← Chapters

အခန်း ၁၂၂၆

Vol. 82 Ch. 1226

အခန်း ၁၂၂၆

Vol. 82 Ch. 1226

အပိုင်း ( 1226 ) ကောင်းကင်တိုင်တောင် တောင်ထွတ်အတွက် ယှဉ်ပြိုင်ခြင်း။

"မြောက်ပိုင်း နတ်နန်းတော်နဲ့ မြောက်ဘက်ပိုင်းက တိုက်ကြီးဆယ့်နှစ်ခု ရောက်လာပြီပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းနတ်နန်းတော်၊ အနောက်ပိုင်း နတ်နန်းတော်နှင့် အရှေ့ပိုင်း နတ်နန်းတော်တို့မှ လူငယ်အားလုံး မြောက်ပိုင်း နတ်နန်းတော်မှ ပါရမီရှင်များကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်ကြသည်။

နတ်နန်းတော် လေးခုတွင်လည်း တန်ခိုးစွမ်းအား ကွဲပြားကြပေသည်။

တောင်ပိုင်းနတ်နန်းတော်နှင့် အနောက်ပိုင်း နတ်နန်းတော်တို့က အင်အားတူညီပြီး နောက်ဆုံးအဆင့် ဖြစ်သည်။ အရှေ့ပိုင်း နတ်နန်းတော်ကတော့ တောင်ပိုင်းနတ်နန်းတော်နှင့် အနောက်ပိုင်း နတ်နန်းတော်ထက် အနည်းငယ် ပို၍ အားကောင်း၏။ မြောက်ပိုင်းနန်းတော်ကတော့ ၎င်းတို့ထဲတွင် အသန်မာဆုံး ဖြစ်သည်။

အကြောင်းမှာ ရှန်းရွှီတိုက်အဖွဲ့အစည်းမှ ဒုတိယအဆင့် တိုက်ကြီးက မြောက်ဘက်ပိုင်းတွင် ရှိသောကြောင့်ပင်။

မြောက်ပိုင်းနတ်နန်းတော်ဘက်တွင် ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပါရမီရှင်များ ရပ်နေခဲ့ကြသည်။ သူတို့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။ ၎င်းတို့က စုစုပေါင်း လူသုံးရာခန့် ရှိသည်။

ဤအခိုက်တွင် တောင်သုံးဆယ့်ခြောက်လုံး ပတ်ပတ်လည်မှ ပါရမီရှင် လူငယ်များက တစ်ဦးကိုတစ်ဦး စူးရှသောမျက်လုံးများဖြင့် အကဲခတ်လိုက်ကြသည်။

ဤနေရာတွင် ရှန်းရွှီတိုက်အဖွဲ့အစည်းတစ်ခုလုံးမှ စုဆောင်းထားသော အသန်မာဆုံး ပါရမီရှင်များက တစ်ထောင်နီးပါး ရှိခဲ့သည်။

ပါရမီရှင် တစ်ထောင်နီးပါး၊ ဤပမာဏသည် အလွန် ကြီးမား၏။ ဤနေရာသို့ ရောက်လာနိုင်သူတိုင်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထနိုင်သူများဖြစ်ကြောင်း သိရှိထားရမည် ဖြစ်သည်။

သူတို့ထဲတွင် တစ်ယောက်ချင်းစီက ကံကောင်းခြင်းများကို ပိုင်ဆိုင်ထားသော ပါရမီရှင်များ ဖြစ်ချေသည်။

ခြင်္သေ့မင်း၊ ခုန်းလင်း၊ ရန်ပိုထျန်း၊ မင်ကျစ်နှင့် ရှမ်းဟွမ်တိုက်ကြီးမှ လူများအားလုံး အမူအရာ လေးနက်သွားကြသည်။ သူတို့မျက်လုံးထဲမှာလည်း ထိတ်လန့်တုန်လှုပ်မှုတို့ ယှက်သန်းသွားလေသည်။

