← Chapters

အခန်း ၁၂၃၇

Vol. 83 Ch. 1237

အခန်း ၁၂၃၇

Vol. 83 Ch. 1237

အပိုင်း ( 1237 ) မိုးကြိုးနွားကို ဖိနှိပ်ခြင်း။

"သေ"

လဲ့နျိုက အေးစက်စက်ဖြင့် အော်ဟစ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် လျှပ်စီးကြောင်းတစ်ခု လွင့်စဉ်လာပြီး လုမင်ကို ရစ်ပတ်လာခဲ့၏။

"ဝုန်း ဝုန်း..."

လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် လုမင်က နဂါးစွမ်းအင်ကိုးခုကို ထုတ်လွှတ်လိုက်သည်။

လဲ့နျိုသည် အနောက်ပိုင်း နတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင် သုံးဦးထဲမှ တစ်ဦး ဖြစ်၏။ ၎င်းက ရေခဲနဂါးနှင့် အဆင့်တူဖြစ်ကာ တာအိုသိုင်းပညာကို ဆုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်။ ထိုသူမျိုးကို ရင်ဆိုင်ရချိန်တွင် လျစ်လျူမရှုဝံ့ပေ။ သူက နဂါးစွမ်းအင်ကိုးခုကို ပေါက်ကွဲစေလိုက်သည်။

"ဝုန်း"

သူက လက်သီးချက်ထုတ်ဖော်လိုက်သည်တွင် မိုင်တစ်ဒါဇင်အတွင်း ဟင်းလင်းပြင်က ပြိုကျသွားခဲ့သည်။

လဲ့နျို၏ မိုးကြိုးလျှပ်စီးက တခဏချင်း ပြိုကျသွား၏။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အား လဲ့နျိုဆီသို့ ဆက်လက် တိုးဝင်သွားတော့သည်။

လဲ့နျို၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လုမင်၏ လက်သီးအင်အားမှာ အလွန် ကြောက်စရာကောင်း၏။ ၎င်းက သူ၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"မိုးကြိုးကိုးစင်းဓား"

မိုးကြိုးဓားတစ်လက်က လဲ့နျို၏လက်ထဲတွင် ပေါ်လာကာ ခုတ်ပိုင်းချလိုက်သည်။

"ဝုန်း"

မိုးကြိုးဓားနှင့် လုမင်၏ လက်သီးအင်အားတို့ ထိပ်တိုက်တွေ့ဆုံသွား၏။ ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာသလို ကောင်းကင်တစ်ခွင်လုံး မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်သွားတော့သည်။

'မျှော်လင့်ထားတဲ့အတိုင်း ဒါက တကယ်ကို တာအိုသိုင်းပညာပဲ။ နောက်ပြီး၊ အဲဒါက မိုးကြိုးနဲ့လျှပ်စီးတာအိုနဲ့ ထုတ်ဖော်တဲ့ မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်း ဖြစ်ပုံရတယ်'

လုမင် တွေးလိုက်သည်။

မိုးကြိုးတာအိုကို ကြောက်စရာကောင်းသည့် အတိုင်းအတာအထိ ထုတ်ဖော်လိုပါက တာအိုသိုင်းပညာအား လေ့ကျင့်ရန်အပြင် အခြားမရှိနိုင်ပေ။

"သတ်"

လဲ့နျိုက ဟိန်းဟောက်ပြီး မိုးကြိုးဓားနှင့် လုမင်ကို ထိုးခုတ်လိုက်သည်။

လုမင်၏ အစွမ်းသတ္တိကြောင့် လဲ့နျို၏ သတ်ဖြတ်ချင်စိတ်မှာ ပို၍ အားကောင်းလာတော့သည်။

"သတ်"

လုမင်လည်း လက်သီးချက်ထုတ်ဖော်လိုက်သည်။ အရောင်ငါးမျိုးနှင့် တာအိုငါးခုက သူ့ပတ်ဝန်းကျင်တွင် ရစ်ပတ်နေခဲ့၏။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ဝုန်း"

လုမင်က မိုးကြိုးကိုးစင်းဓားကို လက်သီးနှင့် ထပ်မံထိုးလိုက်သည်။

ဤမိုးကြိုးက ကောင်းကင်စွမ်းအားကဲ့သို့ အရှိန်အဝါကြီးသော်လည်း လုမင်မှာ လုံးဝ မကြောက်ပေ။ လက်သီးအင်အားက ကောင်းကင်စွမ်းအားကိုချိုးဖြတ်ကာ မိုးကြိုးကိုးစင်းဓားကို ဖျက်ဆီးပစ်လိုက်သည်။

