← Chapters

အခန်း ၁၂၃၀

Vol. 82 Ch. 1230

အခန်း ၁၂၃၀

Vol. 82 Ch. 1230

အပိုင်း ( 1230 ) ပေယွိတိုက်ကြီး။

ယခုအခါ လုမင်၏ တာအိုငါးခုအနက် သုံးခုက စတုတ္ထအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့သည်။ ကျန်နှစ်ခုကတော့ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဤတာအိုငါးခု ပေါင်းစပ်ခြင်းက အလွန်အားကောင်းနေပြီဖြစ်သည်။

ယခုအချိန်တွင် လုမင်က နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေသော အဆင့်တူ သာမန်ပါရမီရှင်များကို အလွယ်တကူ ချေမှုန်းနိုင်ပြီဖြစ်သည်။

ဓားမော့က ပေါက်ကွဲသွားပြီး လူချန်ကျိုးအသွင် ပြန်ပြောင်းသွားကာ အဝေးသို့ လွင့်စဉ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲမတတ်ဖြစ်ပြီး သွေးအလူးလူး ဖြစ်သွားခဲ့၏။ သူ့ပါးစပ်မှလည်း သွေးများ အန်ထွက်နေတော့သည်။

'ဒါက ဘယ်လိုဖြစ်တာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ'

လူချန်ကျိုး၏ စိတ်ထဲတွင် အလွန်ထိတ်လန့်တုန်လှုပ်သွားမိသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်း၏ တိုက်ကြီး လေးဆယ့်နှစ်ခုတို့တွင် အဆင့်ရှစ်အနေဖြင့် ၎င်းတို့တွင် ပါရမီရှင်များစွာ ရှိနေပြီ ဖြစ်သည်။ ထိုမျှများပြားသော ပါရမီရှင်များထဲမှ ဒုတိယအဆင့်ဖြစ်နိုင်သောသူသည် လူသန်းချီအထက်တွင် တည်ရှိခဲ့သောသူ ဖြစ်သည်မှာ အသေအချာပင် ဖြစ်၏။ ၎င်းက တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းသလောက် တည်ရှိနေသူတစ်ဦး ဖြစ်ချေသည်။

ယခုမူ၊ လုမင်၏ လက်သီးချက်အနည်းငယ်ဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီ ဖြစ်သည်။ ယင်းက တကယ့်ကို မယုံနိုင်စရာပင်။

ဤအခိုက်တွင် သူ့စိတ်ထဲ၌ ထွက်ပြေးရန်သာ အတွေးရှိသည်။ သို့သော်လည်း လုမင်က သူ့ကို အခွင့်အရေးပေးမည်မဟုတ်ကြောင်း အသိသာကြီးပင်။

"ဒုန်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရုန့်ရင်းကြမ်းတမ်းသောအင်အားဖြင့် လူချန်ကျိုးကို ချေမှုန်းပစ်လိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး..."

လူချန်ကျိုး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း နောက်အခိုက်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားတော့သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားကတော့ သော့များဆီသို့ စုစည်းသွားခဲ့သည်။ နောက်အခိုက်တွင် လုမင်၏ ဦးခေါင်းထက်မှာ ပြန်ပေါ်လာပြီး သော့ခြောက်ချောင်း ဖြစ်သွားခဲ့လေသည်။

"ဝမ်"

ဤအခိုက်တွင် သွေးရောင်သော့ခြောက်ခုက တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသကဲ့သို့ တုန်ခါသွားခဲ့သည်။ သော့များက ကြွယ်ဝသော သွေးအလင်းများ ဖြာထွက်လာပြီး ကောင်းကင်ထိတိုင် ထိုးတက်သွား၏။ အလင်းတန်းခြောက်ခုက တိမ်များကို ထိုးဖောက်ကာ အလွန်ပြင်းထန်သော သွေးအလင်းတိုင်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ဤသွေးအလင်းက တောက်ပလွန်း၍ ဟိုးအဝေးကြီးမှပင် မြင်နိုင်သည်။

"အဲဒါဘာလဲ"

"ဘယ်လောက်တောင် ပြင်းထန်တဲ့ သွေးရောင်အလင်းပါလိမ့်။ ရှားပါးရတနာတစ်ခု ပေါ်လာတာများ ဖြစ်နိုင်မလား"

"သွားကြည့်ရအောင်"

"သွားကြစို့"

