အခန်း ၁၂၂၄
Vol. 82 Ch. 1224
အပိုင်း ( 1224 ) ပြီးပြည့်စုံသော နဝမနဂါးသွေးမျိုးဆက်။
"ငါ့ဆံပင်၊ ဒကာတော်... အဲဒီ အဖြူရောင်ဝတ်လူကို သတိထားပါ"
စကားသံနှင့် မသမာသောရဟန်း ပေါ်လာခဲ့သည်။
"ကိုယ်တော်၊ သူဘယ်သူလဲဆိုတာ မင်းသိလား"
လုမင် မေးလိုက်၏။
"ဟုတ်တယ်၊ အဲဒီလူက ရှဲ့နျန်ကျွင်းနဲ့ အတော်ရင်းနှီးတယ်။ တောင်ပိုင်းနတ်နန်းတော်ရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ အသန်မာဆုံး ပါရမီရှင် သုံးယောက်ရှိတယ်လေ။ အဲဒီလူကတော့ ပါရမီရှင်သုံးယောက်ထဲမှာ တစ်ယောက်ဖြစ်တဲ့ ဝမ့်ကျန်းတဲ့"
ရဟန်းဝူလျန့်က ပြောလိုက်သည်။
"ဒီလူက ဝမ့်ကျန်းပဲ"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
တောင်ပိုင်းနတ်နန်းတော်မှ မျိုးဆက်သစ်လူငယ်များ၏ အသန်မာဆုံး ပါရမီရှင်သုံးယောက်တွင် တစ်ဦးစီက ထူးကဲသည်။ ၎င်းတို့အသီးသီးကအလွန်ကြောက်စရာကောင်း၏။ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို မှန်းဆ၍မရပေ။
သူတို့ထဲတွင် တစ်ယောက်က လုမင်တို့နှင့်တွေ့ဖူးသော ကျိဟုန်ချန် ဖြစ်သည်။ သူမကလည်း တကယ်ကို သာမန်မဟုတ်ပေ။
မမျှော်လင့်ဘဲ၊ ရှဲ့နျန်ကျွင်းက ယခုအခါ တောင်ပိုင်းနတ်နန်းတော်၏ ထိပ်သီး ပါရမီရှင်သုံးပါးထဲမှ တစ်ဦးဖြစ်သည့် ဝမ်ကျန်းနှင့် အလွန်ရင်းနှီးနေခဲ့ပြီ။
"ကျေးဇူးတင်ပါတယ်"
လုမင်က လက်ယှက်ပြပြီး ပြောလိုက်သည်။ ထို့နောက်မှာတော့ ရှဲ့နျန်ချင်း၊ လုံချန်တို့နှင့်အတူ အခန်းထဲသို့ ပြန်သွားတော့သည်။
လုမင်သည် အခန်းထဲသို့ ပြန်ရောက်ပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ရှေးဦးစွာ သူတော်စင်တစ်ပိုင်းဆေးဖြစ်သော ခရမ်းရောင်ကြာပန်းကို ရှေးဟောင်းလမ်းဉာဏ်အလင်းသစ်ပင်ဘေးမှ ရွှမ်းဟွမ်ဆီလီကာမြေတွင် စိုက်ပျိုးလိုက်၏။ ထို့နောက် လုမင်က တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သွေးအနှစ်သာရတစ်စက်ကို ထုတ်ယူလိုက်သည်။
၎င်းက ရှန်းရွှီရှေးဟောင်းမိုင်းမှ ဖြတ်တောက်ထားသော သွေးအနှစ်သာရသည်ပင်။
လုမင်က ဤသွေးအနှစ်သာရတစ်စက်ကို ဝါးမျိုသန့်စင်ကာ နဝမနဂါးသွေးမျိုးဆက်အား နတ်ဘုရားအဆင့်ကိုးအထိ မြှင့်တင်နိုင်မလား သိလိုသည်။
ယခင်က လုမင်သည် သွေးအနှစ်သာရတို့ကို သန့်စင်ထားသော်လည်း နဝမနဂါးသွေးမျိုးဆက်မှာ အဆင့်မတက်ခဲ့ပေ။
ဤတစ်ခါတော့ မျှော်လင့်ချက်လေးတစ်ခုပင် ဖြစ်သည်။
မဆိုင်းမတွဘဲ နဝမနဂါးသွေးမျိုးဆက်က သွေးအနှစ်သာရတစ်စက်ကို မျိုချလိုက်သည်။
သွေးအနှစ်သာရတစ်စက်သည် မျိုချလိုက်သော်လည်း ချက်ချင်း မပြိုပျက်သွားပေ။ ၎င်းက သန့်စင်သောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်းသန့်စင်ကာ နဝမနဂါးသွေးမျိုးဆက်၏ စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသွေးအနှစ်သာရတစ်စက်၏ စွမ်းအင်က အလွန်ကြီးမားပြီး အကန့်အသတ်ရှိပုံမရပါ။ လုမင်လည်း ၎င်းကိုသန့်စင်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်နီးပါး ကုန်ဆုံးသွားခဲ့ပြီ။ ဤသွေးအနှစ်သာရတစ်စက်၏ စွမ်းအင်တို့ကို နောက်ဆုံးတွင် လုံးဝသန့်စင်ပြီးသွားပြီ ဖြစ်သည်။