လဲ့နျို မျက်နှာပျက်သွား၏။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်တွင်ဖြစ်ကြောင်း ထင်ရှားသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအခြေခံက သူ့ထက် နိမ့်ကျသော်လည်း သူ့ကို အမှန်တကယ် ရင်ဆိုင်နိုင်ခဲ့ပေသည်။

သူဟာ တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ့ထက် အဆင့်နိမ့်သူများက သူ့ကို ဘယ်သောအခါမှ မတိုက်ခိုက်နိုင်ခဲ့ပေ။

"သတ်၊ သတ်"

သူ့လက်ထဲမှ မိုးကြိုးလျှပ်စီးဓားပေါ်တွင် အရောင်ကိုးမျိုး ပေါ်လာခဲ့၏။ မတူညီသော မိုးကြိုးစွမ်းအင်ကိုးမျိုးကို ပေါင်းစပ်ပြီးနောက် သူ့စွမ်းအားက ပို၍ ကြောက်စရာကောင်းလာတော့သည်။

"ဝုန်း ဝုန်း ဝုန်း"

လုမင်ကလည်း လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ ကျောက်စာချပ် ပုံရိပ်တစ်ခုကလည်း သူ့လက်သီးပေါ်တွင် ဝေဝါးဝါး ထွက်ပေါ်နေသေးသည်။

ငရဲဖိနှိပ်ကောင်းကင်သိုင်းနှင့် မိုးကြိုးကိုးစင်းဓား ထိပ်တိုက်တွေ့ဆုံခြင်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့သည်။

"ဝုန်း"

လူကြီးလက်ရုံးတမျှ ထူထဲသော မိုးကြိုးတန်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွားခဲ့သည်။ ထိုမိုးကြိုးတန်းက မြင့်မားသော တောင်တစ်လုံးကို ထိမှန်သွား၏။ မိုးကြိုးစွမ်းအားအောက်တွင် တောင်က ပေါက်ကွဲသွားပြီး အပျက်အစီးများနှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဝုန်း"

လက်သီးအင်အားက မြေပြင်ပေါ်သို့ ကျရောက်ပြန်သောအခါ ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ ထိုအခါ တွင်းနက်ကြီးထဲမှ ချော်ရည်များ ပန်းထွက်လာခဲ့လေသည်။

သူတို့နှစ်ဦးက တိုက်ကွက်ဆယ်ဂဏန်းခန့် ဆက်တိုက် ဖလှယ်ခဲ့ပြီးဖြစ်သော်လည်း အနိုင်အရှုံးကို ခွဲခြားရန်တော့ ခက်ခဲနေသေးသည်။

"ယား"

လဲ့နျိုက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာခဲ့၏။ နောက်ဆုံးတွင် သူ့ခန္ဓာက တောင်လုံးတမျှကြီးမားသော နွားကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မိုးကြိုးလျှပ်စီးများကလည်း သူ့တစ်ကိုယ်လုံးတွင် စီးဆင်းနေခဲ့သည်။

လဲ့နျိုက နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ချေသည်။ မိုးကြိုးနွားက သူ၏ပုံစံအမှန် ဖြစ်သည်။

"ဒုန်း ဒုန်း"

ဧရာမ မိုးကြိုးနွားက ခွာယှက်လိုက်သည်။ သူ၏ ချွန်ထက်သော ဦးချိုနှစ်ချောင်းက ဟင်းလင်းပြင်ကို ပြိုကျသွားစေခဲ့ပေသည်။

"ဝုန်း ဝုန်း"

ချွန်ထက်သောချိုနှစ်ချောင်းက မိုးကြိုးလျှပ်စီးများ ပေါင်းစည်းနေသော ဓားနှစ်ချောင်းကဲ့သို့ လုမင်ကို ထိုးချလိုက်သည်။

လုမင်က လက်သီးနှစ်ချက် ထုတ်ဖော်လိုက်ရာ ပေါ်ကွဲသံကျယ်ကြီး ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားရတော့သည်။

နတ်ဆိုးသားရဲများက ၎င်းတို့၏ မူလပုံစံဖြင့်ဆိုလျှင် ပို၍ အားကောင်းသည်။

"မိုးကြိုးကိုးစင်းဓား၊ ဓားတစ်သောင်းသတ်ဖြတ်ခြင်း"

မိုးကြိုးနွားက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးကြောင်းစွမ်းအင်က ပို၍ပင် တဖျတ်ဖျတ်လက်လာခဲ့၏။ အဆုံးမဲ့ လျှပ်စီးကြောင်းများကလည်း ပျံ့နှံ့သွားတော့သည်။ အချို့မှာ အလွန်ကြီးမားပြီး အားကောင်းသည်။

"လုမင်..."

