အခန်း ၁၂၅၄
Vol. 84 Ch. 1254
အပိုင်း ( 1254 ) ပထမအဆင့်။
"ဂျူနီယာက လုမင်ပါ"
လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။
လုံချွမ်က သူ့ကို ကူညီပေးခဲ့သည့်အတွက် အထင်အမြင်ကောင်းရှိပေသည်။ ထို့ကြောင့် သူက လုံချွမ်ကို ဂရုတစိုက် လှည့်ဖြေလိုက်ခြင်း ဖြစ်သည်။
"လုမင်လား၊ ဟားဟားဟား... ကောင်းတယ်။ တကယ်ကို လူငယ်သူရဲကောင်းတစ်ယောက်ပဲ။ ရှမ်းဟွမ်တိုက်ကြီးကနေ ဒီလိုအဆင့်မျိုးအထိ လေ့ကျင့်နိုင်ခဲ့တာက အရမ်းရှားတယ်။ အကဲဖြတ်မှုမှာ မင်းမပါဝင်ရင် နှမြောစရာပေါ့"
"နဂါးနတ်ဘုရားတောင်ကြားရဲ့ကိုယ်စား ငါကပဲ မင်းကို အကဲဖြတ်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်"
လုံချွမ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး...သူ မပါဝင်နိုင်ဘူး"
လင်းသခင်လေးက လှမ်းအော်လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ။ အုပ်ချုပ်သူတစ်ပါး စကားပြောနေတာ မင်းစကားပြောရမဲ့အလှည့်လား"
လုံချွမ်၏ မျက်လုံးများက အေးစက်သွားသည်။ သူ့ထံမှ အလွန်အစွမ်းထက် အရှိန်အဝါခု ထွက်ပေါ်လပြီး ဧရိယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။ လင်းသခင်လေး၏ မျက်နှာက ဖြူဖျော့သွားတော့သည်။
"ငါ လုမင်ကို အကဲဖြတ်မှုမှာပါဝင်ဖို့ ဖိတ်ခေါ်တယ်။ မင်းတို့မှာ ကန့်ကွက်စရာရှိလား"
လုံချွမ်က ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းဘက်ကိုကြည့်ကာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးအိုကို ကြည့်လိုက်သည်။
"ငါကတော့ မကန့်ကွက်ပါဘူး"
"ဟုတ်ပါတယ်၊ ငါလည်း ကန့်ကွက်စရာမရှိဘူး"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ခေါင်းဆောင်များက ခေါင်းညိတ်လိုက်ကြသည်။
"သူက အရမ်းအစွမ်းထက်တဲ့အတွက် ငါလည်း ကန့်ကွက်စရာမရှိပါဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးအိုလည်း ပြောလိုက်လေသည်။
"ချီးပဲ"
လင်းသခင်လေးလည်း ဒေါသတကြီးဖြစ်ပြီး လက်မခံလိုစိတ်နှင့် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
"ဟားဟားဟား၊ လုမင်... မင်းဘာပြောမလဲ"
လုံချွမ်က ရယ်မောပြီး လုမင်ကို ပြန်ကြည့်သည်။
"အကြီးအကဲ၊ ခင်ဗျားရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် ဘယ်လို ငြင်းနိုင်မှာလဲဗျာ"
လုမင်လည်း လက်ယှက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် အကဲဖြတ်မှုကို ဆက်လိုက်ကြရအောင်"
လုံချွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"ဝှစ် ဝှစ်"
လူရိပ်များလည်း အလင်းတံခါးများဆီသို့ တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ပြေးဝင်သွားတော့သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း လမ်းခွဲကာ ထွက်ခွာသွားခဲ့သည်။ သူတို့တစ်ဦးစီက အလင်းတံခါးကို ရွေးကာ ပြေးဝင်သွား၏။
ယခုချိန်ထိတော့ ယခင်လူများက ဝင်ရောက်သွားတာ ကြာပြီဖြစ်သည့်တိုင် လှုပ်ရှားမှုတို့ မရှိသေးပေ။
