← Chapters

အခန်း ၁၂၄၃

Vol. 83 Ch. 1243

အခန်း ၁၂၄၃

Vol. 83 Ch. 1243

အပိုင်း ( 1243 ) အဓိပဓိနှင့် တိုက်ခိုက်ခြင်း။

"ရှေ့ကသွား"

လုမင် ပြောလိုက်၏။

မျက်လုံးတစ်ဖက်လပ် လူကြီးလည်း ခေါင်းညိတ်ပြကာ လျှောက်သွားတော့သည်။

လုမင်က မျက်လုံးတစ်ဖက်လပ် လူကြီးနောက်မှလိုက်ကာ မိုးကြိုးနယ်မြေထဲသို့ နက်နက်နဲနဲ ဝင်သွားခဲ့သည်။

လမ်းတစ်လျှောက်မှ မြင့်မားသော တောင်များစွာကို ကျော်ဖြတ်ပြီးသောအခါ တောင်ကုန်းငယ်လေးတစ်ခုဆီသို့ ရောက်လာခဲ့၏။

"ဂျုန်း ဂျုန်း"

တောင်ငယ်လေး၏ မိုင်တစ်ရာအတွင်း ဧရိယာက အကန့်အသတ်မဲ့ မိုးကြိုးလျှပ်စီးများနှင့် ပြည့်နှက်နေပေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းပါလိမ့်"

လုမင်လည်း မျက်လုံးအရောင်လက်သွားပြီး အနည်းငယ် အံ့ဩသွားသည်။

ဤတောင်ငယ်တစ်ဝိုက်တွင် မိုးခြိမ်းနှင့် လျှပ်စီးတို့က အခြားနေရာများထက် အနည်းဆုံး ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် အားကောင်းသည်။

တောင်ငယ်တစ်ခုတွင် ဤမျှ အံ့သြဖွယ်ကောင်းသော မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများ ရှိနေသည်မှာ အံ့သြစရာပင်။

လုမင်က သေသေချာချာ ကြည့်လိုက်သောအခါ အကြောင်းရင်းကို ရှာတွေ့သွားသည်။

တောင်ကုန်းလေးပေါ်တွင် မီတာဝက်ခန့်မြင့်သော သစ်ပင်တစ်ပင်ရှိ၏။ သစ်ပင်တွင် သစ်ရွက်သုံးရွက်သာရှိသော်လည်း သုံးရွက်စလုံးက ဒဏ္ဍာရီလာဖီးနစ်နှင့် ဆင်တူလှသည်။

၎င်းတို့က သစ်ကိုင်းများပေါ်တွင် နားခိုနေသည့် ဖီးနစ်ငှက်ကလေး သုံးကောင်နှင့်ပင် တူလွန်းလှပေသည်။

သစ်ပင်လေးပေါ်မှာတော့ လျှပ်စီးလက်နေသည့် ဖီးနစ်တစ်ကောင်က လှပစွာ ပျံဝဲကခုန်နေသည်။ ၎င်းက သစ်ပင်လေးကို အဆက်မပြတ် လှည့်ပတ်ပျံဝဲရင်း အော်မြည်လျက်ရှိ၏။

အားကောင်းသော မိုးကြိုးနှင့် လျှပ်စီးများက ဤသစ်ပင်ငယ်လေးကြောင့် ဖြစ်သည်။

"ကောင်းလိုက်တဲ့ ဝိညာဉ်သစ်ပင်"

လုမင်၏ မျက်လုံးများက တောက်ပလာလေသည်။

အကယ်၍ ဤသစ်ပင်လေးကို အသုံးပြုကာ လေ့ကျင့်နိုင်ပါက သူ၏ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း လေ့ကျင့်မှုအမြန်နှုန်းက သိသိသာသာ မြင့်မားလာခဲ့မည် ဖြစ်သည်။ ၎င်းက တကယ့်ကို မြင့်မြတ်သော ရတနာတစ်ခုပင်။

"ဝမ်၊ ဝမ်"

လုမင်၏ ဦးခေါင်းထက်မှ လဲ့တင်းကလည်း အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ တုန်ခါလာခဲ့သည်။

"အဲဒါက ဒီဝိညာဉ်သစ်ပင်ပါပဲ၊ အခု ငါသွားလို့ရပြီလား"

မျက်လုံးတစ်ဖက်လပ် လူကြီးက လုမင်ကို ဂရုတစိုက်ကြည့်လိုက်သည်။

"သွားတော့"

လုမင်က သူ့လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်၏။

မျက်လုံးတစ်ဖက်လပ်လူကြီးကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးတော့ပါ။

မျက်လုံးတစ်ဖက်လပ် လူကြီးလည်း ဝမ်းသာအားရဖြင့် အမြန်ပြန်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများက တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိ၏။

