"တန်တန်၊ မင်း ဘာမှတ်မိသေးလဲ"

လုမင်‌ မေးလိုက်သည်။

"ဟွင်းယွမ်ဂိုဏ်းက ကမ္ဘာပေါ်မှာ နံပါတ်တစ်ဂိုဏ်း၊ အသန်မာဆုံး အင်အားစုတစ်ခုပဲ"

တန်တန်က ပြောသည်။

"ကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်းလား၊ မင်းပြောတာ အချုပ်ကမ္ဘာကိုလား"

လုမင် မေးလိုက်၏။

"ဒီကမ္ဘာကြီးက ကြီးမားလွန်းပါတယ်၊ ဒါပေမဲ့ အချုပ်ကမ္ဘာမဟုတ်ဘူး"

တန်တန်က ပြောလိုက်သည်။

"မင်းက ကောင်းကင်ဘုံကို ပြောချင်တာလား"

လုမင်၏စိတ်ထဲ လှုပ်ရှားသွားသည်။ သူ အလွန်တုန်လှုပ်သွား၏။

ဟုတ်သည်၊ သူတို့နှစ်ဦးကြား စကားပြောဆိုမှုက အသံထုတ်လွှင့်ခြင်းဖြစ်သောကြောင့် အခြားမည်သူမျှ မကြားနိုင်ပေ။

ရှဲ့နျန်ချင်းမှ ထိုစကားကိုကြားလျှင် ဘာမျှမဖြစ်ပေ။ သို့ရာတွင်၊ သူက လုံချန်နှင့် မရင်းနှီးဘဲ လုံချန်ကို မသိစေချင်သော အရာများလည်း ရှိသည်။

"ဟုတ်တာပေါ့၊ ဟွင်းယွမ်ဂိုဏ်းက ကမ္ဘာ့နံပါတ်တစ်ဂိုဏ်းပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ အဲဒီတုန်းက ဖျက်ဆီးခံခဲ့ရတယ်။ ဒါ့အပြင် ဒီနေရာဟာ ဟွင်းယွမ်ဂိုဏ်းနဲ့ ဆက်စပ်မှုအရှိဆုံး ဖြစ်လိမ့်မယ်။ ဒါကြောင့်ပဲ မင်းဆီမှာ ဟွင်းယွမ်တံဆိပ်ပြားရှိမှန်း သိသွားတဲ့အခါ ဦးခေါင်းမဲ့ နဂါးစီးသူရဲက မသတ်တော့တာ"

တန်တန် ပြောလိုက်သည်။

"တန်တန်၊ ကောင်းကင်ဘုံမှာ ဘာဖြစ်သွားတာလဲ"

လုမင်က တန်တန်ကို စိုက်ကြည့်ပြီး မေးလိုက်၏။

လုမင် အမှန်တကယ်သိချင်မိသည်။ အချုပ်ကမ္ဘာရှိ အရာများစွာက ကောင်းကင်ဘုံနှင့် ဆက်စပ်နေကြောင်း သူ တွေ့ရှိခဲ့ရ၏။

ဆန်းကျယ်ကောင်းကင်နယ်မြေကြီးမှာမှ ရှန်ပိုတစ်ရာမှာလည်း၊ ‌ဒဏ္ဍာရီမှတ်တမ်းများအရ ကောင်းကင်မှ အလောင်းများ ပြုတ်ကျလာကာ ရှန်ပိုတစ်ရာနယ်မြေကို ဖြစ်ပေါ်လာစေသည်ဟု ဆိုထားသည်။

ကောင်းကင်ဘုံမှ အရာတစ်ခုဖြစ်သည့် ရှေးဟောင်း ပျက်စီးခြင်းမြို့လည်း ရှိသေးသည်။ ထိုမြို့ကြောင့်ပင်၊ ကောင်းကင်ဘုံရှိ ကျွန်းငယ်လေးတစ်ခုသို့ သူ ရောက်ရှိခဲ့ဖူးသည်။

ထို့ပြင်၊ ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားသည့် ကောင်းကင်တံခါးလည်း ရှိ၏။ တန်တန်က ထိုကောင်းကင်တံခါးမှ ထွက်လာခြင်း ဖြစ်သည်။

ယခုလည်း၊ ကမ္မတိုက်ပွဲက ကောင်းကင်ဘုံရှိ ဟွင်းယွမ်ဂိုဏ်းမှ ထိန်းချုပ်ထားခြင်းဖြစ်မည်ဟု သံသယရှိလာခဲ့ရပြီ။

ထို့ပြင်၊ ယခု သူတို့ရောက်နေသော နတ်ဘုရားအပျက်အယွင်း...

