← Chapters

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အပိုင်း ( 1220 ) ငါလည်း နည်းနည်းလောက် ကစားပါရစေ။

'ဟမ့်၊ လုမင်နဲ့ လုံချန်... မင်းတို့တွေ နတ်ဘုရားအပျက်အယွင်းရဲ့ အမြုတေနေရာမှာ သေသွားကြတာ ကံကောင်းတယ်။ မဟုတ်ရင် မင်းနှစ်ယောက်လုံးကို ငါကိုယ်တိုင် နှိပ်စက်ပြီး သတ်တယ်။ ဟိုမိန်းမလှလေး ရှဲ့နျန်ချင်း သေသွားတာကတော့ နှမြောစရာပဲ'

မုကြွယ်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ရင်ပြင်တွင် လူအများအပြား စုဝေးလာကြသည်ကိုမြင်သောအခါ အချိန်တန်သလို သူခံစားလိုက်ရ၏။ သူက မတ်တပ်ထရပ်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဒီနေ့၊ ငါတို့ မုမိသားစုက ကျောက်လောင်းကစားပွဲတစ်ခု ကျင်းပမှာပါ။ ငါ့မုမိသားစုက ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရှေးဟောင်းမိုင်းတွေအားလုံးကို ငါ ထုတ်ယူလာပြီးပြီ။ ဒီအထဲမှာ ထူးကဲတဲ့ ရတနာတွေ ရှိလိမ့်မယ်"

"မင်းတို့ အလောင်းအစား ပြုချင်တယ်ဆိုရင် စိတ်ကြိုက်ရွေးယူလို့ရပါတယ်။ တစ်ခုကို ကျောက်ကြမ်းတစ်သိန်းကျမယ်"

မုကြွယ်က ကျောက်အလောင်းအစားပွဲ၏ စည်းမျဉ်းများကို ကြေညာလိုက်သည်။

"ကျောက်ကြမ်းတစ်သိန်းလား၊ စျေးကြီးလိုက်တာ"

တချို့လူများ ရင်မောသွား၏။

"တကယ်စျေးကြီးတယ်။ ဟိုတုန်းက တခြားမိသားစုတွေ ကျောက်လောင်းကစားပွဲလုပ်တုန်းကတောင် ဒီလောက်ဈေးမကြီးဘူး"

"ဒါက အရမ်းဈေးကြီးတယ်။ ပုံမှန်ဆိုရင် ရှန်းရွှီရှေးဟောင်းမိုင်းတွေကို ဝယ်ရတာ သိပ်ပြီး စျေးမကြီးပါဘူး"

လူတော်တော်များများက စတင်ဆွေးနွေးလိုက်ကြသည်။ ခဏချင်းတော့ မည်သူမျှ ရှေ့တက်မလာကြပေ။

နေက်ဆုံးတွင်၊ ဤမိသားစုကြီးများမှ ထုတ်ယူခဲ့သော ရှေးဟောင်းမိုင်းများအားလုံးကို ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ ရတနာများပါ၀င်နိုင်သော ရှန်းရွှီရှေးဟောင်းမိုင်းများကို ကြိုတင် စစ်ထုတ်ထားပြီးပြီ။

ယခုထုတ်ယူလာသော ရှေးဟောင်းမိုင်းအားလုံးက ရွေးချယ်ပြီးသားတွေ ဖြစ်သည်။ ထိုအတွက် ရတနာတစ်ခုခုကို ရရှိနိုင်ချေက မမြင့်မားပေ။ ယင်းကို ကျောက်ကြမ်းတစ်သိန်းနှင့် ပြန်ရောင်းနေခြင်းက ဈေးကြီးလွန်းလှသည်။

မုကြွယ်၏ မျက်နှာက အေးစက်သွားခဲ့သည်။ သူက လူထုကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်၏။

"ပုံမှန်ဆိုရင် ငါတို့က ရှန်းရွှီရှေးဟောင်းမိုင်းတွေကို ရောင်းချချိန်မှာ မင်းတို့ကို သေသေချာချာ ရွေးချယ်ခွင့်မပေးဘူး၊ ဒါပေမဲ့ အခု မင်းတို့လုပ်နိုင်တယ်။ နောက်ပြီးတော့ ဒီရှန်းရွှီရှေးဟောင်းမိုင်းအားလုံးက အရည်အသွေးမြင့်တွေဆိုတာ ငါတို့ မုမိသားစုရဲ့နာမည်နဲ့ အာမခံနိုင်တယ်"

