← Chapters

အခန်း ၁၂၅၈

Vol. 84 Ch. 1258

အခန်း ၁၂၅၈

Vol. 84 Ch. 1258

အပိုင်း ( 1258 ) ညီအစ်မများ၏ တိုက်ပွဲ။

တာအိုသိုင်းပညာ၊ ဝမ့်ကျန်းကလည်း တာအိုသိုင်းပညာကို အသုံးပြုနေခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

၎င်းက သူတော်စင်အလင်း တာအိုသိုင်းပညာ ဖြစ်သည်။

ဤအလင်းက အေးချမ်းသည်ဟု ထင်ရသော်လည်း အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။

လုမင်၏ ခန္ဓာကိုယ်ထဲတွင် ယွမ်ချီစွမ်းအင်များက ဆက်လက် လည်ပတ်လာခဲ့သည်။ နဂါးစွမ်းအင်ကိုးခု ထောက်ပံ့မှုဖြင့် သူ့ခန္ဓာထဲတွင် ပေါက်ကွဲနိုင်စွမ်းများ ပြည့်နေသည်။

"ဝုန်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ဆက်လက် အသက်သွင်းလိုက်၏။ လုမင်၏လက်ဝါးက ဓားတစ်လက်ကဲ့သို့ အလင်းတန်းကို ဆန့်ကျင်လိုက်တော့သည်။

"ချိုးဖြတ်လော့"

လုမင်၏ စကားသံအဆုံးတွင် အလင်းတန်းက လက်ဝါးရိုက်ချက်ကြောင့် ကြေမွသွားခဲ့သည်။

"သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"

ဝမ့်ကျန်း မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်သည်။

ဝမ့်ကျန်းကျန်း၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် ပိုသန်မာပြီး အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သွေးမျိုးဆက်ပေါင်းစပ်ထားသည့်အပြင် တာအိုသိုင်းပညာကို အသုံးပြုထားသည့် သူ၏တိုက်ခိုက်မှုအား လုမင်က လက်တစ်ဖက်တည်းဖြင့် ချိုးဖြတ်ခဲ့ပေသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးမပြုရသေးခြင်း ဖြစ်သည်။ လုမင်က သူ့ခွန်အားကို အပြည့်အဝ အသုံးမပြုရသေးပေ။

ယခင်က လင်းသခင်လေးနှင့် တိုက်ပွဲမှာပင် လုမင်က သူ့ခွန်အားကို ဤမျှ ‌လျှော့မချခဲ့ပါ။

ယခုမူ၊ လုမင်က သူ၏တိုက်ခိုက်မှုအား အလွယ်တကူ ချေဖျက်ခဲ့ပေရာ ဝမ့်ကျန်း လက်မခံနိုင်ဖြစ်သွားတော့သည်။

"သူတော်စင်အလင်းကိုးခု ဖြတ်တောက်ခြင်း"

ဝမ့်ကျန်း၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာက အလွန်တရာ တောက်ပလာခဲ့သည်။ သူ့လက်ထဲမှ ဓားနှစ်ချောင်းကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်၏။ သူက ဓားကိုးချက် ဆက်တိုက်ခုတ်ပိုင်းလိုက်ရာ ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်လာတော့သည်။

"ဂါး"

လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ကာ နဝမနဂါးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ နဂါးလက်သည်းက နို့ဖြူရောင် ဓားအလင်းများနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။

"ဝုန်း ဝုန်း ဝုန်း"

ပေါက်ကွဲသံ ကိုးခု ထွက်ပေါ်လာပြီး အဖြူရောင် ဓားအလင်းများ ပြိုကျသွားတော့သည်။

"ဂါး"

ထို့နောက်တွင် နဝမနဂါးက ဆက်လက်တိုက်ခိုက်လိုက်သည်။

နဂါးခြေသည်းတချို့က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုထားသည်။ တချို့ကတော့ မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းကို အသုံးပြုထား၏။

ငရဲဖိနှိပ်ကျောက်စာချပ်ကပုံရိပ်က လေထဲတွင်ပေါ်လာကာ ဝမ့်ကျန်း၏ ဦးခေါင်းကို ဖိနှိပ်လိုက်သည်။ မိုးကြိုးနှင့်လျှပ်စီးဖီးနစ်ကလည်း ဝမ့်ကျန်းထံ ပျံသန်းသွားပေသည်။

"ဝုန်း ဝုန်း ဝုန်း"

ပြင်းထန်သော တိုက်ခိုက်မှုများက ဝမ့်ကျန်း၏ ချပ်ဝတ်တန်ဆာပေါ်ကို အဆက်မပြတ် ကျရောက်သွားခဲ့သည်။ ချပ်ဝတ်က

