← Chapters

အခန်း ၁၂၄၇

Vol. 84 Ch. 1247

အခန်း ၁၂၄၇

Vol. 84 Ch. 1247

အပိုင်း ( 1247 ) အဓိပဓိကိုသတ်ခြင်း။

တန်တန်က ကောင်းကင်ထက် မြင့်မားသော လိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်ဖြင့် ရိုက်လိုက်ခြင်းက ကောင်းကင်ကို မှုန်ဝါးစေကာ နေကို ဖုံးလွှမ်းသွား၏။

မိုးကြိုးကြံ့အဓိပတိလည်း တုန်လှုပ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးမှ လျှပ်စီးများက ပိုမို ပြင်းထန်လာခဲ့၏။ မိုးကြိုးများက ကြံ့ကြီးတစ်ကောင်အဖြစ် စုဖွဲ့ကာ တန်တန်ဆီသို့ ပြေးလွှားသွားတော့သည်။

"ဝုန်း"

တန်တန်၏ ရိုက်ချက်နှင့် ကြံ့ကြီး တိုက်မိသွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မိုးကြိုးကြံ့ကြီး ရှုံးနိမ့်သွား၏။

"ဒီကိုကြည့်လိုက်စမ်း"

တန်တန်က အော်ဟစ်လိုက်သည်။ သူ၏လိပ်ခွံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောပုံစံများ ပေါ်လာခဲ့၏။ ဤပုံစံများက တစ်ချက်ကြည့်လိုက်ရုံဖြင့် လူများကို မူးဝေသွားစေနိုင်သည်။ ၎င်းတို့က ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော ပုံစံများကဲ့သို့ပင်။

"ဝှစ်"

ဤပုံစံများသည် စုစည်းပြီး အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ မိုးကြိုးကြံ့ အဓိပဓိဆီသို့ ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တန်တန်က သူ့ရုပ်သွင်ကို ထုတ်ဖော်ခဲ့၏။ သူ၏ ကြီးမားသောခန္ဓာကိုယ်က လေထဲမှလှမ်းကာ မိုးကြိုးကြံ့အဓိပတိဆီသို့ ဦးတည်သွားတော့သည်။

မိုးကြိုးကြံ့အဓိပတိလည်း အစွမ်းကုန်ပေါက်ကွဲပြီး တန်တန်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း တန်တန်က ပိုအားကောင်းပြီး မိုးကြိုးကြံ့အဓိပဓိကို ဖိနှိပ်ခဲ့ပေသည်။

"ဝုန်း"

တစ်ဖက်တွင်၊ လုမင်က လဲ့တင်းကို ထိန်းချုပ်ထားပြီး အမှောင်လျှပ်စီးအရှင်သခင် အသွင်ပြောင်းထားသော ဧရာမတူကြီးနှင့် တိုက်ခိုက်လိုက်သည်။

ယခင်အချိန်ကဲ့သို့ပင် ဧရာမတူကြီးပေါ်မှ လျှပ်စီးကြောင်းကို လဲ့တင်းမှ စုပ်ယူသွားခဲ့၏။

"သေစမ်း"

အမှောင်လျှပ်စီးအရှင်သခင်လည်း အခြေအနေမကောင်းကြောင်း ရိပ်စားမိကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။

နောက်ဆုံးအကြိမ်က သူသည် လုမင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သန့်စင်သော ခွန်အားဖြင့် ပြောရမည်ဆိုလျှင် သူသည် လုမင်ထက် ပိုအားကောင်း၏။ လုမင်က လဲ့တင်းကို ထိန်းချုပ်ထားသောကြောင့်သာ သူ ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူဟာ ဤတစ်ကြိမ်တွင် မိုးကြိုးကြံ့အဓိပဓိနှင့် ပူးပေါင်းခဲ့ပေသည်။

မူလက မိုးကြိုးကြံ့အဓိပတိနှင့် ပူးပေါင်းခြင်းက လုမင်ကိုသတ်ရန်လုံလောက်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း လုမင်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လိပ်တစ်ကောင်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ လိပ်တစ်ကောင်က အမှန်တကယ်ပင် မိုးကြိုးကြံ့အဓိပတိကို ဖိနှိပ်ပြီး အသာစီးရယူထားနိုင်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်ရန် တွေးတောလာတော့သည်။

"နတ်ဘုရားတံခါး တံဆိပ်ကိုးခု"

