← Chapters

အခန်း ၁၂၁၇

Vol. 82 Ch. 1217

အခန်း ၁၂၁၇

Vol. 82 Ch. 1217

အပိုင်း ( 1217 ) အဆက်မပြတ် ချိုးဖြတ်ခြင်း၊ ဝိညာဉ်ကြွက်ဖြူလေး။

အဆင့်လေး ပြီးပြည့်စုံခြင်းသည် တာအို နားလည်သဘောပေါက်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။ ကောင်းကင်နှင့်မြေပြင်၏ တာအိုသဘောတရားများက ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိသည်နှင့် စွမ်းအားကလည်း အလွန်တိုးပွားလာလိမ့်မည်။

'ခုနစ်ရက်အတွင်းမှာပဲ ငါ့ရဲ့ မီးတာအိုကို အဆင့်လေး ကြီးမားတဲ့ ပြီးပြည့်စုံမှုကနေ ပြီးပြည့်စုံတဲ့အထိ မြှင့်တင်နိုင်ခဲ့တယ်။ ဒီနေရာက ငါ့အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ'

လုမင်က စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

အဆင့်လေး ကြီးမားသောအောင်မြင်မှုမှ အဆင့်လေး ပြီးပြည့်စုံသောအဆင့်ကြားတွင် ခြေတစ်လှမ်းသာရှိသော်လည်း ခြားနားချက်က မိုးနှင့်မြေကဲ့သို့ ဖြစ်သည်။ တော်ရုံပါရမီရှင်များအတွက်ပင် ဖြတ်ကျော်ရန် အနည်းဆုံး နှစ်ဝက်သို့မဟုတ် နှစ်အနည်းငယ်ပင် လိုအပ်လိမ့်မည်။

တချို့လူများဆိုလျှင် သူတို့တစ်ဘဝလုံး ဖြတ်ကျော်လို့မရဘဲ ရပ်တန့်သွားကြသည်။

လုမင်၏ နားလည်မှု အမြန်နှုန်းဖြင့်ပင် အခွင့်အလမ်းများ မရှိပါက ဖြတ်ကျော်ရန် အနည်းဆုံး နှစ်ဝက်ကြာလိမ့်မည်။ ယခုမူကား၊ သူသည် ခုနစ်ရက်အတွင်း ဖြတ်သွားပြီ ဖြစ်သည်။

"နောက်တစ်ခု၊ မိုးကြိုးတာအို"

လုမင်၏ မျက်လုံးများက တောက်ပသွားကာ မိုးကြိုးတာအိုကို စတင် နားလည်ဆင်ခြင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ခုနစ်ရက်အတွင်း မိုးကြိုးတာအိုက ချိုးဖြတ်ခဲ့ပြီး စတုတ္ထအဆင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။

"ဂျုန်း"

လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်တွင် လျှပ်စီးများ ပြည့်နှက်သွား၏။ လုမင်၏ ခန္ဓာကိုယ်ကို လျှပ်စီးကြောင်းများက ဝိုင်းရံထားတော့သည်။

"ဟမ်"

ရုတ်တရက်၊ လုမင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူ၏ မိုးကြိုးတာအိုက စတုတ္ထအဆင့် ပြီးပြည့်စုံသော အဆင့်သို့ ဖြတ်ကျော်သွားချိန်တွင်၊ သူ၏ အသိစိတ်ပင်လယ်ထဲ၌ နှစ်အနည်းငယ်ကြာ ငြိမ်သက်နေသော လဲ့တင်းက ရုတ်တရက် လှုပ်ရှားပြီး အနည်းငယ် တုန်ခါသွားသည်။

ဤအခိုက်အတန့်တွင်၊ လုမင်က မိုးကြိုးဒယ်စောက်အိုးနှင့် ဆက်စပ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

လုမင်သည် ရှန်ပိုတစ်ရာနယ်မြေမှ ဤမိုးကြိုးဒယ်စောက်အိုး လဲ့တင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို သူ ပထမဆုံး မြင်ရချိန်တွင်... လဲ့တင်းက ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေချိန်ဖြစ်ပြီး အားကုန်သွားသောကြောင့် လုမင်လက်ကို ကျရောက်ခဲ့ရသည်။

