← Chapters

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အပိုင်း ( 1255 ) အသန်မာဆုံး ပါရမီရှင်များ။

လူများ အဆက်မပြတ် ကျရှုံးပြီး ပြန်ထွက်လာခဲ့ကြရသည်။

ထိုစဉ်၊ ရှေ့ဘက်မှ ကောင်းကင်တွင် အလင်းရောင် တောက်ပလာခဲ့သည်။ ယင်းက လွန်စွာ ဖမ်းစားနိုင်သည်။

လူတိုင်း ကမန်းကတန်း လှည့်ကြည့်လိုက်သောအခါ အလင်းရောင်များကြားမှ တိုက်ပွဲစင်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရ၏။ လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာတော့သည်။

"ဒါက မြောက်ပိုင်း နတ်နန်းတော်က ပင်ခုန်းပဲ"

"သူက ပထမအဆင့်ကို အရင်ဆုံး ကျော်ဖြတ်နိုင်သူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ သူက မြောက်ပိုင်းနန်းတော်ရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ အသန်မာဆုံး ပါရမီရှင်ပဲ"

"သူက တကယ်ကို သူ့ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ညီပါပေတယ်"

လူတော်တော်များများက ထိုလူငယ်ကို မှတ်မိသောကြောင့် အော်ပြောလိုက်ကြသည်။

မြောက်ပိုင်းနတ်နန်းတော်က နတ်နန်းတော်လေးခုတွင် အသန်မာဆုံး အင်အားစု ဖြစ်သည်။ မြောက်ပိုင်းနတ်နန်းတော်မှ နံပါတ်တစ် ပါရမီရှင်အနေဖြင့် သူ၏ခွန်အားက ကြောက်စရာကောင်းလွန်းလှပေသည်။

ပင်ခုန်းက တိုက်ပွဲစင်မြင့်သို့ ရောက်လာပြီးနောက် တိုက်ပွဲစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ယခုအခါ သူက တစ်ယောက်တည်းဖြစ်၍ ရှေ့မဆက်နိုင်သေးပေ။ အခြားလှိုဏ်ခေါင်းမှလူ လာရောက်ပေါင်းစုံမည်ကို စောင့်ရမည် ဖြစ်သည်။ ထိုလူ ရောက်လာပါက တိုက်ခိုက်ရမည်ဖြစ်ပြီး အနိုင်ရရှိသူသာ အရှေ့ဆက်နိုင်လိမ့်မည်။

ထိုအချိန်တွင် နောက်အလင်းရောင်တစ်ခုက အခြားလမ်းကြောင်းတစ်ခုမှ ပေါ်လာသည်။ ထိုအလင်းတန်းမှာလည်း တိုက်ပွဲစင်မြင့်တစ်ခု ရှိခဲ့၏။

နောက်ကျောတွင် ကုချင်းကိုလွယ်ထားသော လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာတော့သည်။

ဤလူငယ်က ချောမောသည်။ သူ့အမူအရာက တည်ငြိမ်ပြီး လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုံးရွှင်နေပေသည်။

"အရှေ့ပိုင်းနတ်နန်းတော်ရဲ့ အသန်မာဆုံး ပါရမီရှင် ရီတျန်ပဲ"

"ဖီးနစ်ကုချင်း ရီတျန်"

တစ်စုံတစ်ယောက်က ထိုသူ၏အကြောင်းကို သိနေဟန်ဖြင့် ပြောလိုက်သည်။ သူ၏ ဂုဏ်သတင်းက ပင်ခုန်းထက် မနိမ့်ကျပေ။

ရီတျန်က ကုချင်းကို သူ့နောက်ကျောမှာလွယ်ပိုးပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ အလင်းအစက်နှစ်ခု ပေါ်လာပြန်သည်။ ယခင်ကကဲ့သို့၊ ထိုအလင်းများမှာလည်း တိုက်ပွဲစင်မြင့်များ ရှိပေသည်။

လူငယ်တစ်ယောက်စီက နေရာအသီးသီးမှ ထွက်လာခဲ့ကြသည်။

သူတို့ထဲတွင် တစ်ယောက်က ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ပင်။ ၎င်းက တောင်ပိုင်းနတ်နန်းတော်မှ နံပါတ်တစ်ပါရမီရှင် ကျစ်ဝူကျီ ဖြစ်သည်။

ကျန်တစ်ယောက်ကတော့ သူ့နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ပိုးထားသည်။ သူ့တစ်ကိုယ်လုံးက ဓားအိမ်မရှိသော ဓားကဲ့သို့ဖြစ်ပြီး ဓားချီများ ပြည့်နေခဲ့၏။ ဤလူငယ်သည်ကား အနောက်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံးပါရမီရှင် ကျန့်ကျန်း ဖြစ်တော့သည်။

