← Chapters

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အပိုင်း ( 1253 ) လင်းသခင်လေး ရှုံးနိမ့်ပြီ။

လုမင်သည် သူအသုံးမပြုသော ဝှက်ဖဲအနည်းငယ်မှလွဲ၍ သူ၏ခွန်အားအပြည့်ကို အသုံးပြုခဲ့သည်။

နဂါးခြေသည်းကိုးချောင်းတွင် တချို့က လျှပ်စီးလက်နေသည်။ ၎င်းတို့က မိုးကြိုးတာအိုသိုင်းပညာ၊ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

အခြားသော နဂါးခြေသည်းများကတော့ အတားအဆီးမဲ့သော ကောင်းကသိုင်းကို အသုံးပြုထားတော့သည်။

ဤသိုင်းပညာနှစ်ခု၏ ပေါင်းစပ်မှုစွမ်းအားက အလွန် ကြောက်စရာကောင်းသည်။

လင်းသခင်လေး၏ မိုးပြာရောင်အတောင်များက အဆုံးမဲ့လေပြင်းကို သယ်ဆောင်လာခဲ့သည်။ အတောင်ပံခတ်သံနှင့်အတူ မရေမတွက်နိုင်သောလေဓားသွားများက လေထုကိုဖြတ်ပြီး လုမင်ထံ တိုးဝင်လာခဲ့၏။

အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ နဂါးလက်သည်းများက လေဓားများကို ဖြတ်ကျော်ကာ လင်းသခင်လေးကို ဆက်လက် ဖမ်းဆုပ်လိုက်သည်။

လင်းသခင်လေး၏ အမူအရာက ပြောင်းလဲသွားသည်။ သူ တုန်လှုပ်သွား၏။

သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက် သူက အားနည်းချက်ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဝုန်း"

သူက အတောင်ခတ်လိုက်သည်နှင့် လေပြင်းတစ်ခု ထွက်လာခဲ့သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကလည်း ရုတ်တရက် တုန်ခါကာ အခြားတစ်နေရာတွင် ခဏချင်း ပြန်ပေါ်လာတော့သည်။

'နောက်ထပ် တာအိုသိုင်းပညာလား'

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

လင်းသခင်လေးက တာအိုသိုင်းပညာကို တစ်ခုထက်ပိုပြီး ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ကြောင်း သိသာထင်ရှားသည်။

ယခင်က လင်းသခင်လေးသည် တိုက်ခိုက်ရေး တာအိုသိုင်းပညာကိုပဲ အသုံးပြုခဲ့သည်။ ယခုမူ၊ သူက ရှောင်ရှားနည်း တာအိုသိုင်းပညာကိုပင် ထပ်မံ အသုံးပြုလာခဲ့ပြီ။ ထို့အပြင်၊ သူက သူ၏အမြန်နှုန်းကို အလွန်မြန်ဆန်စေသည့် လေတာအိုအား အဓိက နားလည်ထားခဲ့သည်။

"သေ"

လင်းသခင်လေး၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူက အတောင်ပံများကို ထပ်မံခတ်လိုက်ရာ သူ့ခန္ဓာကိုယ်က လေပြင်းတိုက်ခတ်သကဲ့သို့ နေရာမှ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို လုမင် ခံစားလိုက်ရသည်။

"ဂါး"

နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ မိုင်တစ်ရာကျော်ကို လွှမ်းခြုံထားသော ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ နဝမနဂါးက ၎င်း၏အမြီးကိုဝှေ့ကာ အရပ်ရပ်သို့ ရိုက်ထုတ်လိုက်တော့သည်။

"ဝုန်း"

နဂါးအမြီးက လေထုကိုဖြတ်ကာ ထက်သော အတောင်ပံတစ်စုံနှင့် ထိပ်တိုက်တွေ့သွားသည်။

ထို့နောက် လင်းသခင်လေး၏ ခန္ဓာကိုယ်က အနောက်ဘက်ကို လျှောထွက်သွား၏။

သို့သော်လည်း လင်းသခင်လေးက သူ၏အတောင်ပံများကို ထပ်မံခတ်လိုက်သည်နှင့် ပျောက်ကွယ်သွားပြန်‌တော့သည်။

