← Chapters

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အပိုင်း ( 1231 ) အလွယ်တကူ သတ်ဖြတ်ခြင်း။

"ဘာ"

မန်ဖုန်းသည် မူလက ငွေတောင်ပံ လက်ဦးသွားမည်ကိုစိုး၍ လုမင်ဆီသို့ အမြန်ပြေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လုမင်၏လက်သီးချက်ကြောင့် ငွေတောင်ပံ၏လက်သည်း ကျိုးသွားသည်ကို မြင်လိုက်ရ၏။ သူ အလျင်စလို ပြန်ဆုတ်လိုက်မိသည်။

သူ အနည်းငယ် အံ့ဩသွား၏။ သူ့အမြင်တွင် ယင်းက လုံးဝ မဖြစ်သင့်ပေ။ မူလအတိုင်းဆိုလျှင် ငွေတောင်ပံ၏လက်ချက်ဖြင့် လုမင် ချက်ချင်း သေဆုံးမည်ကိုပင် သူစိုးရိမ်နေမိသည်။ သူ့နှလုံးသားထဲတွင် လုမင်က ငွေတောင်ပံ၏ တိုက်ခိုက်မှုအနည်းငယ်မျှ တားဆီးနိုင်စေရန်ပင် တိတ်တဆိတ် ဆုတောင်းခဲ့ရလေသည်။ သို့ရာတွင် ဤသို့သောမြင်ကွင်းမျိုး ဖြစ်လာမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။

"သတ်"

လုမင်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်က အလွန်အားကောင်း၏။

လုမင်၏ သတ်ဖြတ်ချင်စိတ်က ငွေတောင်ပံကို တစ်ကိုယ်လုံး အေးစက်သွားစေကာ အလျင်စလို ဆုတ်သွားတော့သည်။

"မင်းက ငါ့ကိုမသတ်ချင်ဘူးလား။ ဘာဖြစ်လို့ အခု နောက်ဆုတ်နေတာလဲ"

လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ငွေတောင်ပံကို လက်ဝါးဖြင့်ရိုက်ချလိုက်၏။

ဤလက်ဝါး၏စွမ်းအားက ငွေတောင်ပံကို ခေါင်းမွှေးထောင်ပြီး ကြက်သီးမွေးညှင်း ထသွားစေခဲ့သည်။

"ဂီး"

ငွေတောင်ပံထံမှ စူးရှသော အော်ဟစ်သံကို ကြားလိုက်ရသည်။ ၎င်းက ငွေရောင်အလင်းနှင့် ထူးကဲသော စွမ်းအားများကို ထုတ်လွှတ်နေသော ငွေရောင်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ငွေတောင်ပံသည် မူလကတည်းက လူသားမဟုတ်ဘဲ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ ဤသည်ကတော့ သူ၏ မူလပုံစံပင်။

မူလခန္ဓာကို ထုတ်ဖော်ပြီးနောက် ငွေတောင်ပံသည် လုမင်၏တိုက်ခိုက်မှုကို တားဆီးပိတ်ပင်ရန် အတောင်ကြီးနှစ်ဖက်ဖြင့် သူ့ရှေ့တွင် ကာဆီးထားလိုက်သည်။

"ဝုန်း"

လုမင်၏ လက်ဝါးရိုက်ချက် ငွေတောင်ပံ၏ အကာအကွယ် နတ်ဆိုး စွမ်းအားကို ဖြိုခွဲပစ်လိုက်သည်။ လက်ဝါးအင်အားက ငွေတောင်ပံ၏ အတောင်ပံများကို ရိုက်မိသောအခါ ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့၏။ သူ၏အတောင်ပံက တိုက်ရိုက်ပေါက်ကွဲကာ ငွေရောင်အမွေးများ ကောင်းကင်ယံတွင် ပျံ့ကျဲသွားတော့သည်။

ငွေတောင်ပံက ငွေရောင်မိုးကြိုးလျှပ်စီးကဲ့သို့ ဆုတ်ခွာသွားရင်း အထိတ်တလန့် အော်လိုက်သည်။

"ဒုန်း ဒုန်း ဒုန်း"

လုမင်က နဝမနဂါးခြေလှမ်းကို အသုံးပြုပြီး ရှေ့ကို တိုးလာသည်။ သူ ခြေလှမ်းလိုက်တိုင်းတွင် စွမ်းအားက ယခင်ခြေလှမ်းထက် ပိုမိုအားကောင်းလာခဲ့၏။ ကြီးမားလေးလံစော ခြေလှမ်းတိုင်း၏ အင်အားများက ငွေတောင်ပံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

