← Chapters

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အပိုင်း ( 1248 ) ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ရှစ်။

တန်တန်က မိုးကြိုးကြံ့အဓိပဓိကို လုံးလုံးလျားလျား ဖိနှိပ်ထားကြောင်း မြင်ရသောအခါ လုမင် အလျင်မလိုတော့ပေ။ သူက အမှောင်လျှပ်စီးအရှင်သခင်၏ သွေးအနှစ်သာရကို ဦးစွာ ဖယ်ထုတ်ပြီးမှ မိုးကြိုးကြံ့ အဓိပဓိဆီသို့ လှမ်းခဲ့သည်။

လုမင် လာနေတာကိုမြင်တော့ မိုးကြိုးကြံ့အဓိပတိက ထိတ်လန့်တုန်လှုပ်သွား၏။

သူက ဟိန်းဟောက်ပြီး အသည်းအသန် တိုက်ခိုက်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် ကြည်လင်သော ပူဖောင်းတစ်ခု ပေါ်လာကာမိုးကြိုးကြံ့အဓိပတိကို ဖုံးအုပ်၍ ချုပ်နှောင်သွားတော့သည်။

"ငါ့ကိုမသတ်နဲ့၊ ငါ့ကိုချမ်းသားပေးပါ၊ ချမ်းသာပေးပါ"

ထိုအခါ မိုးကြိုးကြံ့အဓိပဓိမှာ ပို၍ ကြောက်ရွံ့လာပြီး စတင်တောင်းပန်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူ့အသက်က ငယ်သေးသည်။ မွေးစမှ ယခုအချိန်အထိ နှစ်ပေါင်းတစ်ထောင်သာ အသက်ရှင်ခဲ့သည်။ အဓိပတိများ၏ သက်တမ်းသည် အနှစ်ငါးထောင် ရှိ၏။ သူ့တွင် အချိန်အများကြီးကျန်သေး၍ မသေချင်သေးပါ။

"ဟာသပဲ၊ မင်းက ငါ့ကို သတ်ချင်နေခဲ့ပြီးမှ အခု မင်းကို လွှတ်စေချင်နေတာလား"

လုမင်က သတ်ဖြတ်ချင်စိတ်တို့ကြောင့် အေးစက်နေသောလေသံဖြင့် လှောင်ပြောင်လိုက်သည်။

"ဒုန်း"

တန်တန်က မိုးကြိုးကြံ့အဓိပဓိ၏ ဦးခေါင်းကို တစ်ဖန်ရိုက်ချလိုက်ရာ ခေါင်းတစ်ခုလုံး မူးနောက်သွား၏။

"မဟုတ်ဘူး၊ ငါ့ကို ချမ်းသာပေးပါ။ မင်းလုပ်ချင်တာမှန်သမျှ ငါလုပ်ပေးပါ့မယ်၊ ငါ မင်းနဲ့ပူးပေါင်းပြီး မင်းရဲ့စီးတော်အဖြစ်တောင် နေနိုင်တယ်"

မိုးကြိုးကြံ့ အဓိပတိက အော်လိုက်သည်။

ဤအချိန်တွင် အခြား ဘာကိုမှ သူ ဂရုမစိုက်နိုင်တော့ပါ။ သူ့အသက် မသေရေးက အဓိကဖြစ်သည်။

"ဟမ်၊ တန်တန်... ခဏနေဦး"

လုမင် မျက်ခုံးပင့်လိုက်၏။

မိုးကြိုးကြံ့အဓိပဓိကို စီးတော်အဖြစ် ခေါ်ယူခြင်းက မဆိုးပေ။

မိုးကြိုးကြံ့ အဓိပတိကို သတ်လိုက်ပါက အလွန်ဆုံး လုမင်အတွက် အသုံးဝင်သည့် သူ၏ပစ္စည်းများနှင့် သွေးအနှစ်သာရ ကိုးစက်ကိုသာ ရရှိနိုင်သည်။

သို့ရာတွင်၊ သူ့ကို စီးတော်အဖြစ် ခေါ်ယူလျှင်တော့၊ အသက်ရှင်နေသော အဓိပဓိက လုမင်အား အရာအများစု ပြုလုပ်နိုင်ရန် ကူညီပေးနိုင်သည်။

"တန်တန်၊ မင်းမှာ သူ့ကိုထိန်းချုပ်ဖို့ နည်းလမ်းရှိလား"

လုမင်က တန်တန်ကို မေးလိုက်သည်။

"စိတ်ချလိုက်၊ သူ မခုခံသရွေ့ သူ့ကို ထိန်းချုပ်ပြီး နာခံမှုရှိအောင်လုပ်ဖို့ နည်းလမ်းတစ်ရာကျော်ရှိတယ်။ အဲဒီအခါကျ တစ်ဆိုရင် ဘယ်တော့မှ နှစ်မြစ်နိုင်တော့မှာ မဟုတ်ဘူး"

