← Chapters

အခန်း ၁၂၃၆

Vol. 83 Ch. 1236

အခန်း ၁၂၃၆

Vol. 83 Ch. 1236

အပိုင်း ( 1236 ) သူ နွားသေတစ်ကောင် ဖြစ်လိမ့်မယ်။

ရှဲ့နျန်ချင်းမှာ အားနည်းလာသည်သော်လည်း အမူအရာ တည်ငြိမ်နေဆဲပင်။

သူမ၏ ခန္ဓာကိုယ်ရှိ နတ်ဆိုးစွမ်းအင်များက တဖြည်းဖြည်း ပေါင်းစပ်သွားပြီး သူမ၏ခန္ဓာကိုယ်ကို တိုက်ခိုက်ရေး ချပ်ဝတ်တစ်ခုအဖြစ် လွှမ်းခြုံသွားခဲ့သည်။

"ဝိညာဉ်သုတ်သင်နတ်ဆိုးဓား"

ရုတ်တရက်၊ ရှဲ့နျန်ချင်း၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပလာခဲ့သည်။ အနက်ရောင် နတ်ဆိုးဓားတစ်လက် ပျံထွက်လာပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်မှ ကျွမ်းကျင်သူတစ်ဦးကို ခုတ်ချလိုက်၏။

တစ်ဖက်လူက အစွမ်းကုန်ခုခံရန် ကြိုးစားခဲ့သော်လည်း ရှဲ့နျန်ချင်း၏ နတ်ဆိုးဓားက လေကိုဖမ်းဆုပ်ရသကဲ့သို့ ဖြစ်ခဲ့သည်။ ဓားက တစ်ဖက်လူ၏ ခုခံမှုအားလုံးကိုဖြတ်ကျော်ကာ မျက်ခုံးနှစ်ခုကြားကို ဝင်ရောက်သွားသည်။

ဒဏ်ရာဒဏ်ချက် ပေါ်မလာသော်လည်း တစ်ဖက်လူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာခဲ့သည်။ တချိန်တည်းမှာပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာတစ်ခု ပေါ်လွင်လာခဲ့၏။ သို့သော်လည်း နောက်အခိုက်မှာတော့ တစ်ဖက်လူ၏ မျက်လုံးများက လှုပ်ရှားမှုကင်းမဲ့ကာ ခန္ဓာကိုယ်ကြီးက မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

သေပြီ၊ ထိုလူကို ရှဲ့နျန်ချင်းက တစ်ချက်တည်းဖြင့် သတ်လိုက်သည်။

"ဝှစ်"

ထိုလူကို သတ်လိုက်ပြီးနောက် ရှဲ့နျန်ချင်းက နတ်ဆိုးဓားကို ထိန်းချုပ်ကာ အခြားတစ်ယောက်ကို ခန္ဓာကိုယ်အနှံ့ လှီးဖြတ်လိုက်သည်။

ဒဏ်ရာမပေါ်သော်လည်း ထိုလူက အော်ဟစ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ သူ့အငွေ့အသက်များက အားနည်းလာကာ အသည်းအသန် နောက်ဆုတ်သွားတော့သည်။

"ကံမကောင်းတာပဲ"

ရှဲ့နျန်ချင်းက ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်လေးက တစ်ချက်တုန်ပြီး နှုတ်ခမ်းထောင့်မှ သွေးများ ဖြူဖျော့လာခဲ့၏။ သူမ၏ မျက်နှာလေးမှာလည်း အနည်းငယ် ဖြူဖျော့သွားလေသည်။

ထိုလှုပ်ရှားမှုက သူမအတွက်လည်း ဖိအားကြီးမားခဲ့ကြောင်း ထင်ရှားသည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