အလင်းတံခါးထဲသို့ ပြေးဝင်လိုက်သည်နှင့် လုမင်ဟာ အလင်းတန်းများက သူ့ကို လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက အနည်းငယ် ပူနွေးလာသလို ခံစားလိုက်ရ၏။ နောက်အခိုက်မှာတော့ ထိုခံစားချက်များ ပျောက်သွားတော့သည်။ လုမင်ဟာ သူက လိုဏ်ခေါင်းတစ်ခုထဲတွင် ပြန်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
လူသွားလမ်းက အလွန်ကျယ်ဝန်းပြီး နံရံများတွင် တောက်ပသော ကမ္ပည်းများဖြင့် ဖုံးအုပ်ထားပေသည်။
စည်းမျဥ်းများအရ ဟင်းလင်းပြင်လျှောက်လမ်းထဲတွင် ရှေ့သို့ ဆက်သွားကြရမည် ဖြစ်သည်။ အဆုံးထိ ရောက်နိုင်သူတိုင်း အောင်မြင်နိုင်လိမ့်မည်။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှောက်သွားသည်။ လမ်းတစ်လျှောက်မှာတော့ လှုပ်ရှားမှုတို့ ရှိသေးပါ။
မီတာထောင်ဂဏန်းခန့် လျှေက်လာပြီးနောက် လမ်း၏အသွင်အပြင်က ပြောင်းလဲသွားသည်။ ယခုအခါ ပတ်ဝန်းကျင်ကို ကျောက်နံရံများဖြင့် ဝန်းရံထား၏။
ဤလမ်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အကြောင်းမှာ၊ ယခုအခါ သူ့အရှိန်အဝါက လျင်မြန်စွာ အားနည်းလာနေသောကြောင့်ပင်။ နောက်ဆုံးတွင် သူ၏ သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူ၏ကျင့်ကြံခြင်းအခြေခံက အလုံးစုံဖိနှိပ်ခံရကာ သေမျိုးကဲ့သို့ ဖြစ်သွား၏။ သူ၏ ယွမ်ချီစွမ်းအင်အပြင် တာအိုနှင့် သွေးမျိုးဆက်များကိုလည်း ဖိနှိပ်ခံခဲ့ရသည်။
"အဲ"
လုမင်က သေသေချာချာ အာရုံစိုက်ကြည့်သောအခါ ငရဲဖိနှိပ်ကျောက်စာချပ်က တောက်ပပြီး အတက်အကျတချို့ ရှိနေသည်ကို မြင်လိုက်ရသည်။ တတိယသွေးမျိုးဆက်ကတော့ ဖိနှိပ်မခံရဘဲ အပြည့်အဝ ထိန်းချုပ်နိုင်သလို ခံစားလိုက်ရ၏။
နဝမနဂါးသွေးမျိုးဆက်သာ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။
လုမင်က အပြောင်းအလဲမရှိသောအမူအရာနှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဘေးပတ်ပတ်လည်ရှိ ကျောက်နံရံများတွင် မတူညီဘဲ ရှုပ်ထွေးသော ကမ္ပည်းများကို နက်ရှိုင်းစွာ ထွင်းထုထားပေသည်။
ရုတ်တရက်၊ သူ့ရှေ့တွင် အလင်းရောင်တစ်ခု လင်းလက်လာပြီး ရုပ်ပုံလွှာတစ်ခု ပေါ်လာခဲ့သည်။
၎င်းက အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်နှင့် တူပေသည်။ အေးစက်စက် အမူအရာဖြင့် သူ့လက်ထဲတွင် လှံရှည်တစ်ချောင်းကိုလည်း ကိုင်ဆွဲထားသည်။
တစ်ချက်ကြည့်ရုံဖြင့် ၎င်းက ဝင်္ကပါတစ်ခုကြောင့် ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း လုမင် သိလိုက်သည်။
"ဝှစ်"
လှံရှည်က တုန်ခါသွားကာ လျှပ်စီးကဲ့သို့ လုမင်အား ထိုးချလိုက်၏။
သို့သော်လည်း လှံအလင်းတွင် စွမ်းအင် မပါဝင်ပါ။ လုမင်၏အခြေအနေနှင့် တူညီသော ရုပ်ခန္ဓာအင်အားမျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
လုမင်က ထိုလူကိုအနိုင်ယူရန် တတိယသွေးမျိုးဆက်စွမ်းအားကို အသုံးချရန် တွေးလိုက်သည်။