နောက်ပိုင်းတွင်၊ ၎င်းကို အကြိမ်အနည်းငယ် အသုံးပြုခဲ့ဖူး၏။ ၎င်းက လုမင်၏ အသက်စွမ်းအင်ကို စုပ်ယူနိုင်သော်လည်း အခက်အခဲများကို ကြိမ်ဖန်များစွာ ကျော်ဖြတ်စေနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့်၊ နဂါးကိုး‌ကောင်မြို့မှ တိုက်ပွဲတွင် တိရီ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ၎င်းက လုမင်၏အသိစိတ်ပင်လယ်ထဲကို ပြန်ဝင်သွားကာ တိတ်ဆိတ်နေခဲ့သည်။ လုမင်မှ မည်မျှပင် နားလည်ရန် ကြိုးစားသည်ဖြစ်စေ၊ ခေါ်ယူသည်ဖြစ်စေ ဆက်သွယ်မှု မရတော့ပေ။

ယခုတော့ လုမင်၏ မိုးကြိုးတာအိုက စတုတ္ထအဆင့် ပြီးပြည့်စုံသောအဆင့်သို့ ဖြတ်ကျော်သွားချိန်တွင် လဲ့တင်းနှင့် တစ်ဖန် ဆက်သွယ်မိခဲ့ပြီ ဖြစ်သည်။

ချက်ချင်းပင်၊ လုမင်လည်း မိုးကြိုးတာအိုကိုထုတ်ဖော်ပြီး လဲ့တင်းဆီသို့ အာရုံစိုက်လိုက်သည်။

"ဝမ်"

မိုးကြိုးဒယ်စောက်အိုးက ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ နောက်ဆုံးတွင်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ ပျံထွက်သွားပြီး သူ့ဦးခေါင်းထက်ကို လွင့်ပျံသွား၏။ ၎င်းထံမှ အားကောင်းသော မိုးကြိုးလှိုင်းများကို ထုတ်လွှတ်လာတော့သည်။

"ဒီဖိအားက သန်မာလွန်းတယ်"

လဲ့တင်းကို သတိထားကြည့်ရင်း လုမင် တုန်လှုပ်သွားမိသည်။

လဲ့တင်းမှ ထုတ်လွှတ်သော ဖိအားက သိုင်းအုပ်ချုပ်သူများထက်ပင် အားကောင်းလှပေသည်။

"သွားစမ်း"

လုမင်က လဲ့တင်းကိုထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ အံ့ဖွယ်ကောင်းအောင်၊ သူ ထိန်းချုပ်နိုင်ခဲ့၏။ လုမင်၏ အတွေးတစ်ချက်နှင့် လဲ့တင်းက နိမ့်လိုက် မြင့်လိုက် ပျံသန်းသွားတော့သည်။ ၎င်းက ယခင်ကထက် အဆပေါင်းများစွာ ပို၍ အားကောင်းလာခဲ့သည်။

ယခင်ကဆိုလျှင် သူ့အတွက် ရှင်ခြင်းသေခြင်း တိုက်ပွဲဝင်နေချိန်မှသာ လဲ့တင်းကို အသက်သွင်းနိုင်ခဲ့သည်။ သို့သော်လည်း လဲ့တင်းက သူ၏ ယွမ်ချီစွမ်းအင်နှင့် အသက်စွမ်းအင်ကို စုပ်ယူသွား၏။ သို့မှသာ သူက လဲ့တင်းကို အသက်သွင်းနိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ သူ၏ အလိုဆန္ဒအတိုင်း မည်သို့ထိန်းချုပ်နိုင်မည်နည်း။