ရှမ်းဟွမ်တိုက်ကြီးတွင်၊ ၎င်းတို့က တည်ရှိမှုတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ သေချာသည်။ ၎င်းတို့ တစ်ဦးစီက သိုင်းအုပ်ချုပ်သူဖြစ်လာရန် အလားအလာများ ရှိ၏။ သူတို့က အာရုံစူးစိုက်မှု၏ ဗဟိုချက်ဖြစ်ကာ မျိုးဆက်တူကြားတွင် တုနှိုင်းမယှဉ်နိုင်ခဲ့ပေ။

ထိုအတွက်ပင် သူတို့အားလုံးက မာနကြီးပြီး ရှမ်းဟွမ်တိုက်ကြီးမှ ထွက်သွားလျှင်ပင် အားနည်းလိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့ကြသည်။ သူတို့ကိုယ်ကို ထိပ်သီးဖြစ်မည်ဟုပင် ထင်ခဲ့ကြပေသည်။

သို့ရာတွင် ဤအခိုက်မှာ သူတို့၏ယုံကြည်မှုများ ယိမ်းယိုင်သွားရသည်။

အကြောင်းမှာ၊ ဤနေရာတွင် ပါရမီရှင် တစ်ထောင်နီးပါး ရှိနေသောကြောင့်ပင်။ သူတို့ထဲတွင် တစ်ယောက်ချင်းစီက သူတို့ထက် အားမနည်းဘဲ ပိုသန်မာသူများပင် ရှိသည်။

'ပါရမီရှင် အများကြီးပဲ။ အခု ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ'

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရ၏။ သူ့မျက်လုံးများက တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်နေတော့သည်။

သူ့အနားမှ လုံချန်သည်လည်း တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်နေခဲ့သည်။

သူတို့က ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်နေကြ၍ ပြိုင်ဘက်သလောက် ဖြစ်နေခဲ့ကြပြီ။ သို့ရာတွင် ယခုတော့ သူတို့မှာ ပြိုင်ဘက်အများကြီးရှိနေပြီ ဖြစ်သည်။ ယင်းက သူတို့၏သွေးများကို ဆူပွက်လာစေခဲ့ပေသည်။

"ဝှစ် ဝှစ်"

ထိုအချိန်တွင် ပုံရိပ် တစ်ဒါဇင်ခန့်က လှုပ်ရှားသွားသည်။ ၎င်းတို့က ခဏအတွင်း တောင်သုံးဆယ့်ခြောက်လုံးကို ပျံသန်းသွားကြ၏။

လုမင်သည် တောင်ပိုင်းနတ်နန်းတော်မှ လူ သုံးဦးရှိကြောင်း တွေ့လိုက်ရသည်။

သူတို့က ကျိဟုန်ချန်၊ ဝမ့်ကျန်းနှင့် ခရမ်းရောင်ဆံပင်ပိုင်ရှင် လူငယ်လေးသည်ပင်။

အနောက်တိုင်း နတ်နန်းတော်ကလည်း သုံးဦးရှိပြီး အရှေ့ပိုင်းနတ်နန်းတော်နှင့် မြောက်ပိုင်းနတ်နန်းတော်တို့မှာတော့ လေးဦးစီ ရှိသည်။

စုစုပေါင်း လူငယ် တစ်ဆယ့်လေးယောက်ရှိ၏။ ၎င်းတို့က နတ်နန်းတော်လေးခုမှ အသန်မာဆုံး ပါရမီရှင် ဆယ့်လေးဦးတို့ ဖြစ်ကြသည်။ သူတို့က ရှန်းရွှီတိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားနေခဲ့သည်မှာ ကြာခဲ့ပြီ။

၎င်းတို့ ဆယ့်လေးယောက်က တောင်ထိပ်တစ်ခုစီပေါ်သို့ ဆင်းသက်ကြကာ အခြား ပါရမီရှင်များကို ငုံ့ကြည့်လိုက်ကြသည်။