တုန်လှုပ်သွားပြီး မနှစ်မြို့ဖွယ် ဆူညံသံများ ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင် ချပ်ဝတ်က ဖိအားကိုမခံနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။

"ဖူး"

ဝမ့်ကျန်း၏ ပါးစပ်တွင်းမှ သွေးများအန်ထွက်လာခဲ့သည်။ နာကျင်စွာ အော်ဟစ်လိုက်သံနှင့် သူ့ခန္ဓာက အမြောက်ကဲ့သို့ လွင့်စဉ်သွားတော့သည်။

နဝမနဂါးက သူ့ခန္ဓာကို တစ်ချက်လှုပ်လိုက်သည်နှင့် ဝမ့်ကျန်း၏ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ နဂါးလက်သည်းများက ဝမ့်ကျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာခဲ့၏။ ဝမ့်ကျန်း၏ ခန္ဓာက တိုက်ပွဲစင်မြင့်ပေါ်တွင် ကြမ်းကြမ်းတမ်း ရိုက်ချခံရကာ သွေးများ ထပ်မံအန်ထွက်လာတော့သည်။

"အရှုံးပေးတယ်၊ ငါ အရှုံးပေးပါတယ်"

ဝမ့်ကျန်းလည်း အရှုံးပေးကြောင်း အလျင်စလို အော်ဟစ်လိုက်သည်။

အရှုံးမပေးပါက လုမင်မှ ဆက်လက်တိုက်ခိုက်နိုင်ပေသည်။

အရှုံးပေးကြောင်း အော်ဟစ်လိုက်သည်နှင့် ဝမ့်ကျန်း၏ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ဖရိုဖရဲဖြစ်ကာ အပြင်ဘက်ကို တယ်လီပို့ခြင်း ခံလိုက်ရတော့သည်။

"ချီးပဲ၊ သောက်ခွေးကောင်"

တယ်လီပို့ခံရပြီးနောက် ဝမ့်ကျန်း အော်ဟစ်လိုက်သည်။

ဤကဲ့သို့ စောစောစီးစီး ဖယ်ရှားခံရမည်ကို သူ တစ်ခါမျှမတွေးခဲ့ဘူးပေ။ ယွမ်လုမှ အင်အားစုကြီးကလည်း သူ့ကို ရွေးချယ်ပါ့ဦးမလား သူ မသိတော့ပါ။ သူသာ ရွေးချယ်မခံရပါက လုမင်အား ပြန်လည်ပေးဆပ်စေမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

"ဟင်၊ ကြည့်ကြစမ်း... သူတို့က ညီအစ်မတွေလားမသိဘူး၊ ရုပ်ချင်းဆင်လွန်းတယ်"

"သူတို့နှစ်ယောက်လုံးက တကယ်ကို ရုပ်ချင်းဆင်တာပဲ၊ သူတို့နှစ်ယောက်လုံးကလည်း အရမ်းလှပတယ်"

ထိုအချိန်တွင် တစ်ယောက်ယောက်က အော်လိုက်သည်။

ဝမ့်ကျန်းလည်း အသံအတိုင်း လိုက်ကြည့်သောအခါ တိုက်ပွဲစင်မြင့်တစ်ခုတွင် အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရသည်။

သူတို့ထဲတွင် တစ်ယောက်က အနက်ရောင် ၀တ်စုံကို ၀တ်ထားပြီး ကျန်တစ်ယောက်ကတော့ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပေသည်။ အဝတ်အစားများက ဆန့်ကျင်ဘက်ဖြစ်သော်လည်း ရုပ်ဆင်းအင်္ဂါကတော့ ဆင်တူလွန်းလှသည်။

သူတို့ကတော့ ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းတို့ ဖြစ်ချေသည်။

ရုပ်ချင်းဆင်သော မိန်းမလှနှစ်ဦး တွေ့ဆုံခြင်းက လူများစွာ၏အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ ယွမ်လု၏ အဓိကအင်အားစုကြီးလေးခုမှ ကျွမ်းကျင်သူများပင် စိတ်ဝင်တစား စောင့်ကြည့်လိုက်ပေသည်။

'ဒီမိန်းကလေးက လုမင်ရဲ့မိန်းမမဟုတ်လား။ ဟမ့်... နျန်ကျွင်း၊ သူ့ကို သင်ခန်းစာတစ်ခုပေးပြီး ငါ့အတွက် လက်စားချေပါ'

ဝမ့်ကျန်းက သူ့စိတ်ထဲမှ တွေးလိုက်သည်။

တိုက်ပွဲစင်မြင့်တွင် ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း သူတို့မျက်လုံးများက လျှပ်စီးများပင် လက်လာပုံရ၏။