လင်းသခင်လေးက တာအိုသိုင်းပညာနှစ်ခုကို တပြိုင်နက်တည်း အသုံးပြုခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အားကောင်း၏။ တူညီသောအဆင့်တွင် သူ့ကိုရင်ဆိုင်နိုင်သူ အလွန်ရှားနိုင်သည်။

သို့သော်လည်း၊ ကံမကောင်းစွာဖြင့် လုမင်နှင့် သူတွေ့ခဲ့ရပေသည်။

"ဝမ်"

နဝမနဂါးထံမှ ထူးဆန်းသော တံဆိပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် စူးရှသော အလင်းတန်းနှစ်ခုက လုမင်ကို ပိုင်းဖြတ်လာခဲ့၏။

"ငါမင်းကိုစောင့်နေတာ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ အလုံပိတ်တံခါးသုံးခုက လုမင်၏ ဘယ်ဘက်ခြမ်းတွင် တောက်ပသောအလင်းများနှင့် ထွက်ပေါ်လာခဲ့သည်။

နတ်ဘုရားတံခါး တံဆိပ်ကိုးခုက အရာအားလုံးကို ချိတ်ပိတ်လိုက်၏။

အလုံပိတ်တံခါးသုံးခု ပေါ်လာသည်နှင့်တပြိုင်နက် မိုးပြာရောင်အတောင်ပံနှင့် လင်းသခင်လေးမှာ ရုတ်တရက် ဖိနှိပ်ခံလိုက်ရတော့သည်။

"ချိုးဖြတ်၊ ချိုးဖြတ်လော့"

လင်းသခင်လေးက အော်ဟစ်လိုက်သည်။ အလုံပိတ်တံခါးသုံးခုပေါ်တွင် မိုးပြာရောင်အလင်းများ တဟုန်ထိုး တက်လာခဲ့၏။

အလုံပိတ်တံခါးသုံးခုက အချိန်မရွေး ပြိုကျတော့မလို ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။

သို့သော်လည်း လုမင်အတွက်တော့ အတွက် ဤအချိန်ခဏဟာ လုံလောက်သည်။

"ဝှစ် ဝှစ်"

နဂါးလက်သည်းကုပ်ချက်များက လင်းသခင်လေး၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ထိမှန်သွား၏။

မိုးပြာရောင်အလင်းများ ပြိုကျသွားပြီး လင်းသခင်လေး၏ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာတော့သည်။

"ဒုန်း"

နောက်ဆုံးတွင်၊ နဂါးလက်သည်းက မိုးပြာရောင် နတ်လင်းယုန်၏ လည်ပင်းကိုဆုပ်ကိုင်ပြီး ပြင်းထန်စွာ ဖျစ်ညှစ်လိုက်သည်။ မိုးပြာရောင် နတ်လင်းယုန်၏ ဦးခေါင်းက တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။

မိုးပြာရောင် နတ်လင်းယုန်သည်လည်း စွမ်းအင်အဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့၏။ မိုးပြာရောင်အလင်းကဲ့သို့ ကောင်းကင်တွင် လျင်မြန်စွာ ပျံသန်းသွားသော လင်းသခင်လေးကို လှမ်းမြင်လိုက်ရသည်။

သူ့သွေးမျိုးဆက်ပေါင်းစပ်မှု ပျက်စီးကာ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ သူ့ပါးစပ်ထဲမှ သွေးများအန်ကျလာကာ အသည်းအသန် ထွက်ပြေးနေတော့သည်။

လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး နဝမနဂါးခြေလှမ်းကို အသုံးပြုလိုက်သည်။ လင်းသခင်လေးကို တစ်ချက်ကြည့်ပြီး အလင်းတန်းကဲ့သို့ သူ လှုပ်ရှားလိုက်၏။

လင်းသခင်လေးက အစွမ်းကုန် တွန်းလှန်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူက ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ မခုခံနိုင်တော့ပေ။ လုမင်က သူ၏ အကာအကွယ်အလွှာများကို ဖြတ်ကျော်ကာ တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

နဝမနဂါး၏ လက်ထဲတွင် လင်းသခင်လေးက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ မယုံနိုင်ဘဲ အံ့အားသင့်သွားခဲ့ကြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင် လင်းသခင်လေးက လုမင်ကို အနိုင်မယူနိုင်ခဲ့ပေ။ ထို့ထက် လုမင်ဟာ သူ့ကို ဆယ်ကွက်အတွင်း၌ အမှန်တကယ် အနိုင်ယူသွားခဲ့သည်။ ယခုအခါ သူ့ဘဝက လုမင်၏လက်ထဲတွင် လုံးဝ ရောက်ရှိသွားခဲ့ပြီ။