*ဝုန်း"

ရုတ်တရက်၊ တောင်သေးသေးလေးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ လူတစ်ယောက်က လျင်မြန်သောအဟုန်ဖြင့် လုမင်အနားကို ခဏချင်း ရောက်လာခဲ့၏။

"အဓိပဓိ"

လုမင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

အမှန်ပင်၊ ဤတောင်ငယ်လေးအနား၌ အဓိပဓိတစ်ပါး ရှိနေခဲ့သည်။

'ဒါက အဓိပဓိပဲ၊ ဟားဟားဟား။ ဒီကောင်က သေချာပေါက် သေပြီ၊ ဒါက ငါ့ကို ဒဏ်ရာရအောင် လုပ်ဝံ့တဲ့အကျိုးပဲ'

မျက်လုံးတစ်ဖက်လပ်လူကြီး၏ မျက်လုံးက တောက်ပလာပြီး သူ့စိတ်ထဲမှ လှောင်ပြောင် ရယ်မောလိုက်သည်။ ရက်စက်သော အကြည့်ကလည်း သူ့မျက်လုံးထဲတွင် တောက်ပလာလေသည်။

ဤနေရာတွင် အဓိပဓိတစ်ပါးရှိနေကြောင်း အစောကြီးကတည်းက သူသိထား၍ လုမင်ကို တမင်တကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ လုမင်၏ မိုးကြိုးဒယ်စောက်အိုးကို မြင်လိုက်ရပါက သေချာပေါက် သူ စိတ်လှုပ်ရှားသွားလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း အဓိပတိနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ပေါ်လာခဲ့သည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါရှိသည့် အနက်ရောင်ဝတ်အဘိုးကြီး ဖြစ်ချေသည်။ လုမင်၏ ဦးခေါင်းထက်မှ မိုးကြိုးဒယ်စောက်အိုးကိုကြည့်ရင်း သူ့မျက်လုံးများက တောက်ပလာသွားခဲ့သည်။

"ဟားဟားဟား၊ ဒီမိုးကြိုးဒယ်စောက်အိုးကို ရရှိနိုင်ရင် မိုးကြိုးဖီးနစ်သစ်ပင်ကို ငါသေချာပေါက် ရနိုင်လိမ့်မယ်"

အနက်ရောင်ဝတ် အဘိုးကြီးက ရယ်မောကာ ပြောလိုက်သည်။

"ကောင်လေး၊ ဒီကိုယ်တော်က အမှောင်မိုးကြိုး အရှင်သခင်ပဲ။ မင်းရဲ့ မိုးကြိုးဒယ်စောက်အိုးကို အခု လွှဲပေး"

"သူကလည်း လဲ့တင်းကို ထပ်လိုချင်ပြန်ပြီ"

လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

သို့သော်လည်း ဤသည်မှာ ကျင့်ကြံခြင်းကမ္ဘာဖြစ်ပြီး သန်မာသူများသာ လေးစားမှုကို ခံရသည်။ အပြင်လောကတွင် စွန့်စားခန်းထွက်သည့်အခါ အားနည်းသူများ၏ရတနာကို သန်မာသူများမှ လုယူခြင်းက ပုံမှန်ပင်။ ထို့ကြောင့် လုမင် မအံ့ဩတော့ပေ။

သို့ရာတွင် တစ်ဖက်လူက သူ့ထက်သန်မာသည်ဟု အမှန်တကယ် ထင်နေပါသလော။

"အရင်တုန်းကလည်း အဲဒီလူနဲ့ တခြားသူတချို့က ဒီလိုပဲပြောခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ သူတို့အားလုံးသေသွားကြပြီလေ"

လုမင်က အဝေးမှ မျက်လုံးတစ်ဖက်လပ် လူကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။

"အိုး၊ ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားကို သတ်နိုင်ပုံထောက်ရင် မင်းက ပါရမီရှင်တစ်ယောက်ဖြစ်ပုံပဲ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားက အဓိပဓိတစ်ပါးနဲ့ နှိုင်းယှဉ်နိုင်မယ်လို့ မင်းထင်နေတာလား"

အမှောင်မိုးကြိုးအရှင်သခင်၏ မျက်လုံးများက မထီမဲ့မြင်ပြုမှုတို့ ပေါ်လာသည်။

သူက ပြီးပြည့်တဲ့ ဝိညာဉ်နတ်ဘုရားတချို့ကို သတ်နိုင်ရင်တောင် ဘာဖြစ်လဲ။

ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားက အဓိပဓိ ကျွမ်းကျင်သူတစ်ဦးနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။

"ဟုတ်လား"

လုမင်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။ သူ့မျက်လုံးများတွင် တိုက်ခိုက်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့၏။