"ဟုတ် မဟုတ်၊ ငါစမ်းကြည့်မယ်"

"ငါလည်းကြည့်စမ်းမယ်"

မုကြွယ်၏ စကားဆုံးသည်နှင့် လူထွားကြီးတချို့က ရှေ့သို့ တိုးလာခဲ့ကြသည်။ ထို့နောက် ရှေးဟောင်းမိုင်းထောင်ချီထဲမှ လိုချင်တာကို ဂရုတစိုက် ရွေးချယ်လိုက်၏။

မကြာမီပင်၊ သူတို့ရွေးချယ်မှု ပြီးဆုံးသွားပြီး ကျောက်ကြမ်းတစ်သိန်းစီ ထုတ်ပေးလိုက်ကြသည်။

"ဖွင့်ကြည့်ပါဦးဗျို့"

တစ်ယောက်က လှမ်းအော်လိုက်၏။

"ကောင်းပြီ"

လူထွားကြီးများ ခေါင်းညိတ်လိုက်ကြသည်။

ပထမဦးစွာ လူထွားကြီးနှစ်ယောက်က ၎င်းတို့၏ ရှေးဟောင်းမိုင်းကို ဖြတ်တောက်လိုက်ကြသည်။ သို့သော်၊ အထဲမှာ ဘာမျှမရှိ‌ပေ။ သို့ရာတွင်၊ တတိယ လူထွားကြီးက ရှေးဟောင်းမိုင်းကို ဖွင့်လိုက်သောအခါ ရှေးဟောင်းမိုင်းအတွင်းမှ သက်တံရောင်အလင်းတန်းတစ်ခု ထွက်လာသည်။

"ရတနာတစ်ခုပေါ်လာပြီ၊ ရတနာတစ်ခုပေါ်လာပြီ"

မျက်လုံးမျက်ဆံပြူးကာ ငေးကြည့်ကြရင်း လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

"ကျောက်စိမ်းဓားတစ်လက်ပဲ၊ ဘုရားရေ... အဲဒါက အရမ်းအစွမ်းထက်တယ်"

တစ်ယောက် အော်ဟစ်လိုက်၏။

လူထွားကြီးက ရှေးဟောင်းမိုင်းကို ဖြတ်တောက်လိုက်သောအခါ ရှေးဟောင်းမိုင်းအတွင်း၌ အံ့ဖွယ်အတက်အကျများ ထုတ်‌လွှတ်နေသော ကျောက်စိမ်းဓားငယ်‌လေးတစ်ချောင်း အမှန်တကယ် ရှိခဲ့သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်၍ ၎င်း၏ အနှစ်သာရတချို့တော့ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းကို ကောင်းမွန်စွာ ပြုပြင်နိုင်သရွေ့ အစွမ်းထက် လက်နက်တစ်ခုအဖြစ် ရှိနေပါဦးမည်။

"ဒါက ဧကရာဇ်ဝိဉာဉ်လက်နက်ဖြစ်ပုံပါတယ်"

တစ်စုံတစ်ယောက်က လှုံ့ဆော်ပေးသော လေသံဖြင့် အော်ဟစ်လိုက်သည်။ ထိုအခါ လူအုပ်ကြီးက ပို၍ပင် လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။

"ငါတို့ ရတနာတစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့တာပဲ။ မုကြွယ်ပြောတာမှန်တယ်၊ ဒီရှေးဟောင်းမိုင်းတွေက အမှန်တကယ် အရည်‌အသွေးမြင့်မားတယ်"

“ဒီကျောက်စိမ်းဓားက အနည်းဆုံး ကျောက်ကြမ်းသန်းဆယ်ချီ ဒါမှမဟုတ် အဲဒါထက်ပိုပြီး တန်ဖိုးကြီးတယ်။ ကျောက်ကြမ်းတစ်သိန်းရင်းပြီး ကျောက်ကြမ်းသန်းဆယ်ချီရတာ၊ ဒီကောင်တော့ အကြီးကြီးမြတ်ပြီပဲ"

