← Chapters

အခန်း ၁၂၂၇

Vol. 82 Ch. 1227

အခန်း ၁၂၂၇

Vol. 82 Ch. 1227

အပိုင်း ( 1227 ) ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တမန်တော်။

ကောင်းကင်တိုင်တောင် ‌သုံးဆယ့်ခြောက်ခုကို ပါရမီရှင် သုံးဆယ့်ခြောက်ယောက်က သိမ်းပိုက်ထားခဲ့ပြီ ဖြစ်သည်။ သူတို့က အခြားပါရမီရှင်များကို နှိမ့်ချကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်နေခဲ့၏။

ခဏကြာသည်အထိတော့ သူတို့ကိုစိန်ခေါ်ရန် မည်သူမျှ တက်မလာတော့ပါ။

ဟုတ်သည်၊ ဤပါရမီရှင်သုံးဆယ့်ခြောက်က လက်ရှိ ပါရမီရှင်အားလုံးထဲတွင် အသန်မာဆုံးဟု မဆိုလိုပေ။ သူတို့ကို စိန်‌မခေါ်ချင်၍ သက်သက် မသွားကြသူများလည်း ရှိနိုင်သည်။

ဥပမာအားဖြင့် လုံချန်။

လက်ရှိတွင် လုံချန်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရှေးဦးနဂါးဆင် သွေးမျိုးဆက်၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် တောင်ထိပ်များထဲမှ တစ်ခုကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မည်။

လုမင်တွင်လည်း ထိုအရည်အချင်းမျိုး ရှိသည်။ ယခုအခါ သူ၏ နဝမနဂါးသွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုးသို့ ရောက်ရှိသွား၍ တိုက်ခိုက်နိုင်စွမ်းများ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူ့အတွက်လည်း တောင်ထိပ်များထဲမှတစ်ခုကို သိမ်းပိုက်ရန် ပြဿနာ မရှိပေ။

ကျန်သော ပါရမီရှင်များထဲမှာလည်း သူတို့ကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားရှိသည့် ပါရမီရှင်များ ရှိနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့်သာ မလှုပ်ရှားခဲ့ခြင်း ဖြစ်ချေသည်။

နောက်ဆုံးတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကလည်း မစတင်သေးပါ။ ထိုအတွက် သူတို့၏ ခွန်အားကို ထုတ်ပြနေရန် မလိုပေ။

"ဟားဟားဟား၊ ကြည့်ရတာ တောင်ပိုင်းနတ်နန်းတော်က မလုပ်နိုင်တော့ဘူးထင်တယ်။ တောင်ခုနစ်လုံးကိုပဲ သိမ်းပိုက်နိုင်တယ်"

အနောက်ပိုင်း နတ်နန်းတော်၏ အုပ်ချုပ်သူတစ်ပါးထံမှ ကျယ်လောင်သော ရယ်မောလိုက်သံ ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက အကြည့်ရဆိုးလာခဲ့၏။ စုစုပေါင်း တောင်သုံးဆယ့်ခြောက်လုံးရှိသော်လည်း တောင်ပိုင်းနတ်နန်းတော်မှာ ခုနစ်ခုသာ ယူနိုင်သည်။ သူတို့ဘက်က အားနည်းနေတာ သိသာထင်ရှားလှပေသည်။

အနောက်ပိုင်း နတ်နန်းတော်နှင့် တောင်ပိုင်းနတ်နန်းတော်၏ အင်အားကတော့ အမြဲတူညီနေခဲ့သည်။ သူတို့ကြားမှ ပြိုင်ဆိုင်မှုကလည်း သဘာဝအတိုင်း ပြင်းထန်ခဲ့ပေသည်။

ထို့အပြင်၊ ကောင်းကင်နတ်ဘုရားဂုဏ်းက ဤတစ်ကြိမ်တွင် တပည့်များကို ရွေးချယ်လာခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ပါဝင်နိုင်သူများလေလေ၊ ထိုသူရှိရာဘက်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆုလာဘ်များကို ပို၍ရရှိလေပင်။

