← Chapters

အခန်း ၁၂၃၃

Vol. 83 Ch. 1233

အခန်း ၁၂၃၃

Vol. 83 Ch. 1233

အပိုင်း ( 1233 ) တာအိုသိုင်းပညာ။

"ဒီတစ်ခါတော့ မင်းကို လွှတ်လိုက်မယ်။ နောက်တစ်ခါမှ ထပ်တိုက်ကြဝတာပေါ့"

ထိုစကားကို ပြောဆိုပြီးနောက် ရေခဲနဂါးက လှည့်ထွက်သွားခဲ့သည်။

လုမင်ကလည်း လိုက်မသွားခဲ့ပေ။ သူက လူသားပုံစံသို့ ပြန်ပြောင်းလဲကာ ရေခဲနဂါးညထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

ရေခဲနဂါးက အမှန်တကယ် အစွမ်းထက်ပေသည်။ လုမင်တွင် ဝှက်ဖဲတချို့ရှိသေးပြီး တတိယသွေးမျိုးဆက်ကို မသုံးရသေးတာတော့ မှန်သည်။ သို့ရာတွင်၊ သူလုပ်လျှင်ပင် ရေခဲနဂါးကို သတ်ဖြတ်နိုင်မည်မဟုတ်ပါ။

ထို့အပြင် သူ့တွင် သော့ကိုးခုရှိနေပြီ ဖြစ်သည်။ ရေခဲနဂါးကို သတ်ခဲ့လျှင်ပင် သော့များ ထပ်ရနိုင်တော့မှာ မဟုတ်ပေ။

"နန်းတော်ထဲမှာ ဘာတွေရှိမလဲ ကြည့်ရအောင်"

လုမင်လည်း နန်းတော်ရှေ့သို့ ပျံသန်းသွားခဲ့သည်။

နန်းတော်တံခါးရှေ့တွင် ကျောက်ပြားတစ်ခု ရှိ၏။ ‌ကျောက်ပြားပေါ်တွင်ကား သော့ပေါက်များနှင့်တူသော အပေါက်ငယ် ကိုးပေါက် ရှိပေသည်။

အတွေးတစ်ခုဖြင့် သူ့ဦးခေါင်းပေါ်ရှိ သော့ကိုးခုက အပေါက်ငယ် ကိုးပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။

သော့ကိုးခုက အပေါက်သေးသေးလေး ကိုးခုထဲကို အလွယ်တကူ ဝင်ရောက်သွား၏။

"ဂျုန်း"

နန်းတော်တံခါး ပွင့်လာတော့သည်။

"ထင်ထားတဲ့အတိုင်းပဲ"

လုမင် ပြုံးလိုက်သည်။ သူ မတုံ့ဆိုင်းတော့ဘဲ နန်းတော်၏ ပင်မတံခါးဆီသို့ လျှောက်သွားခဲ့လေသည်။

လုမင် ဝင်လာပြီးသည်နှင့် နန်းတော်တံခါးက ပြန်ပိတ်သွားသည်။

နန်းတော်ထဲမှာတော့ ခန်းမကျယ်ကြီးတစ်ခု ရှိပေသည်။

လုမင် လှည့်ကြည့်လိုက်သည်။

"ဒါက…"

ခန်းမထဲတွင် စင်မြင့်များစွာရှိသည်ကို လုမင် တွေ့လိုက်ရ၏။ စင်မြင့်များပေါ်မှာတော့ အလင်းစက်များစွာ ရှိနေကြလေသည်။

အလင်းစက်များအောက်တွင် သင်္ကေတများ ရှိနေသည်ကို သူမြင်လိုက်ရသည်။

စင်မြင့်တစ်ခုမှ အလင်းစက်များအောက်တွင် ဆေးဝါးသင်္ကေတတစ်ခု ရှိခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူက ဤဂြိုလ်ငယ်တွင် အခွင့်အလမ်းတစ်ခုရှိကြောင်းနှင့် သော့တစ်ခုစီကို အားလုံး ပိုင်ဆိုင်ကြကြောင်း ပြောခဲ့သည်။ အခွင့်အလမ်းဆိုသည်ကတော့ ဤအလင်းများပင် ဖြစ်လိမ့်မည်။

လုမင်လည်း စိတ်ထဲမှမှန်းဆရင်း ပတ်ပတ်လည်ကို ဆက်ကြည့်လိုက်သည်။

အချို့စင်မြင့်ပေါ်ရှိ အလင်းတန်းများအောက်မှ သင်္ကေတကတော့ ပို၍ ရှုပ်ထွေးလှပေသည်။

အလင်းစက်အချို့၏ အောက်တွင် လျှပ်စီးပုံစံများ ရှိသည်။

အလင်းစက်လုံးအချို့၏ အောက်မှာတော့ မီးတောက်ပုံစံများ၊ ရေပုံစံများ၊ လေပြင်းများနှင့် အခြားအရာများရှိ၏။