နှာခေါင်းတွင် လက်စွပ်နှင့် လူအနီးမှ လူငယ်နှစ်ယောက် အံသြသွားကြသည်။

"ဝိညာဉ်နတ်ဘုရားကို သတ်လိုက်တာ၊ အတော် အစွမ်းထက်တဲ့ နည်းလမ်းပဲ"

နှာခေါင်းလက်စွပ်လူငယ်၏ အမူအရာက လေးနက်သွားခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးထဲမှ အလင်းရောင်က ပို၍ပင် ပြင်းထန်လာတော့သည်။

"မင်း ထွက်သွားစမ်း၊ မင်းက အသုံးမဝင်တော့ဘူး"

နှာခေါင်းပေါက်တွင် လက်စွပ်နှင့်လူငယ်က ရှေ့သို့လှမ်းလိုက်သည်။ သူသည် ဒဏ်ရာရနေသော လူငယ်ကို လျစ်လျူရှုဟန်ဖြင့်ကြည့်ပြီး အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်၏။

လူငယ်က အံကြိတ်ထားသော်လည်း ငြင်းဆိုခြင်းမပြုဝံ့ပေ။

ဤနှာခေါင်းမှလက်စွပ်နှင့်လူငယ်က အနောက်တိုင် နတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းပြီး သူ့နည်းလမ်းများများကလည်း ရက်စက်ကြမ်းကြုတ်ပေရာ သူ မငြင်းဆန်ဝံ့‌ပေ။

"မိန်းကလေး၊ အညံ့ခံလိုက်ပါ။ မင်းမှာ အရည်အချင်းရှိပေမဲ့ ငါ့ရှေ့မှာတော့ ခုခံဖို့တောင် စွမ်းအားမရှိနိုင်ဘူး"

နှာခေါင်းပေါက်မှလက်စွပ်နှင့် လူငယ်က ရှဲ့နျန်ချင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ တချိန်တည်းမှာပင် သူ့အရှိန်အဝါက ပို၍ အားကောင်းလာခဲ့၏။

ဝိညာဉ်နတ်ဘုရားနယ်ပယ် အဋ္ဌမအဆင့်။

ရှဲ့နျန်ချင်းက ဘာမျှမပြောပေ။ သူမ၏ မျက်လုံးများက ခိုင်မာပြတ်သားမှု အရိပ်အမြွက်တို့ လှစ်ဟလာသည်။ ဤနှာခေါင်းခေါင်းမှလက်စွပ်နှင့်လူငယ်က သူမကို ကြီးမားသောဖိအား ခံစားရစေသော်လည်း အညံ့ခံလိုက်ရန် မဖြစ်နိုင်ပေ။

ရှဲ့နျန်ချင်း၏ ပုံရိပ်က နတ်ဆိုးအလင်းကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

"မင်း ငါ့ဆီကနေ မလွတ်နိုင်ဘူး"

နှာခေါင်းပေါက်လက်စွပ်နှင့် လူငယ်က စိုးရိမ်ခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ လင်းလက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ ဖြစ်လာပုံရ၏။ သူက လေထုကိုဖြတ်သန်းကာ ရှဲ့နျန်ချင်းထံသို့ အလွန်လျင်မြန်သောအရှိန်ဖြင့် ချဉ်းကပ်လာတော့သည်။

"ဝှစ်"

တစ်ချိန်တည်းမှာပင် နှာခေါင်းတွင်လက်စွပ်ပါသော လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မိုးကြိုးနှင့်လျှပ်စီးက ကြိုးတစ်ချောင်းကဲ့သို့ ရှဲ့နျန်ချင်းကို ရစ်ပတ်လာတော့သည်။

"ကောင်းကင်နတ်ဆိုးပိုင်နက်"

ရှဲ့နျန်ချင်းက အော်ဟစ်ပြီး ကောင်းကင်နတ်ဆိုးပိုင်နက်ကို အင်အားအပြည့်ဖြင့် ပေါက်ကွဲလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူမက ကောင်းကင်နတ်ဆိုးပိုင်နက် စွမ်းအားကို လွန်ကဲစွာတိုးမြှင့်ရန် သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့၏။