မနီးမဝေးမှ ရှဲ့နျန်ချင်းက နတ်ဆိုးစွမ်းအင်များကို လှည့်ပတ်ကာ သက်ရောက်မှုများအား ချေဖျက်လိုက်သည်။ သူမက စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသောမျက်နှာဖြင့် လုမင်ကို လှမ်းကြည့်လိုက်၏။

"ဒီလူက ဘယ်သူလဲ၊ သူက သခင်လေးကိုတောင် အင်အားအပြည့်သုံးရအောင် အတင်းအကြပ် ဖိအားပေးနိုင်တယ်"

မနီးမဝေးမှ ဤမြင်ကွင်းကို ကြည့်နေကြသော လူငယ်နှစ်ဦးလည်း အံ့သြတုန်လှုပ်သွားလေသည်။

"ဂျုန်း ဂျုန်း"

အဆုံးမဲ့လျှပ်စီးများက လဲ့နျို၏ ခန္ဓာကိုယ်ပေါ်တွင် စုရုံးလာကာ ကိုးရောင်ဓားများအဖြစ် ပြောင်းလဲပြီး လုမင်အား ခုတ်ပိုင်းလိုက်တော့သည်။

ဤသည်မှာ တာအိုသိုင်းပညာ၏ စွမ်းအား ဖြစ်သည်။ ၎င်းက အသက်အားလုံးကို ဖျက်ဆီးနိုင်သည့် မိုးကြိုးကပ်ဘေးဒုက္ခကဲ့သို့ပင်။

"ဝုန်း"

ထိုအချိန်တွင် လုမင်က နဝမနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နဝမနဂါးက ခြေသည်းကိုးချောင်းနှင့် အဆက်မပြတ် ကုပ်ခြစ်လိုက်၏။

ကောင်းကင်တစ်ခုလုံး လှုပ်ခါပြီး ပေါက်ကွဲသံများ ထွက်လာတော့သည်။ မိုးကြိုး လျှပ်စီးဓားများက ကောင်းကင်တွင် ပေါက်ကွဲသွားကြသည်။

"သတ်"

နဝမနဂါးက မိုးကြိုးနွားဆီသို့ ပြေးလွှားသွားကာ တိုက်ခိုက်လိုက်သည်။

"ဝုန်း"

နဂါးခြေသည်းများက မိုးကြိုးနွား၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားသော်လည်း အတားအဆီးအလွှာများက ပိတ်ဆို့သွားခဲ့သည်။ ပထမအချက်မှာ မိုးကြိုးချပ်ဝတ် ဖြစ်သည်။ ထို့နောက် နဂါးလက်သည်းက လျှပ်စီးချပ်ဝတ်ကိုဖြတ်၍ မိုးကြိုးနွား ခန္ဓာပေါ်ကို ကျရောက်သွား၏။ သို့သော်လည်း ဗုံတီးခတ်သကဲ့သို့ ပေါက်ကွဲသံနှင့်အတူ နဂါးလက်သည်းက ပြန်လည် ခုန်ထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ မိုးကြိုးနွား၏ ဦးချိုများမှ မိုးကြိုးတစ်ခု ထွက်‌ပေါ်လာခဲ့သည်။ မိုးကြိုးက နဝမနဂါးကို ထိမှန်သွား၏။ သို့သော်လည်း လုမင်၏ အတားအဆီးများက ၎င်းကို ပိတ်ဆို့ထားခဲ့သည်။

"ဝုန်း ဝုန်း"

‌ရှေးဦးကာလသို့ ပြန်လည်ရောက်ရှိလာသည့်နှယ်၊ နဂါးတစ်ကောင်နှင့် နွားတစ်ကောင်က ကောင်းကင်ယံ၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။

နောက်ထပ် တိုက်ကွက်ဆယ်ဂဏန်းခန့် ရင်ဆိုင်ပြီးသွားသော်လည်း အနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးပေ။

"ကောင်လေး၊ နောက်တစ်ခါမှ ထပ်တိုက်ရအောင်"

လဲ့နျို ပြောလိုက်သည်။ တိုက်ပွဲအချိန်ကြာလေလေ၊ သူ့စိတ်ထဲမှာ ပို၍တုန်လှုပ်လာလေလေပင်။ လုမင်၏ စွမ်းအားက အဆုံးမရှိဟု သူ ခံစားခဲ့ရသည်။ လုမင်၏ နဂါးလက်သည်းများ ကျရောက်လာတိုင်း ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရပေသည်။

ထို့ကြောင့် သူ ဆုတ်ခွာချင်လာပြီ ဖြစ်သည်။

"ထွက်သွားရအောင် မင်းကို ငါလွှတ်သေးလို့လား"

လုမင်၏ လျစ်လျူရှုသောအသံ ထွက်ပေါ်လာသည်။

"ဟမ့်၊ ကောင်လေး... မင်းက သန်မာပေမဲ့ ငါက အားမနည်းဘူးနော်။ မင်း ငါ့ကို ဘာမှ မလုပ်နိုင်ဘူး"