နတ်နန်းတော်လေးခုမှ အသန်မာဆုံး ပါရမီရှင်များ အားလုံး ပေါ်လာခဲ့ကြပြီ ဖြစ်သည်။ သူတို့အားလုံး တိုက်ပွဲစင်မြင့်ပေါ်တွင် အသီးသီး ပေါ်လာခဲ့၏။ ၎င်းတို့၏ ဟင်းလင်းပြင်လမ်းများက ပထမအဆင့်တွင် မပေါင်းစပ်သေးကြောင်း ထင်ရှားသည်။

ဟင်းလင်းပြင်လမ်းထဲတွင်...

လုမင်က အနက်ရောင်ဝတ်လူငယ်၏ တိုက်ခိုက်မှုများကို ဆက်လက်ရှောင်တိမ်းနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုကို တွေးနေခဲ့၏။

"အဲ၊ ကျောက်နံရံတွေပေါ်မှာ ထွင်းထုထားတဲ့ လက်ရာတွေက..."

ထိုအချိန်တွင် လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ကျောက်နံရံတွေပေါ်တွင် ထွင်းထုထားသည့် လက်ရာများက ထူးဆန်းလှပေသည်။ ဂရုတစိုက်ကြည့်လိုက်မှ ၎င်းမှာ လှံသိုင်းတစ်ခု ဖြစ်ပုံရကြောင်း သိလိုက်ရသည်။

၎င်းက အလွန်ဆန်းကြယ်သော လှံသိုင်းတစ်ခု ဖြစ်ချေသည်။

လုမင်လည်း အနက်ရောင်ဝတ်လူငယ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ထွင်းထုထားသည်များကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။ လုမင်၏ အကြည့်အောက်တွင် ထွင်းထုထားသော ပုံစံများက ပြောင်းလဲလာခဲ့၏။ တဖြည်းဖြည်းနှင့် လူတစ်ယောက် လှံသိုင်း လေ့ကျင့်နေသလို ဖြစ်လာတော့သည်။

"ဒီလှံသိုင်းက ဒီလူငယ်ရဲ့ လှံသိုင်းကို ချိုးဖျက်နိုင်တယ်"

ခဏအကြာတွင် လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နောက်ဆုံးတွင်၊ ဤအဆင့်က စမ်းသပ်မှုကို သူနားလည်သွားပြီ။ ၎င်းက နားလည်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံ၊ တာအိုနှင့် သွေးမျိုးဆက်တို့ကို ဖိနှိပ်ထားရသည့် ရည်ရွယ်ချက်က ကျောက်နံရံပေါ်တွင် ထွင်းထုထားသော လှံသိုင်းကို နားလည်ဆင်ခြင်ကာ ပြိုင်ဘက်ကို ကျော်လွှားနိုင်စေရန် ဖြစ်ချေသည်။

ဟုတ်သည်၊ လူတိုင်းက လှံသိုင်းကို လေ့ကျင့်ရရန်တော့ မဖြစ်နိုင်ပါ။ လူတချို့က ဓားသိုင်းကို လေ့ကျင့်သောကြောင့် ဓားသိုင်းပညာအား နားလည်ဆင်ခြင်ကြရသည်။

အဓိကအချက်ကို ရှာတွေ့ပြီးနောက်မှာတော့ လုမင်အတွက် မခက်ခဲတော့ပါ။ လုမင်၏ နားလည်မှုက အလွန်မြင့်မားနေပြီ ဖြစ်သည်။

"ဝှစ်... ဝှစ်..."

လုမင်၏လက်ထဲမှ လှံရှည်က အနည်းငယ် တုန်ခါသွားသည်။ စူးရှချွန်ထက်သော လှံအလင်းက အနက်ရောင်ဝတ်လူငယ်၏ လှံရှည်နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ လှံချက်က အနက်ရောင်ဝတ်လူငယ်၏ လှံနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ လျှပ်စီးလက်သကဲ့သို့ စူးရှသောလှံအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။

"ထန်... ထန်..."

ဆူညံသောအသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၊ သူတို့နှစ်ယောက်ဟာ တိုက်ခိုက်မှု ဒါဇင်ချီပြီး ဖလှယ်ခဲ့ကြသည်။

"ငါ တကယ်ပဲ တစ်ဖက်လူရဲ့ သိုင်းပညာကို ချိုးဖျက်နိုင်ပြီ"

လုမင် စိတ်လှုပ်ရှားသည်။ လှံသိုင်းကို အသုံးပြုလေလေ၊ သူ၏လှံက ပို၍မြန်လေလေပင်။ လှံရှည်က လေထဲတွင် နဂါးနက်တစ်ကောင်ကဲ့သို့ ကခုန်လာခဲ့သည်။

"ဝှစ်"

နောက်ထပ် တစ်ဒါဇင်ခန့် ထိုးနှက်ပြီးနောက် လုမင်၏လှံက အနက်ရောင် လျှပ်စီးကဲ့သို့ ပြိုင်ဘက်၏ လှံရှည်ကိုဖြတ်ကျော်ကာ သူ့နှလုံးကို ဖောက်ထွက်သွားတော့သည်။

"ဝုန်း"

အနက်ရောင်ဝတ်လူငယ် ပေါက်ကွဲသွားခဲ့သည်။

ပထမအဆင့်ကို သူ အောင်မြင်သွားပြီ။

လုမင်က ရှေ့သို့လျှောက်သွားသည်။ လမ်းကိုဖြတ်လာပြီးနောက် သူ့ရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာခဲ့၏။ အမှန်တကယ်ပင် ၎င်းက တိုက်ပွဲစင်မြင့် ဖြစ်တော့သည်။

လုမင်က တိုက်ပွဲစင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်။

'ငါတစ်ယောက်တည်း ရှိသေးတာပဲ။ ငါစောင့်နေ‌ရဦးမယ်ထင်တယ်'

လုမင်လည်း စိတ်ထဲမှတွေးကာ တိုက်ပွဲစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

အပြင်ဘက်မှ ကြည့်သူများက လုမင်ကို သဘာဝအတိုင်း မြင်နေပေသည်။

"လုမင်က တကယ်ကို အစွမ်းထက်တယ်။ သူက ပထမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ခြောက်ယောက်မြောက်လူပဲ"

"ရှမ်းဟွမ်တိုက်ကြီး၏ ပါရမီရှင်တစ်ဦးက ဒီလောက်ထိ စွမ်းဆောင်နိုင်တာ အံ့ဩစရာပဲ"

ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

ယခုလေးတင် နတ်နန်းတောလေးခု၏ အသန်မာ‌ဆုံး ပါရမီရှင်လေးဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ လှမ်းတက်လာခဲ့သည်။ ထို့နောက် ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ဒုတိယဖြစ်သော သွေးနေမင်းတိုက်ကြီးမှ နံပါတ်တစ်ပါရမီရှင် ရွယ်မင်ယန် တက်လာခဲ့၏။

သွေးနေမင်းတိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင်သည် တိုက်ပွဲစင်မြင့်သို့ တက်လှမ်းနိုင်သည့် ပဉ္စမမြောက် ပါရမီရှင် ဖြစ်သည်။

လုမင်ကတော့ တိုက်ပွဲစင်မြင့်ပေါ်သို့ ဆဋ္ဌမမြောက် တက်လှမ်းနိုင်သူ ဖြစ်ချေသည်။

အတန်ငယ်ကြာသောအခါ လေထဲ၌ အလင်းအစက်များ ပို၍ များပြားလာခဲ့သည်။

ပင်းပင်း၊ ကျိဟုန်ချန်၊ ဝမ့်ကျန်း စသည်ဖြင့် နတ်နန်းတော်လေးခုအပြင်...

လုံချန်သည်လည်း ထိုပါရမီရှင်များကဲ့သို့ တိုက်ပွဲစင်မြင့်ပေါ်ကို တက်လှမ်းလာခဲ့ကြပေသည်။

ထို့နောက်တွင် ရှဲ့နျန်ချင်း၊ ရှဲ့နျန်ကျွင်းနှင့် အခြားလူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့ကြသည်။

အဓိကအချက်ကို ရှာတွေ့နိုင်သရွေ့ ပထမအဆင့်က သိပ်ပြီး မခက်ခဲပေ။

လူများစွာကို ဖယ်ထုတ်ပစ်ခဲ့သော်လည်း အောင်မြင်သူက ပို၍များခဲ့သည်။

"ဟင်းလင်းပြင်လမ်းနှစ်ခု ဆုံသွားပြီ"

တစ်ယောက်ယောက်က အော်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အလင်းတန်းတစ်ခု လင်းလက်လာပြီး တိုက်ပွဲစင်မြင့်တစ်ခု၏ ဘေးဘက် ဟင်းလင်းပြင်မှ အပေါက်တစ်ခု ပေါ်လာသည်။ ထိုနေရာမှ လူငယ်တစ်ဦး ထွက်လာခဲ့၏။