"ဒါပေမဲ့၊ ဒီလဲ့တင်းက နားမလည်နိုင်ဘူးလို့ ခံစားမိနေတုန်းပဲ။ အဲဒီကနေ လွှတ်ထုတ်နိုင်တဲ့ စွမ်းအားက ဘယ်လောက်ရှိလဲ မသိပေမဲ့ သူ့ရဲ့ စွမ်းအားနည်းနည်းနောက် လွှတ်ထုတ်နိုင်ရင်တောင်မှ ငါ့အတွက် အများကြီး အထောက်အကူဖြစ်နိုင်တယ်"

"ဒါကို အခွင့်အရေးရှာပြီး စမ်းကြည့်ရသေးတာပေါ့"

လုမင်လည်း ပြုံးပြီး လဲ့တင်းကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထို့နောက် အခြားတာအိုသဘောတရားများကို ဆက်လက်နားလည်ခဲ့လေသည်။

အချိန်များ ကုန်လွန်လာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။

လုမင်၏ တာအိုများသည်လည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီ။

"ကျွီ ကျွီ..."

ယနေ့‌တွင်၊ လုမင် လေ့ကျင့်နေတုန်း သူ့နှင့် မနီးမဝေးမှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

လုမင်လည်း အံ့ဩသွားပြီး မျက်လုံးကို အမြန်ဖွင့်လိုက်၏။ ဤနေရာတွင် အခြားသက်ရှိသတ္တဝါများ အမှန်တကယ်ရှိနေခဲ့သည်။ ထိုသတ္တဝါများသာ သူတို့ကို ဒုက္ခပေးချင်ပါက အကျိုးဆက်က မှန်းဆမရနိုင်ပေ။

လုမင်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် လွင့်မျောနေသော ‌အဖြူ‌ရောင် ဆံပင်အလုံးတစ်ခုကို တွေ့လိုက်ရသည်။

မဟုတ်သေး၊ အနီးကပ် ကြည့်သောအခါ ၎င်းက ရှဉ့်နှင့် အလွန်ဆင်တူသော သက်ရှိသတ္တဝါ ဖြစ်၏။ သူ့တစ်ကိုယ်လုံးက ဆူဖြိုးပြီး အသားလုံးကဲ့သို့ လုံးလုံးလေး ဖြစ်နေခဲ့လေသည်။

ထို့အပြင် ၎င်း၏တစ်ကိုယ်လုံးကို အဖြူရောင် အမွှေးများက ဖုံးအုပ်ထားသည်။ သူ့အမွှေးဖြူဖြူများက အညစ်အကြေး ကင်းစင်ကာ ကြည်လင်သန့်ရှင်း၏။ အဖြူရောင် အမွှေးများနှင့် ဝဝတုတ်တုတ် သူ့ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သောအခါ အလွန်ချစ်စရာကောင်းလေသည်။

၎င်းက သိပ်ပြီးမကြီးဘဲ လက်သီးနှစ်လုံး အရွယ်မျှသာ ရှိသည်။ ဤအခိုက်တွင် ၎င်းက အနက်ရောင်မျက်လုံးကြီးများနှင့် လုမင်ကို စူးစူးစိုက်စိုက်ကြည့်နေလေသည်။ တကျွီကျွီ အသံများကလည်း သူ့ထံမှ ထွက်ပေါ်နေသော အသံများ ဖြစ်သည်။

"တကယ်ပဲ ဒီလိုသက်ရှိမျိုး ရှိနေတာလား"

လုမင် တိတ်တဆိတ် အံ့ဩသွားမိသည်။

ဤနေရာက ကြောက်စရာကောင်းသော သေခြင်းရန်သူများ၊ သက်ရှိသတ္တဝါများနှင့် ပြည့်နှက်နေနိုင်တာ မဟုတ်ပါလား။ လုမင်နှင့် အခြားသူများ ဝင်ရောကလာသော လမ်းတစ်လျှောက်တွင် ဦးခေါင်းမဲ့ နဂါးစီးသူရဲမှလွဲ၍ အခြား မည်သည့်သက်ရှိသတ္တဝါကိုမျှ မတွေ့ခဲ့ရပါ။ ထို့ပြင်၊ အတိအကျ ပြောရမည်ဆိုပါက ဦးခေါင်းမဲ့ နဂါးစီးသူရဲသည် သက်ရှိသတ္တဝါမဟုတ်ပေ။