လဲ့နျိုက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

"တကယ်လား"

လုမင်က လျစ်လျူရှုစွာဖြင့် ပြော၏။ နောက်အခိုက်မှာတော့ သွေးတစ်စက် ထွက်ပေါ်လာပြီး နဝမနဂါး ခန္ဓာကိုယ်ပေါ်တွင် သွေးအလွှာတစ်ခုအဖြစ် ပေါ်လာတော့သည်။

တတိယသွေးမျိုးဆက်။

တတိယသွေးမျိုးဆက် ထုတ်ဖော်ပြီးသည်နှင့် နဝမနဂါး၏စွမ်းအားမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။ သူက လက်သည်းကုပ်ချက် ထုတ်ဖော်လိုက်သည်နှင့် မိုးကြိုးနွားခန္ဓာပေါ်တွင် အနက်ရောင် ခြေသည်းအမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ပြီး သွေးများ စီးကျလာတော့သည်။

"မင်း..."

လဲ့နျို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ လုမင်က သူ၏တိုက်ခိုက်နိုင်စွမ်းကို လျှိုထားဦးမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဝှစ်"

လဲ့နျိုက ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"ဝုန်း"

နဝမနဂါးကလည်း ရှေ့သို့ ခြေလှမ်းသည်။

လဲ့နျို၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးနှင့်လျှပ်စီးများက ပြန့်ကျဲသွားကာ သွေးယိုစီးပြီး အရိုးများပင် ပေါ်လာခဲ့၏။

လဲ့နျိုလည်း အသည်းအသန် အော်ဟစ်ရင်း သူ့ရင်ထဲမှာ အေးစက်လာတော့သည်။ လုမင်က သန်နာလွန်းပြီး သူ့အသက်ကိုပင် ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။

သူ အသည်းအသန် ပြေးထွက်သွားတော့သည်။

"သတ်"

လုမင်က ဟိန်းဟောက်လိုက်သည်။ နဝနနဂါးက ခြေသည်းကိုးချောင်းနှင့် လဲ့နျို၏ ရှေ့ခြေထောက်ကို ဆုပ်ဖြဲလိုက်၏။

စုတ်ပြဲသောအသံနှင့်အတူ မိုးကြိုးနွား၏ ရှေ့ခြေထောက်တစ်ဖက်မှာ ပြတ်ပါသွားတော့သည်။

မိုးကြိုးနွား နာကျင်စွာ အော်ဟစ်လိုက်သည်။

"မိုးကြိုးလွတ်မြောက်ခြင်း"

မိုးကြိုးနွားက အော်လိုက်သည်။ သွေးအလင်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီးနောက် လျင်မြန်စွာ ကျုံ့ဝင်သွား၏။ အလင်းတန်းတစ်ခုနှင့် သူ့ပုံရိပ်က အဝေးကို လွင့်မျောပျောက်ကွယ်သွားတော့သည်။

'ဒီလောက်တောင်မြန်တာလား'

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ယခု သူလိုက်သွားချင်သော်လည်း များစွာ နောက်ကျသွားခဲ့ပြီ။

ဤမိုးကြိုးနွား၏ အသက်ကယ်နည်းလမ်းက အမှန်တယ် မဆိုးပေ။

"မိုးကြိုးနွားသခင်လေး ရှုံးသွားပြီဟေ့"

"ပြေး... ပြေး"

ကျန်သောလူနှစ်ယောက်လည်း ထိတ်လန့်တကြား အော်ဟစ်ပြီး အသည်းအသန် ထွက်ပြေးသွားကြသည်။

သို့သော်လည်း လုမင်က သူတို့ရှေ့မှာ ချက်ချင်း ပေါ်လာသည်။

"ဖြောင်း ဖြောင်း"

လုမင်က သူတို့ကို ပါးတစ်ချက်စီ ရိုက်လိုက်၏။ နှစ်ယောက်သား သနားစဖွယ်အော်ဟစ်ကာ သွေးများအန်ရင်း လွင့်စဉ်သွားတော့သည်။

"ရှောင်ချင်း၊ ဒီနှစ်ယောက်ကို မင်းသတ်ဖို့အတွက် ထားခဲ့လိုက်မယ်"

လုမင် ပြောလိုက်သည်။

"ငါတို့ကို ချမ်းသာပေးပါ…"

နှစ်ယောက်သား သနားစဖွယ် တောင်းပန်လိုက်၏။ သို့သော်လည်း နတ်ဆိုးဓားအလင်းတစ်ခုနှင့် သူတို့၏ ဦးခေါင်းများက အဝေးကို လွင့်စဉ်သွားတော့သည်။

All Chapters