"ဟမ့်၊ တောင်ပိုင်းနတ်နန်းတော်ရဲ့ ပါရမီရှင်တွေက ဒီလောက်ထင်ပေါ်ချင်ကြတာ မဟုတ်ဘူး"

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

"ဟားဟားဟား၊ ဒါဆိုရင် မင်းတို့ တောင်ပိုင်းနတ်နန်းတော်က ကောင်းကင်တိုင် တောင်ထိပ်ပေါ်ကိုတက်နိုင်တဲ့ ပါရမီရှင်အများကြီး ပုန်းကွယ်နေတယ်လို့ ပြောချင်တာလား"

အနောက်ပိုင်း နတ်နန်းတော်မှ ပါရမီရှင်က လှောင်ပြောင်လိုက်၏။

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာက အေးစက်သွားခဲ့သည်။ သို့သော် ဘာမျှမပြောတော့ပေ။ သူ့တွင် ပြန်ပြောရန်လည်း ယုံကြည်မှုတို့ မရှိပါချေ။

"ဝမ်"

ထိုစဉ်၊ ကောင်းကင်ယံရှိ ပလ္လင်များထဲမှတစ်ခုက အနည်းငယ် တုန်ခါသွားသည်။ မရေမတွက်နိုင်သော ကမ္ပည်းစာများ ထွန်းတောက်လာပြီး အလင်းရောင်ခြည်တို့ ပြန့်ကားလာခဲ့၏။

လူများစွာတို့လည်း အံ့အားသင့်သွားပြီးနောက် ယဇ်ပလ္လင်ကို မျှော်လင့်ချက်ဖြင့် ကြည့်လာကြ‌တော့သည်။

ဒဏ္ဍာရီမှတ်တမ်းများအရ ထိုရှေးဟောင်း ယဇ်ပလ္လင်ကိုးခုသည် ယွမ်တိုက်ကြီးမှ အင်အားစုကြီးများဆီသို့ ဦးတည်သွားသော လမ်းကြောင်းများ ဖြစ်သည်။ ရှေးယခင်က ရှန်းရွှီတိုက်ကြီးသည် ယွမ်တိုက်ကြီးရှိ အဓိကအင်အားစုကိုးခုနှင့် ချိတ်ဆက်နိုင်ခဲ့သည်။

ထို့ကြောင့် ယဇ်ပလ္လင် ကိုးခု ကျန်ရစ်ခဲ့ပေသည်။

သို့သော်လည်း ရှန်းရွှီတိုက်ကြီးသည် ထိုအဓိကအင်အားစုကိုးခုနှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း ယဇ်ပလ္လင်ကိုးခုကို မဖွင့်ခဲ့ရသည်မှာလည်း လွန်စွာ ကြာမြင့်သွားခဲ့ပြီ။

သို့ရာတွင်၊ မကြာသေးမီက ကောင်းကင်နတ်ဘုရားဂိုဏ်းဝင် လူတစ်ဦးက ရှန်းရွှီတိုက်ကြီးနှင့် ရုတ်တရက် ဆက်သွယ်လာကာ တပည့်များကို ရွေးချယ်ရန် အမိန့်ထုတ်ခဲ့သည်။

ယခုတော့၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်ရှိလာတော့မည်။

၎င်းက ယွမ်လုတိုက်ကြီး၏ အဓိကအင်အားစုများထဲမှ တစ်ခုဖြစ်သည်။ လူအများစုလည်း ပူလောင်သောအကြည့်များတို့ဖြင့် ယဇ်ပလ္လင်ကို စိုက်ကြည့်နေကြတော့သည်။

ယွမ်လုက ယွမ်တိုက်ကြီး၏ ပင်မ ဖြစ်သည်။ ၎င်းက ကျင့်ကြံသူများအားလုံး လိုလားတောင့်တခဲ့ရသော နေရာတစ်ခု ဖြစ်ချေသည်။ ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။

