← Chapters

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အပိုင်း ( 1252 ) လင်းသခင်လေးကို စိန်ခေါ်ခြင်း။

ယခုမူ၊ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် နဂါးနတ်ဘုရားတောင်ကြားတို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းက လုမင်ကို မရွေးချယ်ခဲ့လျှင်ပင် တခြားဂိုဏ်းသုံးဂိုဏ်းသို့ ဝင်‌ရောက်ရန် ဖြစ်နိုင်ခြေရှိ၏။ လင်းသခင်လေးအနေဖြင့် ဤအဖြစ်မျိုးကို လုံးဝ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူထလာပြီး လုမင်ရှေ့တွင် ရပ်လိုက်သည်။

လူတော်တော်များများကတော့ ဘာတွေဖြစ်‌နေမှန်း နားမလည်သေးဘဲ လင်းသခင်လေးကို အံ့သြတကြီး ကြည့်ကြ၏။

သို့သော်လည်း လုမင်နှင့် လင်းသခင်လေးကြားမှ ပဋိပက္ခအကြောင်းကို သိသူအချို့ကတော့ သဘောပေါက်သွားကြသည်။

"လွန်ခဲ့တဲ့တစ်ရက်ခွဲလောက်က လုမင်နဲ့ လင်းသခင်လေးတို့ တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ လင်းသခင်လေးက လုမင်ကို ဘာမှလုပ်မနိုင်ခဲ့ဘူးလေ။ အဲဒီကတည်းက ဒီကိစ္စဟာ လွယ်လွယ်နဲ့ ပြီးဆုံးမှာမဟုတ်မှန်း ငါသိခဲ့တာပေါ့"

"ဘယ်လို၊ အဲလိုကိစ္စမျိုးရှိတာလား။ လုနင်က အတော်အားကောင်းတာပဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တောင်မှ သူ့ကို ဘာမှ မလုပ်နိုင်ဘူး"

"အဲဒီတုန်းက လင်းသခင်လေးဟာ သူ့ခွန်အားကို အပြည့်အ၀မသုံးဘူးလို့ ထင်တယ်၊ ဒါပေမဲ့ လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကြောက်စရာကောင်းတာကိုတော့ ငြင်းမရဘူး။ အဲဒီတုန်းကသာ ကိုယ့်မျက်စိနဲ့ မမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး"

လူတော်တော်များများ ဆွေးနွေးခဲ့ကြသည်။ လုမင်နှင့် လင်းသခင်လေးကြားမှ ပဋိပက္ခအကြောင်း ကြားရသောအခါ လူအများ အံ့အားသင့်သွားခဲ့ကြသည်။

ဆံပင်ဖြူ အဘိုးကြီးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အခြားသူများလည်း အံ့ဩသွား၏။ သို့သော်လည်း သူတို့က ဘာမှ မပြောခဲ့ကြပေ။

အခြား ဂိုဏ်းများစုံမှ ကျွမ်းကျင်သူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။

"မင်း ဘာပြောချင်တာလဲ"

လုမင် မျက်မှောင်ကြုတ်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်းက ဟင်းလင်းပြင်လမ်းထဲကိုဝင်ပြီး စာမေးပွဲကို ဖြေဆိုရအောင် အရည်အချင်းမပြည့်မီဘူး"

လင်းသခင်လေးက ပြော၏။

"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တ။ မင်းက ဒီလိုပြောလိုက်ရုံနဲ့ ငါ့မှာ အရည်အချင်းမရှိတော့ဘူးလို့ ထင်နေတာလား"

လုမင်က လှောင်ပြောင်လိုက်သည်။

"သင်းထောက်"

ထိုအခိုက်တွင် လင်းသခင်လေးက ဆံပင်ဖြူလူကြီးကို လက်ယှက်ပြပြီး ပြောလိုက်သည်။

"သင်းထောက်၊ လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းကို လေးစားမှု မရှိဘူး။ သူ့မှာ အရည်အချင်းရှိတယ်လို့ ထင်ရပေမဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဂရုမထားဘူး။ ဒီလိုလူမျိုး ကောင်းကင်နတ်ဘုရား ဂိုဏ်းဝင်ဖြစ်လာခဲ့ရင် မောက်မာပြီးတော့ ပုန်ကန်နိုင်ပါတယ်။ သူလိုလူမျိုးကို လေ့ကျင့်ပေးဖို့ မထိုက်တန်ပါဘူး။ ဒါကြောင့် သူ့ရဲ့ စမ်းသပ်မှု ပါဝင်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်"