ကောင်းကင်နတ်ဆိုးပိုင်နက်အတွင်းတွင် လျှပ်စီးသံကြိုး၏ အမြန်နှုန်းက ရုတ်တရက် နှေးကွေးသွားခဲ့သည်။

"အံ့သြစရာကောင်းလိုက်တဲ့ စွမ်းအားပိုင်နက်ပဲပဲ။ သူ့မှာ တာအိုနယ်မြေတစ်ခုရဲ့ စွမ်းအား အရိပ်အမြွက်ရှိတယ်။ ကံမကောင်းချင်တော့... မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်"

နှာခေါင်းပေါက်မှ လက်စွပ်ကွင်းနှင့် လူငယ်၏ မျက်လုံးများက အေးစက်သွားသည်။ လျှပ်စီးများက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်စီးဆင်းလာခဲ့၏။ လျှပ်စီးသံကြိုးက အင်အားများ ရုတ်တရက် ပေါက်ကွဲထွက်ကာ ကောင်းကင်နတ်ဆိုးပိုင်နက်ကို ဆုပ်ဖြဲပြီး ရှဲ့နျန်ချင်းထံသို့ အရှိန်အဟုန်ဖြင့် ရစ်ပတ်လာတော့သည်။

"ကောင်းကင်နတ်ဆိုး လက်ဝါးတံဆိပ်တော်"

ရှဲ့နျန်ချင်း၏ ကောင်းကင်နတ်ဆိုးသွေးမျိုးဆက်မှ လက်ဝါးရိုက်ချက်အနည်းငယ် ထုတ်ဖော်လိုက်သည်။ သို့သော်လည်း လျှပ်စီးသံကြိုးနှင့် ထိမှန်သောအခါ ပေါက်ကွဲသွားတော့သည်။

ရှဲ့နျန်ချင်း၏ မျက်နှာက ဖြူဖျော့သွားကာ ပါးစပ်အတွင်းမှ သွေးများ ထပ်မံအန်ထွက်လာခဲ့သည်။

"ငါပြောပြီးပြီ။ ငါ့ရှေ့မှာ မင်းက ဘာမှမတတ်နိုင်ဘူး"

နှာခေါင်းမှ ကွင်းစွပ်နှင့် လူငယ်က ဝံ့ကြွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဝိညာဉ်သုတ်သင်နတ်ဆိုးဓား"

ရှဲ့နျန်ချင်း အံကြိတ်လိုက်သည်။ သူမက ဒဏ်ရာများကို လျစ်လျူရှုကာ ဝိညာဉ်သုတ်သင်နတ်ဆိုးဓား၏ စွမ်းအားအပြည့်ဖြင့် ထုတ်လွှတ်လိုက်၏။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်ဓားအလင်း ထွက်ပေါ်လာကာ လူငယ်ကို ထိုးခုတ်လိုက်တော့သည်။

ဤဓားကို ရင်ဆိုင်ရသောအခါ နှာခေါင်းမှလက်စွပ်ကွင်းနှင့် လူငယ်၏ အမူအရာက အနည်းငယ်လေးနက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးနှင့် လျှပ်စီး စွမ်းအားများကလည်း တဟုန်ထိုး တက်လာခဲ့ပေသည်။

"မိုးကြိုးကိုးစင်းဓား"

နှာခေါင်းတွင် လက်စွပ်ကွင်းရှိသော လူငယ်က သူ့လက်ကို ဓားသဏ္ဍာန် ခုတ်ချလိုက်သည်။ လျှပ်စီးကဲ့သို့ဓားက ရှဲ့နျန်ချင်း၏ နတ်ဆိုးဓားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့၏။