နဝမနဂါးသွေးမျိုးဆက်၏ ရွှေရောင်ချက္ကရရှစ်ခုက စူးစူးရှရှ ထွန်းလင်းတောက်ပနေသည်။ ၎င်းက မျက်လုံးဖွင့်၍ မရလောက်အောင် တောက်ပနေခဲ့၏။
ရုတ်တရက်…
"ဝမ်"
တောက်ပသော ရှစ်ခုမြောက် ရွှေရောင်ချက္ကရအထက်တွင် ကိုးခုမြောက် ရွှေရောင်ချက္ကရ ထွက်ပေါ်လာတော့သည်။
ကိုးခုမြောက် ရွှေရောင်ချက္ကရက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို ကိုယ်စားပြုသည်။
နဝမနဂါးသွေးမျိုးဆက်က နောက်ဆုံးတွင် နတ်ဘုရားအဆင့်ကိုးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင်၊ ကိုးခုမြောက် ရွှေရောင်ချက္ကရက အစပိုင်းတွင် အရောင်မှိန်ဖျော့သော်လည်း မကြာမီ ပိုမိုတောက်ပလာခဲ့သည်။ နောက်ဆုံးတွင် ကိုးခုမြောက် ရွှေရောင်ချက္ကရက နေတစ်စင်းကဲ့သို့ တောက်ပလာလာတော့သည်။
နောက်ဆုံးတွင် နဝမနဂါး သွေးမျိုးဆက်က ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဂါး"
ထိုအချိန်တွင် လုမင်၏စိတ်ထဲ၌ မြေပြင်ပြိုကွဲစေနိုင်သော နဂါးဟိန်းဟောက်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ဝမ်းဗိုက်အောက်တွင် နဂါးခြေသည်းကိုးချောင်းပါသော ဧရာမနဂါးကြီး ကခုန်ပြီး ထွက်လာပုံရတာကို မြင်လိုက်ရ၏။
နဝမနဂါးကြီးက လေထဲသို့ လှမ်းတက်သွားကာ ကောင်းကင်ကို တုန်ခါစေခဲ့သည်။
"ဝုန်း"
တချိန်တည်းမှာပင် လုမင်၏ အသိစိတ်က ပေါက်ကွဲသွားခဲ့သည်။ ဤအခိုက်အတန့်တွင် လုမင်၏စိတ်ထဲမှာ အရာများစွာ ပေါ်လာပုံရ၏။
"ဒါက..."
ဂရုတစိုက် ကြည့်ရှုပြီးနောက် လုမင်သည် ၎င်းက နဝမနဂါးနှင့်ပတ်သက်သော အမှတ်တရများဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ ၎င်းသည် အစိတ်စိတ်အမွှာမွှာဖြစ်ပြီး အချို့သော မှတ်ဉာဏ်အပိုင်းအစများသာ ထင်ရှားသည်။
"အစစ်အမှန်နဂါးတိုက်ခိုက်ရေးချီ"
လုမင်သည် နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများ၌ အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီ၏ အခြေခံကျင့်စဉ်ကို တွေ့လိုက်ရသည်။
"ဒါက အခြေခံကျင့်စဉ်လေးပဲ၊ နှမြောစရာပဲ"
လုမင် သက်ပြင်းချလိုက်၏။
အစစ်အမှန်နဂါးတိုက်ခိုက်ရေးချီကျင့်စဉ်တွင် နောက်အခန်းများ ရှိသင့်သေးသော်လည်း လုမင်သည် နဝမနဂါး၏ မှတ်ဉာဏ်အစိတ်အပိုင်းများကြားမှ အခြေခံအခန်းကိုသာ တွေ့ရှိခဲ့ရသည်။
"နောက်ပြီးတော့ နဝမနဂါးခြေလှမ်း"
နဝမနဂါးခြေလှမ်း ကျင့်စဉ်ကိုလည်း လုမင် တွေ့ရှိခဲ့ရ၏။ ကံမကောင်းစွာဖြင့် သူ့တွင် ရှိပြီးသားဖြစ်၍ မလိုအပ်တော့ပေ။
ထို့အပြင်၊ သူက သိုင်းကျမ်းတချို့ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းတို့သည် အစစ်အမှန်နဂါးတိုက်ခိုက်ရေးချီနှင့် နဝမနဂါးခြေလှမ်းကဲ့သို့ မကောင်းမွန်သည့်အပြင် လုမင်အတွက်လည်း အသုံးမဝင်ခဲ့ပေ။
