← Chapters

အခန်း ၁၂၄၂

Vol. 83 Ch. 1242

အခန်း ၁၂၄၂

Vol. 83 Ch. 1242

အပိုင်း ( 1242 ) ရတနာကို လုယူခြင်း။

"အံ့သြစရာကောင်းလိုက်တဲ့ မိုးကြိုးရတနာပဲ။ ကောင်လေး၊ ဒီမိုးကြိုးဒယ်စောက်အိုး ငါ့ကို ပေးလိုက်ပါ"

မိုးပြာရောင်ဝတ် အဘိုးအိုက လျစ်လျူရှုစွာ ပြောလိုက်၏။

သူ့ထံမှ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာခဲ့ပေသည်။

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။ ဤအဘိုးကြီးက လဲ့တင်းကို အာရုံစိုက်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။

လုမင်၏ နှုတ်ခမ်းများက‌ အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား...

ယခုအချိန်တွင် လုမင်က ဤအဆင့် အဘိုးကြီးကို လုံးဝအလေးအနက်မထားတော့ပေ။ အကယ်၍ ဤအဘိုးကြီးက သေချင်ပြီး သူ့ကိုလာတိုးလျှင်တော့ လိုက်ပို့ပေးရန် စိတ်ထဲမထားပါ။

"ကောင်လေး၊ ငါမင်းကိုပြောနေတာ မကြားဘူးလား။ မိုးကြိုးဒယ်စောက်အိုးကို ပေးပါ၊ မဟုတ်လို့ ငါကိုယ်တိုင်ယူရရင် ဒီကနေ ထွက်သွားဖို့ကို မင်း မေ့လိုက်လို့ရပြီ"

မိုးပြာရောင်ဝတ် အဘိုးအိုက ကြိမ်းမောင်းလိုက်သည်။

"မင်းစမ်းကြည့်လို့ရတယ်"

လုမင်က လျစ်လျူရှုစွာ ပြန်ပြောလိုက်၏။

"မိုးနဲ့မြေရဲ့ ကြီးမားမှုကို မင်း မသိဘူးပဲ။ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားက ငါ့ကို ဆန့်ကျင်ဖို့ ဘယ်ဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ မင်းက အရမ်းခေါင်းမာနေမှတော့ မင်းကိုငါလိုက်ပို့ပေးမယ်"

မိုးပြာရောင်ဝတ် အဘိုးကြီး၏ အမူအရာက အေးစက်သွားသည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။

"ဝှစ် ဝှစ်"

ဤအခိုက်အတန့်တွင် တောင်ပေါ်မှ အားကောင်းသော အရှိန်အဝါအချို့ ပေါ်လာသည်။

စုစုပေါင်း လူသုံးယောက်က တောင်ပေါ်ကနေ ပြေးထွက်လာကြ၏။ ၎င်းတို့က လုမင်၏ ပတ်လည်တွင် ပေါ်လာကြကာ လုမင်အား ပြေးပေါက်မရှိအောင် ဝိုင်းထားလိုက်တော့သည်။

၎င်းတို့အားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူများ ဖြစ်သည်။

"မိစ္ဆာအိုကြီး အဇူရာ၊ ဒီလိုရတနာကောင်းကို မင်းတစ်ယောက်တည်း ဘယ်လို အပိုင်သိမ်းနိုင်မှာလဲ"

မျက်လုံးတစ်ဖက်လပ် လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မင်းတို့၊ ဒါက ငါအရင်ဆုံး ရှာတွေ့ခဲ့တာကွ"

သူတို့ သုံးယောက် ပေါ်လာသည်ကို မြင်ရသောအခါ မိုးပြာရောင်ဝတ် အဘိုးကြီး၏ အမူအရာက ပို၍ပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

"မင်း ပထမဆုံး ရှာတွေ့တာလား။ ရယ်စရာကောင်းလိုက်တာ၊ ငါက လေ့ကျင့်နေပေမဲ့ ငါ့ရဲ့အသိစိတ်ကတော့ သတိထားမိတာကြာပြီကွ"

မျက်လုံးတစ်ဖက်လပ်က လှောင်ပြောင်လိုက်၏။

ကျန်နှစ်ယောက်ကလည်း ဟိုးအရင်ကတည်းက သတိထားမိပြီးဖြစ်ကြောင်း ပြောဆိုလိုက်ကြသည်။

သူတို့လေးယောက်က လုမင်ကို လုံးဝ လျစ်လျူရှုပြီး အမှန်တကယ် ငြင်းခုန်ကြတော့သည်။

သူတို့၏အမြင်တွင် လုမင်က အသတ်ခံရန် စောင့်ဆိုင်းနေသည့် သိုးသငယ်မျှသာဖြစ်ပြီး ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိပေ။