'ဒါက ဝိညာဉ်ကြွက်ကလေးများလား။ ဒါပေမဲ့ ဒီလိုနေရာမှာ ထူးထူးခြားခြား ဘာဖြစ်လို့ ပေါ်လာရတာလဲ။ နောက်ပြီးတော့ သူက ဒီနေရာက အဆုံးမဲ့သတ်ဖြတ်ချင်စိတ်တွေက ကြောက်ပုံမရဘူး'

လုမင် တွေးလိုက်သည်။

"ကျွီ ကျွီ"

ဝိညာဉ်ကြွက်ဖြူလေးက လုမင်ကိုစိုက်ကြည့်ရင်း အော်ဟစ်နေဆဲပင်။ ၎င်းက လုံးလုံးတုတ်တုတ် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ လုမင်အား လှည့်ပတ်နေခဲ့သည်။

လုမင်က ဂရုတစိုက်ကြည့်လိုက်သောအခါ ဤကြွက်ဖြူလေးက အလွန်ရိုးရှင်းပြီး သာမန်ဖြစ်ကြောင်း သိလိုက်ရသည်။

လုမင်လည်း မတ်တပ်ထရပ်ပြီး ဝိညာဉ်ကြွက်ဖြူလေးဆီသို့ လျှောက်သွားလိုက်လေသည်။

ထိုအခါ၊ ဝိညာဉ်ကြွက်ဖြူလေးက ထိတ်လန့်သွားပြီး လျင်မြန်စွာ ထွက်ပြေးသွား၏။ အတန်ကြာအောင် ပြေးသွားပြီးနောက် ပြန်လှည့်ကာ လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြန်သည်။

"ကောင်လေး၊ မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

လုမင် မေးလိုက်သည်။

နတ်ဆိုးသားရဲတစ်ကောင်က သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိသောအခါ စကားပြောနိုင်မည် ဖြစ်သည်။

"ကျွီ ကျွီ"

သို့သော်၊ ဝိညာဉ်ကြွက်ဖြူလေးက အော်ရုံသာ အော်ဟစ်နေပြီး စကားမပြောပေ။

"မင်းက သိုင်းဘုရင်နယ်ပယ်ကို မရောက်သေးဘူးလား။ ဒါပေမဲ့ သိုင်းဘုရင်နယ်ပယ်ကို မရောက်သေးရင် ဒီနေရာက အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်တွေကို ဘယ်လို တွန်းလှန်နိုင်မှာလဲ"

လုမင်၏ စူးစမ်းလိုစိတ်က နိုးကြားလာပြီး ဝိညာဉ်ကြွက်ဖြူလေးနောက်ကို အမြန်လိုက်သွားသည်။ ထိုအခါ ဝိညာဉ်ကြွက်ဖြူလေးက မယုံနိုင်စရာအရှိန်ဖြင့် လှည့်ပြေးသွား၏။ ၎င်းက အလင်းတန်းတစ်ခုအသွင်ဖြင့် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

"ဒါ...ဒါက ဟင်းလင်းပြင်တာအိုလား"

လုမင်လည်း အံ့အားသင့်ပြီး ကျန်ခဲ့သည်။

ထိုဝိညာဉ်ကြွက်ဖြူလေးက ဟင်းလင်းပြင်တာအိုကို အမှန်တကယ် အသုံးပြုနိုင်စွမ်းရှိ၏။ ထို့အပြင်၊ ၎င်းက လုမင်မြင်ဖူးသော တိရှန်နှင့် ရန်ပိုထျန်းတို့ ဟင်းလင်းပြင်တာအို အသုံးပြုခြင်းထက် ပို၍ လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။

ဤကြွက်ဖြူလေးက ဘယ်လိုကြွက်မျိုးနည်း၊ ဘယ်လို နတ်ဆိုးသားရဲဖြစ်သနည်း။

လုမင် တခါမှ မကြားဖူးပေ။

"မေ့လိုက်ပါ"

နောက်ဆုံးတွင်၊ လုမင် ခေါင်းခါယမ်းပြီး တာအိုကို နားလည်ဆင်ခြင်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

သို့သော်လည်း မကြာခင်မှာပဲ အသံတိုးတိုးကို ထပ်မံကြားလိုက်ရပြန်သည်။

လုမင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကြွက်ဖြူလေးကို တွေ့လိုက်ရ၏။ ၎င်းက မနီးမဝေးတွင် လဲလျောင်းနေပြီး လုမင်ကို ကြည့်နေသည်။

"ဒီကောင်စုတ်လေး..."