ထို့အပြင် လုမင်က ရှမ်းဟွမ်တိုက်ကြီးမှ လူတစ်ဦး ဖြစ်သည်။ အကယ်၍ ၎င်းသည်သာ ရှန်းရွှီတိုက်ကြီးရှိ အသန်မာဆုံးပါရမီရှင် ဖြစ်ခဲ့ပါက လက်ခံနိုင်သေးသည်။

သို့ရာတွင်၊ ရှမ်းဟွမ်တိုက်ကြီးမှ လူငယ်တစ်ယောက်က ထိုသို့ပြုလုပ်ခဲ့သည်မှာ မယုံနိုင်စရာ ကောင်းလှသည်။

သိုင်းအုပ်ချုပ်သူများပင်လျှင် အနည်းငယ် အံ့ဩသွားခဲ့ပေသည်။

အခြားတစ်ဖက်တွင်၊ ရှန်းရွှီတိုက်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင်များက လုမင်အား လေးနက်သောအမူအရာများဖြင့် ကြည့်လိုက်သည်။

လုမင်၏ ဤတိုက်ခိုက်နိုင်စွမ်းအရ ၎င်းတို့အတွက် အကြီးမားဆုံး ပြိုင်ဘက်များထဲမှတစ်ဦး ဖြစ်လာမည်မှာ သေချာပေသည်။

"ချီးပဲ၊ ခွေးကောင်... ငါ့ကိုလွှတ်စမ်း၊ ငါ မင်းကို သတ်မယ်"

လင်းသခင်လေး အလွန်ရှက်သွားသည်။ လုမင်၏ ဆယ်ကွက်တည်းနှင့် အနိုင်ယူခံရခြင်းကြောင့် သူ ရူးချင်သွား၏။ ဒေါသတကြီး ဟိန်းဟောက်ရင်း သူ့မျက်လုံးများက နီရဲနေတော့သည်။

အကယ်၍ ဤအကြောင်းအရာသာ ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ ပျံ့နှံ့သွားပါက၊ သူ့အနာဂတ်တွင် ရယ်စရာဖြစ်လာမည်မှာ သေချာသည်။

လုမင်ကို ချက်ချင်း အရေခွံခွာပြီး အရွတ်များကို ဆွဲမထုတ်နိုင်သည့်အတွက် သူ့ကိုယ်သူပင် မုန်းတီးသွားမိပေသည်။

"ဟုတ်လားကွ။ လက်ရှိအခြေအနေကို မင်း မသိတာလား"

လုမင်က လှောင်ပြောင်ပြီး သူ့နဂါးလက်သည်းကို တင်းကြပ်လိုက်သည်။

"ဂျွတ်"

လင်းသလင်လေး၏ အရိုးအတော်များများ ကျိုးသွားသည်။ သူ တကိုယ်လုံး တုန်ယင်သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့၏။ နာကျင်လွန်းသဖြင့် သတိလစ်မတတ် ဖြစ်သွားတော့သည်။

ဤအခိုက်တွင် သူက လုမင်လက်ဝါးတွင်းမှ အားနည်းသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ သေခြင်းရှင်ခြင်းက လုမင်၏လက်ထဲတွင် လုံးလုံးလျားလျား ကျရောက်နေခဲ့ပြီ။

"ယုံချင်ယုံ မယုံချင်နေ၊ ငါ မင်းကို အခုချက်ချင်းသတ်နိုင်တယ်"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ တတိယသွေးမျိုးဆက်မှ သတ်ဖြတ်ချင်စိတ်က လင်းသခင်လေးကို ဒီရေလှိုင်းကဲ့သို့ ဖုံးလွှမ်းသွား၏။ လင်းသခင်လေးလည်း အသူရာငရဲသို့ ကျရောက်သွားသလို ခံစားရကာ လွန်စွာ ကြောက်ရွံ့သွားတော့သည်။

သူ့နှလုံးသားက ပေါက်မထွက်မတတ် ခုန်ပေါက်လာခဲ့သည်။

"မင်းလုပ်ဝံ့လား။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်နော်။ သူ့ကို လွှတ်လိုက်စမ်း"