"မင်းတို့အားလုံး အပိုစကားတွေ ပြောလို့ဝပြီလား"

သူတို့လေးယောက် ထိပ်တိုက်ရင်ဆိုင်လုနီးတွင် လုမင်၏အသံ ထွက်လာသည်။

လေးယောက်စလုံး ငြိမ်ကျသွားပြီး လုမင်ကို ကြည့်လိုက်ကြ၏။

"မင်းတို့ ပြောစရာရှိတာပြောပြီးရင် ငါလိုက်ပို့တော့မယ်"

လုမင်၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ချင်စိတ်တို့ ထွက်ပေါ်လာသည်။

"ဘာလဲ၊ ဒီကောင်လေး ဘာပြောလိုက်တာလဲ။ ဟားဟားဟား"

မျက်လုံးတစ်ဖက်လပ်က လှောင်ရယ်လိုက်သည်။

ဝိညာဥ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံသော အဆင့်ရှိ ကျွမ်းကျင်သူလေးဦး၏ ဝန်းရံမှုအောက်တွင်ပင် လုမင်က သူတို့ကို လိုက်ပို့ပေးမည်ဟု ပြောနေသည်။

သူ ရူးသွားပြီလား။

"ကောင်စုတ်လေး၊ ငါ မင်းကို အရင်ဆုံး လိုက်ပို့ပေးမယ်"

မျက်လုံးတစ်ဖက်လပ်၏ တစ်ခုတည်းသော မျက်လုံးက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ပုဆိန်တစ်ခု ပေါ်လာခဲ့၏။ သူ့တစ်ကိုယ်လုံးက လျှပ်စီးများ ဖုံးလွှမ်းလာကာ လုမင်၏လည်မြိုအား ပုဆိန်နှင့် ပစ်လွှတ်လိုက်တော့သည်။

"ဝမ်"

လုမင်၏ အတွေးတစ်ခုနှင့် သူ့ဦးခေါင်းထက်မှ ဒယ်စောက်အိုးကြီးက တုန်ခါသွားသည်။ ထို့နောက် ထူထဲသော မိုးကြိုးတစ်ခုက မျက်လုံးတစ်ဖက်လပ် လူကြီးဆီသို့ ကျရောက်သွား၏။

ကျယ်လောင်သော အသံနှင့်အတူ မျက်လုံးတစ်ဖက်လပ်က အားကောင်းသော မိုးကြိုးထဲတွင် နစ်မြှုပ်သွားသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော မိုးကြိုးနှင့်လျှပ်စီးကြောင်းတို့က ကြောင်နှင့်တွေ့ရသော ကြွက်တစ်ကောင်လို ချက်ချင်း ပျောက်ကွယ်သွားပုံရ၏။

မျက်လုံးတစ်ဖက်လပ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ စွမ်းအင်အကာအကွယ်သည်လည်း မိုးကြိုးလျှပ်စီးကြောင်းကြောင့် ကွဲအက်သွား၏။ သူ့တစ်ကိုယ်လုံး ကွဲထွက်သွားပြီး မီးခိုးနှင့် ညှော်နံ့များ ထွက်လာတော့သည်။ ဤမြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ရတနာလဲ"

မိုးပြာရောင်ဝတ် အဘိုးကြီးက အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲမှ တောက်လောင်နေသော အလင်းရောင်က ပို၍ပင် စူးရှတောက်ပလာတော့သည်။

"ဒီရတနာက အစွမ်းထက်လွန်းတယ်။ အဲဒါကို အရင်သိမ်းပိုက်ပြီးမှ ဘယ်သူရသင့်တယ်ဆိုတာ ငါတို ဆွေးနွေးကြရင် ဘယ်လိုလဲ"

မိုးပြာရောင်ဝတ် အဘိုးအိုက ပြောလိုက်သည်။

"ကောင်းပြီ"

"ကောင်းပြီ"

ကျန်နှစ်ယောက်လည်း အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ သဘောတူလိုက်၏။

မိုးကြိုးဒယ်စောက်အိုးက မျက်လုံးတစ်ဖက်လပ် လူကြီးကို တစ်ချက်တည်းဖြင့် တူးကပ်သွားစေခဲ့သည်။ ယင်းက သူတို့ကို အံ့ဩသွားစေခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားများက ပို၍ပင် ပူလောင်လာခဲ့သည်။