ယွမ်လောက သို့မဟုတ် အချုပ်ကမ္ဘာသည် ကောင်းကင်လောကနှင့် လုံးဝ ဆက်နွယ်နေပုံရသည်။

တန်တန်သည်လည်း ယခင်က ထိုတိုက်ပွဲအကြောင်းကို မကြာခဏပြောလေ့ရှိ၏။

ထိုတိုက်ပွဲက ဘာကိုရည်ညွှန်းပါသနည်း။

ဟွင်းယွမ်ဂိုဏ်းက ကမ္ဘာ့နံပါတ်တစ်ဂိုဏ်းဖြစ်လျှင် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း။ မျက်စိသုံးလုံး နတ်မျိုးနွယ်ကြောင့် ဖြစ်နိုင်ပါသလော။

"ငါမင်းကိုမပြောနိုင်ဘူး၊ ပထမအချက်က ငါ့မှတ်ဉာဏ်တွေ မှုန်ဝါးနေတာကြောင့် ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။ ဒုတိယအချက်ကတော့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်။ မင်းကို ငါပြောရင်တောင် ထူးခြားလာမှာမဟုတ်ဘူး။ မင်းရဲ့နယ်ပယ်က အဆင့်တစ်ခုကိုရောက်ရင် သဘာဝအတိုင်း သိသင့်တာတွေကို သိလာရလိမ့်မယ်"

တန်တန်က လေးလေးနက်နက် ပြောလိုက်သည်။ သူ ဤမျှလေးနက်ခြင်းက အလွန်ရှားပေသည်။

လုမင်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။ သို့သော်လည်း တန်တန်က ‌မပြောလိုသောကြောင့် အတင်းမေးရန် စိတ်ကူးမရှိပေ။

နောက်ဆုံးတွင်၊ ထိုအရာများက သူနှင့် အလှမ်းဝေးလွန်းသည်။ လက်ရှိ သူ့ရည်မှန်းချက်က သူ၏ ကျင့်ကြံခြင်းအခြေခံကိုမြှင့်တင်ကာ တီရီကို ကိုင်တွယ်ရန်ပင်။

"လုမင်၊ ငါတို့ဝင်သွားကြမလား"

ရှဲ့နျန်ချင်းက သူ့ရှေ့မှ နန်းတော်ကို ကြည့်ရင်း မေးလိုက်သည်။

"ဝင်ကြည့်ကြတာပေါ့၊ ဦးခေါင်းမဲ့ နဂါးစီးသူရဲက ငါတို့အပေါ်မှာ ရန်မလိုတာကြောင့် ဝင်ပြီးစူးစမ်းကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

လုံချန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်၏။

"ဒါကောင်းတယ်၊ အထဲမှာ အခွင့်အလမ်းတွေ ရှိကောင်းရှိနိုင်တယ်။ ရတနာတွေရှိရင်တော့ ဒီကိုယ်တော် ချမ်းသာပြီပဲ"

တန်တန်၏ မျက်လုံးများက တစ်ဖန် တောက်ပလာပြန်သည်။

ချက်ခြင်းပင် လူသုံးယောက်နှင့် လိပ်တစ်ကောင်က နန်းတော်တံခါးဝကို လျှောက်သွားကြတော့သည်။

တံခါးဝကို ဖြတ်လျှောက်သွားပြီးနောက် သူတို့၏မြင်ကွင်းများက ကျယ်ပြန့်လာသည်။ ပင်မခန်းမကို ယောင်ဝါးဝါး မြင်လိုက်ရလေသည်။

ခန်းမကြီးက အလွန်ကျယ်ဝန်းသည်။ အလယ်တွင် ကြီးမားသော တန်းလျားတစ်ခု ရှိ၏။ လမ်းဘေးနှစ်ဘက်တွင်ကား ကျောက်အခန်းများ ရှိပေသည်။

သူတို့က ကျောက်အခန်းများစွာကို ဆက်တိုက်စစ်ဆေးခဲ့သော်လည်း ဘာမှတော့ မတွေ့ခဲ့ပေ။

"ဟမ်"

ရုတ်တရက်၊ လုံချန်၏ အမူအရာက တစ်စုံတစ်ခုကို ခံစားလိုက်ရသလို ဖြစ်သွားသည်။ သူသည် ရှေ့သို့ လျှောက်သွားပြီး အလုံပိတ်ကျောက်အခန်းဆီသို့ ရောက်သွား၏။

သူရောက်သွားသည်နှင့် လုံချန်၏ ခန္ဓာကိုယ်က အလင်းရောင်တောက်ပသွားသည်။ ရှေးဦးနဂါးဆင်သွေးမျိုးဆက်က သူ့ခေါင်းထက်တွင် အလိုအလျောက်ပေါ်လာခဲ့၏။