တစ်ဖက်လူက အဓိပဓိဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။ လုမင်ဟာ သူ၏ခွန်အားက အဓိပဓိတစ်ပါးနှင့် တိုက်ခိုက်နိုင်မလားဆိုတာ ကြည့်ချင်သည်။

"ကောင်လေး၊ မင်းက ငါ့ကို တိုက်ချင်မှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

လုမင်၏ တိုက်ခိုက်ချင်စိတ်ကို ခံစားမိပြီးနောက် အမှောင်နတ်ဘုရားအရှင်သခင်၏မျက်နှာက သုန်မှုန်သွားခဲ့သည်။ သူ့ကိုယ်ပေါ်မှ ရောင်ဝါများကလည်း ပို၍ ကြောက်စရာကောင်းလာခဲ့၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်ကို ရုတ်တရက်ဖိနှိပ်ကာ သူ့ခန္ဓာကိုယ်အား အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

"ပေါက်ကွဲစေ"

လုမင်က ဟိန်းဟောက်ပြီး နဂါးစွမ်းအင်ကိုးခုစလုံးကို ပေါက်ကွဲလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ယွမ်ချီစွမ်းအင်က လည်ပတ်လာခဲ့သည်။ ထို့အတူ တာအိုငါးခုစလုံးကလည်း ပေါက်ကွဲထွက်၍ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် ချပ်ဝတ်တစ်ခု ဖြစ်လာတော့သည်။

"အမှောင်မိုးကြိုး"

အမှောင်လျှပ်စီးအရှင်သခင်၏ ခန္ဓာကိုယ်က အဆုံးမဲ့ အနက်ရောင်လျှပ်စီးများနှင့် ပြည့်သွားသည်။ သူက အနက်ရောင်လျှပ်စီး လက်ဝါးကြီးတစ်ဖက်ကို ဆန့်ထုတ်ပြီး လုမင်အား ဖမ်းဆုပ်လိုက်၏။

"ဝုန်း"

အနက်ရောင်လျှပ်စီးက အဖျက်စွမ်းအားအပြည့်ရှိသည်။ ၎င်းတွင် ကြောက်စရာကောင်းသော အဆိပ်ပြင်း အငွေ့အသက်တို့လည်း ပါဝင်နေခဲ့၏။

ဤအနက်ရောင်လျှပ်စီးက အလွန်ကြောက်စရာကောင်းသည်။

လုမင်၏ ဦးခေါင်းထက်တွင် တတိယသွေးမျိုးဆက် ပေါ်လာသည်။ စွမ်းအင်အရိပ်အမြွက်တစ်ခုက လုမင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာရာ ဆံပင်များလည်း သွေးနီရောင် ပြောင်းလဲသွား၏။

"သတ်"

အလွန်အားကြီးသော သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ အနက်ရောင်လက်ဝါးကို ထိုးချလိုက်သည်။

"ဝုန်း"

လက်သီးနှင့်လက်ဝါး ထိပ်တိုက်တွေ့ဆုံပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်ခုနှင့်အတူ တွင်းနက်တစ်ခု ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ ရုတ်တရက် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်စွမ်းအင်များအဖြစ် အရပ်ရပ်သို့ ပြန့်ကျဲသွားတော့သည်။

"ဒုန်း ဒုန်း ဒုန်း"

လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ သို့ရာတွင်၊ အနက်ရောင်လျှပ်စီးလက်ဝါးသည်လည်း လုမင်၏ လက်သီးချက်အောက်တွင် ပြိုကျသွားပေသည်။

'အဓိပဓိတစ်ပါးရဲ စွမ်းအားက တကယ်ကို အံ့သြစရာပဲ'

လုမင်လည်း သူ၏လက်သီး အနည်းငယ်ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ထို့အပြင် ပါးလွှာသော အနက်ရောင်လျှပ်စီးကြောင်းများက လင်းလက်ပြီး လုမင်၏လက်သီးကိုထိုးဖောက်ဝင်ရန် ကြိုးစားလျက်ရှိ၏။ သို့သော်လည်း လုမင်က ၎င်းတို့ကို ပိတ်ဆို့ထားခဲ့သည်။

လုမင် ထိတ်လန့်သွားသော်လည်း အမှောင်နတ်ဘုရားအရှင်သခင်မှာ သူ့ထက်ပို၍ ထိတ်လန့်သွားလေသည်။

'တကယ်ကြီး သူ တားဆီးထားတာပဲ'

အမှောင်လျှပ်စီးအရှင်သခင်လည်း တုန်လှုပ်သွားပြီး မယုံနိုင်သလို ခံစားလိုက်ရသည်။

သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားက အဓိပဓိ၏တိုက်ခိုက်မှုအား တားဆီးနိုင်ခြင်းကို သူ တစ်ခါမှ မကြားဖူးပေ။