'ငါ့ရဲ့ နဝမနဂါးသွေးမျိုးဆက်က နဝမနဂါး သွေးအနှစ်သာရတစ်စက်နဲ့ပဲ နိုးထလာခဲ့တာ။ ဒီကွဲအက်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေက ငါရခဲ့တဲ့ သွေးအနှစ်သာရတစ်စက်က ဖြစ်လိမ့်မယ်။ ငါ ပိုပြီးတော့ သိချင်ရင်တော့ နဝမနဂါးသွေးအနှစ်သာရတွေ ထပ်လိုဦးမဲ့ပုံပဲ'
လုမင် စဉ်းစားလိုက်သည်။
လုမင်လည်း ခဏကြာ တင်ပျဉ်ခွေထိုင်နေသေးပြီး သေချာစစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် ထူးခြားမှုတစ်ခုကို တွေ့ရှိခဲ့၏။
"ဒါက နဝမနဂါးအပျက်အယွင်းတွေ အကြောင်းလား"
လုမင်လည်း အကြောင်းအရာအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အတွေးဝင်သွားသည်။
နဝမနဂါးအပျက်အယွင်းက အရှေ့ပိုင်းကန္တာရနှင့် အလယ်ပိုင်းတိုက်ကြားမှ နယ်နိမိတ်တွင် တည်ရှိပေသည်။
ထိုအချိန်က၊ အဓိပဓိကျိုးယန်သည် အသက်စွန့်ပြီး နဝမနဂါးအပျက်အယွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံးတွင် နဝမနဂါး သွေးအနှစ်သာရနှစ်စက်၊ အစစ်အမှန်နဂါးတိုက်ခိုက်ရေးချီကျင့်စဥ်နှင့် နဝမနဂါးခြေလှမ်းကျင့်စဉ်တို့ကို ရရှိခဲ့၏။ ရလဒ်အနေဖြင့် သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေသည်။
'နဝမနဂါးအပျက်အယွင်းမှာ နဝမနဂါးသွေးအနှစ်သာရ ကိုးခုစလုံး ရှိနိုင်တယ်။ နဝမနဂါးသွေးအနှစ်သာရ ကိုးခုလုံးကို ရရှိနိုင်ရင် နဝမနဂါးရဲ့ အမွေအနှစ်အားလုံးကို ငါရရှိနိုင်မှာ။ ကြည့်ရတာ ရှမ်းဟွမ်တိုက်ကြီးကို ပြန်ရောက်ရင် နဝမနဂါးအပျက်အယွင်းကို သွားရမဲ့ပုံပဲ'
လုမင် တွေးတောလိုက်သည်။
ထို့ထက် လုမင်ကိုစိတ်လှုပ်ရှားစေသည့် တစ်ခုတည်းသောအချက်က နဝမဂနဂါး သွေးမျိုးဆက်ကို နတ်ဘုရားအဆင့်ကိုးသို့ မြှင့်တင်ပြီးနောက် နဂါးအင်အားအသစ်ကို ထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
နဝမမြောက် နဂါးအင်အား။
"နဝမမြောက် နဂါးအင်အားက အရမ်းအားကောင်းတာပဲ"
လုမင်လည်း သတိထားမိပြီးနောက် စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ကို လှစ်ဟလာတော့သည်။
နဝမမြောက်နဂါးအင်အားက ယခင်နဂါးအင်အားများထက် များစွာပို၍အားကောင်းသည်။
"နဝမမြောက် နဂါးအင်အားကို ငါထုတ်သုံးမယ်ဆိုရင် ငရဲဖိနှိပ်ကျောက်စာချပ်နဲ့တောင် ပခုံးချင်းယှဉ် ရပ်တည်နိုင်လိမ့်မယ်"
လုမင် တွေးတောလိုက်သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က မူလခန္ဓာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ချေသည်။ ၎င်းက အလွန်အစွမ်းထက်ပြီး ယခုအချိန်ထိ လုမင်၏ အသန်မာဆုံး တိုက်ကွက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း လုမင်သည် နဝမမြောက် နဂါးအင်အားကို ထုတ်လိုက်ပါက ငရဲဖိနှိပ်ကျောက်စာချပ်ထက် အားနည်းလိမ့်မည်မဟုတ်ဟု ခံစားမိခဲ့သည်။
