အခန်း ၁၂၁၆
Vol. 82 Ch. 1216
အပိုင်း ( 1216 ) အခွင့်အလမ်းကိုယ်စီရရှိခြင်း။
အနက်ရောင်ပုလဲက နဂါးမျက်လုံးအရွယ်သာ ဖြစ်သည်။ သို့ရာတွင်၊ ၎င်းတွင် ကြောက်ခမန်းလိလိဖြစ်သည့် နတ်ဆိုးအရှိန်အဝါနှင့် နတ်ဆိုးအရှိန်အဝါများ ပါဝင်နေခဲ့၏။
လုမင်လည်း နတ်ဆိုးလမ်းစဉ်၏ အထွတ်အထိပ်တန်ခိုးရှင်ကို ရင်ဆိုင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဤခံစားချက်က ရှဲ့လွမ်ကို ရင်ဆိုင်ရချိန်ကထက် အဆများစွာ ပို၍ပြင်းထန်သည်။
"ဒါက သူတော်စင်နှလုံးသားလား။ မဟုတ်သေးဘူး၊ အဲဒါနဲ့လည်း မတူဘူး"
လုမင် အံ့သြသွားသည်။
ပထမတော့ သူသည် သူတော်စင်တစ်ပါးမှ ကျန်ရစ်ခဲ့သော သူတော်စင်နှလုံးသားတစ်ခုဟု တွေးလိုက်မိသည်။ သို့သော်လည်း ယခင်က သူမြင်ဖူးသည့် သူတော်စင်၏ သူတော်စင်နှလုံးသားက ထိုသို့မဟုတ်ပေ။
"ဝမ်"
ရုတ်တရက်၊ အနက်ရောင်ပုလဲ တုန်လှုပ်ချောက်ချားဖွယ်ရာ အသံကိုထုတ်လွှတ်ပြီး အသိစိတ်ရှိသကဲ့သို့ ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့သည်။
"ငါသိနေတယ်"
တန်တန်က ပြောလိုက်သည်။ သူတို့ပတ်လည်တွင် ကမ္ပည်းစာများ ပေါ်လာပြီး ကြီးမားသော ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွား၏။ ဝင်္ကပါက မရေမတွက်နိုင်သော ဖဲကြိုးများဖြင့် ဖွဲ့စည်းထားသည့် ပိုက်ကွန်ကဲ့သို့ ပေါ်လာတော့သည်။
အနက်ရောင်ပုလဲက ချက်ချင်းပင် ဦးတည်ချက်ပြောင်းပြီး အခြားဘက်သို့ ပျံသန်းသွားသည်။ သို့သော်လည်း ဝင်္ကပါက ပိတ်ဆို့ထားဆဲပင်။
အနက်ရောင်ပုလဲက ကြီးမားလှသော နတ်ဆိုး ရောင်ဝါဖြင့် ဘယ်ညာ ပြေးသွားသော်လည်း ကံမကောင်းစွာဖြင့် မလွတ်မြောက်နိုင်ခဲ့ပေ။ တန်တန်က ယင်းကိုသိ၍ ကြိုတင်ပြင်ဆင်ထားလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင်၊ ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအရှိန်အဝါများက ပို၍ အားကောင်းလာသည်။ အနက်ရောင်ပုလဲနှင့် ပဲ့တင်ထပ်နေသကဲ့သို့ သူမ၏ သွေးမျိုးဆက်ကလည်း တောက်ပလာတော့သည်။
"ဝမ်"
နောက်ဆုံးတွင်၊ အနက်ရောင်ပုလဲ ရွေးချယ်စရာမရှိတော့သကဲ့သို့ ရဲ့နျန်ချင်းဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။
"ဟင်၊ မကောင်းတော့ဘူး"
လုမင် မျက်နှာပျက်သွားပြီး တားဆီးရန် ဟန်ပြင်လိုက်သည်။
"လုမင်၊ မင်း စိုးရိမ်လွန်ပြီး အဆင်ခြင်မဲ့သွားတာပါ။ ဒါက ဒီကောင်မလေးအတွက် အခွင့်အလမ်းကြီးပဲ"
တန်တန် အော်ဟစ်လိုက်၏။
လုမင်လည်း ဤတော့မှ သတိဝင်လာကာ ရပ်လိုက်သည်။ ရှဲ့နျန်ချင်းအတွက် စိုးရိမ်လွန်းသောကြောင့် တွေးတောနိုင်စွမ်းပျောက်သွားမှန်း သူသိသည်။
"ဝှစ်"
အနက်ရောင်ပုလဲက ရှဲ့နျန်ချင်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