"ဒီအဘိုးကြီးဆီကနေ မင်းဘယ်လောက်ထိ ခံနိုင်မလဲဆိုတာ ကြည့်ရအောင်"

အမှောင်လျှပ်စီးအရှင်သခင်က သတ်ဖြတ်ချင်စိတ်တို့ဖြင့်‌ နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်သည်။

ဤလက်ဝါးရိုက်ချက်က ယခင်တိုက်ခိုက်မှုထက် ပိုအားကောင်းကာ ပို၍ ကြောက်စရာကောင်းသည်။

"ဂါး"

နဂါးဟိန်းသံနှင့် နဝမနဂါးသွေးမျိုးဆက် ထွက်ပေါ်လာခဲ့သည်။ လုမင်က နဝမနဂါးအဖြစ်သို့ ပြောင်းလဲသွား၏။ နဂါးခြေသည်းများက အနက်ရောင်လက်ဝါးကို ဖျက်ဆီးလိုက်တော့သည်။

"သေ၊ သေစမ်း၊ အမှောင်မိုးကြိုးနယ်မြေ"

အမှောင်လျှပ်စီးအရှင်သခင်၏ သတ်ဖြတ်လိုစိတ်က ပို၍ အားကောင်းလာကာ တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်သည်။

ဤလက်သီးချက်ထဲတွင် အနက်ရောင်နယ်မြေတစ်ခုပါဝင်ပြီး လုမင်ဆီသို့ ပေါက်ကွဲသွား၏။

'ဒါက တာအိုနယ်မြေရဲ့ ရှေ့ပြေးသန္ဓေပဲ'

လုမင်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

"ဝုန်း ဝုန်း ဝုန်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝါးမျိုခြင်းစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့၏။ အရောင်ငါးမျိုးနှင့် တာအိုငါးခုကလည်း ပျံ့နှံ့သွားတော့သည်။

"ဝုန်း"

နှစ်ယောက်သား နောက်တစ်ဖန် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

နဝမနဂါးခန္ဓာက ပြင်းပြင်းထန်ထန် တုန်ခါသွားကာ နောက်သို့ ဆုတ်သွားခဲ့ရ၏။

အမှောင်လျှပ်စီး အရှင်သခင်သည်လည်း‌ နောက်သို့ ဆုတ်ခွာသွားရသည်။ ထို့ပြင် သူဆုတ်ခွာသွားရသည့် အကွာအဝေးက လုမင်ထက် ပို၍မနီးပေ။

"ဟင်၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

အဝေးတွင် မျက်လုံးတစ်ဖက်လပ်လူကြီးက တိုက်ပွဲကို ကြည့်နေဆဲပင်။ ထိုအချိန်တွင် သူ၏ တစ်ခုတည်းသော မျက်လုံးက ပေါက်ထွက်လုနီးပါးပြူးကျယ်သွားသည်။ သူ့ပါးစပ်ကလည်း မေးရိုးပြုတ်ကျမတတ် ပွင့်ဟနေပြီး တဆတ်ဆတ်တုန်နေတော့သည်။

လုမင်က အသက်သုံးဆယ်ပင် မပြည့်သေးပေ။ ထို့ပြင် သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံသာ ရှိသည်။ သို့ရာတွင် အဓိပဓိတစ်ပါးနှင့် အမှန်တကယ် တိုက်ခိုက်နိုင်သလို သူ့ကိုပင် တွန်းထုတ်ခဲ့၏။ ယင်းက မယုံနိုင်စရာပင်။

ဤမျှ အစွမ်းထက်သော လူငယ်ပါရမီရှင်မျိုး ကမ္ဘာပေါ်တွင် မည်သို့ရှိနိုင်ပါသနည်း။

မဟုတ်မှလွဲ၊ နတ်နန်းတော်လေးခု၏ အသန်မာဆုံး ပါရမီရှင် ဖြစ်နေပါသလော။

"ထပ်လာမယ်"

အမှောင်လျှပ်စီး အရှင်သခင်မှာ အမှန်တကယ် ဒေါသဖြစ်လာပြီး ဟိန်းဟောက်လိုက်သည်။ သူကဲ့သို့ ထောင်စုနှစ်ကြာ ကျော်ကြားခဲ့သော အဓိပဓိတစ်ပါးက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရား လူငယ်တစ်ဦးကို မဖိနှိပ်နိုင် ဖြစ်နေခဲ့၏။ ဤသတင်းသာ ပျံ့နှံ့သွားပါက သူ ရှက်လွန်း၍ သေသွားနိုင်လောက်သည်။

သူက နယ်မြေသန္ဓေကိုထုတ်ဖော်ကာ လုမင်အား မုန်တိုင်းတိုက်သကဲ့သို့ ဆက်လက် တိုက်ခိုက်လိုက်တော့သည်။

All Chapters