ခြေတစ်ချက်လှမ်းလိုက်တိုင် ငွေတောင်ပံ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လုမင်က အဋ္ဌမမြောက်ခြေလှမ်းကို လှမ်းလိုက်သောအခါ ကျယ်လောင်သော အော်သံထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲအက်သွား၏။

ငွေရောင်သွေးများက လေထဲတွင် ပန်းထွက်ကုန်တော့သည်။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနိုင်တာလဲ"

တစ်ဖက်တွင် မန်ဖုန်း အံ့အားသင့်သွားသည်။ ထို့နောက် သူ့ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။

ကြောက်စရာကောင်းလွန်းသည်။ ငွေတောင်ပံ၏ တိုက်ခိုက်နိုင်စွမ်းသည် သူနှင့် အတူတူပင်ဖြစ်သော်လည်း လုမင်၏လက်ထဲတွင်မူ တိုက်ကွက်အနည်းငယ်ဖြင့် သေဆုံးသွားရသည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

'ပြေးတော့'

သူ့စိတ်ထဲတွင် အတွေးတစ်ခု ပထမဆုံး ပေါ်လာသည်။ သူ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းလှည့်ပြီး ထွက်ပြေးတော့သည်။

"ငါ့ရဲ့သော့ကို မလိုချင်ဘူးလား။ အခု မင်း ဘာဖြစ်လို့ ထွက်ပြေးနေတာလဲ"

မန်ဖုန်း၏ နားထဲတွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

မန်ဖုန်း ကြောက်လန့်တကြားဖြင့် ဟိန်းဟောက်လိုက်၏။ သူဟာ ခွန်အားအပြည့်ဖြင့် ပေါက်ကွဲပြီး လုမင်အား လက်သီးနှင့်ထိုးလိုက်သည်။ သို့ရာတွင် လုမင်၏လက်သီးချက်က ကျရောက်လာသည်။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသည်နှင့် မန်ဖုန်းသည် သူ့လက်မောင်းတွင် ပြင်းပြသောနာကျင်မှုကို ခံစားလိုက်ရသည်။ လုမင်၏ လက်သီးချက်ကြောင့် သူ့လက်အရိုးများ ကျိုးသွားပြီ။

"ဖုန်း ခွပ်"

ယင်းနောက်တွင် လုမင်၏ လေပြင်းတိုက်ခတ်သကဲ့သို့ လက်သီးချက်များ ကျရောက်လာခဲ့သည်။ သူ့လက်သီးအရိပ်များက မန်ဖုန်းကို ဖုံးလွှမ်းသွား၏။

"မဟုတ်ဘူး"

မန်ဖုန်း အော်ဟစ်လိုက်သော်လည်း မလွတ်မြောက်နိုင်တော့ပေ။ လုမင်၏ လက်သီးချက်အောက်တွင် မန်ဖုန်း သေဆုံးသွားခဲ့ရသည်။

ကောင်းကင်တိုင်တောင် သုံးဆယ့်ခြောက်ခုကို ခြေချနိုင်သော ထိပ်တန်းပါရမီရှင်နှစ်ဦး လုမင်၏လက်တွင် ခဏချင်း သေဆုံးသွားခဲ့သည်။

"ဒါ... ဒါ ဘယ်လိုသွားတာလဲ"

မနီးမဝေးရှိ ပေယွိတိုက်ကြီးနှင့် ဟွမ်မန့်တိုက်ကြီးမှ ပါရမီရှင်များ ဤမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ အလွန်လည်း အံ့အားသင့်သွား၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ"

အထူးသဖြင့်၊ မုကြွယ်ဆိုလျှင် သူ့ရှေ့မှ အရာအားလုံးကို လုံးဝလက်မခံနိုင်တော့ပါ။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သန်မာလွန်းလှသည်။ လုမင်က နတ်ဘုရားအပျက်အယွင်းတွင် ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့ကြောင်း သူသိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် လုမင်နှင့် မယှဉ်နိုင်ပါ။

သို့ရာတွင် ကောင်းကင်တိုင်တောင် သုံးဆယ့်ခြောက်ခုကို ခြေချနိုင်သော ပါရမီရှင်တိုင်းက သာမန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် တိုက်ခိုက်နိုင်စွမ်းမျိုး ရှိသည်။ ၎င်းတို့ကို သတ်ပင်သတ်ဖြတ်နိုင်သေးသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အဓိပဓိနှင့် ယှဉ်နိုင်လုနီးပါးအထိ သန်မာခဲ့ကြသည်။ ထိုအချိန်က လုမင်ကတော့ ဤမျှ သန်မာသူမဟုတ်တာ အသိသာကြီးပင်။