သို့သော်လည်း လုမင်က တတိယသွေးမျိုးဆက်ကို ချက်ချင်း ရပ်လိုက်၏။
ဤအဆင့်က နဝမနဂါးသွေးမျိုးဆက်ကိုပင် ဖိနှိပ်ထားနိုင်သည်။ ဆိုလိုသည်မှာ ဤအဆင့်ကိုကျော်ဖြတ်ရန် သူ၏သွေးမျိုးဆက်စွမ်းအားကို အသုံးမပြုသင့်ပေ။ သူ၏သွေးမျိုးဆက်စွမ်းအားကို အသုံးပြုပါက အပြင်မှလူများ ခံစားရနိုင်သည်။
ထိုအခါ လုမင်က အလွန်ထူးခြားသကဲ့သို့ ဖြစ်နေလိမ့်မည်။
သူ၏ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၊ အထူးသဖြင့် သူ၏ တတိယမြောက် သွေးမျိုးဆက်မှာ အလွန်ထူးခြားသည်။ သူက အခြားသူများကို မသိစေချင်ပေ။
ယင်းကိုတွေးပြီးနောက် သူက သွေးမျိုးဆက်ကို မသုံးတော့ပါ။ ထိူအစား လှံနက်တစ်ချောင်းကိုထုတ်ယူပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။
"ဝှစ် ဝှစ်"
လှံအလင်းများက လျှပ်စီးကဲ့သို့ လုမင်၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။
ဤသည်မှာ အလွန်ကောင်းမွန်သော လှံသိုင်း ဖြစ်သည်။ ၎င်း၏စွမ်းအားက မကြီးမားသော်လည်း လှုပ်ရှားမှုများမှာ တုနှိုင်းမရအောင် ထက်မြက်လှပေသည်။
လုမင်သည် သူ့ခန္ဓာကိုယ်ထဲတွင် ယွမ်ချီစွမ်းအင်မရှိ၍ တာအိုကို အသုံးမချနိုင်ပေ။ ခုခံရန်လည်း မည်သည့်သိုင်းပညာကိုမျှ အသုံးမချနိုင်တော့ပါ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကိုးပြီး ရှောင်တိမ်းရနိုင်သည်။
"ဝှစ်"
လှံအလင်းတစ်ခုကြောင့် လုမင်၏နောက်ကျောတွင် အပေါက်တစ်ပေါက် ပေါ်လာသည်။ လုမင်၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ မဟုတ်ပါက ဒဏ်ရာရရှိသွားလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့်၊ လုမင်သည် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ပြီး တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝသည်။ သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ သူက ရှေ့သို့ပြေးသွားပြီး အနက်ရောင်လှံနှင့် ပစ်ထိုးလိုက်တော့သည်။
"ချွမ်"
လှံနှစ်ချောင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ လုမင်သည် သူ့လက်များ ထုံကျင်သွားသည်ကို ခံစားလိုက်ရကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရ၏။
ဝင်္ကပါဖြင့် ဖွဲ့စည်းထားသော အနက်ရောင်ဝတ်လူငယ်သည် လုမင်ကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုသာ ရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာ၏ အထောက်အပံ့ကို ရရှိထားသည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက လုမင်ထက် ပိုအားကောင်းနေတော့သည်။
"ဝုန်း...ဝုန်း"
အေးစက်စက်လှံသွားက စူးရှသောအလင်းတန်းများကဲ့သို့ လေထုကိုဖြတ်ကာ လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
လုမင်က လှံကိုကိုင်ကာ ပြိုင်ဘက်၏လှံအလင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် အဆက်မပြတ် ထိုးနှက်လိုက်၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင် လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