"လုမင်၊ ငါဒီမှာ ခဏလောက် လေ့ကျင့်ချင်တယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ရှဲ့နျန်ချင်းက တင်ပျဉ်ခွေထိုင်လိုက်၏။ နတ်ဆိုးအလင်းလွှာတစ်ခုက နတ်ဆိုးရောင်ဝါဖြင့် ဖွဲ့စည်းထားသော ပိုးအိမ်ကဲ့သို့ ရှဲ့နျန်ချင်းကို ဖုံးလွှမ်းသွားတော့သည်။
"တန်တန်၊ အဲဒါ သူတော်စင်တွေ ချန်ထားခဲ့တဲ့ သူတော်စင်နှလုံးသားလား"
လုမင် သိလိုစိတ်ဖြင့် မေးလိုက်သည်။
"သူတော်စင်နှလုံးသား မဟုတ်ဘူး"
တန်တန် ခေါင်းခါယမ်းလိုက်၏။ သူ့မျက်လုံးလေးများက တောက်ပသွားကာ ပြောလိုက်သည်။
"အဲဒါက သူတော်စင်တစ်ယောက်ထက် ပိုအစွမ်းထက်တဲ့ ဖြစ်တည်မှုတစ်ခုကနေ ကျန်ရစ်ခဲ့တဲ့ အမြုတေတစ်ခုပဲ။ ဒါက သူတော်စင်နှလုံးသားထက် အဆတစ်ရာ ပိုပြီး တန်ဖိုးကြီးတယ်။ အဲဒါကြောင့် ဒီကောင်မလေး အခွင့်ကောင်းကြီးတစ်ခု ရခဲ့တယ်လို့ ငါပြောခဲ့တာပေါ့။ ကံကောင်းချင်တော့ ဒီဥစ္စာပိုင်ရှင်ဟာ တိုက်ပွဲမှာ သေသွားခဲ့တာကြာလှပြီ။ သူ့ရဲ့ တိုက်ခိုက်ချင်စိတ်နဲ့ သတ်ဖြတ်ချင်စိတ်တွေလည်း ပျောက်ကွယ်သွားပြီး အားအင် သိပ်မကျန်တော့ဘူး။ မဟုတ်ရင်... ဒီကောင်မလေးအတွက် အခွင့်အလမ်းဖြစ်ဖို့ နေနေသာသာ ငါတို့အားလုံးကို သတ်သွားလိမ့်မယ်"
"သူတော်စင်ထက် အားကောင်းတာလား"
လုမင် တိတ်တဆိတ် တုန်လှုပ်သွား၏။
ယခုအချိန်တွင် သိုင်းအုပ်ချုပ်သူကပင် သူ့အတွက် ဖြတ်မကျော်နိုင်သော တောင်တစ်ခုဖြစ်သည်။ သူတော်စင်တစ်ဦးသည် သိုင်းအုပ်ချုပ်သူထက် များစွာပို၍ တန်ခိုးကြီး၏။ ထိုမျှသာမကဘဲ သူတော်စင်များထက် တန်ခိုးကြီးသော တည်ရှိမှုများလည်း ရှိနေသည်။
"လုမင်၊ ရှေ့ကိုဆက်ကြရအောင်။ တခြားဘယ်သူမှ ဒီကိုလာလို့ရတာမဟုတ်ဘူး။ မင်းရဲ့ကောင်မလေး ဘာမှမဖြစ်ပါဘူး။ ဒီမှာ ငါတို့အတွက် ကံကောင်းတဲ့ အခွင့်အရေးတစ်ခုခု ရှိနေတယ်လို့ ငါခံစားရတယ်"
ရှေ့ကိုမျှော်ကြည့်ရင်း တန်တန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
"ကောင်းပြီ၊ သွားကြည့်ရအောင်"
လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် လူနှင့်လိပ်တို့လည်း ရှေ့သို့ ဆက်သွားကြပြန်တော့သည်။
သူတို့ရှေ့တွင် အပျက်အစီးများ ရှိနေသော်လည်း လမ်းကြောင်းကိုတော့ မြင်နေရဆဲ ဖြစ်သည်။ ၎င်းက နန်းတော်တစ်ခု ဖြစ်သင့်သော်လည်း ဤနေရာတွင် ပြိုကျပျက်စီးနေတာ ကြာလှပြီ။
"အဲဒါ…"
ရုတ်တရက်၊ လုမင်သည် သူတို့ရှေ့တွင် လဲလျောင်းနေသော အရာတစ်ခုကို တွေ့လိုက်ရသည်။
၎င်းက ဦးခေါင်းမရှိသော အစစ်အမှန်နဂါးကြီးပင်။
ဦးခေါင်းမဲ့ အနက်ရောင် အစစ်အမှန်နဂါးကြီးက မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့၏။ ဦးခေါင်းမဲ့ နဂါးစီးသူရဲကလည်း နဂါးလှံကိုကိုင်ကာ နဂါးကျောပေါ်တွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။
ဦးခေါင်းမဲ့ နဂါးစီးသူရဲ၏ဘေးမှာတော့ လက်နက်မျိုးစုံ ထိုးစိုက်ကျနေသော နေရာတစ်ခုရှိ၏။ သို့သော်လည်း ၎င်းတို့က ဆွေးမြေ့ပျက်စီးသွားပုံ ရသည်။