လုမင် ရေရွတ်လိုက်သည်။ သူက ရုတ်တရက်လှုပ်ရှားကာ ကြွက်ဖြူလေးကို ဖမ်းဆွဲလိုက်၏။

"ကျွီ ကျွီ"

ဝိညာဉ်ကြွက်ဖြူလေးလည်း လန့်ဖျပ်သွားပြီး လှည့်ထွက်ပြေးတော့သည်။ ၎င်းက အဖြူရောင်အလင်းတစ်ခုကဲ့သို့ ခဏချင်း အဝေးကိုရောက်သွားသည်။ လုမင်မှာ နေရာတွင် ဘယ်လိုကျန်ခဲ့သလဲဆိုတာတောင် မသိလိုက်ပေ။

"ဒီဟင်းလင်းပြင်ကို အသုံးချနိုင်စွမ်းက အားကောင်းလွန်းတယ် မဟုတ်လား"

လုမင် တကယ်ကို မှင်တက်သွားမိသည်။

ခဏအကြာတွင်၊ လုမင်က‌ နောက်တစ်ဖန် တင်ပျဉ်ခွေထိုင်လိုက်သည်။

သို့သော်လည်း၊ ဤတစ်ကြိမ်မှာတော့ လုမင်ဟာ မျက်လုံးကိုသာမှိတ်ထားပြီး မလေ့ကျင့်ခဲ့ပေ။ ထိုအစား၊ သူသည် ဝိညာဉ်အသိကိုဖြန့်ကျက်ပြီး သူ့ပတ်ဝန်းကျင်ရှိ အခြေအနေများကို အာရုံစိုက်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ မကြာမီ အဖြူရောင် အလင်းတန်းများနှင့် ကြွက်ဖြူလေး ပြန်ရောက်လာသည်။ ၎င်းက မျက်လုံးပြူးပြူးလေးနှင့် လုမင်ကို စူးစိုက်ကြည့်နေလေသည်။

"ဒီတစ်ခါတော့ မင်း ဘယ်ကိုပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

လုမင်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ ယွမ်ချီစွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းက မီတာတစ်ထောင်အချင်းဝက်ကို ဖုံးအုပ်ထားသော စွမ်းအင်ဒိုင်းကြီးသဖွယ် ပြောင်းလဲသွား၏။ လုမင်က ဟင်းလင်းပြင်ကိုပင် ပိတ်လှောင်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် လုမင်က ရုတ်တရက်လှုပ်ရှားပြီး အလင်းတန်းတစ်ခုကဲ့သို့ ကြွက်ဖြူလေးကို ခုန်အုပ်လိုက်တော့သည်။

"ကျွီ ကျွီ"

ဝိညာဉ်ကြွက်‌ဖြူလေးက အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများက ထိတ်လန့်မှု အရိပ်အယောင်ကိုပင် မမြင်ရပေ။ သူ၏ ပါးစပ်တွင်းမှ ပူဖောင်းလေးတစ်လုံး ထွက်လာခဲ့သည်။

ဟုတ်သည်၊ အမှန်တကယ် ပူဖောင်းဖြစ်ခဲ့၏။ ပူဖောင်းက လျင်မြန်စွာ ကျယ်ပြန့်လာကာ လုမင်ကို ဖုံးအုပ်သွားတော့သည်။

လုမင်လည်း ပူဖောင်းထဲကို ရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် နှေးကွေးသွားပြီး လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးလာသည်ကို တွေ့လိုက်ရသည်။

All Chapters