အခန်း ၁၂၂၅
Vol. 82 Ch. 1225
အပိုင်း ( 1225 ) ရှန်းရွှီရှေးဟောင်းမြို့တော်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရွေးချယ်မှုတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော တောင်ပိုင်းနတ်နန်းတော်မှ ပါရမီရှင်အရေအတွက်မှာ ငါးဆယ်မှ ခြောက်ဆယ်ခန့်အထိ ရှိနေသည်။
ရှန်းရွှီတိုက်ကြီးက အမှန်တကယ်ပင် ရှန်းရွီတိုက်အဖွဲ့အစည်း၌ နံပါတ်တစ်တည်ရှိမှု ဖြစ်ထိုက်သည်။ ၎င်းတို့၏ ပါရမီရှင်အရေအတွက်က အံ့ဩစရာပင်။ ထို့ပြင် တောင်ပိုင်းနတ်နန်းတော်က ရှန်းရွှီကြီးရှိ အဓိက အင်အားစုကြီး လေးခုအနက်မှ တစ်ခုသာ ဖြစ်သည်။
ထိုမျှများပြားသော ပါရမီရှင်များကြား၌ ထိပ်ဆုံးသုံးဦး ဖြစ်နိုင်ခြင်းမှာ မည်မျှ ကြောက်စရာကောင်းမည်မှန်း တွေးကြည့်နိုင်ပေသည်။
တောင်ပိုင်းနတ်နန်းတော်မှ ပါရမီရှင်များ ရောက်လာသောအခါ မိုးကုပ်စက်ဝိုင်းမှ ကျယ်လောင်သော ဟိန်းဟောက်သံအား ကြားလာခဲ့ရသည်။ အဝေးမှ ကြီးမားသော သားရဲကြီးများ ပျံသန်းလာခဲ့သည်။
ကျားသစ်ကြီးများ ပျံသန်းလာကြ၏။ သူတို့၏ ခန္ဓာကိုယ်များက မဟူရာရောင်ဖြစ်ပြီး အတောင်ပံများလည်း ရှိနေသည်။ ၎င်းတို့က အတောင်ဖြန့်လိုက်သောအခါ မီတာတစ်ရာကျော် ကျယ်ပြန့်ပေသည်။ ၎င်းတို့သည် အနည်းဆုံး အကောင်နှစ်ဆယ်ခန့်ရှိ၏။ တစ်ကောင်ချင်းစီက အားကောင်းသော အရှိန်အဝါများရှိပြီး လူများကို ဖိအားကြီးစွာ ခံစားရစေသည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား။
မိုးပျံကျားသစ်နှစ်ဆယ်ကျော်ရှိကာ ၎င်းတို့အားလုံးက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်များ ဖြစ်သည်။
အရှေ့ဆုံးမှကျားသစ်၏ ကျောပေါ်တွင် အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်လျက်လိုက်ပါလာသည်။ ၎င်းက လုမင်နှင့် အခြားသူများကို ရှန်းဟွမ်တိုက်ကြီးမှ ခေါ်ဆောင်လာခဲ့သည့် လူကြီးပင်။ ထိုသူမှာ တောင်ပိုင်းနတ်နန်းတော်၏ သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့် အကြီးအကဲ ဖြစ်သည်။
သူ့နောက်မှာလည်း သိုင်းအုပ်ချုပ်သူ အရှိန်အဝါတို့ကို ထုတ်လွှတ်နေသော အဘိုးအိုနှစ်ယောက် ရပ်နေကြသေးသည်။ သို့ရာတွင် သူတို့နှစ်ဦး၏ အဆင့်အတန်းက အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားထက် နိမ့်ကျသည်။
"မင်းတို့အားလုံး ကျားသစ်တွေပေါ်ကို တက်ကြပါ။ ငါနဲ့အတူ ရှန်းရွှီရှေးဟောင်းမြို့တော်ဆီကို လိုက်ခဲ့ချေ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီခင်ဗျာ"
တောင်ပိုင်းနတ်နန်းတော်မှ ပါရမီရှင်များက ဦးစွာတုံ့ပြန်လိုက်ကြ၏။ သူတို့က လေထဲသို့ ပျံတက်ကာ မတူညီသော ကျားသစ်များပေါ်သို့ တက်သွားခဲ့ကြသည်။
ထို့နောက် အခြားတိုက်ကြီးများမှ ပါရမီရှင်များသည်လည်း လေထဲသို့ ပျံတက်ကာ ကျားသစ်များဆီသို့ ပျံသန်းသွားခဲ့ကြလေသည်။
လုမင်နှင့် ရှန်းဟွမ်တိုက်ကြီးမှ ကျန်လူများသည်လည်း ကျားသစ်ပျံပေါ်ကို စုရုံးတက်လှမ်းသွားခဲ့သည်။
"သွားကြစို့"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ကြေညာလိုက်သည်။ ကျားသစ်နှစ်ဆယ်ကျော်လည်း ဟိန်းဟောက်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ ထို့နောက်မှာတောါ အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ အံ့ဖွယ်အရှိန်မျိုးဖြင့် ရှန်းရွှီရှေးဟောင်းမြို့တော်ကို ပျံသန်းသွားကြတော့သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် မိုးပျံသားရဲများက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားကြသည်။
သို့သော်လည်း၊ ရှန်းရွှီရှေးဟောင်းမြို့တော်က နတ်နန်းတော်လေးခု၏ အလယ်ဗဟိုတွင် ရှိပေသည်။ မိုးပျံကျားသစ်ကြီးများ၏ ပျံသန်းမှုအရှိန်ဖြင့်ပင် ရှန်းရွှီရှေးဟောင်းမြို့တော်သို့ ရောက်ရှိရန် နှစ်ရက်ကြာနိုင်သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း ဘေးချင်းယှဉ်ရပ်ကာ အောက်ဘက်မှ တောင်တန်းများနှင့် မြစ်များကို ကြည့်ရင်းလိုက်ပါသွားခဲ့ကြလေသည်။
"လုမင်၊ တိုက်ကြီးနှစ်ခုရဲ့ လူတွေက ငါတို့ကို စောင့်ကြည့်နေတယ်"
ရှဲ့နျန်ချင်းက လုမင်ကို ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါလည်းမြင်တယ်"
လုမင်က ခေါင်းညိတ်ပြီး ဘယ်ဘက်ကို စောင်းကြည့်လိုက်၏။
မိုးပျံကျားသစ်တစ်ကောင်ပေါ်တွင် ဝတ်ရုံပွပွကြီးများ ဝတ်ဆင်ထားသော လူငယ်များစွာ ရှိနေသည်။ သူတို့အားလုံးက စူးရှသောမျက်လုံးများရှိပြီး လူအရေအတွက် အတော်များ၏။ အမှန်ပင် ၎င်းတို့က လူလေးဆယ်ကျော် ရှိကြသည်။ တောင်ပိုင်းနတ်နန်းတော်မှလွဲ၍ ဤတိုက်ကြီးမှာ လူအများဆုံးပါဝင်သော တိုက်ကြီးတစ်ခု ဖြစ်သည်။
"မုကြွယ်"
လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ ဤလူများကြားတွင် မုကြွယ်ကို သူ လှမ်းမြင်လိုက်ရ၏။
ဤအခိုက်တွင် မုကြွယ်ကလည်း လုမင်နှင့် အခြားသူများကို အေးစက်စက်ဖြင့် ကြည့်နေသည်။
"အစ်ကိုမု၊ သူတို့က မင်းကို စော်ကားခဲ့တဲ့သူတွေလား"
အမွေးပွကုတ်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လုမင်ကိုကြည့်ပြီး ထူးခြားမှုမရှိဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ အထူးသဖြင့် လုမင်ပဲ၊ ငါ သူ့ကို သေစေချင်တယ်"
မုကြွယ်က အံကိုကြိတ်ရင်း ပြောလိုက်၏။
"သူဟာ ရှမ်းဟွမ်တိုက်ကြီးထဲက အမှိုက်တစ်စပါပဲ။ စိတ်မပူနဲ့၊ အခွင့်အရေးရရင် ငါတို့ သူ့ကို ဖယ်ရှားပစ်လိုက်မယ်။ နောက်ပြီးတော့ အဲဒီမိန်းကလေးက မဆိုးပါဘူး။ ငါတို့ သူ့ကိုတော့ ပျော်ဖို့အတွက် ချန်ထားမယ်"
အမွေးပွဝတ်ရုံနှင့် လူငယ်များက ပြောလိုက်သည်။ လုမင်ကိုသတ်ခြင်းက သူတို့အတွက် ထမင်းစား ရေသောက်ခြင်းကဲ့သို့ ရိုးရိုးရှင်းရှင်း ဖြစ်ပုံရပြီး လုမင်ကို မျက်လုံးထဲပင် မထည့်ပေ။
"ဒါဆို အစ်ကိုယု ကို ကြည့်ရတော့မှာပဲ"
မုကြွယ် ဝမ်းသာသွားလေသည်။
တစ်ချိန်တည်းမှာပင် အခြားကျားသစ်တစ်ကောင်ပေါ်၌ လုမင်ကို အေးစက်စက်ဖြင့်ကြည့်နေသော လူငယ်အချို့ ရှိနေသည်။
သူတို့ထဲတွင် တချို့ကို လုမင် မှတ်မိ၏။ ၎င်းတို့က နတ်ဘုရားအပျက်အယွင်းတွင် လုမင်ကို ရှုံးနိမ့်ခဲ့သည့် ပါရမီရှင်များ ဖြစ်သည်။
"အဲဒီလူက မင်းကို အနိုင်ယူသွားတဲ့သူလား"
ထိုတိုက်ကြီးမှ ပါရမီရှင်တစ်ယောက်က လျစ်လျူရှုစွာ မေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒီလူရဲ့ တိုက်ခိုက်နိုင်စွမ်းက အတော်သန်မာတယ်"
လုမင်ကို ရှုံးနိမ့်သွားသော လူငယ်တစ်ဦးက ပြန်ပြောလိုက်၏။
"တိုက်ခိုက်နိုင်စွမ်း အတော်သန်မာတယ်ဆိုတာ မင်း ဘာအဓိပ္ပာယ်လဲ။ သူက ရှမ်းဟွမ်တိုက်ကြီးကလာတဲ့ အမှိုက်တစ်စပဲကို။ သူ့ကိုတောင် ရှုံးနိမ့်ခဲ့တာ မင်းတို့က တကယ့်အမှိုက်ပဲ"
ထိုလူငယ်က အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်။ လုမင်ကို ရှုံးနိမ့်သွားသော လူငယ်များလည်း ရှက်ရွံ့သွားပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။
"ဒါပေမဲ့၊ ဘာပဲဖြစ်ဖြစ် မင်းတို့က ငါတို့တိုက်ကြီးကပဲ။ ငါတို့လူမှန်း သိတာတောင်မှ သူက လှုပ်ရှားဝံ့သေးတယ်။ ဒီအကြွေးကို ငါမှတ်ထားတယ်၊ အဲဒီလူတွေ ငါနဲ့တွေ့ရလို့ကတော့ သေပြီသာမှတ်"
လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့ပုံစံမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအတော်ရှိပုံရပေသည်။
..............
လုမင်တို့ပါဝင်သော ကျားသစ်ပေါ်တွင်...
လုံချန်က လုမင်နှင့် ရှဲ့နျန်ချင်းရှိရာသို့ လျှောက်လာသည်။
"လုမင်၊ မင်းသတိထားရမယ်။ ပေယွိတိုက်ကြီးနဲ့ ကျန့်ပင်းတိုက်ကြီးက လူတွေက ငါတို့ကို မျက်စိကျနေတယ်"
လုံချန် သတိပေးလိုက်သည်။
"ရှန်းရွှီတိုက်အဖွဲ့အစည်းက အဆင့်လေး ပေယွိတိုက်ကြီးနဲ့ အဆင့်ကိုး တိုက်ကြီး မဟုတ်လား။ သူတို့အတွက် ဘယ်ဟာကကောင်းလဲ မသိတတ်ရင် လာရှုပ်လို့ရတယ်"
လုမင်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
လုံချန်၏မျက်လုံးများက အရောင် လက်သွား၏။ သူက ခေါင်းညိတ်ပြပြီး ဘာမှမပြောတော့ ပြန်လှည့်သွားတော့သည်။
မိုင်ပေါင်းရာနှင့်ချီသော တောင်တန်းများနှင့် မြစ်များကို လျှပ်တပြက်အတွင်း ဖြတ်ကျော်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကုန်သွားပြီ။
ဤအခိုက်တွင် တောင်ပိုင်းနတ်နန်းတော်ထက်ပင် ပို၍ ကြီးကျယ်ခမ်းနားသည့် ရှေးဟောင်းမြို့တစ်မြို့က သူတို့ရှေ့တွင် ပေါ်လာသည်။
ဤသည်မှာ ရှန်းရွှီတိုက်ကြီးရှိ အခမ်းနားဆုံးနှင့် ရှေးကျဆုံးမြို့ကြီးပင်။
ရှန်းရွှီတိုက်ကြီးတွင် အဓိကအင်အားကြီးလေးခုရှိပြီး ၎င်းတို့က အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ပိုင်း နတ်နန်းတော်များ ဖြစ်သည်။ စင်စစ်အားဖြင့် ရှေးယခင်က နတ်နန်းတော်လေးခုသည် နတ်တံခါးမှ အင်အားစုကြီးတစ်ခုနှင့် သက်ဆိုင်သည်။
ရှန်းရွှီရှေးဟောင်းမြို့တော်က တံခါး၏ ဌာနချုပ်တစ်ခု ဖြစ်ချေသည်။