တန်တန်က ပြောသည်။

"မိုးကြိုးကြံ့၊ မခုခံနဲ့"

လုမင် ပြောလိုက်၏။

မိုးကြိုးကြံ့အဓိပဓိလည်း သူပြောသည့်အတိုင်း လုပ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူဟာ အနည်းငယ်မျှ မခုခံတော့ဘဲ သူ၏ဝိညာဉ်နတ်ဘုရား၌ ကမ္ပည်းရေးထိုးခြင်းကို ခွင့်ပြုခဲ့ရသည်။ ဤအခါမှာတော့ သူ့တွင် သစ္စာဖောက်ရန် စိတ်ကူးလိုက်သည်နှင့် တန်တန်၏ အတွေးတစ်ခုနှင့် သေသွားရလိမ့်မည်။

ကမ္ပည်းရေးထိုးပြီးနောက် တန်တန်က လိပ်ကလေးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ မိုးကြိုးကြံ့အဓိပဓိလည်း လူစားအသွင်ကို ပြန်ပြောင်းသွား၏။ သူက လုမင်ကို ရိုးရိုးသားသား ဦးညွတ်လိုက်တော့သည်။ သူ့နှလုံးသားအတွင်းတွင် အကူညီမဲ့ခြင်း ပြည့်နေသော်လည်း သူ့အသက်ကို ကယ်တင်ရန် အခြားရွေးချယ်စရာမရှိတော့ပါ။

"မိုးကြိုးကြံ့၊ ငါ နောက်ထပ် ရက်နည်းနည်းလောက် လေ့ကျင့်ဖို့လိုသေးတယ်။ မင်း စောင့်ကြပ်နေပါ"

ထိုသို့ပြောဆိုပြီးနောက် တောင်တန်းမြစ်မျဉ်း ပေါ်လာသည်။

"ဂူလှိုဏ်ကောင်းကင်ရတနာလား"

မိုးကြိုးကြံ့ အဓိပတိလည်း ယင်းကိုမြင်တော့ အံ့သြသွား၏။

သူ့မျက်လုံးထဲတွင် လုမင်က လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

လုမင်၏‌ဘေးတွင် လိပ်ကလေးတစ်ကောင်နှင့် ကြွက်ကလေးတစ်ကောင် ရှိနေသည်။ ထိုနှစ်ကောင်ကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းခဲ့ကြ၏။ လုမင်ဆိုလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ အံ့ဖွယ်ကောင်းလှသည်။

တောင်နှင့်မြစ်ပန်းချီကားက အလင်းရောင်တစ်ချက်လက်ပြီး မိုးကြိုးကြံ့အဓိပဓိကို ပန်းချီကားထဲသို့ ‌ဆွဲယူသွား၏။

ထို့နောက်မှာတော့ နဝမနဂါးသွေးမျိုးဆက်နှင့် အမှောင်လျှပ်စီးအရှင်သခင်၏ ယွမ်ချီစွမ်းအင်နှင့် စွမ်းအင်အားလုံး တို့ကို ဝါးမြိုသွားတော့သည်။

အမှောင်လျှပ်စီးအရှင်သခင်က မိုးကြိုးတာအိုကို အဓိကထားပြီး လေ့ကျင့်သူ ဖြစ်သည်။ သို့သော်လည်း လုမင်၏ မိုးကြိုးတာအိုက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထပ်မံဝါးမျိုလျှင်လည်း အသုံးမဝင်တော့ပေ။

လုမင်က ယွမ်ချီစွမ်းအင်အားလုံးကို ဝါးမျိုလိုက်၏။ ထို့နောက်မှာတော့ ‌တစ်နေရာရှာပြီး စတင် သန့်စင်လိုက်တော့သည်။

အဓိပဓိတစ်ပါး၏ ယွမ်ချီစွမ်းအင်က အားကောင်းလွန်းလှသည်။ သူ့သွေးထဲတွင်ပါသော စွမ်းအင်အနှစ်သာရက တုနှိုင်းမရအောင် အားကောင်း၏။ လုမင်လည်း ထိုစွမ်းအင်များကိုသန့်စင်ကာ ကျင့်ကြံခြင်းအခြေခံ တိုးတက်စေရန် ကြိုးစားလိုက်တော့သည်။

၎င်းကို သန့်စင်လိုက်သည်နှင့်အမျှ လုမင်၏ ကျင့်ကြံခြင်းက တိုးတက်လာခဲ့သည်။

သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်မှ များမကြာမီတွင် ဝိညာဥ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်သွား၏။ ထိုမှတစ်ဖန် သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ထိုးတက်လာတော့သည်။

