← Chapters

အခန်း ၁၂၅၉

Vol. 84 Ch. 1259

အခန်း ၁၂၅၉

Vol. 84 Ch. 1259

အပိုင်း ( 1259 ) ရှဲ့နျန်ကျွင်း ရှုံးနိမ့်သွားပြီ။

ရှဲ့နျန်ချင်းက နတ်ဆိုးမတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက တဖျတ်ဖျတ် လူးလွန့်နေသလို အားကြီးသော နတ်ဆိုးစွမ်းအင်ကလည်း တရှိန်ရှိန် ထွက်ပေါ်လျက် ရှိ၏။

သူမက လေထဲမှပင် ရှဲ့နျန်ကျွင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

"ငါ နင့်ကို အရှုံးမပေးဘူး"

ရှဲ့နျန်ကျွင်း၏ လှပသောမျက်နှာက ဒေါသနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် မည်းမှောင်လာသည်။ သူမ ပေါင်းစပ်ထားသော သွေးမျိုးဆက်က သန့်စင်သောအလင်းများ ဖြာထွက်လာခဲ့၏။ သူမက အစွမ်းကုန် အသုံးပြုကာ ရှဲ့နျန်ချင်းအား လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ရှဲ့နျန်ချင်းက သူမ၏ ကျောက်စိမ်း‌လက်ဝါးနှင့် အသာအယာ ရိုက်ထုတ်လိုက်သည်။

"ဝုန်း"

လက်ဝါးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီးနောက် သူတော်စင်အလင်းများမှာ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ အင်အားကြီးမားသော နတ်ဆိုးစွမ်းအင်များက သူတော်စင်အလင်းများကို အလွယ်တကူ ဖျက်ဆီးလိုက်တော့သည်။

"ဝုန်း ဝုန်း"

ထို့နောက်တွင် ရှဲ့နျန်ချင်းက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြာပန်းနက်တစ်ပွင့်က ရှဲ့နျန်ကျွင်း၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွား၏။ ရှဲ့နျန်ကျွင်း၏ သွေးမျိုးဆက်က အဆုံးမဲ့ ဖိအားများအောက်တွင် ကျရောက်နေပုံရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော အမှတ်အသားများ ပေါ်လာပြီးနောက် လဲကျသွားတော့သည်။

သွေးမျိုးဆက် ပြိုကျသွားပြီးနောက် ရှဲ့နျန်ကျွင်း၏ ပုံရိပ်က ပြန်ပေါ်လာခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေခဲ့၏။ သူမ၏ အသွင်မှာ သွေးစွန်းနေပုံရသည့် အနီရောင် ပန်းတစ်ပွင့်နှယ် ဖြစ်နေတော့သည်။

ရှဲ့နျန်ချင်းက ရှေ့သို့လှမ်းပြီး ရှဲ့နျန်ကျွင်းကို လက်ဝါးနှင့်တစ်ချက်ရိုက်လိုက်သည်။ ခပ်တိုးတိုး ညည်းညူသံနှင့် ရှဲ့နျန်ကျွင်း၏ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်ကာ တိုက်ပွဲစင်မြင့်ပေါ်တွင် လဲကျသွားတော့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အပြင်ဘက်မှ ဝမ့်ကျန်းလည်း ဤမြင်ကွင်းကြောင့် မယုံနိုင်ဘဲ အံ့အားသင့်သွားသည်။

ဤအတောအတွင်း၌ သူသည် ရှဲ့နျန်ကျွင်းကို အတော်လေး နားလည်လာခဲ့သည်။ သူမက လှပသည့်အပြင် အံ့မခန်း ပင်ကိုယ်ပါရမီလည်း ရှိ၏။ ဝမ့်မိသားစု၏ အကူအညီများ၊ သူမ၏ကိုယ်ပိုင် ကံကောင်းခြင်းများနှင့်အတူ သူမ၏ကျင့်ကြံခြင်းအခြေခံက အလွန်တရာ တိုးတက်လာတော့သည်။ လအနည်းငယ်အတွင်းမှာပင် သူမက ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ဤအရည်အချင်းမျိုးက သူ့ကိုပင် နိမ့်ကျသလို ခံစားရစေခဲ့ပေသည်။

ထို့ကြောင့်ပင်၊ မူလက ရှဲ့နျန်ကျွင်းသည် ရှဲ့နျန်ချင်းကို သေချာပေါက် အနိုင်ယူနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော်... ရှဲ့နျန်ကျွင်းကို ဤသို့ အလွယ်တကူ ရှုံးနိမ့်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒီမိန်းကလေးက နတ်ဆိုးတာအိုနဲ့ လိုက်ဖက်တာပဲ။ ငါ့ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ့ကို လိုချင်တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများက ရှဲ့နျန်ချင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"သူက နယ်ပယ်မြင့်မားရုံပါပဲ။ ဟိုမိန်းကလေးကလည်း မဆိုးဘူး၊ ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက သူ့ကို အလိုရှိတယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အကြီးအကဲက ရှဲ့နျန်ကျွင်းကို ကြည့်လိုက်သည်။