"ဝူး"

သွေးမျိုးဆက်နဂါးဆင်က အော်ဟစ်ပြီး ကျောက်အခန်း၏ ကျောက်တံခါးကို ရိုက်ချလိုက်သည်။

"ဝုန်း"

ကျောက်တံခါး ပွင့်လာသည်နှင့် အတွင်းမှ အလွန်တရာ ကြီးစိုးသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

"ဒါက…"

အခန်းထဲမှ ရုပ်တုတစ်ခုကို မြင်ရပြီးနောက် လုမင်နှင့် ရှဲ့နျန်ချင်းတို့ အံ့ဩသွားကြသည်။

ရုပ်တုသည် ဧရာမဆင်ကြီးတစ်ကောင်ပုံ ဖြစ်၏။ ဆင်ကြီး၏ တကိုယ်လုံးကို အကြေးခွံများက ဖုံးလွှမ်းနေပြီး ၎င်း၏အရှိန်အဝါကလည်း လွှမ်းမိုးမှုရှိသည်။

၎င်းက ရှေးဦးနဂါးဆင်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ဤနေရာတွင် ရှေးဦးနဂါးဆင် ရုပ်တုတစ်ခု ရှိနေသည်။ ၎င်းက အသက်ဝင်နေပုံရပြီး လုံချန်၏ သွေးမျိုးဆက်နှင့် အပြည့်အဝ တူလွန်း၏။ သို့သော်လည်း ၎င်း၏ အရှိန်အဝါက ပို၍အားကောင်းသည်။ ၎င်းက ပိုမို ကြောက်စရာကောင်းပြီး ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

လုံချန်၏ မျက်လုံးများက တောက်ပလာသည်။ သူက ရှေ့သို့လှမ်းကာ နဂါးဆင် ရုပ်တုအောက်တွင် ထိုင်ချလိုက်၏။ သူ၏ ဦးခေါင်းထက်ရှိ ရှေးဦးနဂါးဆင် သွေးမျိုးဆက်က ရုပ်တုနှင့် ပဲ့တင်ထပ်နေပုံရကာ ရုပ်တုမှာလည်း အလင်းရောင်များ လင်းလက်သွားတော့သည်။

"ဒီကောင်လေးက တော်တော်ကံကောင်းတာပဲ၊ အခွင့်အလမ်းတစ်ခုကို သူ ရလိုက်ပြီ"

တန်တန် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ လုံချန်က အခွင့်ကောင်းတစ်ခုကို ရရှိခဲ့သည်။ ဤရှေးဦးနဂါးဆင်ရုပ်တုကို တန်ခိုးရှင်ကြီးတစ်ဦးမှ ချန်ထားခဲ့ကြောင်း သိသာထင်ရှားလှပေသည်။ ၎င်းက ရုပ်တုတစ်ခုဖြစ်သော်လည်း ရှေးဦးနဂါးဆင်၏ ကျက်သရေတို့ ရှိသည်။

"လုံချန်က ဒီမှာ ခဏလောက် လေ့ကျင့်နေလိမ့်မယ်။ ငါတို့ ဆက်သွားကြရအောင်"

လုမင် ပြောလိုက်သည်။

ထို့နောက်တွင် ရှဲ့နျန်ချင်း၊ တန်တန်တို့နှင့်အတူ ရှေ့ဆက်ခဲ့လေသည်။

သူတို့က ရှေ့သို့လျှောက်ရင်း လမ်း၏ တစ်ဖက်တစ်ချက်စီရှိ လျှို့ဝှက်အခန်းတိုင်းကို ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ သူတို့ဘာမှ မတွေ့ခဲ့ရပေ။

များမကြာမီ၊ လမ်းတစ်ခုလုံးကို သူတို့ဖြတ်သွားသည်။ ထို့နောက်မှာတော့ အပျက်အယွင်းများသာ ရှိတော့သည်။

ရုတ်တရက် ရှဲ့နျန်ချင်း၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

"မြေအောက်မှာ တခုခုရှိနေပုံရတယ်"

ရှဲ့နျန်ချင်းက ပြောသည်။

လုမင်လည်း မျက်လုံးများ တောက်ပသွား၏။ အချိန်မဆိုင်းဘဲ သူတူးဖော်လိုက်သည်။ မကြာခင်မှာပဲ မီတာဒါဇင်ချီကာ သူ တူးဖော်ပြီးသွား၏။ ထိုအခါ ကြီးမားသော ရှေးဟောင်းမိုင်းတစ်ခု ပေါ်လာတော့သည်။