ချက်ချင်းပင် ပုံရိပ်များစွာက လုမင်ရှိရာ ဦးတည်ရာသို့ ပျံသန်းလာခဲ့ကြသည်။

လုမင်လည်း သူ့ဦးခေါင်းထက်က အလင်းတန်းကိုကြည့်ပြီး အံ့အားသင့်သွားခဲ့လေသည်။

သော့ခြောက်ခုကို စုဆောင်းမိခြင်းက ဤဖြစ်စဉ်မျိုး ဖြစ်လာနိုင်သလော။

ထိုသို့ဆိုလျှင် သော့ကိုးခုကို စုဆောင်းခြင်းက အလွန်ခက်လိမ့်မည် ဖြစ်သည်။ ယင်းက အခြားသူများကို ဆွဲဆောင်နိုင်၍ ပုန်းစရာပင် နေရာရှိမည် မဟုတ်ချေ။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူပြောသော အခွင့်အလမ်းကို ရရှိရန်မှာ အလွန်ခက်ခဲသည်။

"ဒီလိုဆိုမှတော့ ငါ့ကိုထိရဲတဲ့သူမှန်သမျှ ငါသတ်မယ်"

လုမင်၏ အကြည့်များက အေးစက်သွားခဲ့သည်။

သူက လျှောက်မသွားတော့ရန် ဆုံးဖြတ်လိုက်၏။ သူဟာ နေရာတွင်ရပ်ပြီး ငြိမ်သက်စွာ စောင့်နေလိုက်သည်။

များမကြားမီပင်...

"ဝှစ် ဝှစ်"

အဝတ်အစား လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ငှက်မွေး၀တ်စုံ ဝတ်ဆင်ထားသော လူငယ် ခုနစ်ဦး၊ ရှစ်ဦးခန့် ပေါ်လာခဲ့၏။

"သူက လုမင်ပဲ"

ထိုလူများထဲတွင် တစ်ယောက်က အမှန်တကယ် မုကြွယ် ဖြစ်နေသည်။ လုမင်ကို မြင်လိုက်သည်နှင့် သူသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"သော့ခြောက်ခု။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အမှိုက်တစ်စက သော့ခြောက်ခုကို စုဆောင်းနိုင်ခဲ့တယ်။ သူက ‌အတော်ကံကောင်းတဲ့ပုံပဲ။ သူရောက်လာတာနဲ့ အမှိုက်တွေကို တွေ့လိုက်ရတာ ဖြစ်မယ်"

အနက်ရောင် ငှက်မွှေးဝတ်စုံဝတ် လူငယ်တစ်ဦးက လှောင်ပြောင်ပြောဆိုလိုက်သည်။

ရှမ်းဟွမ်တိုက်ကြီးမှ လူတစ်ယောက်က သော့များကို မည်သို့လွယ်လွယ် စုဆောင်းနိုင်မည်နည်း။ လုမင်က ကံ‌ကောင်းပြီး ပို၍ပင် အမှိုက်ဖြစ်နေသော တိုက်ကြီးကို ကြုံတွေ့ခဲ့ရခြင်းသာ ဖြစ်မည်။

"သူ့ကိုသတ်လိုက်ရင် သော့ကိုးခု စုလို့ရပြီ"

ငွေဖြူရောင် ငှက်မွေးဝတ်စုံဝတ် လူငယ်တစ်ယောက်က နှုတ်ခမ်းကိုတွန့်ကွေးကာ လှောင်ပြောင်လိုက်၏။

"ဟားဟားဟား၊ လုမင်... နောက်ဆုံးအကြိမ်က မင်း ကံကောင်းသွားတယ်။ ဒီတစ်ခါတော့ မင်း ဘယ်လိုသေသွားမလဲဆိုတာ ကြည့်ရအောင်"

မုကြွယ်က ရယ်မောလိုက်သည်။

ဤနေရာတွင် ပေယွိတိုက်ကြီးမှ ပါရမီရှင် ခုနစ်ဦး ရှိသည်။ ၎င်းတို့ထဲမှ ငှက်မွှေးဖြူဝတ်စုံဝတ် လူငယ်က ကောင်းကင်တိုင် တောင်ထွတ်သုံးခုတွင် တစ်နေရာ ရယူနိုင်ခဲ့သော တည်ရှိမှုတစ်ခု ဖြစ်၏။ သူသည်ကား အခြား ပါရမီရှင်များထက် ပို၍ သာလွန်သည်။