"အိုး၊ အဲဒီလိုမျိုးရှိတာလား"

ဆံပင်ဖြူအဘိုးကြီး မျက်မှောင်ကြုတ်သွား၏။

"ဟားဟားဟား၊ အပိုစကားတွေပဲ။ ငါက ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဘယ်တုန်းက မရိုမသေလုပ်ခဲ့လို့လဲ။ ငါက မင်းကို မရိုသေပြုရုံနဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို မရိုမသေပြုခဲ့ရောလား"

လုမင် ရယ်မောလိုက်သည်။

"လုမင်၊ လိမ်ဖို့မကြိုးစားနဲ့။ မင်း မောက်မာပြီး ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ရှုံ့ချနေတာ ငါကြားတယ်။ ဒါကို ရေခဲနဂါးက သက်သေခံနိုင်တယ်"

လင်းသခင်လေးက ပြောလိုက်သည်။

"မှန်တယ်၊ ဒါအမှန်ပဲ"

ရေခဲနဂါးက အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဒါတင်မကပါဘူး၊ ဒုသင်းထောက်ကျောက်လည်း သက်သေခံနိုင်တယ်"

လင်းသခင်လေးက ဆံပင်ဖြူအဘိုးကြီးနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်လိုက်သည်။

ထိုလူလတ်ပိုင်း အမျိုးသားက လင်းသခင်လေးကို လာခေါ်ခဲ့သူ ဖြစ်ချေသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"တကယ်ပဲ ဒီလိုအရာမျိုး ရှိပါတယ်"

လူနှစ်ယောက်က သက်သေခံရန် ထွက်လာသည့်အချက်ကြောင့် ဆံပင်ဖြူ အဘိုးကြီးလည်း ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့၏။ သူက ခဏစဉ်းစားပြီး ပြောလိုက်သည်။

"ဒီလိုဆိုရင် ဒီကောင်လေး စမ်းသပ်မှုမှာ ပါဝင်စရာမလိုဘူး"

လင်းသခင်လေးလည်း ထိုစကားကြောင့် အလွန်ဝမ်းသာသွားသည်။ တစ်ဖက်တွင် လုမင်က ရယ်မောလိုက်၏။

ဤသည်မှာ မျက်နှာပြောင်တိုက်ပြီး ကျိန်ဆဲနေခြင်း ဖြစ်သည်။ အစမှအဆုံးအထိ လုမင်က လင်းသခင်လေးကိုသာ ပစ်မှတ်ထားခဲ့သည်။ သူသည် ကောင်းကင်နတ်ဘုရားဂိုဏ်း မကောင်းကြောင်းကို စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပါ။ ဤသည်က လွဲမှားမှု သက်သက် ဖြစ်သည်။

ထို့အပြင် ထိုလူလတ်ပိုင်း အမျိုးသားက လင်းသခင်လေးနှင့် ပေါင်းဖက်ခဲ့သည်မှာ ထင်ရှားလှပေသည်။ လင်းသခင်လေးထံမှ အကျိုးကျေးဇူးများ လျှို့ဝှက်စွာ ရရှိခဲ့ခြင်း ဖြစ်ဟန်တူသည်။

အခြားဂိုဏ်းကြီး သုံးခုမှ လူများကတော့ စကားတစ်ခွန်းမှ မပြောကြပါ။ သူတို့အမြင်တွင် လုမင်က အရေးမပါသော တည်ရှိမှုတစ်ခုသာ ဖြစ်သည်။ သူတို့က လုမင်ကို လုံးဝ အလေးအနက်မထားပေ။

"ရယ်စရာကောင်းတယ်၊ ဒါက တကယ်ကို ရယ်စရာပဲ။ ဒါက ယွမ်လုက အဓိကဂိုဏ်းတစ်ခုရဲ့ တပည့်လား။ သူ့ရဲ့ အရည်အချင်းက သာမန်ဖြစ်တဲ့အပြင် စရိုက်က ပိုတောင်ဆိုးသေးတယ်"

လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများကလည်း လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေတော့သည်။

"ဟေ့ကောင်၊ မင်း ဘာစကားပြောလိုက်တာလဲ။ ဘယ်သူ့ကို သာမန်လို့ပြောတာလဲ"