ကျောက်စိမ်းဓားကိုကြည့်ရင်း လူအများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"ဟားဟားဟား"

လူထွားကြီးက ကျောက်စိမ်းဓားကသိမ်းကာ နေရာမှ အလျင်အမြန် ထွက်သွားတော့သည်။

"ဒါက ကျောက်ကြမ်းလေးတစ်သိန်းပဲ၊ ကံစမ်းကြည့်တာပေါ့။ ရတနာတစ်ခုခုရနိုင်ရင် အဲဒါက တန်လိမ့်မယ်"

"ဟုတ်တယ်၊ ကံစမ်းကြည့်ရအောင်"

ဤအချိန်တွင် လူအတော်များများ လှုပ်ရှားလာခဲ့ကြသည်။ ၎င်းတို့က စင်မြင့်အရှေ့သို့ လျှောက်သွားပြီး ဂရုတစိုက် ခံစားကြည့်လိုက်၏။ ထို့နောက် သူတို့အားလုံးက ရှန်းရွှီရှေးဟောင်းမိုင်းများကို အသီးသီး ရွေးချယ်လိုက်ကြသည်။

ဟုတ်ပေသည်၊ ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခုကို ကျောက်ကြမ်းတစ်သိန်း ပေးရသည်

မကြာမီတွင် လူဆယ်ဦးကျော်က ရှေးဟောင်းမိုင်းများကို ရွေးချယ်ယူခဲ့ကြလေသည်။

မုကြွယ်၏ မျက်နှာမှာလည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဖြတ်ကြည့်ပါဦးဗျို့"

လူတစ်ယောက်က သိလိုစိတ်ဖြင့် အော်လိုက်သည်။

ရှေးဟောင်းမိုင်းများကို ရွေးချယ်ခဲ့ကြသူများလည်း ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြတ်ပစ်လိုက်၏။ ကံမကောင်းစွာဖြင့်၊ လက်ရှိ လူဒါဇင်ချီတို့တွင် ရတနာများကို မတွေ့ခဲ့ရပေ။

"ကံဆိုးလိုက်တာ၊ ကျောက်ကြမ်းတစ်သိန်းကို ငါ ဖြုန်းတီးလိုက်မိပြီ"

"ချီးပဲ၊ သူများတွေ ရွေးနိုင်ရင် ငါလည်း လုပ်နိုင်တယ်။ ထပ်လာမယ်ကွာ"

လူအချို့က ဒေါသတကြီးဖြင့် ရှေးဟောင်းမိုင်းတချို့ကို ဆက်တိုက်ယူလိုက်သည်။ သို့သော်၊ ဘာမျှမတွေ့ခဲ့ကြရပေ။

"ဟိုလူထွားကြီးက ထောက်ပို့ဖြစ်နိုင်တယ်"

လုမင်နှင့် အခြားသူများက လူအုပ်ကြားတွင် ရောနှောနေခဲ့သည်။ ဤအခိုက်တွင်၊ လုမင်က အနည်းငယ်ပြုံးပြီး ပြောလိုက်၏။

ရှဲ့နျန်ချင်းနှင့် လုံချန်လည်း ခေါင်းညိတ်လိုက်ကြသည်။

အစပိုင်းမှ ထိုလူထွားကြီးများသည် မုမိသားစုနှင့်ပူးပေါင်းပြီး အခြားသူများ၏ လောဘကိုလှုံ့ဆော်နိုင်သော ဇာတ်ကွက်တစ်ခု ချပြသွားခြင်း ဖြစ်နိုင်ချေများသည်။

ခဏအကြာတွင် ရှေးဟောင်းမိုင်း ဒါဇင်ချီကာ ရောင်းချရပြီး သန်းချီသော ကျောက်ကြမ်းများကို ရခဲ့သည်။ ယင်းက အခမဲ့အမြတ်ကြီး စားလိုက်ရခြင်းပင်။

တဖြည်းဖြည်းနှင့် ဝယ်ယူသူ နည်းပါးလာခဲ့သည်။ သို့သော်လည်း ကံစမ်းရန် ရံဖန်ရံခါ တက်လာသူများ ရှိနေပါသေးသည်။ နောက်ဆုံးတွင် တက်ရောက်သူများ ရပ်သွားခဲ့ကြသည်။