ပေယွိတိုက်ကြီး၏ ဤပါရမီရှင်များနှင့် ရင်ဆိုင်ရမှတော့ လုမင် သေတော့မည်ကို သူ သေချာပေါက် သိသွားခဲ့ပေပြီ။

"ဝှစ် ဝှစ်"

လေတိုးသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ လုမင်၏ အနောက်ဘက်တွင် လူငယ်တစ်စု ပေါ်လာသည်။

ဦးဆောင်လာသူတွင် အစိမ်းရောင် ပါးသိုင်းမွှေးများရှိပြီး အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

"သော့ခြောက်ခု ရှိနေတာပဲ။ ဟားဟားဟား၊ ဒီသော့ခြောက်ခုက ငါ့ဟာပဲ"

အစိမ်းရောင်ပါးသိုင်းမွေးနှင့် လူငယ်က လုမင်၏ ဦးခေါင်းထက်မှ သော့ခြောက်ချောင်းကို မြင်ရသောအခါ မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့သည်။

သူကိုယ်တိုင်၏ ဦးခေါင်းထက်မှာ သော့လေးခု ရှိ၏။ လုမင်၏သော့များကို ထည့်ပေါင်းလိုက်လျှင် သော့ကိုးခုရနိုင်ပြီ ဖြစ်သည်။

"မန်ဖုန်း၊ မင်းပဲ"

ပေယွိတိုက်ကြီးမှ ငွေရောင်ငှက်မွှေးဝတ်စုံဝတ်လူငယ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အစိမ်းရောင်ပါးသိုင်းမွှေးနှင့် လူငယ်က အဆင့်ငါး ဟွမ်မန့်တိုက်ကြီးမှ ဆင်းသက်လာခဲ့သူ ဖြစ်သည်။ ထိုအစိမ်းရောင်ပါးသိုင်းမွှေးရှိသော လူငယ်က ကောင်းကင်တိုင် သုံးဆယ့်ခြောက်ခုကို တက်လှမ်းခဲ့သော ပါရမီရှင်လည်း ဖြစ်သေးသည်။

"ဟားဟားဟား၊ ငွေတောင်ပံ... တိုက်ဆိုင်လိုက်တာ"

အစိမ်းရောင်ပါးသိုင်းမွှေးနှင့် လူငယ် မန်ဖုန်းက ရယ်မောလိုက်သည်။

"မန်ဖုန်း၊ ဒီကောင်လေးကို ငါအရင်ရှာတွေ့ခဲ့တာ။ မင်း ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားသင့်တယ်"

ငွေတောင်ပံက အေးစက်စက်ဖြင့် ပြော၏။

"ဟားဟားဟား၊ ဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ အကဲဖြတ်မှုပဲလေ။ မင်းအရင်လာတာနဲ့ ရမယ်လို့ ဘယ်သူပြောလဲ။ ဘယ်သူပဲ အရင်လာလာ စွမ်းရည်ရှိတဲ့သူ ရလိမ့်မယ်။ သူ့ကို အရင်သတ်တဲ့သူ သော့တွေရလိမ့်မယ်"

မန်ဖုန်းက ပြုံးလိုက်သည်။ သူသည် ရိုးရှင်းပြီး ရိုးရိုးသားသား ကြည့်နေပုံရသော်လည်း သူ့မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်က လူများကို အရိုးထဲထိ အေးစိမ့်သွားစေခဲ့သည်။

ထိုအချိန်တွင် အခြားလမ်းကြောင်းဘက်မှ လေတိုးသံများထွက်ပေါ်လာပြန်သည်။ ပါရမီရှင်များ ထပ်မံရောက်လာခဲ့ကြပြီ။

သို့ရာတွင် မန်ဖုန်းနှင့် ငွေတောင်ပံကို မြင်တွေ့ပြီးနောက် သူတို့၏အမူအရာများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"မကောင်းတော့ဘူး၊ ကောင်းကင်တိုင် သုံးဆယ့်ခြောက်ခုကို တက်လှမ်းခဲ့တဲ့ ပါရမီရှင်တွေပဲ။ ဆုတ်ကြ"

"သွားကြစို့"

နောက်မှ ရောက်လာသူများ မျက်နှာပျက်ကာ အသည်းအသန် ဆုတ်သွားခဲ့ကြသည်။

"လုမင် သေပြီပဲ"

၎င်းတို့ထဲမှ တစ်ဦးမှာ ရှမ်းဟွမ်းတိုက်ကြီး၏ ပါရမီရှင် ခြင်္သေ့မင်း ဖြစ်၏။ ဤအခိုက်အတန့်တွင် သူ့မျက်လုံးများက အရောင်လက်ပြီး အဝေးသို့ ပြေးထွက်သွားတော့သည်။