လင်းသခင်လေး ဒေါသတကြီး ဖြစ်သွားသည်။

"ဟုတ်တာပေါ့၊ မင်းအကြောင်းကိုပဲ ငါပြောနေတာ။ တကယ်လို့ ကောင်းကင်နတ်ဘုရားဂိုဏ်းက မင်းနဲ့တူရင် ကောင်းကင်နတ်ဘုရားဂိုဏ်းကို၀င်ဖို့ ငါ စိတ်မ၀င်စားဘူး"

လုမင်က လှောင်ပြောင်လိုက်သည်။

"အတင့်ရဲလိုက်တာ"

"မင်း ဘယ်လို ရဲဝံ့တာလဲ"

လင်းသခင်လေးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားတို့ နှစ်ယောက်စလုံးမှာ သည်းမခံနိုင်သည့်ပုံစံဖြင့် အော်ဟစ်လိုက်ကြသည်။

"ကောင်လေး၊ နောက်ဆုံးအကြိမ်က မင်း သေမဲ့ဘေးကလွတ်သွားတာ။ ဒီတစ်ခါတော့ မင်း သေပြီပဲ"

လင်းသခင်လေး၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ အားကောင်းသော သတ်ဖြတ်ချင်စိတ်များကလည်း လုမင်ကို ဖုံးလွှမ်းသွား၏။

"နောက်ဆုံးအကြိမ်က သေမဲ့ဘေးကနေ လွတ်မြောက်ခဲ့တာလား။ နောက်ဆုံးအကြိမ်က သေမဲ့ဘေးကနေ လွတ်မြောက်ခဲ့တာက မင်းမဟုတ်တာ သေချာလား။ ကောင်းပြီ၊ ဒီလိုဆိုရင် အားလုံးရှေ့မှာ မင်းကို ငါစိန်ခေါ်တယ်။ ငါ မင်းကို ဆယ်ကွက်နဲ့ အနိုင်ယူမယ်။ စိန်ခေါ်မှုကို မင်း လက်ခံဝံ့လား"

လုမင်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့အသံက တိုက်ခိုက်လိုစိတ်အပြည့်နှင့် ကျယ်လောင်စွာ ပျံ့လွင့်သွား၏။

"ဘာ၊ လုမင်က လင်းသခင်လေးကို စိန်ခေါ်ပြီး ဆယ်ကွက်နဲ့ အနိုင်ယူမယ်လို့ ပြောနေတာလား။ ရူးနေပြီ၊ သူ ရူးနေပြီပဲ"

"သူရူးနေတာတော့ သေချာတယ်။ အဲဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ပဲလေ"

လုမင်၏ စကားကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းသည် ယွမ်လုမှ အဓိကဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ရှန်းရွှီတိုက်ကြီးရှိ လူတို့၏ စိတ်နှလုံးတွင် ၎င်းတို့က မြင့်မြတ်ပြီး တန်ခိုးကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ၎င်းက နားမလည်နိုင်သော အင်အားတစ်ခု ဖြစ်ချေသည်။

ထို့အတူ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များကလည်း သူတို့၏ စိတ်နှလုံးထဲတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်သည်။ ယခုမူ၊ လုမင်က လင်းသခင်လေးကို စိန်ခေါ်နေခဲ့ပြီ။ ထို့ထက် ပို၍အရေးကြီးသည်က လုမင်သည် လင်းသခင်လေးကို ဆယ်ကွက်နှင့် အနိုင်ယူလိုခြင်း ဖြစ်သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

ယင်းကို မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။

ထိုအချိန်တွင် အလင်းတံခါးထဲသို့ မဝင်ရသေးသော ထိပ်တန်း ပါရမီရှင်အချို့က ရပ်တန့်သွားသည်။ သူတို့က အထဲကိုဝင်ရန် အလျင်မလိုဘဲ အပြင်မှာရပ်ပြီး စောင့်ကြည့်လိုက်၏။

"လုမင်က ရှမ်းဟွမ်တိုက်ကြီးရဲ့ ပါရမီရှင်ဖြစ်ပြီး ဒီနေရာမှာ ဒီလောက်မာနကြီးနေတယ်။ သူက ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ကိုတောင် စော်ကားဝံ့သေးတယ်။ သူက ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ"

မင်ကျစ်က လေထဲတွင်ရပ်ကာ လှောင်ပြောင်လိုက်သည်။

"မင်းဘာသိလို့လဲ။ ငါတော့ ဒီလိုမထင်ဘူး"

အသံတစ်ခုကို ကြားလိုက်ရ၏။ ယင်းက လုံချန်၏အသံ ဖြစ်သည်။

မင်ကျစ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် လုံချန်ကို ကြောက်၏။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ အထင်သေးနေဆဲဖြစ်ကာ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