ထိုလက်နက်များကဲ့သို့ပင် ဆွေးမြေ့နေသော ချပ်ဝတ်တန်ဆာ အမျိုးမျိုးကိုလည်း သူမြင်ရသေးသည်။
အနီးကပ်ကြည့်လိုက်ပါက ထိုလက်နက်များနှင့် ချပ်ဝတ်များအောက်တွင် အရိုးစုများ ရှိခဲ့သည်။
ဒါတွေက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျွမ်းကျင်သူတွေရဲ့ သင်္ချိုင်းလား။ ဦးခေါင်းမဲ့ နဂါးစီးသူရဲက ဒီနေရာကို စောင့်ကျပ်နေတာလား။
လုမင် တိတ်တဆိတ် စဉ်းစားလိုက်သည်။
“ဟင်၊ အဲဒါ… ဝိညာဉ်တစ်ထောင်ကျောက်လား။ ငါချမ်းသာပြီ၊ ငါချမ်းသာပြီ"
တန်တန်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူသည် အရိုးများပြည့်နေသော နေရာကို ချက်ချင်း ပြေးသွားခဲ့၏။ ထို့နောက် ဧရိယာအလယ်ဗဟိုမှ လူဦးခေါင်းအရွယ် ရောင်စုံသလင်းကျောက်တစ်ခုကို တူးဖော်လိုက်တော့သည်။
တန်တန်က သလင်းကျောက်ကို ပွေ့ဖက်ပြီး အားရပါးရ စားလိုက်သည်။
ဤအခြေအနေတွင် အစမှအဆုံးထိ ဦးခေါင်းမဲ့နဂါးက သူနှင့်မဆိုင်သလို မလှုပ်ရှားခဲ့ပေ။
လုမင်လည်း ပြုံးပြီး ရှေ့သို့ လျှောက်သွားသည်။
သို့သော်၊ အရိုးစုများရှိရာသို့ လျှောက်သွားသောအခါ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွား၏။
"သတ်၊ သတ်၊ သတ်"
သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ဟိန်းဟောက်သံများက လုမင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
၎င်းက အလွန်ပြင်းထန်သော သတ်ဖြတ်ချင်စိတ်၊ ကျဆုံးသွားသော အထွတ်အထိပ် တန်ခိုးရှင်ကြီးများ၏ သတ်ဖြတ်ချင်စိတ် ဖြစ်သည်။
၎င်းတို့သည် အလွန်အားကောင်း၏ တော်ရုံလူတစ်ဦးဆိုလျှင် အဆုံးမဲ့သတ်ဖြတ်ချင်စိတ်ဖြင့် ချက်ခြင်း နစ်မြုပ်သွားပြီး အသိစိတ်ပျောက်ပေလိမ့်မည်။
သို့သော်လည်း လုမင်ကတော့ မတူပါ။ သူ၏ တတိယသွေးမျိုးဆက်မှ သတ်ဖြတ်ချင်စိတ်က ဤနေရာရှိ သတ်ဖြတ်ချင်စိတ်များထက် အဆများစွာ ပြင်းထန်သည်။ လုမင်သည် ထိုကဲ့သို့သော သတ်ဖြတ်ချင်စိတ်တို့ လွှမ်းမိုးမှုကို မကြာခဏ ကြုံတွေ့နေရ၏။ သို့ဖြစ်ပေရာ ၎င်းတို့က မည်သို့ ပြဿနာဖြစ်စေပါမည်နည်း။
'ဒီသတ်ဖြတ်ချင်စိတ်က ငါ့အတွက် ပြဿနာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီကောင်တန်တန်ကလည်း အားကိုးရတာတော့ မဟုတ်ဘူးပဲ။ ငါ့ကို သတိတောင်မပေးဘူး၊ တခြားသူသာရှိရင် အန္တရာယ်ရှိလိမ့်မယ်'
လုမင် မကျေမနပ်ဖြင့် တွေးလိုက်သည်။
တန်တန်ကတော့ အလွန်ကျေနပ်နေသော အမူအရာဖြင့် မျက်လုံးကိုမှေးစင်းပြီး သလင်းကျောက်ကို စားနေဆဲပင်။
"သတ် သတ် သတ်"
သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ကမ္ဘာပေါ်ရှိ ရန်သူအားလုံးကို သတ်ပစ်မည့်ကဲ့သို့ ပြင်းပြသောဆန္ဒနှင့် အလျှော့မပေးသော တိုက်ခိုက်ချင်စိတ်များ ပြည့်နေသည်။