အသန်မာဆုံး ပါရမီရှင်များသာ တောင်သုံးဆယ့်ခြောက်လုံး တောင်ထွတ်များပေါ်ကို တက်နိုင်ကြ၏။ ၎င်းက အဆင့်အတန်း၏ သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။

နတ်နန်းတော်လေးခုရှိ ဤပါရမီရှင် ဆယ့်လေးယောက်တို့က ထိုသို့သော အရည်အချင်းမျိုး ရှိကြသည်။

ထိုပါရမီရှင် ဆယ့်လေးဦးကိုကြည့်ရင်း လူများစွာ၏ မျက်လုံးများက ပူလောင်ပြင်းပြပြီး တောက်ပလာခဲ့သည်။

"ဝှစ် ဝှစ်..."

ထို့နောက် အလင်းတန်းများနှင့် ပုံရိပ်များက ကျန်သော တောင်ထွတ်များပေါ်ကို တစ်ဦးပြီးတစ်ဦး ဆင်းသက်သွား၏။

ကျန်သော တောင်များပေါ်ကို လူနှစ်ဆယ့်နှစ်ဦးကျော် ခုန်ချခဲ့ကြသည်။ ထို့ကြောင့် တောင်တချို့တွင် လူတစ်ဦးထက် ပိုလာတော့သည်။

"ထွက်သွား"

တစ်ယောက်ယောက်က အော်လိုက်သည်။

"ထွက်သွားရမှာက မင်းကွ၊ ဒီတောင်ကို သိမ်းပိုက်ရလောက်အောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

တစ်ယောက်က ပြန်အော်လိုက်၏။

"ဝုန်း ဝုန်း"

ထို့နောက်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တောင်များကို သိမ်းချင်သူတိုင်းက အလွန်အစွမ်းထက်သော ပါရမီရှင်များ ဖြစ်ကြသည်။ ၎င်းတို့က သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိ၏။ မဟုတ်ပါက ထွက်လာဝံ့မည် မဟုတ်ချေ။

၎င်းတို့ထဲတွင် အများစုက ရှန်းရွှီတိုက်အဖွဲ့အစည်း၏ ထိပ်တန်းတိုက်ကြီးဆယ်ခုမှ အသန်မာဆုံး ပါရမီရှင်များ ဖြစ်သည်။

"ဝုန်း ဝုန်း ဝုန်း"

ပေါက်ကွဲသံများနှင့် ကောင်းကင်က အလင်းရောင်အမျိုးမျိုးတို့ လင်းလက်နေခဲ့သည်။

"ဝိုး၊ ဒါက ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ အသန်မာဆုံး ပါရမီရှင်တွေလား၊ အံ့ဩစရာပဲ"

“သူတို့ရဲ့ ခွန်အားက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားနယ်ပယ်နဲ့ ယှဉ်နိုင်နေပြီ ဟုတ်တယ်မဟုတ်လား။ ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားတောင်မှ ဒီလောက် ကြောက်စရာကောင်းမှာ မဟုတ်ဘူး"

လူအများက အံ့အားသင့်စွာ ဆွေးနွေးလိုက်ကြသည်။

ထိုအချိန်တွင် မင်ကျစ်၊ ခြင်္သေ့မင်းနှင့် အခြားသူများ၏ မျက်လုံးများက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြပေသည်။ ဤလူများက သန်မာလွန်းလှသည်။

"သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ တိုက်ပွဲတွင် ပါဝင်ခဲ့သော ဤလူငယ်အားလုံးက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြ၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းများက အတော်ပင် အံ့ဖွယ်ကောင်းသည်။