မကြာမီ၊ သူတို့နှစ်ယောက်က စတင် တိုက်ခိုက်ကြတော့သည်။ ဤတစ်ကြိမ်မှာတော့ အနိုင်အရှုံးကို ဆုံးဖြတ်ကြတော့မည် ဖြစ်သည်။

"ရှဲ့နျန်ချင်း၊ နင်က ဂြိုလ်သားပဲ။ ဒီနေ့တော့ တော်ဝင်မိသားစုနဲ့ ရှဲ့မိသားစုရဲ့ကိုယ်စား နင့်ကို ငါကိုယ်တိုင်ဖယ်ရှားမယ်"

ရှဲ့နျန်ကျွင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူမ၏ မျက်လုံးများမှာလည်း မောက်မာမှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေသေးသည်။

"ရှဲ့နျန်ကျွင်း၊ နင့်ကိုယ်နင် မြင့်မြတ်ပြီး အရှိန်အဝါကြီးသလို လုပ်မနေစမ်းနဲ့။ နင့်ရဲ့ သွေးမျိုးဆက်က အရမ်းမြင့်မြတ်နေလို့လား။ ငါ့နှလုံးသားမှာတော့ ဘာမှ အရေးမပါဘူး။ ဒီနေ့ နင့်ကို ငါ့ခြေထောက်အောက်မှာနင်းချေပြီး နင့်ရဲ့ ဂုဏ်သိက္ခာကို ချေမှုန်းမယ်။ ရှဲ့မိသားစုက ဖော်ပြဖို့တောင် မထိုက်တန်ဘူးဆိုတာ နင်သိရစေမယ်"

ရှဲ့နျန်ချင်းကလည်း နောက်မဆုတ်ပေ။

"အပိုစကားတွေ ပြောနေတာက အဓိပ္ပါယ်မရှိဘူး။ အခု ဘယ်သူက ပိုအားကောင်းလဲ ကြည့်ရအောင်"

ရှဲ့နျန်ကျွင်းက ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က နို့ဖြူရောင်အလင်းများ ပြည့်နှက်သွား၏။ ၎င်းက ဝမ့်ကျန်းနှင့် အလွန်ဆင်တူပြီး သူတော်စင်အလင်းအမျိုးအစား ဖြစ်သည်။

သို့သော်လည်း ရှဲ့နျန်ကျွင်း၏ သူတော်စင်အလင်းက ဝမ့်ကျန်းထက်ပင် ပို၍သန့်စင်ပြီး ဖြူစင်သည်။

"ကောင်းကင်ကိုးခု သူတော်စင်ပိုင်နက်"

ရှဲ့နျန်ကျွင်းက ဦးစွာလှုပ်ရှားလိုက်သည်။ သူမ၏ ကျောက်စိမ်းလက်ကို ဖိထားချလိုက်ရာ သန့်စင်သေယ အလင်းတန်းများ ဖြန့်ကျက်လာခဲ့၏။ ၎င်းက နယ်မြေကဲ့သို့ အင်အားပိုင်နက်တစ်ခုကို ဖွဲ့စည်းကာ ရှဲ့နျန်ချင်းအား ဖုံးအုပ်ထားတော့သည်။

"ဒါက... နယ်မြေတစ်ခုရဲ့ သန္ဓေသားပုံစံပဲ။ မဟုတ်သေးဘူး၊ အဲဒါနဲ့လည်း မတူဘူး"

ရှဲ့နျန်ကျွင်း၏ လှုပ်ရှားမှုကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် အခြားအင်အားစုများမှ ကျွမ်းကျင်သူများ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ သူတို့အားလုံး အံ့အားသင့်သွားကြ၏။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးက ရှဲ့နျန်ကျွင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ဒီလှည့်ကွက်ပဲ ထပ်လာနေတယ်၊ ချိုးဖြတ်စမ်း"

ရှဲ့နျန်ချင်း၏ အမူအရာက မပြောင်းလဲပေ။ သူမ၏လက်ချောင်းကို ဓားတစ်လက်ကဲ့သို့ ရှေ့တွင် မျဉ်းတစ်ကြောင်း ဆွဲချလိုက်သည်။

ရှဲ့နျန်ချင်း၏ လက်ချောင်းရှေ့တွင် အနက်ရောင်ကြာပန်းများစွာ ပေါ်ထွက်လာသည်။ ထို့နောက်တွင် ကြာပန်းများက ပြန့်ကျဲသွား၏။ ကြာပန်းပွင့်များက ကြာပန်းဓားများအဖြစ် ဖွဲ့စည်းကာ ကောင်းကင်ကိုးခု သူတော်စင်ပိုင်နက်ကို ခုတ်ထစ်လိုက်တော့သည်။

'ရွှပ်'ခနဲ အသံနှင့်အတူ၊ ကောင်းကင်ကိုးခု သူတော်စင်ပိုင်နက်က ကွဲထွက်သွားခဲ့သည်။

"နင်..."