ထိုအချိန်တွင် ကောင်းကင်နတ်ရားဂိုဏ်းမှ လူကြီးတစ်ဦးက အော်လိုက်သည်။ ၎င်းက လင်းသခင်လေးဘက်မှလိုက်ကာ လုမင်ကို ဆန့်ကျင်ခဲ့သော ကျွမ်းကျင်သူ ဖြစ်သည်။

သူပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာကာ လုမင်ကို ဖုံးလွှမ်းသွားသည်။ လုမင်လည်း သူ့ကို တောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ခံစားရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။

သန်မာလွန်းလှသည်၊ အလွန်အားကောင်း၏။

ဤလူလတ်ပိုင်းအရွယ် အမျိုသားက တောင်ပိုင်းနတ်နန်းတော်မှ ဝတ်ရုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားထက် သန်မာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထက်တွင် သေချာပေါက် ရှိလိမ့်မည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးက မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူက ဘာမှ မပြောပေ။

"ဟားဟားဟား၊ အဲဒါက မျိုးဆက်သစ်လူငယ်တွေကြားက တိုက်ပွဲတစ်ခုပဲလေ။ မင်းလို အုပ်ချုပ်သူတစ်ပါးက ဘာကိစ္စ ဝင်စွက်ဖက်နေရတာလဲ"

နဂါးနတ်ဘုရားချိုင့်ဝှမ်းမှ ထွားကျိုင်းသော အမျိုးသားတစ်ဦးက ရယ်မောလိုက်သည်။ သူ့ထံမှ အားကောင်းသောအရှိန်အဝါများက လူလတ်ပိုင်းအမျိုးသား၏အရှိန်အဝါကို တွန်းလှန်လိုက်၏။ ဤတော့မှ လုမင်လှုပ်ရှားနိုင်ကာ ခြေတစ်လှမ်းဆုတ်ပြီး လျှင်မြန်စွာ ပြန်ဆုတ်လိုက်တော့သည်။

"မင်း... မင်းဘာလုပ်တာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက နဂါးနတ်ဘုရားတောင်ကြားမှ လူကြီးကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ဘာမှ မလုပ်ပါဘူး၊ ကြည့်မကောင်းလို့"

နဂါးနတ်ဘုရားတောင်ကြားမှ လူကြီးသည် ပြုံးလိုက်၏။

"သူ့ကို လွှတ်လိုက်ပါ။ ဒီတိုက်ပွဲမှာ မင်းနိုင်တယ်"

ထိုအခိုက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးအိုက ပြောလာသည်။

"ဒီမှာ"

လုမင်က နဂါးလက်သည်းကိုဝှေ့ယမ်းကာ လင်းသခင်လေးကို ပစ်ပေးလိုက်၏။

လင်းလခင်လေးက တစ်ပိုင်းသေမတတ်ဖြစ်ကာ လေထဲမှာပင် မပျံနိုင်တော့ပေ။ လူလတ်ပိုင်းအရွယ်က အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းပြီး လင်းသခင်လေးကို ဖမ်းထားလိုက်ရသည်။

"ချီး... ချီးပဲ"

လင်းသခင်လေးက အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများနှင့် လုမင်ကို စိုက်ကြည့်လိုက်သည်။

လုမင်လည်း သူ၏ လူသားပုံစံကို အသွင်ပြောင်းလိုက်သည်။ သူက ရှဲ့နျန်ချင်း၏လက်ကိုဆွဲကာ တစ်ဖက်လှည့်လိုက်၏။

"ရှောင်ချင်း၊ သွားရအောင်"

တစ်ဖက်လူက သူ့ကို စမ်းသပ်မှုမှာ မပါဝင်စေချင်သည့်အတွက် ထွက်သွားရုံ ဖြစ်သည်။

"နေပါဦး"

ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရ၏။ ၎င်းက နဂါးဘုရားတောင်ကြားမှ လူကြီး ဖြစ်သည်။

"ငါက နဂါးဘုရားတောင်ကြားက လုံချွမ်ပါ။ ဒီက မိတ်ဆွေလေးကို ဘယ်လိုခေါ်ရမလဲ"

လူထွားကြီး လုံချွမ်က မေးလိုက်သည်။

All Chapters