ပေါက်ကွဲသံနှင့်အတူ၊ မိုးကြိုးကိုးစင်းဓားက နတ်ဆိုးဓားကို ပိတ်ဆို့ဟန်ဖြင့် တောက်ပသွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဓားတစ်စိတ်တစ်ပိုင်းကိုသာ ပိတ်ဆို့ခဲ့ပြီး သေးငယ်သော အပိုင်းတစ်ခုက လူငယ်ဆီသို့ ဆက်လက်တိုးဝင်သွားတော့သည်။

"တားဆီးစမ်း"

နှာခေါင်းတွင် လက်စွပ်ကွင်းနှင့်လူငယ်က တကိုယ်လုံးကို လျှပ်စီးများနှင့် ချပ်ဝတ်အလွှာများကဲ့သို့ ဖုံးလွှမ်းပြီး နတ်ဆိုးဓားကို တားဆီးလိုက်သည်။

အတားအဆီးအထပ်ထပ်ကို ဖြတ်ကျော်ရ၍ အားနည်းသွားသော်လည်း နတ်ဆိုးဓားသည် ရှေ့ဆက်သွားခဲ့၏။ နှာခေါင်းတွင်လက်စွပ်ကွင်းနှင့်လူငယ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားရတော့သည်။

"ချီးပဲ၊ မင်း ငါ့ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့"

နှာခေါင်းပေါက်မှ လက်စွပ်ကွင်းနှင့် လူငယ်က ဟိန်းဟောက်လိုက်သည်။ သူ့အမူအရာကလည်း မည်းမှောင်သွားပေသည်။

ထို့အတူ ရှဲ့နျန်ချင်းမှာလည်း သွေးများ အန်ထွက်လာပြီး နောက်သို့ ဆုတ်သွားခဲ့ရသည်။

"ကောင်မ၊ ငါက မင်းကို မထိခိုက်စေချင်ခဲ့ဘူး၊ ဒါပေမဲ့က မင်းက တောင်းဆိုနေတာပဲ"

လူငယ်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ သူ့တကိုယ်လုံးက လျှပ်စီးလက်ပြီး ရှဲ့နျန်ချင်းအနီးသို့ လျင်မြန်စွာ ချဉ်းကပ်ခဲ့၏။

'လုမင်...'

ရှဲ့နျန်ချင်းက သူမ၏နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။ သူမ၏ မျက်လုံးများမှာတော့ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

သူမ သေရလျှင်ပင် ဤနှာခေါင်းပေါက်တွင် လက်စွပ်ကွင်းဝတ်ထားသော လူငယ်၏လက်ထဲသို့ မကျရောက်စေနိုင်ပေ။

"ဟင်၊ ဟိုမှာဘာလဲ"

ရုတ်တရက် လူငယ်တစ်ယောက်က အဝေးသိို့ လှမ်းကြည့်ကာ အော်သည်။

နှာခေါင်းတွင် ကွင်းစွပ်ရှိသော လူငယ်နှင့် ရှဲ့နျန်ချင်းလည်း ထိုလမ်းကြောင်းကို အလိုလို လှမ်းကြည့်လိုက်၏။

ထိုလမ်းကြောင်းတွင် သွေးနီရောင်အလင်းတန်းတစ်ခုက ဟင်းလင်းပြင်မှ ဖြတ်သန်းသွားသလို ကြောက်မက်ဖွယ်အရှိန်ဖြင့် ရွေ့လျားနေသည်။

"ဝုန်း ဝုန်း ဝုန်း"

ပေါက်ကွဲသံများနှင့်အတူ သူတို့ဆီသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းလာသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ သူ့အရှိန်က မြန်ဆန်လွန်း၍ ဟင်းလင်းပြင်သည်ပင် အက်ကွဲသွားရသည်။

"လုမင်"

ရှဲ့နျန်ချင်း အော်ခေါ်လိုက်၏။

လာနေသူက လုမင် ဖြစ်သည်။

"ရပ်စမ်း"

လူငယ်တစ်ယောက်က လုမင်၏ လမ်းကြောင်းကို ကြားဝင် ပိတ်ဆို့လိုက်သည်။

"ထွက်သွား"

လုမင် အော်စက်စက်ဖြင့်အော်ဟစ်ပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက လူငယ်များကို ခုခံမရနိုင်သောအင်အားဖြင့် ဖုံးအုပ်သွားတော့သည်။

"ဒါ..."