ထိုနေရာတွင် စစ်မှန်သည့် အထွတ်အထိပ်ကိုရောက်နေသာ တန်ခိုးရှင်များ ရှိခဲ့သည်။

ဒဏ္ဍာရီမှတ်တမ်းများအရ၊ ထိုတိုက်ကြီးတွင် အမြင့်မြတ်ဆုံး တန်ခိုးရှင်ကြီးများ ရှိပေသည်။

ထိုနေရာတွင် မရေမတွက်နိုင်သော ပါရမီရှင်များလည်း ရှိခဲ့သည်။

၎င်းက လွန်ကဲစွာ ကြွယ်ဝချမ်းသာသော နေရာတစ်ခုပင်။

ကံမကောင်းစွာဖြင့် ထိုနေရာကို မည်သူမျှ မရောက်ဖူးကြပေ။ အုပ်ချုပ်သူများပင်လျှင် မရောက်ဖူးကြပါ။

ယခုတော့ သူတို့ဟာ ယွမ်လုတိုက်ကြီးမှ အမြင့်မြတ်ဆုံး အင်အားစုကြီးများ၊ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရတော့မည် ဖြစ်သည်။

"ဝမ်"

ထိုအချိန်တွင်၊ အလင်းရောင်များက ပို၍ တောက်ပလာခဲ့သည်။ အဆုံးတွင် ရှေးဟောင်းပလ္လင်ပေါ်၌ အလင်းတံခါးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ အလင်းတံခါးမှ ထွက်ပေါ်လာသော ရုပ်ပုံများကို လူတိုင်းတွေ့လိုက်ရတော့သည်။

စုစုပေါင်း လူရိပ်ခြောက်ခု ရှိခဲ့သည်။ ခေါင်းဆောင်လာသူက ငွေရောင်ဆံပင်ပိုင်ရှင် လူကြီးဖြစ်ချေသည်။ လူကြီး၏ အနောက်မှာတော့ လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး အမျိုးသားနှစ်ဦး ရှိသည်။

သူတို့သုံးယောက်က ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေကြသော်လည်း အနှိုင်းမဲ့သည့်ဖိအားတို့ ထွက်နေခဲ့ပေသည်။ ထိုဖိအားက ပေါင်သန်းရာနှင့်ချီရှိသော တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်ကာ လူတိုင်းကို အသက်ရှုရခက်ခဲစေခဲ့သည်။

'အစွမ်းထက်လွန်းတယ်'

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူတို့ သုံးယောက်ထံမှ ထွက်ပေါ်နေသော ဖိအားများက အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထက်ပင် အဆပေါင်းများစွာ ကြီးမားနေသေးသည်။ တစ်နည်းဆိုရသော် ၎င်းတို့သုံးဦးက အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူတို့ သုံးယောက်၏ အနောက်မှာတော့ လူငယ်သုံးယောက် ရှိနေကြပြန်သည်။

၎င်းက ယောက်ျားနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ချေသည်။ ယောင်္ကျားနှစ်ယောက်က ခန့်ညားသလို မိန်းကလေးကလည်း လှပသည်။

လူငယ်သုံးယောက်က စူးစမ်းလိုစိတ် အရိပ်အမြွက်တို့ဖြင့် လူထုကို အကဲခတ်နေသည်။ သို့သော်လည်း သူတို့ မျက်လုံးများမှာတော့ မောက်မာမှုနှင့် အထင်အမြင်သေးမှုများ ပြည့်နေ‌ခဲ့၏။ သူတို့အသွင်က သူတောင်းစားအုပ်နှင့် ရင်ဆိုင်ရသော ဧကရာဇ်များကဲ့သို့ပင် ဖြစ်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်"

နတ်နန်းတော်လေးခု၏ အုပ်ချုပ်သူများအပါအဝင် လူအားလုံးက လေးလေးစားစား ဦးညွှတ်လိုက်လေသည်။

"ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ ပါရမီရှင်တွေအားလုံး စုံလင်ကြပြီလား"

ငွေရောင်ဆံပင်ပိုင်ရှင် လူကြီးက မေးလိုက်။ သူ့အသံက ငြိမ့်ညောင်းပြီး လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာခဲ့၏။ မည်မျှ ဝေးကွာနေပါစေ သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားခဲ့ကြရသည်။

"တမန်တော်ခင်ဗျာ၊ ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ အသန်မာဆုံး ပါရမီရှင်တွေအားလုံး ဒီကို ရောက်နေကြပါပြီ"

မြောက်ပိုင်း နတ်နန်းတော်၏ အုပ်ချုပ်သူတစ်ဦးက ရိုကျိုးစွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ အခုချိန်ကစပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ပါဝင်ဖို့ ပါရမီရှင်အုပ်စုကို ရွေးချယ်လိမ့်မယ်။ ဒီအတွက် လူအရေအတွက် ကန့်သတ်ချက်မရှိဘူး။ အဓိကကတော့ မင်းရဲ့ စွမ်းဆောင်မှုအပေါ်မှာပဲ မူတည်တယ်။ ကောင်းကောင်းစွမ်းဆောင်နိုင်သရွေ့ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနိုင်လိမ့်မယ်"

"ဒီအတွက်ပဲ စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ရမှာ။ ဒီစမ်းသပ်မှုမှာ နှစ်ကျော့ရှိမယ်။ အခု ပထမအကျော့ စာမေးပွဲအတွက် ငါတို့ နေရာသတ်မှတ်ရဦးမယ်။ ဒါက ခုနစ်ရက်ကြာလိမ့်မယ်။ ဒါကြောင့် ခုနစ်ရက်ကြာမှ ဒီကို ပြန်လာခဲ့ကြပါ"

ငွေရောင်ဆံပင်ပိုင်ရှင် လူကြီးက ကြေညာလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်တော်တို့ အနားယူလိုက်တော့မယ်"

နတ်နန်းတော်လေးခု၏ အုပ်ချုပ်သူလေးဦးလည်း ဦးညွှတ်ပြီး ပါရမီရှင်များနှင့်အတူ ထွက်ခွာသွားကြသည်။

ရှန်းရွှီရှေးဟောင်းမြို့တွင် နတ်နန်းတော်လေးခုစလုံး၏ ဌာနခွဲများ ရှိ၏။ မကြာမီ၊ လုမင်နှင့် အခြားသူများဟာ ကြီးမားသော အိမ်တော်ကြီးတစ်ခုဆီသို့ ရောက်လာကြတော့သည်။ အိမ်တော်ကြီးထဲတွင် နန်းတော်များနှင့် အဆောက်အအုံများစွာ ရှိခဲ့သည်။

ပါရမီရှင်အားလုံးအတွက် ကျယ်ဝန်းသော အခန်းတစ်ခုစီ ရှိ၏။

လုမင်နှင့် ရှဲ့နျန်ချင်းကတော့ အခန်းထဲသို့ အတူတူဝင်ရောက်ကာ တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်ရောက်သွားတော့သည်။

ရှဲ့နျန်ချင်းက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်သည်။

နတ်ဘုရားအပျက်အယွင်းတွင် ရှဲ့နျန်ချင်းက နတ်ဆိုးတာအိုကျင့်ကြံသူ တန်ခိုးရှင်ကြီးတစ်ဦး၏ အမွေကို ဆက်ခံရရှိခဲ့သည်။ ၎င်းကို သေသေချာချာ နားလည်နိုင်ရန် အချိန်လိုအပ်၏။ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်က ရှဲ့နျန်ချင်း၏ နားလည်မှုကို လျင်မြန်စွာ တိုးတက်စေရန် ကူညီပေးနိုင်သည်။