"တန်တန်၊ ဒီရှေးဟောင်းမိုင်းတွေမှာ ရတနာတွေ ရှိမရှိ မင်းသိနိုင်တယ် မဟုတ်လား။ ဒီရှေးဟောင်းမိုင်း တစ်ထောင်ကျော်ထဲမှာ ရတနာတွေ တကယ်ရှိတာလား"

လုမင်က တန်တန်ကို အသံပို့လွှတ်ပြီး မေးလိုက်သည်။

"ရှိပါတယ်၊ ဒါပေမဲ့ အရမ်းနည်းတယ်။ သူတို့ထဲမှာ ကောင်းတာတချို့တော့ရှိပါတယ်။ မင်းလိုချင်လား၊ ငါ အဲဒါတွေကို တစ်ခုပြီးတစ်ခု ရွေးလို့ရတယ်"

တန်တန် ပြောလိုက်သည်။

"ဒါပေါ့ဟ၊ ငါ အဲဒါတွေကို လိုချင်တယ်။ အရူးမှပဲ အလကားရမဲ့ ရတနာကို လျစ်လျူရှုလိမ့်မယ်။ နောက်ပြီးတော့ ဒါတွေက မုမိသားစုနဲ့ ပိုင်ဆိုင်တာပဲလေ"

လုမင်က ပြုံးပြီး ရင်ပြင်ထဲသို့ လျှောက်သွားသည်။

မုကြွယ်ကတော့ မူလက ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေသေးသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုတွင် သူ့စွမ်းအားကို မည်သို့ပြသရမည်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်အဖြစ် ရွေးချယ်ခံရပုံနှင့် လေ့ကျင့်ရန် ယွမ်လုသို့ သွားရောက်နိုင်ရန် အတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်နေခဲ့သည်။ ထိုအချိန်ကျလျှင် သူ့ဘဝက ကောင်းကင်သို့ ထိုးတက်သွားလိမ့်မည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် သို့မဟုတ် သူတော်စင်နယ်ပယ်သို့ပင် ဖြတ်သွားနိုင်မည် ဖြစ်သည်။ ထိုအခါကျလျှင် တောင်နှင့်မြစ်ကို စိုးမိုးပြီး မိန်းမလှလေးများစွာ၏ ချဉ်းကပ်မှုကို ခံယူရလိမ့်မည်။

သူတစ်ယောက်တည်း အိပ်မက်မက်နေစဉ်တွင် ရင်ပြင်ထဲသို့ လျှောက်လာနေသော ရင်းနှီးကျွမ်းဝင်သည့် လူတစ်ဦးကို တွေ့လိုက်ရသည်။

မုကြွယ်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကုလားထိုင်ပေါ်မှ ခုန်ထလိုက်၏။

"လုမင်၊ မင်းအသက်ရှင်နေသေးလား။ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

မုကြွယ် မယုံကြည်နိုင်စွာ အော်လိုက်သည်။

သူ အမှန်တကယ်ကို မယုံကြည်နိုင်တော့ပေ။ လုမင်က နတ်ဘုရားအပျက်အယွင်း၏ အမြုတေအတွင်းသို့ ဝင်သွားသူ ဖြစ်သည်။ ထို့ပြင် နတ်ဘုရားအပျက်အယွင်း ပင်မနယ်မြေတွင် လဝက်ကျော် နေထိုင်ခဲ့၏။ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ထိုအထဲသို့ဝင်ပြီး အချိန်အတော်ကြာနေလျှင် ပြန်လာနိုင်မည် မဟုတ်ပါ။ ယခုတော့ လုမင်က သူ့ရှေ့တွင် ရပ်နေပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ၊ သူ ဘယ်လိုမှ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

ထို့နောက် ပတ်ဝန်းကျင်ကို ကမန်းကတန်း လှည့်ပတ်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ လူအုပ်ထဲတွင် ရှဲ့နျန်ချင်းနှင့် လုံချန်တို့ကို သူတွေ့ရှိခဲ့ရသည်။ ထိုအတွက် သူ ပို၍ပင် အံ့ဩသွားတော့သည်။