"ဟင်၊ ဒါက ဘာလဲ"
လုမင်၏ အမူအရာပြောင်းသွားပြီး မျက်လုံးကို မှိတ်လိုက်သည်။
နောက်အခိုက်တွင် ပတ်ဝန်းကျင်က ပြောင်းလဲသွားပုံရ၏။ မရေမတွက်နိုင်သော အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်နေသော ကျယ်ပြောသည့် နယ်မြေဆီသို့ သူ ရောက်လာခဲ့သည်။
ထိုအလင်းတိုင်များအားလုံးက အငွေ့အသက်များ၊ မိုးနှင့်မြေကြားမှ တာအိုအမျိုးမျိုး၏ အငွေ့အသက်များ ဖြစ်သည်။ မဟုတ်သေး... ၎င်းတို့က မိုးနှင့်မြေကြားမှ တာအိုများထက် အဆပေါင်းမရေမတွက်နိုင်အောင် အားကောင်းသည်။
'ဒါ… ဒါတွေက အဲဒီတန်ခိုးရှင်ကြီးတွေကနေ ကျန်ခဲ့တာပဲလား။ ဒါတွေက တာအိုအနှစ်သာရနဲ့ ဆက်စပ်နေတာလား၊ ဒါမှမဟုတ် ပိုပြီး အစွမ်းထက်တာလား'
စိတ်ထဲမှတွေးရင်း လုမင် လွန်စွာ ဝမ်းသာသွားခဲ့သည်။
အကြောင်းမှာ၊ လုမင်က ထိုအလင်းတိုင်များ၌ မီး၊ မိုးကြိး တာအိုများနှင့်ဆင်တူသော အလင်းတန်းများ ရှိနေသည်ဟု ခံစားလိုက်မိသောကြောင့် ဖြစ်သည်။ သူနားလည်ထားသော တာအိုစိတ်ဆန္ဒ ငါးခုစလုံးကို ရှာဖွေတွေ့ရှိခဲ့ပေသည်။
"သူတို့ကို ဒီမှာ နားလည်ဆင်ခြင်ရရင် ငါ့ရဲ့ တာအိုတွေက မြန်မြန်တိုးတက်လာမှာ သေချာတယ်"
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
သူ့အတွက် ဤသည်မှာ အခွင့်ကောင်းကြီးတစ်ခုပင်။
ချက်ခြင်းပင်၊ လုမင်လည်း တင်ပျဉ်ခွေထိုင်ပြီး တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်သည်။
တန်တန်ကတော့ ဝိညာဉ်တစ်သောင်းကျောက်ကို တစ်ခုလုံးကုန်အောင် စားသောက်လိုက်၏။ စားပြီးသည်နှင့် သူ့တကိုယ်လုံး တောက်ပလာကာ ထိုနေရာတွင် တုံးထိုးအိပ်ပျော်သွားတော့သည်။
"မီးတာအို"
လုမင် ပထမဆုံး နားလည်ဆင်ခြင်သည်က မီးတာအိုဖြစ်သည်။
ယခုအခါ၊ သူ၏ မီးတာအိုနှင့် မိုးကြိုးတာအိုက အဆင့်လေး ကြီးမားသောအောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။ ၎င်းက အဆင့်လေး ပြီးပြည့်စုံခြင်းမှ ခြေတစ်လှမ်းသာ ဝေးခဲ့သည်။
ထိုအချိန်တွင်၊ လုမင်၏ မီးတာအိုက လျင်မြန်စွာ တိုးတက်လာသည်။
ဤသို့ဖြင့် အချိန်များ ကုန်လွန်လာပြီး တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့လေသည်။ ခုနစ်ရက်အကြာတွင်၊ လုမင်၏ မီးတာအိုက ချိုးဖြတ်ခဲ့ပြီး အဆင့်လေး ပြီးပြည့်စုံခြင်းသို့ ပထမဆုံး ရောက်ရှိသွားခဲ့သည်။
အဆင့်လေး ပြီးပြည့်စုံခြင်းက အမြင့်ဆုံးအဆင့် ဖြစ်နေပြီ။ ထို့နောက်တွင်၊ နောက်တစ်ဆင့်က နယ်မြေပိုင်နက် ဖြစ်သည်။
လုမင်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်အလွှာတစ်ခု ခုန်တက်လာကာ အာကာသထဲသို့ လောင်ကျွမ်းသွားခဲ့သည်။
"အဆင့်လေး ပြီးပြည့်စုံမှုက အရမ်း အစွမ်းထက်တာပဲ"
လုမင်၏ မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုတို့ ပေါ်လာခဲ့ကြသည်။