'ဒီအလင်းစက်တွေထဲမှာ ဘာပါလို့လဲ။ ငါ ဘယ်နှစ်ခု ရွေးလို့ရမှာလဲ။ ဒါတွေအားလုံးကို ငါယူလို့မရဘူးလား'

လုမင် မှန်းဆလိုက်သည်။

အတန်ကြာစဉ်းစားပြီးနောက် လုမင်က လျှပ်စီးကြောင်းပုံစံဖြင့် အလင်းစက်လုံးဆီသို့ လျှောက်သွားကာ ဖမ်းယူလိုက်သည်။

"ခလွပ်"

အလင်းစက်လုံး ကွဲအက်သွားပြီး လုမင်၏လက်ထဲတွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ပါလာခဲ့သည်။

"ဒီလောက်လွယ်တာလား"

လုမင် အနည်းငယ် အံ့သြသွား၏။ ထို့နောက်မှာတော့ သူ့မျက်လုံးများ တောက်ပလာကာ အခြား အလင်းစက်လုံးတစ်ခုကို ဖမ်းယူလိုက်တော့သည်။

သို့သော်...

တစ်လက်မမှ မလှုပ်ပေ။

ထိုအလင်းစက်လုံးက လုမင်ကို တားဆီးနေပုံရသည်။

လုမင်က ယွမ်ချီစွမ်းအင် လှည့်ပတ်ပြီး နဂါးအင်အားကိုပင် ထုတ်လွှတ်ခဲ့သည်။ သို့သော်လည်း အလင်းစက်လုံးကတော့ လုံး၀မရွေ့သလို သူလည်း လုံးဝ မချိုးဖြတ်နိုင်တော့ပါ။

ထိုနောက် လုမင်သည် အခြားအလင်းစက်လုံးတစ်ခုသို့ ပြောင်းလိုက်သော်လည်း ရလဒ်က တူညီနေခဲ့ဆဲ ဖြစ်သည်။

လုမင်က အလင်းစက်လုံး အားလုံးနီးပါးကို ကြိုးစားခဲ့သော်လည်း တစ်ခုမျှ ကျိုးပျက်သွားခြင်းမရှိတော့ပေ။

'ငါတစ်ခါဝင်လိုက်တိုင်း တစ်မျိုးပဲ ယူနိုင်ပုံရတယ်'

လုမင် သက်ပြင်းချပြီး လက်လျှော့လိုက်ရသည်။

"ဒီအထဲမှာ ဘာရေးထားလဲမသိဘူး"

လုမင် အနည်းငယ် သိချင်သွား၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တန်ခိုးရှင်ပြောသည့် အခွင့်အလမ်းဆိုသည်မှာ အဘယ်နည်း။

လုမင်က ကျောက်စိမ်းတံဆိပ်ပြားအတွင်းသို့ အသိစိတ်ပို့လွှတ်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

"ဒါက သိုင်းပညာ... နတ်ဘုရားအဆင့်နိမ့် သိုင်းပညာပဲ"

"တာအိုသိုင်းပညာတဲ့လား"

လုမင်၏ မျက်လုံးများက သံသယများဖြင့် တောက်ပလာသည်။

တာအိုသိုင်းပညာကား အဘယ်နည်း။

သွေးမျိုးဆက် သိုင်းပညာကိုသာ လုမင် ကြားဖူးသည်။ သွေးမျိုးဆက်သိုင်းပညာအပြင် ကျန်အရာအားလုံးက သာမန် သိုင်းပညာများ ဖြစ်ကြ၏။ ဤတာအိုသိုင်းပညာကား အဘယ်နည်း။ လုမင် တစ်ခါမှပင် မကြားခဲ့ဖူးပေ။

လုမင်လည်း အကြောင်းအရာများကို သေသေချာချာဖတ်လိုက်သည်။

မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း...

ဤသည်မှာ ဤသိုင်းပညာ၏ နာမည်ဖြစ်သည်။

"အံ့သြစရာပဲ"

အချိန်အတော်ကြာအောင် ဖတ်ရှူပြီးနောက် လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။

နောက်ဆုံးတွင် တာအိုသိုင်းပညာကို သူ နားလည်သွားသည်။

သာမန် ကျင့်ကြံသူများက မိုးနှင့်မြေ၏ တာအိုများကို နားလည်ကြပေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ စွမ်းအားကလည်း ပို၍ အားကောင်းလာနိုင်သည်။ သို့သော်လည်း သူတို့က တာအို၏ စစ်မှန်သောစွမ်းအားကိုတော့ မသုံးနိုင်ကြပေ။