'စောင့်ကြည့်နေပါ၊ လုမင် ဆိုးဆိုးရွားရွား သေရလိမ့်မယ်'

ထိုအချိန်တွင် လူတိုင်းနီးပါး၏ အကြည့်များက လင်းသခင်လေးဆီသို့ ကျရောက်သွားကြသည်။

တိုက်ငယ်တစ်ခုမှ ပါရမီရှင်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မြင့်မြတ်သော ပါရမီရှင်ကို စိန်ခေါ်ခဲ့၏။

လင်းသခင်လေးက ဤစိန်ခေါ်မှုကို လက်ခံပါမည်လော။

စိန်ခေါ်မှုကို လက်မခံရင်တော့ မျက်နှာပျက်ရမည် ဖြစ်သည်။ အကယ်၍ ဤအကြောင်းများသာ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ပျံ့နှံ့သွားပါက တစ်သက်လုံး ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

'ချီးပဲ'

လင်းသခင်လေးက စိတ်ထဲမှ ကျိန်ဆဲကာ အော်ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းက သေချင်နေ‌မှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ယခင်က လုမင်နှင့် တိုက်ခိုက်သောအခါတွင် သူ၏ အင်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။ သူ့စွမ်းရည်ကို အပြည့်အဝ အသုံးချပါက လုမင်ကို သေချာသတ်နိုင်မည်ဟု သူယုံကြည်သည်။

ထို့ပြင်၊ လုမင်က သူ့ကို ဆယ်ကွက်နှင့် အနိုင်ယူရန် မဖြစ်နိုင်ပေ။

"သတ်"

လင်းသခင်လေးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ မိုးပြာရောင် အလင်းများနှင့် သတ်ဖြတ်ချင်စိတ်က လေထဲတွင် ပြည့်နှက်သွား၏။

သူ့ ဦးခေါင်းထက်မှာ သွေးမျိုးဆက် ပေါ်လာတော့သည်။

လင်းသခင်လေးသည် တိုက်ပွဲစတင်သည်နှင့် သူ၏ခွန်အားကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် အမြင့်ဆုံးအထိ ထုတ်ဖော်ပြီး လုမင်အား တိုက်ခိုက်လိုက်၏။

"‌ဂါး..."

လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့သည်။ နဂါးစွမ်းအင်ကိုးခုကလည်း ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ပေါ်လာတော့သည်။

"ဝှစ်"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လင်းသခင်လေးကို တိုက်ခိုက်လိုက်သည်။ သူတိုက်ခိုက်လိုက်သည်နှင့် နဝနနဂါးသွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။

လုမင်၏ နဝမနဂါးသွေးမျိုးဆက် ပေါ်လာသည်နှင့် နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

"ဒါက နဝမနဂါး သွေးမျိုးဆက်ပဲ"

"တကယ်ကို သန့်စင်တဲ့ နဝမနဂါးသွေးမျိုးဆက်ပဲ။ ဒီကမ္ဘာပေါ်မှာ နဝမနဂါးသွေးမျိုးဆက်ကို နိုးထနိုင်သူ ရှိနေတယ်ဆိုတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး"

နဂါးနတ်ဘုရားတောင်ကြား၏ ကျွမ်းကျင်သူများထံမှ မယုံကြည်နိုင်သောအသံများကို ထွက်ပေါ်လာခဲ့သည်။

"ငါ့ နဂါးနတ်ဘုရားတောင်ကြားက ဒီကောင်လေးကို လိုချင်တယ်"

နဂါးနတ်ဘုရားတောင်ကြားမှ ခေါင်းဆောင်လူကြီး၏ မျက်လုံးများမှာ ပူလောင်ပြင်းပြမှုဖြင့်‌ တောက်ပသွားခဲ့သည်။

နာမည်အတိုင်း နဂါးနတ်ဘုရားတောင်ကြားက နဂါးများနှင့် ဆက်စပ်ပေသည်။ ယခုတော့ နဝမနဂါးသွေးမျိုးဆက်ကို တွေ့လိုက်ရပြီဖြစ်ရာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

"ဝုန်း ဝုန်း"

တချိန်တည်းမှာပင်၊ နဝမနဂါးက လေထဲသို့တိုးဝင်ပြီး လင်းသခင်လေးနှင့် တိုက်ခိုက်လိုက်၏။ ကောင်းကင်ကြီး တုန်ခါပြီး မြေပြင်အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

All Chapters