နောက်ဆုံးတွင် တိုက်ပွဲအဆုံးအဖြတ် ‌သက်သေပေါ်လာသည်။ လူတစ်ဦး လွင့်စဉ်ကာ သွေးများလည်း ဖြာရဲသွား၏။ ထို့နောက်တွင် လူငယ်တစ်ယောက်က ကောင်းကင်တိုင် တောင်ထွတ်တွင် အခိုင်အမာ ရပ်လိုက်သည်။

သို့သော်လည်း တိုက်ပွဲက မပြီးပြတ်သေးကြောင်း သိသာထင်ရှားလှပေသည်။

"ထွက်သွား"

"ဒီနေရာက မင်းရပ်နိုင်တဲ့နေရာမဟုတ်ဘူး"

လူငယ်ပါရမီရှင်များက မတူညီသော လမ်းကြောင်းလေးခုမှ ပျံသန်းလာကြသည်။ သူတို့အားလုံးက ပစ်မှတ်တစ်ခုစီကို ရွေးချယ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

တောင်ပိုင်းနတ်နန်းတော်ဘက်တွင်၊ ကျိဟုန်ချန်တို့အပြင် ပေယွိတိုက်ကြီးမှ လူသုံးဦး၊ ကျန့်ပင်းတိုက်ကြီးမှ တစ်ဦးနှင့် အခြားတိုက်ကြီးမှ လူငယ်တစ်ဦးတို့ ခြေချခဲ့ကြသည်။

ထိုတိုက်ကြီးသည် ယန်လန်တိုက်ကြီး ဖြစ်၏။ ထိုလူငယ်လေးက မီးတောက်ပုံစံ ၀တ်စုံရှည်ကို ၀တ်ဆင်ထားပေသည်။ ၎င်းက ယန်လန်တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။

ထိုအချိန်တွင် ကျန့်ပင်းတိုက်ကြီးမှ ဆံပင်တိုတိုနှင့် လူငယ်လေး ပြေးထွက်လာပြီး ယန်လန်တိုက်ကြီးမှ ပါရမီရှင်ကို တိုက်ခိုက်လိုက်သည်။

"ထွက်သွား"

ကျန့်ပင်းတိုက်ကြီးမှ ဆံပင်ဆံတိုနှင့်လူငယ်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ၎င်းက တောင်တစ်လုံးကဲ့သို့ သံလက်သီးနှင့် ယန်လန်တိုက်ကြီးမှ ပါရမီရှင်ကို ထိုးနှက်လိုက်သည်။

ယန်လန်တိုက်ကြီးမှ ပါရမီရှင်၏ အကြည့်များက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး ဆံပင်တိုလူငယ်ကို ပြန်လည် တိုက်ခိုက်လိုက်၏။

သူတို့နှစ်ဦးစလုံးက သတ္တမအလွှာရှိ ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြသည်။ သူတို့နှစ်ဦးက တိုက်ကွက် ဒါဇင်ချီကာ ဖလှယ်ခဲ့ကြ၏။ နောက်ဆုံးတွင် ကျန့်ပင်းတိုက်ကြီးမှ ဆံပင်ဆံတို လူငယ်လေးက ပိုအားကောင်းလာပြီး ယန်လန်တိုက်ကြီးမှ ပါရမီရှင်ကို လွင့်စဉ်သွားစေခဲ့သည်။

"ကျန့်ပင်းတိုက်ကြီးက တကယ်ကို အဆင့်ရှစ်နေရာမှာ ရှိထိုက်ပါပေတယ်။ အဲဒီလူကို လူချန်ကျိုးလို့ခေါ်တယ်၊ သူက ကျန့်ပင်းတိုက်ကြီးရဲ့ နံပါတ်နှစ် ပါရမီရှင်လေ။ သူ့ရဲ့ ခွန်အားက တကယ်ကို အံ့သြစရာပဲ"

"ထိပ်တန်း တိုက်ကြီးဆယ်ခုစလုံးက တကယ့်ကို အံ့သြစရာကောင်းပါတယ်။ သူတို့မှာ ကျွမ်းကျင်သူတွေက တိမ်တိုက်တွေလို များပြားလွန်းတယ်။ တခြားတိုက်ကြီးတွေက သူတို့နဲ့ နှိုင်းယှဉ်လို့ မရဘူး"