ဤအခိုက်တွင် လုမင်က သူ၏လူသားပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ သူက လဲ့တင်းကိုထိန်းချုပ်၍ အမှောင်လျှပ်စီးအရှင်သခင်ကို တိုက်ခိုက်လျက်ရှိ၏။ တချိန်တည်းမှာပင် လက်နှစ်ဖက်စလုံးဖြင့် တံဆိပ်တော်များကို ဖန်တီးခဲ့သည်။

ရုတ်တရက် အလုံပိတ် တံခါးသုံးခုက အမှောင်လျှပ်စီးအရှင်သခင်၏ ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

အလုံပိတ်တံခါးက စူးရှတောက်ပသောအလင်းရောင်ကို ထုတ်လွှတ်လိုက်ကာ အမှောင်လျှပ်စီးအရှင်သခင်ကို ဖိနှိပ်လိုက်၏။

"ဒါက…"

အမှောင်လျှပ်စီးအရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ တံဆိပ်တော်တံခါးအောက်တွင် သူ့ခန္ဓာကိုယ်သာမက သူ၏ ယွမ်ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်ကိုပါ ချိတ်ပိတ်တော့မည်အား သူခံစားခဲ့ရသည်။

"ပွင့်စမ်း"

အမှောင်လျှပ်စီးအရှင်သခင်က အော်ဟစ်ပြီး အလုံပိတ်တံခါးကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။

ခဏချင်းပင်၊ အလုံပိတ်တံခါးသုံးခုက ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကို ခံရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်လာခဲ့၏။

"ပူဖောင်းလေး"

ဤအချိန်တွင် လုမင်က အော်လိုက်သည်။

"တွီ တွီ..."

အားအင်အပြည့်နှင့် ပူဖောင်းလေးက အော်ဟစ်ပြီး လုမင်၏ပခုံးပေါ်တွင် ပေါ်လာခဲ့၏။

"ဝှစ်"

နောက်အခိုက်အတန့်တွင် ပူဖောင်းလေးက လှုပ်ရှားလာပြီး ချက်ခြင်းပျောက်သွားသည်။ ပူဖောင်းလေး၏ လှုပ်ရှားမှုက သာမန်မျက်စိဖြင့် စောင့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။ သူက ဟင်းလင်းပြင်အတွင်းမှ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ဖောက်ထွင်းမြင်ရသည့် ဧရာမ ပူဖောင်းတစ်ခု ထွက်ပေါ်လာပြီး အမှောင်လျှပ်စီးအရှင်သခင်ကို လွှမ်းခြုံသွားသည်။

ဤအခိုက်အတန့်တွင် အမှောင်လျှပ်စီးအရှင်သခင်၏ ဧရာမတူကြီးက လေထဲ၌ အေးခဲသွားတော့သည်။

"အချိန်နဲ့ဟင်းလင်းပြင်၊ ဒါက မဖြစ်နိုင်ဘူးလေ"

ဧရာမတူကြီးထံမှ ထိတ်လန့်တကြား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သတ်"

လုမင် အော်လိုက်သည်။ သူက ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ်ပြောင်းလဲပြီး အင်အားအပြည့်နှင့် ဧရာမတူကြီးကို ဖိချလိုက်၏။ တစ်ချိန်တည်းမှာပင်၊ လဲ့တင်းက ဧရာမ သံတူကြီးဆီသို့ ကျရောက်လာတော့သည်။

"ဝုန်း ဝုန်း"

ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာပြီး တူကြီး ပေါက်ကွဲသွားခဲ့သည်။ သွေးများနှင့် ချောင်းတဟွတ်ဟွတ်ဆိုးနေသော အမှောင်လျှပ်စီးအရှင်သခင် လူသားအသွင် ပြန်ပေါ်လာခဲ့၏။

"ငါ မင်းကို အနောက်ဘက် လိုက်ပို့ပေးမယ်"

လုမင်၏ အသံက အေးစက်နေပြီး အမှောင်လျှပ်စီးအရှင်သခင်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

ဤအခိုက်တွင်၊ အမှောင်လျှပ်စီးအရှင်သခင်က ပူဖောင်းလေး၏ ပူဖောင်းအတွင်းမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေသည်။ နောက်ဆုံးတွင် ပူဖောင်းက ပေါက်ကွဲသွားပြီး သူ အသည်းအသန် ထွက်‌ပြေးလိုက်၏။

သို့သော်လည်း ဤအခိုက်တွင် ဟင်းလင်းပြင်က တုန်ခါသွားပြီး ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းလေးခုက တစ်ချိန်တည်းတွင် ထွက်ပေါ်လာကာ အမှောင်လျှပ်စီးအရှင်သခင်ကို နေရာပေါင်းစုံမှ ဖုံးအုပ်သွားတော့သည်။