"သတ်"

ထိုအချိန်တွင်၊ ငွေတောင်ပံက ရုတ်တရက် တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူ့နောက်ကျောတွင် ငွေရောင် တောင်ပံတစ်စုံ ပေါ်လာခဲ့၏။ ၎င်းက အရာအားလုံးကို ဖြတ်တောက်နိုင်ပုံရသော ချွန်ထက်သည့် လက်သည်းများဖြင့် တိုက်ခိုက်လိုက်သည်။

"ငွေတောင်ပံ၊ မင်းက အတော်စက်ဆုပ်ရွံရှာစရာကောင်းတာပဲ။ မင်း ဘယ်လိုတောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တာလဲ။ ဒီကောင်က ငါ့ဟာ"

မန်ဖုန်းက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှလည်း သားရဲဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့၏။ သူက လေထဲတွင် ခြေလှမ်းအနည်းငယ်လှမ်းပြီး လုမင်ဆီသို့ ဦးတည်လိုက်တော့သည်။

သူတို့နှစ်ဦးက လုမင်ကို ၎င်းတို့၏ အဓိက ပံ့ပိုးပေးသူ သားကောင်အဖြစ် လုံးလုံးလျားလျား သဘောထားခဲ့သည်။

သူတို့အမြင်တွင် လုမင်၏ ကံကြမ္မာက ဤနေရာတွင်ပြီးသွားပြီ။ သူတို့သတိထားရမည်က တစ်ဖက်လူများ ဖြစ်သည်။

"သူက ငါ့ဥစ္စာပဲကွ"

ငွေတောင်ပံ၏ မျက်လုံးများက အေးစက်သွားသည်။ သူက လုမင်ကို တစ်ချက်တည်းဖြင့် သုတ်သင်နိုင်စေရန် ကြိုးစားလိုက်၏။ လုမင်ကို ဦးစွာသတ်ခြင်းဖြင့် သွေးရောင်သော့များက သူ့အတွက် သဘာဝအတိုင်း ဖြစ်လာပေလိမ့်မည်။

"ဟားဟားဟား၊ မင်းက ငါ့ကို လျစ်လျူရှုနေတာပဲ"

လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ သူက ခြေတစ်ချက်လှမ်းကာ ငွေတောင်ပံ၏တိုက်ခိုက်မှုကို ရှောင်ပေးလိုက်၏။

"ချီးပဲ၊ မင်း ရှောင်တိမ်းဝံ့သေးတာလား။ သေစမ်း"

ငွေတောင်ပံက ဒေါသတကြီး ဟိန်းဟောက်ပြီး လက်သည်းများနှင့် လုမင်ကို လျင်မြန်စွာ ကုပ်ဆွဲလိုက်သည်။

လုမင်က အမှန်တကယ်ပင် ရှောင်တိမ်းဝံ့၏။ သူက ဤအခွင့်အရေးကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားရခြင်း ဖြစ်သည်။ လုမင်သည်သာ ရှောင်သွားပါက သူသူရှုံးမည် မဟုတ်လား။

သူ့စိတ်ထဲတွင် လုမင်ရှောင်တိမ်းခြင်းက ပုံမှန်ဖြစ်သည်ဟု မထင်ပေ။

လုမင် ရှောင်ထွက်သွားခြင်းက သူ့အခွင့်အရေးကို ဖျက်ဆီးခြင်းဟုသာ မြင်သည်။

"ဒါဆို ငါမရှောင်ဘူး"

လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။

ထို့နောက်...

"ဝုန်း"

လွန်စွာ ခြောက်ခြားဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရား၏ အရှိန်အဝါများကို လုံးဝ ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ အရောင်ငါးမျိုး တာအိုငါးခု ဝန်းရံထားသော လက်သီးချက်က အရှိန်ပြင်းပြင်းဖြင့် ထွက်လာခဲ့သည်

ဤလက်သီးချက်က ငွေတောင်ပံ၏ လက်သည်းကို တိုက်ရိုက်ထိမှန်သွား၏။

"ဂျွတ်...၊ အား..."

အရိုးကျိုးသံ ထွက်ပေါ်လာပြီး ငွေတောင်ပံ အော်ဟစ်ကာ ကမန်းကတန်း ဆုတ်ခွာသွားတော့သည်။

All Chapters