လုမင်၏ ပတ်ပတ်လည်တွင် တိုက်ကြီးအမျိုးမျိုးမှ လူငယ်များက ဆွေးနွေးလိုက်ကြသည်။ သူတို့၏ လေသံများက အံ့ဩခြင်းများနှင့် ပြည့်နှက်နေပေသည်။

၎င်းတို့အားလုံးက သက်ဆိုင်ရာ တိုက်ကြီးအသီးသီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပါရမီရှင်များဖြစ်သည်။ သို့သော်လည်း ဤပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက်တစ်ခု ရှိနေဆဲပင်။

သို့သော်လည်း အများစုက လက်သီးကို တင်းတင်းဆုပ်ထားကြသည်။

သူတို့၏ ကိုယ်ပိုင်အရည်အချင်းက တခြားသူများထက် မနိမ့်ကျဘူးဟု ယုံကြည်ကြ၏။ သူတို့၏ အရင်းအမြစ်များက ထိပ်တန်းတိုက်ကြီးများလောက် မကောင်း၍ နောက်ကျကျန်ခဲ့ခြင်း ဖြစ်သည်။ အချိန်အလုံအလောက်ပေးသရွေ့ လိုက်မီနိုင်မည်ဟု သူတို့ ယုံကြည်ကြပေသည်။

လူချန်ကျိုးက တောင်ထိပ်တွင် ရပ်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ အထူးသဖြင့် လုမင်အပေါ်သို့ ကျရောက်သောအခါ သူ့အကြည့်များက အေးစက်သွား၏။

"မင်းလည်း ဒီကနေ ထွက်သွား"

ကံမကောင်းစွာဖြင့် လူချန်ကျိုးသည် တောင်ထိပ်တွင် တစ်မိနစ်ပင် မရပ်နိုင်ခဲ့ဘဲ အရှေ့ပိုင်း နတ်နန်းတော်မှ ပါရမီရှင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ သို့သော်လည်း တိုက်ကွက် တစ်ဒါဇင်ခန့် ရင်ဆိုင်ပြီးနောက် လူချန်ကျိုးမှာ သွေးအန်သည်အထိ အရိုက်ခံရပြီး အဝေးသို့ လွင့်စဉ်သွားတော့သည်။

"ချီးပဲ"

လူချန်ကျိုး လက်မခံနိုင်ဘဲ အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများက ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။

အရှေ့ပိုင်း နတ်နန်းတော်မှ ပါရမီရှင်က သူ့ကို တိုက်ကွက်တစ်ဒါဇင်ခန့်အဖြင့် အနိုင်ယူခဲ့သည်။ ၎င်းကက သန်မာလွန်းပေသည်။

ပြင်းထန်သော တိုက်ပွဲများက ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း နတ်နန်းတော်လေးခု၏ အသန်မာဆုံး ပါရမီရှင် ဆယ့်‌လေးဦးကို ဒုတိယ၊ တတိယ၊ စတုတ္ထမြောက် တိုက်ကြီးမှ ပါရမီရှင်များပင်လျှင် စိန်ခေါ်ဝံ့ခြင်းမရှိပေ။

အကြောင်းမှာ ထိုလူများက အလွန်အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းနေသောကြောင့် ဖြစ်သည်။

တိုက်ပွဲက မပြီးပြတ်ခင် ဆယ်မိနစ်ကျော်ခန့် ကြာမြင့်ခဲ့ပေသည်။

နောက်ဆုံးတွင်၊ ကောင်းကင်တိုင် တောင်ထိပ် သုံးဆယ့်ခြောက်ခုမှ ပါရမီရှင် တစ်ဦးစီက အခိုင်အမာ ရပ်တည်ပြီးသွားသည်။

All Chapters