ဟုတ်သည်၊ ဤရှေးဟောင်းမိုင်းက အခြားရှေးဟောင်းမိုင်းများထက် အဆများစွာ ကြီးမားလွန်းပေသည်။

"လေးလိုက်တာ"

မယူကြည့်ပြီးနောက် လုမင် ညည်းတွားလိုက်မိသည်။ သို့သော်၊ သူ လက်မလျှော့ပေ။

"ကြွစမ်း"

လုမင်က နဂါးစွမ်းအားရှစ်ခုကိုပေါက်ကွဲပြီး ရှန်းရွှီရှေးဟောင်းမိုင်းကို မယူလိုက်သည်။

ရှဲ့နျန်ချင်းထံမှ ယွမ်ချီစွမ်းအင်များ လည်ပတ်လာပြီး နတ်ဆိုးစွမ်းအင်များ ပေါ်လာသည်။ သူ့ဦးခေါင်းထက်တွင် ကောင်းကင်နတ်ဆိုးသွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။

"ဒီရှန်းရွှီရှေးဟောင်းမိုင်းက ငါ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်စေတာပဲ။ အထဲမှာ နတ်ဆိုးတစ်ကောင် ရှိနေသလိုပဲ"

ရှဲ့နျန်ချင်း၏ မျက်လုံးများက စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။

"ချမ်းသာပြီ...ချမ်းသာပြီ... ဒီကောင်မလေး ချမ်းသာပြီပဲ။ ဒီရှန်းရွှီရှေးဟောင်းမိုင်းထဲမှာ တံဆိပ်ခတ်ထားတဲ့ ထူးခြားတဲ့ အရာတစ်ခု တကယ်ရှိနေတယ်"

တန်တန်က တောက်ပသော မျက်လုံးများနှင့် ရှေးဟောင်းမိုင်းကိုကြည့်ရင်း ပါးစပ်မှလည်း တတွတ်တွတ်ရေရွတ်လိုက်သည်။

"ဖွင့်ကြည့်ရအောင်"

လုမင်က ပြောသည်။

"ခဏနေဦး၊ ငါ ဝင်္ကပါတည်ဆောက်လိုက်ဦးမယ်"

တန်တန်က လုမင်ကိုခေါ်ပြီး ရှန်းရွှီရှေးဟောင်းမိုင်းတဝိုက်တွင် ဝင်္ကပါတစ်ခုကို အလျင်အမြန် ခင်းကျင်းလိုက်သည်။

"ရပြီ"

တန်တန် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူ၏ ယွမ်ချီစွမ်းအင်ကို ဓားတစ်လက်အဖြစ် ဖွဲ့စည်းပြီး ရှန်းရွှီရှေးဟောင်းမိုင်းကို စတင်ဖြတ်တောက်လိုက်တော့သည်။

လုမင်က အဝါရောင်သတ္တုအခွံကို အလွှာလိုက် အလွှာလိုက် လွှာချပစ်လိုက်သည်။ တဖြည်းဖြည်းနှင့် ရှန်းရွှီရှေးဟောင်းမိုင်းသည် သေးငယ်သည်ထက် သေးငယ်လာခဲ့၏။ နောက်ဆုံးမှာတော့ ၎င်းက လက်သီးဆုပ်အရွယ်သာ ရှိတော့သည်။

"ဒါက သေးသေးလေးပဲ၊ အထဲမှာ ဘာများရှိလို့လဲ"

လုမင်လည်း သိချင်သွားမိသည်။

"ခလွမ်"

ရှန်းရွှီရှေးဟောင်းမိုင်း အက်ကွဲသွားခဲ့သည်။ ချက်ချင်းဆိုသလို အလွန်အားကောင်းသော နတ်ဆိုးစွမ်းအင်က အတွင်းမှ ထွက်ပေါ်လာခဲ့၏။ ဤနတ်ဆိုးစွမ်းအင်က အလွန်ကြောက်စရာကောင်းသည်။ ၎င်းကို သန်မာသည်ဟု မခံစားရသော်လည်း သက်ရှိအားလုံးကိုနှိမ့်ချပြီးကြည့်သည့် ဧကရာဇ်တစ်ပါးကဲ့သို့ မြင့်မားလွန်း၏။

"ဝုန်း"

နောက်ဆုံးတွင်၊ ရှန်းရွှီရှေးဟောင်းမိုင်းက ပေါက်ကွဲသွားပြီး နဂါးမျက်လုံးအရွယ် အနက်ရောင်ထုလုံးတစ်ခု လေထဲတွင် ပေါ်လာတော့သည်။

All Chapters