သာမန် ကျင့်ကြံသူများက တာအို၏စွမ်းအားကို အကြမ်းဖျင်းသာ အသုံးချနိုင်ကြသည်။

ဥပမာအားဖြင့်၊ လုမင်သည် တာအိုငါးခုကို ပေါင်းစပ်ထားပြီးနောက် တိုက်ခိုက်နိုင်စွမ်း တိုးမြှင့်နိုင်စေခဲ့သည်။ သို့ရာတွင်၊ တာအိုတစ်ခုစီ၏ နက်နဲသောရှုထောင့်များကို ထိတွေ့နိုင်ခြင်း မရှိပေ။

တာအိုသိုင်းပညာကတော့ ၎င်းကိုအသုံးပြုခြင်းဖြင့် တာအို၏စွမ်းအားကို အပြည့်အဝ ပြသနိုင်ပြီး တာအို၏ လျှို့ဝှက်စွမ်းအားကိုပင် လွန်ကဲစွာ အသုံးပြုနိုင်သည်။

လုမင်သည် ရှမ်းဟွမ်တိုက်ကြီး၌ ဤသို့သော သိုင်းပညာကို တစ်ကြိမ်မျှ မကြားဖူးခဲ့ပေ။

တာအိုသိုင်းပညာ အဆင့်သတ်မှတ်ပုံကတော့ သာမန်သိုင်းပညာနှင့် တူညီသည်။ ၎င်းတို့က အဆင့်နိမ့် နတ်ဘုရားအဆင့်နှင့် အဆင့်မြင့် နတ်ဘုရားအဆင့်များ ဖြစ်ချေသည်။

နတ်ဘုရားအဆင့်နိမ့် တာအိုသိုင်းပညာက အဓိကအားဖြင့် တာအိုကို နက်နဲစွာ အသုံးချမှုအကြောင်း ဖြစ်သည်။

နတ်ဘုရားအဆင့်မြင့် သိုင်းပညာကတော့ တာအိုသိုင်းပညာဟု မသတ်မှတ်နိုင်တော့ပါ။ ၎င်းတို့ကို တာအိုနယ်မြေသိုင်းပညာဟု ခေါ်သင့်သည်။ ၎င်းက သိုင်းအုပ်ချုပ်သူတို့၏ တာအိုနယ်မြေတစ်ခုကို အစွန်းဆုံးအထိ အသုံးပြုစေနိုင်သည်။

တာအိုသိုင်းပညာ၏ စွမ်းအားက သာမန်သိုင်းသိုင်းပညာများထက် အဆများစွာ ပိုမိုအားကောင်းသော သွေးမျိုးဆက် သိုင်းပညာများကဲ့သို့ပင် ဖြစ်သည်။ ၎င်း၏စွမ်းအားက ကြောက်စရာကောင်းလွန်းလှပေသည်။

လုမင်လည်း သေသေချာချာကြည့်ပြီးမှ ပို၍ တုန်လှုပ်လာမိသည်။

"ဘယ်လောက်တောင် အစွမ်းထက်ပြီး ကြောက်စရာကောင်းလိုက်ပါလိမ့်။ ဒါပေမဲ့ နက်ရှိုင်းလွန်းတာကြောင့် လေ့ကျင့်ဖို့ အခက်အခဲကလည်း အံ့မခန်းဖြစ်လိမ့်မယ်"

လုမင် သက်ပြင်းချလိုက်မိသည်။

တာအိုသိုင်းပညာက အားကောင်းသော်လည်း လေ့ကျင့်ရန် အခက်အခဲမှာ မြင့်မားလှပေသည်။

နတ်ဘုရားအဆင့်နိမ့်ချင်းတူလျှင်ပင် နတ်ဘုရားအဆင့်နိမ့် တာအိုသိုင်းပညာက သာမန်နတ်ဘုရားအဆင့်နိမ့် သိုင်းသိုင်းများထက် အဆတစ်ရာပိုမိုခက်ခဲမည်ဟု လုမင် ခံစားခဲ့ရသည်။

ဟုတ်ပေသည်၊ ယင်းက အမှန်တကယ် အဆတစ်ရာပင်။

တာအိုသိုင်းပညာ လေ့ကျင့်ရန် အခက်အခဲက သာမန် သိုင်းပညာထက် အဆတစ်ရာ ပို၍ ခက်ခဲသည်။

လုမင် မျက်မှောင်ကြုတ်ပြီး သေသေချာချာ ကြည့်လိုက်သည်။ အဆုံးတွင်၊ သူက ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ကိုထုတ်ယူပြီး သူ့ဘေးတွင် ချထားလိုက်၏။