မူလက ငွေတောင်ပံ၏ တိုက်ခိုက်နိုင်စွမ်းဖြင့် လုမင်ကိုသတ်ရန် လုံလောက်ပြီဟု သူထင်မှတ်ခဲ့သည်။

ယခုမူကား၊ လုမင်ဟာ ငွေတောင်ပံနှင့် မန်ဖုန်းကို သွေးမျိုးဆက်ပင်လျှင် အသုံးမပြုဘဲ အလွယ်တကူသတ်လိုက်ပြီ။ ဤတိုက်ခိုက်နိုင်စွမ်းမျိုးက ကြောက်စရာကောင်းလွန်းသည်။

"မုကြွယ်၊ အခု မင်းအလှည့်ကိုရောက်ပြီ"

ဤအခိုက်တွင် လုမင်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မုကြွယ်အား ကြည့်လိုက်သည်။

"မဟုတ်၊ မဟုတ်ဘူး …"

မုကြွယ် အလွန်ကြောက်လန့်ပြီး သေးပါမတတ် ဖြစ်သွား၏။ သူက အော်ဟစ်ပြီး ချက်ချင်း ထွက်ပြေးတော့သည်။

အခြားသူများလည်း ရုတ်ချည်း လူစုခွဲကာ ထွက်ပြေးလိုက်ကြသည်။

"ဝှစ်"

လုမင်က ထိုသူများကို ဂရုမစိုက်ပေ။ သူ့ရုပ်သွင်က လျှပ်စီးလက်သကဲ့သို့ မုကြွယ်အနောက်ကို ပြေးလိုက်သွားခဲ့သည်။

"မဟုတ်ဘူး၊ ငါ့ကိုမသတ်နဲ့။ ကယ်ကြပါဦး"

မုကြွယ်မှာ လုံးဝ မခုခံဝံ့ဘဲ အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။

"မင်း ငါ့ကို မသတ်ချင်ဘူးလား"

လုမင်က ပြောသည်။

"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ"

မုကြွယ် ငိုတော့မည်။

"နတ်ဘုရားအပျက်အယွင်းကို ရောက်နေတုန်းကကော ငါ့ကိုလွှတ်ဖို့ မင်းဘာလို့ မစဉ်းစားခဲ့တာလဲ"

လုမင် လှောင်ပြောင်လိုက်၏။ သူ၏ သတ်ဖြတ်ချင်စိတ်က အလွန်တရာ အေးစက်နေခဲ့ပြီ။ မုကြွယ်ကို သူ သတ်ရမည်။

"လုမင်၊ ငါက မုမိသားစုရဲ့ သခင်လေးနော်။ ငါ့အဖေက မုမိသားစုရဲ့ ခေါင်းဆောင်ပဲ။ ငါ့ကိုသတ်ဝံ့ရင် မင်းကို ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူး။ မင်း သေလိမ့်မယ်"

မုကြွယ် အော်ဟစ်လိုက်သည်။ ကရုဏာတောင်းခံခြင်းက အလုပ်မဖြစ်သောအခါ သူ ခြိမ်းခြောက်လာခဲ့၏။

"ဒါ ငါ့သမိုင်း။ မင်း စိတ်ပူစရာ မလိုဘူး"

လုမင် လှောင်ပြောင်လိုက်သည်။

"မဟုတ်ဘူး"

မုကြွယ် လွန်စွာ ကြောက်ရွံ့သွား၏။

"သတ်"

လုမင်က မုကြွယ်နှင့် အပိုစကားများပြောရန် စိတ်မဝင်စားတော့ပေ။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ မုကြွယ်၏အင်အားဖြင့် သူ့အရှေ့တွင် လုံးဝ မခုခံနိုင်ဘဲ သေဆုံးသွားတော့သည်။

"ဝမ်"

ထိုအချိန်တွင် လုမင်၏ ဦးခေါင်းထက်ရှိ သွေးရောင်အလင်းရောင်များက ပို၍ပင် စူးရှတောက်ပလာခဲ့သည်။

အကြောင်းမူကား၊ လုမင်၏ ဦးခေါင်းထက်တွင် သွေးနီရောင်သော့ကိုးခု လွင့်နေသောကြောင့်ပင်။

"ဘာဖြစ်လို့ ကိုးခုပဲ ရှိတာလဲ"

လုမင် အံ့သြသွားသည်။

ယခုလေးတင် ငွေတောင်ပံနှင့် မန်ဖုန်းကို သူ သတ်ဖြတ်လိုက်၏။ ယုတ္တိဗေဒအရပြောရလျှင် သူက ၎င်းတို့ထံမှ သော့ဆယ်ခုထက် ပို၍ရသင့်သည်။ ယခုမူ၊ သူ၏ ဦးခေါင်းထက်တွင် သော့ကိုးခုသာ ရှိသေးသည်။