"ဘာဖြစ်လို့လဲ သခင်လေးမု၊ ငါ အသက်ရှင်နေရတာက ဘာထူးဆန်းလို့လဲ"

လုမင်က အေးစက်စက်ပြုံးရင်း မေးလိုက်သည်။

"ဟမ့်၊ ဘာမှမဟုတ်ဘူး"

အချိန်အတော်ကြာပြီးနောက် မုကြွယ် ငြိမ်သက်သွားခဲ့သည်။ သို့ရာတွင် သူ့မျက်နှာကတော့ အလွန်မှုန်မှိုင်းနေတော့သည်။

'ချီးပဲ၊ ဘာဖြစ်လို့ ဒီကောင်တွေ မသေသေးတာလဲ။ ငါသူတို့ကို အခွင့်အရေးရှာပြီး သတ်ရမယ်။ မဟုတ်ရင် ငါ့နှလုံးသားထဲက အမုန်းတရားတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး'

မုကြွယ်က စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များက အလွန်ပြင်းထန်နေတော့သည်။

"ငါလည်း နည်းနည်းပါးပါး ကံစမ်းချင်လို့ပါ။ သခင်လေးမုက ငါ့ကို မကြိုဆိုဘူးလား"

လုမင်က အပြုံးမပျက်ဘဲ မေးလိုက်သည်။

"အခု ငါ့ရဲ့ မုမိသားစုက စီးပွားရေးလုပ်ဖို့ ဖွင့်ထားတာပဲ၊ ကျောက်ကစားလိုသူတိုင်းကို ကြိုဆိုတယ်။ မင်း စိတ်ကြိုက်ရွေးချယ်နိုင်တယ်"

မုကြွယ် ပြောလိုက်သည်။ ထိုသို့ ပြောဆိုပြီးနောက် မှုန်ကုပ်ကုပ်ဖြင့် ထိုင်ခုံတွင် သူပြန်ထိုင်လိုက်၏။ သူ့စိတ်ထဲမှာတော့ အကြံတချို့ကို လျှို့ဝှက်စွာ တွေးတောနေပြန်တော့သည်။

လုမင်က ပြုံးပြီး ရှေးဟောင်းမိုင်းများစွာကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ရှေးဟောင်းမိုင်းတစ်ခုအား ပေါ့ပေါ့တန်တန်ညွှန်ပြပြီး ပြောလိုက်၏။

"ဒီတစ်ခုပဲ"

ထိုရှေးဟောင်းမိုင်းကို လုမင်က ကောက်ယူပြီး ကျောက်ကြမ်းတစ်သိန်း ပေးလိုက်သည်။

"အဲဒါကို ဖြတ်ကြည့်ပါဦးဗျို့"

တစ်ယောက်ယောက်က အော်ပြောလိုက်၏။

"ကောင်းပြီ၊ ဒါဆို ငါ ဖွင့်ကြည့်လိုက်မယ်"

လုမင် ပြုံးလိုက်သည်။ သူက ယွမ်ချီစွမ်းအင် ဓားတစ်လက်နှင့် ရှေးဟောင်မိုင်းကို ခွဲထုတ်လိုက်၏။

ချက်ချင်းဆိုသလို ရှန်းရွှီရှေးဟောင်းမိုင်းအတွင်းမှ ရွှေရောင်အလင်းများ ဖြာထွက်လာတော့သည်။

"ရတနာတစ်ခုပေါ်လာပြီ၊‌ နောက်ထပ် ရတနာတစ်ခုပေါ်လာပြီ"

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

မုကြွယ်လည်း ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွား၏။ လုမင်က ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခုမှ ရတနာတစ်ခုကို အမှန်တကယ် ရခဲ့သည်။

လူတော်တော်များများကတော့ မျက်လုံးများကိုပြူးကာ ဘယ်လိုရတနာမျိုးဖြစ်မလဲ သိလိုစိတ်ဖြင့် ကြည့်နေကြတော့သည်။

"မြေဧကရာဇ်အနှစ်သာရ၊ ဒါက တကယ်ကို မြေဧကရာဇ်အနှစ်သာရပဲ"

လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားခဲ့သည်။

All Chapters