မသိလိုက်ခင်မှာပဲ လုမင်၏အသိစိတ်က မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်း သိုင်းပညာရပ်ထဲသို့ နစ်မြှုပ်သွားကာ နက်နဲသော အရာများကို ဂရုတစိုက် နားလည်ဆင်ခြင်လိုက်တော့သည်။

ကမ္မတိုက်ပွဲအပြီးတွင် လုမင်၏ နားလည်နိုင်စွမ်းက ဆယ်ဆတိုးလာခဲ့သည်။ ဤအခိုက်တွင်၊ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ကလည်း ထောက်ပံ့ထား၏။ အကြောင်းအမျိုးမျိုးတို့ဖြင့် လုမင်၏ မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းအပေါ် နားလည်မှုသည် လျင်မြန်စွာ တိုးတက်လာတော့သည်။

လုမင်က လေ့ကျင့်ခြင်းတွင် လုံးဝနှစ်မြှုပ်နေခဲ့သည်။ မသိလိုက်ခင်မှာပဲ ခုနစ်ရက်ကြာသွားပြီ။

ကလစ် ကလစ်...

လျှပ်စီးကြောင်းများက လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် အသက်ရှိနေသကဲ့သို့ လှုပ်ရှားစီးဆင်းနေသည်။

အဆုံးတွင်၊ လုမင်၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးလျှပ်စီးများက ပိုပိုပြီး ပါးလွှာလာခဲ့၏။ နောက်ဆုံးတွင်၊ အဆုံးမဲ့ မိုးကြိုးများများ ဆံချည်မျှင်များထက် ပါးလွှာလာကာ မိုးကြိုးတိုက်ခိုက်ရေးဝတ်စုံအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းကို ကြည့်လိုက်လျှင် သာမန်အဝတ်အစားများနှင့် မကွာခြားဘဲ အတူတူပင် ဖြစ်သည်။

သို့ရာတွင်၊ တစ်စုံတစ်ယောက်မှ ထိဝံ့ပါက မိုးကြိုးလျှပ်စီးဖြင့် လောင်ကျွမ်းခံလိုက်ရလိမ့်မည်။

ထိုအချိန်တွင် လုမင် မျက်လုံးဖွင့်လိုက်သည်။

"မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းရဲ့ ပထမအဆင့် အောင်မြင်ခြင်း"

လုမင် ရေရွတ်လိုက်သည်။

ခုနစ်ရက်ကြာ နားလည်ဆင်ခြင်ပြီးနောက် လုမင်သည် မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်း ပထမအဆင့်ကို ရောက်ရှိသွားခဲ့သည်။ ဤအမြန်နှုန်းက တကယ်ကို အံ့မခန်းဖြစ်နေပြီ။

တချို့ပါရမီရှင်များဆိုလျှင် ၎င်းတို့၏တစ်သက်လုံး အချိန်ယူရလျှင်ပင် ပထမအဆင့်အထိ မရောက်နိုင်ပေ။

"တာအိုသိုင်းပညာက တကယ်ကို အံ့ဩစရာပဲ။ ဒါက မိုးကြိုးလျှပ်စီးရဲ့ စွမ်းအားကို အပြည့်အဝ ပြသနိုင်စေနိုင်တယ်။ အခုမှ ငါက ပထမအဆင့်ပဲ ရှိသေးပေမဲ့ လေ့ကျင့်လေလေ စွမ်းအားတွေလည်း ပိုအားကောင်းလေလေပဲ"

လုမင်က သူ့ကိုယ်ပေါ်မှ မိုးကြိုးလျှပ်စီး တိုက်ခိုက်ရေးဝတ်စုံကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အတွေးတစ်ခုဖြင့် မိုးကြိုး တိုက်ခိုက်ရေးဝတ်စုံက ပျောက်ကွယ်သွားတော့သည်။

'ရေခဲနဂါးကလည်း တာအိုသိုင်းပညာကို လေ့ကျင့်ထားပုံရတယ်။ သူက ဒီလောက်ကြောက်စရာကောင်းတဲ့ ရေခဲစွမ်းအားကို ထုတ်လွှတ်နိုင်တာ အံ့သြစရာမဟုတ်တော့ပါဘူး'

လုမင်၏ စိတ်ထဲတွင် ရေခဲနဂါးကို တွေးလိုက်သည်။

သို့ရာတွင် ရေခဲနဂါးက ဤသိုင်းပညာကို အစောကြီးကတည်းက လေ့ကျင့်ထားပုံရသည်။ ၎င်းတို့အားလုံးက ယခုလေးမှ ဝင်ရောက်လာခြင်းဖြစ်သောကြောင့် တစ်ခုခုရရန် မဖြစ်နိုင်သေးပေ။ ထိုတာအိုသိုင်းပညာက မြောက်ပိုင်းနတ်နန်းတော်၏ အမွေအနှစ် ဖြစ်သင့်သည်။

All Chapters