အမှောင်လျှပ်စီးအရှင်သခင်၏ ခန္ဓာကိုယ်က တစ်ဖန် အေးခဲသွားသည်။

"မဟုတ်…"

အမှောင်လျှပ်စီးအရှင်သခင် သွေးရူးသွေးတန်းဖြစ်ပြီး အော်လိုက်သည်။

"ဒေါင်"

လဲ့တင်းက သူ၏နဖူးကို ထိမှန်သွား၏။ အ‌မှောင်လျှပ်စီးအရှင်သခင်မှာ စကားပင်ဆုံးအောင် မအော်နိုင်တော့ပေ။ သူ့ဦးခေါင်းက ပေါက်ထွက်လုနီးပါး ဖြစ်သွားသည်။

ထိုအချိန်တွင် လုမင် ထပ်ရောက်လာပြန်သည်။ ဤအခိုက်အတန့်တွင်၊ လုမင်က သူ၏လူသားပုံစံ ပြန်ပြောင်းထား၏။ သူက တတိယသွေးမျိုးဆက်မှဖွဲ့စည်းထားသော သွေးဓားကို ကိုင်ဆောင်ကာ အမှောင်လျှပ်စီးအရှင်သခင်၏နဖူးကို ထိုးစိုက်လိုက်တော့သည်။

"ဖောက်"

အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ အမှောင်လျှပ်စီးအရှင်သခင်မှာ နတ်ဝိညာဉ်ပင်လျှင် မလွတ်မြောက်ဘဲ ထက်ခြမ်းကွဲကျသွားတော့သည်။

အမှောင်လျှပ်စီးအရှင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

လုမင်နှင့် ပူဖောင်းလေးတို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် အဓိပတိပညာရှင်တစ်ဦး တိုက်ရိုက် သေဆုံးသွားခဲ့ပြီ။

တစ်ချိန်က အဓိပတိများသည် အလွန်မြင့်မားပြီး တန်ခိုးကြီးမားသောကြောင့် လုမင်က သူတို့ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော်လည်း ယနေ့မှာတော့ လုမင်ဟာ အဓိပဓိနယ်ပယ် ပညာရှင်တစ်ဦးကို ကိုယ်တိုင်သတ်ပစ်နိုင်ခဲ့ပြီ။

"တွိ တွိ"

ပူဖောင်းလေးက လုမင်၏ပခုံးဆီသို့ ပြန်ရောက်လာကာ ဂုဏ်ယူစွာ အော်ဟစ်လိုက်သည်။

လုမင်လည်း ပြုံးပြီး ပူဖောင်းလေးကို ပွတ်သပ်လိုက်၏။ ကံကောင်းစွာဖြင့်၊ ပူဖောင်းလေးက အတူတကွ တိုက်ခိုက်ခဲ့သည်။ မဟုတ်ပါက လုမင်၏ လက်ရှိကျင့်ကြံခြင်းဖြင့် အဓိပဓိမှ ထွက်ပြေးချင်လျှင် သတ်ရခက်လိမ့်မည်။

သို့သော်လည်း ပူဖောင်းလေးက အမှေင်လျှပ်စီးအရှင်သခင်ကို ဟန့်တားခြင်းသာ ပြုခဲ့သည်။ သူထွက်မပြေးနိုင်သည်နှင့် လုမင်ကို မခုခံနိုင်ဘဲ တိုက်ရိုက်သေဆုံးသွားတော့သည်။

'ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်ဟာ မျှော်လင့်ထားသလိုပါပဲ။ အချိန်ဟင်းလင်းပြင်ကြွက်က အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပုံရတယ်။ သူ ကြီးပြင်းလာပြီး အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ မသိဘူး'

လုမင်လည်း သူ့စိတ်ထဲမှ သက်ပြင်းတစ်ချက်ချကာ မျှော်လင့်သွားမိသည်။

လုမင်က ပူဖောင်းလေးနှင့် ပူးပေါင်းလိုက်သောအခါ အမှောင်လျှပ်စီးအရှင်သခင်ကိုသတ်ရန် တစ်မိနစ်ပင် မကြာလိုက်ပေ။ ဤမြင်ကွင်းက လဲ့နျိုနှင့် မိုးကြိုးကြံ့၏အမြင်သို့ ရောက်သွားသောအခါ လွန်စွာ ကြောက်ရွံ့သွားကြသည်။

"မဖြစ်နိုင်ဘူး"

လဲ့နျို အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်နေတော့သည်။

သူဟာ မနီးမဝေးတွင် ရပ်နေခြင်း ဖြစ်သည်။ အစကတော့ လုမင် အသတ်ခံရသည့်မြင်ကွင်းကို သူ့မျက်စိနှင့် မြင်လိုခဲ့ပေသည်။ သို့သော်လည်း ထိုအရာကို သူမမြင်ခဲ့ပါ။ ထိုအစား လုမင်က အဓိပဓိတစ်ပါးအား သတ်ဖြတ်ခဲ့သည်ကိုသာ သူမြင်ခဲ့ရသည်။ ထို့ကြောင့် သေမတတ် လန့်ဖျတ်သွားတော့သည်။

"ပြေး!"