သူတို့သုံးယောက်က ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်သည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှု သုံးခုက လုမင်ဆီသို့ ကျဆင်းသွား၏။

၎င်းတို့သုံးဦး ပူးပေါင်းတိုက်ခိုက်သောအခါ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားကို မဆိုထားနှင့်၊ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေခြင်း သို့မဟုတ် သေဆုံးခြင်းပင် ဖြစ်စေနိုင်သည်။

"ဝုန်း ဝုန်း"

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံနှင့် နဂါးစွမ်းအင်ကိုးခု ပေါကွဲထွက်လာသည်။

လုမင်က လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး မီးခိုးရောင်ဝတ် အဖိုးအို၏ တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သူ့လက်ဝါးက မရပ်တန့်ဘဲ မီးခိုးရောင်ဝတ် အဘိုးကြီးကို ဆက်လက် ရိုက်ချလိုက်၏။

မီးခိုးရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။ အသံနက်ကြိးဖြင့် အော်ဟစ်ရင်း သွေးများ အံထွက်လာခဲ့၏။ သူ့ခန္ဓာကိုယ်က အမြောက်ကျည်ဆံကဲ့သို့ လွင့်စဉ်သွားတော့သည်။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။

"ဂျိန်း"

ကြီးမားသော လျှပ်စီးကြောင်းကြီးတစ်ခုက လဲ့တင်းမှ ထွက်ပေါ်လာကာ မီးခိုးရောင်ဝတ်အဘိုးအိုကို ထိမှန်သွားသည်။ အဘိုးကြီးထံမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ မိုးကြိုးလျှပ်စီးများ ကွယ်ပျောက်သွားချိန်မှာတော့ မီးခိုးရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်က မည်းမှောင်နေကာ အသက်ဝင်ဓာတ် အရိပ်အယောင်ပင် မခံစားရတော့ပေ။

လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံသော အဆင့်ရှိ ကျွမ်းကျင်သူအား လှုပ်ရှားမှုနှစ်ခုဖြင့် သတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ မိုးပြာရောင်ဝတ် အဘိုးအိုနှင့် အခြားသူ၏ တိုက်ခိုက်မှုများက လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော်၊ အတားအဆီးမဲ့သော‌ ကောင်းကင်သိုင်းကို အသုံးပြုထားသည့် လုမင်၏ ကြွက်သားများက အနည်းငယ်သာ တုန်ခါသွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အဘိုးကြီးနှစ်ဦး၏ မျက်လုံးများက ကြေးခေါင်းလောင်းအရွယ်အထိ ပြူးကျယ်သွားသည်။ သူတို့မျက်လုံးများတွင် မယုံကြည်မှုများနှင့် ပြည့်နှက်နေပြီးနောက် ထိတ်လန့်တုန်လှုပ်သွား၏။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက လုမင်၏ အလွယ်တကူ အသတ်ခံလိုက်ရသည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"ဝှစ်"

လုမင်က မရပ်တန့်ဘဲ မီးခိုးရောင်ဝတ် အဘိုးအိုကို သတ်ပြီးသည်နှင့် တခြားလူအား တိုက်ခိုက်လိုက်သည်။

ထိုသူက အသည်းအသန် ခုခံလိုက်သော်လည်း လုမင်၏တိုက်ခိုက်မှုအောက်တွင် အရာအားလုံးက အားနည်းလွန်းလှသည်။ လုမင်၏လက်ဝါးက သူ့နှလုံးသားကို ထိုးဖောက်သွား၏။ သူ၏ ဝိညာဉ်နတ်ဘုရားပင်လျှင် မလွတ်မြောက်ဘဲ သေဆုံးသွားတော့သည်။

"ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ"

မိုးပြာရောင်ဝတ် အဘိုးကြီးလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း အသည်းအသန် ထွက်ပြေးလိုက်သည်။

"သတ်"

လုမင်က နဝမနဂါးခြေလှမ်းကိုသုံးကာ အဘိုးကြီး၏ ဦးခေါင်းထက်တွင် ခဏချင်း ပေါ်လာသည်။ နဝမနဂါးခြေလှမ်းနှင့် ဆင့်နင်းလိုက်သောအခါ မိုးပြာရောင်ဝတ် အဘိုးကြီး၏ ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွား၏။

ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားသုံးပါးသည် လုမင်၏လက်တွင်း၌ ခဏချင်း အသတ်ခံခဲ့ရသည်။