ရှဲ့နျန်ကျွင်း၏ အမူအရာက ပြောင်းသွားသည်။ ရှဲ့နျန်ချင်းက သူမ၏ ကောင်းကင်ကိုးခု သူတော်စင်ပိုင်နက်ကို အလွယ်တကူ ချိုးဖျက်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။

"နင့်ရဲ့ ကျင့်ကြံခြင်းက အားနည်းလွန်းတယ်"

ရှဲ့နျန်ချင်းထံမှ အေးစက်စက်အသံတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရှဲ့နျန်ကျွင်းထက် ပိုသန်မာသော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာခဲ့၏။

သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အရှိန်အဝါ ဖြစ်သည်။

"သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်၊ နင် သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရောက်ခဲ့တာလဲ"

ရှဲ့နျန်ကျွင်းက မယုံကြည်နိုင်စွာ အော်လိုက်သည်။

ယခင်က သူသည် ဝမ့်ကျန်းနှင့် အလွန်ရင်းနှီးမှုရှိခဲ့သည်။ ဝမ့်မိသားစု၏ အကူအညီဖြင့် သူမ၏ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့၏။ ထို့ပြင်၊ အခြားအခွင့်အရေးများကိုလည်း ရရှိခဲ့ကာ သူမ၏နယ်ပယ်က ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့ပေသည်။

ထို့ကြောင့် ရှမ်းဟွမ်တိုက်ကြီးတွင် မည်သူမျှ သူမနှင့် မယှဉ်နိုင်သည်ဟု ထင်ခဲ့မိသည်။ သူမက လုံချန်ကိုပင် မကြောက်ခဲ့ပေ။

သို့သော်လည်း လုမင်၏ ခွန်အားကို မြင်လိုက်ရတော့ အနည်းငယ် ရှိန်သွားသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင် လင်းသခင်‌လေးသည်ပင် လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ အနည်းငယ်တုန်လှုပ်ကာ မယုံကြည်နိုင် ဖြစ်သွားသည်။

ယင်းက သူမ၏ ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်ခဲ့ပေသည်။

ယခုမူ သူမအမြဲတမ်း နှိမ့်ချနေသော ရှဲ့နျန်ချင်းသည်ပင် သူ့ထက်သာလွန်နေမှန်း သိလိုက်ရပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ရှိသွား၏။ အခြေအနေများက သူမ လက်ခံနိုင်ရန် ခက်ခဲသည်။

"သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို နင် ချိုးဖြတ်သွားခဲ့ရင်တောင် ဘာဖြစ်လဲ။ ငါ နင့်ကို အနိုင်ယူနိုင်သေးတယ်"

ရှဲ့နျန်ကျွင်းက အော်ဟစ်လိုက်သည်။ လှပသော အမျိုးသမီးတစ်ဦးက သူ့ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သူမက ကောင်းကင်ကိုးဆင့်မှ နတ်သမီးကဲ့သို့ သန့်စင်မွန်မြတ်သည်။

သူမက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ရှဲ့နျန်ချင်းအား တိုက်ခိုက်လာတော့သည်။

"ကောင်းကင်နတ်ဆိုးပိုင်နက်"

ရှဲ့နျန်ချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ နယ်မြေပိုင်နက်က ရှဲ့နျန်ကျွင်းဆီသို့ ပျံ့နှံ့လာခဲ့၏။ ရှဲနျန်ချင်း၏ ကောင်းကင်နတ်ဆိုးပိုင်နက်က ယခင်ကထက် အဆများစွာ ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

ရှဲ့နျန်ကျွင်း၏ ခန္ဓာကိုယ်က ကောင်းကင်နတ်ဆိုးပိုင်နက်ထဲသို့ ကျရောက်သွား၏။ ထိုအခါ သူမ၏ ခန္ဓာကိုယ်က ကျောက်တောင်ကြီးကဲ့သို့ လေးလံလာတော့သည်။

"အတွေးတစ်ခု နတ်ဆိုး ကောင်းကင်"

ရှဲ့နျန်ချင်းက လက်ဖျစ်တစ်ချက်တီးလိုက်သည်။ နတ်ဆိုးစွမ်းအင်များ ကောင်းကင်ကို ထိုးတက်သွားသည်။ အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအင်များက အမြင့်မြတ်ဆုံး နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ပတ်ဝန်းကျင်တစ်ခွင်ကို ပျံ့နှံ့သွား၏။

ဤမျှကြီးမား‌သော နတ်ဆိုးစွမ်းအားကြောင့် ရှဲ့နျန်ကျွင်း၏ နှလုံးသားမှာ အနည်းငယ် တုန်ခါသွားတော့သည်။

All Chapters