လဲ့နျို မတုံ့ဆိုင်းတော့ဘဲ ချက်ချင်းလှည့်ပြီး ထွက်ပြေးသွားသည်။

"မင်းထွက်သွားနိုင်တယ်လို့ ငါပြောခဲ့လို့လား"

လုမင်၏ တည်ငြိမ်သော အသံကို ကြားလိုက်ရသည်။ လေထု တုန်ခါမှုနှင့်အတူ လုမင်က သူ့ဘေးတွင် ပေါ်လာခဲ့၏။

"လုမင်၊ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါက အနောက်တိုင်း နတ်နန်းတော်ရဲ့ သခင်လေးနော်။ ငါ့အဖေက ရှုံးပွဲမရှိတဲ့ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူပဲ။ မင်းငါ့ကိုသတ်ရင် ကံကြမ္မာဆိုးကြီးကို မင်းခံစားရလိမ့်မယ်"

လဲ့နျိုက လုမင်ကို ကြိမ်းမောင်းလိုက်သည်။

"ပူဖောင်းလေး"

လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ ပူဖောင်းလေးက လှုပ်ရှားလိုက်သည်နှင့် ကြည်လင်‌သော ပူဖောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ကြည်လင်သော ပူဖောင်းလေးများက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိနိုင်ပေ။ အမှောင်လျှပ်စီးအရှင်သခင်ပင်လျှင် မလွတ်မြောက်ဘဲ ချုပ်ခံခဲ့ရသည်။ လဲ့နျိုလည်း လုံး၀ မလှုပ်ရှားနိုင်ဘဲ ပူဖောင်းလေးဖြင့် ဖုံးအုပ်ခံလိုက်‌ရတော့သည်။

ပူဖောင်းအတွင်း၌ အရာအားလုံးကို ပိတ်လှောင်ထားနိုင်သော အချိန်နှင့် ဟင်းလင်းပြင်စွမ်းအားတို့ ရှိသည်။

"မဟုတ်ဘူး၊ မလုပ်နဲ့..."

လဲ့နျို အာခေါင်ခြစ်ကာ အော်ဟစ်လိုက်၏။

လုမင်က မတုန်မလှုပ်ဘဲ ဓားချက်ထုတ်ဖော်လိုက်သည်နှင့် လဲ့နျို၏ဦးခေါင်းက ကောင်းကင်သို့ လွင့်စဉ်သွားတော့သည်။ သူ၏ နတ်ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။

"သခင်လေး..."

မိုးကြိုးကြံ့သည် ဒေါသအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း ယခုအချိန်တွင် ပို၍အရေးကြီးသည်မှာ သူ၏ အသက်ရှင်သန်ရေးပင်။

ယခင်က သူသည် လဲ့နျိုကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း တန်တန်က တားဆီးထားခဲ့သည်။

'ငါ ဒီနေရာကနေ ထွက်သွားရမယ်။ ဒီကောင်က မကောင်းဆိုးရွားပဲ'

မိုးကြိုးကြံ့အဓိပဓိက စိတ်ထဲမှ အော်ဟစ်ကာ လွတ်မြောက်ရန် အရူးအမူး ကြိုးစားလိုက်သည်။

သို့သော်လည်း၊ တန်တန်က ထူးဆန်းသောနည်းလမ်းမျိုးစုံကို အတောမသတ် ထုတ်ပြနေသည်မှာ စိတ်မကောင်းစရာပင်။ တန်တန်၏ နည်းလမ်းများမှာ ထူးခြားလွန်း၍ မြင်ဖူးရန် မဆိုထားနှင့်၊ သူ မကြားဖူးသော အရာများပင် ရှိသည်။ တန်တန်၏ အသုံးပြုမှုအောက်တွင် နည်းလမ်းအစုံက ကြောက်စရာစွမ်းအားများနှင့် ပေါက်ကွဲကြပြီး မိုးကြိုးကြံ့အဓိပဓိကို ဖိနှိပ်ထားတော့သည်။

All Chapters