"တစ်ကြိမ်မှာ သော့ကိုးခုပဲ ရနိုင်ပုံရတယ်။ ဒီထက်ပိုပြီး သတ်နေမယ်ဆိုရင် အသုံးမဝင်ဖြစ်လိမ့်မယ်"

လုမင် ခန့်မှန်းကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် နန်းတော်ကို အရင်ဖွင့်ရအောင်"

လုမင်က နန်းတော်ကို လှည့်ကြည့်လိုက်သည်။

ရုတ်တရက်၊ လုမင် ဆံပင်မွေးထောင်ထသွားသည်။ ကြီးမားသော အန္တရာယ်တစ်ခု လျင်မြန်စွာ နီးကပ်လာသည်ကို သူခံစားလိုက်ရ၏။

"ရွှစ်"

ကောင်းကင်ယံမှ ဓားအလင်းတစ်ခုက လုမင်ကိုရည်ရွယ်ကယ ကျဆင်းလာတော့သည်။

ဓားအလင်းက မရောက်သေးသော်လည်း လုမင်ကို လုံးဝ အေးခဲသွားလောက်အောင် ကြောက်စရာကောင်းသည့် အအေးဓာတ်က ကျဆင်းလာခဲ့သည်။

"ဝုန်း"

လုမင် မတုံ့ဆိုင်းဘဲ ဓားအလင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

ပေါက်ကွဲသံနှင့်အတူ ဓားအလင်းက ရေခဲတုံးများအဖြစ်နှင့် အရပ်ရပ်သို့ ပြန့်ကျဲသွား၏။ ၎င်းက ရေခဲဓားတစ်လက် ဖြစ်နေခဲ့သည်။

လုမင်ကိုယ်တိုင်လည်း ခြေသုံးလှမ်းခန့် ဆက်တိုက် ဆုတ်သွားခဲ့ရပေသည်။

'ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်'

လုမင်ဟာ သူ့လက်သီးက ထုံကျဥ်သွားသလို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်တော့ သူ့လက်သီးပေါ်တွင် ရေခဲအလွှာတစ်ခု တွေ့လိုက်ရလေသည်။

သူ့လက်သီးကို တာအိုငါးမျိုးက ရစ်ပတ်ထားပြီး ယွမ်ချီစွမ်းအင်နှင့် ဖုံးအုပ်ထားသည်။ နဂါးစွမ်းအားများ ပေါက်ကွဲလိုက်သောကြောင့်လည်း သူ့အရေပြားအောက်တွင် နဂါးအကြေးခွံ အလွှာတစ်ခု ရှိခဲ့၏။ သို့သော်လည်း အအေးဓာတ်က အကာအကွယ်အလွှာများစွာကို အမှန်တကယ် ထိုးဖောက်ဝင်ရောက်ပြီး လုမင်၏လက်သီးအား အေးခဲမတတ် ဖြစ်စေခဲ့သည်။

ဤမျှအေးစက်သော အရာမျိုးကို လုမင် တစ်ခါမှ မမြင်ဖူးပေ။

လုမင်က ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ အဖြူရောင်၀တ် လူငယ်တစ်ယောက် တစ်လှမ်းချင်း လှမ်းလာနေတာကို မြင်လိုက်ရသည်။

ထိုလူငယ်၏ ဦးခေါင်းထက်မှာတော့ သော့ငါးခု လွင့်မျောနေလေသည်။

"အဲဒါက သူပဲ"

လုမင်၏ မျက်လုံးများက လှုပ်ရှားသွားသည်။ ၎င်းက မြောက်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင်လေးပါးထဲမှ တစ်ပါးဖြစ်ချေသည်။ သူဟာ ကျိဟုန်ချန်နှင့် ဝမ့်ကျန်းတို့ကဲ့သို့ နာမည်ကြီးသူလည်း ဖြစ်သည်။

"ရေခဲနဂါး"

လုမင် ရေရွတ်လိုက်သည်။ ယခင်က အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားသည် နတ်နန်းတော်လေးခုနှင့် ထိပ်တန်း တိုက်ကြီးများ၏ အသန်မာ‌ဆုံး ပါရမီရှင်များ၊ ကြောက်စရာကောင်းသော ပါရမီရှင်တချို့၏ အချက်အလက်များကို မှတ်တမ်းတင်ထားပေးခဲ့သည်။ ၎င်းကို လုမင်လည်း မြင်ဖူးခဲ့ပေသည်။

All Chapters