လုမင်၏ လက်ရှိတာအိုအဆင့်အရ သူ့တွင် လုံလောက်သော စွမ်းအင်ရှိသရွေ့ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်။

"ဝုန်း"

ယွမ်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့သွားပြီး ပို၍ အားကောင်းလာခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်အနည်းငယ် ကြာသွားသည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံကလည်း နောက်ဆုံးတွင် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

"အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်က အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်ထက် အများကြီး အားကောင်းတာပဲ"

သူ့ခန္ဓာကိုယ်ထဲမှ ကြွယ်ဝပြီး အားကောင်းသော စွမ်းအင်များကို ခံစားမိသောအခါ လုမင်၏ မျက်လုံးတွေဟာ ယုံကြည်မှုအပြည့်ဖြင့် တောက်ပလာခဲ့သည်။

ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း တိုးတက်လာမည်မှာ အမှန်ပင်။

ယခုအခါ၊ သူ၏အင်အားအပြည့်ဖြင့် ထုတ်ဖော်ပါက လဲ့နျိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို တစ်ချက်တည်းဖြင့်သတ်ရန် လုံလောက်သည်။

ယခုဆိုလျှင် အမှောင်လျှပ်စီးအရှင်သခင်ကဲ့သို့ အဓိပဓိတစ်ပါးကို လဲ့တင်း သို့မဟုတ် ပူဖောင်းလေးတို့၏ အကူအညီမပါဘဲ ပို၍လွယ်ကူစွာ တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်မှုရှိသည်။

ဟုတ်သည်၊ အဓိပဓိများကြားမှာလည်း အင်အားကွာခြားချက်များ ရှိပေသည်။

နတ်ဘုရားအဆင့်ခုနစ်၊ အဆင့်ရှစ်၊ အဆင့်ကိုး သွေးမျိုးဆက်များကို နိုးထနိုင်သော အဓိပဓိများက သဘာဝအတိုင်း အားကောင်းကြသည်။

"လဝက်လောက်ကြာပြီပဲ၊ ငါတို့ပြန်ဖို့ အချိန်တန်ပြီ"

လုမင်လည်း ခဏစဉ်းစားပြီးနောက် ခြေတစ်ချက်လှမ်းကာ ရှန်းရွှီရှေးမြို့တော်သို့ ဦးတည်သွားလိုက်တော့သည်။

မကြာမီ၊ လုမင်က ရှန်းရွှီရှေးမြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ ထိုအခါ ရှဲ့နျန်ချင်းပါ အပြင်ထွက်လာ၍ နှစ်ဦးသား အတူယှဉ်တွဲကာ လျှောက်ခဲ့ကြလေသည်။

"ရှေးမြို့တော်မှာ လူတွေ ပိုများလာပုံရတယ်"

ရှဲ့နျန်ချင်းက ပြောသည်။

လုမင် ခေါင်းညိတ်လိုက်၏။ ရှေးမြို့တော်ကို လူများ အဆက်မပြတ် လာနေကြ၍ ယခင်ကထက် များစွာ ပိုများလာခဲ့ပေသည်။

စုံစမ်းမေးမြန်းပြီးနောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုက ပြီးဆုံးတော့မည်ဖြစ်၍ ရှန်းရွှီတိုက်ကြီးတစ်ခွင်မှ လူများစွာတို့ ကြည့်ရှူရန် ရောက်လာကြခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

လုမင် ခေါင်းညိတ်လိုက်၏။ တကယ်‌တမ်း ယင်းကိုနားလည်ရန် မခက်ခဲပေ။ ရှေးခေတ်ကတည်းက ယွမ်လုအင်အားစုသည် ရှန်းရွှီတိုက်အဖွဲ့အစည်းမှ တပည့်ရွေးချယ်ခြင်းမှာ ရှားပါးသည်။ သို့ဖြစ်ပေရာ လူအများကို ဆွဲဆောင်ခြင်းက ပုံမှန်ပင်။

လုမင်နှင့် ရှဲ့နျန်ချင်းလည်း အေးအေးလူလူ လျှောက်လှမ်းသွားကြသည်။ သူတို့သည် ရက်ပေါင်းများစွာ လေ့ကျင့်နေရသောကြောင့် ယခုက အနားယူရန် အချိန်ပင်။

အတန်ကြာအောင် လျှောက်လာပြီးနောက် တစ်ခုခုစားရန် ကြံရွယ်ရင်း ခံစားသောက်ဆိုင်တစ်ခုထဲကို အတူလျှောက်သွားသည်။

စားသောက်ဆိုင်များက အတော်ရောင်းအားကောင်းပေသည်။ စားပွဲများစွာတွင် လူများဖြင့် ပြည့်နေသည်။