ထိုတောင်ပေါ်၌ နောက်ထပ် လူအနည်းငယ် ရှိသေးသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မရောက်သေးပါ။ ထို့ကြောင့်ပင် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားလေးပါးက လုမင်ကို တိုက်ခိုက်နေသည်အား ပထမဆုံး တွေ့ရသောအခါ မတိုက်ခိုက်ကြဘဲ အတွင်းစိတ်မှ သက်ပြင်းချလိုက်မိသည်။

သို့သော်လည်း ယခုအခါ သူတို့မျက်နှာများက ကြောက်ရွံ့မှုများနှင့် ဖြူဖျော့သွား၏။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်ပေါ်သို့ ပြန်တက်ပြေးကာ အရှိန်အဝါများကို ဖုံးကွယ်ရင်း အကောင်းဆုံး ပုန်းအောင်းလိုက်တော့သည်။

ယခုလေးတင် ဝင်မစွတ်ဖတ်မိ၍ တိတ်တဆိတ် ဝမ်းသာသွားသည်။ မဟုတ်ပါက သူတို့လည်း သေဆုံးရလိမ့်မည်။

"သူဟာ နတ်ဆိုးတစ်ကောင်၊ သေမင်းနတ်ဘုရားပဲ"

လူများက ကြောက်လန့်တကြားဖြင့် တွေးနေခဲ့ကြသည်။

နဝမနဂါးသွေးမျိုးဆက်က ပေါ်လာပြီးနောက် ၎င်းတို့၏ သွေးအနှစ်သာရအားလုံးကို မျိုချလိုက်သည်။ ထို့နောက် လုမင်က ခြေတစ်ချက်လှမ်းကာ နောက်တစ်ဦးနောက်ကို လိုက်သွားခဲ့၏။

၎င်းက မျက်လုံးတစ်ဖက်လပ် လူကြီး ဖြစ်သည်။ အစောပိုင်းက သူသည် လဲ့တင်းကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသော်လည်း အသက်မသေခဲ့ပေ။ ထိုအချိန်တွင် လုမင်က အခြား ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားများကို မြက်ရိတ်သလို သတ်ဖြတ်နေကြောင်း မြင်တွေ့ရ၍ အသည်းအသန် ထွက်ပြေးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ဤအခိုက်တွင် လုမင်ကို ပြန်မြင်လိုက်ရသောအခါ အလွန်ကြောက်လန့်သွားလေသည်။

"ချမ်းသာပေးပါ၊ သူရဲကောင်းလေး အသက်ချမ်းသာပေးပါ။ အစွမ်းထက် ရတနာရှိတဲ့နေရာကို ငါသိပါတယ်"

"အစွမ်းထက် ရတနာလား"

အလင်းရောင်တစ်ချက်လက်သွားပြီး လုမင်က မျက်လုံးတစ်ဖက်လပ် လူကြီးရှေ့တွင် ပေါ်လာသည်။

လုမင်က သူ့ကိုမသတ်ဘဲ သွေးဆောင်ခံရပုံရသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးတစ်ဖက်လပ် ဝမ်းသာသွားသည်။ သူက အလျင်စလို ပြောလိုက်လေသည်။

"မိုးကြိုးလျှပ်စီးကို လေ့ကျင့်လို့ရတဲ့ ရတနာတစ်ပါးရှိတယ်။ အဲဒါက မိုးကြိုးတာအို ဒါမှမဟုတ် မိုးကြိုးသိုင်းပညာကို လေ့ကျင့်တဲ့နေရာမှာ အရမ်းအသုံးဝင်တယ်။ မင်း ငါ့ကို မသတ်ဘူးလို့ ကတိပေးရင် ငါမင်းကို ခေါ်သွားပေူမယ်"

မျက်လုံးတစ်ဖက်လပ်လူကြီးက လုမင်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင် မသက်မသာဖြစ်နေဆဲပင်။ လုမင်က သူ့ကို ချက်ချင်းသတ်လိုက်မည်အား ကြောက်မိသည်။

"ဒီရတနာကို ငါကျေနပ်ရင် မင်းကို မသတ်ဘူး"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ မင်းကို အခုချက်ချင်း ခေါ်သွားမယ်။ ဒါကို မင်း ကျေနပ်မှာပါ"

မျက်လုံးတစ်ဖက်လပ်လူကြီးက နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ရင်း ခေါင်းညိတ်ပြလိုက်သည်။

All Chapters