တိုက်ပွဲစင်မြင့်ပေါ်တွင် လူငယ်နှစ်ယောက် ရှိသွားပြီ ဖြစ်သည်။

ထိုလူနှစ်ယောက်က စတင်တိုက်ခိုက်လိုက်၏။ အောင်နိုင်သူက ရှေ့ဆက်နိုင်ပြီး ရှုံးနိမ့်သူကိုတော့ ဖယ်ရှားပစ်လိမ့်မည်။

ထို့နောက်တွင် ဟင်းလင်းပြင်လမ်းများ ပိုများလာပြီး ဆုံစည်းသွားကြသည်။

ဟုတ်ပေသည်၊ ရှုံးနိမ့်သူများကတော့ သဘာဝအတိုင်း ဆက်နိုင်ကြတော့မည် မဟုတ်ပေ။

ရုတ်တရက်၊ လုမင်ရှိနေသော တိုက်ပွဲစင်မြင့်က တုန်ခါသွားကာ ဟင်းလင်းပြင်လမ်းတစ်ခု ပေါ်လာခဲ့သည်။ အတွင်းမှ လူငယ်လေးတစ်ယောက် ပေါ်လာခဲ့၏။

ဤလူငယ်က လမ်းကြောင်းမှ ထွက်သွားပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ သို့သော်လည်း လုမင်ကိုတွေ့သောအခါ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွား၏။

လင်းသခင်လေးနှင့် တိုက်ခိုက်စဉ်က လုမင်၏ အံ့မခန်းတိုက်ခိုက်နိုင်စွမ်းကို သူ့မျက်စိနှင့် မြင်ဖူးသည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းက လုမင်နှင့် လုံးဝ တခြားစီပင်။

"ပထမအဆင့်မှာတင် ဒီလိုလူမျိုးကြုံရတာ ငါ တကယ်ကံမကောင်းတာပဲ"

လူငယ်က ခါးသီးမှု၊ အကူအညီမဲ့မှုများနှင့် ညည်းညူလိုက်သည်။

လုမင်က မတ်တပ်ထရပ်ပြီး လူငယ်ဆီသို့ လျှောက်သွား၏။

"လုမင်၊ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ငါ အစွမ်းကုန်ကြိုးစားပြီး မင်းနဲ့ တိုက်ခိုက်မယ်"

လူငယ်က ပြောလိုက်သည်။

ဤသည်က သာမန်တိုက်ပွဲမဟုတ်ပေ။ ယွမ်လု၏ အင်အားစုကြီးများမှ တပည့်စုဆောင်းနေသောအခါ ဖြစ်သည်။ ဤနေရာတွင် အရှုံးမပေးနိုင်ဘဲ မည်သို့ပင်ဆိုစေ တိုက်ခိုက်ရလိမ့်မည်။

သူ့စိတ်နှလုံးတွင်းမှ အစွမ်းကုန်ထုတ်ပြမှသာ ယွမ်လုအင်အားစုကြီးမှ ကျွမ်းကျင်သူများက ရွေးချယ်ခံရမည် ဖြစ်သည်။

ယွမ်လုမှ အင်အားစုကြီးများက တပည့်စုဆောင်းခဲသောကြောင့် လိုအပ်ချက်များကို မည်သူမျှမသိပေ။ ထို့ကြောင့် အစွမ်းကုန်တိုက်ခိုက်ရန်သာ ရှိသည်။

အနည်းဆုံးတော့ သူတို့ ကြိုးစားလိုက်ရသေးသည်။

"မင်း အစွမ်းကုန် တိုက်ခိုက်ပါ။ ငါ မင်းကို အခွင့်အရေး ပေးမယ်။"

လုမင် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လူငယ်က လက်ယှက်ပြီး ပြောလိုက်၏။ ထို့နောက်မှာတော့ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ အစွမ်းကုန်ထုတ်၍ လုမင်အား တိုက်ခိုက်လိုက်တော့သည်။

လူငယ်၏ ကျင့်ကြံမှုမှာ မဆိုးသော်လည်း လုမင်နှင့်တော့ အဝေးကြီးပင်။ သို့သော်လည်း လုမင်က သူ့ကို ချက်ချင်းအနိုင်မယူခဲ့ပါ။ ယင်းအစား၊ သူသည် လူငယ်ကိုမအနိုင်ယူမီ သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုအား ထုတ်လွှတ်ပြခွင့်ပြုခဲ့သည်။

လူငယ်လည်း လုမင်ကို များစွာ ကျေးဇူးတင်သွားခဲ့လေသည်။

All Chapters