ယခုမူကား နတ်နန်းတော်လေးခုသည် သီးခြား ခွဲနေခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့်အင်အားစုကမှ ၎င်းတို့ကိုယ်ပိုင်အသုံးပြုရန်အတွက် ရှန်းရွှီရှေးဟောင်းမြို့တော်ကို သိမ်းပိုက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ ရှန်းရွှီရှေးဟောင်းမြို့တော်၏ တည်ရှိမှုက ထူးထူးခြားခြားဖြစ်ပြီး မြို့တော်လေးခု မျှဝေရာ မြို့တော်တစ်ခုဖြစ်လာသည်။ အများအားဖြင့် နတ်နန်းတော်လေးခုက ဤမြို့တော်တွင် စခန်းချထားရုံသာ ရှိပေသည်။ နတ်နန်းတော်လေးခုတွင် အကြောင်းကိစ္စ ကြီးကြီးမားမား ရှိလာပါက ရှန်းရွှီရှေးဟောင်းမြို့တော်၌ စုရုံးဆွေးနွေး ကြမည် ဖြစ်သည်။
ကျားသစ်ကြီးများက မရပ်မနားဘဲ ရှန်းရွှီရှေးဟောင်းမြို့တော်အလယ်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြလေသည်။
"အဲဒါက…"
ရှန်းရွှီရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ ရောက်သောအခါ၊ ကောင်းကင်သို့ ထိုးတက်နေသော တောင်သုံးဆယ့်ခြောက်လုံးကို လုမင် တွေ့လိုက်ရသည်။
တောင်သုံးဆယ့်ခြောက်လုံးအထက် ကောင်းကင်ယံမှာတော့ လေထဲတွင် ဆိုင်းငံ့ထားသည့် ရှေးဟောင်း ပလ္လင်ကိုးခု ရှိ၏။ ၎င်းတို့က ရှေးကျသော အငွေ့အသက်တို့ အပြည့်ရှိနေခဲ့လေသည်။
ဤအခိုက်တွင် တောင်သုံးဆယ့်ခြောက်လုံးကို လူများဖြင့် ဝန်းရံထားသည်။ သူတို့အားလုံးက ရှန်းရွှီရှေးဟောင်းမြို့တော်၏ ဒေသခံ ကျင့်ကြံသူများ ဖြစ်ချေသည်။
"ဒါက တောင်ပိုင်းနတ်နန်းတော်ပဲ၊ တောင်ပိုင်းနတ်နန်းတော်နဲ့ တောင်ပိုင်းက တိုက်ကြီးကိုးခု ရောက်လာပြီ"
ရှန်းရွှီရှေးဟောင်းမြို့တော်မှ ဒေသခံ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
"ဝေါင်း"
ထိုအချိန်တွင် အနောက်အရပ်မှ ရက်စက်ကြမ်းကြုတ်သော သားရဲ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့၏။ အတောင်ပံပါသော ကျားကြီးများစွာက လူငယ်ပါရမီရှင်များစွာကို သယ်ဆောင်ကာ ပျံသန်းလာခဲ့ကြသည်။
"အနောက်ပိုင်းနတ်နန်းတော်နဲ့ တိုက်ကြီး ကိုးခု ရောက်လာပြီ"
တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။
"အနောက်ပိုင်း နတ်နန်းတော်"
လုမင်လည်း အနောက်ဘက်ကို လှမ်းကြည့်လိုက်၏။
ဧရာမကျားကြီးများပေါ်တွင် လူငယ်များစွာတို့ရှိနေသည်။ ၎င်းတို့ကလည်း လုမင်တို့ဘက်ကို စူးရှသော အကြည့်များဖြင့် အကဲခတ်နေကြပေသည်။
"ဟားဟား၊ မင်းတို့က စောသားပဲ"
အရှေ့အရပ်မှ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာပြန်သည်။
အရှေ့အရပ်မှ အနီရောင် နတ်လင်းယုန်များ ပျံသန်းလာလေသည်။ ၎င်းတို့ကို ခေါင်းဆောင်လာသူက အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါက ကြီးကျယ်ခမ်းနားပြီး တောင်ပိုင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားထက် အားမနည်းပေ။
အနီရောင်ရောင် နတ်လင်းယုန်များပေါ်တွင်လည်း လူငယ် ပါရမီရှင်များစွာ ရှိခဲ့သည်။ ၎င်းတို့က တောင်ပိုင်း နတ်နန်းတော်နှင့် အနောက်ပိုင်း နတ်နန်းတော်ထက် ပို၍များပေသည်။
အရှေ့တိုင်းနတ်နန်းတော်နှင့် အရှေ့ဘက်ရှိ တိုက်ကြီးဆယ့်တစ်ခုတို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
"ရွှစ် ရွှစ်"
ထိုအချိန်တွင် ဓားသွားသံများ ထွက်ပေါ်လာခဲ့၏။ မြောက်ဘက်ပိုင်းမှ အံ့ဩဖွယ်ရာ ဓားအလင်းများ ဒါဇင်ချီပြီး ထွက်ပေါ်လာတော့သည်။