လူငယ်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ နောက်အခိုက်မှာတော့ နာကျင်စွာအော်ဟစ်ရင်း သူ၏ ခန္ဓာကိုယ်က လေထဲတွင် ပေါက်ကွဲသွားတော့သည်။

"ဝှစ်"

လုမင်၏ပုံရိပ်က ရှဲ့နျန်ချင်း၏ အနားတွင် ပေါ်လာခဲ့သည်။

"ရှောင်ချင်း၊ မင်း ဒဏ်ရာ ရနေပြီ"

ရှဲ့နျန်ချင်း၏ ဖြူဖျော့သောမျက်နှာနှင့် နှုတ်ခမ်းထောင့်မှ သွေးများကိုမြင်လိုက်ရသောအခါ လုမင်၏နှလုံးသားက နာကျင်လာခဲ့သည်။

သို့သော်လည်း ရှဲ့နျန်ချင်း အဆင်ပြေသောကြောင့် သူ စိတ်သက်သာရာရခဲ့ရပေသည်။

"လုမင်၊ ငါအဆင်ပြေပါတယ်"

ရှဲ့နျန်ချင်းက ပြုံးလိုက်သည်။ သူမ၏အပြုံးက လှပလွန်းသဖြင့် နှာခေါင်းပေါက်တွင် လက်စွပ်ကွင်းရှိသော လူငယ်သည်လည်း ငေးမောသွားခဲ့မိလေသည်။

"ရှောင်ချင်း၊ စိတ်ချပါ၊ ငါမင်းအတွက် လက်စားချေပေးမယ်"

လုမင်က ရှဲ့နျန်ချင်း၏ နှုတ်ခမ်းထောင့်မှ သွေးများကို ညင်ညင်သာသာ သုတ်လိုက်သည်။

လုမင်နှင့် ရှဲ့နျန်ချင်း၏ ရင်းနှီးသောအမူအရာများကို မြင်ရသောအခါ နှာခေါင်းတွင် ကွင်းလက်စွပ်ပါသော လူငယ်၏ မျက်လုံးများက မနာလိုမှုတို့ လှစ်ဟလာခဲ့သည်။ သူ အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။

"ကောင်လေး၊ မင်းကများ ငါ့လူကိုသတ်ပြီး ငါ့မိန်းမအနားမှာ ရပ်နေဝံ့တယ်။ မင်း သေချင်နေတာပဲ"

"မင်းရဲ့မိန်းမလား"

လုမင်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။ သူက နှာခေါင်းပေါက်တွင် လက်စွပ်နှင့် လူငယ်ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

"မင်းပြောတဲ့စကားအတိုင်း ငါမင်းကိုသတ်မယ်"

"ဟားဟားဟူး၊ ငါ့ကို သတ်မှာလား။ ကောင်လေး... မင်းချည်းပဲလား"

လူငယ်က လှောင်ရယ်လိုက်၏။

"လုမင်... သတိထားပါ၊ သူက အနောက်ပိုင်း နတ်နန်းတော်ရဲ့ အသန်မာဆုံး ပါရမီရှင် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လဲ့နျိုပဲ"

ရှဲ့နျန်ချင်းက တီးတိုးပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ သူ မကြာခင် နွားသေတစ်ကောင် ဖြစ်သွားလိမ့်မယ်"

လုမင် လှောင်ပြောင်လိုက်၏။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းကာ လဲ့နျိုဆီသို့ လျှောက်သွားတော့သည်။

All Chapters