သူတို့ပတ်ဝန်းကျင်မှ အခြားသူများလည်း အတော်လေး မနာလိုဖြစ်သွားကြလေသည်။ စမ်းသပ်မှုမပြီးသေးသော်လည်း ၎င်းတို့နှစ်ဦးကို အဓိကအင်အားစုနှစ်ခုက ရွေးချယ်ထားပြီး ဖြစ်သည်။ နောက်ပိုင်း စမ်းသပ်မှုရလဒ်များက မည်သို့ပင်ရှိစေကာမူ သူတို့နှစ်ဦးဟာ အဓိကအင်အားစုကြီးနှစ်ခုတွင် ပါဝင်နိုင်လိမ့်မည်။

"မဖြစ်နိုင်ဘူး"

တိုက်ပွဲစင်မြင့်ပေါ်တွင် ရှဲ့နျန်ကျွင်းက မယုံကြည်နိုင်ဘဲ အော်ဟစ်လိုက်သည်။ သူမ၏ ဆံပင်များက ဖရိုဖရဲဖြစ်ပြီး ဝမ်းနည်းဖွယ်ရာအခြေအနေတွင် ရှိနေခဲ့၏။ ဤအခိုက်တွင် သူမက သန့်စင်မွန်မြတ်သော မင်းသမီးတစ်ပါးနှင့် လုံးဝ မတူတော့ပေ။

သူကဲ့သို့ မာနကြီးသူတစ်ယောက်အတွက် ဤရလဒ်ကို လက်ခံနိုင်ရန် ခက်ခဲသည်။

ယခင်က၊ ရှမ်းဟွမ်တိုက်ကြီးတွင် လုံချန်ပြီးပါက သူမက အသန်မာဆုံး ဖြစ်သည်။

ငယ်စဉ်ကတည်းက သူသည် အကန့်အသတ်မဲ့ အလင်းရောင်ထဲတွင် နေခဲ့ရသည်။ ကြယ်များ ဝန်းရံထားသော လမင်းကဲ့သို့ ကမ္ဘာကြီး၏ အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်၏။

တစ်ဖက်တွင်၊ ရှဲ့နျန်ချင်းက သူမနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ တော်ဝင်မိသားစုက သူ့ကို ဝိုင်းပယ်ထားသလို ရှဲ့မိသားစုတစ်ခုလုံး မထီမဲ့မြင်ပြုခဲ့၏။ ရှဲ့နျန်ကျွင်းနှင့်ယှဉ်လျှင် သူတို့ကြားမှ အဆင့်အတန်းက မိုးနှင့်မြေကဲ့သို့ ဖြစ်သည်။

တစ်နေ့တွင် ရှဲ့နျန်ချင်းမှ သူမကို အနိုင်ယူနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထို့ကြောင့်ပင် ဤနေသို့ ရောက်လာသောအခါ အိပ်မက် မက်နေသကဲ့သို့ ခံစားခဲ့ရသည်။

"ရှဲ့မိသားစုရဲ့ သန့်စင်တဲ့ သွေးမျိုးဆက်လား။ ငါ့အမြင်မှာတော့ နင်တို့က ကိုယ့်ကိုကိုယ် အတင်း လှည့်စားနေတဲ့ ကြောင်သူတော်တွေပဲ။ တကယ်ဆိုရင် နင်က အရမ်း အားနည်းတယ်"

"ဒီနေ့ နင့်ကို ငါအနိုင်ယူခဲ့တယ်။ အနာဂတ်မှာတော့ ရှဲ့ချီထျန်းလည်း ငါရှုံးလိမ့်မယ်။ နင့်ရဲ့ သန့်စင်တဲ့ သွေးမျိုးဆက်ဆိုတာက ဟာသတစ်ခုထက်မပိုကြောင်း ကမ္ဘာကြီးကို ငါပြောပြမယ်။ ဒါကြောင့် ဒီနေ့တော့ နင့်ကို ငါမသတ်သေးဘူး၊ ထွက်သွား"

ရှဲ့နျန်ချင်းက အေးစက်စက်ဖြင့်ပြောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရှဲ့နျန်ကျွင်းမှာ အဝေးသို့ လွင့်စဉ်သွားတော့သည်။

ဟင်းလင်းပြင်က တွန့်လိပ်သွားပြီး ရှဲ့နျန်ကျွင်းကို တယ်လီပို့လိုက်သည်။

"နျန်ကျွင်း၊ မင်းအဆင်ပြေရဲ့လား"