ဤနည်းဖြင့် လုမင်တွင် နောက်ထပ် သတ်ဖြတ်ရေး နည်းလမ်းတစ်ခု ရှိလာပေလိမ့်မည်။
ရုတ်တရက်၊ လုမင်၏ အသိစိတ်က လှုပ်ရှားသွားပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာခဲ့သည်။ အခန်းထဲ၌ သူပေါ်လာသောအခါမှာပင် ရှဲ့နျန်ချင်းက တံခါးဖွင့်ပြီး ဝင်လာခဲ့၏။
"လုမင်၊ အချိန်တန်ပြီ။ ငါတို့ ရှန်းရွှီရှေးဟောင်းမြို့တော်ကို သွားရမယ်"
ရှဲ့နျန်ချင်းက ပြောသည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။
"ဒေါင် ဒေါင်"
ထိုအချိန်တွင် တောင်ပိုင်းနတ်နန်းတော် တစ်နေရာမှ သာယာသော ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့၏။
ဤသည်မှာ တိုက်ကြီးအားလုံး၏ ပါရမီရှင်များကို ခေါ်ယူခဲ့သော ခေါင်းလောင်းသံ ဖြစ်သည်။ ထိုအချိန်တွင် လုံချန်၊ ရန်ပိုထျန်း၊ ရဟန်းဝူလျန့်၊ မင်ကျစ်နှင့် အခြားသူများလည်း အခန်းများမှ ထွက်လာကြကာ ခေါင်းလောင်းသံကြားရာဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ခဏကြာသောအခါ ရင်ပြင်တစ်ခုကို ရောက်သွားကြ၏။ ယခုအချိန်တွင် ရင်ပြင်၌ ပါရမီရှင်လူငယ်တချို့ ရပ်နေပြီ ဖြစ်သည်။
ထိုလူငယ်များက မတူညီသော နေရာများတွင် လူခွဲပြီးရပ်နေခဲ့လေသည်။ ၎င်းတို့အားလုံးက တိုက်ကြီးအသီးသီးမှ ပါရမီရှင်များဖြစ်ကြောင်း သိသာထင်ရှားသည်။
အချို့လူစုမှာ ခုနစ်ယောက်၊ ရှစ်ယောက်ရှိပြီး အချို့က အံ့ဖွယ်ကောင်းအောင် သုံးဆယ်မှ လေးဆယ်အထိ ရှိခဲ့ကြပေသည်။
လုမင်လည်း တိတ်တဆိတ် အံ့ဩသွားမိသည်။ ဤနေရာသို့ လာနိုင်သူများသည် အခြေခံအားဖြင့် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေသော ပါရမီရှင်များ ဖြစ်ကြသည်။ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးမှာပင် ဆယ့်နှစ်ဦးမျှသာရှိသော်လည်း တချို့တိုက်ကြီးများက သုံးဆယ်မှလေးဆယ်အထိ ရှိနေသည်။ ဤသည်က တကယ့်ကို တုန်လှုပ်စရာင်။
တိုက်ကြီးများကြားမှ အင်အားကွာခြားချက်မှာ ထင်ရှားလွန်းလှသည်။
"ဝှစ် ဝှစ်"
ထိုအချိန်တွင် လူငယ်ခြောက်ဆယ်ခန့် ပျံသန်းလာသောကြောင့် လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။
လုမင်သည် အဖြူရောင်၀တ်စုံဖြင့် ဝမ့်ကျန်းနှင့် ကျိဟုန်ချန်တို့ကို လူအုပ်ထဲတွင် တွေ့လိုက်ရသည်။ သို့သော်လည်း ဝမ့်ကျန်းနှင့် ကျိဟုန်ချန်က ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦးအနောက်တွင် ခြေတစ်လှမ်း နောက်ချန်ခဲ့၏။
ထိုခရမ်းရောင်ဆံပင်နှင့် လူငယ်က ရှေ့ဆုံးမှ ပျံသန်းလာနေခြင်း ဖြစ်သည်။
ထို့ပြင် လူအုပ်ထဲ၌ မုကြွယ်ကိုလည်း မြင်လိုက်ရသေးသည်။
မုကြွယ်သည်လည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း လုမင်ကို တွေ့မြင်သွားခဲ့သည်။ ထိုအခါ သူ့မျက်လုံးများက အေးစက်စက်အလင်းများ ထွက်လာတော့သည်။
တောင်ပိုင်းနတ်နန်းတော်မှ ပါရမီရှင်များ ရောက်လာပြီ ဖြစ်သည်။