သူ့လှံက ဘာကိုမှ မထိဘူးဟု ခံစားရပေသည်။ သူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တိုက်ကွက်အနည်းငယ်ဖြင့် တားဆီးနိုင်မည်ဟု အတော်လေး ယုံကြည်ခဲ့သော်လည်း တကယ်တမ်းတွင် လေကိုသာခွင်းပြီး သိပ်ပြီးမထူးခြားပေ။ ပြိုင်ဘက်၏ လှံဖျားက အနည်းငယ် တုန်ခါသွားကာ သူ့ကို ဆက်လက်ထိုးလိုက်သည်။
တစ်ဖက်လူ၏ လှံသိုင်းက အမှန်တကယ် နားမလည်နိုင်လောက်အောင်ပင်။
'ဘယ်လောက်တောင် အစွမ်းထက်တဲ့ လှံသိုင်းပါလိမ့်။ အဲဒါက အထွတ်အထိပ်အထိ ခွန်အားနဲ့ အမြန်နှုန်းကို ပေါင်းစပ်ထားတာ။ ဒါကို အသုံးပြုတဲ့အခါ၊ ဆန်းကျယ်ပြီးတော့ ခန့်မှန်းရခက်တယ်'
လုမင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
အကယ်၍၊ သူ၏ ကျင့်ကြံခြင်းအခြေခံကို ဖိနှိမ်ထားခြင်း မရှိပါက၊ ထိုလှံသိုင်းက အနှိုင်းမဲ့ နက်နဲသည့်တိုင် အကြွင်းမဲ့အာဏာရှေ့တွင် ကျရှုံးရလိမ့်မည်။ လုမင်၏ လက်ဝါးရိုက်ချက်က အဆင့်မြင့်သိုင်းပညာများကို တို့ဟူးကဲ့သို့ ချိုးဖျက်ပစ်နိုင်သည်။
ယခုမူ သူ၏ကျင့်ကြံခြင်းက ဖိနှိပ်ခံထားရသောကြောင့် ဤသိုင်းပညာနှင့် ပညာပြခြင်းကို ခံနေရတော့သည်။
"ဝုန်း"
အရေးကြီးသောအခိုက်အတန့်တွင်၊ လုမင်က ခြေတစ်လှမ်းဆုတ်ပြီး အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
သို့တိုင် သူ့ရင်ဘတ်မှာ လှံသွားနှင့်ထိုးခံရသည့် ဒဏ်ရာတစ်ခုရှိနေပါသေးသည်။
"ဝှစ် ဝှစ်"
လုမင် ဆုတ်ခွာသွားသောအခါ အနက်ရောင်လူငယ်၏လှံက အဆုံးမဲ့ ဒီရေလှိုင်းကဲ့သို့ လိုက်ပါလာခဲ့သည်။
လုမင်လည်း ထပ်မံဆုတ်ပြီး ရှောင်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။ တစ်ချိန်တည်းမှာပင် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို မည်သို့ တန်ပြန်ရမည်အား အလျင်အမြန် စဉ်းစားနေတော့သည်။
ဤအခိုက်တွင်၊ ဟင်းလင်းပြင်လှိုဏ်ခေါင်းအပြင်ဘက်မှ ရှန်းရွှီရှေးမြို့တော် အပြင်တွင် မရေမတွက်နိုင်သောလူများက လေထဲတွင်ရပ်ကာ စောင့်ကြည့်နေကြသည်။
ရုတ်တရက် အလင်းတံခါးတစ်ခု တောက်ပလာကာ ရုပ်သွင်တစ်ခုပေါ်လာသည်။
"တစ်ယောက်တော့ ကျရှုံးသွားပြီ"
တစ်ယောက်ယောက်က တီးတိုးပြောလိုက်၏။
တစ်စုံတစ်ဦးက ရှုံးနိမ့်သွား၍ တယ်လီပို့ခြင်းခံခဲ့ရကြောင်း ထင်ရှားသည်။
"ဟင်း…"
တယ်လီပို့ခံရသူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။ ပထမအကျော့ကိုပင် မကျော်နိုင်ခဲ့၍ ယွမ်လုရှိ အဓိကဂိုဏ်းကြီးများမှ ၎င်းတို့ကိုရွေးချယ်ရန် မဖြစ်နိုင်သလောက်ပင်။
ယွမ်လု၏ အဓိကဂိုဏ်းကြီးလေးခုမှ လူများကလည်း အပြောင်းအလဲမရှိသော အမူအရာဖြင့် ရှိနေခဲ့ကြသည်။ သူတို့က ကျရှုံးသူများကို ကြည့်ပင်မကြည့်ပေ။
ပထမအတားအဆီးက နားလည်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ ပထမအတားအဆီးကိုပင် မကျော်ဖြတ်နိုင်သောကြောင့် ၎င်းတို့ကို နောက်တစ်ဖန်ကြည့်ရန် မထိုက်တန်ပါချေ။