ရှဲ့နျန်ကျွင်း ပေါ်လာသည်နှင့် တပြိုင်နက် ဝမ့်ကျန်းက အမြန်ပြေးသွားကာ မေးလိုက်သည်။

"အဆင်ပြေပါတယ်"

ထိုသို့ပြောလိုက်သော်လည်း သူမ မျက်လုံးများက လွန်စွာ အေးစက်နေခဲ့၏။

ထို့နောက် ဝမ့်ကျန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"နင်လည်း ရှုံးသွားတာလား၊ နင် ဘယ်သူနဲ့ တွေ့ခဲ့ရတာလဲ"

"လုမင်"

ဝမ့်ကျန်းက ပထမတော့ တုံ့ဆိုင်းသွားပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။

"လုမင်ပဲ ထပ်ဖြစ်ပြန်ပြီ"

ရှဲ့နျန်ကျွင်း လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။

..........

ထိုအချိန်တွင် တိုက်ပွဲစင်မြင့်အသီးသီးမှ တိုက်ပွဲများအားလုံး ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဤအဆင့်သို့ ရောက်လာနိုင်သူတိုင်းက အလွန် အားကောင်း၏။ သို့သော်လည်း ထိပ်တန်းအဆင့်မှ ပါရမီရှင်များနှင့်ယှဉ်လျှင် ကွာဟချက်က ကြီးမားနေဆဲပင်။ ထို့ကြောင့်ပင် တိုက်ပွဲအားလုံးက သိပ်မကြာဘဲ မကြာမီ ပြီးသွားသည်။

ဤအဆင့်မှာတော့ လူ နှစ်ဆယ့်ငါးယောက်သာ ကျန်တော့သည်။

ဤလူနှစ်ဆယ့်ငါးယောက်စလုံးက အလွန်သန်မာသည်။ ဥပမာအားဖြင့်၊ နတ်နန်းတော်လေးခု၏ ပါရမီရှင်များ၊ ထိပ်တန်း တိုက်ကြီးများ၏ အမြင့်ဆုံး ပါရမီရှင်များ ဖြစ်ချေသည်။

သူတို့အပြင် ဖျက်မြင်းတချို့လည်း ရှိသေးသည်။

လူနှစ်ဆယ့်ငါးဦးတွင် ဆယ့်ရှစ်ဦးက ကောင်းကင်တိုင်တောင်ပေါ်သို့ တက်လှမ်းခဲ့ဖူးသည်။ ကျန်ခုနစ်ဦးကတော့ လူသစ်များဖြစ်သည့် လုမင်၊ လုံချန်၊ ရှဲ့နျန်ချင်းနှင့် အခြားသူများ ဖြစ်ချေသည်။

"လုမင်၊ လုံချန်နဲ့ ရှဲ့နျန်ချင်းက တိုက်ကြီးတစ်ခုတည်းက ဖြစ်ပုံရတယ်"

ထိုအချိန်တွင် တစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"တိုက်ကြီးတစ်ခုတည်းကလား၊ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား။ ရှန်းရွှီတိုက်ကြီးအပြင် ဒီအဆင့်ကို ရောက်နိုင်တဲ့ သွေးလတိုက်ကြီးကတောင် လူသုံးဦးပဲ ရှိတယ်။ တကယ်လို့ သူတို့မှာသာ လူသုံးယောက်ရှိရင် ဒါက သွေးလတိုက်ကြီးနဲ့ တန်းတူဖြစ်မယ် မဟုတ်လား။ ဒါနဲ့ သူတို့က ဘယ်တိုက်ကြီးကလဲ"

"ငါသိတယ်၊ သူတိုက ရှမ်းဟွမ်တိုက်ကြီးကနေ လာခဲ့ကြတာ"

"ဘာလဲ၊ သူတို့က ရှမ်းဟွမ်တိုက်ကြီးကလား။ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား၊ အဆင့်နိမ့်တိုက်ကြီးတစ်ခုကလေ"

ရုတ်ရုတ်သဲသဲ ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။ လုမင်နှင့် အခြားနှစ်ယောက်က ရှမ်းဟွမ်တိုက်ကြီးမှဖြစ်ကြောင်း သိရသောအခါ သူတို့အားလုံး အံ့အားသင့်ပြီး မယုံကြည်နိုင် ဖြစ်ကုန်တော့သည်။

ရှမ်းဟွမ်တိုက်ကြီးက ဤအဆင့် ပါရမီရှင် အများအပြားကို မွေးဖွားပေးနိုင်ပါမည်လော။

ထို့ပြင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ရွေးချယ်ခံခဲ့ရသော ရှဲ့နျန်ကျွင်းကလည်း ရှမ်းဟွမ်တိုက်ကြီးမှ ဖြစ်သင့်သည်။ ထိုသို့ဖြစ်လျှင် ရှမ်းဟွမ်တိုက်ကြီးက အလွန်တုန်လှုပ်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