နှစ်ယောက်သား အမြင့်ဆုံးထပ်သို့ လျှောက်သွားကာ စားပွဲအလွတ်တစ်ခုရှာပြီး ဟင်းအမယ်များ မှာယူလိုက်ကြသည်။

နှစ်ယောက်သား စကားစမြည်ပြောရင်း ထမင်းစားလိုက်၏။

လဝက်ကြာ လေ့ကျင့်ပြီးနောက် ရှဲ့နျန်ချင်း၏ သိုင်းပညာ ကျွမ်းကျင်မှုမှာ အလွန်တိုးတက်လာခဲ့သည်။ သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း များစွာ တိုးမြင့်လာခဲ့ပြီ။

ပဉ္စမထပ်ကို နှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းက သီးသန့်အခန်းဖြစ်ပြီး နောက်တစ်ခုကတော့ ရိုးရိုးထမင်းစားပွဲပင်။

ထိုအချိန်တွင် သီးသန့်ခန်းတစ်ခု၏ တံခါးပွင့်လာပြီး လူငယ်နှစ်ဦး ထွက်လာခဲ့သည်။

"ရေခဲနဂါး"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ လူငယ်နှစ်ဦးအနက် တစ်ဦးမှာ သူ့ကို ရှုံးနိမ့်ခဲ့ဖူးသော ရေခဲနဂါးဖြစ်၏။

သူ၏ဘေးတွင် အခြား လူငယ်တစ်ဦးက ဘေးချင်ကပ်လျက် လျှောက်ခဲ့သည်။ သူ့မျက်နှာမှာတော့ ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုရှိ၏။ ၎င်းကလည်း ရေခဲနဂါးနှင့် အဆင့်တူ ပါရမီရှင်တစ်ဦး ဖြစ်ဟန်တူသည်။

"သူတို့က သွေးနေမင်းတိုက်ကြီးရဲ့ ပါရမီရှင်တွေပဲ"

နောက်လူငယ်ကို ကြည့်မိသောအခါ လုမင် မျက်ခုံးအနည်းငယ်တွန့်သွားသည်။

သွေးနေမင်းတိုက်ကြီးသည် ရှန်းရွှီတိုက်အဖွဲ့အစည်း၌ ဒုတိယအဆင့် ဖြစ်သည်။ ဤတိုက်ကြီးက ကျွမ်းကျင်ပညာရှင်များ၊ ပါရမီရှင်များ ပြည့်နှက်နေပေသည်။

၎င်းတို့က ရှန်းရွှီတိုက်ကြီးနှင့် မယှဉ်နိုင်သော်လည်း အခြားတိုက်ကြီးများထက် ပိုအားကောင်းကာ လျှော့တွက်၍မရပေ။

သူတို့နှစ်ဦးက လုမင်နှင့် ရှဲ့နျန်ချင်း၏ စားပွဲဆီသို့ တိုက်ရိုက် လျှောက်လာခဲ့ကြသည်။

လုမင်က မျက်လုံးကို အနည်းငယ်မှေးစင်းပြီး အရက်တစ်ငုံ သောက်လိုက်၏။

"မင်းက လုမင် မဟုတ်လား"

ရေခဲနဂါးသည် လုမင်ကိုကြည့်ကာ အေးစက်စက်ဖြင့် ပြောသည်။

"မဆိုးပါဘူး၊ မင်းက မှတ်ဉာဏ်ကောင်းသေးပုံပဲ"

လုမင် ပြောလိုက်၏။

"ငါတို့အကြွေးတွေကို နောက်မှ ဖြေရှင်းမယ်"

ရေခဲနဂါးက ဒါပဲပြောပြီး ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။

"မင်းက ရှဲ့နျန်ချင်း မဟုတ်လား"

"မှန်တယ်"

ရှဲ့နျန်ချင်းက ပြောသည်။

"ကောင်းတယ်၊ အခု မင်းရဲ့အခွင့်အလမ်း ရောက်လာပြီ။ သီးသန့်ခန်းမှာ ရှိတဲ့လူက ကောင်းကင်နတ်ဘုရားဂိုဏ်းက ပါရမီရှင် လင်းသခင်လေးပဲ။ လင်းသခင်လေးက မင်းကို မဆိုးဘူးထင်တာကြောင့် သူနဲ့အရက်သောက်ရအောင် ခေါ်ခိုင်းလိုက်တာ။ ကံကောင်းရင် သူနဲ့အိပ်ဖို့ အခွင့်အရေးတောင် ရနိုင်တယ်။ ဒါက မင်း ကောင်းကင်ကိုတက်ဖို့ အခွင့်အလမ်းပဲ"

ရေခဲနဂါးက ပြောလိုက်သည်။

ဤစကားများက ရှဲ့နျန်ချင်းကို မျက်မှောင်ကြုတ်သွားစေ၏။ လုမင်၏ မျက်လုံးများကလည်း အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters