← Chapters

အခန်း ၁၂၃၉

Vol. 83 Ch. 1239

အခန်း ၁၂၃၉

Vol. 83 Ch. 1239

အပိုင်း ( 1239 ) ပြစ်ဒဏ်ချမှတ်ခြင်း။

"ငါက မိုယွမ်ဆေးကို ရွေးလိုက်တာပါ။ ဒါပေမဲ့ ဆေးလုံးကို ရလိုက်တာနဲ့ ငါ့ရဲ့သွေးမျိုးဆက်က ချက်ချင်းပေါ်လာပြီး အလိုအလျောက် ဝါးမျိုသွားခဲ့တာ။ အဲဒါကြောင့် ငါလည်း ရွေးချယ်စရာမရှိတော့ဘဲ သန့်စင်လိုက်ရတယ်လေ။ ဒီလေ့ကျင့်မှုက ခုနစ်ရက်ကြာမယ်လို့ မမျှော်လင့်ထားဘူး"

ရှဲ့နျန်ချင်းက ရှင်းပြလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ရှဲ့နျန်ချင်းက နန်းတော်ထဲတွင် ခုနစ်ရက်ကြာနေခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

"ရှောင်ချင်း၊ မင်းရဲ့နယ်ပယ်က..."

လုမင်က ရှဲ့နျန်ချင်းကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်သည်။ ယခုအခါ ရှဲ့နျန်ချင်း၏ အရှိန်အဝါက အလွန်အားကောင်းလာတာကို သူ ခံစားရပေသည်။

"မိုယွမ်ဆေးလုံးကို သန့်စင်ပြီးနောက် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကနေ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို တခါတည်း ချိုးဖြတ်သွားခဲ့တယ်"

ရှဲ့နျန်ချင်းက ပြောလိုက်၏။

"ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်က ဤတစ်ကြိမ်တွင် ပါရမီရှင်များအားလုံးကြား၌ အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်သို့ ဖြတ်ကျော်သွားပြီးနောက်မှာတော့ ရှဲ့နျန်ချင်း၏ ကိုယ်ပိုင် တိုက်ခိုက်နိင်ဖြင့် သူ့ကိုယ်သူကာကွယ်ရန် ပြဿနာမရှိတော့ပေ။

လုမင်လည်း သဘာဝအတိုင်း အလွန် ဝမ်းသာသွားမိသည်။

ယခုအခါ လဝက်မပြည့်မီ တစ်ရက်သာ လိုတော့သည်။ လုမင်နှင့် ရှဲ့နျန်ချင်းက အတူတကွ လှည့်ပတ်သွားကြသည်။ တခြားသူများနှင့်တွေ့ရလျှင် လုမင်က သူတို့ကိုသတ်ပြီး သော့များယူရန် စိတ်ကူးထား၏။

သို့သော်လည်း အချိန်အတော်ကြာ ပျံသန်းပြီးသည့်တိုင် မည်သူနှင့်မျှ မတွေ့ရသေးပါ။

ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူများက ဤကာလအတွင်း၌ ပုန်းအောင်းပေရာ ရှာဖွေရန် ခက်သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။

"ဝမ်"

ဟင်းလင်းပြင်က ရုတ်တက် တုန်ခါသွားသည်။ လုမင်သည် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပို၍ တင်းကြပ်လာသလို ခံစားရပြီး နေရာမှ ပျောက်ကွယ်သွား၏။ နောက်အခိုက်မှာတော့ ရှန်းရွှီရှေးမြို့ဟောင်းရှိ ကောင်းကင်တိုင်သုံးဆယ့်ခြောက်ခုတွင် သူ ပေါ်လာတော့သည်။

ရှဲ့နျန်ချင်းလည်း သူ့အနားသို့ ရောက်လာသည်။

မရေမတွက်နိုင်သောလူများက အနီးပတ်ဝန်းကျင်ကို ကြည့်နေကြလေသည်။

"သူတို့ ထွက်လာပြီပဲ၊ ပထမအချီပြီးသွားပြီ"

တစ်ယောက်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။

ကောင်းကင်တောင်ထိပ် သုံးဆယ့်ခြောက်ခုအထက် လေထဲတွင် လူများက အဆက်မပြတ် ပေါ်လာသည်။ မကြာခင်မှာပဲ လူပေါင်းငါးရာခန့်ရှိလာပြီ။

သို့သော်၊ နောက်ထပ် မည်သူမျှ ပေါ်မလာတော့ပါ။

လူ ငါးရာသာ ကျန်ခဲ့သည်။

လူများစွာ၏ နှလုံးသားများ တုန်လှုပ်သွားလေသည်။ ကျန်လူများက အထဲတွင် အမြဲရှိနေရတော့မည်မှာ သေချာသည်။

လူ တစ်ထောင်နီးပါးရှိသော်လည်း လူငါးရာသာ ထွက်လာခဲ့၏။ သေဆုံးမှုနှုန်းက ထက်ဝက်နီးပါးရှိသည်။ ဤသေဆုံးမှုနှုန်းက မြင့်မားလွန်းပေသည်။

ယင်းက တကယ့်ကို ကြောက်စရာကောင်းလှသည်။

"လဲ့နျို၊ မင်းရဲ့လက်တစ်ဖက်က တကယ် ဆုံးရှုံးသွားတာပဲ။ အဲဒီလို လုပ်နိုင်စွမ်းရှိတာ ဘယ်သူလဲ"

အသံတစ်ခု ထွက်ပေါ်လာသည်။

လုမင်က အသံလာရာသို့ ကြည့်လိုက်သောအခါ နှာခေါင်းတွင် ကွင်းလက်စွပ်နှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူ့တွင် လက်တစ်ဖက်မရှိတော့ဘဲ သူ့မျက်နှာကလည်း အလွန် မည်းမှောင်လျက်ရှိ၏။

သိုင်းအုပ်ချုပ်သူတချို့ အပါအဝင် ပါရမီရှင်များစွာတို့က လဲ့နျိုအား ကြည့်လိုက်ကြသည်။

"လဲ့နျိုက အနောက်ပိုင်း နတ်နန်းတော်ရဲ့ အသန်မာဆုံး ပါရမီရှင် သုံးဦးထဲက တစ်ဦးပဲလေ။ သူ့ရဲ့ လက်တစ်ဖက်ကို ဘယ်သူက ဖြတ်တောက်နိုင်တာလဲ။ ဘယ်သူ့မှာ ဒီလို ခွန်အားမျိုး ရှိတာလဲ"

"ဒါက အခြားနတ်နန်းတော်သုံးခုရဲ့ အသန်မာဆုံး ပါရမီရှင်တွေလား။ ဒါမှမဟုတ် သူတို့က ထိပ်တန်း တိုက်ကြီးသုံးခုကပဲလား"

"ကြောက်စရာကောင်းလိုက်တာ။ လဲ့နျိုရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း ကြောက်စရာကောင်းပြီ။ အရင်တုန်းကဆိုရင် ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရား သုံးဦးကိုတောင် သူက အလွယ်တကူသတ်လိုက်တာ မြင်ဖူးတယ်။ အခုတော့ တကယ်ပဲ သူ့လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီပေါ့"

တုန်လှုပ်မှု၊ အံ့အားသင့်မှုတို့‌ဖြင့် ဝိုင်းဖွဲ့ဆွေးနွေးသံများ ပေါ်လာခဲ့သည်။

ဤအရာက လဲ့နျို၏မျက်နှာကို ပို၍ပင် မည်းမှောင်သွားစေခဲ့ပေသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း နောက်ဆုံး၌ လုမင်၏ မျက်လုံးများ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ အနောက်ပိုင်း နတ်နန်းတော်ဆီသို့ လျှောက်သွားတော့သည်။

အခြားလူများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မတူညီသော ဦးတည်ရာလေးခုသို့ ပျံသန်းသွားကြသည်။

လုမင်နှင့် ရှဲ့နျန်ချင်းကတော့ တောင်ပိုင်း နတ်နန်းတော်သို့ ပျံသန်းသွားလေသည်။

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လူငယ်များကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာအနည်းငယ် မှုန်ကုပ်သွားသည်။

တောင်ပိုင်း နတ်နန်းတော်မှ ထွက်လာကြသော ပါရမီရှင်တစ်ဝက်ကျော် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဆုံးရှုံးမှုက ကြီးမားလွန်းပေသည်။ ဤပါရမီရှင်များ မသေဆုံးသရွေ့ အနာဂတ်တွင် သိုင်းအုပ်ချုပ်သူများ ဖြစ်လာမည်မှာ သေချာပါသည်။ ထို့ပြင် သာမန် သိုင်းအုပ်ချုပ်သူများမဟုတ်ကြောင်း သိထားရပေမည်။

'လူတော်တော်များများ သေကုန်ကြတာပဲ'

လုမင်လည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

တိုက်ပွဲတိုင်းလိုလိုတွင် ကျဆုံးသူများ အမြဲရှိပေသည်။

ရှမ်းဟွမ်တိုက်ကြီးဘက်တွင် လုမင်က လုံချန်၊ ရှဲ့နျန်ကျွင်း၊ ရန်ပိုထျန်း၊ ရဟန်းဝူလျန့်၊ ဝူယွဲ့ဗောဓိသတ္တနှင့် မင်ကျစ်တို့ကို တွေ့လိုက်ရသည်။

ဥပမာအားဖြင့်၊ ခြင်္သေ့မင်းနှင့် ခုန်းလင်တို့သည် ဤနေရာတွင် မရှိတော့ပါ။ သူတို့က တိုက်ပွဲထဲတွင် ကျဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း

ထင်ရှားသည်။

ခြင်္သေ့မင်းအပါအဝင် ရှမ်းဟွမ်တိက်ကြီးက ပါရမီရှင် သုံးဦး ဆုံးရှုံးခဲ့ရသည်။

ထိုသို့သော ဆုံးရှုံးမှုက သေးငယ်သည်ဟု မှတ်ယူနိုင်သည်။

အချို့တိုက်ကြီးများက လုံးဝနီးပါး သုတ်သင်ခံခဲ့ရသည်။

ဥပမာအားဖြင့်၊ ကျန့်ပင်းတိုက်ကြီးက ပါရမီရှင် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ရသည်။ ဒုတိယအဆင့် ပါရမီရှင်သည်ပင် ကျဆုံးသွားခဲ့ပြီ။

ရှဲ့အဲ့တိုက်ကြီးကတော့ ပို၍ပင် သနားစရာကောင်းတယ်။ ပါရမီရှင် နှစ်ယောက် သုံးယောက်သာ ကျန်ရစ်ခဲ့ပြီး တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေခဲ့ကြလေသည်။

ပေယွိတိုက်ကြီးသည်လည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။

"ဝှစ် ဝှစ်"

ရုတ်တရက် ပုံရိပ်နှစ်ခု တောက်ပလာခဲ့သည်။ ငှက်မွှေးဝတ်စုံ ဝတ်ဆင်ထားသည့် လူရိပ်နှစ်ခုက လုမင်၏ ဘေးနှစ်ဘက်တွင် ပေါ်လာခဲ့၏။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များကလည်း လုမင်ကို ဖုံးလွှမ်းသွားတော့သည်။

"အမိတ္တဘ၊ ဘာများဖြစ်နေကြတာလဲ"

ရဟန်းဝူလျန့်က ဗုဒ္ဓ၏ အမည်ကို ရွတ်ဆိုလိုက်သည်။

တောင်ပိုင်း နတ်နန်းတော်ဘက်ခြမ်းရှိ အခြားသူများသည်လည်း ထိုလူငယ်နှစ်ဦးကို လှမ်းကြည့်လိုက်၏။

ငှက်မွှေးဝတ်စုံဝတ် လူငယ်နှစ်ဦးတွင် တစ်ယောက်က ရွှေရောင် ၀တ်စုံဝတ်ထားပြီး ကျန်တစ်ဦးကတော့ အနက်ရောင်ဝတ်စုံ ဝတ်ထားသည်။

"ရွှေတောင်ပံ၊ တောင်ပံနက်... နင်တို့နှစ်ယောက် ဘာလုပ်နေတာလဲ"

ကျိဟုန်ချန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"သူက ငွေတောင်ပံကို သတ်လိုက်တဲ့သူပဲ၊ သူ့ခန္ဓာကိုယ်မှာ ငွေတောင်ပံရဲ့ ရောင်ဝါတစ်ခု ကျန်နေခဲ့တယ်။ တောင်ပံမျိုးနွယ်ပဲ ဒါကို ခံစားနိုင်မှာ"

ရွှေရောင် ၀တ်စုံဝတ် လူငယ်လေးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဘာ၊ သူက ငွေတောင်ပံကို သတ်လိုက်တာလား"

"သူက ငွေတောင်ပံကို သတ်နိုင်တာလား"

တောင်ပိုင်း နတ်နန်းတော်ဘက်ခြမ်းမှ ပါရမီရှင်များစွာတို့ အံ့ဩသွားကြသည်။

ငွေတောင်ပံသည်‌ ပေယွိတိုက်ကြီး၏ ပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်တိုင် သုံးဆယ့်ခြောက်ခုပေါ်သို့ တက်လှမ်းခဲ့ပြီး ကျင့်ကြံခြင်းကလည်း အလွန် နက်နဲ၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အားကောင်းလှပေသည်။ ရှမ်းဟွမ်တိုက်ကြီးမှ လူတစ်ယောက်က ငွေတောင်ပံကို မည်သို့ သတ်နိုင်ပါသနည်း။

ကျိဟုန်ချန်က မျက်မှောင်ကြုတ်လိုက်သော်လည်း တိတ်ဆိတ်သွားသည်။

တစ်ဖက်တွင် ဝမ့်ကျန်းနှင့် ရှဲ့နျန်ချင်းတို့က တိတ်တဆိတ် ကျေနပ်သွား၏။

"မမှားဘူး၊ ငါ ငွေတောင်ပံကို သတ်ခဲ့တယ်"

လုမင် ပြောလိုက်သည်။

သူ့ကို ရှာဖွေတွေ့ရှိကတည်းက ဖုံးကွယ်ထားစရာ မလိုပေ။

"အတင့်ရဲလိုက်တာ၊ ငါ့ ပေယွိတိုက်ကြီးရဲ့ ပါရမီရှင်တစ်ယောက်ကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ ပြောစမ်း၊ သူ့ကို လုပ်ကြံတိုက်ခိုက်ဖို့ ဘယ်လို အောက်လမ်းနည်းတွေကို မင်း အသုံးပြုခဲ့တာလဲ။ မင်းလို ရှမ်းဟွမ်တိုက်ကြီးရဲ့ အမှိုက်က ငွေတောင်ပံကို သတ်နိုင်မယ်ဆိုတာ ငါ မယုံဘူး"

ရွှေတောင်ပံက အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်သည်။

"ငါတို့အားလုံးက တောင်ပိုင်းနတ်နန်းတော်က ဖြစ်ပေမဲ့ မင်းဟာ ပေယွိတိုက်ကြီးရဲ့ ပါရမီရှင်တစ်ယောက်ကိုသတ်ပြီး တောင်ပိုင်း နတ်နန်းတော်ရဲ့ ခွန်အားကို အားနည်းစေခဲ့တယ်။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နောက်ပြီး မင်းရဲ့ အကူအညီက ဘယ်သူလဲ။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အခြားတစ်ယောက်လား"

တောင်ပံနက်ကလည်း အေးစက်စက်ဖြင့်ပြောကာ ရှမ်းဟွမ်တိုက်ကြီးမှ အခြားသူများကို ဝေ့ကြည့်လိုက်၏။

ရှဲ့နျန်ကျွင်း၊ မင်ကျစ်နှင့် ရန်ပိုထျန်းတို့ မျက်နှာပျက်သွားသည်။

"ငါက သူနဲ့ ဘာမှမဆိုင်ပါဘူး။ ငါက သခင်လေး ဝမ့်ကျန်းနဲ့ အမြဲရှိနေခဲ့တာ"

ရှဲ့နျန်ကျွင်းက ရှင်းပြလိုက်သည်။

"မှန်ပါတယ်၊ မိန်းကလေးနျန်ကျွင်းက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ငါ သက်သေပြနိုင်တယ်"

ဝမ်ကျန်းကလည်း ရှင်းပြလိုက်၏။

"ငါလည်း သူနဲ့ ဘာမှမဆိုင်ဘူး"

"ငါဆိုရင် သူနဲ့ ရန်ငြိုးတောင်မှရှိသေးတယ်"

ရန်ပိုထျန်းနှင့် မင်ကျစ်ကလည်း လုမင်နှင့် မပတ်သက်စေရန် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။

ရဟန်းဝူလျန့်နှင့် ဝူယွဲ့ဗောဓိသတ္တကတော့ ဘာမျှမပြောပါ။

ရှဲ့နျန်ချင်းကလည်း လုမင်၏အနားတွင် အနီးကပ်ရပ်နေသည်။

"ဒုန်း"

ဤအခိုက်အတန့်တွင် လုံချန်က ရှေ့သို့လှမ်းပြီး လုမင် အနားတွင် ရပ်လိုက်သည်။ ယင်းက ရှဲ့နျန်ကျွင်း၊ ရန်ပိုထျန်းနှင့် အခြားသူများကို အမူအရာတွေ ပြောင်းလဲသွားစေခဲ့သည်။ လုံချန်က လုမင်နှင့်အတူ ရပ်တည်သည်။

"ငွေတောင်ပံကိုသတ်ဖို့ တခြားသူတွေကို ဘာဖြစ်လို့ လိုအပ်ရမှာလဲ။ ငါ့လက်ကို မှောက်လှန်သလို သူ့ကို သတ်နိုင်တယ်"

လုမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဒါ့အပြင် မင်းနားလည်ထားရမှာက ငွေတောင်ပံက ငါ့ကို အရင်သတ်ချင်နေတာ၊ ဒါကြောင့် ငါသူ့ကိုသတ်လိုက်တာပဲ။ မင်း ငါ့ကို အကြောင်းပြချက်မရှိဘဲ ကျိန်ဆဲနေစရာ မလိုလိုဘူး။ နောက်ပြီး အဲဒါ အသုံးမဝင်ဘူး"

"တော်စမ်း၊ လိမ်ညာဖို့ မကြိုးစားနဲ့။ ငွေတောင်ပံကို မင်းသတ်လိုက်တယ်ဆိုတာ ဝန်ခံပြီးမှတော့ မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်။ အခု ဒူးထောက်ပြီး မင်းရဲ့ပြစ်မှုတွေကို ဝန်ခံလိုက်ပါ။ နောက်ပြီး၊ ဒီကြံရာပါတွေအားလုံးလည်း ကြီး‌လေးတဲ့အပြစ်ကို ကျူးလွန်ခဲ့တာပဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရွေးချယ်မှု ပြီးသွားတဲ့အခါ မင်းတို့ကို ပေယွိတိုက်ဆီကို ပြန်ခေါ်သွားပြီး မင်းရဲ့အပြစ်တွေအတွက် စီရင်ချက်ချမယ်"

ရွှေတောင်ပံက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

All Chapters