အပြင်ဘက်တွင် လူအုပ်ကြီးက တအံ့တဩ ဆွေးနွေးနေခဲ့ကြချိန်တွင်... လုမင်နှင့် အခြားသူများက ထပ်မံပေါ်လာသော ဟင်းလင်းပြင်လမ်းထဲသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။

ဟင်းလင်းပြင်လျှောက်လမ်းထဲသို့ ဝင်ရောက်လာပြီး မကြာမီပင် လေပြင်မုန်းတိုင်းကဲ့သို့ တိုက်ခိုက်မှုများနှင့် လုမင် ရင်ဆိုင်လိုက်ရသည်။

ပုံရိပ်များစွာ ထွက်ပေါ်လာပြီး လုမင်ကို တိုက်ခိုက်လိုက်၏။ တချိန်တည်းမှာပင် ကမ္ပည်းများက ဟင်းလင်းပြင်လမ်းကို အားဖြည့်ပြီး ပို၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လာတော့သည်။

ဤအဆင့်က အခြားမည်သည့်အရာမှ မစမ်းသပ်ဘဲ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းနှင့် တိုက်ပွဲအတွေ့အကြုံများကိုသာ ဖြစ်သည်။ ဤအဆင့်ကို ကျော်ဖြတ်ချင်ပါက သူတို့အားလုံးကို ဖြတ်ကျော်ရလိမ့်မည်။

လုမင်က နဂါးစွမ်းအားကို ပေါက်ကွဲကာ ဝင်ရောက်သွားခဲ့သည်။ သို့သော်လည်း အရှေ့သို့ ရောက်လာလေလေ၊ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လေလေပင်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းဖြင့်ပင် အတော် ကြိုးစားအားထုတ်ခဲ့ရသည်။

ဟင်းလင်းပြင်လမ်းများ အပြင်ဘက်မှာတော့ အလင်းရောင်များ ရံဖန်ရံခါ လင်းလက်လာခဲ့၏။ ကျရှုံးသူများကို ဖယ်ထုတ်လိုက်ခြင်း ဖြစ်သည်။

"မဖြစ်နိုင်ဘူး၊ ဒီအဆင့်က ဘယ်လောက်တောင် ခက်ခဲနေလို့ ဒီအဆင့် ပါရမီရှင်တွေတောင် ဖယ်ထုတ်ခံလိုက်ရတာလဲ"

လူအချို့လည်း ပင့်သက်ရှိုက်လိုက်မိသည်။

ဤအဆင့်သို့ရောက်ပြီး ထိပ်တန်း နှစ်ဆယ့်ငါးယောက်ထဲကို ဝင်ရောက်နိုင်သူတိုင်းက ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်သည်။ သို့တိုင် ဖယ်ထုတ်ခံရသူများ ရှိနေဆဲဖြစ်ရာ အလွန်ခက်ခဲကြောင်း သိသာထင်ရှားလှပေသည်။

"အဲဒါက သွေးလတိုက်ကြီးရဲ့ ဒုတိယအဆင့် ပါရမီရှင် ရွယ်ခူပဲ"

"ပြီးတော့ မြောက်ပိုင်းနတ်နန်းတော်ရဲ့ အသန်မာဆုံး ပါရမီရှင်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရေခဲနဂါးလည်း ဖယ်ရှားခံခဲ့ရတယ်။ ဒါက အံ့သြစရာကောင်းလွန်းတယ်"

ဟင်းလင်းပြင်က တုန်ခါပြီး ပါရမီရှင်များ ဖယ်ထုတ်ခံခဲ့ရလေသည်။

ရေခဲနဂါး၏ မျက်နှာက မည်းမှောင်နေခဲ့သည်။ တိုက်ပွဲစင်မြင့်သို့ပင် မရောက်သောကြောင့် ရှက်ရွံ့စိတ်တို့ ဖြစ်နေခဲ့ပေသည်။

"ဟေ့၊ ရှမ်းဟွမ်တိုက်ကြီးက ပါရမီရှင် သုံးယောက်စလုံး ဖယ်ထုတ်မခံရတာ သတိပြုမိကြလား"

"ဟုတ်ပါရဲ့၊ သူတို့ ကျော်ဖြတ်နိုင်မလား မသိဘူး။ ဒါက မယုံနိုင်စရာကောင်းလွန်းတယ်"

လူတစ်ချို့က လုမင်တို့သုံးယောက်ကို သတိရသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ ဖယ်ထုတ်ခံရသူများကလည်း ပို၍ များပြားလာတော့သည်။

All Chapters