လုမင်ကတော့ အခြားတောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းအပုံလိုက်ကြီး သူ့ရှေ့တွင် ပေါ်လာခဲ့၏။ အနည်းဆုံး ကျောက်ကြမ်းသန်းနှင့်ချီကာ ရှိခဲ့သည်။

ယခုအခါ၊ လုမင်၏ တာအိုအမျိုးမျိုးက သူ၏လက်ရှိကျင့်ကြံခြင်းထက် များစွာတိုးတက်နေခဲ့ပြီ။ ထို့ကြောင့် ကျောက်ကြမ်းများနှင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန် အချိန်တန်ပြီ ဖြစ်သည်။

ဤရွေးချယ်မှုတွင်၊ ရှန်းရွှီတိုက်အဖွဲ့အစည်း တစ်ခုလုံးမှ ထိပ်သီးပါရမီရှင်များစွာ ရှိခဲ့သည်။ လုမင်၏ ပဉ္စမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လက်ရှိ ကျင့်ကြံခြင်းအ‌ခြေခံက မလုံလောက်တော့သည်မှာ သိသာထင်ရှားလှပေသည်။

"ဂါး"

နဝမနဂါးသွေးမျိုးဆက်က သန်းချီသော ကျောက်ကြမ်းများကို တစ်ကျိုက်တည်း မျိုချပြီး စတင် သန့်စင်လိုက်သည်။

နဝမနဂါးသွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုးကို ရောက်ရှိလာပြီးနောက် ဝါးမျိုခြင်းနှင့် သန့်စင်ခြင်းစွမ်းအားများကလည်း ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာခဲ့သည်။ ကျောက်ကြမ်းများကို သန့်စင်နိုင်စွမ်းမှာလည်း အံ့ဖွယ်အဆင့်သို့ ရောက်ရှိ‌နေခဲ့ပြီ။

သန်းနှင့်ချီသော ကျောက်ကြမ်းများက ယွမ်ချီစွမ်းအင်အဖြစ် အဆက်မပြတ် သန့်စင်နေခဲ့သည်။ ထိုစွမ်းအင်များက ဒီရေလှိုင်းကဲ့သို့ လုမင်၏ခန္ဓာကိုယ်ထဲကို စီးဝင်လာခဲ့၏။

"ဝုန်း"

ယွမ်ချီစွမ်းအင်များက တဟုန်ထိုး စီးဆင်းသွားခဲ့သည်။ လုမင်၏ ဝိညာဉ်နတ်ဘုရားကလည်း ပိုခိုင်မာပြီး ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့၏။

လုမင်၏ ကျင့်ကြံမှုအခြေခံက အားကောင်းသည်ထက် အားကောင်းလာတော့သည်။

များမကြာမီပင် သန်းနှင့်ချီသော ကျောက်ကြမ်းများအားလုံးကို သန့်စင်ပြီးသွားခဲ့သည်။ ထို့နောက်၊ လုမင်က နောက်ထပ် ကျောက်ကြမ်းသန်းချီကို ထုတ်ယူကာ ဆက်လက် ဝါးမြိုသန့်စင်လိုက်လေသည်။

လုမင်၏ လက်ရှိကျင့်ကြံမှုအဆင့်အရ ကျောက်ကြမ်းများစွာကို လိုအပ်နေခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့်၊ လုမင်ဟာ အံ့ဖွယ်ကောင်းအောင် ကျောက်ကြမ်းသန်းနှစ်ဆယ်ကို သန့်စင်ခဲ့လေသည်။

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်အတွင်းမှ စူးရှသော အသံများ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါများက ရုတ်တရက် တိုးလာခဲ့၏။

ဆဌမအဆင့် ဝိညာဉ်နတ်ဘုရား။

ကျောက်ကြမ်း သန်းနှစ်ဆယ်ကို အဆက်မပြတ် ဝါးမြိုသန့်စင်ပြီးနောက် လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခွန်အားကလည်း သိသိသာသာ တိုးတက်လာတော့သည်။

All Chapters